ကျောက်ကပ်ဆိုတာ စောစော အားဖြည့်ထားလေ ကောင်းလေ
Vol. 65 Ch. 962
မိုဟုန်ရှန်းကို လိုက်ပို့ပေးပြီးနောက် လင်းရီ ထမင်းစားဝိုင်းသို့ ပြန်လာခဲ့လိုက်၏။ ထိုသို့ ရောက်သည်နှင့် လူတိုင်း ဆက်လက်၍ စီးပွားရေး အကြောင်းကိစ္စများ ဆွေးနွေးကြလေသည်။
လျန်ရူရွှယ်သည်လည်း စေးနည်းနေခြင်းမရှိ။ ချင်ကျိန်းချင်နှင့် ကျန်သူတို့အား အတွင်းသတင်းအနည်းငယ် ဝေမျှပေးလိုက်သည်။
အသစ်ချမှတ်ထားသည့် ဥပဒေမူဝါဒများအောက်တွင် ဟွာရှအစိုးရ၏ အဓိက အာရုံစိုက်ရာက တိုးတက်ရန် အလားအလာ အင်မတန် ကောင်းမွန်နေသည့် semiconductor နယ်ပယ်ပင်။
ရလဒ်အနေဖြင့် လင်းရီ ချင်ကျိန်းချင်နှင့် ကျန်နှစ်ဦးထံမှ ယွမ်လေးဘီယမ်တန် ရင်းနှီးမြုပ်နှံမှုအား လက်ခံရရှိလိုက်၏။
ဤသည်က လျန်ရူရွှယ်ကို မနေတတ် မထိုင်တတ် ရှက်ကိုးရှက်ကန်း ဖြစ်သွားစေသည်။ သူမက လင်းရီ ရန်ပုံငွေတိုးအောင် သွယ်ဝိုက်၍ လုပ်ဆောင်ပေးနေသည့်အသွင် ဆောင်နေသည် မဟုတ်ပါလော။
စားသောက်ပြီးနောက် ချင်ကျိန်းချင်တို့လည်း တစ်ယောက်ပြီး တစ်ယောက် ထွက်ခွာသွားခဲ့ကြပြီး လင်းရီနှင့် လျန်ရူရွှယ်တို့နှစ်ဦးတည်းသာ နောက်ဆုံး ကျန်ရစ်ခဲ့တော့၏။
“ ပြောစမ်း.. နင်ဘာလို့ အဲ့လို ပေါက်ပေါက်ရှာရှာ အပင်တွေ စိုက်ဖို့ လုပ်နေတာ..” လူတွေမရှိတော့ လျန်ရူရွှယ် စွာတာတာ အသွင်လေးဖြင့်ပြောလာခဲ့၏။
“ အရှေ့ဘက်ခြံမှာ ဂန္ဓာမာပန်းကို စိုက်ရင်း တောင်ဘက်က နန်ရှန်းတောင်ကိုငေးမယ်…. အဲ့ကဗျာအတိုင်းပဲ.. ငါ ဟိုး လက်တောက်လောက်တုန်းကတည်းကရင် ကျေးလက်ရဲ့ ရသကို အရမ်း သဘောကျတာ… ခု ငါ့မှာ ပိုက်ဆံတွေလည်း လုံလုံလောက်လောက် ရှိနေပြီ.. ဒီတော့ သဘာဝဆီ ပြန်သွားမှာ သဘာဝပဲ မဟုတ်ဘူးလား…”
“ နင် သဘောကျတာက အနှိပ်ခံတာ မဟုတ်ဘူးလား… ဘာလို့ ရုတ်တရက်ကြီး ကျေးလက်ဘဝကို သဘောကျသွားခဲ့တာ…”
“ အာ…. မင်း ဒီမှာ နားလည်မှု လွဲနေပြီ ထင်တယ်…” လင်းရီ ခေတ္တ ရပ်တန့်လိုက်ပြီး “ အနှိပ်ခံရတာကို နှစ်သက်တာက နောက်ကျမှ… ကျေးလက်သဘာဝကို ခုံမင်တာက ငယ်ဘဝရဲ့ အိပ်မက်….”
