← Chapters

အ​ငြိုးအ​တေးဝိညာဥ်

Vol. 109 Ch. 4.1152

အ​ငြိုးအ​တေးဝိညာဥ်

Vol. 109 Ch. 4.1152

အလင်းတန်းလေးမှာ လူငါးယောက်လုံး ပျောက်သွားကြသည်။ လုရွှမ်ရဲ့လက်ရှိ ကျင့်ကြံမှု အဆင့်ကြောင့် ခေါင်းအနည်းငယ် မူးဝေနေသေးသည်ကို သိသိသာသာ ခံစားလိုက်ရသည်။

ဝုန်း! ဝုန်း!

နတ်မိုးချုန်းသံများ ပြိုကျလာပြီး မိုးသည်းထန်စွာ ရွာသွန်းနေသဖြင့် လူငါးဦး ပေါ်လာသည်နှင့် တခဏချင်းပင် ရေထဲ မြုပ်သွားကြသည်။ သို့သော် ဤရေများသည် သဘာဝအတိုင်း လူငါးဦးအား မဟန့်တားနိုင်ပေ။

"ဒီလမ်း!"

ယွင်ရှီက ဦးဆောင်ပြီး သူတို့ငါးယောက်လုံး တောင်တန်းတစ်ခုဆီ ပြေးသွားကြသည်။ အဲဒီမှာ မိုးမရွာတော့တာ မဟုတ်ပေမယ့် မိုးကို တစ်စုံတစ်ခုက ဘေးသို့ တွန်းဖယ်နေခြင်းသာ ဖြစ်သည်။ အနက်ရောင် အရိပ်အမြွက်များ ပါရှိသော ခရမ်းရောင် နတ်မိုးခြိမ်းသံသည် ကောင်းကင်တစ်ခွင် ပျက်စီးခြင်းနှင့် ပြည့်နေသည်။

လူတိုင်းက အဝေးကို လှမ်းကြည့်လိုက်ရင်း မျက်နှာတွေက အေးစက်သွားသလို ချောင်ကျတဲ့နေရာကို ကြည့်လိုက်တော့ အားလုံး ကြောက်လန့်သွားကြ၏။ သူတို့ လှမ်းကြည့်နေသော နေရာ၌ အနက်ရောင် မိုးခြိမ်းသံကို ခံနိုင်ရည်ရှိမည့် ကျောက်တုံးကြီးတစ်ခု ရှိနေသည်။

"ကျောက်တုံးပေါ်မှာ တစ်ခုခုရေးထားတာလား"

လုရွှမ်ရဲ့ မျက်လုံးများသည် အနည်းငယ်တောက်ပလာပြီး ရေရွတ်လိုက်မိ၏။

"လက်နက် သန့်စင်လေ့ကျင့်ရေး ကျောက်တုံး!"

ယွင်ရင်လည်း လုရွှမ်ကို အံ့အားသင့်စွာ လှည့်ကြည့်လိုက်သည်။

"ကောင်လေး မင်းမှာ မှော်အစွမ်းတွေ ရှိတာပဲ... အဲဒါက ဒဏ္ဍာရီထဲက လက်နက်သန့်စင်ရေး ကျောက်တုံးပဲ... အဲဒါနဲ့ဆို မင်း အနက်ရောင် မိုးခြိမ်းသံရဲ့ ပစ်ဒဏ်ကို ခံနိုင်ရည်ရှိပြီး တချို့အရာတွေကို ရှင်းပစ်နိုင်တယ်... ညစ်ညူးသွားတဲ့ ကောင်းကင်လက်နက်တွေရဲ့ မှော်ဆန်တဲ့ စွမ်းအားတွေလည်း ပြန်ပေါ်လာနိုင်တယ်"

