ဈာပနကိစ္စရှင်းရမှာ မင်းပဲ
Vol. 48 Ch. 957
“ဈာပနအကြောင်းပြောရမှာမင်းပဲ၊ ဒါပေမဲ့ မလိုပါဘူး ဒီနေ့က ငွေလရောင်ရဲ့ နောက်ဆုံးဂုဏ်သရေပဲ၊ ဒီနေ့ပြီးရင် ကမ္ဘာပေါ်မှာ ငွေလရောင် ဆိုတာမရှိတော့ဘူး” ကြယ်နှင့်တူသောမျက်လုံးများနှင့် သူမသည် ယွင်ဟိုင်၏ နောက်ရှိ ငွေလမြို့အား တဖြည်းဖြည်းကြည့်လေသည်။ သူမ၏အသံမှာ အေးစက်နေပြီး ကြားရသူတိုင်း၏ကျောပြင်ကို ကြက်သီးထသွားစေသည်။
သူဘာပြောလိုက်တာလဲ။ ဒီနေ့ညက ငွေလမြို့ရဲ့ နောက်ဆုံးဂုဏ်သရေ ဟုတ်လား။ ဒါဆိုရင် ငွေလမြို့က သန့်စင်သောမြို့လိုမျိုး မီးလောင်တော့မှာ လား။
ထိုအချိန်တွင် ငွေလရောင်မှလူများသည် သူတို့၏မျက်လုံးထဲတွင် မီးတောက်များကိုမြင်ယောင်ကာ နောက်ဆုတ်မိကြသည်။ သန့်စင်သောမြို့ကို ကိုးရောင်မီးနှင့် မီးလောင်တိုက်သွင်းခဲ့သည်မှာ ညအချိန်အခါဖြစ်သည်။ သူတို့ ဘယ်သောအခါမှ မေ့မည်မဟုတ်ပေ။
“ပေထင်းဟွမ် မင်းက အသိဉာဏ်မဲ့တာပဲ မင်းငွေလမြို့ကို မီးရှို့ချင်ရင် ငါ့ အလောင်းကိုနင်းသွားမှရမယ်” ယွင်ဟိုင်သည် ဒေါသထွက်နေ၏။ ငွေလမြို့ သာ ဖျက်ဆီးခံရလျှင် စီရင်ချက်ဗိမာန် မည်သည့်နေရာတွင် ရပ်တည်ရတော့ မည်နည်း။ မဟုတ်ပေ ပေထင်းဟွမ်အား ထိုကဲ့သို့အခွင့်အရေးမျိုးမပေးနိုင်ပေ။ ထို့ကြောင့် စိတ်မရှည်စွာနှင့် ယွင်ဟိုင်သည် သားရဲကိုဆင့်ခေါ်လိုက်သည် “ဖန်း ထွက်လာခဲ့”
ယွင်ဟိုင်၏ခန္ဓာကိုယ်ပေါ်မှ အပြာနုရောင်စွမ်းအင်ထွက်ပေါ်လာပြီး ခြေထောက်အောက်တွင် ကြယ်ပုံသဏ္ဍာန်ပုံစံသည် ငွေရောင်အလင်းနှင့်အတူ လက်လာကာ ထိုအလင်းထဲမှ အစွယ်ကွေးဆင်သားရဲတစ်ကောင်ထွက်ပေါ် လာသည်။ သွေးနီရောင်ဆံပင်၊ မျက်လုံးနှင့်တလူသည် အနီရဲရဲဘရိုကိတ်ဝတ်ရုံ ကိုဝတ်ဆင်ကာ လက်ထဲတွင် ပုဆိန်ရဲရဲကိုင်ထားပြီး ယွင်ဟိုင်အား စိုက်ကြည့် ကာ ပေထင်းဟွမ်ဆီသို့ ပြန်ကြည့်လေသည်။
သူသည် အထွတ်အမြတ်နတ်သားရဲဖြစ်သည်။ သူသည် ပြိုင်ဘက်ကို ကြည့်နေခြင်းပင်။
ဤကဲ့သို့ အထွတ်အမြတ်နတ်သားရဲမျိုး ယွင်ဟိုင်၏လက်ထဲတွင်ရှိနေ လိမ့်မည်ဟု ပေထင်းဟွမ်ပင် ထင်မထားပေ။ သို့သော် ယွင်ဟိုင်သည် ဝိညာဉ်ဂိုဏ်း ခွန်အားထိပ်ဆုံးအဆင့်ဖြစ်ကာ သူ၏အစောဆုံးသားရဲများသည် သန့်စင်သော သားရဲ သို့မဟုတ် နတ်သားရဲအဆင့်ဖြစ်နိုင်သည်။ နှစ်ပေါင်းများ စွာကြာပြီးနောက် သခင်၏အဆင့်တက်မှုနှင့်အတူ အထွတ်အမြတ်နတ်သားရဲ ဖြစ်လာခြင်းပင်။
