ကယ်ဆယ်ရန် လာခြင်း
Vol. 95 Ch. 1320
ခေါင်းဖြူဂလက်ဆီ။
ထန်ရှု၊ ကူးယန်အာနှင့် တိုက်ပွဲပမ်တို့က နေရာလပ်တည်နေရာရွှေ့ပြောင်းရေးအစီအရင်မှ ထွက်လာသည်၊ အဆုံးမရှိဟုထင်ရသောမြူကမ္ဘာတစ်ခုကို သူတို့က တွေ့လိုက်ရ၏။ နေရာက မြူနွေဉီးပင်လယ်ဖြစ်သည်။ ဤနေရာတွင် ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်တစ်ယောက်ပင် အမြင်အာရုံအကန့်အသတ်ရှိသည်။ လက်ရှိတွင် အနက်ရောင်ဝတ်ရုံနှင့် အင်မော်တယ်ဓားများ ကိုင်ဆောင်ထားသည့် အင်မော်တယ်ဆယ်ယောက်ကျော်က သူတို့ကို မျက်စိဒေါင့်ထောက်ကြည့်နေကြ၏။
“အထွတ်အထိပ်မူနဲ့ တွေ့ချင်တယ်”
ထန်ရှုက အင်မော်တယ်ဆယ်ယောက်ရှေ့သို့ လျှောက်လာကာ ပြောလိုက်၏။
တောင့်တင်းသန်မာသောရွှေအင်မော်တယ်တစ်ယောက်က မျက်မှောင်ကြုတ်လျက် အေးစက်စွာ ပြန်ဖြေသည် “မင်းက ဘယ်သူလဲ၊ ဆရာ။ ငါတို့အရှင်ရဲ့နာမည်က ခေါ်ချင်တိုင်း ခေါ်လို့ရတဲ့အရာမဟုတ်ဘူး”
“သူ့နာမည်ကို ခေါ်ဖို့ ငါက အရည်အချင်းမပြည့်ရင် အင်မော်တယ်ကမ္ဘာတစ်ခုလုံးမှာလဲ ရှိမှာမဟုတ်ဘူး”ထန်ရှုက ပြောလိုက်၏ “အထွတ်အထိပ်မူကို စာပို့လိုက်ပါ၊ သူငယ်ချင်းဟောင်းတစ်ယောက်က သူ့ဆီ လာလည်တယ်လို့။ ဒီသူငယ်ချင်းက မြူနွေဉီးပင်လယ်ကို သူ့ရဲ့ပိုင်နက်အဖြစ်ပါ သိမ်းယူချင်တယ်လို့ ပြောလိုက်ပါ”
ဘာ…
ချက်ချင်းလျှင်ပင် တောင့်တင်းသန်မာသောလူအပါအဝင် အင်မော်တယ်စစ်သားများက ထန်ရှုကို ရန်လိုသောအကြည့်များဖြင့် စိုက်ကြည့်လိုက်ကြသည်။
“သေချာစဉ်းစား။ မင်းတို့က ငါ့ကို ဆန့်ကျင်ရင် သေချာပေါက် အပြစ်ပေးခံရလိမ့်မယ်။ ဒါ့အပြင် ငါပြောတာ လုပ်လို့လဲ မင်းတို့အတွက် ဘာမှ ဆုံးရှုံးမှုရှိမှာ မဟုတ်ပါဘူး။ နောက်ကျရင် မင်းတို့က ဆုလာဒ်ကြီးကြီးတောင် ရသွားနိုင်တယ်”ထန်ရှုက ပြောလိုက်၏။
တောင့်တင်းသန်မာသောလူက ထန်ရှုကို အေးစက်စွာ အချိန်အကြာကြီး စိုက်ကြည့်လိုက်သည်၊ နောက်ဆုံးတွင် သူက ကူးယန်အာနှင့်တိုက်ပွဲပမ်တို့ဘက်သို့ လှည့်လိုက်၏။ ထိုနှစ်ယောက်တွင် အလွန်အားကောင်းသောအရှိန်အဝါများရှိသည်ကို သူက ရှင်းလင်းစွာ အာရုံခံနိုင်သည်၊ သူ့ထက် ပိုသန်မာ၏။
“ကျေးဇူးပြုပြီး စောင့်ပေးပါ”
တောင့်တင်းသန်မာသောလူက စိတ်ထဲ၌ ခဏစဉ်းစားလိုက်ပြီး နောက်ဆုံးတွင် သတင်းပို့လိုက်၏။
