သူက မင်းကို ဂရုစိုက်ပါတယ်
Vol. 95 Ch. 1324
ကြုံတွေ့ခဲ့သမျှအရာအားလုံးကို သတိရလျက် ပင်လယ်လမ်းဘုရင်က သတ်ဖြတ်ခြင်းဆန္ဒနှင့်အတူ ပြန်ဖြေ၏ “ဟုတ်တယ်၊ သူက အရိပ်နတ်ဆိုးကျူးဝူရှို့ပဲ”
အထွတ်အထိပ်အုပ်ချုပ်သူက ခဏစဉ်းစားလိုက်ပြီးနောက် ဖြည်းဖြည်းချင်း ပြော၏ “ငါ့ရဲ့ရန်သူက အရိပ်နတ်ဆိုးကျူးဝူရှို့မဟုတ်ပေမယ့် သခင်က အဲဒီလူကို သတ်ဖြတ်ဖို့ ကူညီဖို့ ဆန္ဒရှိမယ်ဆိုရင် ငါက သူ့ကို ထာဝရသစ္စာရှိသွားမှာပါ”
“မင်းရဲ့ရန်သူက ဘယ်သူလဲ”ပင်လယ်လမ်းဘုရင်က သိလိုစိတ်နှင့် မေးလိုက်၏။
“ရေခဲနှင်းအန္တိမအရှင်၊ ဟန်ထျန်းနန်”အထွတ်အထိပ်အုပ်ချုပ်သူက အံကြိတ်လိုက်၏။
“ကောင်းပါ့၊ ငါတို့မှာ ရန်သူတွေအများကြီးရှိတာပဲ။ ငါတို့တွေ ကလဲ့စားချေဖို့အတွက် သခင်က တကယ် ကူညီနိုင်ရင် သိပ်ကောင်းမှာ”ပင်လယ်လမ်းဘုရင်က အားတင်းပြုံးလိုက်၏ “ဒါပေမယ့် လက်ရှိအခြေအနေအရ အနာဂတ်မှာ မဟာထန်အင်ပါယာက ကြောက်စရာကောင်းတဲ့တည်ရှိမှုတစ်ခုဖြစ်လာလိမ့်မယ်လို့ ငါ ထင်တယ်။ အခြားဟာတွေအသာထား၊ အဲဒီကလေးစစ်သားတွေက သတ်ဖြတ်စက်တွေလိုပဲ။ အနာဂတ်မှာ သူတို့က ကြောက်စရာကောင်းတဲ့သတ်ဖြတ်သူတွေ ဖြစ်လာဖို့များတယ်”
အထွတ်အထိပ်အုပ်ချုပ်သူက ခေါင်းညိတ်လိုက်သည် “မရေမတွက်နိုင်လောက်တဲ့အင်မော်တယ်ပိုင်နက်တွေကို ငါ ရောက်ဖူးပါတယ်၊ မရေမတွက်နိုင်လောက်တဲ့အင်မော်တယ်စစ်တပ်တွေကို ငါ မြင်ဖူးပါတယ်။ ငါကိုယ်တိုင်တောင် ဒီလိုစစ်တပ်တစ်ခုမှာ ပါဝင်ခဲ့ဖူးပါတယ်။ ဒါပေမယ့် စစ်စည်းကမ်းအရ၊ ပါရမီအရ၊ လေ့ကျင့်ရေးစနစ်အရ မဟာထန်အင်ပါယာရဲ့စစ်တပ်လေးခုကို ယှဉ်နိုင်တဲ့တစ်ခုကိုမှ မမြင်ဖူးဘူး။ ဒါပေမယ့် ငါ့ကို အလန့်စေဆုံးက အဲဒီမွန်းစတားအင်မော်တယ်သုံးသောင်းကျော်ပဲ။ ငါ့ရဲ့လေ့လာမှုနဲ့နားလည်မှုအရဆိုရင် အဲဒီမွန်းစတားတွေက နှစ်သိန်းကျော် အသက်ရှင်လာခဲ့တာ သေချာတယ်၊ အဲထက်တောင် ပိုချင်ပိုနိုင်တယ်။ သူတို့ရဲ့စုဆောင်းမှုနဲ့နားလည်မှုတွေက အဆင့်တစ်ခုကို ရောက်နေကြပြီ။ မကြာသေးခင်က အဲဒီမွန်းစတားအင်မော်တယ်တွေထဲက ကောင်းကင်အင်မော်တယ်ရာချီက ရွှေအင်မော်တယ်အဆင့်ကို ချိုးဖြတ်သွားတယ်ဆိုတာကို မင်းလဲ သတိထားမိမှာပါ”