သို့သော် ယွင်ချင်းသည် ကံမကောင်းပေ။ ဒုအကြီးအကဲတွင် နတ်သားရဲ ကဲ့သို့အရာမျိုးမရှိပေ။ မဟုတ်လျှင် သူသည် ရှန့်မင်ကိုဆန့်ကျင်ပြီး ဤမျှ ကံကောင်းမည်မဟုတ်ပေ။ လူတစ်ယောက်၏ရာထူးသည် သူ စာချုပ် တည်ထောင်ထားသည့်သားရဲ၏ အဆင့်ကိုကြည့်ပြီး သိနိုင်သည်။ မူက ယွင်ဟိုင်သည် ယွင်ချင်းကြောင့် စီရင်ချက်ဗိမာန်၏ လိုလားမှုကိုခံခြင်းဟု ထင်ထားသော်လည်း ယခုအခါ ပေထင်းဟွမ် ထိုသို့မထင်တော့ပေ။
ယွင်ဟိုင်သည် စီရင်ချက်ဗိမာန်အတွက် ငွေလရောင်အင်ပါယာကို များစွာ အသုံးချခဲ့သည်။ ယွင်ချင်းသည် ယွင်ဟိုင်ကြောင့် စီရင်ချက်ဗိမာန်တွင် ဒုအကြီးအကဲအဖြစ် ရာထူးတက်ခဲ့သည်။
ပေထင်းဟွမ်သည် ယွင်ဟိုင်၏ခွန်အားကို ပြန်၍စမ်းစစ်ရတော့မည်။ သူမ သည် အထွတ်အမြတ်နတ်သားရဲရှိသော ဝိညာဉ်ဂိုဏ်းထိပ်ဆုံးအဆင့်ကို အာရုံ စိုက်ရတော့မည်။ သူမသည် သူမ၏သရုပ်မှန်ကိုပေါ်သွားစေမည့် အားအကောင်းဆုံး ဝှက်ဖဲကိုမသုံးနိုင်ပေ။
ယွင်ဟိုင်ဆင့်ခေါ်လိုက်သော ဤကဲ့သို့အားကောင်းသည့်သားရဲကို ကြည့် ပြီး ငွေလရောင်အင်ပါယာမှလူများသည် ရူးသွပ်သွားကာ အောင်မြင်မှုသည် သူတို့လက်ထဲရောက်လာသည့်အတိုင်း မျက်နှာပေါ်တွင် တောက်ပသော အပြုံးများရှိနေကြသည်။
“စစ်သူကြီးက မိုက်လိုက်တာ၊ အဲဒါတွေက အားကောင်းတဲ့သားရဲတွေပဲ၊ ငွေလရောင်အင်ပါယာမှာ အားကောင်းတဲ့သားရဲရှိတာပဲ၊ ဘယ်တုန်းက ဒီလို ဖြစ်သွားတာလဲ”
“စစ်သူကြီးက တကယ်ကို အကုန်ဖုံးထားတာပဲ၊ ပေထင်းဟွမ် အခု ဘယ်လိုဆွဲထုတ်မလဲဆိုတာ ကြည့်တာပေါ့”
“အထွတ်အမြတ်နတ်သားရဲ၊ ဒီနေ့ အထွတ်အမြတ်နတ်သားရဲကိုကြည့်ရ တာနဲ့တင်ကို သေရမှာတန်နေပြီ”
ယွင်ဟိုင် အထွတ်အမြတ်နတ်သားရဲဆင့်ခေါ်သည်ကိုကြည့်ပြီး လဲ့နီသည် မျက်နှာပျက်သွားလေသည်။ သူသည် ပေထင်းဟွမ်ကို စိုးရိမ်လာသည်။ ပေထင်းဟွမ်တွင် ထိုသားရဲနှင့်မယှဉ်နိုင်သည့် အထွတ်အမြတ်သားရဲမရှိလျှင် ယနေ့ သူတို့အသက်များရင်းရတော့မည်။ ဝိညာဉ်ဂိုဏ်းခွန်အားရှိသော သူပင် လျှင် အထွတ်အမြတ်သားရဲရှိလျှင်တောင် နိုင်ရန်မသေချာတော့ပေ။
စစ်ပွဲတိုက်ခိုက်မည့်သူများအတွက် ကုသသူများသည် အရေးကြီးသည်ဟု မြင်နိုင်သည်။