****
ခေါင်းဖြူဂလက်ဆီ၏အစွန်အဖျားတွင်။
တိုက်ပွဲတစ်ခုက လက်ရှိ ဖြစ်ပွားနေသည်၊ ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်ရှစ်ယောက်က အထွတ်အထိပ်မူကို ဝိုင်းတိုက်ခိုက်နေကြ၏။ သူ့လက်ထဲရှိ လုမီနက်ကနုကမာယပ်တောင်က ကြောက်စရာကောင်းသောသတ်ဖြတ်ကွက်များကို ဖော်ထုတ်ခြင်းကြောင့်မဟုတ်လျှင် သူ့ကို ထိုလူများက သတ်ဖြတ်သွားခဲ့လောက်ပြီ။
သို့သော် သူ့ကိုယ်သူ ကာကွယ်နိုင်သေးသော်လည်း သူက ဆိုးဝါးစွာ ထိခိုက်ထားပြီး အချိန်မရွေး သေသွားနိုင်၏။
ရုတ်တရက် သူ့အသားအရောင်က ပြောင်းလဲသွားပြီး လုမီနက်ကနုကမာယပ်တောင်နှင့်အတူ အသန်မာဆုံးတိုက်ကွက်ကို ထုတ်ဖော်လိုက်သည်။ အလင်းတန်းများက ပေါက်ကွဲထွက်လာပြီး သူက မီတာတစ်သောင်းအကျော်သို့ လျှပ်တစ်ပြက်အတွင်း ပျံသန်းသွား၏၊ ထို့နောက် ရွှေရောင်စာတန်းတစ်ခုက သူ့အမြင်အာရုံထဲ၌ ထွက်ပေါ်လာ၏ “အရှင်အထွတ်အထိပ်အင်မော်တယ်မူ၊ လူအချို့က အရှင့်ရဲ့မိတ်ဆွေတွေလို့ ပြောကြတယ်၊ သူတို့က အရှင့်ရဲ့ပိုင်နက်ကို သိမ်းပိုက်ချင်နေကြတယ်။ အခု သူတို့က တည်နေရာရွှေ့ပြောင်းရေးအစီအရင်အပြင်ဘက်မှာ ရှိနေတယ်”
ငါ့ပိုင်နက်ကို သိမ်းပိုက်ချင်တဲ့ မိတ်ဟောင်းအချို့လား။
အထွတ်အထိပ်မူက စိတ်ထဲ၌ ခါးသီးစွာ ခံစားမိသည်။ ယခုလို အန္တရာယ်များသောအခြေအနေတစ်ခုတွင် သူ့ကိုယ်သူ ကိုယ်ပွားခွဲထုတ်ရန် အချိန်မရှိပေ။ ထို့ပြင် အားကောင်းသောရန်သူအချို့က မြူနွေဉီးကျွန်းထဲတွင် ထွက်ပေါ်လာသောကြောင့် သူက ပိုစိတ်ရှုပ်သွား၏။ ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်ရှစ်ယောက်ကို ကြည့်ရင်း သူက အံကြိတ်လျက် အော်လိုက်၏ “လာကြစမ်း…ငါ သေရင်တောင် မင်းတို့ကို ငါနဲ့အတူ ငရဲကို ခေါ်သွားမယ်”
ထို့နောက် သူက စာပို့တိုကင်ကို ဖိလိုက်ပြီး ၎င်းက ကောင်းကင်ထဲသို့ လျင်မြန်စွာ ပျောက်ကွယ်သွား၏။
****
မြူနွေဉီးကျွန်းပေါ်ရှိ တည်နေရာရွှေ့ပြောင်းရေးအစီအရင်အပြင်ဘက်တွင်။
သူ့လက်ထဲရှိ အလင်းစီးကြောင်းကို ဆုပ်ကိုင်ရင်း တောင့်တင်းသန်မာသောလူ၏အမူအရာက ပြောင်းလဲသွားသည်။ သူက အထဲတွင် ပါဝင်သော သတင်းကို ဖတ်ပြီးနောက် ထန်ရှုကို ကြည့်ကာ ပြောလိုက်၏ “အရှင်မူက သတင်းပို့ပြီး အင်မော်တယ်အမှတ်အသားတစ်ခု ချန်ထားခဲ့တယ်။ သူ့ကို တွေ့မယ်ဆိုရင် အဲကို ကိုယ်တိုင်သွားပါ”
