← Chapters

ခင်ဗျားဖော်တဲ့ဆေး ခင်ဗျား ပြန်စား

Vol. 73 Ch. 958

ခင်ဗျားဖော်တဲ့ဆေး ခင်ဗျား ပြန်စား

Vol. 73 Ch. 958

တစ်စက္ကန့်လေးအတွင်း မဟာဧကရာဇ်ပုံရိပ်မှာ မြေအောက်ဘုံအရှင်သခင်နှင့် ကောင်းကင်နယ်စားမင်းလို ရှေးဟောင်းနတ်ဘုရားတို့၏ ပုံရိပ်များအတွင်း၌ နစ်မြုပ်သွားတော့သည်။

ဘုန်း

မရေမတွက်နိုင်သည့် သိုင်းကွက်များကြောင့် မဟာဧကရာဇ်၏ ပုံရိပ်သည် အစိတ်စိတ်အမြွှာမြွှာ ကွဲထွက်သွား၏။ ၎င်းက ပြန့်ကြဲနေသော အသိစိတ်အလျဉ်အသွင်ဖြင့် ကောင်းကင်ထက်သို့ မြောက်တက်သွားပြီးနောက် မဟာဧကရာဇ်ပုံရိပ်အဖြစ် ပြန်လည်ဖွဲ့တည်သွားသည်။ သူ၏ခြုံထည်က ကောင်းကင်တစ်လျှောက် လွှမ်းမိုးထားသည်။

သူ မဟာခြုံလွှမ်းအဆင့်မြင့်အသိစိတ်အလျဉ်ကို အသုံးပြုလိုက်သည့်အခါ ရှေးဟောင်းနတ်ဘုရားတို့၏ ပုံရိပ်များသည် သူ၏ခြုံထည်အောက်မှ လမ်းလျှောက်ထွက်လာကြ၏။

ချင်မူကောင်းကင်နယ်စားမင်းက သူ့ဆီသို့ လှမ်းဆွဲကာ အော်သည်။ “ဒီကို လာခဲ့စမ်း”

ကောင်းကင်ပိုက်ကွန်နှစ်ခုသည် ကောင်းကင်ထက်မှ ခြုံထည်တစ်ထည်လို လွင့်ကျလာကာ မဟာဧကရာဇ်အား လှုပ်မရအောင် ချုပ်လိုက်၏။

မဟာဧကရာဇ်၏ပုံရိပ် ကောင်းကင်ပိုက်ကွန်အတွင်းမှ ရုန်းထွက်နိုင်တော့မည့်အချိန် ကောင်းကင်သံသရာ ကြယ်အရှင်သခင်များက ကြယ်တာရာကောင်းကင်ကို အသုံးချ၍ နောက်ထပ် ကောင်းကင်ပိုက်ကွန်အသွင် ဖွဲ့တည်ကာ အောက်သို့ ပစ်ချလိုက်ရင်း သူ့ကို ထိုက်ကျိစက်ဝန်းအပေါ်၌ ချုပ်ထားသည်။

ချင်မူမြေအောက်ဘုံအရှင်သခင်၏ ချိုများသည် မီးတောက်ကွင်းနှစ်ကွင်း ဖြစ်လာကာ မဟာဧကရာဇ်၏ ခန္ဓာကိုယ်ကို ရစ်ပတ်လျက် ထွက်မပြေးနိုင်အောင် တားထားသည်။ အမိကမ္ဘာမြေက ကမ္ဘာဦးသစ်ပင်ကို ကောက်၍ သူ့အပေါ်သို့ ရိုက်ချဖျက်စီးလိုက်သည်။

မဟာဧကရာဇ်၏အသိစိတ်အလျဉ်မှာ ထိုက်ကျိစက်ဝန်းတစ်လျှောက် စီးဖြာသွားသည်။ ထို့နောက် ပြန်စုစည်းလာသော်လည်း နဂါးစိမ်း၊ ကျားဖြူ၊ မီးငှက်နှင့် လိပ်နက်ကဲ့သို့ ရှေးဟောင်းနတ်ဘုရားတို့၏ ပုံရိပ်များက သူ့ကို အလယ်၌ ထား၍ ဝန်းရံထားကြ၏။

တစ်ချိန်တည်းမှာပင် ချင်မူ၏မူလဝိညာဉ်က လေပေါ် ခုန်တက်ရင်း လက်ဝါးများ မြှောက်ကာ နတ်မင်းလေးပါးစည်းတံဆိပ်များအပေါ် ခပ်ပြင်းပြင်း ရိုက်ချလိုက်သည်။

