← Chapters

ဝိညာဉ်သန္ဓေသား ကောင်းကင်ရတနာနယ်

Vol. 74 Ch. 962

ဝိညာဉ်သန္ဓေသား ကောင်းကင်ရတနာနယ်

Vol. 74 Ch. 962

လော့ဝူရွှမ် တုန်လှုပ်သွားသည်။ ချင်မူ့ဆီမှ ဓားသွားသည် အတိုင်းထက်အလွန် ထက်ရှသဖြင့် လော့ဝူရွှမ်၏ ပထမကောင်းကင်ဘုံတစ်လျှောက် ထိုးစိုက်သွား၏။

လော့ဝူရွှမ်မှာ အသက်ငယ်ငယ်ရွယ်ရွယ်ဖြင့် ဓားမလမ်းစဉ်သို့ ဝင်ရောက်ခဲ့သူဖြစ်သည်။ သူ ပထမဆုံး တတ်မြောက်ခဲ့သော ဓားမသိုင်းကွက်က မြစိမ်းပင်လယ်တိမ်ဖွင့် သိုင်းကွက်ဟု ခေါ်သည်။ ၎င်းအား ထုတ်လွှတ်လိုက်လျှင် အစိမ်းရောင်ပင်လယ်တစ်စင်း တိမ်တိုက်များဖြင့် လွှမ်းခြုံခံလိုက်ရသည့်အလား ထင်ရ၏။ တိမ်တိုက်များ ပွင့်လာသည့်အခါ ဓားမသိုင်းကွက်က ကောင်းကင်ဘုံမှ ရေလှိုင်းလုံးများ ဆင်းသက်လာသကဲ့သို့ ပြောင်းလဲသွားတတ်သည်။

ဤဓားကွက်မှာ သူ လမ်းစဉ်သို့ ဝင်ရောက်ပြီးနောက် ပထမဆုံး တတ်မြောက်ခဲ့သော ဓားကွက် ဖြစ်သည်ကတစ်ကြောင်း၊ အသိအမြင်ဗဟုသုတ မကြွယ်ဝသေး၍ နက်နဲခြင်း မရှိသည်ကတစ်ကြောင်း ဖြစ်၍ ပျက်စီးသွားသည်မှာ အံ့ဩစရာမရှိပေ။

သို့တိုင်အောင် နောက်တခဏတွင် ချင်မူက သူ၏ဓားမလမ်းစဉ်မှ ဒုတိယကောင်းကင်ဘုံ၊ ကျောက်စိမ်းသော့ နှင်းအလျင် ဓားမသိုင်းကွက်ကို ဖျက်စီးလိုက်သည်။ ဤဓားမသိုင်းကွက်သည် ဓားရောင်အား ပျံ့လွင့်နေသည့် နှင်းများအသွင် ပြောင်းလဲ၍ ရန်သူကို တိုက်ခိုက်ရင်း လျှို့ဝှက်ဆန်းကြယ်သော ဆီးနှင်းရေခဲတို့ဖြင့် ကျောက်စိမ်းသော့တစ်လုံး ဖန်ဆင်းကာ အအေးဓာတ်ကို ပိတ်လှောင်ပစ်လိုက်မည့် သိုင်းကွက်ဖြစ်၏။

ကျောက်စိမ်းသော့ ပွင့်လာသည့်အခါ အသေသတ်သိုင်းကွက် ထွက်ပေါ်လာမည်။ ဆီးနှင်းမုန်တိုင်းက ရန်သူ၏မျက်နှာဆီသို့ တိုက်ခတ်လိုက်သည့်အချိန် ကျောက်စိမ်းသော့သည် ရန်သူကို ပိတ်လှောင်လျက် ပြန်ပိတ်သွားမည်။

ဤသိုင်းကွက်ကြောင့် သေဆုံးခဲ့ရသော အဆင့်မြင့်ကောင်းကင်နတ်သိုင်းပညာရှင်များမှာ ရေတွက်၍ပင် မရချေ။

သို့သော် ချင်မူ့ဓားသွားက လွယ်ကူစွာ ဖျက်စီးလိုက်၏။

ချင်မူ့ဓားသည် သူ၏ကျောက်စိမ်းသော့ နှင်းအလျင်ကို ဖြတ်ကျော်၍ ဆီးနှင်းမုန်တိုင်းအား ထိုးခွင်းရင်း သူ ဖန်ဆင်းထားသော ကျောက်စိမ်းသော့နှင့် ရေခဲလွင်ပြင်ကိုလည်း ခွဲခြေသွားသည်။

ဓားမလမ်းစဉ်၏ တတိယကောင်းကင်ဘုံမှာ လျှပ်တပြက်သံချပ်ကာမြင်းတပ်ဟု ခေါ်သည်။ အသုံးပြုသည့်အချိန်တွင် သံချပ်ကာ နတ်မြင်းတပ်သည် ရွှေရောင်လက်နက်များကို ကိုင်စွဲလျက် ကောင်းကင်ဘုံမှ ဆင်းသက်လာမည်။ သို့သော် ချင်မူ့ဓားရောင်က မြင်းတပ်ကို ခုတ်ဖြတ်သွားသဖြင့် မည်မျှအသုံးမဝင်ကြောင်း ထင်ပေါ်သွား၏။

