မြို့ပေါ် မိန်းကလေးတွေက တစ်ခုခုတော့ တစ်ခုခုပဲ
Vol. 65 Ch. 969
“ လင်းလေး… မင်းဘာတွေ လုပ်နေတာ…”
လင်းရီ သူ တွေဝေ မိန်းမောနေတုန်း ရောင်ပင်း၏ အသံကို ရုတ်တရက် ကြားလိုက်ရသည်။
“ အစ်ကိုရောင်… ဘာကိစ္စတုန်းဗျ…”
“ မင်း ကောင်မလေးပြောတာ သူမ ဝက်ပေါက်လေးတွေ မွေးချင်တယ်မလား… ငါ့ ဒုတိယ အစ်ကိုရဲ့ ဝက်မကြီးက ခု မွေးခါနီးနေပြီကွ… ဒီညတောင် မွေးဖြစ်လောက်တယ်… မင်း လိုချင်လား…”
“ ဒါပေါ့… လိုချင်တာပေါ့… အဲ့ ဝက်ပေါက်လေး လိုချင်လို့ ကျုပ်ကို ဂျီကျနေတာ ဘယ်နှစ်ရက်တောင် ရှိမှန်း မသိတော့ဘူး..” လင်းရီ ပြောလိုက်ပြီး “ ဒီည မွေးမယ်ဆိုတာ သေချာတယ်မလား…”
“ အင်း… ရှစ်ကိုး ဆယ်နာရီလောက် သွားကျမယ်… ငါတော့ မင်းတို့ ဝက်ကလေးမွေးတာ တစ်ခါမှ မြင်ဖူးမယ်မထင်ဘူး…”
“ တကယ်လည်း မမြင်ဖူးဘူး…”လင်းရီ ပြောလိုက်ပြီး “ ကျုပ် သူမကို ဖုန်းဆက်လိုက်ဦးမယ်…”
လင်းရီ ပြောပြီးနောက် ဖုန်းထုတ်၍ ကျီချင်းရန်ထံ ဆက်သွယ်လိုက်လေသည်။
“ စန်းကော အစ်ကိုရဲ့ ဝက်မကြီးက ဒီည ဝက်ပေါက်လေးတွေ မွေးတော့မှာတဲ့… မင်း ကြည့်ချင်လား..”
ရွာ၌ ရက်အနည်းငယ်ကြာ နေထိုင်ပြီးနောက် လင်းရီ ရွာထဲရှိ လူတိုင်းနီးပါးနှင့် ခင်မင်စ ပြုလာလေသည်။
ရောင်ပင်းမှာ မိသားစုထဲ တတိယ မွေးချင်းဖြစ်သည်ကို သိတော့ အများစုက စန်းကောဟုသာ အလွယ်ခေါ်ဆိုကြသည်။လင်းရီလည်း ထိုအတိုင်း ခေါ်ဆိုလိုက်၏။
“ တကယ်...… ငါ ကြည့်ချင်တယ်… ငါ တစ်ခါမှ မကြည့်ဖူးသေးဘူး…”
“ အဲ့ဒါဆို လာခဲ့လိုက်တော့.. “
“ အွန်း အွန်း… စောင့်နေနော်.. ငါအခု လာနေပြီ…”
သို့နှင့် ဖုန်းချပြီးနောက် ကျီချင်းရန် ဟွမ်ရှီးကျေးရွာသို့ ထွက်လာခဲ့လိုက်သည်။
နာရီဝက်ကြာပြီးနောက် ကျီချင်းရန် ကားပေါ်မှ အလျင်စလို ဆင်းလာခဲ့ပြီး “ ဘယ်နားလေးမှာလဲ.. မြန်မြန် သွားကြည့်ရအောင်လေ…” ကျီချင်းရန် ရောက်လာလာချင်း လင်းရီ လက်ကို ဆွဲပြီး ခုန်ဆွခုန်ဆွ ပြောလိုက်သည်။
“ ဘာတွေလောနေတာ.. အရင်ဆုံး စန်းကောရဲ့ အိမ်ကို သွားရအောင်.. သူကနေမှ တစ်ဆင့် ငါတို့ကို အဲ့ လိုက်ပို့ပေးမှာ…”
ပြောပြီးနောက် လင်းရီ ကျီချင်းရန်ကို လက်ထဲပွေ့ထားပြီး တံတိုင်းပေါ် ခုန်ကျော်၍ ရောင်ပင်း၏ အိမ်ထဲ ဝှစ်ခနဲ ရောက်ရှိသွားတော့၏။
“ စန်းကော… မရီး….” ကျီချင်းရန် အပြုံးလေးဖြင့် နှုတ်ခွန်းဆက်လိုက်သည်။
“ အယ်.. ညီမ… နင်ဘာလို့ အဲ့လောက် အကောင်းစားကြီးတွေ ဝတ်ခဲ့ရတာတုန်းဟယ်..” စွန်းချွင့်လီ ပြောလိုက်ပြီး “ နင့်အဝတ်တွေကို သွားပြန်လဲလိုက်….”
