← Chapters

အသည်းနှလုံးမရှိတဲ့လူ

Vol. 95 Ch. 1319

အသည်းနှလုံးမရှိတဲ့လူ

Vol. 95 Ch. 1319

ထန်ရှုက အောင်ရှန်း၏ခြိမ်းခြောက်မှုကို လုံးဝလစ်လျူရှုကာ ပြုံးလျက် ပြောလိုက်၏ “သတ်ဖြတ်ရတာကို ငါ ဘယ်တော့မှ သဘောမကျဘူး၊ ဒါပေမယ့် အားနည်းတဲ့သူတွေ အနိုင်ကျင့်ခံနေရတာကို မြင်တွေ့တဲ့အခါမှာလဲ အမြဲတမ်း ဝင်စွက်ဖက်တယ်။ ဒါပေါ့၊ မင်းတို့က အခုထွက်သွားမယ်ဆိုရင်တော့ ငါ မတားပါဘူး”

အောင်ရှန်းက ထန်ရှုကို တစ်ချက်ကြည့်ပြီးနောက် အော်ပြော၏ “ကောင်းပြီလေ၊ သွားကြစို့”

ထိုသို့ပြောပြီးနောက် သူတို့အဖွဲ့က ဆန်ဒိုရာကို အေးစက်စွာ တစ်ချက်ကြည့်ပြီးနောက် အဝေးသို့ ပျံသန်းသွား၏။

ထန်ရှုက အနည်းငယ်ပြုံးကာ အထွတ်အထိပ်အုပ်ချုပ်သူနှင့်ပင်လယ်လမ်းဘုရင်တို့ကို ကောင်းကင်ဘုံစံအိမ်ထဲသို့ ထည့်လိုက်၏။ ထို့နောက် သူက ဆန်ဒိုရာကို ကြည့်ကာ ပြောလိုက်၏ “ငါ့နာမည်နဲ့ငါ့ရဲ့အင်ပါယာကို မှတ်ထားပါ။ အနာဂတ်မှာ မင်းတို့အတွက် ဒီနေရာမှာ နေရာမရှိတော့ဘူးဆိုရင် မဟာထန်အင်ပါယာကို လာပြီး ငါ့ကို လာရှာပါ။ ငါ မင်းတို့ကို ခိုလှုံခွင့်ပေးမယ်”

ထိုသို့ပြောပြီးနောက် ဆန်ဒိုရာကို ပြန်ဖြေခွင့်ပင် မပေးတော့ဘဲ သူက တိမ်ဖောက်သားရဲများကို အမိန့်ပေးကာ ခရီးစတင်လိုက်၏။

ဆန်ဒိုရာနှင့်သွေးနတ်သူငယ်ဒါဇင်ကျော်က ရှုပ်ထွေးသောအမူအရာများနှင့် ကျန်ရစ်ခဲ့သည်။ သေချာသည့်တစ်ခုကတော့ သူတို့က ဤနေရာမှ မထွက်သွားချင်တော့ မဟုတ်ပေ။ ဤနေရာတွင် သူတို့၏အထွတ်အထိပ်ကို ပြန်ရောက်နိုင်မည်ဟု သွေးနတ်သူငယ်များ၏နှလုံးသားထဲတွင် မျှော်လင့်ချက်မီးတစ်စရှိနေသောကြောင့်ပင်။

“ခေါင်းဆောင်၊ ငါ ထင်တာက…”

အနီရောင်ကတ်ဉီးထုပ်၊ အနီရောင်ချပ်ဝတ်နှင့် အမျိုးသားသွေးနတ်သူငယ်တစ်ယောက်က တုံ့ဆိုင်းလျက် ပြောလိုက်၏။

ဆန်ဒိုရာက လက်မြှောက်ကာ တားပြီး ကြားဖြတ်ပြောလိုက်၏ “မင်းဘာပြောချင်တယ်ဆိုတာ ငါ သိတယ်။ ဒါပေမယ့် ဒီနေရာက ငါတို့ရဲ့အိမ်ပဲ၊ ငါတို့က ချောင်ပိတ်တဲ့အခြေအနေအထိ မရောက်သရွေ့ ဒီနေရာက ထွက်သွားလို့မရနိုင်ဘူး။ ဒါ့အပြင် ဒီမဟာထန်အင်ပါယာက ဘယ်နေရာမှာလဲ၊ ဒီမဟာထန်ကောင်းကင်ဘုံဧကရာဇ်က ဘယ်သူလဲဆိုတ ငါတို့တွေ သိကြလို့လား။ သူနဲ့ ပတ်သက်ပြီး ဘာတစ်ခုမှ ငါတို့ မသိကြဘူး၊ ဒါကြောင့် ငါတို့တွေ သူ့ကို ကတိမပေးနိုင်ဘူး”