ပြင်းပြင်းထန်ထန် လှုပ်ခတ်သွားပြီးနောက် မဟာဧကရာဇ်၏ အသိစိတ်အလျဉ်မှာ ပြိုကွဲသွားပြန်သည်။

“ခင်ဗျား ကျွန်တော့်ကို နည်းနည်းလေးမှ နားမလည်သေးပါဘူး မဟာဧကရာဇ်”

ချင်မူက အောက်သို့ ဆင်း၍ မဟာဧကရာဇ်၏ ပြိုကွဲနေသော အသိစိတ်အလျဉ်အတွင်း ဝင်လိုက်သည်။ ပတ်ပတ်လည်တွင် အသိစိတ်အလျဉ်အပိုင်းအစများသည် မှန်ကွဲစများပမာ တောက်ပနေ၏။ သူ၏အသိစိတ်အလျဉ်က မြင်ယောင်စိတ်ကူးစရာပင် မလိုဘဲ ပြောင်းလဲနိုင်သော အတိုင်းအတာအထိ ရောက်နေချေပြီ။ အမှန်တကယ် အထင်ကြီးစရာကောင်းသည်။

“ကျွန်တော့်မှာ အားအသာဆုံးအပိုင်းက သိုင်းအဆင့်မဟုတ်ဘူး... ချီစွမ်းအင်လည်း မဟုတ်ဘူး.. နတ်ဘုရားတစ်ပါးလို နက်ရှိုင်းအားကောင်းတဲ့ အသိစိတ်အလျဉ်ပဲ”

ချင်မူ ဝိညာဉ်အပိုင်းအစတစ်ခုကို ကြည့်ရင်း ဆန်းကြယ်နက်နဲနေသော သဘောတရားများအား လေ့လာနေပြီး ဆက်ပြောသည်။ “ကျွန်တော်က ဝိညာဉ်ဆုံးရှုံးလိုက်ရတုန်းက ထာဝရနတ်ဘုရားအသိစိတ်အလျဉ်ကို အားကိုးနေခဲ့ရတာ ကြာပြီ.. ဒါပေမဲ့ ရှုကျွင်းနဲ့ တွေ့ပြီး သူ့ရဲ့ မဟာကမ္ဘာဦးအစ မူလကျောက်တုံးကနေ အဆင့်မြင့်အသိပညာသုံးခုကို ကျင့်ကြံပြီးနောက်ပိုင်း ကျွန်တော့်ရဲ့အသိစိတ်အလျဉ်ကျင့်စဉ်က အတော်လေး သန်မာအားကောင်းလာခဲ့တယ်... ခင်ဗျားက ကျွန်တော့်ကောင်းကင်ရတနာထဲကို ဝင်လာပြီး ကျွန်တော်ရဲ့ ကောင်းကင်ကမ္ဘာသုံးပါးကျင့်စဉ်ကို ချိးဖျက်နိုင်မယ်လို့ ဘာကြောင့်ထင်နေတာလဲ.... ကျွန်တော် ခင်ဗျားကို တမင် ဝင်ခွင့်ပေးပြီး ခင်ဗျားရဲ့ အသိစိတ်အလျဉ်ကို ဝါးမြိုလိုက်ရင် ဘယ်လိုလုပ်မလဲ”

“မင်းက ငါ့အသိစိတ်အလျဉ်ကို ဝါးမြိုချင်တယ်ဟုတ်လား”

ထိုအသိစိတ်အလျဉ်အစိတ်အပိုင်းများသည် မှန်ကွဲစများသဖွယ် ချင်မူ့ကို တဟူးဟူး လှည့်ပတ်နေ၏။ မဟာဧကရာဇ်၏အသံက သူ့နားထဲ ရောက်လာပြီး သူက ရယ်နေသည်။ “မင်း အဆင့်မြင့်အသိပညာသုံးခုထက် နည်းနည်းပါးပါးလေး ပိုသိထားရုံနဲ့ ငါ့ကို တိုက်ခိုက်နိုင်ပြီ ထင်နေလား”

“မထင်ပါဘူး... ဒါတွေနဲ့တင် ခင်ဗျားကို ကျွန်တော် ဘယ်နိုင်ပါ့မလဲ”

ချင်မူက အသိစိတ်အလျဉ်အပိုင်းအစတစ်ခုကို ကောက်၍ အကဲခတ်ကြည့်ရှုပြီးနောက် ပြောသည်။ “ခင်ဗျားက ကမ္ဘာဦးခေတ်ရဲ့ ကေင်းကင်နတ်ဧကရာဇ်၊ မဟာကမ္ဘာဦးအစ မူလကျောက်တုံးရဲ့ မူလပိုင်ရှင်မဟုတ်လား... ဒါ့အပြင် အဲဒီကျောက်တုံးတစ်တုံးစလုံးကိုလည်း ရထားတယ်... ကျွန်တော့်မှာတော့ အပိုင်းအစတစ်ခုပဲ ရှိတာ”

