ယွင်ရှီ ဂူထဲသို့ဝင်ခြင်း
Vol. 109 Ch. 4,.1143
"ရှီအာ?"
ယွင်ရင်က ယွင်ရှီရဲ့လက်ကို ဖမ်းကိုင်ထားလိုက်သည်။ သူ့တူမလေးရဲ့ ကြိုးစားအားထုတ်မှုက မိသားစုအတွက် ဆိုတာ သူမ သိပါသည်။ ဒီယိုးယန်ဂူအတွက် တူမလေးက ပေးဆပ်ခဲ့ပြီးပြီ။
"ဒေါ်လေး... ရှီအာ သိပါတယ်..."
ယွင်ရှီသည် ယိုးယန်ဂူဘက်သို့ လမ်းလျှောက်သွားရင်း ယွင်ရင်ကို စိုက်ကြည့်ကာ ပြောလိုက်တယ်။
သူမသည် ယိုးယန်ဂူထဲသို့ အကြိမ်များစွာဝင်ရောက်ခဲ့ပြီး ယိုးယန်ကိုလည်း တိုက်ရိုက် ရင်ဆိုင်ခဲ့ဖူးသည်။ ယိုးယန်၏ ပြောင်းလဲမှုများကိုပင် ကြည့်ရှုခဲ့သော်လည်း ထိုကဲ့သို့သောမြင်ကွင်းမျိုးကို သူမ မမြင်ဖူးပါ။
ဘာဖြစ်သွားတာလဲ?
လုရွှမ်နဲ့ တကယ်ပဲ သက်ဆိုင်နေတာလား။ သို့သော် သူသည် နတ်မီးနယ်ပယ်က လူတစ်ယောက်ပဲ ဖြစ်သည်။
"ဝင်တော့မယ် အဒေါ်... တကယ်လို့ ကျွန်မ သေသွားခဲ့ရင် ယွင်မိသားစုကို ထားခဲ့လိုက်ပါတော့"
ယွင်ရင်သည် မျက်ရည်များ ကျလာကာ လက်သီးများကို တင်းတင်းဆုပ်ထားမိသည်။ ယွင်ထောင်၊ ယွင်လီနှင့် အခြားသူများကို စိုက်ကြည့်ရင်း နောက်ဆုံးတွင် သူမ၏ မျက်လုံးများကို ခေတ္တ မှိတ်ထားပြီး လေးလေးနက်နက် ခေါင်းညိတ်ပြလိုက်သည်။ ယခုအချိန်တွင် အဒေါ်နှင့် တူမတို့ နှစ်ယောက် နှလုံးသားများက သေဆုံးသွားတာထက် ပိုဝမ်းနည်းစရာ မရှိတော့ပေ။
ယွင်ရှီသည် ယွင်ရင်အား တစ်ဖက်နဲ့ တစ်ဖက် ချိတ်ဆက်နိုင်သော တံဆိပ်ပြား တစ်ခု ပေးအပ်ပြီး ပြတ်ပြတ်သားသား လျှောက်သွားခဲ့သည်။
"သခင်မလေး?" ရှောင်လဲ့ပင် အရမ်းဝမ်းနည်းပြီး ငိုမိသွားသည်။
ယွင်ရှီ သူတို့နှစ်ယောက်က လက်ပြနှုတ်ဆက်ပြီး ဝင်သွားခဲ့သည်။ အခင်းအကျင်း ဖွဲ့စည်းမှုပုံစံက ပြောင်းသွားပြီး ယွင်ရှီ၏ ခန္ဓာကိုယ်သည် အခင်းအကျင်းထဲ၌ ပျောက်ကွယ်သွားခဲ့သည်။ ပိုင်တယီးရဲ့ မျက်လုံးတွေကလည်း ထိုနေရာသို့ စိုက်ကြည့်နေကာ သူ တစ်ခုခုကို ကြံစည်နေမှန်း သိသာပေသည်။
"အဖေ... ယွင်ရှီ ပြဿနာကို ဖြေရှင်းနိုင်မယ်လို့ ထင်လား"
"ဟမ့် သူ ဒီပြဿနာကို ဖြေရှင်းနိုင်တာထက် အထဲမှာ သေသွားတာက အကောင်းဆုံးဖြစ်မှာပါ"
ယွင်ထောင် ယွင်ရင်ကို စိုက်ကြည့်ရင်း အော်ဟစ်လိုက်သည်။ ပိုင်တယီးကလည်း ပိုင်ကွမ်းရှီကို ပြန်ကြည့်ရင်း သားအဖနှစ်ယောက် နှုတ်ခမ်းပေါ်က ခိုင်ခံ့သော အပြုံးများဖြင့် ပြုံးလိုက်ကြသည်။ ယိုးယန်ဂူ ပျောက်ကွယ်သွားသရွေ့ ယွင်မိသားစုက လုံးလုံး ပြီးဆုံးသွားပေလိမ့်မည်။