“ ဟွန့်… နင်ကတော့ နေ့တိုင်း ဘယ်လို ပေါက်တတ်ကရ ပြောရမလဲ ဆိုတာပဲ သိတယ်..” လျန်ရူရွှယ် ပြောပြီးနောက် လှောင်ရယ်ချင်နေသည့် ဟန်အမူအရာဖြင့် “ ပြီးတော့ ငါနင့်ကို ဝေဖန်တာတော့ မဟုတ်ဘူးနော်.. ဒါပေမယ့် နင် အပင်စိုက်ချင်တယ် ဆိုလည်း ငါ့ဆီ ဖုန်းဆက်ရောပေါ့… ငါ စိုက်ပျိုးရေး သုတေသနစင်တာဆီ ဆက်သွယ်ပြီး နင့်ဆီ အစေ့တွေ တစ်ယောက်ယောက်နဲ့ ပို့ခိုင်းလိုက်လို့ ရနေတာကိုပဲ.. ဘာလို့ ကိုယ်တိုင်သွားဝယ်နေတာ… ခုတော့ ခစ်ခစ်… ယွမ် ဘီလီယမ်ရာချီတန်တဲ့ ကုမ္ပဏီကို ပိုင်ဆိုင်ထားတဲ့ ဥက္ကဌကြီးက အစေ့တုတွေ ဝယ်မိတယ်ဆိုတာသာ သူများတွေကြားလို့ကတော့ တစ်မြို့လုံးရဲ့ ပြောစရာတောင် ဖြစ်သွားလောက်တယ်….”
“ အဲ့လို ဖြစ်မယ်လို့ရော ဘယ်သူကကော ကြိုထင်ထားမှာမို့လို့…”
“ ဟုတ်ပါပြီ.. နင်က ဘာအပင်တွေ စိုက်ချင်တာ.. ငါ လူလွှတ်ပြီး မျိုးစေ့တွေ ပို့ခိုင်းလိုက်မယ်….”
“ ငါက ဒီတိုင်း အသီးတစ်ချို့လောက်ပဲ စိုက်ချင်တာ… ထွေးထူးလုပ်မနေပါနဲ့.. ငါက ဒီတိုင်း အတွေ့အကြုံ ခံစားချင်ရုံလောက်ပဲ….”
“ ပြီးတာပဲလေ…” လျန်ရူရွှယ် အိတ်လွယ်လိုက်ရင်း “ ခု ငါ့ကို ရုံးလိုက်ပို့ပေးတော့….”
“ အင်း.. သွားစို့..”
လျန်ရူရွှယ်ကို မြို့တော်ဝန်ရုံးသို့ လိုက်ပို့ပေးပြီးနောက် လင်းရီ အိမ်သို့ မောင်းနှင်လာခဲ့လိုက်သည်။
ထိုအချိန်၌ ကြိုတင်သတင်းရရှိထားသည့် ကျီချင်းရန်နှင့် ဟော်ယွမ်ယွမ်တို့ကတော့ အိမ်၌ ဟော့ပေါ့ပြင်ရင်း အလုပ်များနေလေသည်။
“ ဘယ်လိုလဲ.. နင် သူတို့ကို ကိုင်တွယ်ခဲ့လိုက်ပြီလား…”
လင်းရီ ပြန်ရောက်လာသည်ကို မြင်တော့ ကျီချင်းရန်မှ ကြိုဆိုရင်း မေးမြန်းလိုက်၏။
“ ဖမ်းသင့်တဲ့သူတွေကို ဖမ်းပြီး ထုတ်သင့်တဲ့သူတွေကို ထုတ်ပစ်ခဲ့ပြီ… သူတို့ နောက်ကျ ပြဿနာ ထပ်ရှာရဲတော့မှာ မဟုတ်ဘူး..”
