← Chapters

ဈေးကြီးသောသတင်းအချက်အလက်

Vol. 95 Ch. 1327

ဈေးကြီးသောသတင်းအချက်အလက်

Vol. 95 Ch. 1327

ထန်ရှုဘေးနားတွင် ရပ်နေသော ကြယ်မျက်ရည်က သူမ၏အရှိန်အဝါကို ထုတ်လွှတ်လိုက်သည်၊ သက်လတ်ပိုင်းလူက ကြောက်ရွံ့သွားပြီး သူ့သဘောထားက ၁၈၀ဒီဂရီသို့ ရုတ်တရက် ပြောင်းလဲသွား၏။

“ကျေးဇူးပြုပြီး ငါ့ကို ခွင့်လွှတ်ပေးပါ၊ စီနီယာ…”

သက်လတ်ပိုင်းလူက အလွန်ရိုကျိုးသွားသည်။ တကယ်တော့ ရွှေအင်မော်တယ်တစ်ယောက်က ဘယ်လောက်ပင် အားကောင်းပါစေ၊ ဘယ်အင်မော်တယ်ပိုင်နက်တွင်မဆို ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်က အနည်းငယ်သာရှိ၏။ မှိုရဲတိုက်ရှိ အသန်မာဆုံးလူပင် ရွှေအင်မော်တယ်နှောင်းပိုင်းအဆင့်သာ ရှိသည်။

ကြယ်မျက်ရည်က ဤလူနှင့် ပတ်သက်၍ စိတ်မဝင်စားပေ၊ ထန်ရှုဘေးနားတွင် တည်ငြိမ်စွာ ရပ်နေလိုက်သည်။

“ဒါဆို ဒီပစ္စည်းအတွက် အင်မော်တယ်သလင်းကျောက်ခြောက်သန်းလား”ထန်ရှုက မေးလိုက်၏။

သက်လတ်ပိုင်းလူက ကမန်းကတန်း ပြန်ပြော၏ “မဟုတ်ပါဘူး၊ အင်မော်တယ်သလင်းကျောက်နှစ်သန်းပါပဲ၊ ဒီရတနာရှစ်ခုကြာပန်းမျှော်စင်က ဆရာ့အပိုင်ပါပဲ။ တစ်ယောက်ယောက်က ဒီဟာကို မျက်စိကျရဲမယ်လို့တော့ ငါ မထင်ဘူး”

လူအိုကြီးက မျက်နှာဖြူဖတ်ဖြူရော်ဖြစ်နေလျက် ကမန်းကတန်း ခေါင်းညိတ်ကာ ပြောလိုက်၏ “ငါလဲ ဒီဟာကို မျက်စိမကျရဲပါဘူး။ စီနီယာလို လူကသာ ဒီရတနာကို အသုံးပြုဖို့ ထိုက်တန်တာပါ”

ထန်ရှုက အနည်းငယ် ပြုံးလိုက်ပြီး အင်မော်တယ်သလင်းကျောက်နှစ်သန်းကို ယူထုတ်ကာ သက်လတ်ပိုင်းလူထံ ပစ်ပေးလျက် ပြောလိုက်၏ “ရောင်ခြယ်အဆိပ်မှိုတွေအားလုံးကို ငါ လိုချင်တယ်၊ ခုနှစ်ရောင်ခြယ်ရှိရင် အကောင်းဆုံးပဲ။ မင်းတို့ရဲ့ဆိုင်အကူက ငါ့ကို ဒီဆဠမထပ်ကို ခေါ်လာတယ်၊ ဒါကြောင့် မင်းတို့မှာ ရောင်းချဖို့အတွက် တချို့တလေရှိရမယ်၊ ဟုတ်လား”

“ငါတို့ရဲ့ဆိုင်မှာ ရောင်ခြယ်အဆိပ်မှိုတွေအားလုံးရှိတယ်။ ဒါပေမယ့် လတ်တလောမှာတော့ ငါတို့မှာ ခုနှစ်ရောင်ခြယ်တွေ မရှိဘူး။ ဧည့်သည်တော်က တကယ်ပဲ လိုအပ်တယ်ဆိုရင် အချိန်အချို့ စောင့်ပေးပါ”

