← Chapters

သူမက ဒုက္ခခံဖို့ ထိုက်တန်လို့လား။

Vol. 95 Ch. 1322

သူမက ဒုက္ခခံဖို့ ထိုက်တန်လို့လား။

Vol. 95 Ch. 1322

အထွတ်အထိပ်မူ၏အမူအရာက ရုတ်တရက် ပြောင်းလဲသွားလျက် ထန်ရှု၏နောက်ကျောကို ကြည့်လိုက်သည်။ သူ၏ပိန်ပါးသောခန္ဓာကိုယ်က ရုတ်ချည်း ထရပ်ကာ အော်ပြောလိုက်၏ “မင်းက အတိအကျ ဘယ်သူလဲ။ ရွှေကြာပန်းလျှို့ဝှက်ကျမ်းစာအုပ်ကို ဘယ်လိုလုပ် သိနေရတာလဲ”

ထန်ရှုက ပြန်မလှည့်သလို မေးခွန်းကိုလည်း မဖြေဘဲ ဆက်ပြော၏ “ရွှေကြာပန်းလျှို့ဝှက်ကျမ်းစာအုပ်ရဲ့အခန်းခြောက်မှာ ရေးထားတာကတော့ ခွန်အားက အခြေခံအုတ်မြစ်နှင့်အတူ ကြီးထွားလာတယ်။ နာမည်အတိုင်းပဲ ရွှေကြာပန်းက စွမ်းအားပေါက်ကွဲရာကနေ အလွှာတွေ ပေါင်းစပ်ထားတာပဲ၊ ဒါပေမယ့် အဲဒါက ကြာပွင့်တွေကို ဖွဲ့စည်းဖို့ လိုအပ်တယ်”

“ငါ့ကို ဖြေပါ…”အထွတ်အထိပ်မူက ဒေါသတကြီး အော်ပြောလိုက်၏။

“ငါ ဘယ်သူလဲဆိုတာ မခန့်မှန်းနိုင်သေးဘူးလို့တော့ ငါ့ကို မပြောနဲ့နော်”ထန်ရှုက မေးလိုက်သည်။

ထိုသို့ပြောရင်း သူက ဖြည်းဖြည်းချင်း လှည့်လိုက်သည်၊ သူ့လက်များက ချိတ်ပိတ်စည်းများကို အဆက်မပြတ် ထုတ်ဖော်နေပြီး ရွှေချည်မျှင်များရစ်ပတ်ထားသည့်ရွှေကြာပန်းတစ်ခုက တောက်ပသောရွှေရောင်အလင်းတစ်ခုကို ထုတ်လွှတ်လိုက်၏။

ထန်ရှု၏မျက်နှာကို မယုံကြည်နိုင်စွာ ကြည့်ရင်း အထွတ်အထိပ်မူက နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်သွား၏၊ သူ့နှလုံးသားက တုန်ယင်နေလေသည်။ ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်တစ်ယောက်ဖြစ်နေသော်ငြား သူက အမြင်မမှားသည်ကို သေချာစေရန် သူ့မျက်လုံးကို ပွတ်လိုက်သေး၏။

အလွန်အမင်းတုန်လှုပ်သောမျက်နှာနှင့်အတူ ထန်ရှုက တည်ငြိမ်စွာ ပြောလိုက်၏ “ရေမည်းမြို့၊ အင်မော်တယ်တက်လှမ်းခြင်းမိုးကုတ်စက်ဝိုင်း၊ တက်လှမ်းခြင်းရေလက်ကြား၊ မြူနွေဉီးပင်လယ်”

ထန်ရှုက နေရာလေးခုကို ဖော်ပြလိုက်ချိန်တွင် လျှပ်စီးကြောင်းထိမှန်သွားသည့်ပမာ အထွတ်အထိပ်မူက ငေးငိုင်သွားတော့၏။

