အာချောင်ခြင်းက ပြဿနာတွေကို ဖြစ်စေတယ်
Vol. 95 Ch. 1326
“ဟုတ်တယ်၊ မှိုရဲတိုက်က အဆိပ်မှိုတွေနဲ့ နာမည်ကြီးတယ်၊ အဲဒီထဲမှာ ငါးရောင်ခြယ်မှိုနဲ့သက်တန့်မှိုတွေက အဆိပ်အပြင်းဆုံးပဲ။ ငါကသာ ဒီအဆိပ်မှိုနှစ်မျိုးကို ဝယ်နိုင်မယ်ဆိုရင် အဆိပ်ဆေးလုံးတွေကို သန့်စင်ပြီး ငါတို့အတွက် အများကြီးအကူအညီရလာလိမ့်မယ်
“မင်းလဲ အဆိပ်ဆေးလုံးတွေ ဖော်စပ်တာကို ကျွမ်းကျင်တာလား၊ အရှင်”ကြယ်မျက်ရည်က မေးလိုက်၏။
“ဒါပေါ့၊ ငါ့အသက်ကို ကာကွယ်နိုင်တဲ့ ဒါမှမဟုတ် ငါ့ရန်သူတွေကို သတ်နိုင်တဲ့အရာမှန်သမျှကို ငါ ကျွမ်းကျင်တယ်”ထန်ရှုက အနည်းငယ် ပြုံးလိုက်၏။
ကြယ်မျက်ရည်က မျက်လုံးလိမ့်လိုက်မိသည်။ ထန်ရှုလို သေရမှာကို ဒီလောက်တောင် ကြောက်သောသူကို မမြင်ဖူးသောကြောင့် သူမက ပြောစရာစကားမဲ့သွားသည်။
ဒီလိုလူတစ်ယောက်က သူ့ကိုယ်သူ ကောင်းကင်ဘုံဧကရာဇ်လို့ ခေါ်တာလား။
****
မှိုရဲတိုက်တွင်။
၎င်းက မှိုနှင့်တူသော မြို့တစ်ခုဖြစ်သည်။ ဤမြို့ကို ထန်ရှုရောက်ဖူးသည့်အခြားမြို့များနှင့် နှိုင်းယှဉ်လို့မရနိုင်ပေ၊ သို့သော် ဤနေရာတွင် မျိုးနွယ်စုမရေမတွက်များစွာ နေထိုင်ကာ အရေအတွက်က သန်းရာချီရှိသည်။
ဓားများကို စီးနေသည့် ကျင့်ကြံသူများ သို့မဟုတ် အရှိန်အဝါကို ထုတ်လွှတ်နေသည့် အင်မော်တယ်များကို နေရာတိုင်းတွင် မြင်တွေ့နိုင်သည်။ သူတို့က မှိုရဲတိုက်နှင့် နီးကပ်လာလေ၊ ကျင့်ကြံသူများကို ပိုတွေ့ရလေပင်။ သို့သော် အင်မော်တယ်ကမ္ဘာတွင် နေထိုင်သည့် ကျင့်ကြံသူတိုင်းက အမြင်စူးရှပြီး ထန်ရှုတို့အဖွဲ့စီးလာသည့်ရထားလုံးတစ်ခုတည်းနှင့်ပင် ဤလေးယောက်က အလွန်အားကောင်းသည်ဟု ပြောဆိုရန် လုံလောက်သည်။
