← Chapters

လုရွှမ်ရဲ့ ကောက်ချက်

Vol. 109 Ch. 4.1144

လုရွှမ်ရဲ့ ကောက်ချက်

Vol. 109 Ch. 4.1144

အနောက်မှ စုပ်ယူမှု အားကောင်းလာတာကြောင့် ယိုးယန် နီးကပ်လာကြောင်း ပြသ​နေပါသည်။

"ငါတို့ ထွက်သွားရမယ် မဟုတ်ရင် ဒီနေရာမှာတင် ခဲသွားလိမ့်မယ်"

လုရွှမ် ကျယ်လောင်စွာ အော်လိုက်ပြီး သူ့ခန္ဓာကိုယ်က ကျောက်စာတိုင်ပေါ်ကနေ မတ်တပ်ရပ်လိုက်သည်။ သူ့နောက်ကွယ်တွင် ဖီးနစ်နတ်မီးက တောက်လောင်နေပြီး အတောင်ပံတစ်စုံ ထွက်ပေါ်လာသည်။ စုပ်ယူမှုစွမ်းအားသည် အလွန်ပြင်းထန်သောကြောင့် တောင်ပံများရဲ့ စွမ်းအားက သုံးပုံတစ်ပုံသာ ကျန်ရှိတော့သည်။

"အပြစ်ပြုမိပါပြီ"

လုရွှမ် ဆိုရင်း ယွင်ရှီကို သူ့ရင်​ခွင်​ထဲမှာ ဖက်ထားလိုက်သည်။ ယွင်ရှီမှာ ရှက်​​နေပြီး ဘယ်ကိုမှ မကြည့်​ဝံ့တာကြောင့် လုရွှမ်ရင်​ခွင်​ထဲ၌ ခေါင်းငုံ့ထားလိုက်​သည်​။

"မြန်မြန်သွားကြစို့!"

စုပ်ယူမှု စွမ်းအားက ပိုအားကောင်းလာကာ အနီးနားရှိ ကျောက်စာတိုင်များတွင် ရေခဲအလွှာများ ပေါ်လာသည်ကို ထင်ရှားစွာ ခံစားလိုက်ရသည်။

"သွားစို့!"

လုရွှမ် အော်လိုက်ပြီး ကျောက်စာတိုင်ကို ခြေဖဝါးနဲ့ နင်းပြီး သူ့ခန္ဓာကိုယ်ကို တွန်းထုတ်ပစ်လိုက်သည်။ သူ့နောက်ကျောနောက်က အတောင်ပံတွေက ပြင်းပြင်းထန်ထန် ခုန်ထွက်သွား၏။ သူ့လက်ထဲမှာရှိတဲ့ မျှော်စင် အပိုင်းအစတွေဟာ ယွမ်စွမ်းအင်တွေ အဖြစ် သူ့ခန္ဓာကိုယ်ထဲ တိုးဝင်လာသည်။

သူ့မှာ ရွေးချယ်စရာ မရှိတော့ပေ။ ဒီပုံစံအတိုင်း မကစားချင်တော့ပေမယ့် လက်ရှိ အခြေအနေက စစ်မှန်တဲ့ စွမ်းအင်ကို ကုန်ဆုံးစေပြီး စွမ်းအင်ရဲ့ အခြေခံအုတ်မြစ်ကို ကြီးကြီးမားမား ပျက်စီးစေမှာ အမှန်ပင်။

နှစ်ယောက်သား၏ ခန္ဓာကိုယ်များသည် ခရမ်းရောင် အတောင်ပံတစ်စုံမှလွဲ၍ အဖြူရောင် အလင်းတန်းတစ်ခုဖြင့် ဖုံးလွှမ်းလုနီးပါး ဖြစ်နေသည်။ ခက်ခက်ခဲခဲ ပျံသန်းရင်း နောက်ဆုံးတွင် ခန္ဓာကိုယ်က ရှေ့သို့ ရွေ့လျားနိုင်ခဲ့သည်။

