အိမ်တော်သခင် ပြန်ရောက်လာပြီ
Vol. 109 Ch. 4.1145
"ယွင်ထောင် ဒီလောက်ဆို လုံလောက်ပြီ!!"
ယွင်ရင် တကယ်ကို သည်းမခံနိုင်တော့ပေ။ သူမသည် ယွင်ထောင်မျက်နှာကို ပြင်းထန်စွာ ပါးရိုက်လိုက်သဖြင့် ယွင်ထောင်သည် မိသားစုခေါင်းဆောင် အနေဖြင့် လူမြင်ကွင်းတွင် ပါးရိုက်ခံလိုက်ရသည်။
ယွင်ရင်နှင့် နှိုင်းစာလျှင် သူ၏ ကျင့်ကြံမှုအဆင့်က အဆင့်သည် ရှောင်လွှဲ၍ မရနိုင်လောက်အောင် နိမ့်နေ၏။ မိသားစုခေါင်းဆောင် တစ်ဦးအနေဖြင့် အရိုက်ခံရသည်မှာ အလွန်ရှက်စရာ ကောင်းလှသည်။
ခိုးကြောင်ခိုးဝှက် တိုက်ခိုက်မှုမျိုး ဖြစ်လျှင်ပင် သူသည် အနည်းဆုံးတော့ ရှောင်လွှဲနိုင်သော်လည်း သူ့အင်အားသည် အလွန်ညံ့ဖျင်းသည်ဟု ဆိုနိုင်သည်။ ပိုင်တယီးလည်း ရုတ်တရက်မို့ အံ့ဩသွားပြီး တစ်ခုခုတော့ မူမမှန်တော့ဘူးလို့ ခံစားလိုက်ရသည်။
ယွင်ထောင်မှာ ဒေါသထွက်နေသော်လည်း ပြန်မတိုက်ရဲဘဲ လက်ချောင်းများကသာ တုန်ယင်နေသည်။
"မင်းငါ့ကိုရိုက်ရဲတယ်... ယွင်မိသားစုရဲ့ခေါင်းကို ရိုက်ရဲတယ်ပေါ့"
ယွင်ရင်လည်း သက်ပြင်းချပြီး ကျိန်ဆဲလိုက်လေ၏။
"နင်နဲ့ ထိုက်တန်လို့!... ကျင့်ကြံမှုအဆင့်က မလုံလောက်ရင် အရည်အချင်းလည်း မလုံလောက်ဘူး... နင့်စိတ်က မတောက်ပရင် ဦးနှောက်ကလည်း မတောက်ပဘူး... နင်သာ အိမ်တော်သခင် ဖြစ်လာရင် ယွင်မိသားစုက အဆုံးသတ် သွားလိမ့်မယ်...နင့်လိုလူက ယွင်မိသားစုရဲ့ အကြီးအကဲဖြစ်နိုင်ရင် ငါနင့်ကို အခုသတ်ပြီး ယွင်မိသားစုတစ်ခုလုံးကို မီးတွင်းထဲက ကယ်တင်ပစ်နိုင်တယ်"
ယွင်ရင်က ဒီစကားကိုပြောပြီး ရှေ့ကို အမြန်ပြေးထွက်သွားကာ ယွင်ထောင်ကိုသတ်ဖို့ သူ့ဓားကို လွှင့်ပစ်လိုက်သည်။ ယွင်ထောင်သည် ယွင်ရင်ကို မကြောက်တော့ဘူးလို့ ထင်ခဲ့ပေမဲ့ အခု ယွင်ရင် တကယ် လှုပ်ရှားလာတာကို မြင်တော့ ငယ်ငယ်လေးကတည်းက ခံစားခဲ့ရတဲ့ အကြောက်တရားက ထွက်ပြေးဖို့ပဲ နှိုးဆော်နိုင်တော့သည်။
(TN - ယွင်ရင်က ရှေ့ပိုင်းက ယွင်ဟုန် ဖြစ်ပါမယ်။ စာရေးဆရာက 云红 (yun hong) 云 影 (yun ying) လို့ ပြောင်းထားပါတယ်)
ယွင်ရင်က သူ့နောက်ကို အဆက်မပြတ် လိုက်နေချိန်မှာ သူသည် လူအုပ်ထဲကို အဆက်မပြတ် ပြေးလွှားနေရလေ၏။ လူတိုင်းက ရယ်ရယ်မောမောနဲ့ လက်ညှိုးထိုးပြ ကြနေကြ၏။ ဒီလိုမျိုး အိမ်တော်သခင် တစ်ယောက်က တကယ့်ကို သူရဲဘောကြောင်သူ ဖြစ်နေသည်။
"အဒေါ်...."