“ဟုတ်တယ်၊ ငါ သတိထားမိတယ်၊ ဒါပေမယ့် မင်း မေ့နေတာ နောက်တစ်ခုရှိတယ်” ပင်လယ်လမ်းဘုရင်က ပြန်ပြော၏။
“မင်းက ဘာကို သတိပြုမိသေးလို့လဲ”အထွတ်အထိပ်အုပ်ချုပ်သူက သိလိုစိတ်နှင့် မေးလိုက်၏။
“ငါတို့သခင်ရဲ့တပည့်တစ်ယောက်နဲ့ ငါ မတော်တဆတွေ့ခဲ့တယ်၊ အဲဒီလူငယ်ကို ချန်းကျီကျုံးလို့ ခေါ်တယ်။ သူ့မှာ ရှေးခေတ်က မှော်အသုံးအဆောင်ပစ္စည်းရှိတယ်။ အဲဒီအသုံးအဆောင်ပစ္စည်းကို ပိုင်ဆိုင်တဲ့ ကလန်က ပျောက်ကွယ်သွားပြီးဆိုပေမယ့် ဒီကလန်ရဲ့ကြောက်မက်ဖွယ်ကောင်းပုံကို မင်းလဲ ရှင်းရှင်းလင်းလင်းသိမယ်ဆိုတာ သေချာတယ်”
အထွတ်အထိပ်အုပ်ချုပ်သူက ကြောက်လန့်သောကြောင့် နှုတ်မှ လွှတ်ခနဲ ထွက်သွား၏ “ဒါဆို သူတို့က…”
နန်းတော်ထဲတွင်။
အထွတ်အထိပ်အလှလေးက နဂါးကိုးကောင်ကျောင်းပေါ်တွင် တင်ပျဉ်ခွေထိုင်နေ၏။ သူမ၏အသားအရေက ဖြူဖတ်ဖြူရော်နှင့် သူမ၏အသက်အားက ပိုတောင် အားနည်းလာသည်၊ သွေးစအချို့ကို သူမ၏ရင်ဘက်ပေါ်တွင် မြင်တွေ့နိုင်၏။
“အထွတ်အထိပ်အင်မော်တယ်အလှလေး…”
အထွတ်အထိပ်မူက ကြမ်းပြင်ပေါ်သို့ ဆင်းသက်ပြီးနောက် အထွတ်အထိပ်အလှလေး၏သွင်ပြင်ကို မြင်ပြီး စိုးရိမ်သွား၏။
ပြုံးလျက် အထွတ်အထိပ်အလှလေးက ပျော်ရွှင်စွာ ခေါင်းညိတ်ကာ ပြောလိုက်၏ “မင်းက ငါ့ကို စိတ်မပျက်စေခဲ့ဘူးပဲ၊ အထွတ်အထိပ်မူ။ ကောင်းကင်ဘုံတောင်က ရန်သူတွေ ဆင်ထားတဲ့ထောင်ချောက်တစ်ခုဖြစ်ပြီး အဲနေရာက လွတ်မြောက်ဖို့ အခွင့်အရေးက မျှော်လင့်ချက်မရှိဘူး။ ငါတို့က အသက်ရှင်နေသရွေ့ လက်စားချေဖို့ အခွင့်အရေးက အမြဲတမ်း ရှိတယ်ဆိုတဲ့အမှန်တရားကို မင်း နားလည်တာ ငါ တကယ် ဝမ်းသာတယ်”