များမကြာမီ ထန်ရှုတို့အဖွဲ့က မှိုရဲတိုက်မြို့ဂိတ်မှ ကီလိုမီတာငါးရာအကွာသို့ ရောက်ရှိလာသည်။ မလိုလားအပ်သောအာရုံကို မဆွဲဆောင်မိစေရန်အလို့ငှာ သူတို့လေးယောက်က ရွှေရောင်ရထားလုံးပေါ်မှ ဆင်းလိုက်သည်၊ ထန်ရှုက ရထားလုံးနှင့်တိမ်ဖောက်သားရဲများကို ကောင်းကင်ဘုံစံအိမ်အသုံးအဆောင်ပစ္စည်းထဲသို့ ထည့်သွင်းပြီးနောက် သူတို့က မှိုရဲတိုက်ဆီသို့ ပျံသန်းလာသည်။
“နောက်ဆုံးအကြိမ် ဒီနေရာကို ရောက်ပြီးကတည်းက ဘယ်လောက်တောင် ရှိပြီလဲ။ လွန်ခဲ့တဲ့နှစ်တစ်ထောင်ကလား”
ပတ်ဝန်းကျင်ရှိ မှိုနှင့်တူသောအဆောက်အဉီးများကို လှည့်ပတ်ကြည့်ရှုရင်း ထန်ရှုက ရေရွတ်လိုက်၏။
မြို့ထဲတွင်။
ပတ်ဝန်းကျင်တွင် သူတို့၏ကုန်ပစ္စည်းများကို အော်ဟစ်ရောင်းချနေသည့် လှည့်လည်ဈေးသည်များဖြင့် ပြည့်နှက်နေပြီး ဆိုင်ခန်းမျိုးစုံက ဖောက်သည်များကို ဆွဲဆောင်ရန် အကောင်းဆုံးကြိုးစားနေကြ၏။
အိပ်မက်စံအိမ်။
အပြင်ပန်းက ကြည့်လိုက်ရုံနှင့်မှိုရဲတိုက်ထဲရှိ အထင်ကြီးစရာပုံပေါက်သောဆိုင်ကြီးတစ်ခု ဖြစ်သည်။ ကျန်ဆိုင်များက ဖောက်သည်များကို ဆွဲဆောင်ရန် ကျယ်လောင်စွာ အော်ဟစ်နေကြ၏။ သို့သော် အိပ်မက်စံအိမ်တွင်မူ လူလေးယောက်က အပြင်ဘက်တွင် ရပ်နေလျက် လမ်းသွားလမ်းလာများကို အေးစက်စွာ စိုက်ကြည့်နေကြသည်။
“ဒီနေရာပဲ”
ထန်ရှုက ဤနေရာကို အားပေးလေ့ရှိသည်၊ သို့သော် အရင်က အိမ်မက်စံအိမ်မရှိပေ၊ ဤဆိုင်က ဤနေရာတွင် အဟောင်းမဟုတ်ဟု ဆိုလိုသည်။ သို့သော် မှိုရဲတိုက်တွင် ယခုလို ဆိုင်ကြီးတစ်ဆိုင်ပိုင်ဆိုင်နိုင်ခြင်းက ပိုင်ရှင်၊ မိသားစု သို့မဟုတ် ကလန်က အတော်လေးသန်မာသည်ကို ပြသ၏။
ဝင်လာပြီးနောက် အဆိပ်မှိုများစွာနှင့် ကြီးမားသောနေရာလပ်တစ်ခုက သူတို့၏မျက်စိရှေ့၌ ထွက်ပေါ်လာသည်။ သို့သော် သူတို့၏အရည်အသွေးအရ အားလုံးက သာမန်အဆိပ်မှိုများဖြစ်ကြသည်။ ထိုမှိုအားလုံးက လွဲပြီး အခြားထုတ်ကုန်များလည်းရှိကာ အရည်အသွေးက ပျမ်းမျှဖြစ်၏။
“ကြိုဆိုပါတယ်၊ ဖောက်သည်တို့။ ဘာဝယ်ချင်ပါသလဲရှင့်” အဖြူရောင်ဝတ်ရုံနှင့် လှပသော အရောင်းစာရေးမလေးတစ်ယောက်က နှုတ်ဆက်လာ၏။