ယွင်ရှီသည် သူမ ခန္ဓာကိုယ်အား စွမ်းအင်တစ်ခုက ပြင်းထန်စွာ စုပ်ယူလိုက်သည်ကို ရုတ်တရက် ခံစားလိုက်ရသည်။ သူမခန္ဓာကိုယ်ကို လုံးဝ မထိန်းချုပ်နိုင်တော့ဘဲ လမ်းကြောင်းတစ်ခုဆီသို့ တိုက်ရိုက် စုပ်ယူသွားခဲ့သည်။
ဒီအချိန်မှာ သူမခန္ဓာကိုယ်ကို ထိန်းမနိုင်သိမ်းမနိုင် ဖြစ်လာတော့ အဲဒီလူတွေ ဘာကြောင့်သေသွားတယ် ဆိုတာ ရိပ်မိလာသည်။ အဲဒီလိုအရှိန်နဲ့ ကျောက်စာတိုင်ကို ဝင်တိုက်လိုက်ပါက မသေလျှင်ပင် ဒဏ်ရာအပြင်းအထန် ရသွားလိမ့်မည်။
အရှင်းဆုံး အဖြေကတော့ မီးတောက်ထဲကို စုပ်ယူခံရပြီး ပြာဖြစ်သွားလိမ့်မယ်။ နောက်တော့ လုရွှမ်ဟာ တခြားလူတွေလိုပဲ သေသွားနိုင်သည်။ ဒါက သူမရဲ့နောက်ဆုံးရလဒ် ဖြစ်နိုင်မလား။ ဒါဆိုရင် အဒေါ်အိမ်ကနေ ထွက်သွားနိုင်မယ်လို့ မျှော်လင့်ပါရဲ့။
ယွင်ရှီ သေခြင်းတရားကို စောင့်မျှော်ရင်း မျက်လုံးများကို မှိတ်ထားလိုက်သည်။ ရုတ်တရက် သူ့တစ်ကိုယ်လုံး တင်းကြပ်လာသည်။ အပူချိန်နည်းနည်း ရှိသေးသလို ခံစားလာရတာကြောင့် သူမမျက်လုံးများကို ဖွင့်ကြည့်လိုက်တော့ ကြယ်များကဲ့သို့ တောက်ပနေသော မျက်လုံးတစ်စုံကို တွေ့လိုက်ရပြီး သူမခန္ဓာကိုယ်ကို ထိုလူ၏ လက်နှစ်ဖက်တွင် တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားသည်။
"ရှင်ကိုး?"
ယွင်ရှီသည် သူမသေဖို့ စိတ်ကူးထားပေမဲ့ အသက်ရှင်နေသေးတာကြောင့် အရမ်းပျော်သွားသည်။
"ငါက ဘယ်သူလဲ"
လုရွှမ် ပြုံးပြီး သူမကို ဆွဲတင်လိုက်ရာ နှစ်ယောက်သား တိုင်ရဲ့တစ်ဖက်စွန်းမှာ ကပ်နေကြလေသည်။
"အပြင်မှာ ကြီးမားတဲ့ အပြောင်းအလဲတွေ ရှိလား"
လုရွှမ် မေးလိုက်သည်။ အရင်က ဝင်လာသူတွေကို တွေ့တော့ အပြင်မှာ ပြဿနာရှိနေမှန်း သိလိုက်သည်။ မဟုတ်ရင် ဘယ်သူမှ လာစုံစမ်းမှာ မဟုတ်ဘူးလေ။
ယွင်ရှီက ခေါင်းညိတ်ပြီး အပြင်မှာ ဖြစ်ပျက်ခဲ့တာတွေကို ပြန်ပြောပြလိုက်သည်။ ထုံးစံအတိုင်း ယွင်မိသားစု အကြောင်းတော့ ဘာမှ မပြောခဲ့ပေ။ အဲဒါက ရှက်စရာကောင်းပြီး ပြောဖို့ ခက်လွန်းတယ် မဟုတ်လား။ လုရွှမ် ထိတ်လန့်သွားပြီး တစ်ခုခုမှားနေပြီဆိုတာ သူသိလိုက်သည်။
ယွင်ရှီ: "ဘာဖြစ်တာလဲ?"
