အတိတ်၏ကံကြမ္မာချည်နှောင်မှုများ
Vol. 95 Ch. 1329
ထန်ရှုက သက်ပြင်းတစ်ချက်ရှိုက်ကာ ခေါင်းညိတ်လိုက်သည် “အနာဂတ်မှာ မင်းကို ကျေနပ်စေမယ့်ဖြေရှင်းချက်တစ်ခုပေးမယ်လို့ ငါ ကတိပေးတယ်။ ဒါ့အပြင် ငါက မင်းဆီမှာ အကြွေးတစ်ခုတင်လိုက်တာပဲ။ အနာဂတ်မှာ မင်းက လိုအပ်တာတစ်ခုခုရှိရင် မဟာထန်အင်ပါယာကို လာပါ”
ထိုသို့ပြောပြီးနောက် ထန်ရှုက သူ့အင်မော်တယ်ကျောက်တုံး၊ အင်မော်တယ်သလင်းကျောက်များနှင့် သလင်းကျောက်အဆီအနှစ်တို့ကို ယူထုတ်ကာ လှပသောမန်နေဂျာထံ ကမ်းပေးပြီးနောက် ပြောလိုက်၏ “အဲဒီစေဘယ်မိစ္စာကင်းမြီးကောက်အပါအဝင် ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်ခြောက်ယောက်အတွက်”
အမျိုးသမီးမန်နေဂျာက စစ်ဆေးလိုက်သည်၊ ထို့နောက် သူက ခေါင်းညိတ်ပြပြီး စိတ်ဝိညာဉ်ချပ်ပြားခြောက်ခုကို ယူထုတ်ကာ ထန်ရှုထံ ကမ်းပေးပြီးနောက် လှောင်အိမ်ခြောက်ခုကို ဖွင့်ကာ အထဲရှိ ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်ခြောက်ယောက်ကို ကြိုးဖြည်ပေးလိုက်သည်။
“စေဘယ်မိစ္စာကင်းမြီးကောက်၊ ကောင်းကင်ဘုံကျောက်ပုံနှိပ်သည်၊ မီးလျှံနတ်ဆိုးကြောင်၊ ရွှေမျက်လုံးမဟာပင်ဂွင်ငှက်၊ လုပက်ရူပနဲ့ မြေအောက်ပင်လယ်ဝေလငါးဘုရင်၊ ဒီနေ့ကစပြီး မင်းတို့ခြောက်ယောက်က မဟာထန်ကောင်းကင်ဘုံဧကရာဇ်ရဲ့ကျွန်တွေဖြစ်သွားပြီ။ မင်းတို့ရဲ့စိတ်ဝိညာဉ်ချပ်ပြားကို သူ့ဆီ လွှဲထားပေးပြီးပြီ၊ ဒါကြောင့် အခု မင်းတို့ရဲ့အသက်က သူ့လက်ထဲမှာ ရှိတယ်”လှပသောအမျိုးသမီးက လူခြောက်ယောက်ကို တစ်ချက်ကြည့်ကာ နက်ရှိုင်းသောအသံနှင့် ပြောလိုက်၏။
တိုက်ပွဲသုံးရာကျော်ဖြတ်သန်းခဲ့သည့်သေခြင်းစစ်သည်ခြောက်ယောက်က ထန်ရှုကို သေချာစိုက်ကြည့်လိုက်သည်။ သူတို့၏ခန္ဓာကိုယ်တစ်ခုလုံးက သေခြင်းစွမ်းအင်နှင့် ပြည့်နေပြီး မနာခံလိုမှုတို့က သူတို့၏အမူအရာတွင် သိသာထင်ရှားနေလေသည်။ထန်ရှုက သူတို့၏အသက်ကို ထိန်းချုပ်ထားနိုင်သည်ဆိုသော်လည်း သူက သူတို့ကို ဒီလိုမြင့်မားသောတန်ဖိုးတစ်ခုဖြင့် ဝယ်ယူခဲ့သောကြောင့် ထန်ရှုက သူတို့ကို သတ်မည်ကို မစိုးရိမ်ကြပေ။