“အဆိပ်မှိုအချို့ ဝယ်ချင်တယ်၊ ဒါပေမယ့် အရည်အသွေးက အနည်းဆုံး ငါးရောင်ခြယ်ဖြစ်ရမယ်။ မင်းတို့ရဲ့အိပ်မက်စံအိမ်မှာ အဲဒါတွေ ရှိရင်၊ တန်ဖိုးက တတ်နိုင်ရင် ငါ ဝယ်မယ်။ ဒါပေမယ့် မင်းတို့မှာ တစ်ခုမှ မရှိရင်တော့ ငါ ချက်ချင်း ထွက်သွားရလိမ့်မယ်”
ငါးရောင်ခြယ်မှိုလား။ ပြီးတော့ ဒါက အနိမ့်ဆုံးအရည်အသွေးလား။
အရောင်းစာရေးမလေး၏အမှုအရာက ပြောင်းလဲသွားပြီး ထန်ရှုတို့လေးယောက်ကို ခဏလေ့လာလိုက်သည်။ ထို့နောက် သူမက ခေါင်းညိတ်ကာ ပြောလိုက်၏ “ဒါဆို ငါ့နောက်ကနေ ခြောက်ထပ်မြောက်ကို လိုက်လာပေးပါ။ ငါတို့အိပ်မက်စံအိမ်ရဲ့တန်ဖိုးရှိတဲ့ထုတ်ကုန်တွေကို ခြောက်ထပ်မြောက်မှာပဲ ထားတယ်။ ဒါပေမယ့် အဲနေရာမှာရှိတဲ့ပစ္စည်းတွေက အရမ်းဈေးကြီးတဲ့အတွက် ဧည့်သည်တော်တို့က စိတ်ပိုင်းဆိုင်ရာပြင်ဆင်ထားဖို့လိုမယ်နော်”
“ကုန်ပစ္စည်းတွေ ဈေးကြီးတာဈေးပေါတာကို သတ်မှတ်ဖို့က မင်းတို့ရဲ့ကိစ္စပါ”ထန်ရှုက တည်ငြိမ်စွာ ပြော၏ “ဒီနေရာမှာ ပစ္စည်းကောင်းအချို့ရှိရင် အများကြီးပေးရရတောင် ဝယ်ရတာက ငါ့အတွက် ပျော်စရာပဲ”
အရောင်းစာရေးမလေးက အနည်းငယ် ပြုံးလိုက်ပြီး သူတို့လေးယောက်ကို ခြောက်ထပ်မြောက်သို့ ခေါ်သွား၏။ ကျယ်ပြောသောခန်းမတစ်ခုက သူတို့၏ရှေ့သို့ ရုတ်တရက် ထွက်ပေါ်လာသည်။
“ဟေး၊ အက်ဘက်၊ ဒီရတနာရှစ်ခုရွှေကြာပန်းမျှော်စင်ကို ငါ အရင် မြင်တာနော်။ ငါ အရှုံးပေးမှာမဟုတ်ဘူး။ မင်းတို့ပြန့်ကျဲသိုင်းဂိုဏ်းရဲ့စွမ်းအားကို အသုံးပြုနိုင်မယ်လို့ စဉ်းတောင်မစဉ်းစားနဲ့။ မင်းကို သတ်ပြီး ငါ ထွက်သွားလိုက်မယ်”ဝါးတုတ်တစ်ချောင်းနှင့် ငွေရောင်ဆံပင်လူအိုကြီးတစ်ယောက်က လူငါးယောက်ဝန်းရံထားသည့်လူတစ်ယောက်ကို စိုက်ကြည့်ရင်း အော်ပြော၏။