"ငါမင်းကိုပါ ခုတ်ပစ်လိုက်မယ် မင်းလူယုတ်မာ!"
အော်ဟစ်ပြီး နောက်တစ်ယောက် ပြေးသွားပေမယ့် ယွင်ရင်ဆီက ကရုဏာကို အသနားခံဖို့ မဝံ့ရဲတော့ဘူး။
"မြန်မြန်လုပ်! ဒီရူးနေတဲ့မိန်းမကို နှိမ်နင်းကြ!"
"ရပ်ပြီး ဘာလုပ်နေကြတာလဲ? ငါက အိမ်တော်သခင်ပဲ! မင်းတို့ကို သတ်ပစ်ဖို့ အမိန့်ပေးတယ်"
"သူမကို သတ်... သတ်ပစ်!"
ယွင်ရှီ အပြေးအလွှား ရှေ့သို့ လျင်မြန်စွာ ပြေးသွားသည်။ အဒေါ်ဖြစ်သူက လူနှစ်ယောက်အား အနိုင်မယူနိုင်တော့မည်ကို သူမ တကယ် မကြောက်သော်လည်း ယွင်မိသားစုမှ အားလုံးသည် ထိုနေရာတွင် ရပ်နေကြဆဲဖြစ်ပြီး ခေါင်းငုံ့ကာ မျက်နှာများမှာ အရှက်ကွဲသွားကြောင်း တွေ့လိုက်ရသည်။
စန်းချိုင်ကျောင်းတော် တစ်ခုလုံး၏ ကြည့်ရှုခြင်းကို ခံရပြီး ယွင်မိသားစု၏ မိသားစုဝင်တစ်ဦး အနေဖြင့် စန်းချိုင်မြို့ တစ်ခုလုံးက ကြည့်ရှုခြင်းကို ဟာသတစ်ခုအဖြစ် ရှုမြင်ကြရာ လူတိုင်းက ရှက်သွားကြသည်။
ဤအခိုက်အတန့်တွင် လူတိုင်းက ယွင်ထောင်နှင့် သူ့သားတို့ကို ကြည့်နေကြ၏။ လက်ရှိအခြေအနေမျိုးတွင် သူတို့နှစ်ယောက်ကို သတ်ပစ်ချင်နေသေးသည်။ သူတို့တွေက ငတုံးငတ လူမိုက်များသာ ဖြစ်ပေသည်။
"သခင်မလေး.... ကျွန်မတို့ သခင်မလေးရဲ့ စကားကို နားထောင်မယ် သခင်မလေးကို ယွင်မိသားစု အိမ်တော်သခင် အဖြစ်ပဲ အသိအမှတ်ပြုတယ်"
ရှောင်လဲ့ ရုတ်တရက် အော်လိုက်သည်။ ယွင်မိသားစုမှ လူတိုင်းလည်း ခေါင်းမော့ကာ အပြစ်ရှိသော မျက်လုံးများဖြင့် ကြည့်သော်လည်း စိတ်အားထက်သန်မှုများစွာကို တွေ့လိုက်ရသောအခါ ယွင်ရှီလည်း အံ့အားသင့်သွားသည်။
တဖြည်းဖြည်းနဲ့ လူတွေက သူ့အမိန့်ကို စောင့်မျှော်နေတဲ့ စိတ်အားထက်သန်တဲ့ မျက်လုံးတွေနဲ့ သူမကို ကြည့်နေကြလေသည်။
"ငါ့အမိန့်ကို နားထောင်! သူတို့ နှစ်ယောက်စလုံးကို ဖမ်းလိုက်!!"