ရေမည်းမြို့က ထန်ရှုနှင့် ပထမဆုံးတွေ့ဆုံသည့် နေရာဖြစ်ပြီး သူတို့က ဆရာတပည့်များဖြစ်ခဲ့ကြသည့်နေရာလည်း ဖြစ်၏။ ထိုအချိန်တုန်းက သူက လူငယ်တစ်ယောက်သာဖြစ်ပြီး သူ့ကံကြမ္မာက ပထမဆုံးအကြိမ် ပြောင်းလဲသွားခဲ့သည်။

အင်မော်တယ်တက်လှမ်းခြင်းမိုးကုတ်စက်ဝိုင်းက အင်မော်တယ်အဖြစ်သို့ သူ တက်လှမ်းခဲ့သည့်နေရာဖြစ်၏။

တက်လှမ်းခြမ်းရေလက်ကြားက သူ၏အချစ်စစ်သေဆုံးသွားခဲ့ပြီး သူ့နှလုံးသားက ပြာများပမာ ဖြစ်ခဲ့ရသည့်နေရာဖြစ်၏။

မြူနွေဉီးပင်လယ်က သူတံခါးပိတ်ကျင့်ကြံခဲ့သည့်နေရာဖြစ်သည်။

ထန်ရှုက သူ့ကို ကြည့်လျက် မေးလိုက်၏ “ငါ ဘယ်သူလဲဆိုတာ မင်း မခန့်မှန်းနိုင်သေးဘူးလား”

ထန်ရှု၏မျက်နှာကို မြင်သည့်အခိုက်တွင် အထွတ်အထိပ်မူ၏ခန္ဓာကိုယ်က ပြင်းပြင်းထန်ထန် တုန်ခါသွားပြီး ထန်ရှုထံ ပြေးသွားကာ ဒူးထောက်လိုက်သည် “ဆရာလား…ဆရာ…အသက်ရှင်နေသေးတာလား”

ခံစားချက်မျိုးစုံနှင့် ထန်ရှုက ရှေ့တက်လှမ်းတက်ကာ အထွတ်အထိပ်မူ၏ခေါင်းကို ပုတ်လိုက်ပြီး ထစေပြီးနောက် ပြန်ဖြေ၏ “ဟုတ်တယ်၊ ငါ အသက်ရှင်နေသေးတယ်”

“ဆရာ…”

မျက်ရည်များက အထွတ်အထိပ်မူ၏မျက်နှာပေါ်မှ စီးကျလာလျက် သူက‌ အော်ငိုလိုက်သည် “ကပ်ဘေးဖြတ်ကျော်တာ ကျရှုံးသွားပြီးနောက် ဆရာ့ရဲ့စိတ်ဝိညာဉ်က ပျောက်ကွယ်သွားပြီလို့ ငါ ထင်ခဲ့တာ။ ဆရာ၊ မူလေးက ဆရာ့ကို အမြဲတမ်း သတိရနေတာ”

သူ့ပခုံးကို ပွတ်ပေးလျက် ထန်ရှုက ခါးသီးစွာ ပြောလိုက်၏ “ငါလဲ မင်းကို သတိရနေတာပါ။ အဲဒါက…”

“အဲဒါက ဘာဖြစ်လဲ”အထွတ်အထိပ်မူက ခေါင်းရှုပ်သွား၏။

ထန်ရှုက သူ့မျက်နှာကို မူလအတိုင်း ပြန်ပြောင်းလိုက်၏။ ထို့နောက် သတ်ဖြတ်ခြင်းဆန္ဒတစ်ခုက သူ့မျက်နှာပေါ်တွင် ထွက်ပေါ်လာပြီး သူက ပြောလိုက်၏ “ငါက ကပ်ဘေးဖြတ်ကျော်တာ ကျရှုံးသွားတာလို့ သူတို့အားလုံးက ထင်ခဲ့ကြတယ်။ တကယ်တော့ ငါ့ကို ငါ့ရဲ့အရင်ချစ်သူနဲ့ ငါ့ရဲ့အယုံကြည်ရဆုံးညီအကိုတွေက ပူးပေါင်းလုပ်ကြံခဲ့ကြတာ။ ငါ့ရဲ့စိတ်ဝိညာဉ်အမျှင်တစ်ခုက အခြားအချိန်ကာလတစ်ခုထဲကို မဝင်သွားနိုင်ခဲ့ရင် ငါ့ရဲ့စိတ်ဝိညာဉ်က တကယ်ပဲ ပျောက်ကွယ်သွားခဲ့လောက်ပြီ”