ချင်မူကောင်းကင်နယ်စားမင်းသည် ကောင်းကင်ကို အုပ်မိုးထား၏။ ကောင်းကင်သံသရာကြယ်အရှင်သခင်များက ကောင်းကင်ကို လှည့်ပတ်နေစဉ် နေနှင့်လသည် ထိုက်ကျိစက်ဝန်းအတွင်းသို့ နစ်မြုပ်သွား၏။ ဧရာမနေလုံးကြီးတစ်လုံး ပေါ်ထွက်လာပြီး အတွင်း၌ ချင်မူမဟာနေဧကရာဇ် ရှိနေသည်။ လပြည့်သည်လည်း ထိန်ထိန်လင်းလာကာ ချင်မူမဟာလဧကရာဇ်အား တွေ့မြင်ရဿည်။

ထိုက်ကျိစက်ဝန်းအောက်တွင် ချင်မူမြေအောက်ဘုံအရှင်သခင်က မျှော်လင့်တကြီးဖြင့် ကြာပွတ်ကိုင်ထားသည်။

အပြင်တွင် ယွဲ့ထင်းထဲ၊ လော့ဝူရွှမ်နှင့် ရှုကျွင်းတို့မှာ မဟာဧကရာဇ်ပုံရိပ်နှင့် အကြိတ်အနယ် တိုက်ခိုက်နေကြသည်။

“ခင်ဗျား ဒီလောက် သန်မာအားကောင်းနေတဲ့ အကြောင်းရင်းက အဲဒါကြောင့်တင် မဟုတ်ဘူး.. ခင်ဗျားဟာ မရေမတွက်နိုင်တဲ့ ဖန်ဆင်းရှင်တွေ မြင်ယောင်ဖန်ဆင်းလိုက်တဲ့ ဖြစ်လာတဲ့အရာပဲ... ခင်‌ဗျားရဲ့ ရုပ်ခန္ဓာနဲ့ အသိစိတ်အလျဉ်ကလည်း ခိုင်မာတောင့်တင်းတယ်... ခင်ဗျားက ကမ္ဘာဦးခေတ်ရဲ့ အသန်မာဆုံး သိုင်းပညာရှင်ဖြစ်ခဲ့တာ ယုံမှားစရာမရှိဘူး.... ရှုကျွင်းဆိုရင် ခင်ဗျားကို သမိုင်းတစ်လျှောက်လုံး အသန်မာဆုံးရုပ်ခန္ဓာလို့တောင် ချီးကျူးခဲ့ဖူးတယ်”

ချင်မူ ဆက်ပြောသည်။ “ကျွန်တော့်အမြင်အရ... သမိုင်းတစ်လျှောက် အသန်မာဆုံး ရုပ်ခန္ဓာက ခင်ဗျား‌တော့ မဟုတ်လောက်ဘူး... ခင်ဗျားမှာက အသန်မာဆုံး အသိစိတ်အလျဉ်ရှိတာ... ဒါပေမဲ့ အချိန်တွေ ပြောင်းလဲသွားပြီ”

ရုတ်တရက် မဟာဧကရာဇ်အသိစိတ်အလျဉ်၏ အပိုင်းအစများက ပြန်လည်စုစည်းလာည်။ သူ့တွင် ခန္ဓာကိုယ် ပြန်ရှိလာပြီး အသိစိတ်အလျဉ်ကို သုံး၍ မိစ္ဆာနတ်ဆိုးများစွာ စေလွှတ်လိုက်၏။ သူက ချင်မူ့မျက်နှာ ရှိသော ရှေးဟောင်းနတ်မင်းလေးပါး ချုပ်နှောင်ထားသည့်ကြားမှ ရုန်းထွက်ပြီး လေပေါ်ပျံတက်သွားသည်။

“အချိန်တွေ ပြောင်းလဲသွားပြီ.... ခင်ဗျားက မဟာလေဟာနယ်လို ဆန်းကြယ်နေရာတစ်နေရာမှာ ဖန်ဆင်းရှင်တွေရဲ့ လုပ်ကြံသတ်ဖြတ်မှုကြောင့် သေဆုံးနေပြီ”