"ဟုတ်ကဲ့ မိသားစုရဲ့ သခင်အမိန့်ကို လိုက်နာလျက်ပါ!"
ကျင့်ကြံသူနှစ်ယောက် ပြေးထွက်လာပြီး ယွင်ထောင်နှင့် ယွင်လီတို့ကို အလွယ်တကူပဲ ဖမ်းဆီးလိုက်သည်။ နှစ်ယောက်သား ခုခံရန် ကြိုးစားဆဲမှာ ပါးနှစ်ဖက်ကို ပါးရိုက်ခံလိုက်ရပြန်၏။ လှုပ်ရှားသူမှာ ယွင်ရင် မဟုတ်ဘဲ အစောင့်အကြပ်မှ ကျင့်ကြံသူ တစ်ယောက်ပဲ ဖြစ်လေသည်။
"အိမ်တော်သခင်က မင်းတို့နှစ်ယောက်ကို ဖမ်းဖို့ အမိန့်ထုတ်ထားတယ်... ချုပ်ထား!"
သူတို့နှစ်ယောက် ထိတ်လန့်သွားပြီး ယွင်ရှီကို ထိတ်လန့်စွာ ပြန်ကြည့်လိုက်တဲ့အခါ ယွင်ရှီက အံကြိတ်ကာ ဆိုလာခဲ့သည်။
"ရိုက်တာ ကောင်းတယ်!"
သူတို့ မျက်နှာတွေ ပြာသွားကြသော်လည်း ဘာမှ မခုခံရဲတော့ပေ။ ပိုင်တယီးလည်း သူ့စိတ်ထဲ သက်ပြင်းချလိုက်သည်။ ဒီခွေးမသားက စားပွဲကိုတောင် မသွားနိုင်ဘဲ နံရံကို ရွှေ့ဖို့ ကြိုးစားချင်နေ၏။
ယွင်ရှီ: "ကျွန်မတို့ ယိုးယန်ကို နှိမ်နင်းချင်ရင် အပေါ်က စုပ်ယူအားကို ထိန်းချုပ်ရမယ်!... လူတိုင်း စဉ်းစားကြည့်ကြပါ အဲဒါကို နှိမ်နင်းဖို့ နည်းလမ်းများရှိလား"
လူတိုင်းသည် သူတို့၏ဦးခေါင်းထက်ရှိ ယိုးယန်၏ အပြာရောင် စွမ်းအင်လှိုင်းကို ကြည့်ရင်း စိတ်ရှုပ်သွားကြသည်။ ယခုအချိန်တွင် ၎င်းက တဖြည်းဖြည်း ပိုကြီးလာပြီး စုပ်ယူအားကလည်း ပိုအားကောင်းလာသည်။ မီးတောက်မီးလျှံဟု ထင်သာမြင်သာရှိသော်လည်း လေအေးအနည်းငယ်က ထွက်လာနေသည်။
ယင်စွမ်းအင် အအေးလှိုင်းများ လျင်မြန်စွာ ပြန့်နှံ့သွားပြီး ပတ်ဝန်းကျင်ရှိ ဝိညာဉ်စွမ်းအင်များက ၎င်းဆီသို့ အရှိန်အဟုန်ဖြင့် စုစည်းသွားသည်။ သို့သော် လူတိုင်းက သူကြည့်ငါကြည့် လုပ်နေကာ အဖြေမရှိသလို ဖြေရှင်းချက်လည်ူ မရှိလာခဲ့ချေ။
"ရှီအာ... ငါတို့ လုံးဝ မဖြေရှင်းနိုင်လောက်ဘူး!"