လော့ဝူရွှမ်၏ ဓားမလမ်းစဉ်၏ စတုတ္ထကောင်းကင်ဘုံအား ရွေ့လျားအလင်း ရောင်စုံအဆောက်အအုံဟု ခေါ်သည်။ ဓားမတစ်ချက်ဖြင့် ဓားမရောင်သည် ၃၃ထပ် အဆောက်အအုံတစ်လုံးအသွင် ဖွဲ့တည်သွားပြီး အသတ်သတ်သိုင်းကွက်ကို ထုတ်လွှတ်လိမ့်မည်။

သို့တိုင်အောင် ချင်မူ့ဓားရောင်က အဆောက်အအုံကို ထိုးဖောက်သွားသဖြင့် နေရာတွင် ပြိုကျသွားစေတော့သည်။

များမကြာခင် ပဉ္စမကောင်းကင်ဘုံ၊ စတုတ္ထကောင်းကင်ဘုံနှင့် သတ္တမကောင်းကင်ဘုံတို့လည်း ပျက်စီးသွား၏။

သူ၏ဓားမသိုင်းကို ဓားမလမ်းကောင်းကင်ဟု ခေါ်ပြီး လမ်းသို့ ဝင်ရောက်နိုင်သော ဓားမသိုင်းကွက် ၁၄ ကွက် ပါဝင်သည်။ ဤဓားမသိုင်းကွက် ၁၄ ကွက်က ကောင်းကင်ဘုံ ၁၄ ဘုံအား ဖွဲ့တည်ထား၏။ လော့ဝူရွှမ်မှာ သိုင်းကွက်တစ်ကွက်ချင်းစီဖြင့် တိုက်ခိုက်ရန် ကြံစည်ထားသောကြောင့် ကောင်းကင်ဘုံ ၁၄ ဘုံအား ထပ်ထားခဲ့သည်။

ချင်မူက ဓားသွားတစ်လက်တည်းဖြင့် အကုန်လုံးကို ဖောက်ထွက်လာနေ၍ လော့ဝူရွှမ် တုန်လှုပ်နေ‌တော့သည်။

ကံကောင်းသည်က သိုင်းကွက် ၉ ကွက်ကို ထိုးဖောက်လာပြီးနောက် ချင်မူ၏ အရှိန်အဟုန်နှင့် အားအင် လျော့နည်းသွားသဖြင့် လော့ဝူရွှမ် စိတ်သက်သာရာရသွားသည်။

ချင်မူသာ ဤကောင်းကင်ဘုံ ၁၄ ဘုံစလုံးအား တစ်ချက်တည်းဖြင့် ထိုးဖောက်လာနိုင်လျှင် လော့ဝူရွှမ်အတွက် ဓားမကို စွန့်ပစ်၍ လက်မြှောက်အရှုံးပေးလိုက်ရုံသာ ရှိတော့သည်။

မထင်မှတ်ဖွယ်ကောင်းစွာနှင့် ချင်မူ့ဓားသွား အရှိန်သေသွားပြီးနောက် ဓားကွက်က ပြောင်းလဲသွားသည်။ ကပ်ဘေးဖွင့်လှစ်ဓားက ကပ်ဘေးပင့်မြှောက်ဓား ဖြစ်လာသည်။ ဓားရောင်တစ်ချက်သည် ခုန်ပေါက်ဖြာထွက်နေသော ဓားရောင်တစ်သောင်းအဖြစ် ပြောင်းလဲသွား၏။ တစ်ချက်စီက တုန်ခါပြီးနောက် လွင့်မျောနေသော ပန်းပွင့်တစ်ပွင့်အဖြစ် ဖွဲ့တည်ကုန်ကြသည်။

တစ်စက္ကန်လေးအတွင်း ပန်းပွင့်တစ်သောင်းသည် ကောင်းကင်တစ်ခွင် ပျံ့နှံ့နေရာယူလျက် လော့ဝူရွှမ်၏ ဓားမလမ်းစဉ် နဝမကောင်းကင်ဘုံကို လွှမ်းမိုးသွား၏။

သူ၏ ဓားမလမ်းစဉ် နဝမကောင်းကင်ဘုံကို ကောင်းကင်အလိုတော်မုခ်ဝ ဖွင့်လှစ်ပေးမည့် သော့ကိုးသွယ်ဟု ခေါ်သည်။ နာမည်က ရှိန်စရာကောင်းပါသော်လည်း ချင်မူ၏ဓားရောင်က ကောင်းကင်အလိုတော်မုခ်ဝနှင့် သော့ကိုးသွယ်၏ အတွင်းထဲ၌ အပြည့်နေရာယူပြီး တောက်လျှောက် ဖြာထွက်လာကာ မုခ်ဝကို ဖျက်စီဂလိုက်သည်။

ချင်မူ၏ ကပ်ဘေးပင့်မြှောက်ခြင်းဓားက ချင်မူ့ကို နာမည်ကျော်ကြားစေသော ဓားကွက်ဖြစ်ကြောင်း ပြောနေကြသံများ လော့ဝူရွှမ် ကြားဖူးသည်။

နဂါးဟန်ခေတ်၏ ပထမနှစ်တွင် ချင်မူသည် အရှင်မယွမ်မုပုံရိပ်၏ ဖိနှိပ်မှုအောက်တွင် ဤဓားကွက်ဖြင့် အသုံးချ၍ ကောင်းကင်နတ်အရှင်ဟောင်အား ဒဏ်ရာအပြင်းအထန်ရအောင် တိုက်ခိုက်ကာ အိပ်ရာထဲမှ နှစ်ပေါင်းရာနှင့်ချီ မထနိုင်အောင် လုပ်ခဲ့၏။