ဒါပေမဲ့ လိပ်တစ်ကောင် တွားသွားသလိုမျိုး အရှိန်က အရမ်းနှေးလှသည်။

သေချာတာကတော့ ယိုးယန်ဟာ အနောက်ကနေ လိုက်လာနေတာပဲ ဖြစ်ပေ၏။ လုရွှမ် သူ့ဘယ်လက်တွင် ဓားကိုကိုင်ထားပြီး မျှော်စင်ကို သူညာဘက် လက်ထဲတွင် ကိုင်လျက် သူ့တစ်ကိုယ်လုံး ပေါက်ကွဲလုနီးပါး ဖြစ်နေပြီ။

လုရွှမ်ဟာ သူ့ရဲ့ ကာယခွန်အားကြောင့် ဒီလိုလုပ်ရဲတာပင်။ တခြားလူတွေ ဆိုရင် သေချာပေါက် ဒီအချိန်ထိ အသက်ရှင်နိုင်လိမ့်မည် မဟုတ်။ ဒါပေမဲ့ အခုလုရွှမ်လည်း ကြာကြာမထိန်းနိုင်ဘူး ဆိုတာ သိသာပါ၏။

ယွင်ရှီ နောက်ဆုံးတွင် လုရွှမ်ရင်ဘတ်အတွင်းမှ အပူများကို ခံစားလိုက်ရသည်။ သူမ ကူညီချင်သော်လည်း သူမ လုပ်နိုင်သောအရာ မရှိ။

"ဒါက အလုပ်မဖြစ်ဘူး... ဒီအတိုင်းဆို ငါတို့ထဲက တစ်ယောက်မှ ထွက်သွားလို့ မရ​လောက်​တော့ဘူး... ငါ မင်းကို ပစ်ထုတ်လိုက်မယ်!"

ယွင်ရှီ အံ့အားသင့်သွားပြီး "ဘာလို့လဲ"

"ယိုးယန်က ဘာလို့ ဒီလောက် မာနကြီးနေတာလဲ သူက ဘယ်လောက်ပဲ တန်ခိုးကြီးနေပါစေ၊ သူဒီလောက် သန်မာမနေသင့်ဘူး ဟုတ်တယ် မဟုတ်လား.... ဒါက မင်းပြောပြထားတဲ့ လမ်းကြောင်း အပြင်ဘက်က ပုံစံခွက်နဲ့ တစ်ခုခုတော့ ပတ်သက်နေမယ် ထင်တယ် မင်း အပြင်ထွက်ပြီး တခြားသူတွေကို ပြောပြဖို့ လိုတယ်.. အဲဒါကို ဖျက်စီးပစ်လိုက်!"

ယွင်ရှီလည်း ဤအရာက အမှန်ပင်ဖြစ်ကြောင်း ရုတ်တရက် သဘောပေါက်လိုက်သည်။

"ဒါပေမဲ့?"

သူမ အပြင်ထွက်ချင်ပေမယ့် အခုအချိန်မှာ အပြင်ထွက်ဖို့ နေနေသာသာ အပြင်ထွက်ဖို့ ခက်ခဲနေသေးတယ်လေ။ သို့သော် သူမ၏ မျက်လုံးများသည် ရုတ်တရက် တောက်ပလာပြီး မျက်နှာအရောင်က သိသိသာသာ ပြောင်းလဲသွားသည်။

"ရှင်ကိုယ်တိုင် စတေးချင်နေတာလား"

"သေချာပေါက် မဟုတ်ဘူး! ငါသေရင် မင်းကို ကယ်တင်ဖို့ ဘာလိုနေဦးမှာလဲ ငါ ယိုးယန်ကို တခြားဦးတည်ရာကို ဆွဲထုတ်သွားမယ်... မင်းက ထွက်သွားဖို့ အခွင့်ရေးယူလိုက်... အချိန်မရှိဘူး အဆင်သင့်ပြင်ထား... သွားတော့!"