ယွင်ရင်သည် သူ့ပတ်ဝန်းကျင်က ကျင့်ကြံသူတွေတောင် တဖြည်းဖြည်း ဆုတ်ခွာသွားရပြီး စုပ်ယူအားက ပိုအားကောင်းလာတာကို တွေ့ရတော့ ခပ်တိုးတိုးလေး ဆိုလာခဲ့၏။
"တူမလေး ... ငါတို့မှာ အဖြေရှိလိမ့်မယ်"
ပိုင်တယီးက ရုတ်တရက် ဝင်ပြောလိုက်သည်။ ယွင်ရှီ၏ အမူအရာလည်း ပြောင်းလဲသွားသည်။ သူမ အကြောက်ဆုံးအရာမှာ အဖြေမရှိသော်လည်း ပိုင်မိသားစုတွင် အဖြေတစ်ခု ရှိနေခဲ့သည်။ ယွင်ရင် မျက်နှာက ကြည်ကြည်လင်လင် ဖြစ်လာပြီး
"ဒါဆို သခင်ကြီးပိုင်ကို မြန်မြန် လှုပ်ရှားဖို့ တောင်းဆိုချင်ပါတယ်"
ပိုင်တယီး: "စိတ်မပူပါနဲ့... ငါတို့မှာ အစီအစဉ်တစ်ခုရှိပေမယ့် ကြိုးစားအားထုတ်မှုက ကြီးမားသလို အန္တရာယ်တွေ အများကြီးရှိတယ်... ငါတို့ ပိုင်မိသားစုက မင်းတို့ကို အခွင့်ကောင်းယူချင်နေတာ မဟုတ်ဘူး မင်းရဲ့ ယွင်မိသားစုမှာ မရှိဘူးဆိုတာ ထင်ရှားတယ်လေ.... အခုအချိန်မှာ ယိုးယန်ကို ထိန်းချုပ်နိုင်တဲ့ အစွမ်းသတ္တိက ဒီ့အပြင် အဖြေက မူလအကြောင်းအရင်းကို မကုစားနိုင်ပေမယ့် သက်ရောက်မှုကို နည်းနည်းချင်းစီ ရှင်းပစ်ဖို့ လိုတယ်... တကယ်အပြတ် ဖြေရှင်းဖို့တော့ ခက်ခဲလိမ့်မယ်"
"ဟမ့် ဒါတောင် ရှင်က တခြားသူတွေရဲ့ အန္တရာယ်ကို အခွင့်ကောင်းယူနေတာ မဟုတ်ဘူးလို့ ပြောနေသေးတယ်"
ဝင်ပြောလိုက်သူက ရှောင်လဲ့ပင်။
"ဟမ့် ဒါ မင်းဝင်ပြောရမယ့် နေရာလား ဒီကနေ ထွက်သွားစမ်း!"
ပိုင်ကွမ်းရှီ ဝင်ဟောက်လိုက်သည်။ ဒီရှောင်လဲ့ကို သူကြည့်မရတာ ကြာပါပြီ။ ဒါပေမဲ့ ယွင်ရှီနဲ့ သူ့ရဲ့ ရင်းနှီးမှုကို အခြေခံပြီး သူမအစေခံတွေကို တိတ်တဆိတ်သာ ကြိမ်းမောင်းခဲ့ရသည်။ အစေခံတွေကို လုံးဝ ဂရုမစိုက်ပေမယ့် ဒါဟာ သူ့ခွေးဖြစ်ပြီး ခွေးကိုရိုက်ရင် ပိုင်ရှင်အပေါ် ကြည့်ရသေးသည်လေ။
ကြီးမားသော အင်အားတစ်ခု ပေါက်ကွဲထွက်ပြီး ရှောင်လဲ့ဆီသို့ ပြေးလာရာ သူမ ချက်ချင်းပင် ကြောက်လန့်တကြား ဖြစ်သွားသည်။ ယွင်ရင်က လျင်မြန်စွာ ဝင်လှုပ်ရှားလိုက်၏။ ရှောင်လဲ့ကို သူမ ဘယ်လိုပဲ ကြည့်နေပါစေ ပိုပိုပြီး ချစ်လာခဲ့သည်။