“ဘယ်လောက်ကြာမှာလဲ”ထန်ရှုက‌ မေးလိုက်သည်။

“ဘာမတော်တဆမှမဖြစ်ရင် သုံးလခန့်”သက်လတ်ပိုင်းလူက ပြောလိုက်သည်။

ထန်ရှုက ခေါင်းညိတ်ကာ ဖြည်းဖြည်းချင်း ပြော၏ “ဒါဆို ငါ့ကို ငါးရောင်ခြယ်ကို အရင် ရောင်းပေးပါ။ စရံအနေနဲ့ ငါ မင်းကို အင်မော်တယ်သလင်းကျောက်တစ်သိန်းပေးမယ်၊ နောက်သုံးလကျရင် ခုနှစ်ရောင်ခြယ်ကို ဝယ်ဖို့အတွက် ငါ ပြန်လာမယ်”

သက်လတ်ပိုင်းလူက တုံ့ဆိုင်းလျက် ပြောလိုက်သည် “ဧည့်သည်တော်၊ ငါးရောင်ခြယ်မှိုရဲ့တန်ဖိုးကတောင် အရမ်းဈေးကြီးနေပြီ၊ ခုနှစ်ရောင်ခြယ်က အများကြီးပိုမြင့်တယ်။ တကယ်ပဲ သူတို့ကို ဝယ်မှာလား”

“အဲမှိုနှစ်ခုက ဘယ်လောက်ကျလဲ”ထန်ရှုက မေးလိုက်သည်။

“ငါးရောင်ခြယ်က အင်မော်တယ်သလင်းကျောက်တစ်သန်းရှိပြီး ခုနှစ်ရောင်ခြယ်က အင်မော်တယ်သလင်းကျောက်ရှစ်သန်းရှိတယ်”သက်လတ်ပိုင်းလူက ပြန်ဖြေသည်။

ထို့နောက် ထန်ရှုက သူ့ကို အင်မော်တယ်သလင်းကျောက်နှစ်သန်းလွှဲပေးကာ ပေါ့ပေါ့ပါးပါးပြောလိုက်၏ “ဒါ‌ဆို ငါ မင်းကို စရံတစ်သန်းပေးခဲ့မယ်။ ခုနှစ်ရောင်ခြယ်မှိုကို တွေ့တော့မှ ကျန်တဲ့ခုနှစ်သန်းကို ပေးမယ်”

သက်လတ်ပိုင်းလူ၏မျက်လုံးများက လင်းလက်သွားလျက် ပျော်ရွှင်စွာ ပြုံးလိုက်၏ “ကျေးဇူးပြုပြီး စိတ်ချပါ၊ ဆရာ။ ပစ္စည်းတွေ ရောက်လာတဲ့အခါ ခုနှစ်ရောင်ခြယ်မှိုကို ငါ သေချာပေါက် သိမ်းထားပေးပါ့မယ်”

ထို့နောက် ထန်ရှုက ငါးရောင်ခြယ်မှိုကို ယူလိုက်သည်၊ မှိုကို ကြည့်ရင်း စိတ်ထဲ၌ အလွန်ဝမ်းသာနေလေသည်။ ငါးရောင်ခြယ်မှိုဖြင့် အလွန်ကောင်းသောအဆိပ်ဆေးလံးများကို ဖော်စပ်နိုင်ပြီး သူက ခုနှစ်ရောက်ခြယ်ကို ရနိုင်လျှင် သူ သန့်စင်သောအဆိပ်ဆေးလုံးများက ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်များကိုပင် ပြင်းထန်စွာ ထိခိုက်နိုင်စေလိမ့်မည်။

“ကောင်းပြီလေ၊ သွားကြစို့…”

ထို့နောက် ထန်ရှုတို့အဖွဲ့က အိပ်မက်စံအိမ်မှ ထွက်လာသည်။ လမ်းပေါ်သို့ ရောက်လာသောအခါ ထန်ရှု၏အမူအရာက အနည်းငယ်ပြောင်းလဲသွားပြီး အံ့အားသင့်သောအကြည့်တစ်ခုက သူ့မျက်လုံးများထဲတွင် ထွက်ပေါ်လာသည်။ ထို့နောက် သူက ခေါင်းလှည့်ကာ ပြောလိုက်၏ “အရှေ့က လက်ဖက်ရည်ဆိုင်ကို သွားကြရအောင်။ အဲဒီလူကို ငါ့ဆီ ခေါ်လာပါ။ ငါ စောင့်နေမယ်”