စိတ်ဝိညာဉ်ချပ်ပြားခြောက်ခုကို သန့်စင်ကာ သူတို့၏အသက်များကို ထိန်းချုပ်ပြီးနောက် ထန်ရှုက ပေါ့ပေါ့ပါးပါးဆိုလိုက်သည် “အနာဂတ်မှာ မင်းတို့ရဲ့အသက်အပါအဝင် ဘယ်အရာအတွက်မဆို ငါ့ရဲ့အမိန့်က ဉီးစားပေးပဲ။ သေချာတာကတော့ ကျန်တဲ့လူတွေကို သတိပေးတဲ့အနေနဲ့ မင်းတို့ထဲကတစ်ယောက်ကို သတ်ဖို့က ငါ့အတွက် ပြဿနာမရှိပါဘူး၊ ဒါကြောင့် မင်းတို့ထဲက ဘယ်တစ်ယောက်က ငါ့ရဲ့ဆန္ဒကို မနာခံဖို့ အရင်ဆုံး စမ်းသပ်ချင်လဲ”
သူတို့ထဲက တစ်ယောက်ကို သတ်မှာလား။
ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်ခြောက်ယောက်က အသားအရောင်ရုတ်တရက် ပြောင်းလဲသွားသည်။ သူတို့၏မနာခံလိုသောအမူအရာက အနည်းငယ် ပြောင်းလဲသွား၏။ သူတို့ထဲကတစ်ယောက်မှ မသေချင်ပေ။
“ငါတို့ ထွက်သွားတော့မယ်၊ လူအိုကြီးဆိုက်ကာမို”
ထန်ရှုက လှပသောအမျိုးသမီးကို ခေါင်းညိတ်ပြကာ အပြင်ဘက်သို့ လှည့်လိုက်သည်။
လူအိုကြီးက ပြန်မဖြေသလို အမျိုးသမိးကိုလဲ မနှုတ်ဆက်ခဲ့ပေ။ သူက ထန်ရှုဘေးနားမှ လျှောက်သွား၏။ သူတို့က အပေါက်ဝသို့ ရောက်သောအခါ သူက မေးလိုက်၏ “မဟာထန်ကောင်းကင်ဘုံဧကရာဇ်၊ ငါတို့ နောက်ထပ် ဘယ်နေရာကို သွားမှာလဲ”
ထန်ရှု၏နှုတ်ခမ်းက အကြိမ်အနည်းငယ် တွန့်လိမ်သွား၏။ တိုက်ပွဲပမ်က သူ့ကို အင်မော်တယ်သလင်းကျောက်ဆယ်ခုပေးလာသောကြောင့် ထန်ရှုက လက်ခံပြီး ၎င်းတို့ကို လူအိုကြီးဆိုက်ကာမိုထံ ကမ်းပေးလိုက်၏ “ဒါက မင်းအတွက် ဆုလာဒ်ပဲ။ အနာဂတ်မှာ ကံကြမ္မာက ငါတို့ကို ထပ်တွေ့စေအုံးမှာပါ”
ထိုသို့ပြောပြီးနောက် သူက ဉီးဆောင်ကာ အဝေးသို့ လျှောက်သွား၏။
အင်မော်တယ်သလင်းကျောက်ဆယ်ခုလား။
လူအိုကြီးဆိုက်ကာမိုက သူ့လက်ထဲရှိ အင်မော်တယ်သလင်းကျောက်ဆယ်ခုကို မှင်တက်စွာ စိုက်ကြည့်လိုက်သည်။ သူ့နှလုံးသားထဲတွင် ချိတ်ပိတ်ထားသော မှတ်ဉာဏ်အချို့က ရေကာတာကို ဖျက်ဆီးနေသော ရေစီးကြောင်းတစ်ခုပမာ ရုတ်တရက် စီးထွက်လာ၏။