အကြီးအကဲ နှစ်ယောက်၏ အမူအရာများလည်း ပြောင်းလဲသွားသည်။ သူတို့သည် ယခုအချိန်တွင် လုံလောက်စွာ အားကောင်း​နေပြီး မျှော်စင်နယ်ပယ် အထွတ်အထိပ်သို့ ရောက်ရှိသွားသော်လည်း ကောင်းကင်ဘုံဒုက္ခထက်ပင် ပိုမိုအားကောင်းသည့် ဤအနက်ရောင် မိုးကြိုးကို ယှဉ်ပြိုင်လိုလျှင် မဖြစ်နိုင်ပေ။ အနိုင်ရဖို့ အလားအလာ သိပ်မရှိလှပါဘူး။

ယွင်ရှီ၏ မျက်နှာသည် ဖြူဖျော့သွားသော်လည်း သူမသည် ရဲရင့်ဟန်ဆောင်နေသည်။

သူမ၏ တွက်ချက်မှုများအရ သူမသည် ကောင်းကင်လက်နက်ကို ယခင် ဂုဏ်ကျက်သရေဆီသို့ အပြေးအလွှား ​ပြန်သွားစေလိုလျှင် လူလေးယောက် လိုအပ်မည် ဖြစ်သည်။ လူလေးယောက် အတူတကွ ပူးပေါင်း လုပ်ဆောင်ရမည်။ ၎င်းတို့တွင် မကြောက်မရွံ့ တိုက်ပွဲဝင် စိတ်ဓာတ်နှင့် သဘာဝကို အနိုင်ယူရဲသော သတ္တိလည်း ရှိရမည်ဖြစ်သည်။

ထို့အပြင် ဤလူလေးဦးစလုံးသည် လက်နက်သန့်စင်ရာတွင် အလွန်မြင့်မားသော အရည်အချင်းများ ရှိရန် လိုအပ်ပြီး သန့်စင်နေချိန်၌ လုပ်ငန်းစဉ်တွင် ပေါ်လာသည့် အပြစ်အနာအဆာ အရိပ်အယောင်လေးများကို အချိန်မရွေး ထောက်လှမ်းနိုင်ရမည်။ မဟုတ်ပါက အနည်းငယ် အမှားအယွင်း ရှိသွားသည်နှင့် ပျက်စီးသွားမည်မှာ သေချာပါသည်။

ယွင်ရင်သည် လက်နက်သန့်စင်ရာ၌ အရည်အချင်းများစွာ မရှိသောကြောင့် လုရွှမ် ပေါ်လာသည်အထိ နှောင့်နှေးခဲ့ရသည်။ လုရွှမ် လုပ်နိုင်မှာကို သူမ စိုးရိမ်ခဲ့ဖူးပေမယ့် ယိုးယန်ဂူထဲက လုရွှမ်ရဲ့ ဖျော်ဖြေမှုကို မြင်ပြီးနောက်မှာ အပျော့ဆုံးလူက သူမသာ ဖြစ်ကြောင်း သိလိုက်သည်။

“တကယ်တော့ ကောင်းကင်လက်နက်တွေကို သန့်စင်တဲ့အခါ ကျွန်မတို့ရဲ့ ခွန်အားနဲ့ ဒေါသကို ထိန်းဖို့ နည်းနည်း ခက်တယ်ဆိုတာ ကျွန်မ သိပါတယ်.... တကယ်လို့ အစကနေ စလုပ်ရင် အဲဒါကို တွေးကြည့်လို့တောင် မရဘူး ဒါပေမဲ့ အခုက အစကနေစဖို့ မလိုအပ်ပါဘူး.... ကောင်းကင်မှာ မိုးခြိမ်းသံတွေ သည်းခံနိုင်သေးသရွေ့ ကောင်းကင်က မိုးခြိမ်းသံတွေကို ဖြိုခွင်းပြီး ကောင်းကင်လက်နက်က ထပ်ပြီး အသက်ဝင်လာလိမ့်မယ်... အန္တရာယ်တွေတော့ ကြုံလာရနိုင်တယ်... ဒီလိုဆို ကောင်းကင်လက်နက်ကို ပြန်လည်ထူထောင်ဖို့ မျှော်လင့်ချက် အများကြီးရှိပါသေးတယ်"

ယွင်ရှီ အားသွန်ခွန်စိုက် ပြောနေသော်လည်း သူမအသံက အနည်းငယ် တုန်ရီနေသည်။ သူမသည် ယွင်တစ်မိသားစုလုံး၏ တာဝန်ကို ထမ်းဆောင်နေရတာမို့ အနည်းငယ် စိတ်လှုပ်ရှားသွားသည်။

"စိတ်မပူပါနဲ့ ငါနားလည်ပါတယ်..."

