ထန်ရှင်းယွင်
Vol. 74 Ch. 1029
"..."
မြေကြီး ရှန့်ထိုများ၊ သေမျိုး အဂ္ဂိရတ် အာဏာရှင်များ၊ ပန်းပဲနှင့် ဗိသုကာ ပညာရှင်များ၊ လူငယ် ပါရမီရှင်လေးများ အားလုံးမှာ စန်းလော့ယန်ကို အမျိုးမျိုးသော အမူအရာများနှင့် ငေးကြည့် နေကြသည်။ ထာဝရ အစည်းအရုံးမှာ လောင်းကြေးထပ်ကာ ရှုံးနိမ့်ခဲ့သည်။
စန်းလော့ယန်၏ ဆုံးဖြတ်ချက်နှင့် ပတ်သက်၍ လူအများအပြားမှာ ဝေခွဲမရနိုင်အောင် ဖြစ်ရသည် ဝေ့ဝူယင်မှာ အလွန် အသက်ငယ်သေးသည့်တိုင် အာရုဏ်ဦး နေမီးတောက် ဆေးလုံး၏ ဖန်တီးရှင် ဖြစ်သည်။ သူကဲ့သို့ လူတစ်ယောက်က သေမျိုး အဂ္ဂိရတ် အာဏာရှင် တစ်ယောက် မည်ကဲ့သို့ မဖြစ်ပဲ နေမည်နည်း။ ထိုအရာက ရွှေရောင် အသက်နန်းတော် ကိုယ်တိုင် အတည်ပြုထားသည့် အချက် ဖြစ်သည်။
ထိုကဲ့သို့သော အခြေအနေတွင်ပင်... ထာဝရ အစည်းအရုံးမှာ ဝေ့ဝူယင် သေမျိုး အဂ္ဂိရတ် အာဏာရှင် မဟုတ်သည့်ဘက်မှ လောင်းကြေး ထပ်ရဲအောင် မိုက်ရူးရဲ ဆန်ခဲ့သည်။ နောက်ဆုံး ရလဒ်ကတော့ အရှုံးသာ ဖြစ်ပေသည်။
စန်းလော့ယန် သက်ပြင်းတစ်ချက် ချလိုက်၏။ ထိုအရာက သူ့အမှား ဖြစ်သည်။ ထာဝရ ဆေးနတ်ဘုရား၏ မူလ အစီအစဉ်က စိန်ခေါ်ပွဲတွင် ဝေ့ဝူယင်ကို အလွန်အမင်း ခက်ခဲသည့် အဂ္ဂိရတ် ထုတ်ကုန် တစ်ခု ဖော်စပ်စေခိုင်းရန် ဖြစ်သည်။ သို့သော်လည်း... ဝေ့ဝူယင်မှာ သူ့စကားကို ကြိမ်ဖန်များစွာ ဝင်ရောက် နှောင့်ယှက်ကာ “သေမျိုး အဂ္ဂိရတ် အာဏာရှင် တစ်ယောက် ဖြစ်လျှင်” ဆိုသည့် စကားဖြင့် ထောင်ချောက်တစ်ခု အတွင်း ဆွဲသွင်းခဲ့သည်။ တစ်ချိန်တည်း၌ သူက “အာရုဏ်ဦး နေမီးတောက် ဆေးညွှန်း” ဆိုသည့် ငါးစာကို သုံးခဲ့သည်။ ထာဝရ နတ်ဘုရား ပင်လျှင် သူ့စကား ထောင်ချောက်ထဲမှ ရုန်းထွက်ရန် နည်းလမ်း မရှိခဲ့ပါချေ။
စန်းလော့ယန်မှာ အားလုံးထံမှ အကြည့်များကို ခံစားနေမိခဲ့၏။ အတန်ကြာ စဉ်းစားပြီး နောက်တွင်တော့ လောင်းကြေးကို လျှော့ချသင့်သည် သူ တွေးလိုက်မိသည်။