“ဒါပြန်ပဲလား”

အထွတ်အထိပ်မူက အကြီးအကျယ်ထိတ်လန့်တုန်လှုပ်သွား၏။

“မင်း ကြားတာ မှန်တယ်။ နတ်ဘုရားကပ်ဘေးကို ဖြတ်ကျော်နေခဲ့တဲ့အချိန်မှာ ငါက အားအနည်းဆုံးဖြစ်နေတဲ့အခိုက်မှာ ရွှယ်ချင်းချန်၊ မဟာဧကရာဇ်တန်းချင်နဲ့ ဗျတ်စောင်းနတ်ဆိုးကျိုးယောင်တို့က ငါ့ကို ချောင်းမြောင်းတိုက်ခိုက်ခဲ့ကြတယ်”

“ဒါဆို သခင်မ၊ သူမက…”

“သူမက မင်းဆရာရဲ့ဇနီးမဟုတ်တော့ဘူး”ထန်ရှုက အေးစက်စွာ ပြောလိုက်၏ “သူမလဲ အတင်းအကျပ်လုပ်ခိုင်းခံရတယ်ဆိုပေမယ့် အချိန်ကတောင် သူမလုပ်ခဲ့သမျှအရာအားလုံးကို ပယ်ဖျက်နိုင်မှာမဟုတ်ဘူး။ မူ၊ မင်းက ငါ့ကို မင်းရဲ့ဆရာအဖြစ် သတ်မှတ်သေးတယ်ဆိုရင် သူမနဲ့ နည်းနည်းလေးမှ ထပ်မဆက်သွယ်ပါနဲ့”

အထွတ်အထိပ်မူ၏နှုတ်ခမ်းများက အကြိမ်အနည်းငယ် တွန့်လိမ်သွားပြီး သူက ခါးသီးစွာ ခေါင်းညိတ်လိုက်သည်။

သူ့ဆရာသခင်က ပျောက်ကွယ်သွားသောကြောင့် ဆရာ့ဇနီးရွှယ်ချင်းချန်က သတ်သေရန် ရွေးချယ်ခဲ့သည်ဟု အစက သူက ထင်ထားခဲ့သည်။ သူ့ဆရာသခင်က သူတို့၏လုပ်ကြံမှုကြောင့် ကျရှုံးသွားခဲ့ရလိမ့်မည်ဟု သူက မမျှော်လင့်ထားခဲ့ပေ။

“အံ့ဩစရာမလိုပါဘူး။ ဆရာသခင်ပျောက်သွယ်ပြီးနောက် အဲဒီမဟာဧကရာဇ်တန်းချင်နဲ့ဇီသာဗျတ်စောင်းနတ်ဆိုးကျိုးယောင်တို့က ငါတို့ရဲ့လူတွေကို အဆက်မပြတ်ပစ်မှတ်ထားတိုက်ခိုက်နေတာ အံ့ဩစရာမရှိပါဘူး။ မြင့်မြတ်ငှက်ဂိုဏ်းကလဲ မြင့်မြတ်နယ်မြေအထိ နောက်ဆုတ်ခဲ့ရပြီး တစ်ယောက်မှ မထွက်လာရဲကြဘူး။ ဒါ့အပြင် အထွတ်အထိပ်အင်မော်တယ်အလှလေးဖန်းဘုရင်မကလဲ ဒဏ်ရာရထားတယ်၊ သူမက သစ်သီးတစ်မျိုးကို မရဘူးဆိုရင် နောက်ရာစုနှစ်တစ်ခုအထိပဲ ခံနိုင်တော့မယ်”အထွတ်အထိပ်မူက ခါးသီးစွာ ပြောလိုက်၏။