"ဟမ့် နတ်မီးနယ်ပယ်ထဲက ကောင်လေးတစ်ယောက်တောင် ပြဿနာမရှိဘူးလို့ ပြောနေတယ်.... ဒါဆို ရှင်တို့နှစ်ယောက် အတွက်လည်း ဘာပြဿနာမှ ရှိမှာ မဟုတ်ပါဘူး" ယွင်ရင်က ပြောသည်။

ထျန်းယင်နဲ့ ထျန်းယန်တို့က ယွင်ရင်ကို ဒေါသတကြီးစိုက်ကြည့်ကာ ညီညီညာညာ အော်လိုက်ကြသည်။

"ဘာရယ်တာလဲ... ကလေးနှစ်ယောက် လုပ်နိုင်ပေမယ့် ငါတို့ ဒါကို မလုပ်နိုင်ဘူးလို့ ထင်လို့လား?"

"လာ... စလိုက်ကြရအောင်... ငါ မိုးကြိုးပစ် ခံရဖူးတယ်... အရင်က မိုးကြိုးနဲ့ မထိတွေ့ဖူးတာမျိုး မဟုတ်ဘူး"

ဤလူနှစ်ယောက်နှင့် ယွင်ရင်တို့ အကြားက ဖရိုဖရဲ ဆက်ဆံရေးကို သိလိုက်ရသဖြင့် လုရွှမ် သူ့နှာခေါင်းကို ပွတ်သပ်လိုက်မိသည်။ ထိုစဥ် ယွင်ရှီက အဝတ်နှစ်စုံကို ထုတ်ယူလိုက်၏။ ၎င်းတို့ပေါ်ရှိ ပစ္စည်းများကို ကြည့်ရုံဖြင့် ၎င်းတို့သည် အလွန်အဖိုးတန်ကြောင်း သိသောကြောင့် သူမ နှစ်စုံပြုလုပ်ခဲ့သည်။

ယွင်ရှီသည် သူ့ကိုယ်ပေါ်တွင် တစ်စုံကို တင်လိုက်ပြီး နောက်တစ်စုံကိုတော့ လုရွှမ်ဆီ ပေးလိုက်သည်။

"ဒါက လျှပ်စီးကြောင်းကို အကာအကွယ်ပေးနိုင်တဲ့ ၀တ်စုံတစ်ခုပါ... နတ်မိုးခြိမ်းသံကို ခုခံရာမှာ ထူးကဲတဲ့ သက်ရောက်မှုတွေ ရှိတယ်"

လုရွှမ် ယူပြီး စစ်ဆေးကာ ပြုံးပြုံးလေးနဲ့ ပြန်ပေးလိုက်သည်။

"မင်း သန့်စင်ထားတာမလား?"

ယွင်ရှီက ခေါင်းညိတ်ပြီး "ဘာဖြစ်လို့လဲ?"

"ဘာမှမဟုတ်ပါဘူး အနက်ရောင် နတ်မိုးခြိမ်းသံကို တွန်းလှန်ချင်ရင် မင်းအတွက် နည်းနည်းတော့ အဆင်မပြေဘူး... နှစ်ခုလုံး ဝတ်ထားလိုက်ပါ"

ယွင်ရင်: "ကောင်လေး... ဒါက သူရဲကောင်း လုပ်ရမယ့် အချိန်မဟုတ်ဘူး...လက်နက်တွေ သန့်စင်တဲ့အခါ လေးယောက်က တစ်ယောက်ပဲ... မင်း ဒဏ်ရာရရင် လေးယောက်လုံး ဒဏ်ရာရနေတာနဲ့ အတူတူပဲ မင်းနားလည်လား"