လူအားလုံးကို အဓိက ခန်းမ အတွင်း ဝင်ခွင့်ပေး ဆိုလျှင် ထိုအရာက တော်သေးသည်။ သို့သော်လည်း... အသက် ငါးရာအောက် လူတိုင်းကို နက္ခတ် အမတေနှင့် ဧည့်ခံရမည် ဆိုခြင်းက တဆိတ် လွန်လွန်းသည်။ ယင်းက နည်းနည်းနောနော မမာဏ မဟုတ်ချေ။ အားလုံးကို တန်ဖိုးချလိုက်ပါက လျှို့ဝှက်မြေကြီး အဆင့် ဆေးလုံး ရာချီအောင် ရှိပေလိမ့်မည်။
မရေမတွက်နိုင်သည့် ပရိသတ်များ ရှိနေသည့်တိုင် လောင်းကြေးမှာ နှုတ်ကတိသာသာ မျှသာ ဖြစ်သည်။ သူတို့ အကြား၌ လျှို့ဝှက်ကျိန်စာ ကျိန်ဆိုထားခြင်း မရှိချေ။ ငြင်းဆိုလိုက်ခြင်းကြောင့် ထာဝရ အစည်းအရုံး၏ ဂုဏ်သိက္ခာ အနည်းအကျဉ်း ထိခိုက်နိုင်သည့်တိုင် သူတို့၏ အဆင့်အတန်းကတော့ ပြောင်းလဲလိမ့်မည် မဟုတ်ပါချေ။ အဂ္ဂိရတ် ထုတ်ကုန်များကို လိုအပ်နေသရွေ့ ကာလပတ်လုံး ထာဝရ အစည်းအရုံးကို လူတိုင်း လိုအပ် နေလိမ့်ဦးမည် ဖြစ်သည်။
စန်းလော့ယန် ငြင်းဆိုရန် ပြင်လိုက်၏။ သူက ဝေ့ဝူယင် အဆက်မပြတ် ဝင်ရောက် နှောင့်ယှက်ခြင်းကြောင့် အခြေအနေ ပြောင်းလဲသွားရခြင်း ဖြစ်ကြောင်း ဆင်ခြေပေးရန် ပြင်ဆင်ထားသည်။
သို့သော်လည်း... စကားပြောရန် သူ ပါးစပ်ဟလိုက်ချိန်မှာပင် ထာဝရ နတ်ဘုရားထံမှ ဝိညာဉ် ဆက်သွယ်မှု တစ်ခုကို လက်ခံ ရရှိလိုက်၏။
“လက်ခံလိုက်... ငါတို့ သူ့ကို အခွင့်အရေး ပေးလို့ မဖြစ်ဘူး”
စာက တိုတိုလေး ဖြစ်သည့်တိုင် များစွာသော အဓိပ္ပာယ်များ ပါဝင်နေကြောင်း ပေသည်။ ရုတ်ချည်းပင် စန်းလော့ယန်မှာ ဉာဏ်အလင်း ပွင့်သွားသလို ခံစားလိုက်ရ၏။ သူ၏ မျက်လုံးများက ကျဉ်းမြောင်းသွားကာ ဝေ့ဝူယင်ကို ဒေါသ အငွေ့အသက်များနှင့် လှမ်းကြည့် လိုက်သည်။
ဟုတ်သည်။ ဝေ့ဝူယင်ကို သူတို့ အခွင့်အရေး ပေးလို့ မဖြစ်ချေ။ အခွင့်အရေး ပေးလိုက်သည်နှင့် ထိုမြေခွေး ပေါက်စ၏ နောက်ဆက်တွဲ ထောင်ချောက်များ အတွင်း သူတို့ ကျရောက်သွားလိမ့်မည် ဖြစ်သည်။ ထိုအခါ ဆုံးရှုံးမှုက လောင်းကြေးထက် အဆပေါင်းများစွာ ပိုမို သွားနိုင်ပေသည်။