စာပို့တိုကင်မှ ထွက်ပေါ်လာသော အင်မော်တယ်အမှတ်အသားကို တစ်ချက်ကြည့်ပြီးနောက် ထန်ရှုက နက်ရှိုင်းသောအသံဖြင့် ချက်ချင်း မေးလိုက်၏ “ဒီနေရာကနေ အဲကို သွားဖို့ ဘယ်လောက်ကြာမလဲ”
“ရွှေအင်မော်တယ်တစ်ယောက်ရဲ့အရှိန်အပြည့်နဲ့ဆိုရင် လေးနာရီလောက် ကြာမယ်”တောင့်တင်းသန်မာသောလူက နှာခေါင်းရှုံ့လိုက်သည်။
ထန်ရှုက ခေါင်းညိတ်ကာ ကောင်းကင်ဘုံံစံအိမ်အသုံးအဆောင်ပစ္စည်းထဲမှ ပင်လယ်လမ်းဘုရင်ကို ဆင့်ခေါ်လိုက်သည်။ ထို့နောက် သူက ပြောလိုက်၏ “ငါတို့ကို အင်မော်တယ်အမှတ်အသားရှိတဲ့နေရာကို ခေါ်သွားပေးပါ”
“နားလည်ပါပြီ…”ပင်လယ်လမ်းဘုရင်က ပြန်ဖြေပြီး ထန်ရှုတို့သုံးယောက်ကို ချက်ချင်း ရစ်ပတ်လိုက်သည်၊ ထို့နောက် အင်မော်တယ်အမှတ်အသားရှိသောနေရာသို့ တစ်ဟုန်ထိုးပြေးသွား၏။ သူ့အရှိန်က အလွန်မြန်သည်၊ မျက်စိတစ်မှိတ်အတွင်း မိုင်ထောင်ချီအကွာသို့ ရောက်ရှိသွားလေ၏။
“ဒီလောက်တောင်မြန်တာလား”
တောင့်တင်းသန်မာသောလူ၏အမူအရာက ပြောင်းလဲသွားပြီး သူ့အမူအရာက ထိတ်လန့်တုန်လှုပ်မှုအပြည့်ဖြစ်၏။ ဆင့်ခေါ်ခံရသောလူက အနည်းဆုံး ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်တစ်ယောက်ဖြစ်မည်ဟု သူက မြင်နိုင်သည်။
****
မြူနွေဉီးကျွန်း၏အစွန်အဖျားတွင်။
ရန်သူများနှင့်အတူ ပျောက်ကွယ်သွားလိုသော ရည်ရွယ်ချက်ဖြင့် အထွတ်အထိပ်မူက တန်ပြန်တိုက်ခိုက်နေသည်။ ထိုပြီးပြည့်စုံခြင်းရွှေအင်မော်တယ်ရှစ်ယောက်ကမူ အတူတကွ မပျောက်ကွယ်သွားလိုသောကြောင့် တိုက်ခိုက်ရင်း သူတို့ကိုယ်သူတို့ ခုခံကာကွယ်နေလေ၏။
“ဟီးဟီးဟီး၊ ငါတို့က အင်မော်တယ်လိုင်ဇီယန်ကို စောင့်ကြည့်နေတာ ကြာပြီ၊ ဒါပေမယ့် မင်းကို တွေ့လိမ့်မယ်လို့ မမျှော်လင့်ထားခဲ့ဘူး၊ အထွတ်အထိပ်မူ။ မင်းကို တွေ့တဲ့အခါ တစ်ခါတည်း ရှင်းခဲ့ရမယ်လို့ ဆရာသခင်က ငါတို့ကို ပြောခဲ့တယ်။ ဒါကြောင့် မင်း ဒီနေ့ သေရမယ်၊ ဒါမှ ငါတို့က ဆရာသခင်ဆီကနေ ဆုလာဒ်တွေ ရမှာ။ မင်းက သတ်သေလိုက်မယ်ဆိုရင်တော့ ပြန်လည်မွေးဖွားဖို့အတွက် မင်းရဲ့ဝိညာဉ်တစ်မျှင်ကို ချန်ထားပေးမှာပါ။ မဟုတ်ရင်တောင် မင်းဆရာလိုပဲ ဝိညာဉ်ပါ ပြန့်ကျဲသွားရလိမ့်မယ်”ကြက်သွေးရောင်ဆံပင်ရှည်နှင့်အဝါဝတ်လူတစ်ယောက်က ဝမ်းသာအားရစွာ ပြောလိုက်သည်။