အင်မော်တယ်ကမ္ဘာ။

ဤပိုင်နက်က ရေခဲနှင်းကမ္ဘာဖြစ်သည်၊ နှင်းပွင့်များက ကောင်းကင်တွင် ကခုန်နေလျက်ရှိ၏။ မြေပြင်က ရေခဲအလွှာများဖြစ်ကာ အပင်အနည်းငယ်ကသာ ဤပတ်ဝန်းကျင်အတွက် သင့်တော်သည်။

ဖြောက်…

ကောင်းကင်အထက်တွင် လျှပ်စီးတစ်ချက် လက်သွား၏။ လျှပ်စီးတန်းများက ဟင်းလင်းပြင်ကို ဖြတ်သန်းသွားလျက် ပုံရိပ်တစ်ခုက ကောင်းကင်ရှိ အက်ကွဲကြောင်းမှ ရေခဲပြင်ပေါ်သို့ ပြုတ်ကျလာသည်။

ပုံရိပ်က ဟန်ချင်းဝူဖြစ်သည်။ သူမက ကမ္ဘာမြေမှ အင်မော်တယ်ကမ္ဘာသို့ တက်လှမ်းကာစဖြစ်ပြီး တက်လှမ်းနေစဉ်အတွင်း သူမ၏နေရာလပ်နတ်ဘုရားစွမ်းရည်ကို အသုံးပြုကာ ဤနေရာတွင် ထွက်ပေါ်လာခဲ့၏။ လက်ရှိအချိန်တွင် သူမတစ်ကိုယ်လုံးက သွေးများဖုံးလွှမ်းနေပြီး သူမ၏အဖြူရောင်ဝတ်ရုံက သွေးရောင်သမ်းလျက် စုတ်ပြဲနေလေ၏။

အဟွတ်…အဟွတ်…

ခဏကြာပြီးနောက် ဟန်ချင်းဝူက မြေပြင်မှ ခက်ခက်ခဲခဲထရပ်လိုက်သည်။ သူမ၏ခန္ဓာကိုယ်က အနည်းငယ်တုန်ယင်သွားကာ သူမက လှည့်ပတ်ကြည့်လိုက်၏။ တဖြည်းဖြည်းနှင့် ခပ်ဖျော့ဖျော့အပြုံးတစ်ခုက သူမ၏သွေးစွန်းသောမျက်နှာပြင်ပေါ်တွင် ထွက်ပေါ်လာသည်။

“နောက်ဆုံးတော့ ငါ ပြန်ရောက်လာပြီပဲ…သူ့ထက်တော့ နည်းနည်းနောက်ကျသွားတယ်…”

ဟန်ချင်းဝူက လက်မြှောက်လိုက်သည်၊ မြူတစ်ခုက သူမပတ်လည်တွင် ထွက်ပေါ်လာ၏။ ခဏကြာပြီးနောက် သူမခန္ဓာကိုယ်ပေါ်ရှိ သွေးကွက်များက ပြောင်တလင်းခါသွားပြီး သူမ၏စုတ်ပြဲနေသောဝတ်ရုံရှည်ကို ချွတ်ချလိုက်၏။ ထို့နောက် အဖြူရောင်တိုက်ပွဲဝင်ဝတ်ရုံကို ချက်ချင်း ဝတ်လိုက်သည်။

ရုတ်တရက် သူမ၏အမူအရာက ပြောင်းလဲသွားသည်။ ကြီးမားသောအရှိန်အဝါတစ်ခုက အဝေးမှ လာနေသည်ကို အာရုံခံမိသည်။ တုံ့ဆိုင်းမနေဘဲ သူမက အနီးနားရှိ ရေခဲတုံးဆီသို့ လျင်မြန်စွာ ပြေးသွား၏။ လျှပ်တစ်ပြက်အတွင်း သူမက ရေခဲတုံးနှင့် ရောနှောသွား၏။

