← Chapters

သုံးခုမြောက် အိမ်တော်

Vol. 109 Ch. 4.1148

သုံးခုမြောက် အိမ်တော်

Vol. 109 Ch. 4.1148

ပိုင်ကွမ်းရှီရဲ့မျက်နှာက မည်းမှောင်လာပြီး

"ငါ အဲ့ရက်မတိုင်ခင်က ညက မိန်းကလေး ဆယ်ယောက်နဲ့ ကစားနေခဲ့လို့ ငါ့ခြေထောက်တွေ နည်းနည်း အားနည်းနေတာ... မဟုတ်ရင် ​​သူက ငါ့ပြိုင်ဘက်​တောင် ဖြစ်လာမှာ မဟုတ်ဘူး"

လီရှန့်ကလည်း စားပွဲကို ဆောင့်ရိုက်လိုက်ပြီး ကျယ်လောင်စွာ ကျိန်ဆဲလိုက်သည်။

"ဟမ့် ငါ့ရဲ့ အထူးမြေဆီလွှာတွေ ဘယ်လိုလုပ် ကျရှုံးသွားတာလဲလို့ တွေးနေတာ လတ်စသတ်တော့ ဒီလို ဒုက္ခပေးတဲ့သူ ရှိနေတာကိုး... ဟမ့် ဒါကိုတော့ ငါ လုံးဝ သည်းမခံနိုင်ဘူး"

ပိုင်ကွမ်းရှီလည်း လုရွှမ်ကို မုန်းတီးနေတာကြောင့် ချက်ချင်း ထောက်ခံလိုက်သည်။

"မှန်တယ်! သူတို့က လူယုတ်မာတွေပဲ... မင်းသာငါ့ကို သတိမပေးရင် ခန့်မှန်းမိမှာ မဟုတ်ဘူး... ယိုးယန်ဗီဇကို လှုံ့ဆော်ပေးတဲ့သူက သူ ဖြစ်နိုင်တယ်!"

"နှမြောစရာ ကောင်းလိုက်တာ... ဒီကောင်လေးမှာ ထိပ်တန်း နတ်ဓားတစ်လက်ရှိတယ် ဒါပေမဲ့ အဲဒါက ဂူထဲမှာပဲ ပျောက်သွားပြီ"

လီရှန့်: "ခဏနေဦး... နတ်ဓားမှာ ခရမ်းရောင်အလင်း နည်းနည်းရှိတယ်လို့ မင်းပြောခဲ့တယ်နော်"

ပိုင်ကွမ်းရှီက ထပ်ခါတလဲလဲ ခေါင်းညိတ်ပြတယ်

"အစ်ကိုလီ သိလို့လား"

"ဟမ့် ဒီလူယုတ်မာကို ငါဘယ်လိုလုပ် မသိဘဲ နေမှာလဲ... သူဒီမှာပုန်းနေမယ်လို့ မမျှော်လင့်ထားဘူး"

ပိုင်ကွမ်းရှီမှာ ဘာဖြစ်နေမှန်းကို မသိဘဲ အနည်းငယ်မှိန်းနေပြီး လီရှန့်ရဲ့ ဒေါသကို နှိုးဆွလိုက်ပါ၏။

"သိပ်မကြာသေးခင်က စန်းချိုင်တောင်ထိပ်မှာ ဘာတွေဖြစ်ခဲ့လဲဆိုတာ မင်းလည်း သိတယ်မဟုတ်လား"

ပိုင်ကွမ်းရှီက သူ့နှုတ်ခမ်းတွေကို ပွတ်သပ်ပြီး သတိပေးလိုက်တဲ့အခါ လီရှန့်လည်း အံ့သြသွားသည်။

လီရှန့်:"အဲဒါ ပါရမီသုံးပါး တားမြစ်နယ်မြေကို ဘာကြောင့် ရုတ်တရက် ပြန်အသက်သွင်းသလို ဖြစ်သွားခဲ့တာလဲ သိလား....တစ်ယောက်ယောက်က လူသစ်သီးကို ရသွားလို့ပဲ..."

"ဘာ!! လူသစ်သီးကို လူတစ်ယောက်က ရသွားတယ် ဟုတ်လား....မြေသစ်သီးနဲ့ ကောင်းကင်အသီးတွေကရော"

ထိုစကားကြောင့် လီရှန့်လည်း ပိုင်ကွမ်းရှီကို မျက်စောင်းထိုးလိုက်သည်။

"မြေသစ်သီးနဲ့ ​ကောင်းကင်သစ်သီးကို တခြားသူတွေက ဘယ်လိုလုပ် လွယ်လွယ်နဲ့ ရနိုင်မှာလဲ.... အနည်းဆုံးတော့ အခုထိပေါ့ ဒါပေမဲ့ လူသစ်သီးကို တစ်ယောက်ယောက်က ရရှိခဲ့တာ သေချာတယ်... သတင်းတွေအရဆို ခရမ်းရောင်အလင်းတန်းနဲ့ နောက်ကျောမှာ ဓားတစ်ချောင်း လွယ်ထားတယ်... မင်းစဥ်းစားကြည့် ဘယ်သူဖြစ်မလဲ?"