“ဟမ့်၊ ငါတို့က အတူတကွပျောက်ကွယ်သွားရမယ်ဆိုရင်တောင် ရန်သူတွေကို သွေးစွန်းစေခဲ့ဖို့ ငါ့ဆရာသခင်က ငါ့ကို ပြောခဲ့တယ်။ အဓိပ္ပါယ်မရှိတာတွေကို ထပ်မပြောနေနဲ့တော့။ ငါ့မှာ လုမီနက်ကနုကမာယပ်တောင်ရှိတယ်၊ ဒါကြောင့် မင်းတို့ရဲ့ဝိညာဉ်အချို့ကို ငါနဲ့အတူ ခေါ်သွားမယ်။ ဇီသာဗျတ်စောင်းနတ်ဆိုးကျိုးယောင်ရဲ့လူအချို့နဲ့အတူတူ သေရတာ ထိုက်တန်ပါတယ်လေ” အထွတ်အထိပ်မူက အေးစက်စွာ ခွန်းတုံ့ပြန်လိုက်၏။
အဝါဝတ်လူ၏မျက်နှာပေါ်ရှိ အပြုံးက ပျောက်ကွယ်သွားပြီး သူက အေးစက်စွာ ပြောလိုက်၏ “မင်းက အရမ်းပျောက်ကွယ်သွားချင်နေတာလား၊ ဟမ်။ ဒါဆို ငါတို့က မင်းရဲ့ဆန္ဒကို ဖြည့်ဆည်းပေးမှာပေါ့။ မင်းရဲ့အင်မော်တယ်စွမ်းအားတွေအားလုံး ကုန်တဲ့အထိ စောင့်နေရုံပဲ။ မင်းက ငါတို့ကိုပါ ငရဲကို ခေါ်သွားနိုင်သေးသလားဆိုတာ ကြည့်ရတာပေါ့”
တစ်ဖက်လူ၏ရည်ရွယ်ချက်ကို အထွတ်အထိပ်မူက ကောင်းကောင်းသိသည်။ သူတို့၏နည်းလမ်းအရ သူတို့ကို သူနှင့်အတူ ငရဲသို့ ခေါ်သွားရန် နည်းလမ်းမရှိပေ။ သူတို့ကို ထိခိုက်စေရန်ပင် ပိုခက်ခဲသည်။
သို့သော် သူက မကျေနပ်ပေ။ သူက ဆန္ဒမရှိပေ၊ သူက သူ့ညီအကိုလေးယောက်ကို မကယ်ရသေးပေ။ သူက အထွတ်အထိပ်အင်မော်တယ်အလှလေးအတွက် မြင့်မြတ်နဂါးသစ်သီးကို မရှာဖွေရသေးပေ။ ထို့ပြင် ထိုသစ္စာဖောက်များ၏စိတ်ဝိညာဉ်များပျောက်ကွယ်သွားသည်ကိုလည်း သူက မမြင်ရသေးပေ။
အဝေးမှ မိုင်သိန်းချီအကွာတွင်။
ပင်လယ်လမ်းဘုရင်က လေထဲတွင် ရုတ်တရပ် ရပ်လိုက်ပြီး အထွတ်အထိပ်မူတို့၏တိုက်ပွဲရှိရာသို့ ကြည့်ကာ ပြောလိုက်၏ “ဆရာသခင်၊ အဲမှာ ရွှေအင်မော်တယ်တွေကြားတိုက်ပွဲတစ်ခုကို ငါ အာရုံခံမိတယ်။ သူတို့က စဉီးအဆင့်ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်တွေဖြစ်ကြပေမယ့် သူတို့ထဲက တစ်ယောက်က အလွန်အားကောင်းသောအင်မော်တယ်အသုံးအဆောင်ပစ္စည်းတစ်ခုကို ကိုင်ဆောင်ထားတယ်”
ထန်ရှု၏အမူအရာက ပြောင်းလဲသွားကာ နက်ရှိုင်းသောအသံနှင့် မေးလိုက်သည် “အဲမှာ ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်တွေ ဘယ်လောက်ထိရှိလဲ”