ဝှစ်…

နက်ပြာရောင်ပုံရိပ်တစ်ခုက ဟန်ချင်းဝူရပ်ခဲ့သောနေရာ၌ ရုတ်တရက် ထွက်ပေါ်လာသည်။ အေးစက်စက်အရှိန်အဝါတစ်ခုကို ထုတ်လွှတ်လျက် သူ့မျက်လုံးများက ပတ်ဝန်းကျင်ကို ရိုက်ခတ်သွား၏။ ထို့နောက် သူက မျက်မှောင်ကြုတ်ကာ ရေရွတ်လိုက်သည် “အသက်ရှုသံတစ်ခုက ဒီနေရာမှာ ရှိခဲ့တာပဲ။ ဘယ်လိုလုပ်ပြီး ဒီလောက်အမြန်ကြီး ပျောက်သွားတာလဲ။ ပြောင်မြောက်လှတဲ့နတ်ဘုရားစွမ်းရည်ရှိတဲ့တစ်ယောက်ယောက်က ဒီနေရာကို လာခဲ့တာလား”

မိနစ်အနည်းငယ်ကြာပြီးနောက် သူက ခေါင်းခါယမ်းကာ ထွက်သွား၏။

ဆယ်ရက်ကြာပြီးနောက် နက်ရှိုင်းသောအပေါက်တစ်ခုက ရေခဲတုံးထဲမှ ထိုးထွက်လာသည်။ ဟန်ချင်းဝူ၏ခန္ဓာကိုယ်ပေါ်ရှိ ဒဏ်ရာများက မရှိတော့ပေ။ ထို့နောက် သူမက အလင်းစီးကြောင်းအဖြစ် ပြောင်းကာ အဝေးသို့ ရွေ့လျားသွား၏။

သူမက သူ့ကို ရှာရမယ်။ ဒါပေမယ့် သူ့ကို ရှာမတွေ့မှာကိုတော့ မစိုးရိမ်ပါဘူး။

သူနှင့် ပတ်သက်၍ သူမ၏နားလည်မှုအရ သူသွားလေရာနေရာတိုင်းတွင် သွေးထွက်သံယိုမှုများနှင့် တိုက်ပွဲများက အမြဲလိုလိုဖြစ်ပျက်လေ့ရှိသည်။ ထို့ပြင် ဤတစ်ကြိမ်တွင် သူက လက်စားချေရန် ပြန်လာခြင်းဖြစ်၏၊ ထို့ကြောင့် သူမက အင်မော်တယ်ကမ္ဘာရှိ အဖြစ်အပျက်ကြီးအချို့ကို အာရုံစိုက်သရွေ့ သူ့ကို ရှာတွေ့နိုင်မည်ဟု ယုံကြည်သည်။

သူမက သူ့ကို ဘယ်တော့မှ မနှောင့်ယှက်ချင်ပေ၊ သို့သော် အဝေးကနေတော့ ကြည့်ချင်နေသေး၏။ ကြည့်ရုံပါပဲ…အခြားမဟုတ်ဘူး…ဒါက သူမအတွက် လုံလောက်ပါတယ်လေ…

****

အင်မော်တယ်ကမ္ဘာ၊ အင်မော်တယ်လိုင်ဇီယန်။

အင်မော်တယ်လိုင်ဇီယန်က ကျယ်ပြောသော အင်မော်တယ်ပိုင်နက်ဖြစ်ပြီး အထွတ်အထပ်အင်မော်တယ်အလှလေးဖန်းဘုရင်မ၏ထိန်းချုပ်မှုအောက်တွင် ရှိသည်။ သို့သော် အထွတ်အထိပ်အင်မော်တယ်အလှလေးက ရာစုနှစ်ချီကြာသောစစ်ပွဲတစ်ခုတွင် ပါဝင်ခဲ့ပြီး ဒဏ်ရာအပြင်းအထန်ရခဲ့သောကြောင့် လွန်ခဲ့သောနှစ်ရာချီအတွင်း အင်မော်တယ်လိုင်ဇီယန်ပိုင်နက်တစ်ခုလုံးက အလွန်ဖရိုဖရဲဖြစ်နေ၏။

