← Chapters

ကောင်းကင်လက်နက်

Vol. 109 Ch. 4.1151

ကောင်းကင်လက်နက်

Vol. 109 Ch. 4.1151

လုရွှမ်နဲ့ လီရှန့်တို့သည် တစ်စုံတစ်ခုကို ကြံစည်နေသကဲ့သို့ အလွန်လိမ္မာပါးနပ်စွာ ပြုံး​ပြလိုက်ကြသည်။

စကားအနည်းငယ် ပြောပြီးသောအခါ ပိုင်ကွမ်းရှီနဲ့ လီရှန့်တို့က သူ့ကို နှုတ်ဆက်ပြီး ထွက်ခွာသွားကြသည်။ လီရှန့်မပါဘဲ လုရွှမ်ဟာ ယင်ယန်မဟာဂိုဏ်းကို သွားနိုင်တဲ့ အခွင့်အရေး မရှိပေ။ ဒီအခွင့်အရေးက မည်သူမဆို စွန့်လွှတ်ရဲသော အရာမဟုတ်ကြောင်း လီရှန့် ယုံကြည်ပါသည်။

သူတို့နှစ်ယောက်ကို ​ပြန်လွှတ်လိုက်ပြီးနောက် ယွင်ရှီက ချက်ချင်း ထမေးလေသည်။

"သခင်လေးလုရွှမ် ရှင်တကယ် ယင်ယန်မဟာဂိုဏ်းကို တကယ် သွားချင်နေတာလား"

"ဟုတ်တယ်...ယင်ယန်မဟာဂိုဏ်းက ဘာဖြစ်လို့လဲ?"

"ရှင်..." ယွင်ရှီ ပြောဖို့ တုံ့ဆိုင်းနေ၏။

"ဘာလဲ တစ်ခုခုမှားနေလို့လား"

"မဟုတ်ပါဘူး!"

လုရွှမ် သူမကို အနှောက်အယှက် မပေးချင်ပေ။ သူမက သန်မာဟန်ဆောင်​နေသော ကလေးမလေးတစ်ဦးသာ ဖြစ်သည်။

"သခင်မလေး ယွင်ရှီ အစတုန်းက ငါတို့ကြားမှာ သဘောတူညီမှု ရခဲ့တာ မှတ်မိပါတယ်... မင်းငါ့ကို ယိုးယန်ဂူထဲကို ဝင်ခွင့်ပြုခဲ့တယ် ငါဝင်လိုက်တာနဲ့ မီးတောက်တွေလည်း အဆင့်မြှင့်ပြီးသွားပြီ... ဒါဆို မင်းအခု လက်နက်ကို သန့်စင်ချင်ပြီလား?"

ယွင်ရှီ ခေါင်းညိတ်ပြီး ပြောလိုက်သည်။

"အခု ကျွန်မတို့မှာ နောက်ဆုံး အရင်းအနှီးတောင် မရှိတော့ဘူး... ကျွန်မတို့ မိသားစုကို ဖွံ့ဖြိုးတိုးတက်စေချင်ရင် ဒါ တစ်ခုတည်းသော နည်းလမ်းပဲ... ရှင်သန်ချင်ရင် စမ်းကြည့်ရမယ်"

ယွင်ရှီမှာ ဆုံးဖြတ်ချက်ချရန် ခက်ခဲနေသော်လည်း ယွင်မိသားစုမှာ ရွေးချယ်စရာ မရှိတော့ကြောင်း သူမ စိတ်ထဲတွင် သိနေခဲ့ပါသည်။

ပိုင်မိသားစုက ပိုပိုပြီး ကြီးစိုးလာတဲ့ မိသားစုဖြစ်လာပြီ ဆိုတာ မလွှဲမရှောင်သာ ဖြစ်နေပြီ။ ယွင်မိသားစုက အခြေအနေ မကောင်းတော့သလို သူတို့ထွက်သွားရင် ရှုံးနိမ့်သွားနိုင်သည်။ ပိုင်မိသားစု သို့မဟုတ် စန်းချိုင်မြို့ထဲက တချို့မိသားစုကလည်း ယွင်အိမ်တော်ကို ဝင်ရောက်စီးနင်း သတ်ဖြတ်လာနိုင်သည်။

ကောင်းကင်လက်နက်ကို သန့်စင်တာက သူတို့ရဲ့ တစ်ခုတည်းသော လွတ်မြောက်ရာလမ်း ဖြစ်လာသည်။

"အဲဒါဆို သခင်လေးလုရွှမ်ကို ဒုက္ခပေးမိပါပြီ... အခု ကောင်းကင်လက်နက်ရဲ့ အခြေအနေကို ပြောပြပါရစေ"