“နှစ်ဖက်စလုံးမှ စုစုပေါင်းကိုးယောက်”ပင်လယ်လမ်းဘုရင်က ပြန်ဖြေ၏။
ထန်ရှုက သက်ပြင်းတစ်ချက်ရှိုက်ကာ နက်ရှိုင်းသောအသံနှင့် ပြောလိုက်သည် “မြန်မြန်သွား။ ဒါပေမယ့် အလျင်စလိုမလုပ်နဲ့၊ ငါ့အမိန့်ကို နားထောင်ပါ”
ပင်လယ်လမ်းဘုရင်က ခဏတုံ့ဆိုင်းသွားပြီးနောက် သူက ပျံသန်းသွားခဲ့၏။
သူတို့လေးယောက်က ချဉ်းကပ်သွားသည့် အခိုက်အတန့်တွင် အဝါဝတ်လူ၏အမူအရာက ရုတ်ချည်းပြောင်းလဲသွားကာ ကျယ်လောင်စွာ အော်လိုက်၏ “ငါတို့က ဇီသာဗျတ်စောင်းနတ်ဆိုးကျိုးယောင်လက်အောက်ကဗိုလ်ချုပ်ရှစ်ယောက်ပဲ။ ဒီနေရာမှာ မင်းတို့အလုပ်မရှိဘူး၊ အမြန်ဆုံး ထွက်သွားလိုက်တော့”
လက်ရှိအချိန်တွင် ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်ရှစ်ယောက်က အထွတ်အထိပ်မူကို ဝိုင်းတိုက်ခိုက်နေသည်ကို ထန်ရှုက ရှင်းလင်းစွာ မြင်ရ၏။ အထွတ်အထိပ်မူက အန္တရာယ်ဖြစ်နေသည်ကို မြင်သောအခါ သတ်ဖြတ်ခြင်းဆန္ဒများက သူ့စိတ်ထဲ၌ အရူးအမူး စီးကျလာသည်။ သို့သော် သူ့ကိုယ်ပိုင်ခွန်အားကို ကောင်းကောင်းသိသည်။ နက်နဲသိမ်မွေ့ခြင်းအဆင့်သို့ မချိုးဖြတ်နိုင်သေးသရွေ့ သူက ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်အဆင့်ကို မယှဉ်ပြိုင်နိုင်ပေ။
“ထွက်လာစမ်း”
လျှို့ဝှက်ကြုံးဝါးရင်း သူက အဆင့်မြင့်အင်မော်တယ်၂၂ယောက်ကို ဆင့်ခေါ်လိုက်သည်။ ထို၂၂ယောက်တွင် နှစ်ဆယ်က နှောင်းပိုင်းရွှေအင်မော်တယ်များဖြစ်ကြပြီး အခြားနှစ်ယောက်ဖြစ်သည့်ကြယ်မျက်ရည်နှင့်အထွတ်အထိပ်အုပ်ချုပ်သူတို့က ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်များဖြစ်ကြသည်။ ထန်ရှုက သက်ပြင်းတစ်ချက်ရှိုက်ကာ ပြင်းထန်စွာ ပြောလိုက်၏ “ဟမ့်၊ အဲဒီအယုတ်တမာဇီသာဗျတ်စောင်းနတ်ဆိုးကျိုးယောင်က မကောင်းသတင်းနဲ့ ကျော်ကြားတာ တကယ်ကို အမှန်ပဲ။ သူ့လက်အောက်က ဗိုလ်ချုပ်ရှစ်ယောက်က သူ့လိုပဲ ယုတ်မာကြမယ်ဆိုတာ သေချာတယ်။ ငါက ဘယ်ကိစ္စကိုမှ ဝင်မပါခဲ့ပါဘူး၊ ဒါပေမယ့် လူအများကြီးက လူတစ်ယောက်တည်းကို အနိုင်ကျင့်နေတာကတော့ တကယ်ကို စက်ဆုပ်ရွံ့ရှာစရာပဲ။ သူတို့ကို သတ်ကြ…”
