← Chapters

ဆရာနှင့်တပည့်တို့ တစ်ယောက်ကိုတစ်ယောက် သိရှိသွားကြခြင်း

Vol. 95 Ch. 1321

ဆရာနှင့်တပည့်တို့ တစ်ယောက်ကိုတစ်ယောက် သိရှိသွားကြခြင်း

Vol. 95 Ch. 1321

ထန်ရှုက ကောင်းကင်ဘုံစံအိမ်အသုံးအဆောင်ပစ္စည်းထဲမှ ထွက်လာသည်၊ အဝါဝတ်လူအိုကြီးက ပင်လယ်လမ်းဘုရင်ကြောင့် ဒဏ်ရာအပြင်းအထန်ရလျက် အနောက်သို့ လွင့်ထွက်သွားကာ သွေးတစ်ပွက်အန်လိုက်သည်။

ပင်လယ်လမ်းဘုရင်နှင့်ဇီသာဗျတ်စောင်းအုပ်ချုပ်သူတို့က အလယ်ဆင့်ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်များဖြစ်ကြပြီး ထိုပြီးပြည့်စုံခြင်းရွှေအင်မော်တယ်ရှစ်ယောက်ထက် တစ်ဆင့်ပိုမြင့်သည်။ သို့သော် သူတို့နှင့် ပတ်သက်၍ အထူးခြားဆုံးအရာက သူတို့၏ကြွယ်ဝသောတိုက်ခိုက်ရေးအတွေ့အကြုံပင်။ သူတို့က အကျဉ်းထောင်ပြိုင်ကွင်းတွင် တိုက်ပွဲရာချီ တိုက်ခိုက်ခဲ့ရပြီး သူတို့ကိုယ်သူတို့ တိုက်ပွဲစက်များအဖြစ် သွေးခဲ့ရ၏။

ကြယ်မျက်ရည်က စဉီးအဆင့်ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်တစ်ယောက်ဖြစ်သော်လည်း သူမသည်လည်း တိုက်ခိုက်ရေးအတွေ့အကြုံကြွယ်ဝသည်။ သူမကို ပေးထားသော ထိပ်တန်းအဆင့်အင်မော်တယ်ဓားနှင့် တွဲဖက်လိုက်လျှင် သူမ၏စွမ်းအားကို ကိုယ်တွယ်ရန် အဆင့်တူရန်သူများအတွက် ခက်ခဲ၏။ အဆင့်တူပြီးပြည့်စုံခြင်းရွှေအင်မော်တယ်နှစ်ယောက်ကို တာဝန်ယူထားရသော်လည်း သူမက တိုက်ခိုက်မှုကို အလွယ်တကူရင်ဆိုင်ခဲ့သည်။

အခြားနှောင်းပိုင်းအဆင့်ရွှေအင်မော်တယ်အယောက်နှစ်ဆယ်ကလည်း အကျဉ်းပြိုင်ကွင်းတွင် အကြိမ်ပေါင်းမရေမတွက်များစွာ တိုက်ခိုက်ခဲ့ကြသည့် ကျွမ်းကျင်သူများဖြစ်ကြသည်။ သူတို့တစ်ယောက်ချင်းစီက စဉီးအဆင့်ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်များကို တစ်ယောက်ချင်း ယှဉ်ပြိုင်နိုင်ပြီး သူတို့အယောက်နှစ်ဆယ်၏ပူးပေါင်းမှုက ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်လေးယောက်ကို ကိုင်တွယ်ရန် လုံလောက်သည်။

“ဒီလူတွေက သန်မာတာပဲ…”

အထွတ်အထိပ်မူက ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်တစ်ယောက်ကိုသာ ရင်ဆိုင်နေရ၏။ လက်ရှိတွင် သူက လုမီနက်ကနုကမာယပ်တောင်နှင့် အဆက်မပြတ် တိုက်ခိုက်နေပြီး သူ့ရန်သူက အဆက်မပြတ်နောက်ဆုတ်နေရသည်။ တစ်ချိန်တည်းတွင် သူက အခြားတိုက်ပွဲများကို လေ့လာလိုက်၏။