ယွင်ရှီဟာ အရင်က သေချင်နေမှန်း ရှင်းရှင်းလင်းလင်း မပြောခဲ့ပေမယ့် ယွင်ရှီရဲ့ အကြည့်ကို ကြည့်ပြီး ယွင်မိသားစုနဲ့ ဆက်နွယ်နေနိုင်တယ်လို့ လုရွှမ် သူ့ဘာသာ ခန့်မှန်းခဲ့ပါသည်။ နောက်ဆုံး ခွဲခြမ်းစိတ်ဖြာမှုတွင် ယွင်ရှီကို ထိခိုက်စေသည့် ဘေးဥပဒ်မှာ သူဖြစ်ကြောင်း ထင်ရှားလာခဲ့သည်။
သူ့စိတ်ထဲတွင် ပျော့ခွေသွားသလို အနည်းငယ်လည်း အပြစ်ရှိသလို ခံစားလိုက်ရသည်။
"ဒါ ငါ့အမှားပဲ... ယိုးယန်က ငါ့ကို စားချင်နေတာ"
"ရှင့်ကိုစားချင်နေတာ ဟုတ်လား!"
လုရွှမ် ခေါင်းညိတ်ပြီး "အင်း ငါလေ့ကျင့်တဲ့ ကျင့်စဥ်က မီးတောက်တစ်မျိုးပဲ... မင်းတို့ရဲ့ ယိုးယန်ဂူက အဲဒါကို တစ်ခါမှ မမြင်ဖူးဘူး... ဒါကြောင့် ငါ့ကို စားချင်နေတာ"
ယွင်ရှီ ခန္ဓာကိုယ် တုန်လှုပ်သွားပြီး သူမ မယုံကြည်နိုင်စွာ အော်ပြောလိုက်သည်။
"ယိုးယန်ဂူမှာ ဒီလိုမျိုး ပြဿနာမျိုး မဖြစ်ဖူးတာ နှစ်ပေါင်းများစွာ ကြာနေပြီ... ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ..."
လုရွှမ် ပြုံးလိုက်သည်။
"ဒါက နှစ်တွေများလွန်းနေပြီမို့လား... ယိုးယန်ဂူက ဒီနှစ်တွေမှာ မီးတောက်တွေ အရမ်းများလာတာ... မင်းခန္ဓာကိုယ်ထဲမှာ နတ်ဆိုးမီးတွေလည်း ရှိနေပြီး မင်းရဲ့အဆင့်ကို မြှင့်တင်ဖို့ ယိုးယန်ဂူရဲ့ စွမ်းအားကိုလည်း အသုံးပြုခဲ့တယ်.... မင်းက ယိုးယန်ဂူ ဒီမီးတောက်တွေရဲ့ အဆင့်ကို မြှင့်တင်နိုင်မယ်လို့ ထင်ထားတာ... သူက မီးတောက်တွေအားလုံးကို မြင်ပြီး မီးတောက်တွေရဲ့ လက္ခဏာတွေကို နားလည်တဲ့အတွက် မှန်ကန်တဲ့ဆေးကို ညွှန်းပေးသလို မီးတောက်တွေရဲ့ အဆင့်ကို တိုးမြင့်စေနိုင်တယ် ဟုတ်တယ်မလား?"
ယွင်ရှီ ခေါင်းညိတ်လိုက်သည်။
"အရင်က မမြင်ဖူးတဲ့ မီးနဲ့တွေ့ရင် မင်းဘယ်လိုလုပ်မလဲ.... အဲဒါကို လိုချင်မှာပဲလေ... နှစ်တွေကြာလာတဲ့အခါ ကျောက်တုံးတွေတောင် ဝိညာဉ်စွမ်းအင်နဲ့ ဝိညာဥ်တွေ မွေးလာနိုင်တယ်... ယိုးယန်ဂူက ဝိညာဉ်ဉာဏ်ရည်ဉာဏ်သွေးကို မွေးဖွားပေးမယ်လို့ မင်းမထင်ဘူးလား"
ယွင်ရှီ လက်မခံသေးပေမယ့် ယိုးယန်ဂူက အရမ်းကြောက်စရာ ကောင်းနေပြီဆိုတာ သူမ သိလိုက်သည်။
"ပြန်စဉ်းစားကြည့်ပါ... ဒဏ္ဍာရီအရ ယိုးယန်ဂူက ထူးဆန်းတဲ့မီးအဆင့်ကို မြှင့်တင်ပေးနိုင်တယ် ဒါပေမဲ့ ဒီမှာ မင်းရဲ့ထူးခြားချက်က နတ်ဆိုးမီးအဆင့်ကို တကယ် တိုးတက်အောင်လုပ်နိုင်တဲ့ အဟန့်အတားတစ်ခု ရှိလား ဆိုတာပဲ"