ထိုမှစ၍ သူ၏ ဤစွမ်းရည်ကား ဒဏ္ဍာရီတွင် ပြောစမှတ်တွင်ခဲ့သည်။ နောက်ပိုင်းတွင် ပါးနပ်ထက်မြက်သော လူငယ်များလည်း ၎င်းကို တုပသော်လည်း အကုန်လုံး မအောင်မြင်ခဲ့ပေ။

ကပ်ဘေးပင့်မြှောက်ဓားက ချင်မူ ပျောက်ကွယ်သွားပြီးနောက် တိမ်ကောကာ ဒဏ္ဍာရီအဖြစ်သာ ကျန်ခဲ့သည်။ ထာဝရငြိမ်းချမ်းရေးအင်ပါယာခေတ်သို့ ရောက်ရှိသည့်အခါမှ ချင်မူသည် ၎င်းကို ကိုယ်တိုင်ဖန်တီးခဲ့၏။

ကပ်ဘးပင့်မြှောက်ဓားနှင့် ပတ်သက်၍ ကောင်းသည့်အချက်မှာ အခြေခံဓားချက်ဖြစ်သဖြင့်ဆယ့်ကိုးချက်မြောက် ဓားကွက်ဟုလည်း ကျော်ကြားခြင်းဖြစ်သည်။

အရှေ့က အခြေခံဓားချက် ၁၈ ချက်ကို မကျွမ်းကျင်လျှင် မလေ့လာနိုင်ပေ။ သို့သော် လေ့လာလိုက်သည်နှင့် ဓားလမ်းစဉ်သို့ တိုက်ရိုက်ဝင်နိုင်၏။

ဆိုလိုသည်မှာ ကပ်ဘေးပင့်မြှောက်ဓားသည် ကျန်ဓားကွက်များနှင့် ပေါင်းစည်းပြီး မတူညီသော ဓားကွက်များစွာ ဖန်တီးနိုင်ချေသည်။

ဤအချက်သည် ကပ်ဘေးပင့်မြှောက်ဓားနှင့် ပတ်သက်၍ အထူးခြားဆုံး၊ အဆန်းပြားဆုံးအချက် ဖြစ်၏။

ကမ္ဘာဦးဘုံထဲတွင် ချင်မူက ဤဓားကွက်ကို သုံးကာ အဆင့်မြင့်ရန်သူသိုင်းသမားများစွာ သတ်ခဲ့သည်။ ယနေ့ထက်ထိ မည်သူမျှ ၎င်းကို မဖျက်စီးနိုင်သေးပေ။ ကောင်းကင်နတ်အရှင်ဟောင်ကိုယ်တိုင်ပင် မဖြိုခွင်းနိုင်သလို ၊ ဟာကွက်လည်း ရှာမတွေ့ခဲ့ချေ။

သိသိသာသာပင် ဤကပ်ဘေးပင့်မြှောက်ဓားသည် သူ၏ဓားမလမ်းစဉ် ဆယ့်သုံးခုမြောက်ကောင်းကင်ဘုံအား ဖျက်စီးတော့မည် ဖြစ်သော်လည်း ချင်မူ့ဓားကွက် အရှိန်သေသွားသဖြင့် လော့ဝူရွှမ် စိတ်သက်သာရာရသွားသည်။ ဆယ့်သုံးခုမြောက် ကောင်းကင်ဘုံနှင့် ဆယ့်လေးခုမြောက် ကောင်းကင်ဘုံက ချင်မူ့‌အပေါ်၌ ပေါ်လာသည်။

ထိုအချိန်၌ ချင်မူ့ခြေ‌ထောက်အောက်ရှိ အဖြူအမည်း ထိုက်ကျိစက်ဝန်းက ကျယ်ပြန့်လာပြီး မိုင်တစ်ရာရှည်လာကာ ရွှေရောင်သဲကန္တရအား အဖြူအမည်း ဖြစ်သွားစေကြောင်း လော့ဝူရွှမ် တွေ့လိုက်ရ၏။

နေ ကွယ်သွားပြီး လ ထွက်လာသည်။ လရောင်ကား တောက်ပလင်းထိန်နေချေသည်။

‘ဘယ်လောက် ကြောက်စရာကောင်းလိုက်တဲ့ ကျင့်စဉ်စွမ်းအင်လဲ’

ဓားသွင်းချင်း ထိခတ်သွားသည့်အချိန်၌ လော့ဝူရွှမ် အသည်းထဲ အေးသွားသည်။ ချင်မူသည် သဲကန္တာရ၌ အမြစ်ချထားသကဲ့သို့ ကမ္ဘာဦးသစ်ပင်၏အောက်တွင် ရပ်တည်နေ၏။

‘ဒီကျင့်စဉ်စွမ်းအင်အဆင့်က ရုပ်ခန္ဓာနဲ့ မူလဝိညာဉ် ပေါင်းထားတာထက် သာတယ်.... ဒါက ဝိညာဉ်သန္ဓေသားကောင်းကင်ရတနာအဆင့်ရဲ့ သက်ရောက်မှုလား’