ထန်ရှု၏တိုက်ရိုက်တပည့်အနေနှင့် သူလည်း အလွန်သန်မာသောခွန်အားရှိသည်၊ သူ့နည်းစနစ်များက ကောင်းကင်ဆန့်ကျင်ကာ အဆင့်တူများကို ဖိနှိပ်နိုင်၏။

သို့သော် ထိုလူများက ဘယ်သူလဲဆိုသည်ကို သူက မဖော်ထုတ်နိုင်ပေ။ ထိုလူများပိုင်ဆိုင်သည့်တိုက်ခိုက်ရေးစွမ်းပကားက ကြမ်းလွန်းသည်။ အလတ်စားအင်မော်တယ်ပိုင်နက်သခင်များပင် သူတို့လက်အောက်၌ ဒီလိုစွမ်းအားရှင်များကို မပိုင်ဆိုင်နိုင်ပေ။

ဥပမာအားဖြင့် အင်မော်တယ်လိုင်ဇီယန်။

အင်မော်တယ်လိုင်ဇီယန်ကို အင်မော်တယ်ကမ္ဘာရှိ အကြီးစားအင်မော်တယ်ပိုင်နက်များထဲမှ တစ်ခုဟု သတ်မှတ်ထားကြသော်လည်း ၎င်း၏အလုံးစုံစွမ်းအားက ဤလူများလောက် မသန်မာပေ။

တစ်နာရီကြာပြီးနောက် တိုက်ပွဲအနေအထားက ပိုပိုပြင်းထန်လာသည်။ ဇီသာဗျတ်စောင်းနတ်ဆိုးကျိုးယောင်၏ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်ရှစ်ယောက်လုံးက ဒဏ်ရာအပြင်းအထန်ရထားကြသည်။

သေချာသည်ကတော့ ကြယ်မျက်ရည်၊ အထွတ်အထိပ်အုပ်ချုပ်သူနှင့် ပင်လယ်လမ်းဘုရင်တို့လည်း ဒဏ်ရာပြင်းထန်သည်၊ သို့သော် သူတို့၏အခြေအနေက ဗိုလ်ချုပ်ရှစ်ယောက်နှင့် ယှဉ်လျှင် အများကြီး ပိုကောင်းသည်။ နှောင်းပိုင်းအဆင့်ရွှေအင်မော်တယ်အယောက်နှစ်ဆယ်ထဲမှ လေးယောက်က ဒဏ်ရာပြင်းထန်သောကြောင့် နောက်ဆုတ်သွားခဲ့ပြီး ကျန်လူများကလည်း ဒဏ်ရာရထားသော်ငြား အရူးအမူးတိုက်ခိုက်နေကြ၏။

ဝှစ်…

ထန်ရှုဘေးနားတွင် ထန်အန်း၏ပုံရိပ်က ရုတ်တရက် ထွက်ပေါ်လာသည်။ သို့သော် တိုက်ပွဲပမ်က ထန်ရှုထံ မလာဘဲ တိုက်ပွဲထဲသို့ ပါဝင်တိုက်ခိုက်သွားလေ၏။

“အားလုံးပြီးသွားပြီ၊ ဆရာအဘိုး”

ပျော်ရွှင်စွာ ခေါင်းညိတ်လျက် ထန်ရှုက ပြောလိုက်၏ “အစီအရင်ကို ချက်ချင်း အသက်သွင်းလိုက်ပါ။ ဒီနေ့မှာ အဲဒီပြီးပြည့်စုံခြင်းရွှေအင်မော်တယ်ရန်သူရှစ်ယောက်ကို သတ်ဖြတ်ရမယ်”

“ဆရာသခင်ကို လုပ်ခွင့်ပြုပါလား…”

