စကားကိုလက်လွတ်စပယ်ပြောတဲ့ ရှောင်ကျို့
Vol. 48 Ch. 956
ယွင်ဟိုင်သည် လက်ထဲမှ ကြာပွတ်ကို မယုံနိုင်စွာဖြင့် ကြည့်လေသည်။ တခြားသူများ သတိမထားမိသော်လည်း သူ ရှင်းလင်းစွာခ့စားမိသည်။ သူ့လက် ထဲမှ ကြာပွတ်သည် အဆင့်မြင့်ဝိညာဉ်လက်နက်ဖြစ်ပြီး အစောက တိုက်ပွဲတွင် ပျက်စီးသွားခဲ့သည်။
သူ၏ခွန်အားသည် ပေထင်းဟွမ်လောက် မကောင်းပေ။ သူ၏လက်နက် သည်လည်း ပေထင်းဟွမ်၏လက်နက်လောက် မကောင်းပေ။ ထိုအချိန်တွင် ယွင်ဟိုင်သည် မျက်စိရှေ့မှလူငယ်ကို စတင်အာရုံစိုက်မိလာသည်။ ပေထင်းဟွမ်၏မျက်လုံးများကိုကြည့်ပြီး ကြောက်ရွံ့မှုတစ်လွှာ မသိမသာ ပေါ် လာသည်။
ပေထင်းဟွမ် ဝိညာဉ်ဂိုဏ်းဖြစ်သလို ယွင်ဟိုင်လည်း ဝိညာဉ်ဂိုဏ်းဖြစ် သည် ကို လဲ့နီသိပြီးဖြစ်သည်။ သို့သော် ယွင်ဟိုင်သည် ဝိညာဉ်ဂိုဏ်းထိပ်ဆုံး ဆင့်ဖြစ်လျှင်တောင် ပေထင်းဟွမ်ကို ထိခိုက်အောင်လုပ်ရန်မလွယ်ပေ။ ပေထင်းဟွမ် ယွင်ဟိုင်ကို တိုက်ခိုက်ချိန်တွင် သူမတားခဲ့ပေ။ သို့သော် ပေထင်းဟွမ်သည် အသာစီးရလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
ဝိညာဉ်ဂိုဏ်းပြီးနောက် ဓား ၁ ဆင့်နှင့် တစ်ဆင့်တွင် ခွန်အားကွာခြားမှု ကြီးမားသည်။ ပေထင်းဟွမ်သည် အသက်မည်မျှရှိသေးသနည်း။ ထိပ်ဆုံး အဆင့်ရောက်ရန်မဖြစ်နိုင်ပေ။ သို့သော် ယွင်ဟိုင်အား အသာစီးရနေသည်မှာ အလွန်ပင် အံ့ဩစရာဖြစ်သည်။
ဤလူငယ်သည် ရိုးရှင်းလွန်းသည်။
ယွင်ဟိုင်သည် ဒေါသထွက်နေပြီဖြစ်၏။ သူသည် လက်ထဲမှကြာပွတ်ကို ကျစ်ကျစ်ပါအောင်ဆုပ်ပြီး ပေထင်းဟွမ်အား အပြစ်ပြုမည့်မျက်လုံးများနှင့် စိုက်ကြည့်ကာ အံကြိတ်ပြီးပြောလေသည် “သေစမ်း ပေထင်းဟွမ် မင်းက ဝိညာဉ်ဂိုဏ်းထိပ်ဆုံးရောက်နေပြီလို့ထင်နေတာလား၊ ဒီလောက်အစွမ်းအစ လေးနဲ့ မင်းမှားသွားပြီ၊ ဒီနေ့ ဒီစစ်သူကြီးက ဝိညာဉ်ဂိုဏ်းထိပ်ဆုံးအဆင့်ရဲ့ ခွန်အားအစစ်အမှန်ကိုပြပေးမယ်”
ပေထင်းဟွမ်သည် နှာမှုတ်ပြီး ခေါင်းကိုဖြည်းဖြည်းခါယမ်းလိုက်သည်။ ထို့နောက် ယွင်ဟိုင်အား သနားသောမျက်လုံးများဖြင့် ကြည့်လေသည် “ကျုပ်ကပေထင်းဟွမ်ဆိုတာကိုသိမှတော့ စီရင်ချက်ဗိမာန်ရဲ့ဧကရာဇ်က သခင်အဆင့်ရတနာကိုသုံးတာ သိပြီးလောက်မှာပေါ့၊ သခင်လေးဆီက အကြိုက်ကိုမမေးရင် စမ်းကြည့်လို့ရတယ်လေ”