တိုက်ပွဲပမ်က အနည်းငယ်ခေါင်းညိတ်ကာ သူတို့နောက်မှ ချောင်းမြောင်းနေသောလူအိုကြီးထံ ပြေးသွား၏။

မိနစ်အနည်းငယ်ကြာပြီးနောက် ထန်ရှုက လက်ဖက်ရည်သောက်နေစဉ် ထိုလူအိုကြီးက လက်ဖက်ရည်ဆိုင်ထဲသို့ လျှောက်လာသည်။ သူက ခဏတုံ့ဆိုင်းသွားကာ ထန်ရှုကို သတိထားလျက် ကြည့်လိုက်၏။

“မင်း အခု ပြောလို့ရပြီ…”

ထန်ရှုက လက်ဖက်ရည်တစ်ငုံသောက်ပြီး လူအိုကြီးကို ကြည့်လိုက်သည်။

လူအိုကြီးက သက်ပြင်းတစ်ချက်ရှိုက်ကာ ပြောလိုက်၏ “စီနီယာမှာ သလင်းကျောက်အဆီအနှစ်တစ်သန်းရှိသလားဆိုတာ ငါ မေးပါရစေ”

ထန်ရှုက မျက်မှောင်ကြုတ်လျက် ပြောလိုက်သည် “သလင်းကျောက်အဆီအနှစ်တစ်သန်းက သေးငယ်တဲ့ပမာဏတစ်ခုပဲ၊ အချိန်မရွေး ငါ ယူထုတ်နိုင်တယ်။ ဘာလို့ မင်းက မေးရတာလဲ”

လူအိုကြီးက ပျော်ရွှင်သွားလျက် ထပ်မေး၏ “စီနီယာက စိတ်ဝိညာဉ်အမဲလိုက်တိုကင်ကို ကြားဖူးသလားဆိုတာ ငါ သိချင်ပါတယ်”

ထန်ရှု၏အသားအရောင်က ပြောင်းလဲသွားလျက် ခေါင်းညိတ်လိုက်သည် “စိတ်ဝိညာဉ်အမဲလိုက်တိုကင်က တိုက်ပွဲစိတ်ဝိညာဉ်အန္တိမအရှင်ဆီက ဆင်းသက်လာတာဖြစ်ပြီး အင်မော်တယ်ကမ္ဘာမှာ ကိုးခုပဲ ရှိတယ်။ ခြောက်ခုက ထွက်ပေါ်လာပြီးပြီ၊ တစ်ခုစီကို ရထားတဲ့သူက တိုက်ပွဲစိတ်ဝိညာဉ်အန္တိမအရှင်ကို တောင်းဆိုမှုတစ်ခုပြုလုပ်နိုင်တယ်၊ ပြီးရင် ဘာတောင်းဆိုချက်ပဲဖြစ်ဖြစ် သူက သေချာပေါက် ဖြည့်ဆည်းပေးတယ်”

“ဒီတစ်ခုတော့ မှားသွားပြီ။ ခုနှစ်မြောက်တိုကင်က လွန်ခဲ့တဲ့နှစ်ပေါင်း၂၆၀က ထွက်ပေါ်လာခဲ့တယ်။ တိုက်ပွဲစိတ်ဝိညာဉ်အန္တိမအရှင်က အဲဒီတိုကင်ကို လက်ခံရရှိပြီးနောက် သူက သံစဉ်မြွေနဂါးအန္တိမအရှင်ကို ရာစုနှစ်တစ်ခုကြာ အမဲလိုက်ခဲ့ပြီး နောက်ဆုံးမှာ သတ်ဖြတ်နိုင်ခဲ့တယ်။ ဒါကြောင့် စိတ်ဝိညာဉ်အဲလိုက်တိုကင်နှစ်ခုပဲ ကျန်တော့တယ်”

ထန်ရှုက မျက်မှောင်ကြုတ်လျက် မေးလိုက်သည် “ဒါဆို မင်းမှာ စိတ်ဝိညာဉ်အမဲလိုက်တိုကင်တစ်ခုရှိတာလား”