စန်းလော့ယန် ရှုပ်ထွေးနေသည့် စိတ်များကို လျှင်မြန်စွာ ပြန်လည် စုစည်းလိုက်၏။ ထို့နောက် သူက ယုံကြည်ချက် ရှိသည့် အပြုံး တစ်ခုကို ဆင်မြန်းရင်း ကြေညာလိုက်လေသည်။
“ဒါပေါ့... ကျုပ်တို့က ထာဝရ အစည်းအရုံးပဲ ကတိတည်ရမှာပေါ့... ညီလာခံ တက်ရောက်လာတဲ့ လူအားလုံးကို အဓိက ခန်းမထဲ ကျုပ်တို့ ဝင်ခွင့်ပြုမှာပါ... တစ်ခုက ရှိတာက ကျုပ်တို့ ထာဝရ အစည်းအရုံးမှာ နက္ခ အမတေ အရင်းအမြစ်က အကန့်အသတ်နဲ့ ရှိနေတဲ့ အတွက် အားလုံးအတွက် ဖြည့်ဆည်းပေးလို့ မရပါဘူး... ဒါပေမဲ့ စိတ်မပူကြပါနဲ့လေ.... အသက် ငါးရာအောက် ကျင့်ကြံသူတိုင်း ထိုက်တန်တဲ့ ဧည့်ခံမှုတွေ ရပါစေလိမ့်မယ်... နက္ခတ် အမတေ အစား ကျုပ်တို့ အခြား နည်းလမ်း ရှာဖွေ သွားပါ့မယ်”
ထိုကဲ့သို့ ပြောပြီးနောက် စန်းလော့ယန်က ထူးဆန်းသည့် အဆောင် တစ်ခုကို ထုတ်ယူလိုက်လေ၏။ လူအိုကြီး၏ အပြုအမူကို ကြည့်ရင်း ဝေ့ဝူယင် မျက်လုံးများထဲ၌ စိတ်ပျက်လက်ပျက် အရိပ်အငွေ့များ ပေါ်ပေါက်လာခဲ့လေသည်။
ထာဝရ နတ်ဘုရား မမှားချေ။ ဝေ့ဝူယင်မှာ ထိုအခွင့်အရေးကို သုံးကာ ထာဝရ အစည်းအရုံး၏ ပုံရိပ် မှေးမှိန်အောင် လုပ်ဖို့ ကြံစည်ထားခြင်း ဖြစ်သည်။ ထို့အပြင်... နောက်ဆက်တွဲ အစီအစဉ်များလည်း သူ့ထံတွင် ရှိပေသည်။ သူ့အသက်ကို နှုတ်ယူရန် ကြိုးပမ်းပြီးကတည်းက ထာဝရ အစည်းအရုံး အပေါ် (အထူးသဖြင့် ထာဝရ နတ်ဘုရား အပေါ်) ဝေ့ဝူယင်၏ ခံစားချက်များမှာ မကောင်းတော့ချေ။
ဘယ်လိုပဲ ဖြစ်ဖြစ်... ယခု စန်းလော့ယန်၏ သဘော တူညီမှုက သူ့အစီအစဉ်များကို အနည်းငယ် နောက်တွန့်သွားစေခဲ့သည်။
ဝေ့ဝူယင် အပြုံးတစ်ခုကို ပြန်လည် ဆင်မြန်းလိုက်ကာ ကျေးဇူးတင်စကား ဆိုလိုက်၏။ ထို့နောက် သူက အောက်သို့ ငုံ့ကာ ရွှေရောင်ဖျာများထက်ရှိ လူငယ်များကို ကြည့်လိုက်သည်။