ချင်မူ မော့ကြည့်လိုက်သည့်အခါ ကောင်းကင်နယ်စားမင်း ချထားသော ကောင်းကင်ပိုက်ကွန်ထဲသို့ မဟာဧကရာဇ်ဝင်သွားကြောင်း မြင်လိုက်ရသည်။ “ခင်ဗျားက အဲဒီဖန်ဆင်းရှင်တွေ လက်ထဲမှာ သေဆုံးခဲ့ပြီး ခင်ဗျားရဲ့ အသိစိတ်အလျဉ်အားလုံးက ဒီအဆင့်မြင့်အသိစိတ်အလျဉ်နယ်ကို ဖန်ဆင်းပေးလိုက်တယ်... ခင်ဗျားရဲ့အသိစိတ်အလျဉ်အများစုက ဒါရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်လာတော့ ခင်ဗျား အသုံးချနိုင်မယ့် အသိစိတ်အလျဉ်ပမာဏက သိပ်မများဘူး”

ဘုန်း

မဟာဧကရာဇ်ပုံရိပ် ပြိုကွဲသွားပြန်သည်။ ကောင်းကင်နယ်စားမင်းနှင့် အမိကမ္ဘာမြေက ၎င်း စိစိညက်ညက် ပြိုကွဲသွားသည့်တိုင်အောင် ထုနှက်ရိုက်ချနေသည်။ သူ၏အပိုင်းအစများက စီးနေသော လေစီးကြောင်းများပမာ ထိုက်ကျိစက်ဝန်းအတွင်း ဝင်၍ အောက်မှ ထွက်သွားရန် ကြိုးစားနေသည်။ နောက်တခဏတွင် ချင်မူမြေအောက်ဘုံအရှင်သခင်နှင့် သူ ပက်ပင်းတိုးသွားသည်။

ချင်မူ့အသံက ထိုက်ကျိစက်ဝန်းအပေါ်မှ လာသည်။ သူက ယိုတုကမ္ဘာသို့ ငုံ့ကြည့်ရင်း ပြောနေ၏။ “ခင်ဗျား ကျွန်တော်တည်ထားတဲ့ ကောင်းကင်ကမ္ဘာသုံးမျိုးကို ဖျက်စီးလိုက်တဲ့အချိန်တိုင်း ခင်ဗျားရဲ့ အသိစိတ်အလျဉ် ဒဏ်ရာရသွားတယ်... ကျွန်တော့် ဝိညာဉ်သန္ဓေသား ကောင်းကင်ရတနာဆီ ရောက်လာတဲ့အချိန်မှာ ခင်ဗျားအခြေအနေက သိပ်မဟန်တော့ဘူး... ယွဲ့ထင်းကဲနဲ့ လော့ဝူရွှမ်တို့ မူလဝိညာဉ်တွေရဲ့ တိုက်ခိုက်မှုကို ခုခံလိုက်ရတဲ့အခါ ခင်ဗျားရဲ့အသိစိတ်အလျဉ် ကုန်ခမ်းသွားတယ်”

သူက ဆက်မပြောသော်လည်း မဟာဧကရာဇ် နားလည်သည်။

ကမ္ဘာဦးဘုရင်သုံးပါးအနက်မှ တစ်ပါးဖြစ်သော ရှုကျွင်း သူတို့ကို ဟန့်တားခဲ့သည့်အချိန်တွင် သူ၏အသိစိတ်အလျဉ်တစ်ဝက် ကုန်ဆုံးသွား၏။

ချင်မူ ရင်ဆိုင်ရသော အသိစိတ်အလျဉ်ပမာဏက သိပ်မများသောကြောင့် ချင်မူက ဤအခွင့်အရေးကို အမိအရဖမ်းဆုပ်ကာ မဟာဧကရာဇ်၏အသိစိတ်အလျဉ်အား ဖမ်း၍ သန့်စင်ရန် ပြင်နေသည်။

မဟာဧကရာဇ်သည် ချင်မူ၏အသိစိတ်အလျဉ်ကို ဖယ်ရှားခြင်းဖြင့် ချင်မူ့ခန္ဓာကိုယ်အား ငှားခြင်း၊ ပူးကပ်ခြင်းများလည်း လုပ်ချင်နေ၏။ သို့သော် ချင်မူက သူ၏ကျင့်စဉ်များနှင့် မှတ်ဉာဏ်များ ရရှိရန် ရည်ရွယ်ချက်ဖြင့် သူ့အား ထောင်ချောက်ထဲသို့ မျှားခေါ်နေသည်။

မျက်လုံးတစ်လုံးလျှင် မျက်လုံးတစ်လုံးချင်း၊ သွားတစ်ချောင်းဆုံးလျှင် သွားတစ်ချောင်းချင်းးပင်။

