တာဝန်ယူ
Vol. 109 Ch. 4.1147
"အား....."
လီရှန့်က အော်ဟစ်လိုက်ပြီး သူ့ခန္ဓာကိုယ်သည် ယိုးယန်ဆီသို့ အလိုအလျောက် ပျံသန်းသွားခဲ့သည်။ တောင်တွေ၊ မြစ်တွေရဲ့ အထူး မြေဆီလွှာတွေကတောင် မထိန်းချုပ်နိုင်ရာ သူ့ခန္ဓာကိုယ်ကို ဘယ်လို ထိန်းရတော့မလဲ။
ပိုင်ကွမ်းရှီ လျှို့ဝှက်စွာ ကျိန်ဆဲလိုက်သည်။ လီရှန့်ရှိရင် ယင်းယန်မဟာဂိုဏ်းထဲကို ဝင်ရန် သူ့အတွက် ခြေတစ်လှမ်းသာသာပဲ လို၏။ သို့သော် လီရှန့်သာ ဤနေရာတွင် သေဆုံးသွားပါက ယင်ယန်မဟာဂိုဏ်းထဲသို့ ဝင်ရန်နေနေသာသာ ယင်ယန်မဟာဂိုဏ်း၏ ဒေါသကိုပင် ဆွမိနိုင်သည်။
သူ့တစ်ကိုယ်လုံး ရုတ်တရက် လင်းခနဲ ပျောက်သွားပြီး နောက်အခိုက်အတန့်တွင် သူပြန်ပေါ်လာတာက လီရှန့်အနားတွင် ရှိနေ၏။ ဤအခိုက်အတန့်မှာ စိတ်ရှုပ်ထွေးနေတုန်း သူ့ကို ပိုင်ကွမ်းရှီက ဖမ်းမိသွားသည်။ သူ့ခန္ဓာကိုယ်က တဖန်တုန်ခါကာ မြေပြင်ပေါ်သို့ ပြုတ်ကျလာခဲ့သည်။
ပိုင်ကွမ်းရှီ သွေးသုံးလုတ်ကို ပါးစပ်ထဲမှ ဆက်တိုက် ထွေးထုတ်လိုက်ရသည်။ သူ့တွင် အခွင့်အရေး ရခဲ့သော်လည်း ပို့ဆောင်ခြင်းအစီအရင်ကို သုံးရတယ် ဆိုတာဟာ ပေးဆပ်ရတဲ့ တန်ကြေးရှိကြောင်း သူပဲ သိသည်။
အထူးသဖြင့် ဤအရေးပေါ် ကယ်ဆယ်ရေးမျိုးလို အန္တရာယ်ရှိသော အခြေအနေတွင်ရှိပြီး ပို၍ပင် အန္တရာယ်များလှသည်။
"အစ်ကိုပိုင် ကျေးဇူးအများကြီး တင်ပါတယ်!"
ပိုင်ကွမ်းရှီလည်း အတင်းပြုံးပြီး "ငါတို့က သူငယ်ချင်းတွေပဲကို!"
"ကောင်းလိုက်တာ ညီအစ်ကို!"
