← Chapters

ယိုးယန်ဂူ အတွင်းက ပြောင်းလဲမှုများ

Vol. 109 Ch. 4.1141

ယိုးယန်ဂူ အတွင်းက ပြောင်းလဲမှုများ

Vol. 109 Ch. 4.1141

ဒါက အလှည့်အပြောင်း တစ်ခုပဲ ဖြစ်လေသည်။ အားကောင်းတဲ့ တွန်းအားတစ်ခုက သူ့ကို စုပ်ယူသွားပြီး စွမ်းအားက အရမ်းပြင်းထန်တဲ့အတွက် လုရွှမ်မှာ သူ့ခန္ဓာကိုယ်ကို ခဏလောက် မထိန်းနိုင်ဘဲ နောက်ပြန်ဆုတ်သွားရသည်။

ဝုန်းကနဲ ပေါက်ကွဲသံနဲ့အတူ သူ့ခန္ဓာကိုယ်က ကျောက်စာတိုင်ကို တိုက်ရိုက် ထိမှန်သွားသည်။ ကျယ်လောင်သော ပေါက်ကွဲသံ တစ်ခုကြောင့် လုရွှမ်သည် သူ့နောက်ကျောက နာကျင်မှုကို ခံစားခဲ့ရသော်လည်း ကျောက်စရစ် အနည်းငယ်မျှပင် ကွဲထွက်သွားခြင်း မရှိဘဲ ကျောက်စာတိုင်မှာ ထိခိုက်ဒဏ်ရာ မရရှိသွားပေ။

လုရွှမ် သူ့ဓားရှည်ကြီးကို အမြန်ဆွဲထုတ်ပြီး ဓားနဲ့ထိုးဖို့ အခွင့်အရေး ယူလိုက်သည်။ သို့သော် ကျယ်လောင်သော အသံတစ်ခု ထွက်ပေါ်လာပြီး လျှပ်စီးမီးပွားများ လင်းလက်သွားသည်။ ချင်ထျန်းဓား၏ စွမ်းအားဖြင့်ပသ် မြေပြင်ထဲသို့ သုံးလက်မခန့်သာ ထိုးဖောက် ဝင်ရောက်ကာ လုရွှမ် ဥက္ကာပျံကဲ့သို့ လွင့်စင်သွားလေသည်။

လုရွှမ်သည် တစ်ကိုယ်လုံး ပူလောင်သော၊ အေးစက်သော မီးတောက်များ၏ လေထုကြောင့် ဤဂူထဲ၌ တပည့်များ ဘယ်လောက် ခက်ခဲမည်ကို တွေးကြည့်နိုင်သော်လည်း ဤမျှထိတ်လန့်ဖွယ်ကောင်းမည်ဟု သူ မမျှော်လင့်ခဲ့ပေ။

လုရွှမ်မှာ သိပ်စဉ်းစားချိန် မရတော့ဘဲ ဓားရှည်ကို ညာလက်နဲ့ နောက်ကျောဘက်ကို နောက်ပြန် ထိုးပြီး ဘယ်ဘက်လက်နဲ့ ကျောက်စာတိုင်ကို တင်းတင်းကြပ်ကြပ် ကိုင်ဆုပ်ထားလေသည်။ မဟုတ်ပါက နောက်အခိုက်အတန့်မှာ စုတ်ပြဲသွားလိမ့်မည်။

ယခုအချိန်တွင် ယိုးယန်ဂူ အပြင်ဘက်က စန်းချိုင်ကျောင်းတော် တစ်ခုလုံး ထိတ်လန့်တုန်လှုပ်နေကြပြီ။

ယိုးယန်ဂူအထက်တွင် အပြာနုရောင် မီးလျှံသည် ကောင်းကင်သို့ ထိုးတက်လာပြီး ကြီးမားသော အပေါက်ကြီးတစ်ခု ဖြစ်ပေါ်လာကာ ပတ်ဝန်းကျင်ရှိ ဝိညာဉ်စွမ်းအင်များကို ထိုဥမင် အပေါက်ထဲသို့ ပြင်းထန်စွာ စုပ်ယူသွားခဲ့သည်။

"အဲဒါဘာလဲ?"