ချင်မူမှာ မဟာလွှမ်း အဆင့်မြင့်အသိစိတ်အလျဉ်ကြောင့် ရင်ထဲ လှုပ်ရှားမိသည်။ အထူးသဖြင့် အဆင့်မြင့်အသိစိတ်အလျဉ်နယ်သို့ ရောက်လာပြီးနောက်၌ ကျင့်ကြံခြင်းလမ်းစဉ်နောက်တစ်ခုအား မြင်တွေ့ရခြင်းကြောင့်ပင်။

ရှုကျွင်း၏ အဆင့်မြင့်အသိပညာသုံးခုက ကောင်းမွန်သော်လည်း ၎င်း၏ လိုအပ်ချက်များကို မြင်နေရသောကြောင့် မဟာဧကရာဇ်၏ မဟာခြုံလွှမ်းအဆင့်မြင့်အသိစိတ်အလျဉ်ကို တောင့်တမိလေသည်။

ချင်မူမျက်နှာနှင့် ရှေးဟောင်းနတ်မင်းလေးပါးက ယိုတုသို့ နစ်မြုပ်သွားသည်။ သူတို့သည် ချင်မူမြေအောက်ဘုံအရှင်သခင်နှင့်အတူ မဟာဧကရာဇ်ကို ယိုတုထဲမှ တွန်းထုတ်ရင်း ဖြိုခွဲပစ်လိုက်၏။

“သန်မာလှချည်လား ကောင်းကင်နတ်အရှင်မူ...”

မဟာဧကရာဇ်၏ အသိစိတ်အလျဉ်အပိုင်းအစများ လေပေါ် မြောက်တက်သွားပြီး ၎င်းတို့ဆီမှ မဟာဧကရာဇ်၏ ရယ်သံ ထွက်ပေါ်လာသည်။ “ငါ မင်းကို အထင်သေးခဲ့မိတော့ မင်း အသာစီးရသွားတာပဲ... ကံဆိုးစွာနဲ့ မဟာခြုံလွှမ်း အဆင့်မြင့်အသိစိတ်အလျဉ်ကို မင်း နားမလည်ဘူး”

ချင်မူကောင်းကင်နယ်စားမင်းသည် သူ့ကို တားရန် ချက်ချင်း ရောက်လာသော်လည်း အသိစိတ်အလျဉ်အပိုင်းအစများက ရွေ့လျားလာပြီး သူ့ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာ၏။

ချင်မူကောင်းကင်နယ်စားမင်း၏ အမူအရာ သိသိသာသာ ပြောင်းလဲသွားသည်။ နောက်တခဏတွင် သူ့၌ တစ်ခုနှင့်တစ်ခု တွန်းကန်နေသော မျက်နှာနှစ်ခု ပေါ်လာသည်။ လူနှစ်ယောက်က ခန္ဓာကိုယ်ကို လုပ်နေသည့်အလားပင်။

ဤအခြေအနေသည် ခန္ဓာကိုယ်တစ်ကိုယ်တည်းမှ ကောင်းကင်နယ်စားမင်းနှစ်ယောက် ခွဲထွက်ရန် ကြိုးစားနေသကဲ့သို့ ထင်ရ၏။

ချင်မူ့အမူအရာလည်း ပြောင်းလဲသွားပြီး တရှိန်ထိုး ပြေးတက်သွားသည်။ သို့သော် သူ ချင်မူကောင်းကင်နယ်စားမင်းဆီသို့ ရောက်သည့်အခါ ချင်မူကောင်းကင်နယ်စားမှာ မဟာဧကရာဇ်၏ အသိစိတ်အလျဉ်ဖြင့် ဝါးမြိုခံလိုက်ရချေပြီ။

ချင်မူကောင်းကင်နယ်စားမင်း၏ မျက်နှာက မဟာဧကရာဇ်၏ မျက်နှာ ဖြစ်လာသည်။

မဟာဧကရာဇ်ကောင်းကင်နယ်စားမင်း တဟားဟား ရယ်နေစဉ် အသိစိတ်အလျဉ်အပိုင်းအစများ စီးထွက်လာပြီး ချင်မူ့မျက်နှာ ရှိသော ကြယ်တာရာအရှင်သခင် ၃၆၀ ပါး၏ ခန္ဓာကိုယ်များအတွင်းသို့ ဝင်ရောက်သွား၏။