လွန်ခဲ့သောနှစ်တစ်ထောင်ကဖြစ်သည်။ သူက အသက်ကိုးနှစ်အောက်သာရှိသည့်လူငယ်တစ်ယောက်ဖြစ်ပြီး သူ့ညီနှင့်အတူ လမ်းတကာလှည့်ကာ စားစရာအကြွင်းအကျန်အချို့ရရန် တောင်းရမ်းနေခဲ့သည်။ သူတို့ကို မောင်းထုတ်ခဲ့ကြသည်၊ ရိုက်နှက်ခဲ့ကြသည်၊ အိမ်မွေးတိရစ္ဆာန်များပမာ အနိုင်ကျင့်ခဲ့ကြသည်။
သို့သော် ထိုကံကောင်းသောနေ့၊လ၊နှစ်တွင် သူတို့ညီအကိုက ဈေးကြီးသောအဝတ်အစားနှစ်စုံကို ခိုးယူခဲ့သည်၊ သို့သော် သူတို့ကို ပိုင်ရှင်က တွေ့ရှိခဲ့ပြီး အသတ်ခံရလုနီးပါး ဖြစ်ခဲ့သည်။ ထိုအချိန်က သူက အသက်ရှင်ခဲ့လျှင် သူ့ကို ရိုက်နှက်ခဲ့သည့်လူကို သတ်ဖြတ်မည်ဟု ကျိန်ခဲ့သည်။ သူ့ညီကို အနိုင်ကျင့်ခဲ့သည့်လူကိုလည်း သတ်ဖြတ်မည်ဟု ကျိန်ဆိုခဲ့သည်။ ထိုအချိန်က ပိုက်ဆံအချို့ရှာကာ ကျင့်ကြံခြင်းကျမ်းစာအုပ်တစ်ခု ဝယ်ပြီး အားကောင်းသောကျင့်ကြံသူတစ်ယောက်ဖြစ်လာရန်အတွက်ပင် အစီအစဉ်များ ပြုလုပ်ခဲ့သည်။
ထိုအချိန်တွင် ပုံရိပ်တစ်ခုက သူတို့ညီအကိုနှစ်ယောက်အတွက် ကပ်ဘေးကို တားဆီးပေးခဲ့သည်။
သူ့ညီက သူတို့ကို ကယ်ခဲ့သည့် ထိုပုံရိပ်အနောက်မှ ဒူးထောက်လျက် ဆရာအဖြစ် သတ်မှတ်လိုကြောင်းကို အော်ပြောခဲ့သည်။ ထိုအချိန်က သူ့မျက်လုံးများထဲတွင် ၎င်းက အိပ်မက်တစ်ခုပမာပင်။
သို့သော် ထိုလူက ခြေလှမ်းရပ်ကာ သူ့ညီကို မေးခွန်းအနည်းငယ်မေးပြီးနောက် တပည့်အဖြစ် လက်ခံကာ ခေါ်သွားရန် သဘောတူခဲ့သည်။
“ထွက်သွားတာ ဘယ်လောက်ကြာမှာလဲ”
ထိုအချိန်က သူ မေးခဲ့သောမေးခွန်းဖြစ်ပြီး အဖြေက အစောဆုံး နှစ်တစ်ထောင်နှင့် အကြာဆုံး ထာဝရဟူ၍ပင်။
လူအိုကြီးက ရှင်းရှင်းလင်းလင်း မှတ်မိနေသေးသည်၊ သူ့ညီကို မခေါ်သွားခင် ထိုလူက သူ့ကို အင်မော်တယ်သလင်းကျောက်ဆယ်ခုကို ပေးကာ သူ့ဘဝတစ်ခုလုံးဘယ်တော့မှမမေ့စေနိုင်သည့်တစ်စုံတစ်ခုကို ပြောခဲ့၏-
“ဒါက မင်းအတွက် ဆုလာဒ်တစ်ခုပဲ။ အနာဂတ်မှာ ကံကြမ္မာက ငါတို့ကို ပြန်တွေ့စေမှာပါ”
ယခု အတိတ်၏မြင်ကွင်းက ထပ်မံဖြစ်ပေါ်လာသည်။
“မင်းက သူလား…”
လူအိုကြီးဆိုက်ကာမိုက စိတ်လှုပ်ရှားမှုအပြည့်နှင့် ရှေ့သို့ ခြေလှမ်းအနည်းငယ် ပြေးလိုက်လာလျက် အော်ပြောလိုက်၏။