ထိုအခါမှ ပိုင်ကွမ်းရှီ၏ မျက်လုံးများသည်လည်း အလင်းရောင်များဖြင့် ပြည့်နှက်လာခဲ့သည်။ တစ်ဖက်လူရဲ ပါးစပ်မှလည်း သွေးများ ထွက်လာသည်။ ယင်ယန်မဟာဂိုဏ်းမှ လီရှန့်ကပင် မအောင်မြင်ခဲ့ပေ။ ဒါ့အပြင် ပို၍အန္တရာယ်များစေပြီး အခြေအနေကို ပိုဆိုးသွားစေခဲ့သည်။
သူတို့ ဘာလုပ်သင့်လဲ။ ကျင့်ကြံသူတွေကို မျိုချဖို့ လာနေတဲ့ ဒီလျှို့ဝှက်ဆန်းကြယ်တဲ့ မီးကို သူတို့ တကယ် ထိုင်စောင့်နေရမှာလား။
ဘေးနားက လူတွေကလည်း ပိုင်မိသားစုနဲ့ ယွင်မိသားစုကို ကြည့်နေပေမယ့် ထိုလူတချို့မှာ မျှော်လင့်ချက်တွေ မတွေ့ခဲ့ကြပါဘူး။ မကြာမီ ဤနေရာတွင် ကြီးမားသော အန္တရာယ်တစ်ခု ဖြစ်လာတော့မည်။ ဒါကြောင့် မြန်မြန် ထွက်ခွာသွားရမည် ဖြစ်သည်။
ပိုင်တယီးလည်း သူ့နှလုံးသားထဲမှ နာကျင်နေ၏။ သားဖြစ်သူက ယင်ယန်ဂိုဏ်းထဲ ဝင်နိုင်ရင် ဒီအခြေခံအုတ်မြစ်ကို စွန့်လွှတ်လိုက်ရတော့ရော ဘာဖြစ်လဲ။ ယင်ယန်မဟာဂိုဏ်းကို ကျောထောက်နောက်ခံအဖြစ် ထားခြင်းဖြင့် ဤနေရာတွင် ချမ်းသာသော သူဌေးဖြစ်ရန် မလိုအပ်တော့ပါ။ ဒီပြည်နယ်ကြီးတွေကို သွားရတာက ဒီမှာထက် အများကြီး ပိုကောင်းပါ၏။
"တူမလေးယွင်... ကွမ်ရှီးက ဒဏ်ရာရနေပြီ ဒါကြောင့် ငါ သူ့ကို ပြန်သက်သာလာဖို့ ခေါ်သွားရမယ်... သေချာစဉ်းစားပါ မင်းမှာ ဖြေရှင်းချက်ကောင်းတွေ ရပြီး အကူအညီလိုရင် ငါတို့ဆီ တိုက်ရိုက်လာခဲ့ပါ..."
"လာ.... မင်းတို့ သခင်လေးနဲ့ သခင်လေးလီကို ထောက်ကူကြ... ငါတို့ အရင်ပြန်သွားမယ်... မင်းတို့က သူတို့ကို ကာကွယ်ဖို့ ဒီမှာပဲနေခဲ့... မိန်းကလေးယွင် အကူအညီလိုရင် သူ့စကားကို နားထောင်ရုံပဲ နားလည်ကြလား?"
ပိုင်တယီးက အမြန်စီစဉ်ပြီး လူတိုင်းကို လျစ်လျူရှုကာ သူ့သားနဲ့ လူတစ်စုကို ကိုယ်တိုင်ကိုယ်ကျ ကူညီပြီး ထွက်သွားခဲ့သည်။
ယွင်ရင်: "ဟင့် မြေခွေးအိုလိုကောင်! တစ်ခုခုမှားနေပြီဆိုတာ ရှင်းရှင်းလင်းလင်း မြင်တာနဲ့ တစ်ယောက်တည်း ထွက်ပြေးသွားပြီ!"
နေရာအနှံ့ ရုတ်ရုတ်သဲသဲ ဖြစ်သွားခဲ့သည်။
"အားလုံး ပြေးကြ! ပိုင်မိသားစုတောင် ပြေးကြပြီ.... စန်းချိုင်မြို့မှာ နေလို့ မရတော့ဘူး မြန်မြန် ထွက်သွားရအောင်"
ကျင့်ကြံသူတွေ တစ်ယောက်ပြီး တစ်ယောက် မြန်မြန်လိုက်လာပြီး မကြာခင်မှာဘဲ များစွာသော လူတွေက တဖြည်းဖြည်း ကျဲလာသည်။ ပိုင်တယီးက နေခဲ့ဖို့ အထူးတောင်းဆိုတဲ့ လူအများစုတောင် ထွက်ပြေးသွားပြီး ကျန်တစ်ဝကိကတော့ ယွင်မိသားစုရဲ့ အခြေအနေကို စုံစမ်းဖို့ ကျန်နေခဲ့ကြသည်။
အနီးနားတွင် လူအများအပြားလည်း ရှိနေကြသည်။ ၎င်းတို့အနက်မှ ငါးပုံတစ်ပုံခန့်သည် အပျော်တမ်းကြည့်ရှုရန် စောင့်ဆိုင်းနေခဲ့ကြပြီး ပြဿနာကို ဖြေရှင်းရန် အနည်းငယ်မျှ မကူညီခဲ့ပေ။
ဝုန်း!