အဆုံးမရှိသောဟင်းလင်းပြင်အလယ်တွင်။

အဆုံးမရှိသောလမ်းလေးခုက ဟင်းလင်းပြင်ဆီသို့ ဖြန့်ထားပြီး လမ်းလေးခုဆုံရာတွင် အင်မာ်တယ်ပိုင်နက်မြေထုရှိသည်။ မြေထုက အလွန်မကြီးမားပေ၊ သို့သော် ကီလိုမီတာသန်းအတွင်တော့ ရှိသေး၏။ ဤမြေထုအထက်တွင် အဆောက်အဉီးတစ်ခုရှိသည်။

ဝှစ်…

ပုံရိပ်တစ်ခုက အနောက်တောင်ဘက်လမ်းမှ လျင်မြန်စွာ ရွေ့လျားလာပြီး မြေထုနှင့်ချိတ်ဆက်ထားသောဝင်ပေါက်အပြင်ဘက်သို့ လျင်မြန်စွာ ရောက်ရှိလာသည်။ ငွေရောင်တိုက်ပွဲဝင်ဖိနပ်နှင့်ငွေရောင်စစ်ဝတ်စုံတို့ကို ဝတ်ဆင်ထားလျက် ငွေရောင်ဆံပင်နှင့်ပုံရိပ်က ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်အရှိန်အဝါတစ်ခုကို ထုတ်လွှတ်နေလျက်ရှိ၏။

“အထွတ်အထိပ်မူကို နှုတ်ဆက်ပါတယ်…”

ဝင်ပေါက်အပြင်ဘက်တွင် စောင့်ကြပ်နေသော အင်မော်တယ်စစ်သားအားလုံးက ဧည့်သည်ကို အရိုအသေပေးလိုက်ကြ၏။

အထွတ်အထိပ်မူက ဖြည်းဖြည်းချင်း ခေါင်းညိတ်လျက် ဝင်ပေါက်ထဲသို့ ဝင်သွား၏။ သူက ကောင်းကင်ပေါ်ရှိ အနီရောင်တိမ်မျောများပေါ်သို့ ခြေချလိုက်ပြီးနောက် အလယ်ရှိ မျှော်စင်နှင့်တူသောနန်းတော်အပြင်ဘက်ရှိ ကွက်လပ်သို့ လျှောက်လာ၏။ သတိကြီးသောအမျိုးသမီးအင်မော်တယ်တစ်ယောက်က ထွက်ပေါ်လာသောကြောင့် သူက နက်ရှိုင်းသောအသံနှင့် မေးလိုက်၏ “အထွတ်အထိပ်အင်မော်တယ်အလှလေးရဲ့ဒဏ်ရာအခြေအနေဘယ်လိုလဲ”

အမျိုးသမီးအင်မော်တယ်က ပြန်ဖြေ၏ “သူမရဲ့ဒဏ်ရာက အတော်လေးပြင်းထန်တယ်။ နှစ်တစ်ရာအတွင်းမှာ မြင့်မြတ်နဂါးသစ်သီးကို ရှာမတွေ့နိုင်ရင် ငါ ကြောက်တာက…”

အထွတ်အထိပ်မူက မျက်မှောင်ကြုတ်လျက် ပြောလိုက်သည် “ငါ သူမနဲ့ တွေ့ချင်တယ်”

အမျိုးသမီးအင်မော်တယ်က တုံ့ဆိုင်းသွား၏ “သခင်မက အမိန့်ပေးထားတယ်၊ ဘယ်သူ့ကိုမှ မတွေ့…”

“သူ့ကို ဝင်လာခိုင်းလိုက်ပါ”

ခပ်ဖျော့ဖျော့အသံတစ်ခုက နန်းတော်အတွင်းထဲမှ ထွက်ပေါ်လာ၏။

အထွတ်အထိပ်မူက အမျိုးသမီးအင်မော်တယ်ကို ခေါင်းညိတ်ပြကာ နန်းတော်ထဲသို့ ဝင်လိုက်သည်။ သူ့ပုံရိပ်က အထဲသို့ ရောက်လာပြီးနောက် အထွတ်အထပ်အင်မော်တယ်အလှလေးတင်ပျဉ်ခွေထိုင်နေသောနဂါးကိုးကောင်ကျောင်းတော်ဆီသို့ မော့ကြည့်လိုက်၏။ သူက ခါးသီးစွာ တစ်ချက်ပြုံးလျက် နှုတ်ဆက်လိုက်သည် “စီနီယာအုပ်ချုပ်သူ၊ စီနီယာအနေနဲ့ ဒါကို လုပ်ဖို့ မလိုအပ်ပါဘူး”