“ အမ်.. အဝတ်တွေက တော်တော်လေး သာမန်ဆန်ပါတယ်… “ ကျီချင်းရန် ပြောလိုက်ပြီး “ လှုပ်ရှားရလွယ်အောင်လို့ ဘောင်းဘီတောင် အပွပဲ ဝတ်ခဲ့လိုက်တာ…”
“ အစ်မတို့ရွာက မြို့ပေါ်ကလို မသန့်ရှင်းဘူးနော်.. ပြီးတော့ အနံ့ကလည်း ပြင်းသေးတယ်… တကယ်လို့ အဝတ်တွေမှာ စွဲသွားခဲ့ရင် တစ်ခါတည်း လွင့်ပစ်လိုက်ရလောက်တယ်…” စွန်းချွင့်လီ စေတနာဖြင့် အကြံပြုပေးလိုက်ပြီး “ ပြီးတော့ mask လည်း အုပ်သွားဦး… ဝက်အနံ့က အရမ်းပြင်းတာ…. နင်သည်းခံနိုင်မှာ မဟုတ်လောက်ဘူး…”
“ အဆင်ပြေပါတယ် အစ်မရယ်… ကျွန်မက မြို့ပေါ်မှာ ကြီးပြင်းခဲ့တယ်ဆိုပေမယ့် တောဝသီကို မသိတာမှ မဟုတ်တာ…အဲ့လောက်တော့ သည်းခံနိုင်ပါတယ်…”
စွန်းချွင့်လီ သဘောတွေ့စွာဖြင့် ပြုံးလိုက်သည်။ သူမ ကျီချင်းရန်ကို ကြည့်လေ စိတ်ထဲ ပို၍ နှစ်သက်လာလေဖြစ်နေသည်။ သူမက အင်မတန် ချောမောလှပနေသော်လည်း ဘဝင်ကိုင်နေခြင်းတို့ မရှိ။ အကယ်၍ သူမသားလည်း အနာဂတ်တွင် ကျီချင်းရန်ကဲ့သို့ ချွေးမကောင်းလေး တစ်ယောက်လောက် ရှာပေးနိုင်မည် ဆိုပါက မည်မျှကောင်းလိမ့်မည်နည်း။
“ ကောင်းပြီလေ… အဲ့တာဆိုလည်း အချိန်ကျလာရင် နေသားကျအောင် ကြိုးစားပေါ့…”
ထိုအခိုက်အတန့်တွင် ရောင်ပင်း အိမ်ထဲမှ ထွက်လာခဲ့ပြီး “ မြန်မြန် မြန်မြန် .. ဒုတိယအစ်ကိုပြောတာ ခဏနေ မိုးရွာတော့မှာတဲ့…”
လေးယောက်သား ခြံဝန်းထဲမှ လျှင်မြန်စွာ ထွက်လိုက်ကြပြီး မိနစ်အနည်းငယ်ကြာအောင် လမ်းလျှောက်ပြီးနောက် ရောင်ပင်း၏ ဒုတိယအစ်ကို အိမ်ထံ ရောက်ရှိလာကြသည်။
ရောင်ပင်း၏ ဒုတိယအစ်ကိုနာမည်က ရောင်မုန့်။ ရောင်ပင်းနှင့်လည်း အနည်းငယ် ရုပ်ချင်းဆင်တူသည်။
“ အောင်မလေး… အဲ့လောက် အကောင်းစားကြီးတွေ ဝတ်ပြီး ရောက်လာရသလားဟဲ့…” ရောင်မုန့်၏ မိန်းမဖြစ်သူ ကျောက်လီရှမှ လက်ခုပ်နှစ်ဖက်တီးရင်း ပြောလာသည်။
