← Chapters

ပိုက်ဆံ မပေးဘဲ ရေသုံးခြင်း

Vol. 65 Ch. 967

ပိုက်ဆံ မပေးဘဲ ရေသုံးခြင်း

Vol. 65 Ch. 967

" အဲ့ အမျိုးသမီးက မင်းတို့ရဲ့ ဆရာမလား..."လင်းရီ သာမန်လေသံဖြင့် မေးမြန်းလိုက်သည်။

" ဟုတ်... ဆရာမ နာမည်က သူယောင်တဲ့... မြို့က ဆရာမလေ..."

ကျောင်းပေါက်၀၌ သူယောင် သူမနာမည် ခေါ်လိုက်သံကို ကြားမိတော့ နောက်သို့ လှည့်ကြည့်လိုက်လေရာ သူမ အတန်းထဲမှ ရောင်ပေါ်၀န် ဖြစ်နေကြောင်း သတိထားမိလိုက်သည်။

သို့သော်လည်း လင်းရီမောင်းနေသည့် Lexus ကားကို မြင်တော့ သူယောင် စိတ်ထဲ အနည်းငယ် အံ့အားသင့်မိသွားခဲ့လေသည်။ ကားတန်ကြေး မည်မျှရှိမှန်း သူမ အတိအကျ နားမလည်သော်လည်း ထိုသို့သော အလန်းစား ကားကြီးကတော့ ယွမ် တစ်သန်းခန့် တန်ကြေးရှိရပေမည်။

" ဆရာမ... "

ကားပေါ်မှ ဆင်းလာခဲ့ပြီးနောက် ရောင်ပေါ်၀န် သူယောင်ထံ သော့သော့လေး ပြေးသွားခဲ့သည်။

ထိုစဉ် လင်းရီ ကျောင်းပေါက်၀၌ နောက်ထပ် ကျောင်းဆရာ တစ်ဦး ရှိနေကြောင်း သတိပြုမိလိုက်လေသည်။ သို့သော်လည်း ရောက်လာကြသည့် ကျောင်းသား အများစုကတော့ သူယောင်ဟု အမည်တွင်သည့် ဆရာမလေးထံသို့သာ အရင်ပြေးနှုတ်ဆက်လေ့ရှိကြသည်။

ဤသည်ကတော့ အမျိုးသားတို့ထုံးစံ ဖိုနှင့်မ ဆွဲငင်လေ့ရှိကြသည့် သဘာ၀ နိယာမများသာဖြစ်၏။

လင်းရီ ကားထဲမှ ထွက်လာခဲ့သည်ကို မြင်တော့ သူယောင်လည်း အံ့အားသင့်သွားခဲ့သည်။

ရောင်ပေါ်၀န်ကို ကျောင်းလိုက်ပို့ပေးတဲ့သူက ချမ်းသာရုံတင် မကသေးဘူး.. ရုပ်ရည်လည်း ချောမောပြေပြစ်နေသေးတာပဲ...

" ဟယ်လို... ရှင်က ရောင်ပေါ်လေးရဲ့ ဆွေမျိုးလားမသိဘူး...." သူယောင် မေးလာခဲ့သည်။

" ဒီတိုင်း သူတို့နဲ့ အိမ်နီးနားချင်းပါ... မြို့ထဲ တိုလီမှုတ်စ ၀ယ်ရင်း လမ်းကြုံတော့ တစ်ခါတည်း တင်‌ခေါ်လာခဲ့လိုက်တာ..."

" အိုး... ဟုတ်ပါပြီရှင်..."

သူယောင်မှ ယဉ်ကျေးစွာ ပြန်ပြောလိုက်၏။

" သွားလေ..." လင်းရီ ရောင်ပေါ်၀န်၏ ခေါင်းကို ပုတ်ပေးလိုက်ပြီး " ငါ ညနေကျရင်လည်း ပြန်လာကြိုပေးမယ်... "

" အန်ကယ်လင်းက သားကို လာကြိုချင်တာလား ဒါမှမဟုတ် ဆရာမကို တွေ့ချင်လို့လား...."

"အာ.... ဟားဟား...."