လူငါးယောက်၏ခေါင်းဆောင်ဖြစ်သည့်လူက လူအိုကြီးကို ပြန်စိုက်ကြည့်လျက် အေးစက်စွာ ပြောလိုက်သည် “ဟမ့်၊ ခင်ဗျား စမ်းကြည့်လို့ရတယ်။ ခင်ဗျားက ကျုပ်ကို မသတ်နိုင်ခင် ပြန့်ကျဲသိုင်းဂိုဏ်းရဲ့စွမ်းအားက ဒီနေရာကို မကြာခင်ရောက်လာလိမ့်မယ်။ အဖိုးကြီး၊ ရတနာရှစ်ခုရွှေကြာပန်းမျှော်စင်က ရွှေအင်မော်တယ်တစ်ယောက်ကပဲ ထိန်းချုပ်နိုင်တဲ့ အသုံးအဆောင်ပစ္စည်းတစ်ခုပဲ။ ခင်ဗျားက ကောင်းကင်အင်မော်တယ်အဆင့်ပဲ ရှိတယ်၊ ဒါကို ခင်ဗျားက လိုချင်တာလား”
လူအိုကြီးက ဒေါသတကြီး အော်ပြော၏ “အဲတော့ ဘာဖြစ်လဲ။ တစ်နေ့ ရွှေအမြုတေအဆင့်ကို ချိုးဖြတ်ပြီးတဲ့အခါ ငါ အသုံးပြုလို့ရတယ်”
လူအိုကြီး၏မျက်လုံးများထဲရှိ ပြင်းထန်သောအကြည့်ကို မြင်ပြီးနောက် အက်ဘက်က လက်သီးဆုပ်လျက် စာပို့တိုကင်ကို ဖိကာ စာပို့လိုက်သည်။ ထို့နောက် သူက ဂုဏ်ယူစွာ ပြောလိုက်၏ “မင်းက အခု မောက်မာနိုင်ပေမယ့် ငါ့ဂိုဏ်းရဲ့ကျွမ်းကျင်သူတွေ ရောက်လာတဲ့အခါ သေချာပေါက် ဒူးထောက်တောင်းပန်ရလိမ့်မယ်”
လူအိုကြီး၏အမူအရာက ပြောင်းလဲသွားပြီး ချီတုံချတုံဖြစ်သွား၏။ ထို့နောက် သူက ဆိတ်ဆိတ်နေသော ဆိုင်အလုပ်သမားဘက်သို့ လှည့်ကာ နက်ရှိုင်းသောအသံနှင့် ပြောလိုက်၏ “လူများစွာသဘောကျတဲ့ရတနာတစ်ခုကို အမြင့်ဆုံးဈေးပေးနိုင်သူက ဝယ်လို့ရတယ်ဆိုတဲ့ အင်မော်တယ်ကမ္ဘာရဲ့ထုံးစံကို မင်းလဲ သိမှာပါ၊ ဟုတ်တယ်မလား”
ဆိုင်အလုပ်သမားက ခေါင်းညိတ်ကာ ပြောလိုက်သည် “ဟုတ်ပါတယ်၊ ခင်ဗျားက ဈေးပြိုင်ကမ်းလှမ်းချင်တလား”
“ဟုတ်တယ်။ ငါက ဈေးပြိုင်ကမ်းလှမ်းချင်တယ်”လူအိုကြီးက ပြင်းထန်စွာ ပြောလိုက်၏ “ရတနာရှစ်ခုရွှေကြာပန်းမျှော်စင်ရဲ့တန်ဖိုးက အင်မော်တယ်သလင်းကျောက်နှစ်သန်းကျတယ်။ ငါက ၂.၁သန်းပေးမယ်”
အက်ဘက်က ဒေါသတကြီး အော်ပြော၏ “ဟေး၊ လူအိုကြီး၊ ခင်ဗျားက ကျုပ်ရှေ့မှာ ခင်ဗျားရဲ့ကြွယ်ဝမှုကို ပြချင်နေတာလား။ ခင်ဗျားက တကယ်ကို စော်ကားသွားပြီ။ ဒီရတနာရှစ်ခုရွှေကြာပန်းမျှော်စင်အတွက် အင်မော်တယ်သလင်းကျောက်သုံးသန်းကို ငါ ပေးတယ်”