ရောင်ပင်းကြောင့် လင်းရီလည်း ရောင်မုန့်နှင့်အတူ အတန်ငယ် စကားပြောဖူးကာ ကျေးရွာဘက်တွင်တော့ ထိုမျှက အတော်လေး ရင်းနှီးနေပြီဟူ၍ ဆို၍ရသည်။
တစ်ခါတစ်ရံ လင်းရီကိုပင် မြို့ပေါ်တက်၍ ပစ္စည်းများ သယ်ကူပေးတတ်သေး၏။ အချိန်ခဏကြာပြီးနောက် နှစ်ဦးကြား လျှင်မြန်စွာဖြင့် ရင်းနှီးလာခဲ့လေသည်။
“ ငါလည်း ပြောတာပဲ… သူကမှ နားမထောင်တာ..” စွန်းချွင့်လီမှ ပြောလိုက်သည်။
“ မြန်မြန်… အပေါ်က ကုတ်ကို ချွတ်ထားလိုက်… အစ်မ နင်ဝတ်လို့ရအောင် တစ်ခုခု သွားရှာပေးမယ်…” ကျောက်လီရှ ကျီချင်းရန်ကို အိမ်ထဲ ဆွဲခေါ်သွားခဲ့ပြီး “ နင့်ရဲ့ အဝတ်အစားတွေက အရမ်းကောင်းတယ်… တကယ်လို့ ညစ်ပတ်သွားခဲ့ရင် နှမြောစရာကြီး….”
“ ကျေးဇူးပါ ဒုတိယမရီး…”
“ မလိုပါဘူးအေ…”
ကျောက်လီရှမှ အပြာရောင် အမျိုးသမီးဝတ် အင်္ကျီကို ဗီရိုထဲမှ ထုတ်ယူလိုက်ပြီး ကျီချင်းရန်လက်ထဲ ထည့်ပေးလိုက်သည်။
“ နင် ဒါလေးပဲ ဝတ်လိုက်… လျှော်ထားတာ သိပ်မကြာသေးဘူး… သန့်ပြီးသား...”
“ ဟုတ်… ကျေးဇူးနော် မရီး…”
ပြောပြီးနောက် ကျီချင်းရန် သူမ၏ သားမွေးကုတ်ကို ချွတ်လိုက်ပြီး ကျောက်လီရှ ပေးလာသည့် အင်္ကျီကို အပေါ်မှ နေ၍ ထပ်လိုက်သည်။
“ ညီမ… နင့်ရဲ့ ရင်ဘက်က တော်တော်လေး ကြီးတာပဲနော်…”ကျောက်လီရှ ပြောလိုက်ပြီး “ ငါဆို ကလေး တစ်ယောက် မွေးထားပြီးတာတောင် နင့်ကို မယှဉ်နိုင်သေးဘူး… နင်သာ ကလေးမွေးရင် နင့်ကလေးကတော့ နို့မဝမှာ ပူစရာ မလိုတော့ဘူး..”
“ အာ….”
ကျောက်လီရှမှ ချီးကျူးနေသော်ကြား ကျီချင်းရန်မှာ မျက်နှာနီရဲသည်အထိ ရှက်ရွံ့နေမိတော့၏။ အခန်းထဲတွင် မိန်းမသား သုံးဦးတည်းသာ ရှိသော်လည်း ယခုလိုမျိုး ပြောရန်မသင့်ဟု သူမ ခံစားနေရသည်။ သူမက အပျိုလေးအဖြစ်သာ ရှိနေသေးသောကြောင့်လည်း ဖြစ်ကောင်း ဖြစ်နိုင်ပေသည်။
“ ဒီ ... ဒီတ်ိုင်းပါပဲ..”