လင်းရီ အားပါတရ ရယ်မောမိလိုက်သည်။ ထိုအချိန် ဆရာမ သူယောင်ကတော့ ရှက်ရွံ့လျက် ရှိနေပြီး မျက်နှာ မည်သို့ ထားရမှန်း မသိ ဖြစ်နေတော့၏။

" ကောင်စုတ်လေးနဲ့တော့... နင့်ကို ခဏနေကျရင် သေချာပေါက် စာမေးပြီပဲ... မြန်မြန် နောက်ကလိုက်ခဲ့.. ပေါက်တတ်ကရတွေ လျှောက်မပြောစမ်းနဲ့...."သူယောင် ကြိမ်းမောင်းရင်း မျက်နှာ အနည်းငယ် နီးစွေးစွာဖြင့် ရောင်ပေါ်၀န်ကို အတန်းထဲ ခေါ်သွားလိုက်တော့သည်။

လင်းရီ ပြုံးလိုက်ပြီး များများ တွေးတော မနေချေ။ ကားကို မြို့ထဲ ပြန်မောင်းသွားလိုက်ပြီး ကုန်မာဆိုင်ရှေ့ ရပ်၍ မီတာ နှစ်ရာရှည်သည့် ပိုက်ခွေကြီး တစ်ခွေ ၀ယ်ချလာခဲ့လိုက်၏။

အိမ်သို့ ပြန်ရောက်လာပြီးနောက် ဘုံဘိုင်ရေခေါင်း၌ ပိုက်တပ်ပြီး ရေလောင်းရန် ဟန်ပြင်လေသည်။

သို့သော်လည်း ထိုအခိုက်အတန့်တွင် တိုက်တိုက်ဆိုင်ဆိုင် အပြင်မှ ပြန်ရောက်လာသည့် ရောင်ပင်းနှင့် ပက်ပင်းတိုးမိသည်။

"ဟာ....လင်းလေး... မင်းဘာတွေလုပ်နေတာတုန်း... ဘာလို့ ရေပိုက်ကြီး ၀ယ်လာခဲ့တာ... "ရောင်ပင်း အုတ်တံတိုင်းမှ ခုန်ကျော်၀င်လာခဲ့ပြီး လင်းရီ၏ အပြုအမူကို ကမန်းကတမ်း တားမြစ်လိုက်သည်။

" အဆင်ပြေပါတယ်....."လင်းရီ ပြောလိုက်ပြီး ကျုပ်တို့က မျှမျှတတ ရှိရမယ်လေ... ဒါ ငါ့အစ်ကိုနဲ့ ဘာမှမဆိုင်ဘူး.. ကျုပ်ဘာကျုပ် ကြည့်ကြပ်လုပ်လိုက်မယ်... "

"မင်းဘာလို့ ဒီလိုတွေ လုပ်နေတာတုန်းဟ... ပြဿနာကို ရှောင်ရှားလိုက်တာက ပိုမကောင်းဘူးလား... တကယ်လို့ တိုက်ကြခိုက်ကြပြီဟေ့ ဆို မင်းအတွက်လည်း မကောင်းဘူး...."ရောင်ပင်း နားချလိုက်ပြီး " နောက်ပြီးတော့ သူက ရွာထဲမှာ နေတာ... ဒီကိစ္စ သူ မသိဘဲ ဖုံးကွယ်ထားလို့ ရမှာ မဟုတ်ဘူး...."

"အဆင်ပြေပါတယ်... ကျုပ်လည်း သူ့ကို ကိုင်တွယ်ဖို့ သက်သေတွေ ရှိမနေတာနဲ့ အတော်ပဲပေါ့..."

ပြောပြီးနောက် လင်းရီ ရေပိုက်ကိုင်၍ အိမ်မှ ထွက်ခွာသွားခဲ့လေသည်။

ထိုအချိန် ရောင်ပင်းကတော့ သေမတတ် ထိတ်လန့်နေတော့၏။

ဘာလို့ မြို့ကလူတွေက မကြောက်လန့်တတ်ကြတာတုန်းကွာ...

လင်းရီ ရေပိုက်ကို ဖန်လုံအိမ်ထဲ ယူသွားနေသည်ကို မြင်တော့ ရောင်ပင်းလည်း နောက်မှလိုက်လာခဲ့၏။

သူ လင်းရီ ရေအမြန် လောင်းပြီး ရှာမတွေ့အောင် ကူညီရန် စိတ်ပိုင်းဖြတ်လိုက်လေသည်။

သို့သော်လည်း ရေပိုက်က ပါးလွှာသောကြောင့် ရေဖြန်းသည့် နှုန်းကလည်း မြန်ဆန်ခြင်းမရှိ။ လင်းရီကလည်း အလျင်လိုနေဟန် မပြပေ။ သူ အပင်သန်ဆေးရည်ကို ထုတ်လိုက်ပြီး အချိုးအဆအတိုင်း ရောစပ်၍ မြေပေါ်ရှိ သစ်သီးပင်များအပေါ် လိုက်ဖြန်းလိုက်လေသည်။