အထွတ်အထိပ်အင်မော်တယ်အလှလေးက လှပသောမျက်နှာရှိသည်၊ သူမ၏အသားအရေက နှင်းကဲ့သို့ ဆွတ်ဆွတ်ဖြူနေသည်။ သူမ၏သွယ်လျဖြူရော်သောလက်ချောင်းလေးများဖြင့် နားထင်ကို ပွတ်သပ်ရင်း သူမက ပြော၏ “မဟာတာအိုက နှလုံးသားက ဆင်းသက်လာတာကို သူ တစ်ခါ ပြောဖူးတယ်၊ ငါ့တာအိုက ငါ့ရဲ့ခံစားချက်ရဲ့လမ်းကြောင်းပဲ။ သူက ငါ့အပေါ် နှလုံးသားမရှိပေမယ့် ငါက သူ့ကို ဘယ်တော့မှ နှလုံးသားမမဲ့နိုင်ဘူး။ သူ သေရင်တောင် ငါ့နှလုံးသားထဲကနတ်ဆိုးကို ဖျက်ဆီးချင်သေးတယ်”

“စီနီယာအုပ်ချုပ်သူ၊ အချို့အရာတွေက ဘယ်တော့မှ ဖြစ်လာမှာ မဟုတ်ဘူး။ ပြီးတော့ ဆရာသခင်က ပျောက်ကွယ်သွားပြီလေ။ စီနီယာက စွဲလမ်းနေရင်တောင် ဘာကောင်းတာတစ်ခုမှ ဖြစ်လာမှာ မဟုတ်ဘူး။ ဘာလို့ အရာအားလုံးကို လက်မလွှတ်ရတာလဲ”အထွတ်အထိပ်မူက သက်ပြင်းချလိုက်သည်။

“အရာအားလုံးကို လက်လွှတ်ရမှာလား”အထွတ်အထိပ်အလှလေး၏မျက်လုံးများက သတ်ဖြတ်ခြင်းဆန္ဒတို့တောက်ပသွားလျက် သူမက အော်ပြောလိုက်၏ “သူ သေသွားပြီဆိုပေမယ့် သူ ဂရုစိုက်တဲ့သူတွေက ရှိနေတုန်းပဲ။ အဲဒီသစ္စာဖောက်တွေက မသေသေးဘူး…ဒါကို ဘာလို့ ငါက အရာအားလုံးကို ခဝါချနိုင်မှာလဲ”

အထွတ်အထိပ်မူက ခဏနှုတ်ဆိတ်သွားပြီးနောက် ဖြည်းဖြည်းချင်း ပြောလိုက်၏ “ဂျူနီယာညီလေးရှီရီအက်က သေသွားပြီ။ ငါ အခုပဲ သတင်းရခဲ့တယ်၊ သူက မဟာအင်ပါယာတန်းချင်လက်အောက်က အဖြူရောင်ခေါင်းဖြတ်စက်အုပ်ချုပ်သူရဲ့လက်ထဲမှာ သေသွားတာ”

အထွတ်အထိပ်အလှလေးက အချိန်အတော်ကြား နှုတ်ဆိတ်သွားပြီးနောက် ပြောလိုက်၏ “ရှီရီအက်က မောက်မာတဲ့စရိုက်ရှိပြီး သူက မြင့်မြတ်ငှက်ဂိုဏ်းထဲမှာ ဘယ်တော့မှ မနေချင်ဘူး။ လွန်ခဲ့တဲ့ခုနှစ်ရာစုလောက်က သူက မဟာအင်ပါယာတန်းချင်လက်အောက်က လူများစွာကို သတ်ခဲ့တယ်၊ ဒါကြောင့် သူ့ကို သူတို့ရဲ့မျက်လုံးထဲမှာ ဆူးတစ်ချောင်းလို့ သတ်မှတ်ထားတာ ကြာပြီ။ သူအသတ်ခံရမယ်ဆိုတာ ငါ မျှော်လင့်ထားပြီးသားပါ”

အထွတ်အထိပ်မူက ပြော၏ “စီနီယာအုပ်ချုပ်သူ၊ ဒီနှစ်တွေမှာ စီနီယာလဲ ရန်သူမရေမတွက်များစွာကို သတ်ခဲ့တာပဲ၊ သူတို့ရဲ့မျက်လုံးထဲမှာ စီနီယာကို ဆူးတစ်ချောင်းလို့ သတ်မှတ်ထားနေလောက်ပြီ။ စီနီယာက အန္တိမအဆင့်ကို ချိုးဖြတ်ပြီးပြီဆိုပေမယ့် လက်ရှိအချိန်မှာ ဒဏ်ရာအပြင်းအထန်ရထားတယ်။ ဒီအတိုင်းဆိုရင်…”