လူအိုကြီးက ခေါင်းခါယမ်းလိုက်၏ “မဟုတ်ဘူး။ ငါ့မှာ စိတ်ဝိညာဉ်အမဲလိုက်တိုကင်မရှိဘူး၊ ဒါပေမယ့် အဲဒါနဲ့ ပတ်သက်ပြီး သတင်းတော့ရှိတယ်။ စီနီယာက ငါ့ကို သလင်းကျောက်အဆီအနှစ်တစ်သန်းပေးမယ်ဆိုရင် ငါ ပြောပြနိုင်တယ်။ ဒီသတင်းအချက်အလက်နဲ့ ပတ်သက်ပြီး ငါ အာမခံတယ်၊ အဲဒါကို ရဖို့လဲ မခက်ခဲဘူး”

“ဒါပေမယ့် ငါ သိချင်တာ တစ်ခုရှိတယ်။ ဒီစိတ်ဝိညာဉ်အမဲလိုက်တိုကင်နဲ့ပတ်သက်တဲ့သတင်းအချက်အလက်ကို မင်း ရောင်းချခဲ့တာ အကြိမ်ဘယ်လောက်ရှိပြီလဲ”ထန်ရှုက ပေါ့ပေါ့ပါးပါး မေးလိုက်၏။

“မဟုတ်ဘူး၊ ငါ ဘယ်သူ့ကိုမှ မရောင်းရသေးဘူး”လူအိုကြီးက ခေါင်းခါယမ်းလိုက်၏ “စီနီယာက အရင်ဆုံးပဲ”

ထန်ရှုက ခေါင်းညိတ်လိုက်သည် “ဟုတ်ပြီလေ။ မင်းရဲ့သတင်းအချက်အလက်က မှန်တယ်ဆိုရင် ငါ မင်းကို သလင်းကျောက်အဆီအနှစ်တစ်သန်းပေးနိုင်တယ်။ ဒါပေမယ့် လောလောဆယ်တော့ ငါ မင်းကို သလင်းကျောက်အဆီအနှစ်ငါးသိန်းပဲ ပေးနိုင်မယ်၊ စိတ်ဝိညာဉ်အမဲလိုက်တိုကင်ကို ရတော့မှ ကျန်ရှိတဲ့ငါးသိန်းကို ပေးမယ်”

“ပြဿနာမရှိပါဘူး”

လူအိုကြီးက စိတ်လှုပ်ရှားသွားလျက် အသံကူးပြောင်းလိုက်၏ “စိတ်ဝိညာဉ်အမဲလိုက်တိုကင်က အခု ပြန့်ကျဲသိုင်းဂိုဏ်းမှာ ရှိတယ်၊ အဲဒါကို ၎င်းတို့ရဲ့ဘိုးဘေး၊ တစ်ဉီးတည်းသောပြီးပြည့်စုံခြင်းရွှေအင်မော်တယ်က စောင့်ကြပ်ထားပြီး ရွှေအင်မော်တယ်ဆယ့်ရှစ်ယောက်လဲ ပါတယ်”

“ဒါဆို မင်းက ဒါကို ဘယ်လိုလုပ်သိခဲ့တာလဲ”ထန်ရှုက မျက်မှောင်ကြုတ်လျက် မေးလိုက်သည်။

မုန်းတီးသောအကြည့်တစ်ခုက လူအိုကြီး၏မျက်လုံးများထဲတွင် တောက်ပသွား၏။ သူက လက်သီးတင်းကျပ်စွာ ဆုပ်လျက် ပြင်းထန်စွာ ပြောလိုက်သည် “ပြန့်ကျဲသိုင်းဂိုဏ်းရဲ့ဂိုဏ်းချုပ်ရဲ့သမီးက ငါ ချစ်ရတဲ့သူပဲ။ ဒါပေမယ့် ငါ့မှာ နောက်ခံမရှိဘူး၊ ကျင့်ကြံခြင်းပါရမီလဲ ကင်းမဲ့တဲ့အတွက် သူတို့က ငါ့ကို ရိုက်နှက်ခဲ့ကြပြီး သူမကလဲ ဂိုဏ်းရဲ့ဖိအားအောက်မှာ သေခဲ့ရတယ်။ ငါ့မှာ စွမ်းရည်မရှိတဲ့အတွက် ကိုယ့်ကိုယ်ကိုယ် မုန်းတီးနေခဲ့တယ်၊ မဟုတ်ရင် ပြန့်ကျဲသိုင်းဂိုဏ်းတစ်ခုလုံးကို ငါ ကိုယ်တိုင် သတ်ပစ်လိုက်ပြီ”