လူနှစ်ဆယ်ကျော်က အကြည့်များဖလှယ်လိုက်ကာ တုံ့ဆိုင်းသွားကြသည်။ သို့သော် ထန်ရှု၏မျက်လုံးများထဲရှိ သတ်ဖြတ်ခြင်းဆန္ဒကို မြင်ပြီးနောက် သူတို့က ခါးသီးစွာ ပြုံးလျက် ထိုပြီးပြည့်စုံခြင်းရွှေအင်မော်တယ်ရှစ်ယောက်ထံ ပြေးဝင်တိုက်ခိုက်လိုက်ကြ၏။
အထွတ်အထိပ်မူက ရုတ်တရက် အံ့အားသင့်သွားသည်။ ထိုလူများလည်း ရန်သူများဖြစ်လိမ့်မည်ဟု ထင်ထားခဲ့သည်၊ သူတို့က သူ့ကို ကူညီရန် ထွက်လာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်သုံးယောက်နှင့် နှောင်းပိုင်းအဆင့်ရွှေအင်မော်တယ်အယောက်နှစ်ဆယ်။ သူ့ပါ ပေါင်းထည့်လျှင် သူတို့က ရန်သူရှစ်ယောက်လုံးကို မသုတ်သင်နိုင်လျှင်ပင် သူတို့ကို အကြီးအကျယ်ထိခိုက်အောင် လုပ်နိုင်ပေမည်။
ထန်ရှုက သက်ပြင်းတစ်ချက်ရှိုက်ကာ နက်ရှိုင်းသောအသံနှင့် ပြောလိုက်သည် “အထွတ်အထိပ်မူ၊ မင်းရဲ့နာမည်ကို ငါ ကြားဖူးတာ ကြာပြီ။ မင်းက ကမ္ဘာအနှံ့ လှည့်လည်သွားလာပြီး နေရာတိုင်းကို သူ့အိမ်အဖြစ် သတ်မှတ်ထားတဲ့ ကြယ်ကျင့်ကြံခြင်းမဟာအင်ဧကရာဇ်ရဲ့တပည့်ဆို။ နောက်ပိုင်းတော့ တစ်ကိုယ်တည်း နေထိုင်ဖို့အတွက် နေရာတစ်ခုကို သိမ်းပိုက်ခဲ့တယ်။ ဟုတ်လား”
အကူအညီများရောက်လာခြင်းက အထွတ်အထိပ်မူကို ဖိအားလျော့သွားသွားစေသည်။ ထန်ရှု၏စကားကို ကြားပြီးနောက် သူက ပျံသန်းပြီး ရန်သူများကို ပြင်းပြင်းထန်ထန်တိုက်ခိုက်ပြီးနောက် နက်ရှိုင်းသောအသံနှင့် ပြန်ဖြေ၏ “မင်း ပြောတာ မှန်ပါတယ်၊ ဆရာ”
“အခု မင်းက သေရေးရှင်ရေးအခြေအနေတစ်ခုဖြစ်နေတယ်၊ မင်း သေရင် မင်းရဲ့ပိုင်နက်က ပိုင်ရှင်မရှိဘဲ ဖြစ်သွားလိမ့်မယ်။ ဒါကြောင့် ငါက မင်းရဲ့အသက်ကို ကယ်မယ်၊ မင်းရဲ့ပိုင်နက်ကို ငါ့ကို ပေးမယ်ဆိုရင် ဘယ်လိုလဲ”ထန်ရှုက ကျယ်လောင်စွာ ပြောလိုက်သည်။
“မင်းက သူတို့ကို သတ်ဖို့ ငါ့ကို ကူညီနိုင်မယ်ဆိုရင် ငါ့ပိုင်နက်က မင်းအပိုင်ပဲ”အထွတ်အထိပ်မူက နက်ရှိုင်းသောအသံနှင့် ပြန်ဖြေ၏။
ထန်ရှုက အနည်းငယ်ခေါင်းညိတ်လိုက်သည်။ ထို့နောက် သူ့ပုံရိပ်က ကောင်းကင်ဘုံစံအိမ်အသုံးအဆောင်ပစ္စည်းအထဲ၌ ထွက်ပေါ်လာသည်။ သူက ထန်အန်းကို ရှာကာ နက်ရှိုင်းသောအသံနှင့် ပြောလိုက်၏ “ငါ့မှာ မင်းအတွက် တာဝန်ရှိတယ်”
“ကျေးဇူးပြုပြီး ငါ့ကို ညွှန်ကြားပါ”ထန်အန်းက ပြန်ပြော၏။
