တောင်များနှင့် မြစ်များ၏ အထူးမြေဆီလွှာ
Vol. 109 Ch. 4.1146
ယင်ယန်မဟာဂိုဏ်း?
စန်းချိုင်မြို့မှာရှိတဲ့ လူတွေအတွက်တော့ သူတို့က မျှော်ကြည့်ရုံသာ တတ်နိုင်ပေသည်။ မြေကမ္ဘာတွင် ဂိုဏ်းခွဲများသည်လည်း သဘာဝအတိုင်း အဆင့်များရှိသည်။
၎င်းတို့ကဲ့သို့ ကျောင်းများသည် အနိမ့်ဆုံးအဆင့်တွင်ရှိပြီး ၎င်းတို့အထက်တွင် အချို့သော ကောင်းကင်ဘုံများနှင့် တချို့သော မဟာဂိုဏ်းကြီးများ၊ နောက်ဆုံးတွင်မှ မင်းမျိုးမင်းနွယ်များနှင့် မြင့်မြတ်သောနေရာများ ဖြစ်သည်။
အဆင့်တစ်ခုစီတွင် ၎င်းတို့ကဲ့သို့ ဝေးလံသောနေရာ၌ စန်းချိုင်ကျောင်းတော်က အလွန်ထူးခြားသော နေရာဖြစ်နေပါပြီ။ သို့သော် ကောင်းကင်နယ်မြေနဲ့တောင် နှိုင်းယှဉ်လို့ မရရာ ယင်ယန်မဟာဂိုဏ်း ဆိုလျှင် ထည့်ပြောစရာပင် မလိုတော့ပေ။
ယင်ယန်မဟာဂိုဏ်းသည် မဟာဂိုဏ်းကြီးများထဲက ထိပ်တန်းတည်ရှိမှု တစ်ခုဖြစ်သည်။ ယခုမူ ယင်ယန်မဟာဂိုဏ်းမှ တစ်စုံတစ်ယောက်က အမှန်တကယ် ပေါ်ထွက်လာခဲ့လေသည်။
မျှော်လင့်ထားသည့် အတိုင်း ယွင်မိသားစု အပါအဝင် လူတိုင်း၏ မျက်လုံးများသည် ပိုင်ကွမ်းရှီ လက်ဖဝါးညွှန်ပြသည့် ဦးတည်ရာဆီသို့ ကြည့်လိုက်ကြသည်။ လူငယ်တစ်ယောက်၏ ခန္ဓာကိုယ်သည် ပို့ဆောင်ခြင်းအစီအရင်ဖြင့် ရောက်ရှိလာသလို လူတိုင်းရှေ့တွင် တောက်ပလာခဲ့သည်။
သို့သော်လည်း ဤကျင့်ကြံသူသည် ပို့ဆောင်ခြင်း အစီအရင်ဖြင့် ရောက်လာခြင်း မဟုတ်သော်ကြောင်း သိမြင်နိုင်ပြီး သူက ပိုင်ကွမ်းရှီလို မပြေးလွှားတတ်ပေ။ နတ်လက်နက်ကို အသုံးပြုပြီး ထိုနေရာ၌ စောင့်ဆိုင်းနေခဲ့တာပဲ ဖြစ်သည်။
လူတိုင်းရဲ့အသံကို ကြားတော့ သူက တိုက်ရိုက်ပဲ ပေါ်လာခဲ့သည်။ ဒီပုံစံကတင် တော်တော့်ကို ထင်ရှားနေပါပြီ။ လီရှန့်က ပြုံးပြီး သူ့ပတ်ဝန်းကျင်သို့ လက်သီးလက်ဝါး ဆုပ်ကာ ဂါဝရပြုရင်း ရယ်မောလိုက်သည်။
"ယင်ယန်မဟာဂိုဏ်းရဲ့ တပည့် လီရှန့်က အားလုံးကို နှုတ်ဆက်ပါတယ်!"
"ကျွန်တော် သခင်လေးလီရှန့်ကို နှုတ်ဆက်ပါတယ်!"