ထန်ရှုက ခေါင်းညိတ်လျက် ပြောလိုက်သည် “ဒါက မင်းကို တစ်ခုခု သတိရသွားစေရင် ငါ တောင်းပန်ပါတယ်။ ဒီသလင်းကျောက်အဆီအနှစ်သန်းတစ်ဝက်ကို ယူပါ။ စိတ်ဝိညာဉ်အဲလိုက်တိုကင်ကို ရတဲ့အခါ ငါ မင်းကို ဆက်သွယ်လိုက်မယ်။ ဒါပေမယ့် ငါ့ကို လိမ်ရင် မင်းက အင်မော်တယ်ပိုင်နက်ရဲ့ဘယ်ထောင့်မှာပဲ ပုန်းနေပါ‌စေ၊ ငါ မင်းကို အမဲလိုက်ရလိမ့်မယ်”

လူအိုကြီးက သလင်းကျောက်အဆီအနှစ်သန်းဝက်ကို လက်ခံကာ ပြောလိုက်၏ “စီနီယာက ငါ့ကို မယုံကြည်ရင် ငါ့ဆီမှာ ချိတ်ပိတ်စည်းတစ်ခု ဖော်ထုတ်လိုက်ပါ။ ထိပ်တန်းစွမ်းအားရှင်တော်တော်များများက ဒီလိုခြေရာခံချိတ်ပိတ်စည်းတွေကို ဖော်ထုတ်နိုင်တယ်ဆိုတာ ငါ သိတယ်”

ထန်ရှုက အနည်းငယ်ပြုံးကာ လူအိုကြီး၏အရှေ့သို့ လျှောက်သွား၏။ သူက သူ့ပခုံးကို ငြင်သာစွာ ပုတ်လိုက်ပြီး သူ့စာပို့တိုကင်ကို မေးပြီးနောက် ပြန်လှည့်ကာ ထွက်သွားလိုက်သည်။

“သူက ငါ့ဆီမှာ ချိတ်ပိတ်တစ်ခု ဖော်ထုတ်ပြီးပြီလား”

လူအိုကြီးက ထန်ရှုထွက်ခွာသွားရာနောက်သို့ ကြည့်လိုက်သည်။ သို့သော် ထန်ရှုက သူ့အပေါ်တွင် ချိတ်ပိတ်စည်းဘယ်လိုထုတ်ဖော်ခဲ့သည်ကို သတိမပြုမိသောကြောင့် သူ့အမူအရာက ရှုပ်ထွေးသွားရ၏။

မှိုရဲတိုက်အပြင်ဘက်တွင်။

ထန်ရှု၏မျက်လုံးများက တောက်ပနေသည်။ သူက ပြန့်ကျဲသိုင်းဂိုဏ်းသို့ သွားရန် အစီအစဉ်မရှိပေ။ တကယ်တော့ ထိုနေရာတွင် စောင့်ကြပ်နေသော ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်တစ်ယောက်သာ ရှိသည်။

ဝှစ်…

စာပို့တိုကင်ကို အသက်သွင်းပြီးနောက် ထန်ရှုက တိုက်ပွဲပမ်တို့အုပ်စုကို ဉီးဆောင်ကာ ခရီးကို ပြန်စတင်လိုက်သည်။

****

မြင့်မြတ်နဂါးအင်မော်တယ်ပိုင်နက်။

ဤပိုင်နက်က အင်မော်တယ်ကမ္ဘာရှိ အင်မော်တယ်ပိုင်နက်အားလုံးထဲတွင် ထိပ်တန်းဆယ်ခုထဲ ဝင်သည်။ ရွှေအင်မော်တယ်များကို နေရာတိုင်းတွင် တွေ့နိုင်ပြီး ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်များနှင့် မကြာခဏ ဆုံနိုင်၏၊ ရံဖန်ရံခါတွင် အန္တိမအရှင်အချို့က ဤပိုင်နက်တွင် မကြာခဏထွက်ပေါ်လာသည်။