လော့ဝူရွှမ်က ဘယ်သို့ လှည့်၍ ဓားမကို ပင့်မြှောက်သည်။ ချင်မူသည် နည်းနည်းလေးမှ လှုပ်ပုံမပေါ်သော်လည်း ချင်မူ၏မျက်နှာကို သူ ရင်ဆိုင်ရပြန်၏။

လူနှစ်ယောက် အံ့အားသင့်ဖွယ်ရာ အမြန်နှုန်းဖြင့် တိုက်ခိုက်နေသည်။ လော့ဝူရွှမ်က ဓားမကို လွှဲယမ်း၍ အရှိန်တင်လိုက်သည့်အခါ ဓားမရောင်သည် ရေတံခွန်သဖွယ် ဖြာထွက်သွား၏။ သို့တိုင်အောင် သူ မည်သည့်ဘက်သို့ လှည့်လှည့်၊ ချင်မူ၏မျက်နှာကိုသာ မြင်နေရသည်။

ချင်မူကြောင့် သူ အံ့အားသင့်လာသည်။

လော့ဝူရွှမ်၏ ရင်ထဲတွင် အလွန်ကူကယ်ရာမဲ့လာ၏။ ချင်မူ့တွင် မျက်နှာပေါင်း မရေမတွက်နိုင်အောင် ရှိသည့်အလား ထင်ရသည်။ သူ မည်သည့်ဘက်က တိုက်ခိုက်တိုက်ခိုက်၊ ချင်မူ့မျက်နှာကိုသာ မျက်နှာချင်းဆိုင်နေရ၏။ ဟာကွက်တစ်ချက်မှလည်း မတွေ့ရသောကြောင့် ချင်မူ၏ အပြင်းထန်ဆုံး သိုင်းကွက်ကို အမြဲရင်ဆိုင်ရလေသည်။

တိုက်ပွဲတွင် လူတစ်ယောက်၏ အပြုအမူ၊ ကြွက်သားများ၊ သွေးကြောများ၊ အရိုး၊ အဆီအနှစ်နှင့် သွေးတို့က ဟာကွက်များစွာ ဖြစ်ပေါ်စေနိုင်၏။

အရေပြားပေါ်၌ ချီစွမ်းအင် ရွေ့လျားနေသည်ကပင် ဟာကွက်များ ဖန်တီးပေးနိုင်သည်။

ဤဟာကွက်များက ကျင့်စဉ်၏ ဟာကွက်များမဟုတ်၊ ကောင်းကင်နတ်သိုင်းပညာရှင်၏ ခန္ဓာကိုယ် လှုပ်ရှားမှုကြောင့် ဖြစ်ပေါ်လာသော ဟာကွက်များ ဖြစ်သည်။ သို့သော် လော့ဝူရွှမ်မှာ ချင်မူ့ခန္ဓာကိုယ်၌ ဟာကွက်တစ်ကွက်မှ ရှာမတွေ့ပေ။

‘ဒါက မဟာကောင်းကင်နတ်သိုင်းတစ်ကွက်ပဲ’

လော့ဝူရွှမ် အံတင်းတင်းကြိတ်လိုက်မိသည်။ ချင်မူ၏ ဝိညာဉ်သန္ဓေသား ကောင်းကင်ရတနာကြောင့် ဤသို့ဖြစ်နေသည်ဟု သူ တွေးမိသည်။ အဆင့်မြင့်အသိစိတ်အလျဉ်နယ်တွင် မဟာဧကရာဇ်အသိစိတ်အလျဉ်၏ ကျူးကျော်ခြင်းခံခဲ့ရတုန်းက ချင်မူသည် သူက ဝိညာဉ်သန္ဓေသားကောင်းကင်ရတနာထဲ၌ ကောင်းကင်နတ်ဧကရာဇ်၊ အရှင်သခင် ဖြစ်သည်ဟု ပြောခဲ့ကြောင်း လော့ဝူရွှမ် မှတ်မိ၏။

ယခုတွင် မဟာဧကရာဇ်၏ ခံစားချက်အား လော့ဝူရွှမ် နားလည်သွားချေပြီ။

ချင်မူက မိုင်ရာချီ ကျယ်ဝန်းသော ကန္တာရကို သူ၏ဝိညာဉ်သန္ဓေသားကောင်းကင်ရတနာအဖြစ် ပြောင်းလဲ၍ ထူးဆန်းသောနယ်ပယ်တစ်ခု တည်ဆောက်လိုက်ရာ သူ့အတွက် ဓားမသိုင်းကွက်များနှင့်သာ တိုက်ခိုက်ရန် အခက်တွေ့သွားသည်။

သူ့ကို အမှန်တကယ် အံ့အားသင့်စေသည်က ချင်မူက သူ၏ကောင်းကင်ရတနာထဲရှိ အဆင့်မြင့်အသိစိတ်အလျဉ်ကို လေ့လာပြီးနောက် ဤသို့အသုံးချလိုက်ခြင်း ဖြစ်သည်။

တချို့လူများသည် သူ့လို ကောင်းကင်ရတနာများကို နယ်ပယ်တစ်ခုအဖြစ် မပြောင်းလဲနိုင်ပေ။

အရေးကြီးဆုံးအချက်က ချင်မူသည် ကောင်းကင်ရတနာခုနစ်ခုကို တစ်သားတည်း ပေါင်းစည်းနိုင်၏။ ကောင်းကင်ရတနာကျင့်စဉ်စနစ်တွင် ကောင်းကင်နတ်အရှင်များပင် သူ့ကို မကျော်နိုင်ပေ။