လင်းရီ ထိုသို့ ပြုလုပ်နေသည့်အပေါ် ရောင်ပေါ်၀န် ထူးထူးဆန်းဆန်း မည်သည်ကိုမျှ မေးမြန်းမလာခဲ့ချေ။ အပင်ကို အားဆေးဖြန်းသည်က ခြံစိုက်ပျိုးရေး၏ အရေးပါသည့် ကဏ္ဍတစ်ရပ် ဖြစ်လေသည်။

" ဟမ်... ရေက ဘာလို့ ရုတ်တရက်ကြီး ရပ်သွားခဲ့တာ...."

လင်းရီ အပင်သန်ဆေး လိုက်ဖြန်းနေရင်းဖြင့် ရောင်ပင်း၏ စကားပြောသံကို ကြားတော့ သူလှည့်ကြည့်လိုက်ရာ ပိုက်ထဲ ရေမလာတော့ကြောင့် သတိပြုမိလိုက်သည်။

" ဘာတွေဖြစ်နေတာ... ရေ မရှိတော့လို့တဲ့လား...."

" မင်း ဘုံဘိုင်ခေါင်းနဲ့ သေချာ ကြပ်ကြပ်လေး ဆက်ခဲ့တယ်မလား..."ရောင်ပင်း သူ့လက်ထဲရှိ အလုပ်ကို အလျင်အမြန်ချ၍ စစ်ဆေးရန် ဟန်ပြင်လိုက်သည်။ အကယ်၍ အချိန်မီ သွားမကြည့်ပါက အိမ်ထဲ ရေလျှံသွားနိုင်လေသည်။

" ကျုပ် သေချာလေး ဆက်ထားခဲ့ပါတယ်... သာမန်ဆို ပြုတ်သွားတာတော့ မဖြစ်သင့်ဘူး...."

"အရင်ဆုံး သွားကြည့်ကြစို့.. တော်ကြာ အိမ်တစ်ခုလုံး ရေပြည့်သွားနေဦးမယ်."

လင်းရီ ခေါင်းညိမ့်လိုက်ပြီး နှစ်ယောက်သား ဖန်လုံအိမ်ထဲမှ ထွက်လာခဲ့ကြသည်။

သို့သော်လည်း သူတို့ အပြင်သို့ ထွက်လာခဲ့သည်နှင့် တပြိုင်နက် မနီးမဝေး တစ်နေရာတွင် အဖြူရောင် ရိုဗာကားတစ်စီး ထိုးရပ်ထားသည်ကို မြင်တွေ့လိုက်ရပြီး ပိုက်ကိုလည်း ကားတာယာဖြင့် တက်ကြိတ်ထားလေသည်။

" ရောင်စန်းကော (တတိယအစ်ကိုရောင်)... ဒါ ခင်များ အိမ် မဟုတ်ဘူးမလား..."

ပြောလိုက်သူက ကားထဲတွင် ရှိနေပြီး ဆံပင်ပုံစံ စတိုင်အဟောင်းကြီးနှင့် အနက်ရောင်ဂျက်ကတ်ကို ၀တ်ဆင်ထားသည့်သူပင်။ ထိုသူက ဆေးလိပ်အင်မတန် နှစ်ခြိုက်ဟန်ဖြင့် နှစ်လိပ်ပူး၍ တစ်ပြိုင်တည်း ရှိုက််နေတော့၏။

" အေး .. မဟုတ်ဘူးကွ..."ရောင်ပင်း ထိတ်လန့်နေစိတ်အား မသိသာအောင် ဖုံးကွယ်ရင်း သာမန်အတိုင်း ပြန်ဖြေလိုက်သည်။

"လျိုတုံးမင်ဆိုတာ သူလား..."လင်းရီ မေးမြန်းလိုက်သည်။

" သူ မဟုတ်ဘူး..."ရောင်ပင်း လေသံတိုးတိုးဖြင့် ပြောလိုက်ပြီး "သူ့နာမည်က ကျိုင်းရှောင်လျန် ..လျိုတုံးမင်နဲ့ ကြံရာပါ... သူလည်း လူကောင်းတော့ မဟုတ်ဘူး.... "

" ညီလေး...."ထိုက်ရှောင်လျန် လင်းရီကို ကြည့်လိုက်ပြီး " မင်းက ဒီမှာ အသစ်ထင်တယ်... တကယ်လို့ မင်းက စည်းမျဉ်းတွေ နားမလည်ဘူးဆိုရင်လည်း ငါမင်းကို ထွေထူး ရှင်းပြမနေတော့ဘူး... ဒီလာပြီး ယွမ် သုံးထောင်သာ လာပေးလှည့်..."