ထန်အန်းက ကူးယန်အာထံ သလင်းကျောက်အဆီအနှစ်အပိုင်းအစတစ်ခုကို ပစ်ပေးကာ တီးတိုးပြောလိုက်၏ “ဆရာသခင်၊ ဒီအင်မော်တယ်အစီအရင်တစ်ခုလုံးရဲ့အခရာက ဒီသလင်းကျောက်အဆီအနှစ်ပဲ။ ဒါကို အသက်သွင်းလိုက်ရုံပဲ။ ဆရာသခင်က အလွယ်တကူ ထိန်းချုပ်နိုင်…”

ကူးယန်အာက လက်မြှောက်ပြလျက် ကြားဖြတ်ပြောလိုက်သည် “ရတယ်၊ ငါ့အတွက် ထိန်းချုပ်ဖို့က မခက်ခဲဘူး”

ထိုသို့ပြောပြီးနောက် သူမက အင်မော်တယ်စွမ်းအားကို သလင်းကျောက်အဆီအနှစ်ထဲသို့ ထည့်သွင်းလိုက်သည်။ ထို့နောက် ချက်ချင်းလျှင်ပင် ရွှေရောင်အက္ခရာစာလုံးရှစ်ခုက ရေပမာ စီးထွက်လာပြီး ဉီးတည်ဘက်တိုင်းသို့ လျင်မြန်စွာ ပျံ့နှံ့သွား၏။ စက္ကန့်အနည်းငယ်အတွင်း နေရာလပ်တစ်ခုလုံးကို ရေနှင့်တူသောရွှေရောင်အက္ခရာရှစ်ခုက လွှမ်းခြုံသွားပြီး ရွှေရောင်ပုံစံကွက်တစ်ခုက တဖြည်းဖြည်းဖြစ်ပေါ်လာသည်။

တစ်ချိန်တည်းတွင် ဇီသာဗျတ်စောင်းနတ်ဆိုးကျိုးယောင်၏ဗိုလ်ချုပ်ရှစ်ယောက်က ကြောက်ရွံ့သွားကြသည်။ သူတို့က ဤတည်နေရာကို စစ်မြေပြင်အဖြစ် ရွေးချယ်ခဲ့သော်လည်း အစီအရင်တစ်ခုရှိလိမ့်မည်ဟု မမျှော်လင့်ထားပေ။ ၎င်းက နဂါးသပွတ်အူအစီအရင်ဖြစ်သည်ကို သူတို့က အလွယ်တကူ ပြောနိုင်သည်၊ ထိုအစီအရင်က ၎င်း၏အားကောင်းသောပိတ်လှောင်မှုအတွက် နာမည်ကြီးသည်။

“ငါတို့တွေ ပူးပေါင်းပြီး အစီအရင်ကို အမြန်ဆုံး ချိုးဖြတ်ကြရအောင်၊ ညီအကိုတို့…”

ဒဏ်ရာအပြင်းအထန်ရထားသည့်အဝါဝတ်လူက သွေးတစ်ပွက်အန်ပြီး မြေပြင်ပေါ်ရှိ ရွှေရောင်အက္ခရာပုံစံကွက်ဆီသို့ ပြေးကာ တိုက်ခိုက်လိုက်သည်။ ထိုစဉ် အခြားပြီးပြည့်စုံခြင်းရွှေအင်မော်တယ်ခုနှစ်ယောက်ကလည်း သူတို့၏ခုခံမှုအများစုကို လက်လွှတ်ကာ အဝါဝတ်လူတိုက်ခိုက်ခဲ့သည့်နေရာကို ပြင်းထန်စွာ တိုက်ခိုက်လိုက်ကြ၏။

ရွှမ်း…ရွှမ်း…ရွှမ်း…

ကြယ်မျက်ရည်၊ အထွတ်အထိပ်အုပ်ချုပ်သူနှင့် ပင်လယ်လမ်းဘုရင်တို့၏တိုက်ခိုက်မှုများက ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်သုံးယောက်ကို ထိမှန်သွားပြီး ထိုလူများ၏စိတ်ဝိညာဉ်များက ပြန့်ကျဲသွားတော့၏။