ရှေ့လမ်းတွင် နောက်ထပ် လမ်းဆုံတစ်ခုရှိသည်။ လုရွှမ် ယွင်ရှီကို ကျောက်စာတိုင်ရှေ့သို့ တွန်းထုတ်လိုက်ရာ သူ့ခန္ဓာကိုယ်သည် ရုတ်တရက် ဆွဲထုတ် ခံလိုက်ရသလိုမျိုး ရုတ်တရက် နောက်ပြန် လွင့်ကျသွားခဲ့ကာ အရိပ်တောင် မကျန်တော့ဘဲ ပျောက်သွားခဲ့သည်။

"လုရွှမ်!!!"

ယွင်ရှီ အလွန်ဝမ်းနည်းစွာ အော်လိုက်သည်။ သို့သော်လည်း လုရွှမ်ရဲ့ ညွှန်ကြားချက်ကို လိုက်နာမယ့်အစား သူမ တိတ်တဆိတ် ငြင်းဆန်ပြီး လုရွှမ် ထွက်လာမယ့် အချိန်ကို စောင့်ဆိုင်းနေခဲ့သည်။

ထွက်သက်တစ်ချက်၊ နှစ်ချက်၊ ထွက်သက်ဆယ်ချက်။ အချိန်တွေ မြန်မြန်ပဲ ကုန်သွားသည်။ သူမအတွက် စက္ကန့်တွေက နှစ်တွေလိုပဲ ကြာလွန်းလှသည်။ နောက်ဆုံးတွင် စုပ်ယူမှုအား ပျော့သွားသော်လည်း ၎င်းသည် ဆက်လက်တည်ရှိနေသေးကာ သူမကို လှုပ်ရှားနိုင်စေခဲ့သည်။

အချိန်မဖြုန်းဝံ့ဘဲ ယွင်ရှီ အလျင်အမြန် ထွက်ကာ ထွက်ပေါက်ဆီသို့ ပြေးသွားခဲ့သည်။ နောက်ဆုံးတွင် သူမပါးပြင်ပေါ်က မျက်ရည်များစီးကျလာကာ အပြေး ထွက်လာခဲ့သည်။ ထိုအခိုကိ အလင်းတဖျပ်ဖျပ် ခတ်လျက် ယွင်ရင် ပြေးလာ၏။

အပြင်မှလူများသည် စောင့်နေရတာကို စိတ်မရှည်ကြသော်လည်း ယွင်ရင်လက်ထဲမှ တံဆိပ်ပြားက ယွင်ရှီ မသေသေးကြောင်း သက်သေပြနေသဖြင့် စောင့်ရုံသာရှိတော့သည်။ ယွင်ရှီ နောက်ဆုံးတော့ ထွက်လာပါပြီ။

ဟုတ်ပါတယ်။ တချို့လူတွေက ပျော်ရွှင်ကြပြီး တချို့ကတော့ စိုးရိမ်​​​​နေကြသည်။ ပိုင်တယီး၏ မျက်နှာသည် အလွန်နက်မှောင်လာပြီး ယွင်ထောင်၏နှုတ်ခမ်းများ လှုပ်ခါကာ တစ်စုံတစ်ယောက်ကို သတ်ပစ်ချင်နေသည်မှာ သိသာ၏။

ဒီခွေးမက ဘယ်လိုလုပ် အသက်ရှင်လျက် ပြန်ထွက်လာတာလဲ။

သူမသည် အတွင်းထဲတွင် အလွန်ပင် မသေမသပ် ဖြစ်နေခဲ့တာတော့ ထင်ရှားလှသည်။ ယွင်ရင် ချက်ချင်း ရှေ့သို့ ပြေးသွားပြီး တူမလေးကို သူမရင်ခွင်ထဲတွင် တင်းတင်းကျပ်ကျပ် ဖက်ထားလိုက်သည်။ အဒေါ်နှင့် တူမတို့သည် တစ်ယောက်ကိုတစ်ယောက် ပွေ့ဖက်ကာ မျက်ရည်များ ကျဆင်းလာကြ၏။

"ငါ့ကို မြန်မြန်ပြောပါ.... အထဲမှာ ဘယ်လိုအခြေအနေရှိလဲ ယိုးယန်ဂူက ဘာဖြစ်သွားတာလဲ?"