“ အဲ့တာကောင်းတယ်…”
“ စစ်ဖန်းမြို့သူမြို့သားတွေက ရိုးရှင်းပြီး ဖော်ရွေတဲ့လူတွေချည်းပါ…. ဒီလိုမျိုး ဟိတ်ဟန်များတဲ့သူနဲ့တွေ့ဖူးတာတော့ ပထမဆုံးပဲ..” ဟော်ယွမ်ယွမ် ပြောလိုက်၏။
“ အင်း…ငါလည်း အဲ့ဒီတုန်းက တစ်ခါတည်း တိုက်ရိုက် ဖြေရှင်းလိုက်သင့်တယ်လို့ထင်တယ်… အဲ့လိုဆို အချိန်တွေ အများကြီး သက်သာသွားမှာ..” ကျီချင်းရန် ပြောလိုက်ပြီး “ ဒါပေမယ့် အဲ့ဒီ ယွီတဲ့ချန်ကလည်း တော်တော်လေးကို စက်ဆုပ်ဖို့ကောင်းလွန်းတယ်.. အရင်တုန်းက တစ်ခါ သင်ခန်းစာ ပေးဖူးတာတောင် ပြဿနာ ထပ်လာရှာရဲနေသေးတုန်းပဲ…”
“ ဘော့စ်.. ဒါကြောင့်မို့ ကျွန်မတို့ အဲ့ဒီ မကောင်းတဲ့လူတွေကို ဖယ်ရှားပစ်ဖို့ လိုတယ်..”
ဟော်ယွမ်ယွမ်မှ ပြောလိုက်ပြီး “ မြို့ဆိုတာ ကျေးလက်နဲ့ မတူဘူး… အဲ့လူတွေက အရမ်း ဥပဒေမဲ့ စရိုက်ဆန်လွန်းတယ်.. တကယ်လို့ ရှင့်ကို အနိုင်ကျင့်ဖို့ လွယ်တယ်ထင်ရင် သေအောင် အနိုင်ကျင့်ကြမှာ… ပြီးတော့ ဝေးလံခေါင်သီတဲ့ နေရာတွေမှာ ဥပဒေရဲ့ အကျိုးသက်ရောက်မှုက သိပ်ပြီးမကောင်းမွန်ဘူး.. ဒါကြောင့်မို့ လူတစ်ချို့နဲ့ကြုံလာတဲ့အချိန်ကျ မရိုက်နှက်ပေးလိုက်ဘူးဆိုရင် သူတို့ကိုယ်သူတို့ ဆရာကြီးတွေဆိုပြီး ထင်သွားကုန်ကြမှာ…”
ကျီချင်းရန်ကတော့ အခြားဘာမှ ဆက်မပြောတော့ချေ။
ဖြစ်ပြီးသွားသည့် ကိစ္စအဖို့ လက်ရှိအတိုင်း ထားလိုက်သည်က ပိုကောင်းလေသည်။
စားပြီးသောက်ပြီးနောက် အိုးခွက်ပန်းကန်တို့ သိမ်းဆည်းဆေးကြောရသည့်တာဝန်က သဘာဝအလျောက် ကျီချင်းရန်နှင့် ဟော်ယွမ်ယွမ်တို့ထံ ကျရောက်လာခဲ့သည်။
သို့သော်လည်း ဟော်ယွမ်ယွမ်မှ ဗျစ်တောက်ဗျစ်တောက် လုပ်နေ၍ လင်းရီလည်း နည်းနည်းပါးပါး ဝင်ကူညီပေးလိုက်လေသည်။
နောက်တစ်နေ့ နံနက်တွင်တော့ လင်းရီ အိပ်ရာမှ သူ့အလိုလို နိုးထလာခဲ့၏။ ထူးဆန်းစွာဖြင့် ဟော်ယွမ်ယွမ်မှ ဤတစ်ကြိမ်တွင်တော့ တံခါးလာမခေါက်တော့ချေ။