ထိုကြယ်တာရာအရှင်သခင်များလည်း ချင်မူကောင်းကင်နယ်စားမင်းနည်းတူ ဖြစ်ရပ်မျိုး ကြုံတွေ့ရသည်။ သူတို့၏မျက်နှာများမှာ တွန့်လိမ်ပုံပျက်လာပြီးနောက် မဟာဧကရာဇ်၏မျက်နှာ ဖြစ်လာကြသည်။

“ငါ စိတ်ရှိရင် ကမ္ဘာလောကကြီးကိုတောင် ငါ ဖြစ်လာအောင် လုပ်လို့ရတယ်”

မဟာဧကရာဇ်၏ အသိစိတ်အလျဉ်သည် အရပ်မျက်နှာနတ်မင်းလေးပါး၊ အမိကမ္ဘာမြေနှင့် ကောင်းကင်ယင်နတ်ဘုရားမတို့ဆီ ရေလှိုင်းလုံးများပမာ ပြေးဝင်သွား၏။ သူက တဟားဟား ရယ်လျက် ပြောသည်။ “ကံဆိုးစွာနဲ့ အဲဒီလိုလုပ်လိုက်ရင် ပျင်းစရာကောင်းမှာပေါ့”

ချင်မူက တရှိန်ထိုး ပြေးလာသည်။ “ကံဆိုးစွာနဲ့ ခင်ဗျားက သေခဲ့ရတုန်းပဲ… ရှေးဟောင်းနတ်ဘုရားတွေက ခင်ဗျားကို ရိုက်နှက်ခဲ့ပြီး ဖန်ဆင်းရှင်တွေရဲ့ ထောင်ချောက်ထဲ ခင်ဗျား ကျခဲ့ရတယ်… ခင်ဗျား နှစ်ကြိမ် ရှုံးခဲ့ရတဲ့အပြင် ဒီနေ့က တတိယအကြိမ် ရှုံးရမယ့်နေ့ပဲ”

မဟာဧကရာဇ်ကောင်းကင်နယ်စားမင်း ဦးဆောင်ထားသော ကြယ်တာရာအရှင်သခင်များက ချင်မူ့ကို ဟန့်တားပိတ်ဆို့နေကြပြီး မဟာဧကရာဇ်ပုံရိပ်သည် မရေမတွက်နိုင်သည့် အသိစိတ်အလျဉ်အပိုင်းအစများအား ချင်မူအမိကမ္ဘာမြေဆီသို့ စေလွှတ်လိုက်၏။ ကျောက်စိမ်းဖန်သားဖြင့် ဖွဲ့တည်နေသော စာကလေးများက သူမကို ဝိုင်းအုံ၍ ပူးကပ်ရန် ကြိုးစားနေသည့်အလားပင်။

ချင်မူမှာ မဟာဧကရာဇ်ကောင်းကင်နယ်စားမင်းနှင့် မဟာဧကရာဇ်အသွင် ပြောင်းလဲသွားသော ကြယ်တာရာအရှင်သခင်များကို ရိုက်ချက်တစ်ချက်ဖြင့် ဖြိုခွဲလိုက်စဉ် မျက်နှာပျက်သွားသည်။ ဤခန့်မှန်းမရလောက်အောင် ထူးဆန်းသော မဟာခြုံလွှမ်းအဆင့်မြင့်အသိစိတ်အလျဉ်နှင့် ပတ်သက်ပြီး သူ မည်သို့မျှ မလုပ်နိုင်ပေ။

“ဒါပေမဲ့ ငါ ဖွင့်ထားတဲ့ ဝိညာဉ်သန္ဓေသားကောင်းကင်ရတနာထဲမှာ ငါက ကောင်းကင်နတ်ဧကရာဇ်ပဲ… ဒါက ငါ့နယ်ပယ်၊ ငါ့ကမ္ဘာ၊ ဒီမှာ ငါက အရှင်သခင်”

ချင်မူ ဟိန်းဟောက်အော်ဟစ်လိုက်သည့်အခါ ကောင်းကင်တာအို ၄၉ မျိုး ပေါ်လာသဖြင့် ကောင်းကင်မှာ ပြောင်းလဲသွားသည်။ ကောင်းကင်တာအို ၄၉ မျိုးတွင် ကောင်းကင်ပိုက်ကွန်၊ ကောင်းကင်အမိန့်၊ ကောင်းကင်တံဆိပ်တော်၊ ကောင်းကင်ယန္တရားနှင့် အစရှိသော အသွင်သဏ္ဍာန်အမျိုးမျိုး ဖွဲ့တည်လာကြပြီး မြင့်မားထည်ဝါသော ရှေးဟောင်းနတ်ဘုရားများလည်း ဆင်းသက်လာကာ မဟာဧကရာဇ်ကောင်းကင်နယ်စားမင်းကို အဘက်ဘက်မှ ပိတ်ဆို့လိုက်ကြသည်။