" အစ်ကိုလျန်... သူတို့အိမ်က ဖန်လုံအိမ် တစ်လုံးတည်း ရှိတာလေ... ဧရိယာပေါ် မူတည်ပြီး ယွမ်ငါးရာဆို လုံလောက်ပြီ မဟုတ်ဘူးလား... "

" ပုံမှန်ဆိုရင်တော့ ယွမ်ငါးရာနဲ့တင် လုံလောက်တယ်... ကျန်တဲ့ ယွမ်နှစ်ထောင့်ငါးရာက ဒဏ်ရိုက်တာပဲ..."

"ဟေ့ .. မင်းဘာလို့ ရုတ်တရက်ကြီး လာပြီး ဒဏ်ကြေးလာကောက်နေတာတုန်းကွ..."

" ရောင်စန်းကော... ခင်များ လစ်စမ်းပါ... ခင်များ ဒီရွာမှာ နေလာတာ ဘယ်နှနှစ် ရှိနေပြီတုန်း... ဟွမ်ရှီး ကျေးရွာရဲ့ စည်းမျဉ်းတွေကို နားမလည်ဘူးလား...."ကျိုင်းရှောင်လျန် ပြောလိုက်ပြီး " ကျုပ် ဒီကောင့်ကို နှစ်ထောင့်ငါးရာ ဒဏ်ရိုက်မယ်... ပြီးရင် အသာအယာ လွှတ်ပေးလိုက်မယ်... သောက်အပိုစကားတွေ လာမပြောနဲ့... မြန်မြန် ပိုက်ဆံသာလာပေး...."

အကြိမ်းမောင်းခံလိုက်ရပြီးနောက် ရောင်ပင်း ဆက်လက် စကားပြောဝံ့ခြင်း မရှိတော့ချေ။ ဤရွာသားဖြစ်သည့်အလျောက် ထိုလူနှင့် သွားရှုပ်၍မရကြောင်း သဘာ၀အလျောက် နားလည်ပေသည်။

" လင်းလေး... ငါ ဒီတစ်ခါတော့ မင်းကို မကူညီနိုင်တော့ဘူး... "ရောင်ပင်း ပြောလိုက်ပြီး " သူတောင်းတဲ့ ပိုက်ဆံကိုသာ အသာတကြည် ပေးလိုက်စမ်းပါကွာ..."

လင်းရီ လက်ထဲရှိ ဖြန်းသည့် ပစ္စည်းများအား ဘေးခဏ ပစ်ချလိုက်ပြီး ကျိုင်းရှောင်လျန်ထံ လျောက်သွားလိုက်သည်။

ကားထဲတွင်တော့ ကျိုးရှောင်လျန် ဖုန်းထုတ်လိုက်ပြီး " ဒီတစ်ခါတော့ ရှောရှောရှူရှူနဲ့ လွှတ်ပေးလိုက်မယ်... နောက်ဆို ရေကို စိုက်ပျိုးဖို့ မသုံးနဲ့ ကြားလား..."

' ဘယ်နှယ့် ငါတို့က ခက်ခက်ခဲခဲနဲ့ ရေတွင်းတူးထားရတာကို သူကျ လက်လွတ်စပယ် ရေကြိုက်သလို သုံးနေမှတော့ ဘယ်လိုလုပ်ပြီး မျှတမှာလဲ ဟုတ်တယ်မလား...' ကျိုးရှောင်လျန် သူ့ကိုယ်သူ ပြောနေဟန်ဖြင့် ရေရွတ်လိုက်ပြီး သူ့ဖုန်းပေါ်ရှိ ဝီချက် ကျုအာကုတ်ကို ပြလိုက်သည်။

" ဒါကိုပဲ စကန်ဖတ်လိုက်.."

" ကြည့်ရတာတော့ ရွေးချယ်စရာမရှိပဲ မင်းတို့ကို ပိုက်ဆံ ပေးရတော့မယ်နဲ့တူတယ်... "

"ဘာလဲ... ယွမ် သုံးထောင်က တအား များနေလို့လား..."ကျိုင်းရှောင်လျန် ပြောဆိုလိုက်ပြီး " မင်းက များတယ် ထင်နေရင် မပေးနဲ့ ရတယ်... အဲ့တာဆို မင်းရဲ့ မြေကို ပိုင်ဖို့လည်း စိတ်မကူးနဲ့..."