"သခင်လေးလီရှန့်ကို ဂါဝရပြုပါတယ်"
လူတိုင်းသည် တစ်ယောက်ပြီး တစ်ယောက် လျင်မြန်စွာ တုံ့ပြန်ကြပြီး အနည်းငယ် ချော့မော့သည့်ဟန်ဖြင့် ဆိုကြလေသည်။ လီရှန့်က မျှော်စင်နယ်ပယ် တတိယအဆင့်တွင် ရှိနေသည်ကို လူတိုင်း မြင်နိုင်သော်လည်း မည်သူမျှ သူ့ကို လျှော့မတွက်ဝံ့ပေ။ အထူးသဖြင့် သူ့နောက်ကျောမှာ ထမ်းထားတဲ့ လက်နက်နှစ်လတ်က နတ်ဓားတွေပင်။
အေးစက်နေသော ဓားသည် တောက်ပသော လရောင်ကဲ့သို့ ဖြူစင်ပြီး ထက်ရှသော ဓားသည် တိမ်မည်းများကဲ့သို့ မည်းမှောင်နေသည်။ ဓားနှစ်ခတ်က ကြက်ခြေခတ်ပုံစံ လွယ်ထားကာ ယင်နှင့်ယန်၏ ငါးရုပ်သွင်ပြင်ကို ကျောဘက်ရှိ အဝတ်များပေါ်၌ ရေးခြယ်ထားရာ အလွန်အမင်း လိုက်ဖက်လှသည်။
လီရှန့်က လှည့်ပြီး ပိုင်တယီးကိုလည်း အနည်းငယ် ဦးညွှတ်လိုက်သည်။
"ဦးလေးပိုင်ကိုလည်း ဂါဝရပြုပါတယ်"
"မဝံ့ရဲပါဘူး... မဝံ့ရဲပါဘူး!"
ပိုင်တယီးက ခပ်မြန်မြန် အော်လိုက်ပြီး လီရှန်အား သူ့မျက်နှာပေါ်က အပြုံးတစ်ပွင့်ဖြင့် စေ့စေ့ကြည့်မိသည်။
"ဒါက အစ်ကိုကွမ်ရှီး မကြာခဏ ပြောလေ့ရှိတဲ့ နတ်သမီးယွင်ရှီပဲ ဖြစ်ရမယ်.... တကယ်ကို လှပပြီး မွှေးပျံ့ပါပေတယ်... အစ်ကိုကွမ်ရှီး အတွက် တကယ်ကို လိုက်ဖက်တဲ့ သူတစ်ယောက်ပဲ"
ယွင်ရှီ: "သခင်လေးလီ မနောက်ပါနဲ့... ကျွန်မနဲ့ ပိုင်ကွမ်းရှီက ဘာမှ မဆိုင်တော့ဘူး"
"အိုး တကယ်လား အစ်ကိုကွမ်ရှီးမှာ ထူးထူးခြားခြား အရည်အချင်းတွေ ရှိတယ်... ဒီတစ်ခါ ကျွန်တော်က အစ်ကိုကွမ်ရှီကို မဟာဂိုဏ်းချုပ်ဆီ ခေါ်သွားမလို့လေ... အစ်ကိုကွမ်ရှီးရဲ့ အရည်အချင်းနဲ့ အဲဒီတုန်းက သူ့မှာ ရှိခဲ့တဲ့ စွန့်စားခန်း အတွေ့အကြုံနဲ့ဆို ဂိုဏ်းတံခါးထဲမှာ သူ သေချာပေါက် ဝင်နိုင်လိမ့်မယ်လို့ ကျွန်တော် ထင်ပါတယ်... တိုက်ရိုက် တပည့်လည်း ဖြစ်သွားနိုင်တယ်"