အထွတ်အထိပ်မူက သိုလှောင်လက်စွပ်မှ မြင့်မြတ်နဂါးသစ်သီးကို ယူထုတ်ကာ အင်မော်တယ်စွမ်းအားနှင့် ရစ်ပတ်ပြီး အထွတ်အထိပ်အလှလေးထံ ပေးပြီးနောက် ရိုသေလေးစားစွာ ပြောလိုက်၏ “အုပ်ချုပ်သူ၊ အခြေအနေတချို့ ပြောင်းလဲသွားတယ်၊ ဒါကြောင့် ငါ့ရဲ့ညီအကိုတွေကို ကယ်ဖို့ကို အလျင်မလိုသေးတာ။ မင်းအတွက် ဒီမြင့်မြတ်နဂါးသစ်သီးကို ငါ ယူလာတယ်”
အထွတ်အထိပ်အလှလေးက ထိတ်လန့်တုန်လှုပ်သွား၏။ မြင့်မြတ်နဂါးသစ်သီးကို ကိုင်ကာ ခဏစစ်ဆေးပြီးနောက် အထွတ်အထိပ်မူဘက်သို့ လှည့်ကာ ရေရွတ်လိုက်သည် “ရှေးဉီးမူလဖရိုဖရဲဆေးလုံးကို သန့်စင်ဖို့အတွက် အဓိကပါဝင်ပစ္စည်းတစ်ခုအနေနဲ့ မြင့်မြတ်နဂါးသစ်သီးက အလွန်ရှားပါးပြီး အရမ်းတန်ဖိုးရှိတယ်။ မင်းက ဘယ်လိုလုပ်ပြီး ဒီသစ်သီးကို ရှာတွေ့ခဲ့တာလဲ”
အထွတ်အထိပ်မူက ခပ်ဖျော့ဖျော့ပြုံးကာ တုံ့ပြန်လျက် ပြောလိုက်၏ “ဒါ့အပြင် ဒီဂျူနီယာက သင်နဲ့ သီးသန့်ဆွေးနွေးစရာအရေးကြီးကိစ္စတစ်ခုရှိတယ်။ အဲဒါက အရမ်းအရေးကြီးတယ်။ ငါ့ဆန္ဒကို ဖြည့်ဆည်းပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်”
ဂျူနီယာလား။
သူမရှေ့တွင် အထွတ်အထိပ်မူက သူ့ကိုယ်သူ ဂျူနီယာတစ်ယောက်အဖြစ် မိတ်ဆက်သည့် ပထမဆုံးအကြိမ်ဖြစ်သည်ကို သဘောပေါက်သောကြောင့် အထွတ်အထိပ်အလှလေးက မှင်တက်သွား၏။ နှစ်ထောင်ချီရှိကာ ယခုက ပထမဆုံးအကြိမ်ဖြစ်သည်။
အတိအကျ ဘာဖြစ်နေတာလဲ။
သူမအရှေ့ရှိ ဤလူက အထွတ်အထိပ်မူဖြစ်သည်မှာ သံသယရှိစရာမလိုပေ။ သူ့အနေနှင့် သူမ၏မျက်လုံးများကို လှည့်စားရန် မဖြစ်နိုင်ပေ။
ခဏလောက် တွေးပြီးနောက် သူမက ဖြည်းဖြည်းချင်း ပြောလိုက်၏ “မင်းတို့ကောင်တွေ အရင်ထွက်သွားပါ။ ငါ မခေါ်ဘဲနဲ့ မင်းတို့ကို ဝင်လာခွင့်မပြုဘူး”
ဝှစ်…ဝှစ်…
အမျိုးသားတစ်ယောက်၊ အမျိုးသမီးတစ်ယောက်၊ အကြီးအကဲနှစ်ယောက်တို့က အထွတ်အထိပ်အလှလေး၏အရှေ့၌ ထွက်ပေါ်လာသည်။ စိုးရိမ်မှုနှင့်သတိထားမှုတို့က သူတို့၏မျက်နှာပေါ်တွင် သိသိသာသာပေါ်နေပေ၏၊ အဘွားအိုက နက်ရှိုင်းသောအသံနှင့် ပြောလိုက်၏ “အုပ်ချုပ်သူ၊ အထွတ်အထိပ်မူနဲ့ ပတ်သက်ပြီး တစ်ခုခုလွဲမှားနေတာ ရှိတယ်။ ဒီတစ်ကြိမ်မှာ သူက ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်နှစ်ယောက်ကို ခေါ်လာတယ်၊ သူတို့ထဲကတစ်ယောက်ဖြစ်တဲ့အထွတ်အထိပ်အုပ်ချုပ်သူကို ငါ တွေ့ဖူးတယ်၊ သူ့ရဲ့ခွန်အားက လျှော့တွက်လို့မရဘူး”
အထွတ်အထိပ်အလှလေးက အထွတ်အထိပ်မူကို တစ်ချက်ကြည့်ပြီးနောက် နက်ရှိုင်းသောအသံနှင့် ပြောလိုက်၏ “မင်းတို့နှစ်ယောက် ဘာမှထပ်ပြောစရာမလိုတော့ဘူး။ သူ့ကို ငါ ယုံကြည်တယ်။ တကယ်တော့ သူက ငါ့ကို ထိခိုက်စေဖို့ ရည်ရွယ်ချက်ရှိတယ်ဆိုရင် မြင့်မြတ်နဂါးသစ်သီးကို ယူလာဖို့ မလိုဘူး”
“ဒါက…”
အကြီးအကဲနှစ်ယောက်က အကြည့်ချင်းဖလှယ်လိုက်ကြပြီး နောက်ဆုံးတွင် သူတို့က ရှုံ့မဲ့ပြုံးလျက် ပြန်ဆုတ်သွားကြသည်။
အထွတ်အထိပ်အလှလေးက အထွတ်အထိပ်မူဆီသို့ ရွှေ့လာကာ တည်ငြိမ်စွာ ပြော၏ “သူတို့ကို ထွက်သွားဖို့ ငါ အမိန့်ပေးပြီးပြီ၊ ဒီနေရာမှာ ငါတို့ပဲ ကျန်တော့တယ်။ ပြော၊ ငါ နားထောင်နေတယ်”
အထွတ်အထိပ်မူက အရင်လှည့်ပတ်ကြည့်ကာ ခဏစဉ်းစားလိုက်၏။ ထို့နောက် သူက ပြော၏ “စီနီယာ၊ မင်းနဲ့ ပြောမယ့်အကြောင်းအရာက အရမ်းအရေးကြီးတယ်။ ငါ့တင်မကဘူး၊ မင်းအတွက်ရောပဲ။ ဒါကြောင့် ဒီနေရာမှာ တစ်ယောက်မှ ရှိလို့မရတာပဲ။ မဟုတ်ရင် ငါတို့ပြောသမျှအရာအားလုံးကို အခြားသူတွေ သိသွားရင် မင်းက သူတို့ကို ဘယ်လောက်ပဲ ယုံကြည်ယုံကြည် သူတို့ကို ထိခိုက်စေဖို့သာ ဖြစ်လာလိမ့်မယ်”
အထွတ်အထိပ်အလှလေး၏အသားအရောင်က အနည်းငယ် ပြောင်းလဲသွားကာ တည်ငြိမ်စွာ ပြန်ဖြေ၏ “ပြောစမ်းပါ။ ဒီနေရာမှာ တစ်ယောက်မှ မရှိတော့ဘူးလို့ ငါ အာမခံတယ်”
အထွတ်အထိပ်မူက ရှေ့သို့ ခြေလှမ်းအနည်းငယ်တိုးကာ အသံပို့လိုက်၏ “စီနီယာ၊ ငါ့ဆရာက သူ့ကိုယ်စား မင်းကို သတိရကြောင်းပြောဖို့ ငါ့ကို လွှတ်လိုက်တာပါ”
“မင်း ဘာပြောလိုက်တာ”