“မစိုးရိမ်နဲ့”အထွတ်အထိပ်အလှလေးက ခေါင်းခါယမ်းလျက် ပြောလိုက်၏ “မင်းရဲ့ဆရာသခင်က ဒီနေရာရဲ့အကာအကွယ်အစီအရင်တွေကို ခင်းကျင်းခဲ့တဲ့သူပဲ။ မဟာအင်ပါယာတန်းချင်နဲ့ဇီသာဗျတ်စောင်းနတ်ဆိုးကျိုးယောင်တို့ကိုယ်တိုင် မလာသရွေ့ သူတို့ထဲကဘယ်သူမှ ဒီနေရာရဲ့အင်မော်တယ်အစီအရင်တွေကို ဖျက်ဆီးနိုင်မှာ မဟုတ်ဘူး။ မင်းက မြူခိုးနွေဉီးပင်လယ်ကနေ ဒီနေရာကို မကြာခဏလာနေတာ၊ သူတို့က မင်းကို အလွယ်တကူ ဖမ်းမိသွားနိုင်တယ်”

“ဒီတစ်ကြိမ်၊ ငါက စီနီယာလက်ထဲက လုမီနက်ကနုကမာယပ်တောင်ကို လာယူတာပါ”အထွတ်အထိပ်မူက ပြောလိုက်သည်။

အထွတ်အထိပ်အလှလေး၏အသားအရောင်က ပြောင်းလဲသွားလျက် သူမက နက်ရှိုင်းသောအသံနှင့် ပြောလိုက်၏ “ငါ့ဆီက လုမီနက်ကနုကမာယပ်တောင်ကို တောင်းပြီး မင်း ဘယ်နေရာကို သွားမလဲဆိုတာ ငါ သိတယ်။ ဒါပေမယ့် ငါ မင်းကို ဘယ်တော့မှ ပေးမှာမဟုတ်ဘူး၊ ငါ မင်းကို စွန့်စားခွင့်ပြုမှာ မဟုတ်ဘူး။ လက်ရှိအချိန်မှာ မင်းကို မျှားခေါ်ဖို့အတွက် သူတို့လေးယောက်ကို ကောင်းကင်ဘုံတောင်အောက်မှာ ဖိနှိပ်ထားတာ။ မင်းရဲ့ခွန်အားနဲ့ဆိုရင် သူတို့ရဲ့ထောင်ချောက်ထဲကို ဝင်ဖို့ သွားနေသလိုပဲ”

“ဒါပေမယ့် ငါ သွားရမယ်”အထွတ်အထိပ်မူက လေးလံသောအသံနှင့် ပြောလိုက်သည် “သူတိုအားလုံးက ငါ့ရဲ့ညီအကိုတွေ၊ ဆရာသခင်ရဲ့နောက်ဆုံးတပည့်တွေပဲ။ သူတို့လေးယောက်ကို ကယ်နိုင်သရွေ့ ငါ့အသက်ကို ပေးဖို့လဲ ဆန္ဒရှိတယ်”

“မရဘူး”အထွတ်အထိပ်အလှလေးက ခေါင်းခါယမ်းလျက် ပြောလိုက်သည် “မင်းက အန္တိမအဆင့်ကို ချိုးဖြတ်ပြီးပြီဆိုရင်တော့ ငါ စိတ်ချမှာပါ။ တကယ်တော့ မင်းက သူတို့ကို ကယ်ဖို့ ကျရှုံးသွားရင်တောင် လွတ်မြောက်နိုင်သေးတယ်။ ဒါပေမယ့် မင်းက ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်အဆင့်ပဲ ရှိတယ်၊ အဲကို သွားတာက သေဖို့ သွားသလိုပဲ။ အထွတ်အထိပ်မူ၊ ငါ့စကားကို နားထောင်ပါ။ မြူနွေဉီးပင်လယ်မှာပဲ ကျင့်ကြံနေပါ။ နှစ်တစ်ထောင်အတွင်းမှာ သူတို့က မြင့်မြတ်ငှက်ဂိုဏ်းရဲ့အကာအကွယ်အစီအရင်ကို ထိုးဖောက်နိုင်မှာမဟုတ်ဘူး။ အန္တိမအဆင့်ကို ချိုးဖြတ်ပြီးမှပဲ သူတို့ကို မင်း အကူအညီပေးနိုင်မယ်”