အုံး…အုံး…အုံး…

အခြားပြီးပြည့်စုံခြင်းရွှေအင်မော်တယ်ငါးယောက်က မထိမှန်သော်လည်း သူတို့လည်း ဒဏ်ရာရခြင်းမှ မလွတ်မြောက်နိုင်ပေ။ သူတို့ထဲမှနှစ်ယောက်က တိုက်ခိုက်ရေးစွမ်းရည်ကို ဆုံးရှုံးသွားကြ၏။

သို့သော် တစ်ချိန်တည်းတွင် ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်ရှစ်ယောက်၏တိုက်ခိုက်မှုများကြောင့် နဂါးသပွတ်အူအစီအရင်က ပျက်ဆီးသွားလေ၏။

“ပြေးကြတော့…”

ကြောက်လန့်သောအကြည့်နှင့်အတူ အနီဝတ်လူအိုကြီးတစ်ယောက်က အော်လျက် ဆေးတစ်လုံး သောက်လိုက်သည်။ စက္ကန့်အနည်းငယ်အတွင်း သူ့အရှိန်အဝါက တစ်ဟုန်ထိုးမြင့်တက်သွား၏။ ထို့နောက် သူက ကြယ်မျက်ရည်၏တိုက်ခိုက်မှုကို ထိုးဖောက်ကာ အဝေးသို့ ထွက်ပြေးသွားလေ၏။

ရွှမ်း…ရွှမ်း…ရွှမ်း…

ထွက်ပြေးနေစဉ်အတွင်း နောက်ထပ်ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်သုံးယောက်က အသတ်ခံလိုက်ရသည်။ သူတို့ထဲမှ တစ်ယောက်ကို ရွှေအင်မော်တယ်ဆယ်ယောက်က ပူးပေါင်းသတ်ဖြတ်ခဲ့ခြင်းဖြစ်၏။

ထို့နောက် ထွက်ပြေးသွားသော ပြီးပြည့်စုံခြင်းအင်မော်တယ်လက်ကျန်နှစ်ယောက်နောက်သို့ ကီလိုမီတာတစ်သန်းအထိ လိုက်သွားသေး၏။ သို့သော် မအောင်မြင်ခဲ့ပေ။

“သခင်”

ပင်လယ်လမ်းအရှင်က ပါးစပ်မှ သွေးကို သုတ်လျက် ထန်ရှုထံ လျှောက်လာကာ ခါးသီးစွာ ပြုံးလျက် ဆိုလိုက်သည် “ဒီနောက်လိုက်က အရည်အချင်းမရှိတာကြောင့် ရန်သူအားလုံးကို မသုတ်သင်နိုင်ခဲ့ပါဘူး”

ထန်ရှုက မျက်မှောင်ကြုတ်လျက် ပေါ့ပေါ့ပါးပါး ပြောလိုက်၏ “အဲဒီထွက်ပြေးသွားတဲ့နှစ်ယောက်က လျှို့ဝှက်ဆေးလုံးတချို့ကို အသုံးပြုခဲ့တာပဲ ဖြစ်မယ်။ အဲဒါတွေက အချိန်တိုအတွင်းမှာ စွမ်းအားကို ပေါက်ကွဲထွက်စေနိုင်တဲ့ ခွန်အားတိုးဆေးလုံးတွေ ဖြစ်လောက်တယ်။ ဒါပေမယ့် အဲလိုဆေးလုံးတွေက သူတို့ကို ပြန်ထိခိုက်စေလိမ့်မယ်။ ဇီသာဗျတ်စောင်းနတ်ဆိုးကျိုးယောင်မှာ ဆေးနှစ်မျိုးရှိတယ်။ တစ်မျိုးက သွေးဆာဆေးလုံးဖြစ်ပြီး နောက်တစ်မျိုးက မိုးသောက်အဆိပ်ဆေးရည်ပဲ။ ဒီနှစ်ယောက်က ဆေးတစ်လုံးကို သောက်ခဲ့တယ်၊ ဒါကြောင့် သူတို့က သွေးဆာဆေးလုံးကို သုံးခဲ့တယ်ဆိုတာ သေချာတယ်”