လူအိုကြီးက အနည်းငယ် မျက်မှောင်ကြုတ်လျက် အေးစက်စွာ ပြောလိုက်၏ “လေးသန်း”
အက်ဘက်က အော်လိုက်၏ “ငါးသန်း”
လူအိုကြီးက ထပ်မံမျက်မှောင်ကြုတ်လိုက်သည်။ အချိန်အတန်ကြာ နှုတ်ဆိတ်သွားပြီးနောက် သူက ဖြည်းဖြည်းချင်း ပြောလိုက်၏ “၅.၅သန်း။ ဒါက ငါပေးနိုင်တာ အကုန်ပဲ။ မင်းက ငါ့ထက် ပိုပေးနိုင်ရင် မင်း ယူလိုက်တော့”
အက်ဘက်၏မျက်နှာက မည်းမှောင်သွားသည်။ သူက ချမ်းသာသော်လည်း ပြန့်ကျဲသိုင်းဂိုဏ်း၏စီနီယာတစ်ယောက်ဖြစ်သည့် သူ့မိသားစု၏အကြီးအကဲက သူ့ကို အင်မော်တယ်သလင်းကျောက်များစွာ ပေးလေ့ရှိသော်လည်း လက်ရှိ သူ့တွင် ရှိသမျှက အင်မော်တယ်သလင်းကျောက်ခြောက်သန်းမျှသာပင်။ သူက ဒီလောက်များသောအင်မော်တယ်သလင်းကျောက်များကို တစ်ချက်တည်း ထုတ်သုံးလိုက်လျှင် နောက်နှစ်တစ်ရာအထိ ဆင်းရဲမွဲတေနေရလိမ့်မည်။
သို့သော် သူက မရခဲ့လျှင် ဤလူအိုကြီး၏အရှေ့၌ မျက်နှာပျက်သွားရလိမ့်မည်။ ဤကိစ္စက ပြန့်နှံ့သွားသည်နှင့် သူက နှစ်အနည်းငယ်အထိ ခေါင်းမော့နိုင်မည်မဟုတ်တော့ပေ။
“အင်မော်တယ်သလင်းကျောက်၅.၆သန်း”အက်ဘက်က အံကြိတ်လျက် အော်လိုက်သည်။
လူအိုကြီးက ခါးသီးစွာ ပြုံးလျက် ခေါင်းခါယမ်းလိုက်ပြီး ထွက်သွားရန် လှည့်လိုက်သည်။
“အင်မော်တယ်သလင်းကျောက်ခြောက်သန်း”
အနီးနားတွင် ထန်ရှုက အနည်းငယ် ရယ်လျက် သူတို့ထံ လျှောက်လာ၏။ ထွက်သွားရန်ပြင်နေသောလူအိုကြီးက အမူအရာပြောင်းလဲသွားလျက် ထန်ရှုကို အံ့အားသင့်သောမျက်နှာနှင့် လှည့်ကြည့်လိုက်သည်။
ဆိုင်အလုပ်သမားကို တစ်ချက်ကြည့်လျက် ထန်ရှုက ပြုံးကာ ပြောလိုက်၏ “ဒီလိုရတနာတစ်ခုနဲ့ တွေ့တဲ့အခါမှာ အမြင့်ဆုံးပေးနိုင်တဲ့သူက အဲဒါကို ရမယ်မလား”
“ဟုတ်ပါတယ်”ဆိုင်အလုပ်သမားက ပြုံးလိုက်၏။