ယွင်ရှီက တုံးအသူ မဟုတ်ပေ။ သူမသည် အလွန်ထက်မြက်သော်လည်း ယခု လုရွှမ်က သတိပေးလိုက်တဲ့အခါ သူမ သဘာဝအတိုင်း တုံ့ပြန်လာခဲ့သည်။
"ရှင် ဆိုလိုတာက သူ့ရဲ့ အစာစားချင်စိတ်က ပိုကြီးလာတယ်... ထူးဆန်းတဲ့ မီးအားလုံးကို လုံးလုံးမြင်ပြီးပြီ... အခု နတ်ဆိုးမီး တစ်မျိုးမျိုးကို တွေ့လို့ လေ့လာချင်နေတာပေါ့"
"ဟုတ်တယ် ဒါပဲ!" လုရွှမ်က လေးနက်တဲ့အသံနဲ့ ဆိုလေသည်။
"ငါထင်တာမှန်ရင် ဒီတိတ်ဆိတ်နေတဲ့ မီးတောက်က ကျင့်ကြံသူတွေရဲ့နတ်မီးကို မျိုချတော့မလား မပြောတတ်ဘူး"
ယွင်ရှီသည် မိမိခန္ဓာကိုယ်ထဲက မှော်မီးအိမ်ရှိသည့် နတ်မီးမျှော်စင်ကို ထိကြည့်လိုက်သည်။ မျှော်စင်နယ်ပယ်ရှိ လူများအတွက် နတ်မီးလုံးများ အားလုံးကို စုဝေးပြီး မျှော်စင်အဖြစ် ပြောင်းလဲရသည်။ ၎င်းက မသေမျိုးလမ်းစဥ်ကို လိုက်ရန် မျှော်စင်ကို နေရာချရခြင်းပဲ ဖြစ်လေသည်။
မျှော်စင်နယ်ပယ်သည် နတ်မီးလုံး ပိုအရေးကြီးသော်လည်း နတ်မီးမပါဘဲ ပင်လယ်ထဲ ခရီးသွားနေပါက အခြားကမ်းစပ်ကို ရှာရန် မဖြစ်နိုင်သလောက်ပင်။
"ဒါဆို ဒီမီးတောက် ရှင့်ကို ဝါးမျိုသွားဖို့ ကျွန်မတို့ လုံးဝ ခွင့်မပြုနိုင်ဘူး"
ယွင်ရှီက ပြောလိုက်သည်။
"ငါတင် မဟုတ်ဘူး ဒီမီးတောက်က ဘယ်သူ့ကိုမှ ဝါးမျိုလိုက်လို့ မဖြစ်ဘူး... မဟုတ်ရင် တစ္ဆေမီးတောက်က ပိုအားကောင်းလာပြီး စန်းချိုင်ကျောင်းတော်မှာ ရှိတဲ့ လူတွေကိုတောင် မျိုချသွားလိမ့်မယ်!"
ယွင်ရှီသည် တုန်လှုပ်ချောက်ချားပြီး မထိန်းနိုင်ဘဲ တုန်တုန်ယင်ယင် အသံနဲ့ ထပ်ပြောလာသည်။
"နတ်ဆိုးကြီးတွေ အကြောင်း လူတွေက သမိုင်းစာအုပ်တွေမှာပဲ မှတ်တမ်းတင်ထားတာ... ဒီလိုမျိုး တကယ် ဖြစ်လာလိမ့်မယ်လို့ မမျှော်လင့်ထားဘူး"
"စိတ်မပူပါနဲ့ ငါတို့မှာ အချိန်တွေ အများကြီးကျန်သေးတယ် အနည်းဆုံးတော့ ဒီယိုးယန်က သိပ်မကြောက်ရသေးဘူး"
ယွင်ရှီ ခေါင်းညိတ်ပြသော်လည်း သူမ၏သွားများသည် ထိန်းမနိုင်သိမ်းမရဖြင့် တုန်ရီလာသည်။
"ဘာလို့ရုတ်တရက် ဒီလောက် အေးလာရတာလဲ"
လုရွှမ် တိတ်တိတ်လေး ကျိန်ဆဲလိုက်လေ၏။
"သွားပြီ! ယိုးယန်က ငါတို့ကို လာရှာနေတာများလား?"
ယွင်ရှီလည်း သဘောပေါက်သွားသည်။ ယိုးယန်ဂူရဲ့ သဘာဝမှာ အေးစက်နေတာပဲ မဟုတ်ပါလား။