ဤစကားကို အော်ပြောပြီးနောက် သူ့စိတ်ဝိညာဉ်ထဲရှိ အနက်ရှိုင်းဆုံးနေရာမှ စိတ်ပျက်မှုက ရှေ့သို့ ထွက်လာပြီး သူ့နှလုံးသားတစ်ခုလုံး ပြည့်နှက်သွား၏၊ သူ့ခန္ဓာကိုယ်တစ်ခုလုံးက ရေခဲတွင်းတစ်ခုထဲသို့ ကျသွားသလိုပင်။ သူက ခဏတာ အကြောင်းပြချက်ပျောက်ဆုံးသွားသည်ကို သိသည်။ သူ့ညီလိုပင်…ထိုလူက…သေသွားပြီးဖြစ်သောကြောင့်ပင်။
အဝေးရှိ ကီလိုမိတာအနည်းငယ်မှ ထန်ရှု၏ခြေလှမ်းက ရပ်သွားပြီး သူက ဖြည်းဖြည်းချင်း လှည့်လိုက်သည်။ တစ္ဆေသရဲလို ဖြူဖတ်ဖြူရော်ဖြစ်နေသောလူအိုကြီးဆိုက်ကာမိုကို ကြည့်ရင်း သူ့နှုတ်ခမ်းက အကြိမ်အနည်းငယ် လှုပ်ယမ်းသွားပြီး နောက်ဆုံးတွင် သူက လူအိုကြီးဆိုက်ကာမို၏နားထဲသို့ အသံကူးပြောင်းပေးလိုက်၏။
“ငါ တကယ်တောင်းပန်ပါတယ်”
ထိုသို့ပြောပြီးနောက် ထန်ရှုက လူတိုင်းကို ခေါ်ကာ လူအိုကြီးဆိုက်ကာမို၏မြင်ကွင်းမှ ပျောက်ကွယ်သွားခဲ့သည်။
တောင်းပန်တာလား။ မင်းက တောင်းပန်တယ်လို့ ပြောတာလား။
လူအိုကြီးဆိုက်ကာမို၏မျက်ခုံးများက ရုတ်တရက် ကျုံ့သွားပြီး မယုံကြည်နိုင်မှုက သူ့မျက်လုံးများထဲ၌ ပေါက်ကွဲထွက်လာသည်။ သူ့ပုံရိပ်က ဝေဝါးသွားကာ လေထဲမှ ပျောက်ကွယ်သွား၏။
အဝေးရှိ မိုင်သောင်းအကွာတွင်။
လူအိုကြီးဆိုင်ကာမိုက တောင်ထိပ်တစ်ခုအပေါ်တွင် ထွက်ပေါ်လာသည်၊ သူ့ဘေးနားပတ်လည်ရှိ မြင်ကွင်းကို ကြည့်ရင်း သူ့နှလုံးသားက တုန်ယင်နေလေတော့သည်။
လူတွေက ပြောခဲ့ကြတယ်၊ လူတစ်ယောက်က အသက်ကြီးလာလေလေ၊ အတွေ့အကြုံများလာလေလေ၊ ဉာဏ်ပညာကြီးမားလာလေပဲတဲ့။
သူက နှစ်ထောင်ချီအသက်ရှင်လာခဲ့ပြီ။ ထိုလူပြောခဲ့သည့် “တောင်းပန်တယ်”ဆိုသောစကားလုံးနှင့် “ငါ တောင်းပန်ပါတယ်”ဆိုသောစာကြောင်းက သူ့ကို ရိုးတွင်းချင်ဆီထိတိုင် ထိတ်လန့်တုန်လှုပ်စေရန် လုံလောက်သည်။
သူ့ညီက သေသွားခဲ့တာ ကြာပြီ။ ထိုလူကလည်း လက်စားချေခဲ့ပေးပြီးပါပြီ။ သို့သော် ဤကမ္ဘာရှိ လူအားလုံးထဲတွင် ထိုလူက သူ့ကို ထိုစကားသုံးလုံးအကြွေးတင်ခဲ့သည့် တစ်ဉီးတည်းသောသူဖြစ်၏။