ယင်းလက်နက်သည် ယွင်မိသားစုတွင် ရှေးရှေးကတည်းက ဆင်းသက်လာခဲ့သည့် လက်နက်ဖြစ်သည်။ ဒဏ္ဍာရီလာ ကောင်းကင် လက်နက်များသည် နှစ်တွေ ကြာလာတာနဲ့အမျှ မရှိတော့ပေ။

ဤသည်မှာ ယွင်မိသားစု၏ ဘိုးဘွားပိုင် ဖြစ်လေသည်။ ဘိုးဘေးယွင်က အပြင်သို့ ခရီးထွက်သောအခါ ဂူတစ်ဂူထဲတွင် အဖိုးအိုတစ်ဦးကို တွေ့ရှိခဲ့သည်။ အဘိုးအိုသည် ဒဏ်ရာအပြင်းအထန်ရကာ သေရန် သေချာလုနီးပါးဖြစ်နေချိန် ယွင်မိသားစု၏ ဘိုးဘေးက ရောက်လာသည်။

ထုံးစံအတိုင်း သူ့မှာ အဘိုးအိုကို ကယ်တင်နိုင်စွမ်း မရှိတာကြောင့် အဖိုးအိုက ကောင်းကင်လက်နက်ကို ဂိုဏ်းဆီပြန်ပို့ဖို့ အကူအညီ​တောင်းခဲ့သည်။ ဘိုးဘေးက အဖိုးအိုရဲ့ ကျွမ်းကျင်မှု အမွေအချို့ကို ရယူခဲ့ရာ ယခု ယွင်မိသားစု၏ ကျင့်စဥ် ဖြစ်လာခဲ့သည်။

သို့သော် ယွင်မိသားစု၏ ဘိုးဘေးဖြစ်သူသည် ကောင်းကင်လက်နက်ကို ပြန်မပို့ခဲ့ပေ။ ကမ္ဘာ့ရတနာနှင့် သောင်းချီသော ဧကရဇ်လက်နက်များ အောက်တွင် ယွင်မိသားစု၏ ဘိုးဘေးသည် တစ်ကိုယ်ကောင်းဆန်ခဲ့သည်။ ကောင်းကင်လက်နက်က ယွင်မိသားစု၏ ဘိုးဘေးများနှင့် အချိန်အများစုကို ကုန်ဆုံးစေလိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။

ကောင်းကင်လက်နက်က သူ့အသက်ကို အကြိမ်ကြိမ် ကယ်တင်ခဲ့ပေမယ့် တားမြစ်နယ်မြေမှာ ပျက်စီးသွားခဲ့ပြီး မှော်အစွမ်းတွေလည်း ဆုံးရှုံးသွားခဲ့သည်။

ကောင်းကင်လက်နက်များကို ကောင်းကင်လက်နက်ဟု ခေါ်ဆိုရခြင်း၏ အကြောင်းရင်းမှာ ၎င်းတို့သည် ကောင်းကင်နှင့် မြေကြီးမှ မှော်အစွမ်းအချို့ကို မရည်ရွယ်ဘဲ ရယူထားခြင်းကြောင့် ဖြစ်ကြောင်း သိထားရမည်။ ဤမှော်အစွမ်းများသည် သဘာဝအတိုင်း ကြီးမြတ်သလို ကောင်းကင်နှင့်မြေကြီး၏ မှော်စွမ်းအားများ အားလုံးသည် ထူးကဲပြီး အဆုံးမရှိပေ။

ထို့ကြောင့် များစွာသော ကောင်းကင်လက်နက်များသည် နတ်လက်နက်များကဲ့သို့ ပစ္စည်းများနှင့် ဆက်စပ်၍ မကောင်းမွန်သော်လည်း ကောင်းကင်နှင့် မြေကြီး၏ မှော်အစွမ်းများကြောင့် နတ်လက်နက်များကို အနိုင်ယူနိုင်ကြသည်။

ယွင်မိသားစု၏ ကောင်းကင်လက်နက်မှာ အလွန်ကောင်းမွန်ပြီး ၎င်းသည် မသေမျိုး သခင်ထံမှ ကျန်ရစ်ခဲ့သော ရတနာ ဖြစ်သည်။ ၎င်းကို ညစ်ညူးစေခဲ့တာမို့ ယခင်ကောင်းကင်လက်နက်သည် ယခုအခါ နတ်လက်နက် တစ်ခုကဲ့သို့ ဖြစ်နေချေပြီ။