ရာနှင့်ချီသည့် ဖျာများထဲရှိ တစ်ခုထက်တွင်တော့... ထန်မျိုးနွယ်၏ ရွေးချယ်ခံ ထန်ရှင်းယွင်မှာ မီးတဝင်းဝင်း တောက်လောင်နေသော မျက်ဝန်းများနှင့် ဝေ့ဝူယင်နှင့် ပိုင်လင်တို့ကို စိုက်ကြည့်နေခဲ့၏။ ဝေ့ဝူယင်... ထိုလူငယ်ကို သူမ မည်ကဲ့သို့ မသိပဲ နေနိုင်ပါမည်နည်း။ လွန်ခဲ့သည့် နှစ်ပေါင်းများစွာက မိစ္ဆာစစ်ပွဲ လောကနယ်မြေတွင် သူမ ဝေ့ဝူယင်နှင့် ဆုံတွေ့ခဲ့သည်။
ထိုမိစ္ဆာကောင်မှာ လင်းမင် ရွေးချယ်ခံ တစ်ယောက် ဖြစ်လာစေရေး ခရီးလမ်းတွင် များစွာသော အနှောင့်အယှက်များ ပေးခဲ့သည်။ နောက်ဆုံး၌ သူမတို့ ကိုယ်တိုင် အခြေခံ ဝါးမြိုခြင်း မိစ္ဆာနည်းလမ်းဖြင့် အတုအယောင် လောကနယ်မြေ တစ်ခု ဖွဲ့စည်းပေးခဲ့ရသည့် အခြေအနေထိ ရောက်ခဲ့သည်။ ထိုဖြစ်စဉ် အတွက် သူမမှာ များစွာ စတေးခဲ့ရကာ အချစ်ရဆုံး အစေခံမလေးမှာလည်း အသက်ပေးခဲ့ရသည်။
သို့တိုင်အောင် ဝေ့ဝူယင်မှာ ဉာဏ်နီဉာဏ်နက် များစွာကို သုံးကာ လင်းမင်းနှင့် အတူ စမ်းသပ်ပွဲ၏ အောင်နိုင်သူ နှစ်ယောက်ထဲမှ တစ်ယောက် ဖြစ်လာခဲ့သည်။ လင်းမင် အစစ်အမှန် ဒြပ်စင်ဂိုဏ်းကို ရောက်ရှိပြီးနောက်တွင် ရုန်းကန်ရသည့် သတင်းများကို သူမ ကြားခဲ့ရသည်။ အများစုက သူ အသုံးပြုခဲ့သည့် ကယ်ပေါက်ကြောင့် ရွေးချယ်ခံ အတု အဖြစ်ပင် ရည်ညွှန်းခဲ့ကြသည်။ လူကိုယ်တိုင်တောင် ရောက်မလာသည့် ဝေ့ဝူယင်ကိုတော့ သူတို့က များစွာ ချီးမြှောက်ကာ အားချင်း လိုက်ရှာရန်ပင် ညွှန်ကြားခဲ့သည်။
တကယ်တမ်း ဆိုလျှင်... ဝေ့ဝူယင်သည်လည်း ကိုယ့်ကိုယ်ကို ထိခိုက်ခံသည့် နည်းလမ်းကို သုံးခဲ့သည်သာ ဖြစ်သည်။ ဝေ့ဝူယင်က ထိုနည်းလမ်းကို စမသုံးခဲ့လျှင် လင်းမင်သည်လည်း အခြေခံ ဝါးမြိုခြင်း မိစ္ဆာ နည်းလမ်းကို သုံးစရာ လိုခဲ့လိမ့်မည် မဟုတ်ချေ။ အားလုံးကို လွယ်လွယ်ကူကူ အနိုင်ယူကာ ရွေးချယ်ခံ တစ်ယောက် ဖြစ်လာလိမ့်မည် ဖြစ်သည်။
ဝေ့ဝူယင်မှာ အဂ္ဂိရတ် တာအိုကိုသာ အထူးအလေးထား၍ လေ့လာ လိုက်စားနေသည့် လူငယ် အဂ္ဂိရတ် ပညာရှင်လေး တစ်ယောက်၊ လင်းမင်ကို အနိုင်ရခဲ့သည်မှာလည်း ကိုယ့်ကိုယ်ကို စတေးခံသည့် နည်းလမ်းကို အသုံးပြုခဲ့သောကြောင့် ဟု ထန်ရှင်းယွင် ဆက်လက် ယုံကြည်နေဆဲ ဖြစ်သည်။