"ဟင် မင်းက ဘာကိုပြောတာလဲ အဲ့ခွေးကောင်က ရသွားတာလား... သူငါ့ကို ယှဉ်နိုင်တာ မဆန်းပါဘူး"

လီရှန့်က ပိုင်ကွမ်းရှီအား အရူးတစ်ယောက်လို ကြည့်နေသလိုမျိုး ကြည့်နေသည်။

"လူသစ်သီးရဲ့ အကျိုးသက်ရောက်မှုက ကျင့်ကြံသူတစ်ယောက်ရဲ့ ကျင့်စဥ် အခြေခံကို ပြောင်းလဲပစ်နိုင်တာပဲ... အဲဒါက အနည်းဆုံး အနှစ်တစ်ရာအတွက် ရေရှည်လုပ်ငန်းစဉ် တစ်ခုလိုမျိုးပဲ... ကောင်လေးက အရမ်းကြီး တော်နေရင်တောင် လူသစ်သီးကို အသွင်ပြောင်းဖို့ အနည်းဆုံး ဆယ်နှစ်လောက် အချိန်ယူရလိမ့်မယ်"

ပိုင်ကွမ်းရှီရဲ့ မျက်နှာက နီရဲလာပြီး သူ့စိတ်ထဲ ညည်းညူနေတော့သည်။ သူ့မျက်နှာကို ကြည့်ရင်း လီရှန့်က ရယ်လေ၏။

"အစ်ကိုပိုင်... အဲဒီ​ကောင်​​လေးမသေရင် ဘယ်လိုလုပ်မလဲ ပြီးတော့ သူ့မှာ နတ်ဓားနဲ့ လူသစ်သီးတစ်လုံး ရှိနေတယ်လေ"

ပိုင်ကွမ်းရှီ အနည်းငယ် အံ့သြသွားမိသည်။

လီရှန့်: "ဒီကောင်လေးက စန်းချိုင်တောင်ထိပ်နဲ့ ယိုးယန်ဂူထဲကို ခိုးဝင်သွားတယ်... သူက နတ်မီးနယ်ပယ် ပထမအဆင့်ကို ရောက်နေပြီ သူ့မှာ ထူးထူးခြားခြား အစွမ်းသတ္တိတွေ ရှိပေမယ့် ပိုကြောက်စရာ ကောင်းတာက သူ့နောက်မှာ ဂိုဏ်းကြီးတစ်ခု ရှိနေမှာကိုပဲ... သူက မဟာဂိုဏ်းကြီးတစ်ခုရဲ့ တပည့်တစ်ယောက် ဖြစ်နိုင်သလို ဒီမှာရှိတဲ့ လူတွေထကိ မရေမတွက်နိုင်တဲ့ လျှို့ဝှက်ရတနာတွေလည်း ရှိနိုင်တယ်... အဲ့တော့ သူအသက်ရှင်ဖို့ အခွင့်အလမ်းကောင်းတွေ ရှိတယ်လို့ ငါပြောရဲတယ်"

"ဒါပေမဲ့ သူက ဒဏ်ရာ အပြင်းအထန် ရသွားတာဖြစ်မယ်... ဟားဟား အချိန်တန်ရင် ငါတို့နှစ်ယောက်က သူ့ကို ဖြုတ်ချပြီး သွေးနဲ့ အရိုးတွေကို လှီးဖြတ်မယ်... လအနည်းငယ်ကြာရင် ထိရောက်မှုက 80% လောက်ရှိပြီ.... အဲ့အချိန်ရောက်ရင် ငါတို့ ဆေးတစ်ဝက်စီ ခွဲယူကြတာပေါ့..."

"ဟားဟားဟား!"