"ယိုးယန်ဂူဘက်က လာတာ!"

"ဒါက ဒဏ္ဍာရီလာ ယိုးယန်မီး ဖြစ်နိုင်လား...အံ့သြစရာ ကောင်းလိုက်တာ!"

"ဘာဖြစ်တာလဲ ယိုးယန်ဂူက ဘယ်လို ဖြစ်သွားတာလဲ"

ထုံးစံအတိုင်း ယခု ယိုးယန်ဂူကို ထိန်းချုပ်ထားသော ယွင်မိသားစုနှင့် ပိုင်မိသားစုတို့သည် ယိုးယန်ဂူရှိရာသို့ ချက်ချင်းပြေးလာကာ အထက် တက်လာသော ယိုးယန်လှိုဏ်ဂူကို ထိတ်လန့်စွာ စိုက်ကြည့်နေကြသည်။

ကြီးမားသော စုပ်ယူမှု စွမ်းအားသည် ၎င်းတို့အား အလိုအလျောက် မချဉ်းကပ်ဝံ့စေရန်ပင် တွန်းအားပေးခဲ့သည်။ အနီးနားရှိ အစောင့်အကြပ်များ၏ ပြောကြားချက်အရ လူတစ်ယောက်က စူးစမ်းလိုစိတ်ဖြင့် ပျံတက်သွားကာ မီးထဲသို့ ဆွဲသွင်းခံရကာ အရှင်လတ်လတ် လည်ပင်းညှစ်သတ် ခံခဲ့ရသည်။

အဲဒီနောက် အစိတ်စိတ် အမြွှာမြွှာ ပေါက်ကွဲသွားရာ အစအနတောင် မကျန်ရစ်ခဲ့ပေ။ အလွန်စိတ်မကောင်း ဖြစ်စရာ ကောင်းလှသည်။

"ဘာဖြစ်တာလဲ ယွင်ရှီ.... မင်းမိသားစုက ယိုးယန်ဂူကို အမြဲတမ်း စီမံခန့်ခွဲနေတာ အခု ပြဿနာဖြစ်နေပြီ... မင်းဘယ်လိုရှင်းပြမလဲ ယွင်ရှီ မင်းဘယ်မှာလဲ"

ပိုင်မိသားစုမှ လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး ပြေးလာခဲ့ပြီး လူငယ်နှင့် အမျိုးသမီးငယ် အများအပြားသည်လည်း ပါလာသည်။ ပိုင်မိသားစု၏ မျိုးဆက်သစ် လူငယ်များ၏ နံပါတ်တစ် ပါရမီရှင် ပိုင်ကွမ်းရှီလည်း ပါသည်။

လူလတ်ပိုင်းအရွယ်က ပိုင်မိသားစုရဲ့ အကြီးအကဲ ပိုင်တယီး ဖြစ်ပြီး သူ့မျက်နှာမှာ ဒေါသအမျက် ထွက်နေပေမယ့် ဘယ်လိုပဲကြည့်ကြည့် လူတွေကို ကြောက်စရာကောင်းတဲ့ အရိပ်အယောင်တွေ ပေးနေဆဲပင်။

ပိုင်ကွမ်းရှီသည် အေးစက်သော လှောင်ပြုံးဖြင့် အပြုံးဖြင့် ယွင်မိသားစုကို ကြည့်လိုက်သည်။ စန်းချိုင်မြို့တွင် ယိုးယန်ဂူက အရေးကြီးသည်။ ပိုင်မိသားစုသည်လည်း ၎င်းကို တောင့်တနေသည်မှာ ကြာလှပြီ ဖြစ်သော်လည်း ရယူရန် အကြောင်းပြချက်မှ မရှိခဲ့ပေ။