သူအရင်က မပြောဝံ့ရင် အခုအခြေအနေမှာ ဝင်ပြောနေရင်တောင် သိပ်ဆိုးနေတာတော့ မဟုတ်ချေ။
"ငါတို့ရှောင်လဲ့ ပြောတာ တစ်ခုခုမှားနေလို့လား... မင်းတို့ ပိုင်မိသားစုက တခြားသူတွေရဲ့ အန္တရာယ်ကို အခွင့်ကောင်းယူနေတာ မဟုတ်လို့ ဘာလဲ.... မင်းလိုပေါ့ မလုပ်ခင် မင်းလည်း ကြိုတွေးထားရမယ် ဟုတ်တယ်မလား"
ပိုင်ကွမ်းရှီ: "မင်းတို့ရဲ့ ယွင်မိသားစုက ဟာသလုပ်ရတာကို ကြိုက်တာထက်တော့ ပိုကောင်းတာပေါ့"
ထိုစဥ် ပိုင်တယီးက ပိုင်ကွမ်းရှီခေါင်းကို ရိုက်ချလိုက်သည်။
"မင်းဘာတွေပြောနေတာလဲ? ငါတို့ ပိုင်မိသားစုက ယွင်မိသားစုနဲ့ နှစ်ထောင်ချီကြာအောင် ပေါင်းသင်းခဲ့တာ... ငါတို့က တစ်ယောက်နဲ့ တစ်ယောက် အတူတူပဲ မင်းက လူကြီးတွေနဲ့ ဒီလိုစကား ပြောရဲတယ်ပေါ့လေ"
"နတ်သမီးယွင်ရင် ဒီကောင်လေး ရိုင်းရိုင်းစိုင်းစိုင်း ပြောနေတာအတွက် သူ့ကိုယ်စား မင်းကို တောင်းပန်ပါတယ်"
ယွင်ရင် ဟစ်အော်လိုက်သော်လည်း ကောင်းပြီဟုသာ ထုတ်ဖော်နိုင်ခဲ့သည်။ သူ့ပတ်ဝန်းကျင်မှာ ပျာယာခတ်ပြီး ဆွေးနွေးနေတဲ့ ပိုင်မိသားစုခေါင်းဆောင်ကို သူ့ရဲ့မာန မထောင်လွှားမှုအတွက် ကျယ်လောင်စွာ ချီးကျူးလိုက်ပါ၏။ ယွင်ယင်သည် မုန်းတီးစွာဖြင့် သွားများကို အံကြိတ်ခဲ့သော်လည်း နခြားရွေးချယ်ခွင့် မရှိခဲ့ပေ။
ပိုင်တယီး: "ကွမ်ရှီး... မင်းပြောခဲ့တဲ့ အဖြေက တကယ်အလုပ်ဖြစ်ရဲ့လား?"
"ဖေဖေ.... အဲဒါက ကျွန်တော်သိတဲ့ သူငယ်ချင်းပါ သူက ယင်ယန်မဟာဂိုဏ်းရဲ့ ထိပ်တန်း တပည့်အယောက် ၁၀၀ ထဲက တစ်ယောက်... သူပြောရင် အဆင်ပြေတယ်လို့ ပြောလို့ရတယ်"
"ယင်ယန်မဟာဂိုဏ်း!"
ပိုင်တယီး၏ မျက်လုံးများ အေးခဲသွားပြီး သူက ညင်သာစွာ ခေါင်းညိတ်လိုက်သည်။
"ယင်ယန် မဟာဂိုဏ်းချုပ်ရဲ့ တပည့် ... သခင်လေးလီရှန့်ကို လေးစားစွာ ဖိတ်ကြားအပ်ပါတယ်!"
ပိုင်ကွမ်းရှီ အော်လိုက်သည်နှင့် ပတ်ဝန်းကျင်က လူတွေလည်း လမ်းကြောင်းတစ်ခုကို ဖော်ပေးလိုက်လေသည်။