နောက်ထပ် ကောင်းကင်နတ်ဘုရား ၂၃ ပါး ပေါ်လာပြီး နတ်ဘုရား ၄၉ ပါးကို ကူညီကာ မဟာဧကရာဇ်ကောင်းကင်နယ်စားမင်းကို ချောင်ပိတ်ထားကြ၏။ နတ်ဘုရားများ တစ်ချက် ဆွဲလိုက်သည့်အခါ ကောင်းကင်တာအို ၄၉ မျိုးနှင့် ရွှမ်တုမဟာတာအို ၂၃ မျိုးတို့သည် သူ၏ခန္ဓာကိုယ်ထဲမှ ဆွဲထုတ်ခံလိုက်ရသဖြင့် မဟာဧကရာဇ်ကောင်းကင်နယ်စားမင်းမှာ ခန္ဓာကိုယ်ပြိုကွဲသွားပြီး အသိစိတ်အလျဉ်မှအပ မည်သည့်အရာမှ မကျန်တော့ပေ။

ထိုအသိစိတ်အလျဉ်အပိုင်းအစများက ကောင်းကင်တာအိုနတ်ဘုရား ၄၉ ပါးနှင့် ရွှမ်တုနတ်ဘုရား ၂၃ ပါးတို့ ပိတ်ဆို့ခံထားရသည့်ကြားမှ လွတ်မြောက်အောင် ပျံထွက်လာသည်။ နတ်ဘုရားတို့သည် အလွှတ်မပေးဘဲ အသိစိတ်အလျဉ်အပိုင်းအစများကို စိစိညက်ညက် ကြေအောင် ထုရိုက်နေကြ၏။

ကောင်းကင်ပုလင်းနတ်ဘုရားက လက်ဝှေ့ယမ်းလိုက်သည့်အခါ ကောင်းကင်ပုလင်းတစ်လုံးက အသိစိတ်အလျဉ်အပိုင်းအစများကို သိမ်းဆည်းရန် ဖွဲ့တည်လာသည်။

နတ်ဘုရား ၇၂ ပါးက ကြောက်မက်ဖွယ်ရာ အမြန်နှုန်းဖြင့် ကောင်းကင်ပုလင်းကို လှည့်ပတ်ရင်း သူတို့၏ကောင်းကင်နတ်သိုင်းများ ခတ်နှိပ်ကာ မဟာဧကရာဇ်၏ အသိစိတ်အလျဉ်ကို ဖိနှိပ်နေကြသည်။

အခြားတစ်ဖက်တွင် မဟာဧကရာဇ်ပုံရိပ်က ချင်မူအမိကမ္ဘာမြေ၏ခန္ဓာကိုယ်ထဲ ဝင်ရောက်ကာ ပူးကပ်လိုက်သည်။ ထိုတစ်ချိန်တည်းမှာပင် ယွမ်တုတာအိုနတ်ဘုရား ၃၆ ပါးက ကမ္ဘာဦးသစ်ပင်ထဲမှ ထွက်လာကြကာ မဟာဧကရာဇ်အမိကမ္ဘာမြေကို ချောင်ပိတ်၍ ယွမ်တုတာအို ၃၆မျိုးအား သူမခန္ဓာကိုယ်ထဲမှ ဆွဲထုတ်ကာ မဟာဧကရာဇ်၏အသိစိတ်အလျဉ်သာ ကျန်ရစ်ခဲ့စေသည်။

မဟာဧကရာဇ်ပုံရိပ်က ယိုတုထဲသို့ ကမန်းကတန်း ပြေးသွားသည်။ မဟာဧကရာဇ် အမိကမ္ဘာမြေ၏ ကိုယ်ထဲရှိ အသိစိတ်အလျဉ်ကိုမူ ချင်မူက သိမ်းဆည်းပြီးချေပြီ။

မဟာဧကရာဇ်သည် ချင်မူမြေအောက်ဘုံအရှင်သခင်ကို ပူးကပ်လိုက်သည့်အချိန် အမှောင်ထုထဲမှ မိစ္ဆာနတ်ဘုရား ၆၄ ပါး ထွက်လာသည်ကို ချက်ချင်း မြင်တွေ့လိုက်ရသည်။ သူတို့က ယိုတုမဟာတာအို ၆၄ မျိုးအဖြစ် ဖွဲ့တည်၍ မဟာဧကရာဇ်မြေအောက်ဘုံအရှင်သခင်ကို ဖြိုခွဲကြ၏။