အထွတ်အထိပ်အလှလေးက အထွတ်အထိပ်မူအရှေ့သို့ ရုတ်ချည်း ထွက်ပေါ်လာ၏။ သူမ၏လက်များက တုန်ယင်နေလျက် အထွတ်အထိပ်မူ၏ဝတ်ရုံကို ဆုပ်ကိုင်ကာ ပြောလိုက်၏ “ရှင်းပြစမ်း…ငါ့ကို ရှင်းပြချက်တစ်ခုပေးစမ်း”
အထွတ်အထိပ်မူက ပြုံးကာ တုံ့ပြန်လိုက်၏ “အုပ်ချုပ်သူ၊ ငါ့ဆရာက မသေဘူး။ သူ ပြန်လာပြီ”
“သူ မသေဘူးလား။ သူ ပြန်လာပြီလား”
နှလုံးသားထဲတွင် မိုးကြိုးပစ်သွားသလို အထွတ်အထိပ်အလှလေးက တုန်လှုပ်သွား၏။ တခဏကြာပြီးနောက် မျက်ရည်များက မျက်လုံးထဲတွင် ထွက်ပေါ်လာသည်။ သူမက ခံစားချက်တို့ရှုပ်ထွေးနေလျက် မေးလိုက်သည် “သူ အခု ဘယ်မှာလဲ။ ငါ့ကို မြန်မြန်ပြောပါ…”
“အာ၊ ကျေးဇူးပြီး အရမ်းစိတ်မလှုပ်ရှားပါနဲ့အုံး။ မင်းရဲ့ဒဏ်ရာက အရမ်းပြင်းထန်တယ်၊ အုပ်ချုပ်သူ”အထွတ်အထိပ်မူက အားတင်းပြုံးကာ ပြောလိုက်၏ “ဆရာက မြူနွေဉီးပင်လယ်က ငါ့နေရာမှာ။ အကြောင်းပြချက်တချို့ကြောင့် သူ မင်းကို လာမတွေ့နိုင်ဘူး”
အထွတ်အထိပ်အလှလေးက မာဆတ်ဆတ်ပြောလိုက်၏ “ဘာလို့လဲ။ ဘာလို့ သူက ငါ့ကို အခု လာတွေ့လို့မရတာလဲ။ သူက ဘာဖြစ်နေတာလဲဆိုတာ ငါ့ကို ပြောပါ။ သူ့အတွက်နဲ့ ငါ့အသက်ကို အကြိမ်ပေါင်းမရေအတွက်များစွာ စွန့်စားခဲ့ရတယ်။ ငါ့ရဲ့ဆွေမျိုးတွေနဲ့သူငယ်ချင်းတွေတောင် တိုက်ပွဲထဲမှာ သေခဲ့ရတယ်။ သူက ငါ့ကို လာမတွေ့ချင်ရအောင် ဘယ်လိုအကြောင်းအရာတွေများရှိနေလို့လဲ”
“အုပ်ချူပ်သူ၊ ဆရာသခင်က ကပ်ဘေးဖြတ်ကျော်ခြင်းကျရှုံးတာကြောင့် သေခဲ့ရတာ မဟုတ်ဘူး၊ အခြားသူတွေက သူ့ကို လုပ်ကြံခဲ့တာ။ ကံကောင်းစွာနဲ့ သူ့စိတ်ဝိညာဉ်အမျှင်တန်းတစ်ခုက နေရာလပ်ကနေတစ်ဆင့် အဆင့်နိမ့်ဂြိုလ်ကမ္ဘာတစ်ခုကို ဝင်ရောက်သွားပြီး အသက်ပြန်ရှင်ခဲ့တာ။ ဆရာက အစကနေ ပြန်ကျင့်ကြံခဲ့ပြီး လက်ရှိအချိန်မှာ ကောင်းကင်အင်မော်တယ်တွေနဲ့ပဲ ယှဉ်နိုင်သေးတယ်။ ဒါပေမယ့် သူ့ရဲ့ရန်သူတွေက အန္တိမအရှင်တွေ ငါးယောက်အောက်မလျော့ဘူး။ သူက သူ့ရဲ့သရုပ်မှန်ကို အလွယ်တကူဖော်ထုတ်နိုင်မယ်လို့ မင်း ထင်လား။ သူက ဒီနေရာကို အလွယ်တကူ လာနိုင်မယ်လို့ ထင်လား”