လုရွှမ်က ပြုံးပြီး "အကြီးအကဲ ကျွန်တော် သိပါတယ်... အဲဒါကြောင့် သခင်မလေးယွင်ရှီးကို ဝတ်ဖို့ အကြံပေးခဲ့တာ"

သူက လက်ဖဝါးဖြင့် ဖြန့်၍ ခရမ်းရောင် နတ်မိုးခြိမ်းသံ ဘောလုံးတစ်လုံးကို စုစည်းလိုက်ပြီး ၎င်းကို ပါးစပ်ထဲ တိုက်ရိုက် ပစ်ထည့်လိုက်ပေသည်။

"ရှင်?"

ယွင်ရှီ တုန်လှုပ်သွား၏။ လုရွှမ်က မိုးကြိုးပစ်ချက်တွေကို အသာလေး ကာကွယ်နိုင်လိမ့်မယ်လို့ သူမ မမျှော်လင့်ထားပါဘူး။ ထျန်းယင်နဲ့ ထျန်းယန်တို့ နှစ်ယောက်စလုံး အလွန်အံ့အားသင့်သွားကြပြီး လုရွှမ်ကို မသိစိတ်ဖြင့် အကဲခတ် စိုက်ကြည့်နေကြသည်။

ဒီကောင်လေး တော်လွန်းတယ်!

ယွင်ရှီလည်း သူမက အညံ့ဆုံး အချိတ်အဆက် ဖြစ်သည်ကို သိသောကြောင့် မငြင်းဆန်တော့ဘဲ လျှပ်စီးအကာအကွယ် အင်္ကျီကို သူမခန္ဓာကိုယ်ပေါ်တွင် တိုက်ရိုက် ဝတ်ဆင်ထားလိုက်သည်။ အဲဒီနောက် ကျောက်စိမ်းသေတ္တာကို ဖွင့်ကာ အတွင်းမှ လက်နက်ကို ထုတ်ယူလိုက်သည်။

၎င်းက လေးတစ်လတ် ဖြစ်သည်။

ရွှေရောင်ကိုယ်ထည်သည် အလွန်ပြိုးပြိုးပြက်ပြက် ဖြစ်နေသော်လည်း ယခုအခါတွင် အနက်ရောင် အမှုန်အမွှားများဖြင့် ပြည့်နေပြီး ၎င်းက ရွှေအိုရောင် ကိုယ်ထည်ကို ဖုံးအုပ်ထားသည်။ တစ်ချိန်တည်းမှာပင် အလယ်၌ အနက်ရောင် အစက်အပြောက်များလည်း ရှိနေ၏။

ထျန်းယင်နဲ့ ထျန်းယန်ဟာ ယခင်ကတည်းက ကောင်းကင်လက်နက်ကို မြင်ဖူးကြပြီး နောက်တစ်ကြိမ် ထပ်တွေ့လိုက်ရသောအခါ ဝမ်းနည်းမှုအပြည့်ဖြင့် ခေါင်းယမ်းလိုက်ကြသည်။ အံ့ဖွယ်ကောင်းသည့် ကောင်းကင် လေးတစ်စင်းက ယနေ့ခေတ်တွင် ၎င်းရဲ့မူလ အဆင့်ကနေ ပြုတ်ကျသွားခဲ့ပြီ။

"ငါကြည့်လို့ရမလား" လုရွှမ် မေးသည်။

"အင်း!"