အကျဉ်းသားပြိုင်ကွင်း၏ဌာနချုပ်ကို မြင့်မြတ်နဂါးအင်မော်တယ်ပိုင်နက်တွင် တည်ဆောက်ထားပြီး အကျဉ်းထောင်မြို့တစ်ခုဟုအမည်ရသည့်မြို့တစ်ခုပင် ဖြစ်လာခဲ့သည်။

အကျဉ်းထောင်မြို့၏တောင်ဘက်ဧရိယာ။

ခြံဝင်းတစ်ခုထဲတွင် အဖိုးကြီးဆိုက်ကာမိုက ပက်လက်ကုလားထိုင်ပေါ်တွင် လဲလျောင်းကာ သီချင်းအချို့ ညဉ်းနေလေသည်။

ဒင်း…ဒင်း…

တံခါးရှိ ငွေရောင်ခေါင်းလောင်းက ရုတ်တရက် မြည်သွားပြီး ဆယ်ကျော်သက်ကောင်မလေးတစ်ယောက်က ခြံဝင်းထဲတွင် ထွက်ပေါ်လာကာ ပြုံးလျက် အော်ပြော၏ “အဖိုးဆိုက်ကာမို၊ အဖိုးအတွက် ဧည့်သည်အချို့ရှိတယ်…”

အဖိုးဆိုက်ကာမိုက မျက်လုံးလိမ့်လျက် ရေရွတ်လိုက်သည် “အမ်…လွန်ခဲ့တဲ့ရက်အနည်းငယ်က ဒီလူအိုကြီးက ခွေးကလေးအချို့နဲ့ကြောင်ကလေးအချို့ကို သတ်ခဲ့တယ်ဆိုတာ မင်း သိလား။ ငါ့ရဲ့အရိုးအိုတွေက လှုပ်ရှားဖို့ ခက်ခဲနေလှပြီ၊ ငါ့ရဲ့ခန္ဓာကိုယ်တစ်ခုလုံးက နာကျင်နေတယ်…ဧည့်သည်တွေကို လက်ခံဖို့ မင်းရဲ့အမေကိုပဲ ပြောလိုက်ပါ”

ကောင်မလေးက သူ့ဘေးနားတွင် ထွက်ပေါ်လာပြီး လူအိုကြီး၏နာရွက်ကို လိမ်လျက် ပြောလိုက်၏ “အမေက အခြားဧည့်သည်တွေကို လမ်းညွှန်ပေးဖို့ ထွက်သွားပြီ။ အိမ်မှာ ငါတို့နှစ်ယောက်ပဲ ကျန်တော့တယ်။ ငါ့ကို လမ်းညွှန်တစ်ယောက်အဖြစ် တကယ်ပဲ လုပ်စေချင်တာလား”

လူအိုကြီးက မှင်တက်သွားလျက် ကောင်မလေး၏လက်ကို ခါကာ ခေါင်းခါယမ်းလိုက်သည် “မရဘူး၊ နင် သွားလို့မရဘူး။ နင် လမ်းညွှန်လုပ်တဲ့အခါတိုင်း ပြဿနာမရှာတာ ဘယ်အခါများရှိလို့လဲ။ နေခဲ့၊ ငါပဲ သွားလိုက်မယ်။ ဒါပေမယ့် ဒါက ထူးဆန်းတယ်။ ဧည့်သည်အချို့ ရောက်လာတယ်လို့ နင် ပြောခဲ့တယ်မလား။ ဘာလို့ ငါက သူတို့တစ်ယောက်မှ မမြင်တွေ့ရတာလဲ”

ကောင်မလေးက နှုတ်ခမ်းရှုံ့လျက် ပြောလိုက်၏ “ဟမ့်၊ အဲဒီဧည့်သည်တွေမှာ ကြီးမားတဲ့ဆန္ဒတစ်ခုရှိတယ်။ သူတို့က အဖိုးကို လူကိုယ်တိုင်ထွက်လာပြီး သူတို့ကို နှုတ်ဆက်စေချင်တယ်လို့ အော်ပြောနေကြတယ်။ အစကတော့ ငါက သူ့အတွက် ရေအေးတစ်အိုးငှဲ့ပေးမလို့၊ ဒါပေမယ့် သူ့မှာ အားကောင်းတဲ့လူမိုက်အချို့ရှိမယ်လို့ ဘယ်သူက ထင်ထားမှာလဲ။ အဲဒီနှစ်ယောက်က ငါ့ကို နည်းနည်းကြောက်ရွံ့စေတယ်…”