ယွင်ရင်: "တိုက်ရိုက် တပည့်ဖြစ်တာ မပြောနဲ့ သူ့ဘာသာ အမာခံတပည့် ဖြစ်ရင်သွားတောင် ငါတို့ရှီအာနဲ့ မထိုက်တန်ဘူး... သခင်လေးလီရှန့် အပိုစကားတွေနဲ့ အချိန်မဖြုန်းပါနဲ့"
လီရှန့်က ရယ်လျက် " အိုး ဒါက ကျွန်တော့်ရဲ့ ယူဆချက်လေးပါ"
ပိုင်ကွမ်းရှီ၏ မျက်နှာသည် စိတ်လှုပ်ရှားစွာ အရောင်တောက်နေ၏။ သူက လီရှန့် ယခင်က ပြောခဲ့သည့်စကားကိုသာ တွေးနေမိသည်။
လီရှန်သူ့ကို ယင်ယန်မဟာဂိုဏ်းဆီကို ခေါ်ဆောင်သွားနိုင်ဖို့ မျှော်လင့်ထားပေမယ့် လီရှန့်ကတော့ ရှေးမြေခွေး တစ်ကောင်လိုဖြစ်ပြီး သဘောမတူခဲ့ပါဘူး။ ဒါပေမဲ့ အခုမှ သူသဘောတူလာလိမ့်မယ်လို့ မမျှော်လင့်ထားခဲ့ရာ သူ့နှလုံးသားထဲမှာ မီးတွေ ပေါက်ကွဲလုနီးနီး ဖြစ်လာခဲ့လေသည်။
"ကောင်းပြီ... အဲဒီယိုးယန်ဘက်ကို ပြန်သွားကြည့်ရအောင်... ကျစ် ကျစ် ယိုးယန်မီးက တကယ်ပွင့်သွားလိမ့်မယ်လို့ မထင်ထားဘူး... နတ်ဆိုးတစ်ကောင် ဖြစ်သွားတာနဲ့ စန်းချိုင်မြို့တစ်ခုလုံး ပြာကျသွားမှာကို ကြောက်ရတယ်"
ပိုင်ကွမ်းရှီက ကမန်းကတန်း ထွက်လာပြီး မေးမြန်းလေသည်။
"ဒါဆို နတ်ဆိုးမီးက နတ်ဆိုးအသွင် ပြောင်းသွားရင် ဘယ်လိုလုပ်မလဲ... ယင်ယန်မဟာဂိုဏ်းရဲ့ တိုက်ရိုက်တပည့် သခင်လေးလီက ဘယ်လိုတားဆီး ပေးနိုင်မလဲဗျ..."
လီရှန့်က ဂုဏ်ယူစွာ ပြုံးပြသော်လည်း ရှုံ့တွနေသော မျက်နှာဖြင့် ဆိုလာသည်။
"ဆရာကြီးက ငါတို့ကို လက်တွေ့ မဆွဲထုတ်ဖို့ သင်ပေးခဲ့တာ... တကယ်တော့ ဒီယိုးယန်က အရမ်း အစွမ်းထက်ပေမယ့် ကံကောင်းထောက်မစွာပဲ ဒီတစ်ခေါက် ထွက်လာတုန်း လက်ဆောင်ကို ယူလာခဲ့တယ်... ငါ့ရဲ့ဆရာတူအစ်ကိုက တောင်နဲ့မြစ်တွေရဲ့ အထူးမြေဆီလွှာကို ပေးလိုက်တယ်... နတ်ဆိုးမီးတို့... မသေမျိုး တောင်တန်းမြစ်တွေကို ထိန်းချုပ်ဖို့ ငါ့ရဲ့တောင်တန်းတွေ မြစ်တွေရဲ့ အထူးမြေဆီလွှာကို ကြည့်ရှုကြစေ...."