ဥပမာအားဖြင့် ပိုင်ကွမ်းရှီက လက်ထပ်ခွင့်တောင်းပြီး ယိုးယန်ဂူကို သိမ်းပိုက်ဖို့ နည်းမျိုးစုံနဲ့ ကြိုးစားနေသည်။ ယိုးယန်ဂူ ပျောက်သွားတဲ့အခါ ယွင်မိသားစုဟာလည်း ပိုင်မိသားစုနဲ့ ယှဉ်ပြိုင်ဖို့ ခွန်အားမရှိတော့ပါဘူး။ ဒါပေမဲ့ အခုတော့ အကြောင်းပြချက်က တံခါးဝကို ရောက်လာပြီ။

"ယွင်အာ... မင်းမိသားစုရဲ့ အိမ်တော်သခင် ဘယ်မှာလဲ"

ပိုင်တယီးသည် ယွင်ထောင်ကို အထင်အမြင်သေးသည့် အကြည့်ဖြင့် ကြည့်လိုက်သည်။ ယွင်မိသားစု၏ ဒုတိယကလေးသည် စန်းချိုင်​မြို့ တစ်ခုလုံးတွင် ဟာသတစ်ခုဖြစ်ပြီး လူတိုင်းက လုံးဝအလေးအနက် မထား​ကြပေ။

ယွင်ထောင်၏ပါးပြင်များ နီရဲလာသည်။ ပိုင်တယီးသည် ယွင်ကျန်းလောက် အရည်အချင်းမရှိသော်လည်း သူသည် မသေမျိုး အဆင့်သို့ ဖြတ်သွားတော့မည်ဟု သတင်း ကြားသိနေရဆဲ ဖြစ်သည်။

ယခုအချိန်တွင် ပိုင်မိသားစု၌ နတ်ခြေလှမ်းနယ်ပယ်ကို ရောက်နေသော သန်မာသည့် ယောက်ျားနှစ်ဦး ရှိမည်ဖြစ်ရာ ပိုင်မိသားစုသည် ယွင်မိသားစုကို သဘာဝအတိုင်း ရှုံ့ချလိမ့်မည်။

"အစ်ကိုပိုင် ငါ အခု ယွင်မိသားစုကို အုပ်ချုပ်နေတာပဲ!"

ပိုင်တယီး အနည်းငယ် ထိတ်လန့်သွားပြီး ထိန်းမနိုင်သိမ်းမရ ရယ်မောသံကြောင့် ပုခုံးတွေပါ တုန်သွား၏။

"မင်းက?"

သူက ယွင်ထောင်စကားဟာ ဟာသတစ်ခုကို ကြားလိုက်ရသလိုမျိုး သူ့မျက်နှာကို အမူအရာနဲ့ ညွှန်ပြလိုက်သည်။ ယွင်ထောင်၏ မျက်နှာသည် မည်းမှောင်နေပြီး ရယ်မောနေတာကို ရပ်တန့်ခိုင်းရန် ခက်ခက်ခဲခဲ ကြိုးစားသော်လည်း ပိုင်တယီးနှင့် နှိုင်းယှဉ်ပါက သူ၏ အရှိန်သည် ကောင်းကင်နှင့် မြေကြီး ဖြစ်သော်လည်း သစ်ကိုင်းလွတ်နေတဲ့ မျောက်တစ်ကောင်လို အနည်းငယ် ခံစားရ​လေသည်။

ယွင်လီလည်း ခေါင်းလေးငုံ့ကာ စကားမပြောဝံ့ပေ။ ယခင်က မာနများ ပျောက်ကွယ်သွားပုံရပြီး သူ့ကို ရှာတွေ့သွားမည်ကို ကြောက်သောကြောင့် လူအုပ်ထဲတွင် တင်းတင်းကျပ်ကျပ် ပုန်းနေလိုက်သည်။

ပိုင်တယီးက ပြုံးပြပြီးနောက် လူအုပ်ကို တစ်ချက် ကြည့်လိုက်သည်။

"ဟူး... ငါ့တူမလေး တကယ်သွားပြီပေါ့ မင်းညီမတောင် မပေါ်လာ​တော့ဘူး ယွင်ထောင် ငါ မင်းကိုတကယ် လျှော့တွက်ခဲ့ပုံရတယ်... ဂုဏ်ယူပါတယ် နောက်ဆုံးတော့ မင်းက မိသားစုရဲ့ သခင်တွေဖြစ်တဲ့ မိန်းမနှစ်ယောက်ကို မှောက်လှန်လိုက်တာပဲ!"