ရုတ်တရက် လေထဲရှိ ယိုးယန်သည် ကြီးမားသော ဧရိယာတစ်ခုကို သိမ်းပိုက်နေပြီဟု ထင်ရကာ ပိုမိုကျယ်ပြန့်လာသည်။ လေအေးလှိုင်းများက အရပ်ရပ်သို့ သွန်ကျလာသဖြင့် ကျင့်ကြံသူများ နောက်ပြန်ဆုတ်ကာ ကြောက်ရွံ့နေရပြန်သည်။
"ရှီအာ... သွားကြရအောင် ငါတို့ ဒီနေရာမှာ ဆက်မနေနိုင်တော့ဘူး သွားကြရအောင်"
ယွင်ရင်က လှမ်းအော်သည်။ ထိုအခါ ယွင်ရှီက ရှိုက်ကြီးတငင် ပြုံးပြီး။
"သွားရအောင်?? ကျွန်မတို့ ဘယ်သွားလို့ရမှာလဲ? စန်းချိုင်ကျောင်းတော်က ကျွန်မတို့ကို လက်ခံနိုင်ပါ့မလား"
ယွင်ယင် ဤပြဿနာကို သူမ စိတ်ထဲတွင် တွေးထားပြီးသား ဖြစ်ပေ၏။ သူမစိတ်ထဲ စန်းချိုင်ကျောင်းတော်ကို စွန့်လွှတ်လိုက်ပြီ ဖြစ်သည်။
"ဟေး ရှီအာ... မင်းဘယ်သွားမလို့လဲ"
ယွင်ရင်မှာ သူ့တူမလေးက ယိုးယန်ဂူ အဝင်ပေါက်နားကို လျှောက်သွားနေတာကို ရုတ်တရက် တွေ့လိုက်ရတာကြောင့် ကမန်းကတမ်း အော်လိုက်ရသည်။
ယွင်ရှီ အံကြိတ်ကာ "လုရွှမ်ကို ရှာမယ်!"
"လုရွှမ်?... မင်းဆိုလိုတာက အထဲမှာ လုရွှမ် ရှိနေတာလား?"
ယွင်ရှီ ခေါင်းညိတ်လိုက်သည်။
"ယိုးယန်ရဲ့ စိတ်ဝိညာဥ်ကို ပွင့်စေခဲ့တာ သူလား"
ယွင်ရှီ ခေါင်းထပ်ညိမ့်လိုက်သည်။
"ဟူး... ဒီမိုက်မဲတဲ့ ကလေးကတော့ သူအခုဆို မရှိတော့လောက်ဘူး"
ယွင်ရှီမျက်နှာ နီရဲလာပြီး "ဒေါ်လေး ဘာတွေပြောနေတာလဲ.... ကျွန်မသူ့အတွက် သွားမသေပါဘူး သူ့မှာနည်းလမ်းရှိမယ် ထင်တယ်"
"ငအမလေး... သူက အဖြေကို ဘယ်လိုရှာရမလဲ သိမှာလား အဒေါ်ကိုယုံပါ! သူသေသွားတာ ဖြစ်ကောင်းဖြစ်မယ်"
"မဟုတ်ပါဘူး ဒေါ်လေး... သူ မသေသေးဘူး!"
"ဒေါ်လေး... သူက တကယ့်ကို အံ့သြစရာ ကောင်းတဲ့လူပါ... ကျွန်မတို့မိသားစုကို ကယ်တင်နိုင်တဲ့ သူကလည်း သူပဲ ဖြစ်လိမ့်မယ်... ဒါ့အပြင် ဒေါ်လေး အနည်းဆုံးတော့ မျှော်လင့်ချက်တွေက ရှိနေပြီလေ ဒီတူမလေး လောင်းကစား လုပ်လို့ရတယ်... နောက်ကျလို့ အခြေအနေ မဟန်ရင် တူမတို့ယွင်မိသားစုက စန်းချိုင်ကျောင်းတော်ရဲ့ ရာဇ၀တ်ကောင်တွေ ဖြစ်သွားလိမ့်မယ်"
ယွင်ရင် သွားတွေကို တင်းတင်းကျပ်ကျပ် ကိုက်လိုက်ပြီး ခေါင်းညိတ်လိုက်၏။
"ကောင်းပြီ ဒေါ်လေး မင်းကို စောင့်နေမယ်"
"အင်း!"