“ ယောင်းမကလဲ … ကျုပ်တို့ကသာ တွဲကျနေတာ မြို့ပေါ်က မိန်းကလေးတွေက သူတို့ကိုယ်သူတို့ ဘယ်လို ဂရုစိုက်ရမလဲ ကောင်းကောင်းသိပြီးသား… တကယ်လို့ အရမ်းကြီးနေရင်တောင် တင်းတင်းရင်းရင်းနဲ့..” စွန်းချွင့်လီ အားကျနေသည့် လေသံဖြင့် ပြောလိုက်သည်။
“ အဟမ်း.. အဲ့အကြောင်း မပြောကြစို့… ကျွန်မက ခုထိ အိမ်ထောင်တောင် မပြုရသေးဘူးလေ…”
“ ဟုတ်ပါ့… သူ့ရဲ့ ကိုယ်လုံးကိုယ်ပေါက်ကို ကြည့်စမ်းပါဦး… တစ်ခုခုတော့ တစ်ခုခုပဲ…” ကျောက်လီရှ ပြောလိုက်ပြီး “ ငါတို့ရဲ့ တင်တွေဆို စလောင်းဖုံးသာသာလောက် ရှိတာ….”
“ အာ… မရီးတို့ကလည်း… စကားပြောနေတာတွေ တော်ကြစို့… ဝက်မကြီးကမွေးတော့မယ်ဆို.. မြန်မြန်ခေါ်သွားပေး.. ဒီက ကြည့်ချင်နေပြီ…”
ကျီချင်းရန် ရွာ၏ ဘွင်းဘွင်းရှင်းရှင်း ပြောတတ်ကြသည့် ဓလေ့ကို သဘောကျမိသော်လည်း နေသားကျအောင်တော့ အတော်လေး အချိန်ယူရမည့်ဟန်ပင်။
“ အေးပါ အေးပါ… နောက်မှ ပြောကြတာပေါ့.. နင်တို့ မြို့သူလေးတွေကလည်း အရမ်း မျက်နှာပါးကြတာပဲအေ…တကယ်တည်း....”
ကျောက်လီရှ ရယ်မောလိုက်ပြီး ကျီချင်းရန်ကို အပြင်သို့ ခေါ်ထွက်လာခဲ့လိုက်လေသည်။
“ ဒုတိယမရီး…. ကျွန်မတို့ ဝက်ခြံထဲ သွားမှာ မဟုတ်ဘူးလား…” သူမ မေးမြန်းလိုက်သည်။
“ ဝက်မကြီးက မွေးခါနီးဆိုတော့ စတိုခန်းထဲ ရွေ့ထားလိုက်တာလေ….. အဲ့နေရာက ဝက်ခြံထက်တော့ ပိုကောင်းတာပေါ့….” ကျောက်လီရှ ပြောလိုက်ပြီး “ လူတွေ မွေးခါနီး ဖွားခါနီးဆို မွေးခန်းဝင်ရတယ်မလား.. အဲ့တာနဲ့ သဘောတရားချင်း အတူတူပဲ….”