သို့တိုင်အောင် သူက ကောင်းကင်နှင့် မြေကြီးကို ဖွင့်လှစ်၍ ဝိညာ်သန္ဓေသားကောင်းကင်ရတနာကို စကြဝဠာအသေးစားအသွင် ပြောင်းလဲကာ ဝိညာဉ်သန္ဓေသားနှင့်ဝိညာဉ် ပေါင်းစည်းနေသော မူလဝိညာဉ်အား ဖွဲ့တည်လိုက်သည်။ ထို့ကြောင့် မူလဝိညာဉ်သည် ဤစကြဝဠာ၏ အရှင်သခင် ဖြစ်လာ၏။

‘သူ့ရဲ့သိုင်းကွက်တွေကို အနိုင်ယူနိုင်ဖို့ သူ့ရဲ့ ဝိညာဉ်သန္ဓေသားကောင်းကင်ရတနာကို ဖျက်စီးရမယ်’

လော့ဝူရွှမ် ဤသို့တွေးလိုက်မိသည်နှင့် ဓားမရောင် ဖြာထွက်သွားသည်။ ဤတစ်ကြိမ်တွင် ၎င်းသည် ချင်မူ့ကို ချိန်ရွယ်ခြင်းမဟုတ်ဘဲ ကောင်းကင်နှင့်မြေပြင်ကို ခုတ်ချလိုက်၏။

ချင်မူ၏နယ်ပယ်မှာ တမုဟုတ်ချင်း မငြိမ်မသက်ဖြစ်လာပြီး အရှိန်အဝါလည်း အားနည်းသွားသည်။ ဤအခိုက်အတန့်တွင် ကောင်းကင်နှင့် မြေပြင်သည် ပြောင်းပြန်လှန်သွားသလို အဖြူအမည်းသဲကန္တာရလည်း အလားတူပင်။ ကောင်းကင်နှင့်မြေပြင်၏ မဟာတာအိုစည်းမျဉ်းများ ပြောင်းလဲသွားပြီဖြစ်သည်။

လော့ဝူရွှမ်မှာ သူ၏ရုပ်ခန္ဓာ၊ အဆီအနှစ်နှင့် သွေးများ လျင်မြန်စွာ ပျောက်ကွယ်သွားသည်ကို အထိတ်တလန့် ကြည့်နေမိသည်။ သူ့မှာ သူ့ရုပ်ခန္ဓာသူ မခံစားရတော့ဘဲ အရိုးစုတစ်စုသာ ဖြစ်လာတော့သည်။

ဤသည်ကား ယိုတုပင်။

ချင်မူ၏ကိုယ်ပိုင်စွမ်းအားဖြင့် ဖန်တီးထားသော ယိုတုဖြစ်သည်။

ရုပ်ခန္ဓာ မရှိသဖြင့် လော့ဝူရွှမ်၏ မှော်စွမ်းအင်မှာ ကြောက်ခမန်းလိလိ ထိုးကျသွားသည်။ ချင်မူ၏ ဓားရောင် ပျံသန်းလာသည့်အခါ လော့ဝူရွှမ်က ဓားမမြှောက်လျက် ခုခံသည်။ သို့တိုင်အောင် ရုပ်ခန္ဓာမရှိသည့်အတွက် သူ၏မှော်စွမ်းအင်နှင့် အားအင်မှာ အဆင့်နိမ့်ကျသွားကဲ့သို့ အားနည်းနေ၏။

ရွှပ်

ဓားရောင်က သူ့ဓားမလမ်းစဉ်၏ ကောင်းကင်ဘုံ ၁၄ ဘုံကို ထိုးဖောက်လာပြီးနောက် မျက်ခုံးနှစ်ဖက်ကြား ရောက်သည့်အခါ တုံ့ခနဲ ရပ်သွားသည်။

လော့ဝူရွှမ် လက်ထဲရှိ ဓားမကို လွှတ်ချလိုက်ပြီး သူ့မျက်လုံးထဲရှိ ဓားမရောင်များလည်း ငြိမ်းသေသွး၏။ သူက မောဟိုက်ပင်ပန်းစွာ အသက်ရှူလျက် ခံပြင်းစွာ ပြောသည်။ “နှစ်ပေါင်းလေးသောင်း... ငါ မင်းနဲ့ ပြန်တိုက်ခိုက်ရဖို့ နှစ်ပေါင်းလေးသောင်း စောင့်ခဲ့ရတယ်... ဒါပေမဲ့ ငါ ရှုံးသွားတုန်းပဲ...”