လူအိုကြီးဆိုက်ကာမိုက လက်သီးဆုပ်လျက် အရူးလို အော်လိုက်သည် “မင်းက အသက်ရှင်နေသေးတယ်ဆိုတာ သိမှတော့ ငါ မင်းကို ရှာရလိမ့်မယ်။ အစကတော့ ဒီလူအိုကြီးဆိုက်ကာမိုရဲ့တစ်သက်မှာ စိုးရိမ်စရာမရှိတော့ဘူးလို့ တွေးထားခဲ့တာ”
ဟုတ်ပါသည်။ အတိတ်တွင် သူက ထန်ရှုနှင့် မထွက်သွားခဲ့သော်လည်း သူ့ညီလိုပင် သူက ထိုဆန်းကြယ်သောလူကို သူ၏မိသားစုဝင်အဖြစ် သတ်မှတ်ခဲ့သည်။ ထိုလူက သူတို့နှစ်ယောက်လုံးကို ကောင်းကောင်းဆက်ဆံခဲ့သည်။ ထို့ပြင် ထိုလူပေးခဲ့သောအင်မော်တယ်သလင်းကျောက်ဆယ်ခုကြောင့် သူက ကျင့်ကြံခြင်းကျမ်းစာအုပ်တစ်ခုကို ဝယ်နိုင်ခဲ့ခြင်းပင်။ ထိုအင်မော်တယ်သလင်းကျောက်ဆယ်ခုကြောင့် သူက ထိုဆေးလုံးများကို ဝယ်နိုင်ခဲ့ခြင်းပင်။
၎င်းက သူပိုသန်မာလာစေသည့်အကြောင်းရင်းဖြစ်ပြီး သူတို့ညီအကိုနှစ်ယောက်ကို အနိုင်ကျင့်ခဲ့သည့်သူများကို သတ်ဖြတ်ရန် စွမ်းရည်ကို ရရှိစေခဲ့သည်။
လွန်ခဲ့သောနှစ်တစ်ထောင်က သူ့ညီပို့ပေးခဲ့သည့်ဆေးလုံးအချို့ကြောင့် သူက အင်မော်တယ်အဖြစ်သို့ တက်လှမ်းနိုင်ခဲ့သည်။
လွန်ခဲ့သောနှစ်တစ်ထောင်က သူ့ညီပို့ပေးခဲ့သည့်ကျင့်ကြံခြင်းအရင်းအမြစ်များကြောင့် မြေအင်မော်တယ်အဆင့်သို့ တက်လှမ်းနိုင်ခဲ့သည်။
သူ့ညီပို့ပေးခဲ့သည့်အင်မော်တယ်ဆေးလုံးများကြောင့် သူက ကောင်းကင်အင်မော်တယ်အဆင့်သို့ တက်လှမ်းနိုင်ခဲ့သည်။
ထိုညီက သူ့ကို ဆေးလုံးများ၊ အင်မော်တယ်သလင်းကျောက်များနှင့် သလင်းကျောက်အဆီအနှစ်များကို ပို့ပေးခဲ့ပြီး သူ့ကျင့်ကြံခြင်းအဆင့်က ဆက်လက်တိုးတက်လာခဲ့သည်။ ကြီးမားသောအရင်းအမြစ်၏ထောက်ပံ့မှုအောက်တွင် နောက်ဆုံးတွင် သူက နက်နဲသိမ်မွေ့ခြင်းအင်မော်တယ်အဆင့်နှင့်ရွှေအင်မော်တယ်အဆင့်တို့ကို ချိုးဖြတ်နိုင်ခဲ့သည်။
ယခု သူက ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်အဆင့်ဖြစ်လာခဲ့ပြီ။
လွန်ခဲ့သောနှစ်ရာချီအတွင်း မြင့်မြတ်ငှက်ဂိုဏ်းကို ရန်သူများက တိုက်ခိုက်သည့်အခါတိုင်း သူက ပျောက်ကွယ်သွားခဲ့ပြီး အကြိမ်တိုင်းတွင် ဒဏ်ရာအပြည့်နှင့် ပြန်ရောက်လာခဲ့သည်။