ယွင်ရှီကလည်း လူတိုင်း စိုးရိမ်နေကြသည်ကို သိသဖြင့် ပြောလိုက်သည်။

"ယိုးယန်ဂူက ပြောင်းလဲသွားပြီ... သူ့မှာ ဝိညာဉ်ရေး အသိဥာဏ်ရှိလာတယ်... ကျင့်ကြံသူတွေရဲ့ နတ်မီးကို ဆာလောင်နေတာ!"

လုရွှမ်က သူမအသက်ကို ကယ်တင်ခဲ့တာကို သတိရသောအခါ ယွင်ရှီသည် လုရွှမ်ရဲ့ ဖြစ်ရပ်အချို့ကို အလိုလို ချဲ့ကား၍ ပြောပြလိုက်သည်။ ယွင်ရှီဆီက ထိုစကား ထွက်လာသည်နှင့် တပြိုင်နက် ပတ်ဝန်းကျင်ရှိ လူတိုင်း အံ့သြသွားကြသည်။

ဘာ?

ယိုးယန်က ကျင့်ကြံသူတွေရဲ့ နတ်မီးကိုသာ မျိုချလိုလျှင် နတ်မီး ငြိမ်းသွားသည်နှင့် ပျက်စီးပြီး သေပေလိမ့်မည်။

"ယွင်ရှီ... နင်ဘာတွေ ပြောနေတာလဲ မသိဘူးဆိုရင် ရယ်စရာကောင်းတဲ့ အကြောင်းပြချက် တစ်ခုနဲ့ မလှည့်စားစမ်းနဲ့... ဟမ့် ယိုးယန်က ကျင့်ကြံသူတွေရဲ့ နတ်မီးကို မျိုချလိုက်လိမ့်မယ် ဆိုတဲ့ အကြောင်းပြချက်ကို ဘယ်သူက ယုံမှာလဲ။"

ယွင်ထောင် လှမ်းအော်လိုက်ပြီး သူ့ဒေါသက မီးတောက်တွေလို ထွက်ပေါ်လာခဲ့သည်။

"တူမလေး စိတ်မလှုပ်ရှားပါနဲ့... မင်းစကားမပြောခင် သေချာစဉ်းစားပါ... ယိုးယန်က ကျင့်ကြံသူတွေရဲ့ နတ်မီးကို ဝါးမြိုချင်တာ အမှန်ပဲလား"

ယွင်ရှီ ပိုင်တယီးကို ကြည့်လိုက်သော်လည်း သူမသည် လုံးဝ မကြောက်တော့ဘဲ ခေါင်းကိုသာ မော့ကာ ဖြေလိုက်သည်။

"ကျွန်မ မလိမ်ပါဘူး ယိုးယန်မှာ ဝိညာဉ်ဉာဏ်ရှိနေပြီ!"

လုရွှမ် သူမကို အတွင်းထဲမှာ ပြောပြတဲ့ အကြောင်းပြချက်​တွေကိုလည်း ပြန်ပြောပြလိုက်သည်။

"ယိုးယန်က ထူးဆန်းတဲ့ မီးကို မျိုချလိုက်ပြီး နတ်ဆိုးမီးကိုလည်း မျိုချလိုက်တယ်... အခု တိုးတက် ပြောင်းလဲလာဖို့အတွက် ကျင့်ကြံသူတွေရဲ့ နတ်မီးကိုပါ မျိုချလိုက်လိမ့်မယ်"