ထို့နောက် ထန်ရှုက အက်ဘက်သို့ လှည့်ကာ မေးလိုက်သည် “မင်းက ဆက်ဈေးပြိုင်ပေးချင်သေးလား။ မရှိတော့ဘူးဆိုရင် ဒီရတနာရှစ်ခုရွှေကြာပန်းမျှော်စင်အသုံးအဆောင်ပစ္စည်းက ငါ့ဟာပဲ။ မင်းက ဈေးဆက်ပေးအုံးမယ်ဆိုရင် ငါလဲ ဈေးဆက်တိုးပေးမှာပဲ”
လမ်းတစ်ဝက်ရောက်မှ သူ့ကို တစ်ယောက်ယောက်က နှောင့်ယှက်လာလိမ့်မည်ဟု အက်ဘက်က မမျှော်လင့်ထားပေ။ သူက ထန်ရှုကို ပြင်းပြင်းထန်ထန် စိုက်ကြည့်ကာ ဒေါသတကြီး အော်ပြောလိုက်သည် “ဒီခွေးကောင်က ဘယ်က ရောက်လာတာလဲ။ မင်းက ဒီအဖေကြီးနဲ့ ယှဉ်ပြိုင်ဖို့ အရည်အချင်းရှိတယ်လို့ ထင်နေတာလား။ မင်းက အသက်ရှင်ရတာ မောပန်းနေပြီလား”
ဖြန်း…
ထန်ရှုက လျင်မြန်စွာ လှုပ်ရှားလျက် သူ့မျက်နှာကို ရိုက်လိုက်သည်၊ ထိုအကောင်က ဆယ်မီတာအကွာသို့ လွင့်ကျသွား၏။ ထို့နောက် သူက နှာခေါင်းရှုံ့လျက် ပြောလိုက်သည် “မင်းက ငါ့ရှေ့မှာ မောက်မာရဲတာလား။ ငါ့ကို ရန်စပြီး မသေသေးတာ မင်းက ပထမဆုံးပဲ။ သိလိုက်…”
“ချီးပဲ…မင်းက ပြန့်ကျဲသိုင်းဂိုဏ်းကတစ်ယောက်ယောက်ကို ရိုက်ရဲတာလား။ မင်းက တကယ်ပဲ အသက်ရှင်ရတာ မောပန်းနေတာလား”ပြန့်ကျဲသိုင်းဂိုဏ်း၏မြေအင်မော်တယ်ကျွမ်းကျင်သူက ဒေါသတကြီး အော်လျက် တိုက်ခိုက်လိုက်သည်၊ သူ့ဘေးနားရှိ အခြားသုံးယောက်ကလည်း သူတို့၏အင်မော်တယ်ဓားများကို ထုတ်လွှတ်လျက် တိုက်ခိုက်ရန် အသင့်ပြင်လိုက်သည်။
“မင်း သိလား၊ ဒီဆိုင်ပိုင်ရှင်ကို မျက်နှာပေးဖို့အတွက် မင်းကို မသတ်ခဲ့တာပဲ”ထန်ရှုက နှာခေါင်းရှုံ့လိုက်သည် “ဒါပေမယ့် မင်းက သေချင်နေမှတော့ မင်းရဲ့ဆန္ဒကို ဖြည့်ပေးရတာပေါ့”
သူ့အသံပျောက်ကွယ်သွားလျှင်ချင်း အလင်းစီးကြောင်းတစ်ခုက လူလေးယောက်ကို ချက်ချင်း ထိမှန်သွားပြီး သူတို့ကို တိုက်ရိုက်သတ်ဖြတ်လိုက်သည်။
တိုက်ခိုက်ခဲ့သူက တိုက်ပွဲပမ်ဖြစ်၏။
ဆိုင်အကူက တားချင်သော်လည်း နောင်ကျသွား၏။ သူက ကမန်းကတန်း အော်ပြောလိုက်၏ “ဟေး၊ ငါတို့ရဲ့ဆိုင်ထဲမှာ သတ်ဖြတ်တာကို ခွင့်မပြုဘူးဟ…”