ပင်လယ်လမ်းဘုရင်နှင့်အထွတ်အထိပ်အုပ်ချုပ်သူတို့က ထိတ်လန့်တုန်လှုပ်သွားကြသည်။ သူတို့၏လက်ရှိသခင်က ဇီသာဗျတ်စောင်းနတ်ဆိုးကျိုးယောင်ကို ကောင်းကောင်းသိပုံရ၏။

အံ့အားသင့်သောအကြည့်တစ်ခုက ကြယ်မျက်ရည်၏မျက်လုံးများထဲတွင် လက်သွားပြီး ထန်ရှုကို သံသယအကြည့်ဖြင့် တစ်ချက်ကြည့်လိုက်သည်။ ထို့နောက် အထွတ်အထိပ်မူဘက်သို့ လှည့်ကာ စိုးရိမ်မှုအနည်းငယ်နှင့် မေးလိုက်၏ “မင်းရဲ့ဒဏ်ရာက ဘယ်လိုလဲ”

အထွတ်အထိပ်မူက ခေါင်းခါယမ်းလိုက်သည်၊ သို့သော် သူ့မျက်လုံးများက ထန်ရှုထံမှ မခွာပေ။

ထန်ရှုက ကုသဆေးလုံးအချို့ကို ယူထုတ်ကာ လူတိုင်းထံ ပေးပြီးနောက် ပြောလိုက်၏ “အချိန်ယူပြီး မင်းတို့ရဲ့ခွန်အားက ပြန်စုဆောင်းပါ။ မကြာခင်မှာ ဒီနေရာက‌နေ ငါတို့တွေ ထွက်သွားဖို့လိုမယ်”

ထိုသို့ပြောပြီးနောက် သူက အထွတ်အထိပ်မူဘက်သို့ အကြည့်ပြောင်းကာ ပြောလိုက်၏ “မင်းရဲ့ကတိကို မမေ့ပါနဲ့။ အခုကစပြီး မြူနွေဉီးပင်လယ်က ငါ့အပိုင်ဖြစ်သွားပြီ။ မင်းလဲ ငါ့ကို အညံ့ခံလို့ရတယ်၊ မင်းလက်အောက်ကလူတွေကိုလဲ မဟာထန်အင်ပါယာရဲ့အစိတ်အပိုင်းအဖြစ် ခေါ်လာလို့ရတယ်”

မဟာထန်အင်ပါယာလား။

အထွတ်အထိပ်မူက မကြားဖူးပေ။ သူက ထန်ရှုထံမှ ရင်းနှီးမှုအချို့ကို အာရုံခံမိသည်။ မည်သို့ပင်ဆိုစေကာမူ သူက ခေါင်းခါယမ်းလျက် ပြောလိုက်၏ “ငါ တောင်းပန်ပါတယ်။ မြူနွေဉီးပင်လယ်ကို မင်းဆီ လက်လွှဲပေးလို့ရပေမယ့် ဘယ်သူ့ကိုမှ အညံ့ခံမှာမဟုတ်ဘူး။ အသက်ကယ်တဲ့ကျေးဇူးကို ဒီမူရဲ့နှလုံးသားထဲမှာ အမြဲတမ်း ထွင်းထုထားပါ့မယ်။ ဒါပေမယ့် အနာဂတ်မှာ မင်းကို ပြန်ပေးဖို့ အခွင့်အရေးတော့ ငါ့မှာ မရှိလာနိုင်လောက်ဘူး”

ထန်ရှုက မျက်မှောင်ကြုတ်ကာ ပြောလိုက်သည် “မင်းရဲ့ဒဏ်ရာက မသေစေနိုင်ပါဘူး၊ ကုသဆေးလုံးတွေ သုံးစွဲပြီးရင် အများဆုံး နှစ်ဝက်အတွင်းမှာ ပြန်ကောင်းလာနိုင်ပါတယ်။ မင်းမှာ ငါ့ကို ပြန်ပေးဆပ်ဖို့ အခွင့်အရေးတွေ ရှိပါသေးတယ်”