မဟာဧကရာဇ်ပုံရိပ်မှာ အမျက်တချောင်းချောင်း ထွက်သွားပြီး ချင်မူ၏ မူလဝိညာဉ်ဆီ တန်းတန်းမတ်မတ် ပြေးဝင်လာကာ အော်ဟစ်သည်။ “ကောင်းကင်နတ်အရှင်မူ၊ မင်းရဲ့ဒဏ္ဍာရီကိုရော မဟာတာအိုတွေအဖြစ် ခွဲထုတ်ပြနိုင်သေးလား”

ချင်မူ၏မူလဝိညာဉ်မှာ မဟာဧကရာဇ်၏ ကျူးကျော်ဝင်ရောက်လာမှုကြောင့် အကြီးအကျယ် ထိတ်လန့်သွားသည်။ မျက်နှာက မျက်နှာနှစ်ခုအဖြစ် သိသိသာသာ ပြောင်းလဲရင်း ပုံပျက်ရှုံ့တွလာသည်။

ထိုအခိုက်အတန့်တွင် ကောင်းကင်နယ်စားမင်း၊ မြေအောက်ဘုံအရှင်သခင်၊ အမိကမ္ဘာမြေနှင့် ကောင်းကင်နတ်ဘုရားမတို့ ဆင်းသက်လာပြီး လက်ဝါးများ ဆန့်ထုတ်လျက် ချင်မူအား ဝန်းရံလိုက်ကြသည်။

“ခင်ဗျားဖော်တဲ့ဆေး ခင်ဗျား ပြန်စားကြည့်”

နတ်ဘုရားများ လှမ်းဆွဲလိုက်သည့်အခါ ချင်မူသည် သင်္ကေတအမှတ်အသားများဖြင့် ဖွဲ့တည်နေသော မဟာတာအိုမျှင်များအဖြစ် ပြိုကွဲသွားကာ မဟာဧကရာဇ်အသိစိတ်အလျဉ်သာ ချန်ခဲ့သည်။

မဟာဧကရာဇ်အသိစိတ်အလျဉ် ထွက်ပြေးတော့မည့်အချိန် မဟာတာအိုသင်္ကေတအမှတ်အသားများက ချင်မူ့အား ဖွဲ့တည်လိုက်ကြသည်။ ချင်မူက လက်ဝါးဖြင့် အောက်သို့ ဖိချလိုက်ပြီး ကျန်နတ်ဘုရားများကလည်း ရှေ့သို့ တွန်းလိုက်ကြသည်။

ဒုန်း ဒုန်း ဒုန်း

နံရံကြီးလေးဖက် ထောင်မတ်လာကာ မဟာဧကရာဇ်အား အတွင်းထဲ၌ ပိတ်လှောင်လိုက်သည်။

မဟာဧကရာဇ်အသိစိတ်အလျဉ်မှာ ကူကယ်ရာမဲ့လာသဖြင့် ခွေးရူးတစ်ကောင်လို ပြေးလွှားနေသော်လည်း မလွတ်မြောက်တော့ပေ။ သူသည် အံ့လည်း အံ့ဩ၊ ဒေါသလည်း ထွက်သွားပြီး မေး၏။ “မင်းရဲ့ မူလဝိညာဉ်က ဘယ်လိုလုပ် အလိုအလျောက် ပြိုကွဲနိုင်တာလဲ”

“ဘာကြောင့်ဆိုရင် ကျွန်တော့်မှာ အစတုန်းက အသိစိတ်အလျဉ်တွေ အားကောင်းနေတာကလွဲလို့ ဝိညာဉ်မရှိခဲ့ဘူး… ကျွန်တော့်ဝိညာဉ်က နောက်မှ အသစ်ပြန်မွေးဖွားလာတာ”

ချင်ူမ မော့ကြည့်လိုက်သည့်အခါ ရှုကျွင်း ၊ ယွဲ့ထင်းကဲ နှင့် လော့ဝူရွှမ်တို့နှင့် တိုက်ခိုက်နေခဲ့သော အသိစိတ်အလျဉ် ကပျာကယာ အပြင်ထွက်နေသည်ကို မြင်လိုက်ရသည်။ သူကား ချင်မူနှင့် မတိုက်ခိုက်ရဲတော့ပေ။ ချင်မူမှာ မနေနိုင်တော့ဘဲ ရယ်လိုက်မိ၏။ “မဟာဧကရာဇ်၊ ခင်ဗျားက ကြောက်တတ်လိုက်တာဗျာ”

“ဟမ့်”

All Chapters