သူ အောက်ထပ်ဆင်းလာတော့ နံနက်စာမှာ အသင့်ပြင်ဆင်ပြီးဖြစ်နေကြောင်း တွေ့လိုက်ရလေသည်။ထို့ပြင် အားလုံးကလည်း ဟော်ယွမ်ယွမ် အကြိုက်တွေချည်းပင်။
“ ဟမ်…ဘာလဲဖြစ်တာ.. ဘာလို့ စောစောစီးစီး ဝမ်းနည်းတဲ့ပုံ ပေါက်နေတာ… ကောင်းကြီးက မင်းကို စိတ်ပျက်အောင် လုပ်လိုက်လို့လားတဲ့…”လင်းရီ မေးလိုက်၏။
“ တော်လောက်ပြီ…” ဟော်ယွမ်ယွမ် ငြိမ်နေရင်း ရုတ်တရက် ထအော်လိုက်ပြီး “ မနေ့တုန်းကလည်း ဘော့စ်က လိမ်ပြီး အပင်စိုက်ဖို့ ခေါ်သွားတယ်… ဒီနေ့ကျတော့ သူ့မိန်းမက ဝက်မွေးဖို့ ခေါ်ချင်နေပြန်ပြီ… နင်တို့ငါ့ကို နည်းနည်းလေး အနားပေးလို့ မရဘူးလား.. ငါ့မှာ အလုပ်လည်း ရှိတယ်.. ကောင်လေးလည်း ရှိတယ်.. ငါလည်း ကောင်လေးနဲ့ တီတီတာတာလေးတွေ ပြောပြီး နေချင်တာပေါ့…”
“ ယွမ်ယွမ် နင့်အတွေးတွေ မှားနေပြီ…”
“ ဒီလို စဉ်းစားလိုက်.. နင်က ပုံမှန်အတိုင်းပဲ အလုပ်လုပ်နေတယ်… အဲ့မှာ ရှိနေလည်း ရီက နင့်ကို လစာ မပေးဘူးလား…. ပြီးတော့ အချိန်ပိုတောင် ဆင်းစရာမလိုဘူး… မကောင်းဘူးလား…”
“ ဒါပေမယ့် အရိပ်ရတဲ့ ရုံးခန်းထဲမှာ လုပ်ရတာနဲ့ နေပူကျဲတဲ ကွင်းပြင်ကြီးထဲမှာ အလုပ်လုပ်ရတာကတော့ မတူဘူးလေ…”
“ ယွမ်ယွမ်.. ကိုယ်ကပျော်ချင်ရင် မင်းရဲ့ အတွေးအခေါ်တွေကို အရင်ပြောင်းလဲရမယ်..” လင်းရီမှ ဩဝါဒချွေနေသည့် ဟန်အမူအရာဖြင့်
“ ရာစုသစ်ရဲ့ လူငယ်တွေအနေနဲ့ ငါတို့က နိုင်ငံ အလိုအပ်နေဆုံး အရာကို စိုက်ပျိုးနေတယ်လို့မှတ်ကွာ… အဲ့တာက ကြီးမြတ်တဲ့ အလုပ်ကွ…”
“ ငါလည်း သူပြောတာ မှန်တယ်လို့ ထင်တယ်…” ကျီချင်းရန်မှ ဝင်ထောက်ခံပေးလိုက်၏။
“ အစ်မကျီ.. နင် အရမ်း ပြောင်းလဲသွားပြီ.. ငါ့ကို တကယ်ကြီး ဝက်မွေးစေချင်နေတယ်ပေါ့..”