လူအိုကြီးဆိုက်ကာမို၏မျက်လုံးများက လင်းလက်နေသော်ငြား သူက နှေးကွေးလေးကန်စွာ ထရပ်လိုက်သည်။ သူ့ခန္ဓာကိုယ်ကို အပြင်ဘက်သို့ ဆွဲခေါ်လာရင်း သူက ပြောလိုက်၏ “ငါ့ကို ကိုယ်တိုင်နှုတ်ဆက်ချင်တဲ့သူတွေက ငါ့ရဲ့ဖောက်သည်ဟောင်းတွေဖြစ်ဖို့များတယ်။ ဒါပေမယ့် မင်းက ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်တွေကိုတောင် ဘယ်တော့မှ မကြောက်ခဲ့ပါဘူး၊ ဒါပေမယ့် အခု မင်းကို ကြောက်အောင်လုပ်နိုင်တဲ့လူအချို့ ရှိတာလား။ ဒါက အတော်လေးစိတ်ဝင်စားစရာကောင်းတယ်”

မိန်းကလေးက မျက်လုံးလိမ့်လျက် အံကြိတ်ကာ လိုက်သွား၏။

ခြံဝင်းအပြင်ဘက်တွင်။

လူအိုကြီးဆိုက်ကာမိုက လူလေးယောက်ကို မြင်ပြီးနောက် သူ့မျက်လုံးများက ရုတ်ချည်း ကျဉ်းမြောင်းသွား၏။ ကြယ်မျက်ရည်ကို မြင်သောအခါ သူက ခဏရပ်လိုက်ပြီး ခေါင်းဆောင်ဖြစ်မှန်းသိသာသည့်ထန်ရှုဘက်သို့ လှည့်လိုက်သည်။ ထို့နောက် သူက ပြုံးလျက် မေးလိုက်၏ “နှုတ်ဆက်ပါတယ်၊ တွေ့ရတာ ဝမ်းသာပါတယ်၊ ဧည့်သည်တော်။ မင်းကို အတော်လေးမရင်းနှီးပုံပေါ်ပေမယ့် မင်းက ဒီလူအိုကြီးကို သိတာလား။ ဘယ်အရှင်က ငါ့ကို မင်းဆီ ထောက်ခံချက်ပေးခဲ့တာလဲ”

ရှုပ်ထွေးသောအမူအရာတစ်ခုက ထန်ရှု၏မျက်လုံးများထဲတွင် လင်းလက်သွားလျက် သူက အနည်းငယ်ပြုံးကာ ပြောလိုက်၏ “အကျဉ်းထောင်မြို့က ဆိုက်ကာမိုနဲ့ ပတ်သက်ပြီး ပြောပြခဲ့တဲ့ သူဖုန်းစားလေးတစ်ယောက်ရှိတယ်။ အဲဒီဆိုက်ကာမိုက အခု လူအိုကြီးဆိုက်ကာမိုဖြစ်လာမယ်လို့ ငါ မမျှော်လင့်ထားခဲ့ဘူး”

သူဖုန်းစားလေးလား။

လူအိုကြီးဆိုက်ကာမို၏ခန္ဓာကိုယ်က အနည်းငယ်တုန်လှုပ်သွားပြီး ပြင်းထန်သောအလင်းက သူ့မျက်လုံးများထဲ၌ တောက်ပသွား၏။ သူ၏ခန္ဓာကိုယ်က လျှပ်တပြက်အတွင်း တည့်မတ်သွားသည်။ ကြီးမားသောအရှိန်အဝါတစ်ခုက သူ့ထံမှ ပေါက်ကွဲထွက်လာပြီး သူက နက်ရှိုင်းသောအသံနှင့် အော်လိုက်၏ “မင်းက ဘယ်သူလဲ၊ မစ္စတာ။ မင်းက သူ့ကို ဘယ်လိုလုပ်သိတာလဲ”

All Chapters