ချင်မူလည်း ဓားရောင်ကို ဖယ်ရှားလိုက်၍ ဝိညာဉ်သန္ဓေသားကေင်းကင်ရတနာ နယ်ပယ် ပျောက်ကွယ်သွားသည်။ ရွှေရောင်သဲကန္တာရ ပြန်ပေါ်လာသည်နှင့် အပူလှိုင်းတစ်လှိုင်းက သူတို့ဆီသို့ လာရောက်ရိုက်ခတ်၏။

“ခင်ဗျား ကျွန်တော့်ဓားသိုင်းကို မရှုံးပါဘူး... သိပ်ကြီး ဝမ်းနည်းမနေပါနဲ့”

ချင်မူက ပြုံးလျက် ရှေ့သို့ လျှောက်သွားသည်။ “ခင်ဗျားက ကျွန်တော့်ရဲ့ ကောင်းကင်နတ်သိုင်းကို ရှုံးခဲ့တာ.... ဓားသိုင်းက ခင်ဗျားဓားမသိုင်းက အနိုင်မယူနိုင်လောက်ဘူး... ပြီးတော့ ဓားမနဲ့ ပတ်သက်ပြီး ခင်ဗျားဆီက သင်ယူချင်တဲ့နေရာတွေ အများကြီးရှိတယ်”

လော့ဝူရွှမ် သက်ပြင်းချလိုက်မိ၏။ “ဟိုတုန်းက မင်းက မင်းရဲ့ဓားသိုင်းနဲ့ ငါ့ကို အနိုင်ယူခဲ့လို မင်းရဲ့ဓား ငါ့ဓားမကို တစ်နေ့တော့ အရှုံးပေးရမယ်မျှော်လင့်ရင်း နှစ်ပေါင်းလေးသောင်းတိုင်တိုင် ဓားမသိုင်းကိုပဲ ကျင့်နေခဲ့တယ်... ဒီနေ့ မင်းရဲ့ဓားသိုင်းက ငါ့ဓားမသိုင်းကို အနိုင်မယူနိုင်လောက်ပေမယ့် မင်းရဲ့ ကောင်းကင်နတ်သိုင်းကတော့ ငါ့ကို အနိုင်ယူနိုင်တုန်းပဲ.... မင်းရဲ့ ကောင်းကင်နတ်သိုင်းကို အနိုင်ယူဖို့ ငါ နှစ်ပေါင်းဘယ်လောက် လေ့ကျင့်ရဦးမယ်ထင်လဲ”

သူ စိတ်ပျက်မိသော်လည်း စိတ်သက်သာရာလည်း ရမိသည်။ ပခုံးထက်မှ ဝန်ထုပ်ကြီးကျသွားသလို ခံစားရ၏။

“နှစ်တစ်ရာနဲ့ နှစ်သောင်း”

ချင်မူက ပြောသည်။ “ခင်ဗျား ကျွန်တော့်အပေါ် အသက်အကြွေး သုံးကြိမ်တင်ထားတယ်... တစ်သက်ကို နှစ်လေးသောင်းနဲ့ တွက်ရင် ခင်ဗျား ကျွန်တော့်ကို အနိုင်ယူဖို့ နှစ်ပေါင်းတစ်ရာ့နှစ်သောင်း ကြိုးစားရလိမ့်မယ်”

သူက နောက်လှည့်ကြည့်၍ ပြုံးလိုက်၏။ “ကောင်းကင်ဓားမလော့၊ ခင်ဗျားလည်း လိုက်မှာလား”

လော့ဝူရွှမ်မှာ မှင်သက်သွားပြီးနောက် သူ့နောက် ကပျာကယာ လိုက်သွားသည်။ “မင်းရဲ့ ဝိညာဉ်သန္ဓေသားအဆင့်မှာ အားနည်းချက်ကြီးတစ်ခု ရှိတယ်... ငါသာ ဝိညာဉ်သန္ဓေသားကောင်းကင်ရတနာကို ချိုးဖျက်လိုက်ရင် မင်းကို သတ်ဖို့ လွယ်သွားပြီ... မင်း အဆင့်မြင့်အသိစိတ်အလျဉ်နယ်ကနေ တွေးထုတ်ထားတဲ့ ဒီနည်းလမ်းက မပြည့်စုံသေးဘူး”

ချင်မူက ရိုကျိုးနှိမ့်ချပြီး လမ်းပြပေးရန် တောင်းဆိုသည်။ “ခင်ဗျား ကျွန်တော့်ရဲ့ ကောင်းကင်နဲ့ မြေကြီးကို တိုက်ခိုက်လိုက်တုန်းက သဘောပေါက်မိပါတယ်.... ကောင်းကင်ဓားမလော့၊ ကျွန်တော် ပြည့်စုံလာအောင် ဘယ်လိုမွမ်းမံရမလဲ”

လော့ဝူရွှမ်သည် တွန့်ဆုတ်နေပြီးနောက် ပြော၏။ “လောကသခင်ခန္ဓာချင်၊ မင်း ငါ့ကို ကောင်းကင်ဓားမလော့လို့ပဲ အမြဲခေါ်စရာမလိုပါဘူး... ငါက မင်းထက် နှစ်လေးသောင်း ကြီးတယ်... နောင်တော်လော့လို့ ခေါ်လည်း ငါ စိတ်မကွက်ဘူး”

ချင်မူမှာ တဟားဟား ရယ်လိုက်မိသည်။ “ကျွန်တော်က ကျဲ့ဟွလီနဲ့ တာအိုညီအစ်ကို ဖွဲ့ထားပြီးပြီလေ.... ခင်ဗျားကို ဘယ်လိုလုပ် နောင်တော်လော့လို့ ခေါ်ရမှာလဲ”