“ အိုက်ယား.. ငါ့ကို အဖော်လုပ်ပေးတယ်လို့ပဲ သဘောထားလိုက်လေဟယ်…”
“ ဟွန့်… သူများမိသားစု ဆင်းရဲတယ်… ငယ်ကတည်းကရင် လယ်စိုက် ဝက်မွေးခဲ့ရလို့ ရန်တက္ကသိုလ် တက်နိုင်တဲ့အထိ စာတွေကြိုးစားပြီး ဘွဲ့တစ်ခု ရအောင် ယူခဲ့တယ်.. အဲ့လိုတွေလုပ်ပြီးတာတောင် နောက်တစ်ကြိမ် လယ်စိုက်ပြီး ဝက်မွေးရမယ်လို့ ထင်မထားဘူး… ငါ ယွမ်ယွမ် ရှေးဘဝက ဘယ်လို အကုသိုလ်တွေများ လုပ်ခဲ့မိလို့ပါလိမ့်နော်…”
“ သွားကြစို့… အချိန်ဖြုန်းမနေနဲ့တော့…” လင်းရီ ပြောလိုက်ပြီး “ မျိုးစေ့အသစ်တွေတောင် လာပို့ပြီးသွားပြီလားမသိဘူး..”
“ ငါ့လှောင်အိမ်အသစ်လေးလည်း လာပို့ပြီးလောက်ပြီထင်တယ်… သွားရွေးဖို့ပဲ ကျန်တယ်..”
ဟော်ယွမ်ယွမ် “ …. “
“ ငါ ခဏကျရင် ကောင်းကြီးကို ဖုန်းဆက်ခေါ်လိုက်မယ်… သူ့လို အားကောင်းမောင်းသန်ကြီးကို ဒီတိုင်းထားလို့ နှမြောစရာကြီး….”
“ ဘာကောင်းကြီးကို ခေါ်မှာလဲ… ကျွန်မတစ်ယောက်နဲ့တည်းရပြီ… ကောင်းကြီးကို လာဆွဲမထည့်နဲ့…”
“ လူများတော့ အလုပ်ပိုတွင်တာပေါ့..”
မူလကတော့ သကောင့်သားမှာ အနည်းငယ် အင်တင်တင် ဖြစ်နေသော်လည်း ဟော်ယွမ်ယွမ်ပါ ရှိနေမည်ဆိုသည့် အသံကြားတော့ မဆိုင်းမတွ ချက်ချင်း ထွက်လာခဲ့တော့သည်။
သူတို့ စစ်ဖန်းမြို့ကို ရောက်တော့ ကျီချင်းရန် ဝယ်ထားသည့် လှောင်အိမ်လေးအား သွားရွေးလာခဲ့ပြီး ဟွမ်ရှီးကျေးရွာသို့ ပြန်လာခဲ့လေသည်။
တစ်ချိန်တည်းတွင် လျန်ရူရွှယ်ပေးသည့် မျိုးစေ့များကလည်း ရောက်ရှိလာခဲ့၏။
“ လခွမ်း… ဂျင်ဆင်းတွေက ဆယ်ခုကြီးများတောင်…” ကောင်ကျုံးယွမ် ကျိန်ဆဲလိုက်ပြီး “ ဒါတွေကို ဖန်လုံအိမ်ထဲ စိုက်မှာတော့ မဟုတ်ဘူးမလား…”
“ ဂျင်ဆင်းတင်မကသေးဘူး.. လတ်လတ်ဆတ်ဆတ်နုတ်ထားတဲ့ လင်ဇီးကလည်း လေးခုများတောင်..” ဟော်ယွမ်ယွမ်မှ ပြောလိုက်ပြီး “ ဘော့စ်…. ရှင်က အရမ်းအံ့ဩဖို့ကောင်းတာပဲ.. ပစ္စည်းကောင်းတွေ အများကြီး ရလာခဲ့တယ်ပေါ့…”
“ အာ.. ဒီတိုင်း အပျော်တမ်း စိုက်ဖို့ပါကွာ..”
“ အဲ့တာဆို ရှင် ဒီတိုင်း အသီးပင်တွေပဲ စိုက်လိုက်တော့… ဂျင်ဆင်းနဲ့ လင်ဇီးတွေက ရှင့်ပုံစံနဲ့ဆို ဘယ်လိုမှ ဖြစ်မှာ မဟုတ်ဘူး.. မဖြစ်မယ့်တူတူတော့ ကျွန်မတို့ကို ဒါတွေ ပေးလိုက်ပါလား….”