နှစ်ယောက်သား တစ်ယောက်ကို တစ်ယောက်ကြည့်ကာ ရယ်လိုက်ကြသည်။

တစ်ဖက်မှာတော့ လုရွှမ်သည် ယွင်ရှီအား တွန်းထုတ်ခဲ့ပြီးနောက် ကျောက်စာတိုင်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားသည်ကို မြင်လိုက်ပြီးနောက် နတ်မီးကို ချက်ချင်း ရုတ်သိမ်းလိုက်သည်။

သူ့ခန္ဓာကိုယ်ကို ပြန်မထိန်းနိုင်တော့ဘဲ သိုလှောင်လက်စွပ် အတွင်းမှ လှံတစ်ချောင်းကို ထုတ်ယူကာ လှံ၏အစွမ်းဖြင့် အနေအထားကို အဆက်မပြတ် ပြောင်းလဲ၍ အခြားလမ်းကြောင်းသို့ ပြေးသွားခဲ့သည်။

သေချာတာပေါ့။ စုပ်ယူအားက ပိုအားနည်းသွားတယ်လို့ ခံစားမိတဲ့အတွက် ခန္ဓာကိုယ်ကို ချက်ချင်း ဆွဲတင်ပြီး ထွက်ပြေးလာခဲ့၏။ ဒါပေမဲ့ မကြာခင်မှာပဲ ပြင်းပြင်းထန်ထန် ဝင်လာတဲ့ စုပ်ယူမှုကို ခံစားခဲ့ရပြီး ရှက်ရွံ့စွာ ပြေးသွားခဲ့ရသည်။ လုရွှမ်လည်း သူ့ခန္ဓာကိုယ်က ယိုးယန်နဲ့ တဖြည်းဖြည်း နီးကပ်လာကြောင်း ကောင်းကောင်းသိပါသည်။

နောက်ဆုံးတွင် လုရွှမ်သည် သူ့နောက်မှ ယိုးယန်ကို မြင်လိုက်ရလေသည်။ ၎င်းမှာ သေးငယ်သော နေလုံးငယ်လို မီးတောက်တစ်ခုဖြစ်ပြီး အလွန်အမင်း တောက်ပနေသည်။ အပြာရောင် နေလုံးငယ်လေးထဲတွင် အပြာရောင် မျက်လုံးတစ်စုံက လုရွှမ်အား တောက်ပနေသော မျက်လုံးများဖြင့် စိုက်ကြည့်ကာ ၎င်းတွင် လူသားလို ခံစားချက်များ အမှန်တကယ် ရှိနေသည်။

လုရွှမ်လည်း ၎င်းက သူ့ကို တိုက်ရိုက် မျိုချမည်ဟု ထင်ခဲ့သော်လည်း ယိုးယန်ရှေ့တွင် အမှန်တကယ် ရပ်နေရလိမ့်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။ နောက်ဆုံး၏ စုပ်ယူမှုစွမ်းအားသည် ပျောက်ကွယ်သွားကာ သူ၏ အပြာရောင်မျက်လုံးကြီးများက သူ့ကို လောဘကြီးပြီး ကြောက်လန့်တကြား ဖြစ်အောင် စိုက်ကြည့်နေတော့သည်။

အမှန်ပင် သူ့တွင်ရှိသော ယွမ်ယန်ကျင့်စဥ်သည် ထိပ်တန်းကျွမ်းကျင်မှု ဖြစ်ပြီး အမြင့်ဆုံး ယန်စွမ်းအင် ရောင်ဝါ ဖြစ်သည်။ ၎င်းသည် ယန်စွမ်းအင် သာမက ယင်စွမ်းအင်ကိုးစင်းကိုလည်း ပေါင်းစည်းကာ ပိုင်ဆိုင်ထား​သေးသည်။

သန့်ရှင်းမှု စွမ်းအားအရ ဆိုရင် ဒါဟာ ကမ္ဘာမှာ အကောင်းဆုံးထဲက တစ်ခု ဖြစ်လေသည်။ ဒါကြောင့် ၎င်းမှာ ကိုက်စားချင်နေရင်တောင် ကြောက်နေရသေးသည်။

"ဟေး မင်းစကားပြောတတ်လား"

လုရွှမ်လည်း ယိုးယန်ရဲ့ ကြောက်ရွံ့မှုကို ခံစားမိတာကြောင့် အနည်းငယ် စိတ်အေးလက်အေး ဖြစ်သွားသည်။

"ပြောတတ်တယ်!"

သို့သော် ဒေါသကြီးသော စကားများက လုရွှမ် အံ့အားသင့်သွားစေသည်။ သူက ၎င်း၏ဝိညာဉ်ရေးရာ အသိဉာဏ်ကို ဖွင့်ပေးခဲ့တာကို ယိုးယန်က ဘာကြောင့် ဒေါသထွက်နေသလဲ သူ မသိခဲ့ပေ။

"ပြောတတ်ရင် ကောင်းတယ်... မင်း"

"ဖီး......."