အထွတ်အထိပ်အလှလေး၏မျက်ခုံးများက ကျုံ့သွားသည်။ သူမ၏တုန်လှုပ်သောအမူအရာက စတင်ပျောက်ကွယ်သွားပြီး သတ်ဖြတ်ခြင်းဆန္ဒနှင့် ပြောလိုက်၏ “အဲဒီအန္တိမအရှင်တွေထဲမှာ မဟာဧကရာဇ်တန်းချင်နဲ့ ဇီသာဗျတ်စောင်းနတ်ဆိုးကျိုးယောင်တို့ ပါတယ်မလား”
အထွတ်အထိပ်မူက ခေါင်းညိတ်ကာ ပြောလိုက်၏ “သူတို့နှစ်ယောက်က ထိပ်ဆုံးကပေါ့။ နောက်ဆုံးအကြိမ် မင်းရဲ့အင်မော်တယ်လိုင်ဇီယန်ကနေ ငါ ပြန်သွားတုန်းက ဇီသာဗျတ်စောင်းနတ်ဆိုးရဲ့ခွေးတွေနဲ့ တွေ့ပြီး ဝိုင်းတိုက်ခိုက်ခံခဲ့ရတယ်။ ဆရာနဲ့သူ့လူတွေကသာ အချိန်မီရောက်မလာခဲ့ရင် အခုချိန်လောက်ဆို ငါက ပျောက်ကွယ်သွားနေလောက်ပြီ”
ထန်ရှုက သူမကို လာတွေ့ရန် ဘာကြောင့် မလာနိုင်သည်ကို အထွတ်တအထိပ်အလှလေးက နောက်ဆုံးတွင် နားလည်လိုက်၏။
သူက လေးဘက်လေးတန်စလုံးမှာ ရန်သူတွေအများကြီးနဲ့ အခက်အခဲတွေ ရင်ဆိုင်နေရတာပဲ။
မျက်ရည်စီးကြောင်းနှစ်ခုက အထွတ်အထိပ်အလှလေး၏မျက်နှာမှ စီးကျလာ၏။ သူမက အထွတ်အထိပ်မူ၏ရှေ့ပင် အချိန်အတော်ကြာသည့်အထိ အော်ငိုပြီးနောက် နောက်ဆုံးတွင် မျက်ရည်သုတ်လိုက်၏။
“အထွတ်အထိပ်မူ…အရင်ကလို သူက ငါ့ကို သဘောမကျတာ ရှိသေးတုန်းပဲလား” အထွတ်အထိပ်မူက အလွန်စိုးရိမ်နေပုံပေါ်ကာ ဂရုတစိုက်မေးလိုက်သည်။
“မရှိဘူး”အထွတ်အထိပ်မူက ခေါင်းခါယမ်းလိုက်သည် “သူ့အတွက် မင်းလုပ်ပေးခဲ့တာကို သိသွားတော့ ဆရာက အပြစ်ရှိသလို ခံစားနေရတယ်။ ဒါပေမယ့် မင်းအကြောင်း သူ့ကို ပြောပြတဲ့အချိန်မှာ သူ့ရဲ့ခံစားချက်တွေကတစ်ဆင့် မင်းကို ဂရုစိုက်တာကို ငါ ခံစားမိတယ်”
သူက ငါ့ကို ဂရုစိုက်တာလား။
အထွတ်အထိပ်အလှလေး၏မျက်လုံးများက ပြူးကျယ်သွားပြီး စကားလုံးများ၏အဓိပ္ပါယ်ကို ကြည်နူးခံစားကြည့်လိုက်၏။ များမကြာမီ ဝမ်းသာပျော်ရွှင်သောအကြည့်တစ်ခုက သူမ၏မျက်လုံးများထဲ၌ ထွက်ပေါ်လာသည်။
“အခု သူက ငါ့ကို ဂရုစိုက်ပြီလား။ နောက်ဆုံးတော့ သူ့နှလုံးသားကို ငါ လှုပ်ခတ်စေနိုင်ခဲ့ပြီလား”