“ မင်းက အဲ့တာတွေနဲ့ ဘာလဲလုပ်မှာ…”
“ အိမ်ယူသွားပြီး ကောင်းကြီးအတွက် ဆေးဝိုင်ဖောက်ပေးမယ်လေ… အရမ်းအားဖြစ်စေတာ..” ဟော်ယွမ်ယွမ် ပြောလိုက်ပြီး “ အစ်မကျီ.. နင်လည်း လုပ်လုပ်မလုပ်လုပ်… ကျောက်ကပ်ဆိုတာ ငယ်ကတည်းက အားဖြည့်ထားရင် အကောင်းဆုံးပဲနော..”
ကျီချင်းရန် ဆေးဝိုင်ဖောက်ခြင်းနှင့် ပတ်သက်၍ အနည်းအကျဉ်းလောက်သာ သိသည်။ သို့တိုင်အောင် လင်းရီမှာ ဂျင်ဆင်းစားဖို့ လိုအပ်သည်အထိ အသက်မကြီးသေးဟု ခံစားနေရ၏။
“ အရမ်းစောလွန်းတယ် မထင်ဘူးလား…”
“ သက်တမ်းရင့်လေ ဆေးအာနိသင် ပိုကောင်းလေပါဆိုနေ… စောစောဖောက်ထားတာတော့ ပိုကောင်းတာပေါ့..” ဟော်ယွမ်ယွမ် ပြောပြလိုက်၏။
“ အာ.. ထားပါ…. နင်ပဲ ယူလိုက်တော့..”
“ ယွမ်ယွမ်… ငါတို့လည်း မလိုဘူးထင်တယ်… ငါဆေးဝိုင်တွေ သိပ်မသောက်တတ်ဘူး…” ကောင်းကျုံးယွမ် ပြောလိုက်၏။
“ ဝိုင်မဖောက်ဘူးဆိုရင်တောင် ယူသွားရမယ်… အလကားရတဲ့ ပစ္စည်းကို မယူရင် ဖြုန်းတီရာကျတယ်…”
လင်းရီ “ …….. “
အရာအားလုံး အဆင်သင့်ဖြစ်ပြီးနောက် လင်းရီ ကားထဲမှ ရွှေရောင်မြေစေးအိတ်များကို သွားသယ်လာလိုက်သည်။
စုစုပေါင်း ဆယ်အိတ်ရှိထားသော်လည်း ရှစ်အိတ်ကိုမျှ အသုံးပြုလိုက်၏။ကျန်နှစ်အိတ်ကိုတော့ ဟင်းသီးဟင်းရွက်ခင်းအတွက် အသုံးပြုရန် လင်းရီ လျာထားလိုက်သည်။
မြေဆီလွှာနှစ်မျိုးကို ရောနှောပြီးနောက် လေးယောက်မှာ အစေ့များနှင့် ပျိုးပင်ပေါက်များအား စတင်စိုက်ပျိုးတော့၏။
ထိုသို့ စိုက်ပျိုးရာတွင်လည်း လင်းရီနှင့် ကျီချင်းရန်တို့က တစ်တွဲ၊ ဟော်ယွမ်ယွမ်နှင့် ကောင်းကျုံးယွမ်တို့က တစ်တွဲ အသီးသီး နေရာယူလိုက်ကြသည်။
“ လင်းရီ .. ငါတို့ ချယ်ရီပင် အရင်စိုက်ကြစို့..”
ထိုသို့ပြောပြီးနောက် လင်းရီမှ တုတ်တုတ်မျှ လှုပ်မလာပဲ သူမကိုသာ စိုက်ကြည့်နေကြောင်း ကျီချင်းရန် သတိထားမိလိုက်၏။
ထိုအခါမှ သူမ ရုတ်တရက် နာမည်တပ်ခေါ်မိသွားခဲ့ကြောင်း သတိပြုမိသွားပြီး လေသံ နောက်တစ်မျိုးဖြင့် “ ယောက်ျားလို့….”