လီရှန့်၏ ခန္ဓာကိုယ်သည် အမှန်တကယ်ပင် ထူးကဲစွာ ပျံ့လွင့်သွားကာ လူများစွာက သူ့အား လေထဲတွင်ပင် ချဉ်းကပ်ဝံ့ခြင်း မရှိတော့ပေ။ ယိုးယန်ရဲ့ စုပ်ယူမှုစွမ်းအားက ပိုအားကောင်းလာပြီး သူတို့ခန္ဓာကိုယ်ကို လုံးဝ မထိန်းချုပ်နိုင်ပေမယ့် လီရှန့်ကတော့ စုပ်ယူမှုရဲ့ သက်ရောက်မှု လုံးဝ မရှိသလို အလွန်တည်ငြိမ်နေပါ၏။
ဒီအချိန်မှာပဲ လူတော်တော်များများက သူတို့ဆို မလုပ်နိုင်ဘူး ဆိုတာကို သိသွားကြသည်။
လီရှန့်ကလည်း သူ့ကျင့်ကြံမှု အပေါ်မှာသာ အားကိုးနေမယ်ဆိုရင် ခက်သွားလိမ့်မယ်။ ဒါပေမဲ့ အခု သူ့လက်ထဲမှာ ပန်းကန်ပြားတစ်ချပ်ကို ကိုင်ထားပြီး ပန်းကန်ပြားပေါ်ရှိ အရောင့ ငါးရောင်မြေဆီ အစက်လေးတွေ ရှိနေတာကို သူတို့ မသိတာကြပေ။
၎င်းအစက်လေးတွေက အနည်းငယ် တောက်ပနေပြီး ပုံသဏ္ဌာန်မှာ အေးခဲနေသည်။ အောက်ဖက်မှာ ရှိတဲ့ လူတိုင်းကလည်း သူ့တစ်ယောက်တည်းကိုသာ ငေးကြည့်နေကြ၏။
ကျင့်ကြံသူ အပေါင်းတို့၏ မျက်လုံးတို့သည် နီရဲ၍ ငြူစူနေကြသလို မိန်းကလေးတွေရဲ့ မျက်လုံးတွေကလည်း မက်မွန်ပွင့်တို့ဖြင့် ပြည့်ကုန်ကြလေသည်။ သခင်လေးလီရှန့်သာ သူတို့အတွက် စိတ်ကူးယဉ်ပြီး ယင်ယန်မဟာဂိုဏ်းဆီ ခေါ်သွားလျှင် ဘယ်လောက် ကောင်းလိုက်မလဲ။
ယွင်ရှီ: "ဒေါ်လေး ဒီကောင် အောင်မြင်နိုင်မယ်လို့ ထင်လား"
ယွင်ရင် အနည်းငယ် မျက်မှောင်ကြုတ်သွားသည်။ သူ့တူမလေး၏ မျက်လုံးများတွင် သူ့အတွေနဲ့ ဆန့်ကျင်ဘက် ခံစားချက်များကို မြင်လိုက်ရတဲ့အခါ အလိုမကျ ဖြစ်သွားသည်။ သူ့တူမလေးက လီရှန့်နဲ့ ထွက်သွားပြီး ယင်ယန်မဟာဂိုဏ်းကို သွားချင်နေတာလား။
ယွင်ရင် မျက်လုံးများကို မှိတ်ထားပြီး သူ့စိတ်ထဲတွင် ကန့်ကွက်ခြင်းမရှိ။ ပိုင်ကွမ်းရှီနဲ့ ယှဉ်ရင် လီရှန့်က အနည်းဆုံးတော့ ပိုကောင်းသလို သူက ယင်ယန်မဟာဂိုဏ်းကလည်း ဖြစ်နေသေးသည်။ ရှီအာ သူ့နောက်ကို လိုက်ခဲ့မယ်ဆိုရင် ဒါဟာ ကောင်းမွန်တဲ့ ဦးတည်ရာတစ်ခု ဖြစ်လိမ့်မယ်။
"ရှီအာ... မင်းသူ့ကို သဘောကျသွားတာလား?"