လုရွှမ် စကားလုံးများ ပြတ်တောက်သွားသည်။ ယိုးယန်သည် တံတွေးနှင့် ထွေးထုတ်လိုက်လေရာ ရောင်စုံဖုန်မှုန့်တစ်ဆုပ် လွင့်ထွက်လာပြီး လုရွှမ်ကို ထိမှန်သွား၏။

ဒါက ဘာလဲ သူတစ်ခါမှ မမြင်ဖူးသော်လည်း အရောင်ငါးရောင် တောက်ပမှုကို ကြည့်လျှင် ဤအရာသည် ကြီးမားသော ခြိမ်းခြောက်မှုဖြစ်ကြောင်း သိသာသောကြောင့် လုရွှမ် အမြန် ပြန်ဆုတ်သွားခဲ့သည်။ ပစ်လွှတ်လိုက်သော အရာဟာ လီရှန့်၏ အထူးမြေဆီလွှာ အမှုန်တွေပဲ ဖြစ်သည်။

တောင်များနှင့် မြစ်များ၏ အထူးမြေဆီလွှာ အမှုန်​များက လုရွှမ် နောက်ကွယ်ရှိ ကျောက်စာတိုင်ကို ပြင်းထန်သော ပေါက်ကွဲသံနှင့်အတူ အပေါက်များ ဖောက်ပစ်ခဲ့သည်။

လုရွှမ် ချင်ထျန်းဓားကိုသာ အပြင်းအထန် မသုံးပါက ကျောက်နံရံပေါ်တွင် ခြစ်ရာများပင် ချန်ထားခဲ့နိုင်မည် မဟုတ်ပေ။ ဤနေရာမှ အရောင်ငါးရောင်ရှိသော မြေမှုန်များက ကျောက်နံရံများကို အမှန်တကယ် ထိုးဖောက် ဝင်ရောက်နိုင်​လေသည်။

"လူသားတွေက ရွံစရာကောင်းတယ်!"

လုရွှမ်လည်း လမ်းကြောင်းမှ အမြန် ရွေ့သွားသည်။ လျှို့ဝှက်ဆန်းကြယ်သော မီးတောက်များသည် ကျောက်နံရံကို ပေါက်ကွဲကာ နောက်တစ်ဖန် ခုန်တက်လာသော လုရွှမ်ဆီသို့ လွင့်ပျံသွားသည်။

နေရောင်အနည်းငယ် တောက်ပလာပြီး လုရွှမ်၏နောက်တွင် ခန္ဓာကိုယ်တစ်ခု ပေါ်လာသည်။ သို့သော် အနား မရောက်မီ မီး​တောက်ငယ်က ချက်ချင်း ပြောင်းသွားပြီး ဒုတိယ ယိုးယန်မီး သေးသေးလေး ဖြစ်သွားသည်။

အဆက်မပြတ် ပြောင်းလဲမှုများဖြင့် လုရွှမ်ဘက်က တုံ့ပြန်လိုက်သောအခါ ခဏအတွင်း သူ့ကို မီးဘောလုံးများဖြင့် ဝန်းရံထားပြီ ဖြစ်သည်။

"ခဏနေဦး!... မင်းပြောတာက လူသားတွေက ရွံစရာကောင်းတယ် ဟုတ်လား... ငါမသေခင် အဲ့စကားက ဘာသဘောလဲ ဆိုတာ မင်းဘာလို့ ငါ့ကို မပြောနိုင်တာလဲ... မင်း ငါ့ကို သေစေရင်တောင် ပြောပြသင့်တယ်မလား"

ယိုးယန်က မမျှော်လင့်ဘဲ ရပ်လိုက်ပြီး။

"လူသား​တွေက သခင်လေးကို သတ်ပြီး သူတို့ရဲ့ ပိုင်ဆိုင်မှုတွေကို သိမ်းသွားလိုက်တာ!! သခင်ငယ်လေး အတွကိ လက်စားချေချင်တယ်"

ဘာလဲ? သခင်လေး? ပစ္စည်းဥစ္စာ!

လုရွှမ် မျက်လုံးများ ရုတ်တရက် တောက်ပလာပြီး ပြန်မေးလိုက်၏။

"မင်းပြောနေတဲ့ သခင်လေးက ဟွမ်ဖူလို့ ခေါ်တာလား"

ဒီသုံးသပ်ချက်ကို အခြေခံပြီး ထိုသခင်ငယ်ဟာ စန်းချိုင်ကျောင်းတော်ကို တည်ထောင်ခဲ့တဲ့ အခြားမိသားစုတစ်ခု ဖြစ်သင့်တယ်ဆိုတာ ခန့်မှန်းမိလိုက်သည်။

"ဟုတ်တယ်!... မင်းကိုယ်ပေါ်မှာ ရန်သူ့အနံ့ ရှိတယ်"

ယိုးယန် ​အော်​လိုက်​ပြီး သူ့ပါးစပ်​က မြေမှုန့်တွေ ပြေးထွက်လာပြန်၏။

All Chapters