ဆယ်စက္ကန့်လောက် နှုတ်ဆိတ်သွားပြီးနောက် နောက်ဆုံးတွင် အထွတ်အထိပ်မူက ခေါင်းခါယမ်းလျက် ခါးသီးစွာ ပြောလိုက်၏ “ဆရာ၊ ငါက ကြယ်ကျင့်ကြံခြင်းမဟာဧကရာဇ်ရဲ့တပည့်ဆိုတာ မင်းလဲ သိမှာပါ၊ ဒါဆို ငါနဲ့ မဟာဧကရာဇ်တန်းချင်နဲ့ဇီသာဗျတ်စောင်းနတ်ဆိုးကျိုးယောင်းတို့ကြား ရန်ငြိုးကို မင်း သိသင့်တယ်။ အမှန်အတိုင်းပြောပြရမယ်ဆိုရင် ငါ့ရဲ့ညီအကိုလေးယောက်ကို မဟာဧကရာဇ်တန်းချင်က ကောင်းကင်ဘုံတောင်အောက်မှာ အကျဉ်းချထားတယ်။ ဒါကြောင့် အသက်ရှင်ဖို့ အခွင့်အရေးက အရမ်းသေးငယ်တယ်ဆိုပေမယ့် ငါက သူတို့ကို ကယ်ဆယ်ရမယ်”

ထန်ရှုက မျက်မှောင်ကြုတ်လိုက်ပြီး သတ်ဖြတ်ခြင်းဆန္ဒက သူ့နှလုံးသားထဲ၌ လိမ့်တက်လာသည်။ ထို့နောက် သူက လေးလံသောအသံနှင့် မေးလိုက်၏ “ကောင်းကင်ဘုံတောင်မှာ မင်းရဲ့ညီအကိုတွေကို မဟာအင်ပါယာတန်းချင်က အကျဉ်းချထားခဲ့တယ်လို့ မင်း ပြောခဲ့တာလား”

“ဟုတ်ပါတယ်…”အထွတ်အထိပ်မူက ခေါင်းညိတ်လိုက်သည်။

“အဲဒီလေးယောက်က ဘယ်သူတွေလဲ”ထန်ရှုက မေးလိုက်၏ “ကြယ်ကျင့်ကြံခြင်းမဟာဧကရာဇ်ရဲ့တပည့်တွေနဲ့ ပတ်သက်ပြီး ငါ ကြးဖူးတယ်။ သူတို့တစ်ယောက်ချင်းစီက ထူးချွန်တဲ့လူတွေပဲ”

“သူတို့က စီနီယာအကိုအင်္ချေမှတ်စု၊ ဂျူနီယာညီလေးဆီးသီးပျံ၊ ဂျူနီယာညီလေးအင်မော်တယ်လက်ချောင်းကိုးခုနဲ့ ဂျူနီယာညီမလေးယုတို့ပဲ”

“ဒါနဲ့ ငါ သိသလောက်ဆိုရင် ကြယ်ကျင့်ကြံခြင်းမဟာဧကရာဇ်ရဲ့တပည့်တွေက အများကြီးမလား။ ဘာလို့ မင်းတစ်ယောက်ပဲ သွားကယ်ရမှာလဲ။ အခြားသူတွေကရော”

အထွတ်အထိပ်မူက လက်သီးဆုပ်လျက် သတ်ဖြတ်ခြင်းဆန္ဒက သူ့မျက်လုံးများထဲမှ ပေါက်ကွဲထွက်လာသည် “အများစုက တိုက်ပွဲထဲမှာ သေသွားကြပြီ၊ အချို့က ရန်သူတွေဘက်ကို ပြောင်းသွားကြတယ်”

အင်မော်တယ်ကမ္ဘာ၏အနေအထားကို သိပြီးမှ သူ့သရုပ်မှန်ကို အထွတ်အထိပ်မူထံ ပြောပြရန် ထန်ရှုက ရည်ရွယ်ထားခဲ့သည်။ သို့သော် ဤကယ်ဆယ်မှုကြောင့် သူက သူ့စိတ်ကို ယာယီပြောင်းလိုက်၏။ သို့သော် အထွတ်အထိပ်မူထံမှ ယခုလိုစကားကို ကြားပြီးနောက် ထန်ရှုက သူ့စိတ်ကို ချက်ချင်းပြောင်းကာ အစီအစဉ်ကို ပယ်ဖျက်လိုက်သည်။