ယွင်ရှီ ထိတ်လန့်သွားပြီး ရှက်သွားတဲ့မျက်နှာနဲ့ "ဒေါ်လေး... ဘာတွေပြောနေတာလဲ သမီးက သူ့ကို ဘယ်လိုချစ်နိုင်မှာလဲ... အခုမှတွေ့ဖူးတာကို"
"ဒါဆို မင်း သူ့ကို ဘာလို့ ထူးထူးခြားခြား ကြည့်နေတာလဲ"
"ဒေါ်လေး... ရှီအာ သူယိုးယန်ဂူရဲ့ ပြဿနာကို သူတကယ် ဖြေရှင်းနိုင်လိမ့်မယ်လို့ ကျွန်မ မျှော်လင့်ပါတယ်.... ဒါပေမဲ့ တကယ်ပြေလည်သွားရင် ပိုင်မိသားစုက ယိုးယန်ဂူကို ဘယ်လိုပြန်ပြီး လက်လွှတ်နိုင်မှာလဲ"
ယွင်ရင် သက်ပြင်းချပြီး "ဒါက ပြဿနာပဲ"
ယွင်ရှီမှာ ကောင်းကင်ယံက လီရှန့်ကို ကြည့်လိုက်ပြီး ဂူထဲက လုရွှမ်အကြောင်းလည်း မတွေးတောဘဲ မနေနိုင်ပေ။ လီရှန့် တကယ်ဖြေရှင်းနိုင်ရင် လုရွှမ်ကို ကယ်တင်နိုင်မယ်လို့ စိတ်ထဲမှာ တိတ်တဆိတ် မျှော်လင့်နေမိသည်။
ဒါပေမဲ့ ယွင်မိသားစုက ဘာဆက်လုပ်ရမလဲ။
"ဘာမီးလဲ? ငါ့အတွက် ဖယ်ထားလိုက်စမ်း!"
ကျယ်လောင်သော ရယ်မောသံသည် စန်းချိုင်မြို့တစ်ခွင် ဟိန်းထွက်သွားသည်။ ထို့နောက် လီရှန့်က လက်တစ်ဖက်ဖြင့် လေထဲတွင် ပန်းကန်ပြားကို ကိုင်ထားတာ မြင်လိုက်ရသည်။
"သွားတော့!"
တောင်များ၊ မြစ်များ၏ အထူမြေဆီလွှာ စွမ်းအင်များသည် ချည်မျှင်များကဲ့သို့ ပြေးထွက်သွားကာ မဝေးလှသော နေရာဆီက ယိုးယန်ထံသို့ လွင့်မျောသွားသည်။ လေနှင့်အတူ လွင့်ပျံသွားကာ ငြိမ်သက်နေသော မီးတောက်များထဲသို့ ရောနှောကာ မြေကြီးတောင်တန်းများ အဖြစ်သို့ ပြောင်းလဲသွားသည်။
အရင်ကမြင်ခဲ့ရတဲ့ ယိုးယန်မီးဟာ အပြာရောင် ဖြစ်နေပေမယ့် ဒီအချိန်မှာတော့ အရောင် ငါးရောင်ရှိတဲ့ မြေဆီလွှာက ရောနှောသွားလေပြီ။ အထူးသဖြင့် ရောင်စုံငါးရောင် မြေဆီလွှာက ယိုးယန်မီးထဲ လှည့်ပတ်ပြီး ထိန်းချုပ်ဖို့ ကြိုးစားနေတာကို တွေ့လိုက်ရသည်။
လေပြင်း တိုက်ခတ်သောအခါတွင် တောင်များ၊ မြစ်များ၏ အထူးမြေဆီလွှာ စွမ်းအင်တို့သည် ငြိမ်သက်နေသော မီးတောက်များနှင့်အတူ ယခု အရောင်ငါးမျိုး ရောနှောနေတာကို ကြည်လင်ပြတ်သားစွာ မြင်တွေ့နိုင်သည်။
ယိုးယန်မီးသည် ယခင်က အလွန်လျင်မြန်သော အရှိန်ဖြင့် လှည့်နေပြီဖြစ်သည်ကို လူတိုင်း သိရှိနားလည်ခဲ့ကြသော်လည်း မမြင်လိုက်ကြပေ။ ထိုအခိုက် လီရှန့်၏ အမူအရာ ပြောင်းလဲသွားသည်။
သူက စိတ်လှုပ်ရှားစွာနဲ့ တောင်တွေ၊ မြစ်တွေရဲ့ အထူးမြေဆီလွှာတွေကို ပန်းကန်ပြာ းတစ်ခုလုံးထဲကို ပစ်ချလိုက်ပေမယ့် လှိုင်းလုံးလေးတွေထဲမှာ ကျောက်ခဲသေးသေးလေး ပစ်ပေါက်လိုက်သလိုမျိုး သေးငယ်တဲ့ လှုပ်ရှားမှုလေးကလွဲလို့ ဘာမှ မမြင်ရတော့ပေ။