မင်ဟုန်းအဆင့်မြင့်ဆုံး
Vol. 48 Ch. 960
“ဟွမ် ဘယ်လိုလဲ အပြင်ထွက်ပြီးကူညီရမလား”
ရင်းနှီးပြီး အေးစက်သော်လည်း နူးညံ့နေသည့်အသံသည် ပေထင်းဟွမ်၏ အသိစိတ်ပင်လယ်ထဲတွင် ကြည်လင်သောစမ်းချောင်းအလားပေါ်လာသည်။ ပေထင်းဟွမ်သည် ရုတ်တရက် အားအင်တက်သွားကာ အံ့ဩစွာဖြင့် စိတ်ထဲမှ အော်လိုက်မိသည် “မင် နိုးလာပြီလား”
“အင်း” သူသည် ထိုကိစ္စကို ထည့်မပြောချင်သည့်အနေနှင့် အနည်းငယ် ပေါ့ပါးစွာပြန်ဖြေလေသည်။ သို့သော် သူသည် ပေထင်းဟွမ် စိုးရိမ်မည်ကို ကြောက်သေးသည် “ယန်ယဲ့က အရမ်းအားကောင်းတယ်၊ သူက ပြီးခဲ့တဲ့ နှစ် တစ်သောင်းလုံးလုံး တော်တော်ကျင့်လာတာဖြစ်မယ်၊ ဒါပေမဲ့ ငါကအခုထိ ကျင့်ကြံနေတုန်းလေ ကြီးထွားနေတဲ့အချိန်မှာ သူ့ကိုမနိုင်တာပုံမှန်ပါပဲ”
ထိုအကြောင်းပြောရင်းနှင့် မင်သည် ပေထင်းဟွမ်ရှေ့တွင် သူရဲဘော ကြောင်သည်ကို ဝန်မခံချင်သည့်အလား စကားလမ်းကြောင်းပြောင်းလေသည်။ သူ၏လွှမ်းမိုးနိုင်သောအသံသည် အရင်အတိုင်းပင် “ဒါပေမဲ့ မင်းနယ်ပယ်ထဲက နှစ်ကောင်ကို ရှင်းဖို့တော့ပြဿနာမရှိဘူး”
သေချာပေါက် ပေထင်းဟွမ်သည် သူ့ကိုယုံကြည်သည်။ သူ၏ကိုယ်ပိုင် ခွန်အားနှင့်ဆိုလျှင် စီရင်ချက်ဗိမာန်မှ အယောက် ၂၀ ကျော်အပါအဝင် ငွေလရောင်အင်ပါယာမှ သန့်စင်သောသားရဲ ၁၀ ယောက်အဖွဲ့နှင့် ဝိညာဉ်ဂိုဏ်း များစွာကို အနိုင်ရနိုင်၏။ သူ မလုပ်နိုင်ဟု မည်သူပြောနိုင်မည်နည်း။ “ဟုတ်ပြီ မင်းရှိရင် ငါ စိတ်မပူတော့ဘူး”
နဂိုကကောင်းကင်တွင်ပြည့်နေသည့် ကိုးရောင်မီးတောက်သည် မိုးကဲ့သို့ ရွာချကာ ပန်းများကဲ့သို့ ပြန့်ကျဲသွားသည်ကို အားလုံးမြင်နေရသည်။ ထိုအချိန် တွင် ကောင်းကင်သည် ရုတ်တရက် ဓာတ်ဆီနှင့်နှစ်လိုက်သလိုပင်။ မြို့အထက် ကောင်းကင်သည် လောင်ကျွမ်းလေ၏။ မြို့သည် ရုတ်ရုတ်သဲသဲဖြစ်၍နေချေ ပြီ။ ထိုအချိန်တွင် သန့်စင်သောမြို့ထဲမှမြင်ကွင်းသည် ဇာတ်ခုံတစ်ခုလိုဖြစ်နေ သည်။ ချက်ချင်းပင် မြေပေါ်မှလူများသည် စိတ်အားထက်သန်စွာပြေးလွှားနေ ကာ ငွေလမြို့တစ်ခုလုံးသည် ရုန်းရင်းဆန်ခတ်ဖြစ်နေကြသည်။
ပေထင်းဟွမ်၏ခြေထောက်အောက်တွင် ဆဌဂံအစီအရင်ပေါ်လာသည်။ မင်၏စွမ်းအားသည် အားကောင်းလှသည်။ မူလငွေရောင်အစီအရင်သည် ယခု အခါ ကိုးရောင်ပြောင်းသွားလေပြီ။ အလင်းလက်ခနဲဖြစ်သွားကာ မင်သည် ပေထင်းဟွမ်၏ နေရာထဲမှထွက်လာပြီး ခြေချလေသည်။ ကိုးရောင်မီးတောက် နှင့်ထွင်းထားသောလမ်းမှ ယွင်ဟိုင်နှင့်ဖန်းတို့ရှိရာသို့ တဖြည်းဖြည်း လျှောက် လာသည်။
“အထွတ်အမြတ် အထွတ်အမြတ်သားရဲလား”