သို့သော် ကောင်းကင်လက်နက်များသည် ကောင်းကင်လက်နက်များသာ ဖြစ်ပြီး နတ်လက်နက်များက နတ်လက်နက်များသာ ဖြစ်သည်။

ယွင်မိသားစုသည် ​ကောင်းကင်လက်နက်၏ မှော်အစွမ်းကို နောက်တစ်ကြိမ် ဖန်တီးနိုင်ခဲ့ပါက ဒဏ္ဍာရီလာ မဟာဂိုဏ်းကို ရှာဖွေရန် ဤဓားကို သဘာဝအတိုင်း အသုံးပြုနိုင်သည်။

ဤအကြွေးဖြင့် ၎င်းတို့ ယွင်မိသားစု၏ တန်ဖိုးသည် သဘာဝအတိုင်း သိသိသာသာ တိုးလာနိုင်သည်။ သို့သော် ကောင်းကင်လက်နက်ကို ပြန်မပြင်ပေးဘဲ နတ်လက်နက်ကိုပဲ ပြန်လွှတ်လိုက်လျှင် ၎င်းတို့ကို စောင့်မျှော်နေတာက သူတို့ဂိုဏ်း၏ အမျက်ဒေါသ ဖြစ်မည်မှာ သေချာသည်မို့ သူတို့လည်း မသွားရဲကြပေ။

ယွင်မိသားစု၏ ဘိုးဘေးများ နေထိုင်လာခဲ့သည့် နှစ်ပေါင်းထောင်ချီအတွင်း အဘယ်ကြောင့် ပထမနေရာတွင် လောဘကြီးသည်ကို လုရွှမ် မသိခဲ့ပေ။

ထို့ကြောင့် ယွင်မိသားစု၏ ဘိုးဘေးများသည် အနာဂတ်တွင် အိမ်တော်သခင် ဖြစ်လာပါက ကောင်းကင်လက်နက်ကို ၎င်း၏ပထမ ဦးစားပေးအဖြစ် ပြန်လည်ထူထောင်ရမည်။ မဟုတ်ပါက သူသည် ငြိမ်သက်စွာ သေဆုံးသွားရမည် မဟုတ်ချေ။

ယိုးယန်ဂူကို ရရှိပြီးနောက် ယွင်မိသားစုမှ တပည့်အများစုသည် စတင်လေ့လာခဲ့ပြီး လက်နက် သန့်စင်ခြင်းအတွက်ပင် အာရုံစိုက်ခဲ့ကြသော်လည်း မိသားစုခေါင်းဆောင်မှလွဲ၍ အခြားမည်သူမျှ မသိခဲ့ကြပေ။

"လုရွှမ်.... ရှီအာက မင်းက ယုံကြည်နိုင်လောက်တယ်လို့ ပြောခဲ့တယ် ဒါကြောင့် သူပြောတာကို ငါယုံတယ်....မဟုတ်ဘဲ မင်း ဒါကို ပေါက်ကြား​စေဖို့ သတ္တိရှိရင် ကမ္ဘာအဆုံး လိုက်ရရင်တောင် မင်းကို ငါသေချာရှာပြီး အပိုင်းပိုင်း ဖြတ်ပစ်မယ်!"

"ယုံလား မယုံဘူးလား?"

လုရွှမ်သည် ယွင်ရင်ထံမှ လူသတ်နတ်ဆိုး ဆန်သော အသွင်အပြင်ကို ခံစားလိုက်ရသည်။ သဘာဝအတိုင်းပင် သူသည် အလေးအနက်ထားကာ ပြက်ရယ်ပြုဝံ့ခြင်း မရှိပေ။

ယွင်ရှီ:"ဒေါ်လေး ပြောတာက အရမ်းပြင်းထန်လွန်းတယ်... သခင်လေးလုရွှမ်က ဒဏ်ရာရသေးတယ်လေ"

"ရှီအာ... မင်းက အရမ်းသနားတတ်တာပဲ... ဒီကောင်လေး ဘယ်လောက်တောင် ဉာဏ်ကောင်းလဲ သိလား... လီရှန့်နဲ့ ပိုင်ကွမ်းရှီက သူ့ကို လှည့်စားနိုင်မယ်လို့ မင်းထင်လား? ဒီကောင်က အရမ်းလိမ္မာပါးနပ်တာ အဲဒီလူနှစ်ယောက် သူ့ကို လုပ်ကြံချင်ရင် သေဖို့ လမ်းရှာနေတယ်လို့ပဲ ထင်တယ် ကောင်လေး မင်းရဲ့ ဒဏ်ရာက မင်းပြောသလို ပြင်းထန်တယ်လို့တော့ ငါ့ကို မပြောနဲ့..."