လော့ဝူရွှမ် အလေးအနက် ပြောလိုက်၏။ “ငါ ကျဲ့ဟွလီနဲ့ သံယောဇဉ်ဖြတ်ထားပြီးပြီ... သူက ငါ့တပည့်မဟုတ်တော့ဘူး... မင်းက ကောင်းကင်နတ်အရှင်တစ်ပါးဆိုတော့ ငါ့ကို နောင်တော်လို့ ခေါ်ရင် ငါ့အတွက် အမြတ်ထွက်တာပေါ့”

သူက သူ့စကားသူ တွေးကြည့်ရင်း ပြုံးကာ ဆက်ပြောသည်။ “ကောင်းကင်နတ်ဘုံမှာ ငါ ဘယ်လိုပေါင်းသင်းရမလဲ မသိခဲ့ဘူး... ငါ့မှာ မိတ်ဆွေအပေါင်းအသင်း မရှိသလို၊ ငါ့လက်အောက်က တပည့်တွေကလည်း ငါ့အရိပ်အောက်က မလွတ်မြောက်နိုင်တဲ့ နောက်မခံမရှိတဲ့ မိသားစုတွေက ကလေးတွေ.... သူတို့ကလည်း သူတို့လက်သူတို့ လိုက်ဖြတ်ကြလေ... တကယ် သနားစရာကောင်းတဲ့ ကလေးတွေပါ... လော့ဝူရွှမ်တစ်ယောက်ပဲ ငါ့လောင်းရိပ်နဲ့ ငါ့ဓားမလမ်းစဉ်ကနေ ထွက်သွားနိုင်ခဲ့တာ... အဲဒီအတွက် ငါ သူ့ကို လေးစားမိတယ်”

ကျဲ့ဟွလီအကြောင်း တွေးမိသဖြင့် သူ့ရင်ထဲတွင် နွေးထွေးသွားသည်။

ကျဲ့ဟွလီသည် ချင်မူနှင့် တွေ့ပြီးနောက်မှ သူ့အရိပ်အောက်မှ ထွက်သွားနိုင်ခဲ့၏။ ထို့ကြောင့် ချင်မူ့အပေါ်လည်း သူ လေးစားမိပြီး ထာဝရငြိမ်းချမ်းရေးအင်ပါယာသို့ ဆင်းသက်ခဲ့သည့်အချိန်တွင် မသတ်ခဲ့ခြင်း ဖြစ်သည်။

“မင်းကို လမ်းပြပေးဖို့ နယ်ပယ်တွေအကြောင်း သိပ်မသိပေမယ့် အဆင့်မြင့်အသိစိတ်အလျဉ်ကတော့ အသိစိတ်အလျဉ်နဲ့ ဖွဲ့တည်ထားတာ... ဖန်ဆင်းရှင်တွေနဲ့ မဟာဧကရာဇ်က သူတို့ရဲ့ ကောင်းကင်ရတနာတွေကိုရော၊ ကောင်းကင်နန်းဆောင်တွေကိုရော မသုံးဘူး”

လော့ဝူရွှမ်က တွေးကြည့်ရင်း ဆက်ပြောသည်။ “မင်းရဲ့ ဝိညာဉ်သန္ဓေသားကောင်းကင်ရတနာကို သုံးပြီး နယ်ပယ်တစ်ခု ဖန်ဆင်းလိုက်တာက ရန်သူ့လက်ထဲ မင်းရဲ့အားနည်းချက် ထိုးထည့်ပေးလိုက်သလိုပဲ... ဝိညာဉ်သန္ဓေသားကောင်းကင်ရတနာကို မသုံးရင်ဘဲ ဖန်ဆင်းနိုင်ရင်တော့ အားနည်းချက်မရှိတော့ဘူး...ဝိညာဉ်သန္ဓေသားကောင်းကင်ရတနာနယ်ပယ်လို ခန့်မှန်းမရ မဖြစ်မှာ တစ်ခုပဲ”

ချင်မူမှာ ဉာဏ်အလင်းပွင့်သွားသည်။ “နောင်တော်လော့ ပြောတာ သဘာဝကျတယ်... ကျွန်တော်က ဝိညာဉ်သန္ဓေသား ကောင်းကင်ရတနာနဲ့ပဲ နယ်ပယ်တစ်ခု ဖန်ဆင်းနိုင်တာ ဆိုးတယ်... အဲဒါကို မသုံးရင် ကျွန်တော့်ကျင့်စဉ်စွမ်းအင်က လိုက်မမှီနိုင်သလို အပြောင်းအလဲတွေလည်း အများကြီးရှိမှာ မဟုတ်ဘူး”

လော့ဝူရွှမ် တွေးသွားသည်။ “ဒါဆို မှော်စွမ်းအင်နဲ့ သင်္ကေတအမှတ်အသားတွေနဲ့ နယ်ပယ် ဖွဲ့တည်ပြီး တိုက်ပွဲမှာ ထုတ်လွှတ်တာမျိုးကရော”

ချင်မူ့မျက်ဝန်းများ အရောင်လက်သွားပြီး လော့ဝူရွှမ်ကို ချီးကျူး၏။ “အကြံကောင်းပဲ... ကောင်းကင်နတ်သိုင်းတွေကိုလည်း နယ်ပယ်ထဲမှာ ခတ်နှိပ်လို့ရမယ်... သေသေချာချာ ဖွဲ့တည်လိုက်ရင် နယ်ပယ်က ဝိညာဉ်သန္ဓေသားကောင်းကင်ရတနာနယ်အောက် အားနည်းတော့မှာ မဟုတ်ဘူး... စကားမစပ်နောင်တော်လော့၊ ခင်ဗျားလည်း ဓားမလမ်းစဉ်ကောင်းကင်နယ်ကို ဖန်ဆင်းလို့ရတယ်နော်”