အထွတ်အထိပ်မူက ခေါင်းခါယမ်းလျက် ပြောလိုက်သည် “နှစ်တစ်ထောင်အတွင်း အန္တိမအဆင့်ကို ချိုးဖြတ်ဖို့က ငါ့အတွက် မဖြစ်နိုင်ဘူး။ စီနီယာအုပ်ချုပ်သူ၊ အကျဉ်းသားပြိုင်ကွင်းကနေ ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်သတ်ဖြတ်ဖျော်ဖြေသူဆယ်ယောက်ကို ဝယ်ယူဖို့ ငါ ဆုံးဖြတ်ထားပြီးပါပြီ။ သူတို့နဲ့အတူ ငါ့ရဲ့ညီအကိုတွေကို ကယ်ဖို့ သွားရမယ်။ ဒီလိုမှ ဆရာသခင်ကို ငါ မျက်နှာပြရဲမှာ”

အထွတ်အထိပ်အလှလေးက အထွတ်အထိပ်မူ၏ပြတ်သားသောအမူအရာကို မြင်သည်၊ နောက်ဆုံးတွင် သူမက အင်္ကျီလက်ကို ဝှေ့ယမ်းကာ လုမီနက်ကနုကမာယပ်တောင်ကို ပစ်ပေးလိုက်၏။ ထို့နောက် သူမက အကူအညီမဲ့စွာ ပြော၏ “အခု ငါ ဒဏ်ရာအပြင်းအထန်ရထားတယ်၊ မင်းကို မကူညီနိုင်ဘူး။ ဒါပေမယ့် မင်းက အချိန်နည်းနည်းလောက်စောင့်မယ်ဆိုရင် စောင့်ရင်တော့ အကောင်းဆုံးပဲ။ ငါ့ဒဏ်ရာတွေ ကုသပြီးတဲ့အခါ ငါ မင်းကို အဲကို ခေါ်သွားပေးမယ်”

“ကျေးဇူးတင်ပါတယ်၊ စီနီယာအုပ်ချုပ်သူ”

အရိုအသေပေးပြီးနောက် အထွတ်အထိပ်မူက အပြင်ဘက်သို့ ခေါင်းလှည့်လိုက်သည်။ အပေါက်သို့ ရောက်မည့်ဆဲဆဲတွင် သူ့ခြေလှမ်းက ရုတ်တရက် ရပ်သွားကာ အထွတ်အထိပ်အလှလေးကို ပြန်လှည့်ကြည့်လျက် ပြောလိုက်၏ “မြူနွေဉီးပင်လယ်ကို ပြန်ပြီး စီနီယာအတွက် မြင့်မြတ်နဂါးသစ်သီးကို ချက်ချင်း ရှာပေးမယ်။ အဲဒါကို ရှာတွေ့ပြီးရင် ကောင်းကင်ဘုံတောင်ကို ငါ သွားမယ်”

“မင်းလုပ်ချင်တာသာလုပ်တော့။ ဒါပေမယ့် အန္တရာယ်တွေထဲကို အလွယ်တကူ မခုန်ဆင်းဖို့ ငါ မျှော်လင့်တယ်”အထွတ်အထိပ်အလှလေးက ပြောလိုက်၏ “အင်မော်တယ်ကမ္ဘာမှာ မင်းရဲ့အကူအညီကို လိုအပ်တဲ့သူတွေ အများကြီးရှိသေးတယ်”

“ငါ နားလည်ပါတယ်”အထွတ်အထိပ်မူက ပြန်လှည့်ကာ ပျံသန်းသွား၏။

နဂါးကိုးကောင်းကျောင်းတော်ပေါ်တွင်။

အထွတ်အထိပ်အလှလေးက ဝမ်းနည်းစွာ ရေရွတ်လိုက်သည် “ရှင်က နှလုံးသားမရှိတဲ့လူတစ်ယောက်ပဲ။ ရှင်ကတော့ အကြွေးတွေအများကြီး ချန်ထားပြီး ထွက်သွားပြီပေါ့…”

All Chapters