စကားလုံးများက ရွဲ့စောင်းနေပြီး ယွင်ထောင်က တိုးတိုးလေး ဟစ်အော်ကာ ရင်ဘတ်ကို ထပ်ကာ ထပ်ကာ ပုတ်ရင်း ဂုဏ်ယူသော အကြည့်ဖြင့် ကြည့်နေသည်။

"အစ်ကိုပိုင်ကို ရယ်အောင် လုပ်မိပြီ ထင်ပါရဲ့"

ပိုင်တယီး၏ မျက်လုံးများသည် အထင်အမြင် သေးခြင်းများဖြင့် တောက်ပလာပြီး သူ့မျက်နှာတွင် အပြုံးတစ်ခု ပေါ်လာသည်။

"ဟုတ်တယ်... ငါ ထပ်ပြောမယ်...ယွင်မိသားစုကို တာဝန်ယူရမယ့်လူက ညီအစ်ကိုယွင်ထောင် ဖြစ်သင့်တယ်လို့ အမြဲပြောဖူးပါတယ်... ဟမ့် မိန်းမငယ်လေး နှစ်​ယောက်က ဘာလုပ်နိုင်မှာလဲ...အမြော်အမြင်မရှိရင် ဘယ်အရာကများ ပြီးမြောက်နိုင်မှာလဲ ?"

"မင်းရဲ့ ယွင်မိသားစုက နှစ်တွေကြာလာတာနဲ့အမျှ ပိုပိုပြီး ယိုယွင်းလာနေတာကို ကြည့်လိုက်.... မိသားစုကို လည်ပတ်နေတဲ့ အမျိုးသမီးနှစ်ယောက်ရဲ့ အပြစ်ပဲပေါ့... အခု ဒီညီအစ်ကိုရှိတော့ အရာအားလုံးက သဘာဝအတိုင်း ပြန်ဖြစ်သွားမှာပါ..."

ယွင်ထောင်၏ မျက်နှာသည်လည်း အပြုံးတွေ ဝေဆာသွားသည်။

"ဒါဆို အစ်ကိုပိုင်ရဲ့ ကြင်နာတဲ့စကားအတွက် ငါကျေးဇူးတင်ပါတယ်"

"ကောင်းပြီ အစ်ကိုယွင် ဒီယိုးယန်ဂူကို လာကြည့်ပါဦး"

ယွင်ထောင် အံ့အားသင့်သွားသည်။ ဒီယိုးယန်ဂူ ဘာဖြစ်သွားတာလဲ ဆိုတာကို သူဘယ်လိုလုပ် သိမှာလဲ။ ယွင်ရှီက ယိုးယန်ဂူထဲ အမြဲထိန်းချုပ်ထားပြီး သူဝင်တောင် မ၀င်ရပေ။ သူ့မျက်နှာမှာ အနည်းငယ် မည်းမှောင်နေသော်လည်း အနည်းငယ် လျင်မြန်စွာဖြင့် ဉာဏ်အမြော်အမြင်ရှိပြီး လျစ်လျူရှုဟန် ဆောင်လိုက်သည်။

"အစ်ကိုပိုင်ရော ဘယ်လိုထင်လဲ"

ပိုင်တယီးကတော့ ဒီလူမိုက်ကို တိတ်တိတ်လေး ကျိန်ဆဲပြီး အပြင်ဘက်ကတော့ ပေါ့ပေါ့ပါးပါးပဲ ပြောလိုက်သည်။

"ယိုးယန်ဂူမှာ ကြိုတွေးလို့မရတဲ့ အရာတစ်ခုခု ဖြစ်ပျက်သွားတာ သိသာတယ်... ကောင်းကင်ကို ကြည့်လိုက်တော့ ယိုးယန်မီး အရှိန်ကတောင် ပျံထွက်သွားတယ်... နှစ်ပေါင်းများစွာ ကြာခဲ့ပြီ ယိုးယန်ဂူရဲ့ မီးအရှိန်က မပေါ်လာခဲ့ဘူး... ပြဿနာက ဝင်သွားတဲ့ ကျင့်ကြံသူတွေကြောင့် ဖြစ်နိုင်တယ်"