“ အိုး… နားလည်ပြီ…”
သုံးယောက်သား စတိုခန်းထဲ ရောက်လာတော့ ကျီချင်းရန် လင်းရီကို မြင်တွေ့သွားခဲ့ပြီး သူ့အနား လျှောက်လှမ်းသွားလိုက်သည်။
သို့သော်လည်း သူမ လင်းရီနှင့် စကားပြောရန် အာရုံမရှိသေး။ ထိုအစား မြေပြင်ပေါ်ရှိ ဝက်မကြီးထံသို့သာ စိတ်ရောက်နေလေသည်။
ဝက်မကြီးမှာ ကီလို ၃၀၀ ခန့် အလေးချိန်စီးပြီး မြေပြင်တွင် လဲလျောင်းနေကာ မနားတမ်း အော်ဟစ် မြည်တမ်းနေသည်။ ၎င်းကို မြင်တော့ ကျီချင်းရန် မျက်မှောင်ကြုတ်သွားခဲ့၏။ သူမ အော်နေသည့် အသံဗလံများကို နားမလည်သော်လည်း ဝက်မကြီး နာကျင်နေသည်ကိုတော့ ကောင်းကောင်းကြီး ခံစားနိုင်သည်။
“ အချန်စေ့နေပြီကို ဘာလို့ ခုထိ ထွက်မလာသေးတာ… ဒေါက်တာ နရုန်လေး.. ကျုပ်ဝက်မကြီး ... တစ်ခုခုတော့ မဖြစ်လောက်ပါဘူးနော်…”
ဒေါက်တာ နရုန်လေး ဆိုသူက နရုန်ရွှမ်းပင်။ ထိုသူက မြို့ကျန်းမာရေး စင်တာရှိ ဆရာဝန်တစ်ဦးဖြစ်၏။
သို့သော်လည်း သူ့အလုပ် ဝင်ငွေက ကောင်းစွာ ထောက်ပံ့နိုင်ခြင်း မရှိနိုင်သောကြောင့် ရွာဘက် ဝက်လိုက်မွေးပေးသည့် အရံအလုပ်ကို လုပ်ကိုင်နေရလေသည်။
ထို့ပြင် ရွာရှိ အိမ်အများအပြားတွင် နွားနှင့် သိုးများကိုလည်း မွေးပေးခဲ့ဖူးသေးသည်။ လွန်ခဲ့သည့်နှစ်က သူ ၀မ်းဆွဲပေးလိုက်သည့် ဝက်မကြီးမှ သား ၁၄ ကောင် ပေါက်သွားခဲ့ပြီး နရုန်ရွှမ်းအား တစ်ခါတည်း နာမည်ကြီးသွားစေတော့၏။
ထိုကိစ္စပြီးနောက် အိမ်ရှိ ဝက်များ မွေးဖွားရန် လိုသည့်အခါတိုင်း နရုန်ရွှမ်းကိုသာ ခေါ်ပါဟူသည့် ကောလဟာလများ စတင်ပျံ့နှံ့လာလေသည်။ အကယ်၍ ထိုသို့ ပြုလုပ်ခဲ့ပါက မိမိတို့၏ မွေးတိရစ္ဆာန်တို့မှာ အကောင်ပေါက်များစွာ ဖွားနိုင်မည်ဆိုသည်ပင်။
အကယ်၍များ နရုန်ရွှမ်းက တိရစ္ဆာန်မွေးမြူရေး သမား မဟုတ်ပဲ ဝမ်းဆွဲသည်သာဖြစ်ကြောင်း ထိုသူတို့ သိရှိခဲ့မည်ဆိုပါက……
အကောင်ရေ မည်မျှ ပေါက်မလဲဆိုတာ သူနှင့် အပ်စပ်သက်ဆိုင်နေခြင်း မရှိချေ။
သို့သော်လည်း ရှုထောင့်တစ်ချို့မှ ကြည့်မည်ဆိုလျှင်တော့ သူသည်လည်း လူထူးဆန်းတစ်ဦးပင်။
“ ကျုပ် ရွာထဲက ဝက်မကြီးတွေ အကုန်လုံးကို လိုက်ပြီး သားပေါက်ပေးဖူးပါတယ်… ဘာများမှားယွင်းနိုင်မှာလို့… ဒီတိုင်း စောင့်ကြည့်နေလိုက်…” နရုန်ရွှမ်း ခိုင်မာသည့် လေသံဖြင့် ပြောလိုက်၏။
သူထိုသို့ ဆိုလိုက်သော်လည်း ရောင်မိသားစု၏ ရတက်ကို အေးချမ်းသွားစေနိုင်ခြင်းမရှိ။ တစ်မိသားစုလုံး စိုးရိမ်ပူပန်နေကြဆဲပင်။
သူတို့ နားလည်သလောက်ကတော့ ယခု အချိန်လောက်ဆို သားဖွားပြီးသင့်သည့် အချိန်ပင်။ သို့သော်လည်း ဝက်ပေါက်လေးများကတော့ ယခုတိုင် အထဲမှ ထွက်မလာကြသေးချေ။ ထို့ကြောင့် သူတို့ဘက်က ဘာမျှ မစွမ်းဆောင်နိုင်သော်လည်း တတ်ကျွမ်းသည့်ဘက်မှ စိတ်ပူပေးရန်သာ တတ်နိုင်လေတော့သည်။
အကယ်၍ တစ်ခုခု မှားယွင်းသွားပါက ဧရာမ ဆုံးရှုံးမှုကြီး ဖြစ်ပွားသွားနိုင်သည်။
“ ဘာမှတော့ မဖြစ်လောက်ပါဘူးမလား…” ကျီချင်းရန် မေးလိုက်သည်။
“ ကြည့်ရတာ ဝက်မကြီးက မွေးဖို့ အခက်တွေ့နေတယ်နဲ့တူတယ်…” လင်းရီ ပြောလိုက်ပြီး “ ဒါပေမယ့် ကြီးကြီးမားမား ပြဿနာတော့ မဟုတ်ပါဘူး..”