မျှော်လင့်ထားသည့်အတိုင်း သူမသည် ထက်မြက်သော လူတစ်ယောက်ဖြစ်ပြီး လုရွှမ်လည်း ပြုံးကာ ပြောလိုက်သည်။

"သေချာတာပေါ့.. သခင်မလေးယွင်ရှီးနဲ့ အကြီးအကဲကို မလှည့်စားရဲပါဘူး... ဒဏ်ရာက တော်တော်ပြင်းထန်တယ် တခြားသူတွေအတွက်တော့ ထိခိုက်မှု မရှိပါဘူး လောလောဆယ်မှာ ကုသဆေး မရှိပေမယ့် ငါ့လက်နက် သန့်စင်မှု မပျက်စီးဘူးဆိုတာ အနည်းဆုံးတော့ အာမခံနိုင်ပါတယ်..."

"သိပြီမလား... ငတုံးမလေး... ထျန်းယင်ထျန်းယန် အကြီးအကဲနှစ်ယောက်ကို သွားရှာကြရအောင်... ဟမ့် သူတို့ငါ့ကို လှည့်စားဖို့ သတ္တိရှိရင်တောင် ငါ သူတို့ကို ထပ်ပြီး ဟန်ဆောင်ခိုင်းတော့မှာ မဟုတ်ဘူး!"

"ဒေါ်လေးက ဘယ်တစ်ယောက်ကို ကြိုက်တာလဲ"

"အသုံးဝင်ရင် ဒေါ်လေး နှစ်ယောက်စလုံးကို သဘောကျတယ် မရဘူးလား?"

လုရွှမ်၏ နှုတ်ခမ်းများ ကွေးညွတ်သွားကာ သူ့အခန်းသို့ အမြန်ပြန်လာခဲ့သည်။ ယွင်ရှီက အာဏာပြန်ရနေပြီဆိုတော့ လုရွှမ်ကို ဘယ်သူမှ အရှက်မခွဲဝံ့ဘဲ လမ်းတစ်လျှောက်မှာ အစေခံတိုင်းက အရမ်းသတိထားနေကြသည်။

ခြံထဲကို ပြန်လာပြီး ဒဏ်ရာကို ပြန်စစ်သည်။ စိမ်းပြာနဂါး၏ စွမ်းအားကြောင့် ပိုဆိုးမလာသေးသော်လည်း သက်သာပျောက်ကင်းလိုပါက အချိန်ကြာနိုင်သည်။

ညအချိန်တွင် လေ့ကျင့်မှုပြီးဆုံးသောအခါ ရှောင်လဲ့ ရောက်ရှိလာပြီး သူ့အား ယွင်မိသားစု၏ လျှို့ဝှက်နေရာသို့ တိတ်တဆိတ် ခေါ်သွားခဲ့သည်။ အဲဒီမှာ အဖိုးအိုနှစ်ယောက်ဖြစ်တဲ့ ထျန်းယင်နဲ့ ထျန်းယန်က ရောက်နှင့်နေကာ ယွင်ရှီက သူမလက်ထဲမှာ ကျောက်စိမ်းသေတ္တာကို ကိုင်ထားသည်။

လုရွှမ် ကျောက်စိမ်းသေတ္တာကို တစ်ချက်ကြည့်လိုက်ပြီး ကောင်းကင်နှင့် မြေကြီး၏ စွမ်းအားကို ရင်ဆိုင်ရသကဲ့သို့ အတွင်း၌ ထူးကဲသောအရာတစ်ခု ရှိနေကြောင်း ခံစားလိုက်ရသည်။

“အဲဒီ ကျောက်စိမ်းသေတ္တာထဲမှာ ကောင်းကင်လက်နက်လား”

ယွင်ရှီက ခေါင်းညိတ်ပြသည်။ ခန်းမကျယ်ကြီးတစ်ခုထဲကို ဦးဆောင်ခေါ်သွားကာ အထဲတွင်တော့ ပို့ဆောင်ခြင်းအစီအရင် တစ်ခုပဲ ရှိနေ၏။

"နှစ်ပေါင်းများစွာတည်းက ကျွန်မတို့ရဲ့ ယွင်မိသားစုက ကောင်းကင်လက်နက်ကို ပြုပြင်နိုင်တဲ့နေရာကို ရှာဖွေခဲ့တာ... အဲဒီနေရာမှာ ပို့ဆောင်ခြင်းအစီအရင် တစ်ခုကို တပ်ဆင်ခဲ့တယ်... အခု ကျွန်မတို့ အဲဒီကို သွားမယ်"

All Chapters