ဤတိုက်ပွဲမှတစ်ဆင့် အထွတ်အထိပ်မူက သူ့အပေါ် သစ္စာရှိမှုက မေးခွန်းထုတ်စရာမလိုသည်ကို သိလိုက်ရသည်။

လက်ကို ဝှေ့ယမ်းလျက် ထန်ရှုက နက်ရှိုင်းသောအသံနှင့် ပြောလိုက်၏ “အားလုံးပဲ၊ ပြန်ကုသဖို့ ကောင်းကင်ဘုံစံအိမ်အသုံးအဆောင်ပစ္စည်းထဲကို ဝင်ကြပါ။ ငါ့ရဲ့ဆင့်ခေါ်မှုမပါဘဲ မင်းတို့ကို ထွက်လာဖို့ ခွင့်မပြုဘူး”

“နားလည်ပါပြီ…”

လူတိုင်းက ခေါင်းညိတ်လိုက်ပြီး ကူးယန်အာနှင့်တိုက်ပွဲပမ်တို့အပါအဝင် ကောင်းကင်ဘုံစံအိမ်အသုံးအဆောင်ပစ္စည်းထဲသို့ တစ်ယောက်ပြီးတစ်ယောက် ဝင်သွားကြ၏။

ထို့နောက် ထန်ရှုက အထွတ်အထိပ်မူထံ အကြည့်ပြောင်းကာ တည်ငြိမ်စွာ ပြောလိုက်၏ “ငါ့ကို မြူနွေဉီးပင်လယ်ကို ခေါ်သွားပါ။ ငါတို့ စကားကောင်းကောင်းပြောဖို့ လိုတယ်။ အဲဒါပြီးရင် မင်းက ငါ့ကို သစ္စာရှိလာမယ်ဆိုတာ သေချာတယ်”

အထွတ်အထိပ်မူက ရယ်လိုက်သည်။ ထန်ရှုက ယုံကြည်မှုများလွန်းနေသည်ဟု သူက ခံစားမိသည်။

မြူနွေဉီးပင်လယ်။

ငြိမ်းအေးချောက်ကမ်းပါး။

ဒါက အထွတ်အထိပ်မူတံခါးပိတ်ကျင့်ကြံလေ့ရှိသည့် သူ၏အင်မော်တယ်စံအိမ်ဖြစ်၏။ ဂိတ်တံခါးပွင့်သွားပြီး သူက ထန်ရှုကို စံအိမ်ထဲသို့ ခေါ်လာသည်။ ထို့နောက် အစေခံလေးယောက်က ဝိုင်များ၊ ဟင်းပွဲများနှင့် အင်မော်တယ်သစ်သီးများကို ယူဆောင်လာကြ၏။

“မင်းရဲ့နာမည်ကို ငါ မသိရသေးဘူးနော်၊ အရှင်”

အထွတ်အထိပ်မူက ဝိုင်နှစ်ခွက်ဖြည့်ကာ ထန်ရှုထံ တစ်ခွက်ပေးပြီးနောက် မေးလိုက်၏။

ထန်ရှုက ဝိုင်ခွက်ကို ချကာ နံရံပေါ်တွင် ချိတ်ဆွဲထားသော ပုံတူပန်းချီကားဆီသို့ လျှောက်သွား၏။ ပန်းချီကားပေါ်ရှိ ရင်းနှီးသောမျက်နှာကို ကြည့်ရင်း သူ့အသွင်အပြင်က စတင်ပြောင်းလဲလာပြီး မကြာခင်မှာပင် ပန်းချီကားပေါ်ရှိ လူနှင့် အတိအကျတူသွား၏။

“မူလေး၊ ရွှေကြာပန်းလျှို့ဝှက်ကျမ်းစာအုပ်ကို မှတ်မိသေးလား”

All Chapters