ထန်ရှု၏အမူအရာက အနည်းငယ်ပြောင်းလဲသွားသည်၊ သို့သော် အချိန်အတော်ကြာ နှုတ်ဆိတ်သွားပြီးနောက် သူက ဖြည်းဖြည်းချင်း မေးလိုက်၏ “မင်းဆိုလိုတာက အထွတ်အထိပ်အလှလေးလဲ ပါဝင်ခဲ့တာလား”

“သူမနဲ့ဆရာသခင်ရဲ့ဆက်ဆံရေးကြောင့် အထွတ်အထိပ်အလှလေးက မဟာဧကရာဇ်တန်ချင်းနဲ့ဇီသာဗျတ်စောင်းနတ်ဆိုးကျိုးယောင်တို့နဲ့ တိုက်ခိုက်ခဲ့တယ်”အထွတ်အထိပ်မူက ခေါင်းညိတ်လိုက်သည် “သူမက အန္တိမအဆင့်ကို တက်လှမ်းခဲ့ပြီးဆိုပေမယ့် မဟာဧကရာဇ်တန်းချင်ကြောင့် ဒဏ်ရာအပြင်းအထန်ရခဲ့တယ်။ ခနကမှ အင်မော်တယ်လိုင်ဇီယန်ကနေ ငါ ပြန်လာခဲ့တာ၊ နောက်တော့ ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်ရှစ်ယောက်က ချောင်းမြောင်းတိုက်ခိုက်တော့တာပဲ။ ဒါပေမယ့် အားလုံးခြုံကြည့်ရင် သူမရဲ့အခြေအနေလဲ အလားတူစိုးရိမ်စရာပဲ”

အပြစ်ရှိမှုက ပိုပိုများလာသလို ခံစားမိလျက် ထန်ရှုက ရေရွတ်လိုက်သည် “အဲလိုလုပ်တာ…သူမအတွက် တကယ်ပဲ ထိုက်တန်လို့လား”

အထွတ်အထိပ်မူက ခဏတုံ့ဆိုင်းသွားပြီးနောက် ပြောလိုက်၏ “ဆရာ၊ အထွတ်အထိပ်အလှလေးက ဆရာ့အတွက် အများကြီး ပေးဆပ်ခဲ့တာပါ။ သူမက ဆရာ့အတွက် ရန်သူအများကြီးနဲ့ တိုက်ခိုက်ခဲ့တယ်၊ သူမရဲ့ဂိုဏ်းကိုတောင် ဇီသာဗျတ်စောင်းကျိုးယောင်ရဲ့လူတွေက ဖျက်ဆီးပစ်ခဲ့တယ်။ လက်ရှိမှာ အင်မော်တယ်လိုင်ဇီယန်ရဲ့ပြီးပြည့်စုံခြင်းအင်မော်တယ်ဆယ့်ရှစ်ယောက်ထဲမှာ ရှစ်ယောက်ပဲ ကျန်တော့တယ်။ အများစုက တိုက်ပွဲမှာပဲ သေသွားခဲ့ကြတယ်။ ပြီးတော့ သူမကြောင့်သာ မဟုတ်ရင် မြင့်မြတ်ငှက်ဂိုဏ်းရဲ့အကာအကွယ်အစီအရင်ကို မဟာဧကရာဇ်တန်းချင်နဲ့ဇီသာဗျတ်စောင်းနတ်ဆိုးကျိုးယောင်တို့ဉီးဆောင်တဲ့လူတွေက ဖျက်ဆီးခဲ့တာကြာပြီ”

“ဟူး…”

ထန်ရှုက သက်ပြင်းချလျက် လက်သီးကျပ်ကျပ်ဆုပ်လိုက်သည်။

“ဆရာသခင်၊ ညီအကိုလေးယောက်ကို ကယ်ဖို့အတွက် နည်းလမ်းတစ်ခုကို ငါတို့ ရှာရမယ်”အထွတ်အထိပ်မူက ကြားဖြတ်ပြောလိုက်၏။ “သူတို့က နေ့တိုင်း ညှင်းပန်းနှိပ်စက်ခံနေရတာ၊ သူတို့တွေ မခံနိုင်တော့မှာ ငါ စိတ်ပူတယ်”