သူမ စကားပြောပြီးနောက်တွင် ရင်ခွင်ထဲမှ မုချင်းလင်ကို တိုးညင်းစွာ ပြောလိုက်လေသည် “လင်အာ ပြန်သွားလိုက် ချပ်ဝတ်တန်ဆာဝတ်ပြီး ကိုယ့် ကိုယ်ကိုယ် ကာကွယ်ထား”
“အင်း ရှောင်ကျို့ မင်းလည်း ကိုယ့်ဘာသာကာကွယ်ရမယ်နော်” မုချင်းလင်သည် စိုးရိမ်စွာဖြင့် ပြောလေသည်။ ပေထင်းဟွမ်သည် အားကောင်း သည်ကို သူမ သိသော်လည်း သူမအနားမှလူတစ်ယောက်အနေနှင့် လုံးလုံး လျားလျားစိတ်မချနိုင်ပေ။
ပေထင်းဟွမ်သည် မုချင်းလင်အား လဲ့နီဆီသို့ ပို့ပေးလိုက်သည် “လဲ့နီ သူမကို ကူပြီးစောင့်ရှောက်ပေးပါဦး သူမကို အသေမခံနိုင်ဘူး”
ကျွတ်
အဲလိုပြောတဲ့သူရှိလို့လား။ အဲလိုမျိုးအုပ်ထိန်းသူရှိလို့လား။ ငွေလရောင်မှ လူများသည် ပေထင်းဟွမ်အားကြည့်ကြရာ ထိုလူငယ်သည် အရူးမဟုတ်သည် ကို အားလုံးသိကြသည်။ သို့သော် ပေထင်းဟွမ်အား အရူးတစ်ယောက်လိုကြည့် ကာ လဲ့နီ၏ငြင်းဆန်မှုကို စောင့်နေကြသည်။ ၎င်းသည် ပေထင်းဟွမ်၏ ဟာသ တစ်ခုလိုပင်။
မုချင်းလင်ပင် အနည်းငယ်ရှက်ရွံ့သွားသည်။ လဲ့နီ၏လက်သည် သူမကို ဆွဲလိုက်သည်။ သူမသည် လဲ့နီအား တောင်းပန်စကားဆိုလေသည် “တောင်းပန်ပါတယ် ရှောင်ကျို့က အဲလိုမဆိုလိုပါဘူး”
“မဟုတ်ဘူး” လဲ့နီသည် မုချင်းလင်အား လေးနက်စွာစိုက်ကြည့်လေ သည် “မိန်းကလေး သခင်လေး ၉ က ယောက်ျားပီသတာပါ သစ္စာရှိတဲ့လူပါ၊ မင်းက သူ့ရဲ့မိန်းကလေးဆိုတော့ မင်းကိုတာဝန်ယူရမှာပေါ့၊ ငါက သူ့မိတ်ဆွေ ဆိုတော့ ငါကာကွယ်တဲ့မိန်းကလေးက သေသွားရင် ပြောဖို့မလိုအောင်က်ို သခင်လေး ၉ က ငါ့ကိုလက်စားချေလိမ့်မယ်”
တစ်ခုခုများမှားနေတာလား။ သခင်လေး ၉ နဲ့လဲ့နီတို့က အကြာကြီးသိ လာခဲ့ကြတာလား။ သို့သော် ငွေလရောင်မှလူများသည် မဖြစ်နိုင်သည်ကို သိ ကြသည်။ သခင်လေး ၉ သည် ၁၄ နှစ်သာရှိသေးသည်။ သူ မွေးကတည်းကပင် လဲ့နီသည် ထောင်ကျနေခဲ့သည်။ ယခုမှပင် သူကယ်၍ လဲ့နီထွက်လာနိုင်ခြင်း ပင်။
တော်ဝင်ဝန်ကြီးဟောင်း လဲ့နီသည် ၁၄ နှစ်အရွယ် လူငယ်လေးကို ထိုမျှ ယုံကြည်ရသည့်အကြောင်းမှာ ဘာကြောင့်နည်း။
ထိုလူနှစ်ယောက်ကြားတွင် တစ်ယောက်နှင့်တစ်ယောက်၏ စိတ်ကို သိနိုင်သည့်အရာရှိသည်ကို သူတို့မသိကြပေ။
“ဟင်း သေခါနီးကို အဲလောက်တောင် အာရုံစိုက်တာခံချင်နေတယ်” ယွင်ဟိုင်သည် ပေထင်းဟွမ်အား လက်ထဲမှကြာပွတ်နှင့် ချိန်ရွယ်လေသည် “ဈာပနပွဲက ဖြေရှင်းပြီးပြီလား၊ ငါတို့ကတော့ ရှင်းမယ့်အချိန်ရောက်ပြီ စလိုက် ကြအောင်”