"ဟေး ဟုတ်တယ် အစ်ကိုပိုင် တွေးနေတာက ငါတွေးနေတာနဲ့ အတူတူပဲ.... အထဲက လူတွေကြောင့် ဖြစ်ရတဲ့ ပြဿနာပဲ ဖြစ်မယ်... ဟမ့် ဒီလူတွေက တကယ်ကို ရောင့်တက်လွန်းတယ် ယွင်ရှီ ဘာတွေတွေးနေမှန်း မသိဘူး တစ်ယောက်ယောက်ကို သွားခွင့်ပေးလိုက်ပြန်ပြီ ထင်တယ်... အခု တစ်ခုခုဖြစ်တော့မယ် စိတ်မပူပါနဲ့ .... ကျွန်တော် ပြန်သွားတဲ့အခါ သေချာပေါက် သင်ပြပေးလိုက်ပါမယ်"

ယွင်ထောင်၏ မျက်နှာသည် ဒေါသများနှင့် ပြည့်နေသည်။

ပိုင်တယီးက ပြုံးပြီး "အစ်ကိုယွင် စိတ်လှုပ်ရှားမနေပါနဲ့... အဲ့မိန်းကလေးက အငယ်တန်းပဲ ရှိသေးတယ် ဒါကြောင့် ဒီတစ်ခါတော့ သူမကို လွှတ်ပေးလိုက်ရအောင် မဟုတ်ရင် အပြင်လူတွေက ဒီလူကြီးနှစ်ယောက် တခြားမိန်းကလေးတွေကို အနိုင်ကျင့်ဖို့ အတူတူလုပ်နေတယ်လို့ ပြောကြလိမ့်မယ်"

"ကောင်းပြီ အစ်ကိုပိုင်ကတော့ အရမ်းရက်ရောနေတုန်းပဲ.... အစ်ကိုပိုင်ကြောင့် ဒီတစ်ခါ လွှတ်လိုက်ပါ့မယ်... မဟုတ်ရင်လည်း သူ့ကို ခေါ်ပြီး လူကိုယ်တိုင် တောင်းပန်ခိုင်းရမှာပေါ့ ဟမ့်"

ပိုင်တယီးသည် ဒီလူ ယွင်ရှီကို ခေါ်လိုက်ရင် သူ့အကြံအစည်က ဘယ်လိုလုပ် အောင်မြင်သွားပါ​​တော့​မလဲ။

"ကောင်းပြီ ဒါက အထဲမှာ လူတွေကြောင့်ဖြစ်ရတဲ့ ပြဿနာတစ်ခုဆိုတာ ငါတို့သိတဲ့အတွက် ငါ့ညီကို တစ်ယောက်ယောက် လွှတ်ခိုင်းပါရစေ"

"ကောင်းပါပြီ!"

ယွင်ထောင် ​အော်​ပြီး လှည့်​ကြည့်​လိုက်​သည်။ ထို့နောက် သူက ယွင်မိသားစုထဲက အားလုံးကို ကြည့်​ကာ အမိန့်ပေးလိုက်၏။

"မင်းတို့ အထဲကို ဝင်​လိုက်​ပြီး အဲ့လူ​တွေကို ဖမ်းခေါ်လာခဲ့!"

အစောင့်တစ်ဖွဲ့ ထွက်လာပြီး ယိုးယန်ဂူရဲ့ တံဆိပ်ပြားတွေကို ထုတ်ယူလိုက်သည်။ ထိုအရာသည် ယွင်မိသားစုက ပေးထားသော တံဆိပ်ပြားဖြစ်ကာ ယိုးယန်ဂူ၏ အရိပ်အယောင်ကို ရယူရန် ယွင်မိသားစု ဘိုးဘေးများမှ အထူးပြုလုပ်ထားသည့် တံဆိပ်ပြားပဲ ဖြစ်​ပေသည်။

All Chapters