ယွင်ရှီ လှည့်ပြီး ယိုးယန်ဂူထဲကို ပြေးဝင်သွားခဲ့သည်။ သူမ ဘာကြောင့် ဒီလို အကြံရသွားမှန်း မသိပေမယ့် သူမနှလုံးသားထဲက အမှန်တရားတစ်ခုကို နားမလည်နိုင်စွာ မှတ်မိနေခဲ့သည်။ လုရွှမ်က ဤတစ်ကြိမ်တွင် စန်းချိုင်မြို့ တစ်ခုလုံးကို အံ့ဖွယ်များ ဖန်တီးပေးလာသူ ဖြစ်နိုင်သည်။
ဒါက ခံစားချက်တစ်ခု ဖြစ်ပေမယ့် ယွင်ရှီကတော့ သူမ မမှားဘူးလို့ ခံစားနေရသည်။ မှားသွားရင်လည်း ဒီမှာ တကယ်သေလိုက်တာပေါ့။ ယွင်ရှီ အနည်းငယ် တုံ့ဆိုင်းသွားကာ မီးတောက်ကို လွှင့်ထုတ်ကာ မီး၏ ဦးတည်ရာကို စစ်ဆေးပြီးနောက် အမြန်လိုက်သွားခဲ့သည်။
ပိုင်အိမ်တော်။
"ဘာပြောတယ်? ယွင်ရှီက ဂူထဲကို ပြန်ပြေးသွားတယ် ဟုတ်လား?"
ပိုင်ကွမ်းရှီ ပြင်းပြင်းထန်ထန် အော်လိုက်သည်။ သတင်းပေးသူ လူငယ်မှာလည်း သခင်လေးကို သတ်ပစ်မှာ စိုးရိမ်နေခဲ့သည်။ ထိုအခိုက် လီရှန့်က သူ့လက်ကို ဝှေ့ယမ်းပြီး ပြောလိုက်သည်။
"အစ်ကိုပိုင် စိတ်လျှော့ပါ... ငါအရင်က တစ်ခုခုကို မေ့သွားတာလားလို့ တွေးနေမိတာ... အခုနတုန်းက ယိုးယန်ဂူထဲမှာ တစ်ခုခုကို တွေ့လိုက်ရသလိုပဲ..."
ပိုင်ကွမ်းရှီရဲ့ မျက်လုံးတွေ ရုတ်တရက် လင်းလာပြီး လူငယ်ကို ဖယ်ထုတ်လိုက်သည်။
"ပြော! တခြားသတင်းရှိသေးလား"
"ဟုတ်တယ် ဟုတ်တယ် နာမည်တစ်ခု ကြားလိုက်တယ်.... လုရွှမ် ဆိုလား မသိဘူး"
"လတ်စသတ်တော့ အဲ့ခွေးကောင်ကိုး"
"လုရွှမ်က ဘယ်သူလဲ"
လီရှန့် ဝင်မေးလိုက်သည်။
"နတ်မီးနယ်ပယ် ပထမအဆင့်မှာ ရှိတဲ့ကလေးတစ်ယောက်ပဲ...ဟမ့် သူဘယ်လိုတွေ ကံကောင်းသွားလို့ ဘယ်လိုမျိုး အမွေတွေရထားလဲ မသိဘူး.... ဒါပေမဲ့ ကျွန်တော်နဲ့ နှစ်ပွဲလောက် ယှဥ်တိုက်နိုင်တယ်"
"နတ်မီးနယ်ပယ် ပထမအဆင့်!"
လီရှန့်က ထအော်လိုက်သည်။