အထွတ်အထိပ်အလှလေး၏ခန္ဓာကိုယ်က အနည်းငယ်တုန်ယင်သွားကာ မျက်ရည်များက ပေါက်ကွဲထွက်လာကာ ကျယ်လောင်စွာ ပြောလိုက်၏ “သူ့ရဲ့အတွေးတွေ၊ အစီအစဉ်တွေနဲ့ ပတ်သက်ပြီး ငါ့ကို ပြောပါ၊ အထွတ်အထိပ်မူ။ သူ့မှာ ရန်သူတွေ ရှိတယ်၊ သူတို့အားလုံးကို ငါတို့ သတ်ရမယ်။ သူ လာပြီဆိုမှတော့ ဒီအင်မော်တယ်ကမ္ဘာမှာ သူ မအောင်မြင်နိုင်တဲ့အရာဆိုတာ မရှိဘူး။ ငါ…ငါ သူ့ကို ယုံကြည်တယ်။ ငါ သူ့ကို ယုံကြည်တယ်”
“သူ ပြောခဲ့တဲ့ အချက်လေးချက်ရှိတယ်”အထွတ်အထိပ်မူက ပြုံးလိုက်၏။
အထွတ်အထိပ်မူ၏မျက်လုံးများက လင်းလက်သွားလျက် ချက်ချင်း ပြောလိုက်၏ “ငါ့ကို ပြောပါ”
“ပထမတစ်ခု- သူအသက်ရှင်နေသေးတဲ့သတင်းကို မင်းတစ်ယောက်ပဲ သိရမယ်၊ ဒါနဲ့ ပတ်သက်ပြီး အခြားတစ်ယောက်မှ ဘယ်တော့မှ မပြောရဘူး၊ အဲဒီလူက မင်းနဲ့ ဘယ်လောက်ပဲ နီးကပ်နေရင်တောင်မှပေါ့”အထွတ်အထိပ်မူက ပြော၏ “သူအသက်ရှင်နေသေးတယ်ဆိုတာကို ငါတို့နှစ်ယောက်ပဲ သိတယ်၊ ဆရာသခင်နောက်ကိုလိုက်နေတဲ့အန်တီကြယ်မျက်ရည်ကိုတောင် မပြောပြရသေးဘူး”
“ငါ မင်းကို ဒီတစ်ခုကတိပေးတယ်”အထွတ်အထိပ်မူက နက်ရှိုင်းသောအသံနှင့် ပြော၏။
“ဒုတိယတစ်ခု၊ ဆရာသခင်က မင်းကို အချိန်လုပြီး မြင့်မြတ်နဂါးသစ်သီးကို သုံးပြီး ပြန်ကောင်းအောင် လုပ်စေချင်တယ်”အထွတ်အထိပ်မူက ပြော၏ “ခြောက်လအတွင်းမှာ မင်းရဲ့အရင်အခြေအနေကို ပြန်ရောက်အောင် ကြိုးစားပါ။ ပြီးတော့ မင်းရဲ့ကုသမှုကို မြှင့်တင်ပေးနိုင်တဲ့ ဆေးလုံးအချို့ကိုလဲ ငါ ယူလာတယ်”
အထွတ်အထိပ်မူက ခေါင်းညိတ်ကာ ပြော၏ “ပြဿနာမရှိဘူး။ မြင့်မြတ်နဂါးသစ်သီးကို သုံးပြီးရင် အများဆုံး လအနည်းငယ်တွင်းမှာ ငါ့ရဲ့အရင်အခြေအနေကို ပြန်ရနိုင်မှာ သေချာတယ်”
“တတိယတစ်ခု၊ ဆရာသခင်က အင်မော်တယ်သလင်းကျောက်တွေနဲ့သလင်းကျောက်အဆီအနှစ်တွေ လိုအပ်တယ်။ ပိုများလေ၊ ပိုကောင်းလေပဲ။ အဲဒါတွေရပြီးရင် ငါ ချက်ချင်း ပြန်ပြီး သူ့ကို ပေးရမယ်”