"ငါ့မြေငါ ဆက်ပြီး ထိန်းသိမ်းမယ်... ဒါပေမယ့် မင်းကိုတော့ ပိုက်ဆံ မပေးချင်ဘူး..."

" ဘာကွ... သူ့အမျိုးလား... ငိုးမသား မင်းဒီနေရာကနေ ထွက်သွားစမ်း.... "

ဖြောင်း...

လင်းရီ လက်မြောက်၍ ကျိုင်းရှောင်လျန်၏ မျက်နှာကို ဖြတ်ရိုက်လိုက်လေသည်။

" မင်းကိုယ်မင်း ဘယ်သူ့ကို ဒီယီးစကားတွေ လာပြောနေတယ် ထင်လဲ..."

လင်းရီ ပြောပြီးနောက် ကျိုးရှောင်လျန်၏ ဆံပင်ကို ဆောင့်စွဲ၍ ပြတင်းပေါက် အပြင်သို့ ဆွဲထုတ်ထားလိုက်ကာ ခေါင်းကို မော့မရအောင် လက်ဖြင့် ဖိထားလိုက်ပြီး

" မင်းလိုကောင်ကများ ငါ့ဆီ ဘယ်လိုတောင် ပိုက်ဆံတောင်းဝံ့နေတာတုန်းကွ...."

ဟစ်....

ရောင်ပင်း အနောက်မှ ကြည့်နေရင်းဖြင့် မျက်နှာ ဖြူလျော်သွားခဲ့တော့၏။

သူတကယ်ကြီး လျိုတုံးမင်ရဲ့ လူကို တိုက်ခိုက်လိုက်တယ်.... ဒါ တုတ်‌စာတောင်းနေတာပဲ မဟုတ်ဘူးလား....

" ငိုးပဲ.. ငိုးမသား မင်း ငါ့အစ်ကိုလျန်ကို အမြန် လွှတ်လိုက်စမ်း.."

ခရီးသည် ထိုင်ခုံတွင် ထိုင်နေသည့် လူမှ တံခါးအလျင်အမြန် တွန်းဖွင့်၍ ကားထဲရှိ သံတုတ်ကိုပါ တစ်ပါတည်း ယူဆောင်လျက် လင်းရီထံ လျှောက်လာခဲ့သည်။

" မျိုးမစစ် .. မင်းကတော့ ရူးသွားပြီ... "ကျိုင်းရှောင်လျန်မှ မကျေမချမ်းကြည့်ရင်း ပြောလိုက်ပြီး " မင်း သတ္တိရှိရင် ငါ့ ဆုပ်ထားတာကို မလွှတ်နဲ့.... ငါ့ညီ မင်း ခြေထောက်ကို ဘယ်လိုရိုက်ချိုးမလဲ ကြည့်နေလိုက်..."

" ဟုတ်ပြီလေ ငါကြည့်စမ်းမယ်..."

ခရီးသည် ထိုင်ခုံ၌ ထိုင်နေသည့်လူမှ သံတုတ်ကြီးကိုင်လျက် လင်းရီထံ အမဲဖျတ်တော့မည့် အသွင်ဖြင့် ပြေး၀င်လာပြီး

" မြေနိုး မျိုးမစစ်ကောင်.. ငါဒီနေ့ မင်းခြေထောက်ကို အမှုန့်ကြိတ်ပြမယ်...."

သံတုတ်နှင့်လူမှ ရှိသမျှ ခွန်အားအကုန်စုစည်း၍ လင်းရီကိုယ်ပေါ်သို့ တအား ရိုက်ချပစ်လိုက်သည်။ သို့သော်လည်း သူ၏ အကွက်က ရိုးစင်းနေလွန်းကာ လင်းရီ အသာအယာလေး ဟန့်တားပြီး သံတုတ်ကို အခြားလက်တစ်ဖက်ဖြင့် ဆုပ်ကိုင်ထားလိုက်၏။

"မင်းစောက်ဆင့်နဲ့ ကြီးကြီးကျယ်ကျယ်တွေ လာမပြောစမ်းနဲ့..."

စကားဆုံးသည်နှင့် လင်းရီ သံတုတ်ကို ဆွဲလုလိုက်ပြီး အမျိုးသား၏ ဒူးဆစ်နေရာသို့ ကြေမွသွားအောင်ရိုက်နှက်ပစ်လိုက်သည်။

All Chapters