လူလေးယောက်ကို လျှပ်တစ်ပြက်အတွင်း သတ်ဖြတ်ပြီးနောက် တိုက်ပွဲပမ်က မရပ်တန့်ဘဲ အက်ဘက်ကို လျင်မြန်စွာ ခေါင်းဖြတ်လိုက်၏။ ထို့နောက် သူက ကျေနပ်စွာ ပြုံးလျက် ပြောလိုက်သည် “ငါ့ဆရာက မင်းတို့ဆိုင်ကို မျက်နှာသာပေးတဲ့အနေနဲ့ ဒီကောင်ကို ရိုက်ပဲ ရိုက်ခဲ့တယ်။ ဒါပေမယ့် သူတို့က သေချင်နေတာဆိုတော့ ငါတို့မှာ ရွေးချယ်စရာမရှိဘူးလေ”
“မင်းတို့ကောင်တွေ…”
ဆိုင်အကူက ဒေါသထွက်သွားသည်။
ထန်ရှုက သူ့ကို အေးစက်စွာ စိုက်ကြည့်လျက် ပြောလိုက်၏ “ဘာမှားလို့လဲ။ ငါတို့က သူတို့ကို သတ်ခဲ့တယ်။ ဘာကြီးမားတဲ့ကိစ္စမို့လို့လဲ။ ဒီလိုအသေးအဖွဲ့ကိစ္စတစ်ခုနဲ့ ပတ်သက်ပြီး မင်းတို့က အလုပ်ရှုပ်ခံချင်နေတာလား။ မင်းတို့ရဲ့အိပ်မက်စံအိမ်က ဒီနေရာမှာ စီးပွားရေးလုပ်နေတာ၊ သူများကိစ္စမှာ မကြာခဏ ဝင်ပါလွန်းတယ်၊ မင်းတို့က ပြဿနာတွေကို အလွယ်တကူ ဖိတ်ခေါ်နေတာပဲ။ မင်းက ပါးစပ်ကို ပိတ်ထားလိုက်ရင် ပိုကောင်းမယ်”
ဝှစ်…
ပုံရိပ်တစ်ခုက လူတိုင်းအရှေ့၌ ရုတ်ချည်း ထွက်ပေါ်လာသည်။ သူက ယပ်တောင်တစ်ခုကို ကိုင်ထားလျက် ကြမ်းပြင်ပေါ်ရှိ ခန္ဓာကိုယ်လေးခုကို တစ်ချက်ကြည့်ကာ ပြောလိုက်၏ “မင်းပြောခဲ့တာက အမှန်တရားတွေပဲ၊ ဆရာ။ ဒါပေမယ့် ငါတို့အိပ်မက်စံအိမ်ရဲ့ထုံးစံကို ဘယ်တော့မှ ချိုးဖောက်လို့မရဘူး။ မင်းတို့မှာ ငါတို့ကို ကိုင်လှုပ်ဖို့ ခွန်အားမရှိဘူးဆိုရင် ငါတို့က ဝင်ပါရမှာပဲ”
“ငါ မင်းကို အသက်နှစ်ခါရှိုက်အတွင်း သတ်နိုင်တယ်။ မင်း ဒါကို ယုံကြည်လား”တိုက်ပွဲပမ်က နှာခေါင်းရှုံ့လိုက်သည်။
သက်လတ်ပိုင်းလူလည်း ရွှေအင်မော်တယ်တစ်ယောက်ဖြစ်သည်၊ သို့သော် တိုက်ပွဲပမ်က ထုတ်လွှတ်သော အရှိန်အဝါကို အာရုံခံပြီးနောက် သူ့အသားအရောင်က ပြောင်းလဲသွားသည်။ သူက ခပ်ဖျော့ဖျော့ပြုံးလျက် ပြောလိုက်၏ “ရွှေအင်မော်တယ်တစ်ယောက်လောက်က အိပ်မက်စံအိမ်ကို မခြိမ်းခြောက်နိုင်ပါဘူးလေ”