မင် ချည်းကပ်လာသည်ကိုကြည့်ပြီး ပေထင်းဟွမ်၏နယ်ပယ်ထဲတွင် လူတစ်ယောက်နှင့်သားရဲတစ်ကောင်တို့အပေါ်တွင် မကောင်းသောလွှမ်းမိုးမှု အမျိုးမျိုးရှိနေကြသည်။ ပေထင်းဟွမ်၏နယ်ပယ်ကို ရုတ်သိမ်းလိုက်ပြီး မင်၏ ငရဲကဲ့သို့ဖြစ်နေသည့် ကစဥ့်ကလျားနယ်ပယ်စတင်လေသည်။ သူသည် မူးဝေ နေပြီဖြစ်သည်။ သူ၏မျက်လုံးထဲတွင် မရေမတွက်နိုင်သော အရိပ်များလှုပ်ခါ နေသကဲ့သို့ဖြစ်နေသည်။ ဖန်းကဲ့သို့အထွတ်အထိပ်သားရဲသည် မင်ကဲ့သို့ အဆင့်မြင့်အထွတ်အမြတ်သားရဲရှေ့တွင် မာန်လျှော့ပြီး ဦးညွှတ်ရသည်။
သူတို့နှစ်ဦးကို ပေါ့ပါးစွာကြည့်ပြီး မင်သည်လှည့်ကာ ပေထင်းဟွမ်ဆီသို့ လျှေက်သွးလေသည် “ဟွမ် ဒီငတေနှစ်ယောက်က ငါ့လက်နဲ့မတန်ဘူး တစ် ယောက်က မင်ဟုန်းတဇီကျွင်းဆီကနေ ဝိညာဉ်စွမ်းအင်အပိုင်းအစရပြီးတော့ သူ့ဝိညာဉ်သူ စတေးခဲ့တဲ့သူပဲ၊ ငါ့ရဲ့ခမ်းနားတဲ့ ကိုးရောင်လှံတံအောက်မှာ သေဖို့ အရည်အချင်းမမှီတဲ့သူက ဝိညာဉ်ဂိုဏ်းထိအဆင့်တက်သွားတာပဲ”
“မင်ဟုန်းတဇီကျွင်းဆိုတာဘယ်သူလဲ” ပေထင်းဟွမ်သည် ပဟေဠိဆန် စွာဖြင့် မေးလေသည်။
မင်၏မျက်လုံးများသည် စီရင်ချက်ဗိမာန်ရှိရာဘက်သို့ ရောက်သွားကာ သူ၏ ပန်းရောင်ဖျော့ဖျော့နှုတ်ခမ်းများသည် တဖြည်းဖြည်းကွေးတက်သွားပြီး သရော်ပြုံးပြုံးလေသည် “သခင်မင်ဟုန်းက မင်ရှို့ရဲ့အဖေ၊ ဝိညာဉ်နတ်ဘုရား မျိုးနွယ်ရဲ့ဧကရာဇ်ပဲ၊ နောက်ဆိုရင် မင်းဖြေရှင်းရမယ့်ရန်သူပေါ့”
နတ်ဘုရားအဆင့်တက်ပြီးနောက် ဝိညာဉ်စွမ်းအားကိုကျင့်ကြံရသည့် ဝိညာဉ်အဆင့်ရှိသေးသည်။ တစ်ဖက်လူဆီမှ ဝိညာဉ်အလင်းတန်းကိုလက်ခံပြီး မိမိ၏ဝိညာဉ်ကိုနှစ်မြှုပ်လိုက်လျှင် သူ၏အသိစိတ်ပင်လယ်သည် သံသယဝင် စရာမလိုအောင်ပင် ရုပ်သေးရုပ်ဖြစ်သွားလိမ့်မည်။ ထို့ကြောင့်ပင် စီရင်ချက် ဗိမာန်သည် ယွင်ဟိုင်ကို အရေးကြီးကိစ္စများတာဝန်ပေးထားခြင်းပင်။ ထိုအရာ များကပင် ပေထင်းဟွမ်အတွက် ဝိညာဉ်နတ်ဘုရားမျိုးနွယ်၏ လုပ်ရပ်များကို အထင်သေးသွားစေသည်။
“နတ်ဘုရားဆိုတဲ့စကားလုံးကိုတောင် ညစ်ညမ်းစေတာပဲ” ပေထင်းဟွမ် သည် လက်ထဲမှဓားပျော့ကို ဆွဲထုတ်ပြီး လူနှင့်သားရဲအား အညှာတာမဲ့စွာဖြင့် ခုတ်လိုက်သည်။
ကိုးရောင်မီးတောက် ပေါက်ကွဲသွားသည်။ နိဗ္ဗာန်မီးကြောင့် ဝိညာဉ် ခြောက်ခမ်းနေသော လူနှင့်သားရဲကို ပေထင်းဟွမ် တိုက်ခိုက်လိမ့်မည်ဟု မင် မထင်မှတ်ထားပေ။ သူသည် ပေထင်းဟွမ်အား နက်ရှိုင်းစွာကြည့်ကာ သူမ သည် လွန်ခဲ့သည့် နှစ်တစ်သောင်းက လူဝင်စားခဲ့ကြောင်းကို လက်ခံရမည်ဖြစ် ကြောင်းနားလည်သွားသည်။ ကောင်းကင်မှပေးထားသည့် သွေးသည် ခြယ်လှယ်လွန်းမှုသည် ဝိညာဉ်နတ်ဘုရားမျိုးနွယ်ကို ယခုလိုဖြစ်စေသည်။