အားလုံးက စိတ်ရှုပ်နေပြီး လွယ်လွယ်နဲ့ မယုံနိုင်ပေမယ့် ဒါက တကယ် အမှန်တရားပဲလို့ ခံစားနေရလေသည်။ ပိုင်တယီး၏ မျက်နှာသည်လည်း အဆက်မပြတ် ပြောင်းလဲသွားပြီး သူ့ခန္ဓာကိုယ်က အနည်းငယ် တုန်သွားသည်။

"ဖေဖေ ဒါအမှန်လား? ယိုးယန်က တကယ် နတ်ဝိညာဥ် ဖြစ်သွားနိုင်လား"

“ဟုတ်တယ် ဒါအမှန်ပဲ... မင်းအဘိုးက တစ်ခါတုန်းက ပြည်ခြားကို ခရီးထွက်သွားတော့ နတ်ဆိုးတစ်ကောင် အဖြစ်ပြောင်းသွားတဲ့ ရေကန်တစ်ခုအကြောင်း ဒဏ္ဍာရီကို ပြောပြဖူးတယ်....နတ်ဝိညာဥ်အဖြစ် ပြောင်းလဲသွားတဲ့ နာမ်ဝိညာဉ်သတ္တဝါတွေရဲ့ ကြောက်စရာအကောင်းဆုံး အရာက ငါတို့လို လူတွေထက်တောင် သာလွန်တယ်... မျှော်စင်နယ်ပယ် မပြောနဲ့ နတ်ခြေလှမ်းနယ်ပယ်က သခင်တွေတောင် သူတို့ရဲ့ ပြိုင်ဘက်တွေ မဖြစ်နိုင်ကြဘူး!"

ပိုင်ကွမ်းရှီမှာ သူ့နောက်ကျောမှ အေးစက်သွားသလို ခံစားလိုက်ရသည်။ ကောင်းကင်မှာ လေချွန်နေတဲ့ အပြာရောင် မီးတောက်တွေကို ကြည့်ပြီး သူ့စိတ်ထဲမှာ လောဘနည်းနည်း တက်လာပေမယ့် မီးတောက်တွေသာ သူ့ကိုယ်ထဲကို ဝင်သွားရင် ဆိုတဲ့ စိတ်နဲ့ သိမ်းသွင်းချင်စိတ်တွေ ပျောက်သွားလေ၏။

"ဒါဆို အဖေ ဘာလုပ်ရမှာလဲ"

"မကြောက်ပါနဲ့ လက်ရှိရုပ်သွင်ကို ကြည့်လိုက်ရင် ဒီယိုးယန်က သူ့ရဲ့ ဝိညာဉ်ရေး အသိဥာဏ်ကို အခုမှ ဖွင့်ထားတာ... အသွင် မပြောင်းလဲသေးဘူး အန္တရာယ်က သိပ်ကြီးကြီးမားမားတော့ မဟုတ်​သေးဘူး ဘာဖြစ်လာမလဲ ဆိုတာ စောင့်ကြည့်ကြရအောင်"

တစ်ဖက်တွင် ပိုင်တယီးသည် သူ့သားကို ပညာပေးနေပြီး တစ်ဖက်တွင်တော့ ယွင်ထောင်မှာတော့ ယွင်ရှီကို ညွှန်ပြပြီး ကျိန်ဆဲနေလေရာ ယွင်မိသားစုဝင်များပင် သည်းမခံနိုင်တော့ပေ။

အိမ်ထောင်ဦးစီး အိမ်တော်သခင် တစ်ယောက်အနေနဲ့ သူ့မှာ အခွင့်အာဏာ ဒါမှမဟုတ် တာဝန်မရှိသလိုဖြင့် သူတစ်ပါးကိုသာ ကျိန်ဆဲနေသည်။ အတိုက်အခံတွေကို ဖယ်ထုတ်နိုင်ပေမယ့် ဒီလူက အခု သူ့ကိုယ်သူ ပါးပြန်ရိုက်နေရပြီ မဟုတ်ပါလား။

စိတ်မချမ်းသာပေမယ့် ဘယ်သူမှ ထမပြောရဲကြပေ။

All Chapters