“ကောင်းကင်ဘုံတောင်ရဲ့လက်ရှိအနေအထားက ဘယ်လိုလဲ”ထန်ရှုက မေးလိုက်သည်။

“ငါ လူအချို့လွှတ်ပြီး စုံစမ်းခိုင်းခဲ့တယ်။ သူတို့တစ်ယောက်မှ ပြန်မရောက်လာနိုင်ကြတော့ပေမယ့် သတင်းတော့ ပို့နိုင်ခဲ့ပါတယ်”အထွတ်အထိပ်မူက ပြော၏ “အဲနေရာမှာ စောင့်ကြပ်နေတဲ့အန္တိမအဆင့်အကြီးအကဲတစ်ယောက်ရှိတယ်၊ ဇီသာဗျတ်စောင်းနတ်ဆိုးကျိုးယောင်ရဲ့အန္တိမအကြီးအကဲပဲ၊ ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်ဆယ့်နှစ်ယောက်ကတော့ ထောင်ချောက်တွေ ပြင်ဆင်ထားပြီး ငါတို့တွေ ဝင်လာတာကို စောင့်နေကြတယ်။ အဲမှာရှိတဲ့ရွှေအင်မော်တယ်တွေရဲ့အရေအတွက်ကတော့ ရေတွက်လို့တောင် မနိုင်ဘူး”

သက်ပြင်းတစ်ချက်ရှိုက်လျက် ထန်ရှုက နက်ရှိုင်းသောအသံနှင့် ပြောလိုက်၏ “ငါတို့တွေ သူတို့ကို သေချာပေါက် ကယ်ရမယ်၊ ဒါပေမယ့် လက်ရှိမှာ ငါတို့က သူတို့ရဲ့ပြိုင်ဘက်မဟုတ်သေးဘူး။ လက်ရှိငါက ရွှေအင်မော်တယ်တစ်ယောက်ကိုတောင် မယှဉ်နိုင်သေးဘူး။ ငါ့ဘေးနားက လူတွေရဲ့ တိုက်ခိုက်ရေးစွမ်းအားကို မင်း မြင်ပြီးပြီပဲ။ အဲဒီရွှေအင်မော်တယ်ရှစ်ယောက်လုံးကိုတောင် မသတ်ဖြတ်နိုင်ခဲ့ဘူး။ လက်ရှိငါတို့လူတွေရဲ့ခွန်အားနဲ့ဆိုရင် ကျောက်တုံးကို ကြက်ဉနဲ့ ပေါက်သလို ဖြစ်သွားလိမ့်မယ်”

“ဒါဆို ဆရာသခင်မှာ အခြားအစီအစဉ်တစ်ခုခုရှိလား”အထွတ်အထိပ်မူက ကမန်းကတန်း မေးလိုက်၏။

ထန်ရှုက သက်ပြင်းတစ်ချက်ရှိုက်ကာ ပြောလိုက်၏ “ငါ အသက်ရှင်နေသေးတဲ့သတင်းကို မင်းကလွဲပြီး ကစ်သီပဲ သိသေးတယ်။ ဒေါ်လေးကြယ်မျက်ရည်ကိုတောင် ငါ့ရဲ့သရုပ်မှန်ကို မပြောခဲ့ဘူး”

ကြယ်မျက်ရည်လား။

ထိုအမျိုးသမီးပြီးပြည့်စုံခြင်းရွှေအင်မော်တယ်က သူ့ဒဏ်ရာနှင့် ပတ်သက်၍ မေးခဲ့သည်ကို အထွတ်အထိပ်အင်မော်တယ်မူက သတိရလိုက်သည်။ ထိုအချိန်တုန်းက သူက သူမကို အာရုံမစိုက်ခဲ့ပေ။ ယခု သူမက ရုပ်ဖျက်ထားသည့်ဒေါ်လေးကြယ်မျက်ရည်ဖြစ်မည်ကို သူက တွေးလိုက်မိသည်။

“ဆရာသခင်၊ ဒီကိစ္စနှင့်ပတ်သက်ပြီး အထွတ်အထိပ်အလှလေးဖန်းဘုရင်မကို ယုံကြည်လို့ရမယ်လို့ ငါ ထင်တယ်”