မည်သို့ပင် ဆိုစေ... ဝေ့ဝူယင် ဘေးထွက်ဆိုးကျိုးအား ခံစားနေခဲ့ရသည့် ပုံစံကို သူမကိုယ်တိုင် တွေ့မြင်ခဲ့ရသည် မဟုတ်ပါလား။
သို့ဖြစ်လေရာ... သူမတို့ ထိခိုက်ခံစားခဲ့ရသမျှ၊ လင်းမင် ကြုံတွေ့ခဲ့ရသမျှ အရာအားလုံးမှာ ဝေ့ဝူယင်၏ ကလိမ်ကကျစ် ဉာဏ်ရည်ကြောင့်သာ ဖြစ်သည်။ အကယ်၍ ထိုလူငယ်သာ မရှိခဲ့လျှင် သူမတို့၏ ဘဝအားလုံးက ချောမွေ့နေခဲ့လိမ့်မည် ဖြစ်သည်။
နောက်ပြီး မီးဖီးနစ်...
ထိုသားရဲကြောင့် သူမတို့ မျိုးနွယ်မှာ ပုံမဖော်နိုင်သည့် ပျက်စီးမှုများနှင့် ရင်ဆိုင်ခဲ့ရသည်။ အထူးသဖြင့် နဂါးခေါင်းဆောင်းနှင့် ပုဂ္ဂိုလ်၏ တိုက်ခိုက်မှု အောက်တွင် သူမ၏ မိခင်မှာ သေလုဆဲဆဲ အထိ ဖြစ်ခဲ့သည်။ သို့သော်လည်း...ဖီးနစ် အမတေ သွေးစက်မှာ ထန်မျိုးနွယ် ပိုမို မြင့်မားသည့် အဆင့်များသို့ ပို့ဆောင်ပေးနိုင်သည့် ရတနာ ဖြစ်သည်။ အကယ်၍ ထိုသွေးစက်ကိုသာ ရပါက သူမတို့ မျိုးနွယ်မှာ တော်ဝင်ကလန် ရှစ်ခုတွင် ထိပ်ဆုံးကို ရောက်ရှိသွားလိမ့်မည် ဖြစ်သည်။
မီးဖီးနစ်၏ သွေးစက်ကို ရယူဖို့ ဆိုလျှင် ဝေ့ဝူယင်နှင့် တိုက်ခိုက်ဖို့ လိုအပ်ပေသည်။ ထိုမိစ္ဆာကောင်ကို သတ်ဖြတ်ရန်မှာ မလွယ်ကူလှချေ။ သူ့ထံတွင် အာရုဏ်ဦး စစ်သည် ဝူယု၊ နဂါး ခေါင်းဆောင်းနှင့် မြေကြီး ရှန့်ထိုတို့ ရှိသည့်အပြင် ရွှေရောင် အသက်နန်းတော်၏ ပံ့ပိုးမှုလည်း ရှိသည်။ ရွှေရောင် အသက်နန်းတော် သခင် မာ့ကျန်းမှာ ဝေ့ဝူယင်၏ ကျေးဇူးခံ ကျေးဇူးစားပင် ဖြစ်နေနိုင်ချေ ရှိသည်။
ပိုင်လင်မှာ စူးရဲသော အကြည့်တစ်ခုကို ခံစားမိလေရာ အောက်သို့ ငုံ့ကြည့်လိုက်၏။ ထိုအခါ... မိန်းမလှလေး တစ်ယောက်၏ အမုန်းတရားများ ပြည့်နှက်နေသည့် မျက်ဝန်းတစ်စုံကို တွေ့လိုက်ရသည်။ သူမ ပြန်လည် ကြည့်နေသည်ကို မြင်သည်နှင့် မိန်းမလှလေးမှာ ခေါင်းငုံ့ကာ ပြန်လည် အကြည့်လွှဲ သွားခဲ့၏။ သို့သော်လည်း... ပိုင်လင်မှာ သူမ၏အော်ရာကို မည်ကဲ့သို့ မမှတ်မိပဲ နေပါမည်နည်း။
“သူတို့ပဲ...”