ထန်ရှုက သိုလှောင်လက်စွပ်တစ်ကွင်းကို သူမထံ ကမ်းပေးကာ ပြောလိုက်၏ “ဒီထဲမှာ နဂါးသပွတ်အူအစီအရင်ချပ်ပြားတွေရှိတယ်။ ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်တစ်ယောက်တောင် အထဲမှာ အချိန်အချို့ သောင်တင်နေရလိမ့်မယ်။ အခု ငါတို့က ပြင်းထန်တဲ့တိုက်ပွဲတစ်ခုကို ရင်ဆိုင်နေရတယ်၊ ရန်သူတွေက ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်တွေပဲ။ ဒါကြောင့် မင်းက အမှောင်ထဲမှာ ပုန်းကွယ်ပြီး သူတို့ပတ်လည်မှာ နဂါးသပွတ်အူအစီအရင်ချပ်ပြားတွေကို စိုက်ရမယ်”
“ပြဿနာမရှိပါဘူး”ထန်အန်းက လက်စွပ်ကို ယူကာ ခေါင်းညိတ်လိုက်သည် “ငါ ချက်ချင်း လုပ်လိုက်ပါ့မယ်”
ထန်ရှုက သူမကို တားကာ လေးနက်စွာ ပြောလိုက်၏ “ထန်အန်၊ မင်း အထူးဂရုစိုက်ဖို့ လိုတယ်။ အနေအထားတစ်ခုခုမှားယွင်းတာကို တွေ့တာနဲ့ အစီအရင်ဝင်္ကပါကို ချက်ချင်း ဖျက်သိမ်းလိုက်ပါ။ မင်း အပြင်ရောက်တဲ့အခါ တိုက်ပွဲပမ်က တိုက်ပွဲပတ်ပတ်လည်ကို လျှောက်သွားနေလိမ့်မယ်၊ မင်းက သူ့ကို အကာအကွယ်ယူပြီး ပုန်းရမယ်။ ထပ်ပြီးတော့ အစီအရင်ရဲ့အတိုင်းအတာက တိုက်ပွဲကနေ အနည်းဆုံးကီလိုမီတာတစ်သိန်းအကွာမှာ ရှိရမယ်”
“ကီလိုမီတာတစ်သိန်းလား”ထန်အန်က အံ့အားသင့်စွာ ပြောလိုက်၏။
“ဒါကြောင့် တိုက်ပွဲရဲ့သက်ရောက်မှုကို မင်းဆီ မရောက်အောင် တိုက်ပွဲပမ်က ကာကွယ်ပေးရတာပဲ။ ငါ့ကို ပြောပါ၊ မင်း ဒါကို လုပ်နိုင်လား”
“သေချာပါတယ်…”ထန်ရှုက တိတ်တဆိတ်အံကြိတ်လိုက်၏။
ထန်ရှုက သက်ပြင်းတစ်ချက်ရှိုက်ပြီး အဖြူရောင်အင်မော်တယ်ချပ်ဝတ်တစ်စုံကို ယူထုတ်လိုက်သည်။ ထို့နောက် သူက နက်ရှိုင်းသောအသံနှင့် ပြောလိုက်၏ “ဒါကို သန့်စင်ဖို့ ငါ မင်းကို မိနစ်အနည်းငယ်ပေးမယ်။ ဒါက ကောင်းကင်ပိုးချပ်ဝတ်ပဲ၊ အဲဒါက မင်းကို ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်တစ်ယောက်ရဲ့တိုက်ခိုက်မှုကို ကာကွယ်ပေးနိုင်တယ်။ ဒါပေမယ့် ဒါက တစ်ချက်ပဲ ကာကွယ်နိုင်တယ်ဆိုတာ မှတ်ထားပါ၊ ပြီးတာနဲ့ ဒီကောင်းကင်ပိုးချပ်ဝတ်က တစ်စစီဖြစ်သွားလိမ့်မယ်”
ထန်အန်းက ခေါင်းညိတ်လိုက်သည်။ ကောင်းကင်ပိုးချပ်ဝတ်ကို သန့်စင်ကာ ဝတ်ဆင်ပြီးနောက် သူမက ပျောက်ကွယ်သွားပြီး ကောင်းကင်ဘုံစံအိမ်အသုံးအဆောင်ပစ္စည်းအပြင်ဘက်သို့ ထွက်လာခဲ့သည်။