လော့ဝူရွှမ်၏ ခြေလှမ်းများ ရပ်တန့်သွားကာ လဲကျတော့မလို ဖြစ်သွားသည်။ တခဏကြာသော် သူ့မှာ အတိုင်းထက်လွန် ပျော်လာသဖြင့် တဟားဟား ရယ်တော့သည်။

“ဓားမလမ်းစဉ်ကောင်းကင်နယ်... သိပ်ကောင်းတယ် သိပ်ကောင်းတယ်”

“ဒါက ပြုပြင်ပြောင်းလဲမှုပဲ နောင်တော်လော့... ခင်ဗျားက အခု ပြုပြင်ပြောင်းလဲသူတစ်ယောက် ဖြစ်လာပြီ”

“ဒါလည်း ပြုပြင်ပြောင်းလဲမှုလား”

“ဟုတ်တာပေါ့... ကျွန်တော် အားနာနာနဲ့ တောင်းဆိုချင်တာ တစ်ခု ရှိတယ်... ခင်ဗျား ကောင်းကင်နတ်ဘုံမှာ ဆက်နေလို့ မရတော့ဘူး.. အောက်ဘုံမှာ ကျွန်တော့်ပိုင်ဆိုင်မှုရှိတာ ခင်ဗျားသိမှာပါ... ကောင်းကင်တန်ခိုးရှင်ဂိုဏ်းဆိုတာ ကြားဖူးလား.. ကျွန်တော်က ဂိုဏ်းသခင်မပီသတော့ ခင်ဗျားလို လူတွေအများကြီး လိုအပ်နေတယ်.... အမှန်တိုင်းပြောရရင် ကောင်းကင်နတ်ဘုံရဲ့ နံပါတ်တစ်အသိစိတ်အလျဉ် သိုင်းပညာရှင် ယန်ရှောင်ချင်းလည်း ရောက်နေပြီ... ကောင်းကင်နတ်ဘုံရဲ့ နံပါတ်တစ်ကောင်းကင်ဓားမကိုသာ ထည့်လိုက်ရရင်တော့ဖြင့်...’

နှစ်ယောက်သား တိုက်ခိုက်ခဲ့သောနေရာမှ တရွေ့ရွေ့ ထွက်သွားကြသည်။ မကြာခင် နေရာဟင်းလင်းပြင်သည် အက်ကွဲပြီး နက်ရှိုင်းလှသည့် ချောက်နက်တစ်ခု ပေါ်လာ၏။ လျန်းဟွာဟွန်က ချောက်ထဲမှ ထွက်လာပြီး ဘေးဘီဝဲယာ ကြည့်ကာ ချင်မူနှင့် လော့ဝူရွှမ်၏ ခြေရာများအတိုင်း လိုက်သွားသည်။

‘ကောင်းကင်နတ်အရှင်မူ၊ နင် နှစ်ဝက်ပျောက်နေတာဆို‌တော့ သေသွားပြီတောင် ထင်နေတာ... နင့်ရဲ့ကောင်းကင်နတ်သိုင်းကို ခံစားရမယ် မထင်ခဲ့ဘူး.. ဒီနေ့ နင့်ကို အသေသတ်ဖို့ ကောင်းကင်နတ်အရှင်ဟောင်ရဲ့ နည်းလမ်း ၁၈ နည်းကို ငါ သုံးမယ်’

သူမ ထွက်သွားပြီးနောက် နောက်ထပ်အဆုံးသတ်မြို့ပျက်၏ အသူရာချောက်နက်တစ်ခု ပေါ်လာကာ ပန်းတစ်ပွင့် ပွင့်လာ၏။ ယွင်ချွီးရှို့က ပန်းထဲတွင် ပျင်းရိပျင်းတွဲ လှဲနေရာမှ ခုန်ထွက်လာ၏။ ထို့နောက် လျန်းဟွာဟွန်၏ ခြေရာများအတိုင်း တက်တက်ကြွကြွ လျောက်နေရင်း ခါးအထိ ရောက်နေသော ကျစ်ဆံမြီးလေးများကို ဆော့ကစားပြီး မျော်နေသည်။

‘နှစ်ဝက်အတွင်း သူ ဘယ်ပျောက်သွားတာလဲ... ငါ့ကို ခေါ်မသွားတာ တော်တော်အကျင့်ပုတ်တယ်.... အခု သူ ပြန်ပေါ်လာပြီဆိုတော့ အစ်မတော်က သူ့ကို သတ်ပေးမယ်.... သူ ငါ့သလင်းကျောက်ခေါင်းတလားကို သေချာပေါက် စွန့်လွှတ်ခဲ့မှာပဲ’

ဤမိန်းကလေးသည် စိတ်လှုပ်တရှား ပြောလိုက်၏။ “အဲဒါပြီးရင် ငါ့အစ်မတော်ကို သတ်လိုက်တာနဲ့ ငါ့ဒုက္ခတွေအားလုံး; ချုပ်ငြိမ်းသွားမယ်”

All Chapters