စနစ်၏ အကူအညီဖြင့် လင်းရီမှ ကဏ္ဍပေါင်းစုံ ဆေးပညာ ကျွမ်းကျင်မှုအား ပိုင်ဆိုင်ထားသော်လည်း ထိုအထဲ တိရစ္ဆာန် ဆေးဝါးကျွမ်းကျင်မှုတော့ မပါဝင်ချေ။ထို့ကြောင့် သူ၏ အတွေ့အကြုံတို့မှ တဆင့် အခြေအနေကို ခန့်မှန်းပြောဆိုနိုင်ရုံလောက်သာ တတ်နိုင်သည်။
နရုန်ရွှမ်း ကုန်းကွ ထိုင်လိုက်ပြီး လက်အိတ်စွပ်ကာ မွေးလမ်းကြောင်းထဲသို့ နှိုက်စမ်းကြည့်လိုက်၏။
အချိန်အတော်ကြာအောင် လိုက်စူးစမ်းကြည့်ပြီးနောက် သူ မျက်မှောင်ကြုတ်သွားခဲ့ပြီး “ ကလေးက ဘယ်နေရာရောက်နေတာ…”
“ ဝက်မကြီးက မွေးဖို့ ခက်နေတာ… ခင်များ အဲ့လိုတွေ လုပ်နေတာက ဘာမှ အလုပ်ဖြစ်မှာ မဟုတ်ဘူး…” လင်းရီ ပြောလိုက်၏။
နရုန်ရွှမ်းမှာ နည်းပညာဆိုင်ရာ ကျွမ်းကျင်မှုတို့ မရှိပါဘဲ မလုပ်တတ် မကိုင်တတ်နှင့် နည်းလမ်းဟောင်းကြီးများကိုသာ မှီခိုနေကြောင်း လင်းရီ သတိပြုမိသည်။
နားဝင်ကြားကောင်းအောင် ပြောရမည်ဆိုလျှင်တော့ အင်အားသုံး၍ အံ့ဖွယ်ဖြစ်အောင် ဖန်တီးနေခြင်းပင်။
နားဝင်ဆိုးအောင် ပြောရလျှင်တော့ စိတ်ထဲ ရှိရာ လျှောက်လုပ်စမ်းသပ်ကြည့်နေခြင်း ဖြစ်လေသည်။
အကယ်၍ ဝက်မကြီးသာ အောင်မြင်စွာ သားပေါက်နိုင်မည်ဆိုပါက လူတိုင်းက ပျော်ရွှင်ကြမည်ဖြစ်သော်လည်း အကယ်၍ သားမပေါက်နိုင်ခဲ့လျှင်တော့ သတ်၍ ညစာလုပ်စားရုံသာ ရှိတော့သည်။
ခြုံငုံကြည့်လျှင်တော့ တော်တော်လေးကို စိုးထိတ်ဖွယ်ရာ ကိစ္စရပ်ကြီး ဖြစ်လေသည်။