အချိန်အတော်ကြာ နှုတ်ဆိတ်သွားပြီးနောက် အထွတ်အထိပ်မူက ပြတ်သားစွာ ပြောလိုက်၏။

ထန်ရှုက လက်ခံကြောင်း ခေါင်းညိတ်ပြလိုက်သည်။ ထို့နောက် သူက ပြော၏ “သူမကို ဒါကို ပြောပြဖို့ အစီအစဉ်မရှိခဲ့ဘူး၊ ဒါပေမယ့်အခု ငါ့စိတ်ကို ပြောင်းလိုက်ပြီ။ အင်မော်တယ်ကမ္ဘာမှာ ထပ်ပြီး ခြေချနိုင်ဖို့ဆိုရင် ငါ့မှာ စွမ်းအားရှင်တွေ ရှိရမယ်။ ငါ့အဖေနဲ့ကျန်တဲ့လူတွေက မြင့်မြတ်ငှက်ဂိုဏ်းမှာပဲ ရှိနေတာဆိုတော့ ငါတို့ကို မကူညီနိုင်ဘူး။ ဒါကြောင့် အထွတ်အထိပ်အလှလေးကိုပဲ ငါတို့ ရွေးချယ်လို့ရမယ်”

“သူမနဲ့ တွေ့ဖို့ အဲကို ငါ့ကို ခေါ်သွားစေချင်လား”အထွတ်အထိပ်မူက မေးလိုက်၏။

“မဟုတ်ဘူး”ထန်ရှုက ခေါင်းခါယမ်းလိုက်သည် “လက်ရှိအချိန်မှာ သူမနဲ့ ငါ မတွေ့နိုင်ဘူး။ ဒါနဲ့ သူမလိုအပ်တာ ဘာအင်မော်တယ်သစ်သီးဆိုတာ ငါ့ကို ပြောပါ။ သူမအတွက် ရှာပေးဖို့ နည်းလမ်းတစ်ခု ငါ ရှာရမယ်”

“မြင့်မြတ်နဂါးသစ်သီးပဲ”အထွတ်အထိပ်မူက ပြန်ဖြေ၏။

ထန်ရှုက ခဏမှင်တက်သွားသည်။ ထို့နောက် သူက သိုလှောင်လက်စွပ်မှ မြင့်မြတ်နဂါးသစ်သီးကို ယူထုတ်ကာ နက်ရှိုင်းသောအသံနှင့် ပြောလိုက်၏ “ဒီသစ်သီးက ငါ့မှာ ရှိနေတာ ကံကောင်းတယ်။ မင်း ချက်ချင်းသွားပြီး သူမကို ပေးလိုက်ပါ။ ခြောက်လအတွင်းမှာ အကုန်လုံးပျောက်ကင်းအောင် လုပ်ဖို့ သူမကို ပြောလိုက်ပါ။ နောက်ခြောက်လကျရင် ငါတို့တွေ ကောင်းကင်ဘုံတောင်ကို သွားကြမယ်”

အထွတ်အထိပ်မူက ခေါင်းညိတ်လိုက်သည် “ဆရာ့တပည့်တွေရဲ့ခွန်အားအရဆိုရင် သူတို့က နောက်ခြောက်လအထိ တောင့်ခံနိုင်မှာပါ။ ဒါ့အပြင် ရန်သူက သူတို့ကို လိုအပ်သေးတယ်၊ ဒါကြောင့် သူတို့ကို အမြန်ကြီး သတ်ဖြတ်ဖို့က မဖြစ်နိုင်ဘူး။ ဒါနဲ့ ဆရာသခင်၊ သူမကို ပြောချင်တဲ့ အခြားတစ်ခုခုများ ရှိသလား”