သူမက ဝေ့ဝူယင်ကို စိတ်ဖြင့် ဆက်သွယ်လိုက်၏။ ဝေ့ဝူယင်၏ မျက်လုံးများက ရင်းနှီးပြီးသား ပုံရိပ်များကို ကျော်ဖြတ်သွားကာ လှပသည့် မိန်းကလေးပေါ်သို့ ရောက်ရှိသွားသည်။ သူမက ကြာပန်း သဏ္ဌာန် တရားထိုင်နေကာ ဘာကိုမှ အမှုမထားဟန် ရလေ၏။ သို့သော်လည်း... မိန်းကလေး၏ စိတ်လှုပ်ရှားနေသည့် ရင်ခုန်သံကို သူ လွယ်ကူစွာ ကြားနိုင်ပေသည်။
“အဲဒါက ထန်မျိုးနွယ်ပဲ... ကျွန်တော် အဲဒီ အော်ရာကို မှတ်မိတယ်”
ပိုင်လင်၏ အသံက သတ်ဖြတ်လိုသည့် ရည်ရွယ်ချက်များနှင့် ပြည့်နှက်နေ၏။ ဝေ့ဝူယင် တိတ်တဆိတ် ခေါင်းညိတ်လိုက်သည်။ သူမအား ဖမ်းဆီးရန် ကြိုးပမ်းခဲ့သည့် ထန်မျိုးနွယ် အပေါ် ပိုင်လင် မည်မျှ မုန်းတီးကြောင်း ဝေ့ဝူယင် သိပေသည်။
သို့သော်လည်း... ထန်မျိုးနွယ်ကို ရှင်းလင်းရန်မှာ လွယ်ကူသည့် ကိစ္စ မဟုတ်ချေ။ သတင်းများ အရဆိုလျှင် ထန်မျိုးနွယ်ဝင် တစ်ယောက်မှာ အင်ပါယာ မျိုးနွယ်ထဲ၌ စိမ့်ဝင်နေသည်။ သူမက အဆုံးမဲ့ ကောင်းကင် ကောင်းကင် နတ်ဘုရား အင်ပါယာနှင့်ပင် ချိတ်ဆက်နေသည်ဟု သိရသည်။ ထိုကဲ့သို့ အစွမ်းထက် ရန်သူ တစ်ယောက်နှင့် သူ ရင်မဆိုင်လိုသေးချေ။
“သူတို့နဲ့ နောက်ကျ စာရင်းရှင်းမှာပါ... ငါ ကတိပေးတယ်”
ဝေ့ဝူယင်က ပိုင်လင်၏ ခေါင်းကို ပွတ်သပ်ပေးရင်း ပြောလိုက်၏။
ဂီး...
ပိုင်လင်က လက်ခံဟန်ဖြင့် ခေါင်းညိတ်လိုက်၏။ လက်စားချေခြင်းက လောသင့်သော ကိစ္စ တစ်ခု မဟုတ်ကြောင်း သူမ နားလည်ပေသည်။ ဘာကိစ္စပဲ လုပ်လုပ် အချိန်မှန်၊ နေရာမှန် ဖြစ်သင့်သည်။ နောက်နှစ်တစ်ရာကြာမှ လက်စားချေလျှင်လည်း နောက်မကျပါသေးချေ။
ရုတ်တရက်... ပိုင်လင်၏ မျက်လုံးများက အကြံတစ်ခုရဟန်ဖြင့် လင်းလက်သွား၏။
“အဲဒီကောင်မလေးက ထန်မျိုးနွယ် အတွက် အရေးပါတယ်... ဟုတ်တယ်မလား...”
***