ယွင်ရှီ ​ကောင်းကင်​လက်နက်ကို လွှဲပေးလိုက်​သည်​။

ယွင်ရှီ: "ကောင်လေး အကြံဆိုးတွေ မလုပ်နဲ့နော်.. မဟုတ်ရင် ဒီမှာ မျှော်စင်နယ်ပယ် အထွတ်အထိပ်က သခင်သုံးယောက် ရှိတယ်"

"ဒေါ်လေး ဘာတွေပြောနေတာလဲ သခင်လေးလုရွှမ်က ရိုးသားပြီး အားကိုးထိုက်သူပါ"

လုရွှမ် ပြုံးပြီး "အကြီးအကဲ စိတ်မပူပါနဲ့... ကျွန်တော် စိတ်မ၀င်စားသေးဘူး"

သူက ယွင်ရှီကို ခေါင်းညိတ်ပြီး ကောင်းကင်လက်နက်ကို ငုံ့ကြည့်လိုက်သည်။ ရပြီးတာနဲ့ အတော်လေး လေးလံနေတာကို တွေ့လိုက်ရသည်။

နားမလည်နိုင်သော စွမ်းအားတစ်ခုက သူ့ခန္ဓာကိုယ်ထဲသို့ တိုးဝင်လာပြီး ကောင်းကင်နှင့် မြေကြီး၏ စွမ်းအားများကဲ့သို့ ခံစားရသည်။ တစ်ချိန်တည်းမှာပင် လုရွှမ်သည် ကောင်းကင်လက်နက်၏ အလိုဆန္ဒကို အလွန်စက်ဆုပ်ရွံရှာခဲ့သည်။ အလိုဆန္ဒက ၎င်းခန္ဓာကိုယ်ရှိ အနက်ရောင် အစက်အပြောက်များဆီက ဖြစ်ကြောင်း သိသာထင်ရှားစွာ ခံစားရလေသည်။

ကောင်းကင်လက်နက်၏ ခန္ဓာကိုယ်ပေါ်ရှိ အနက်ရောင် အစက်အပြောက်များကို ဂရုတစိုက် ချဉ်းကပ် ထိကြည့်လိုက်ရာ အနံ့က ပို၍ပို၍ ပြင်းထန်လာပြီး သူ့စိတ်ဝိညာဉ်ကိုပင် ရွံရှာသွားလုနီးပါး ဖြစ်လာသည်။

ရုတ်တရက် အနက်ရောင် အစက်အပြောက်များထဲမှ ဦးခေါင်းခွံတစ်ခု ထွက်ပေါ်လာပြီး လုရွှမ်ဆီသို့ ပြေးသွားကာ လုရွှမ့စိတ်ထဲသို့ တိုက်ရိုက် ဝင်ရောက်သွားသည်။

"အား!"

ယွင်ရှီး ကြောက်လန့်တကြား ထအော်မိသည်။ တခြားလူများစွာလည်း ထိုသို့သော အခြေအနေမျိုး ဖြစ်လာမည်ဟု မမျှော်လင့်ထားခဲ့ကြပေ။ ဤအနက်ရောင် အစက်အပြောက်များကို အနီးကပ် လေ့လာခဲ့ကြသော်လည်း ယခုလို အရာကို ဘယ်တုန်းကမှ ရှာမတွေ့ခဲ့ပါ။

"လုရွှမ်!"

လူအနည်းငယ်က တညီတညွတ်တည်း အော်ဟစ်လိုက်ကြသည်။ ယွင်ရင်သည် ဦးခေါင်းခွံတစ်ခု ထပ်ပေါ်လာမည်ကို စိုးရိမ်၍ ယွင်ရှီကို ကာကွယ်ထားလိုက်သည်။

လုရွှမ်သည် သူ့စိတ်ထဲ ပြေးဝင်လာသော ဦးခေါင်းခွံကို ကြည့်လိုက်သည်။ သူ ချက်ချင်း မသတ်သေးဘဲ ဒီကောင်ကို သတိထား အကဲခတ်နေသည်။ နောက်ဆုံးတွင် ၎င်းက ဒေါသ သို့မဟုတ် နာကြည်းသော စိတ်ဖြင့် ကောင်းကင်လက်နက် အောက်၌ သေဆုံးသွားသော အငြိုးအတေး ဝိညာဉ်ဖြစ်ကြောင်း ရုတ်တရက် သိလိုက်ရသည်။

All Chapters