ခဏစဉ်းစားပြီးနောက် ထန်ရှုက ဖြည်းဖြည်းချင်း ပြောလိုက်၏ “အရေးပေါ်ကိစ္စတွေကို ကြိုတင်တွက်ချက်ထားဖို့ လိုမယ်။ အထွတ်အထိပ်အလှလေးနဲ့ တွေ့တဲ့အခါ သလင်းကျောက်အဆီအနှစ်တွေ လိုအပ်တယ်လို့ သူမကို ပြောလိုက်ပါ။ ပိုများလေ၊ ပိုကောင်းလေပဲ။ ငါ အရေးတကြီး လိုအပ်တယ်”

အထွတ်အထိပ်မူက သိုလှောင်လက်စွပ်မှ နောက်ထပ်လက်စွပ်တစ်ကွင်းကို ယူထုတ်ကာ ထန်ရှုထံ ပေးလိုက်သည် “ငါ့ရဲ့အင်မော်တယ်သလင်းကျောက်တွေနဲ့သလင်းကျောက်အဆီအနှစ်တွေအားလုံးက အထဲမှာ ရှိတယ်။ ဆရာသခင်သုံးဖို့အတွက် ယူလိုက်ပါ”

ထန်ရှုက ယူကာ ပြောလိုက်သည် “အထွတ်အထိပ်အလှလေးဆီ မသွားခင် မင်းလုပ်ဖို့လိုတာ တစ်ခုရှိတယ်။ မြူနွေဉီးပင်လယ်က အင်မော်တယ်လိုင်ဇီယန်ရဲ့လွှမ်းမိုးမှုအောက်မှာ ရှိတယ်ဆိုပေမယ့် ဒီနေရာက အတော်လေးချောင်ကျပြီး ဒီပိုင်နက်ကို မဟာထန်အင်ပါယာရဲ့ခြေကုပ်အဖြစ် ငါ သတ်မှတ်ထားတယ်။ ဒါကြောင့် မြူနွေဉီးပင်လယ်မှာရှိတဲ့ အင်အားတွေအားလုံးကို ရှင်းလင်းဖို့ လိုအပ်တယ်”

အထွတ်အထိပ်မူက ခေါင်းညိတ်ကာ ပြောလိုက်သည် “ပုံမှန်အားဖြင့် မြူနွေဉီးပင်လယ်မှာရှိတဲ့ကိစ္စတွေနဲ့ ပတ်သက်ပြီး ငါ ဂရုမစိုက်ပေမယ့် ဆရာ့ရဲ့တောင်းဆိုမှုကို အောင်မြင်အောင် လုပ်နိုင်ပါသေးတယ်။ တစ်လအတွင်းမှာ မြူနွေဉီးပင်လယ်တစ်ခုလုံး ရှင်းလင်းသွားစေရမယ်လို့ ငါ ကတိပေးတယ်”

“ငါ မင်းကို စာရင်းတစ်ခုပေးမယ်။ စာရင်းထဲမှာပါတဲ့ဆေးပင်တွေကို ရှာပေးပါ”ထန်ရှုက ပြော၏ “ငါ မင်းကို လဝက်အချိန်ပေးမယ်၊ မဟာထန်အင်ပါယာရဲ့အဖွဲ့ဝင်နှစ်သိန်းကျော်က မင်းရဲ့အမိန့်ကို နာခံလိမ့်မယ်။ အဲဒါတွေ လုပ်ပြီးရင် အင်မော်တယ်လိုင်ဇီယန်ကို သွားဖို့ ပင်လယ်လမ်းဘုရင်နဲ့အထွတ်အထိပ်အုပ်ချုပ်သူတို့က မင်းနဲ့အတူ လိုက်သွားပေးလိမ့်မယ်”

“နားလည်ပါပြီ…”အထွတ်အထိပ်မူက ရိုသေလေးစားစွာ ခေါင်းညိတ်လိုက်သည်။

ခဏစဉ်းစားပြီးနောက် ထန်ရှုက ကောင်းကင်ဘုံစံအိမ်အသုံးအဆောင်ပစ္စည်းကို ကူးယန်အာထံ ပေးကာ ပြောလိုက်၏ “ယန်အာ၊ မင်းရဲ့စီနီယာအကိုအထွတ်အထိပ်မူကို နှုတ်ဆက်လိုက်ပါ”

All Chapters