သူက ထိုကျေးဇူးအကြွေးအား ပေးချေနေသည်ကို ဘယ်သူမှ မသိကြပေ။
“ဟမ်”
လူအိုကြီးဆိုက်ကာမို၏အသားအရောင်က ပြောင်းလဲသွားပြီး သူ့အာရုံက လေထဲရှိ အလွန်ဖျော့တော့သောအရှိန်အဝါအတက်အကျအချို့ကို ဖမ်းမိခဲ့သည်။ ပြင်းထန်အေးစက်သောအလင်းတစ်ခုက သူ့မျက်လုံးများထဲ၌ ရုတ်တရက် ပေါက်ကွဲထွက်လာသည်။ သူ့လက်ထဲရှိ အနက်ရောင်ဘူးတောင်းကို ဝှေ့ယမ်းလိုက်ပြီး သူ့အရှိန်အဝါက ထိုလှိုင်းများဆီသို့ ရုတ်တရက် ပေါက်ကွဲထွက်သွား၏။
“ထွက်လာကြစမ်း…”
တစ်ချိန်တည်းတွင် အနက်ရောင်ဒီရေစီးကြောင်းက ဘူးတောင်းမှ စီးထွက်လာပြီး ထိုအရှိန်အဝါများရှိသောနေရာကို ရုတ်ချည်း နစ်မြုပ်သွား၏။
“သနားညှာတာပေးပါ။ ငါတို့က ဘက်အတူတူပဲ…”
အနက်ရောင်ဝတ်ရုံနှင့်ပုံရိပ်သုံးခုက ထွက်ပေါ်လာပြီး အနက်ရောင်ဒီရေစီးကြောင်းကို ကြောက်လန့်တကြား စိုက်ကြည့်လိုက်ကြ၏။
“အကျဉ်းသားပြိုင်ကွင်းရဲ့နားတွေလား၊ ဟမ့်။ မင်းတို့က သူ့ရဲ့အထောက်အထားကို စုံစမ်းဖို့ လာခဲ့ပုံပဲ…”လူအိုကြီးဆိုက်ကာမို၏မျက်လုံးက အေးစက်သွားသည်။ သူ့အင်မော်တယ်ဓားက ရုတ်တရက် ခုနှစ်ခြမ်းခွဲသွားပြီး ထိုလူသုံးယောက်ကို ခုတ်ဖြတ်ကာ သူတို့၏စိတ်ဝိညာဉ်ကို ဖျက်ဆီးပစ်လိုက်၏။
ထို့နောက် ချက်ချင်းလျှင်ပင် သူက အနက်ရောင်ဘူးတောင်းကို သိမ်းပြီး ခြေရာလက်ရာအားလုံးကို ဖျက်ပြီးနောက် ပျောက်ကွယ်သွား၏။
****
လဝက်ကြာပြီးနောက်။
ထန်ရှုက တိုက်ပွဲပမ်၊ ကြယ်မျက်ရည်၊ ပုစဉ်းနှင့် ဝယ်ယူခဲ့သည့်ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်ခြောက်ယောက်တို့နှင့်အတူ မှိုရဲတိုက်သို့ ပြန်ရောက်လာသည်။
ဝီ…
သူက စာပို့တိုကင်ကို ဖိလိုက်သည်၊ နာရီဝက်ကြာပြီးနောက် ထန်ရှုထံ သတင်းအချက်အလက်ရောင်းချခဲ့သည့်လူအိုကြီးက သူ့အရှေ့၌ ထွက်ပေါ်လာသည်။
“စိတ်ဝိညာဉ်အမဲလိုက်တိုကင်ကို မင်း ရခဲ့တာလား၊ စီနီယာ”ထန်ရှုကို ကြည့်ကာ လူအိုကြီးက စိတ်လှုပ်ရှားစွာဖြင့် ကမန်းကတန်းမေးလိုက်၏။
“မဟုတ်ဘူး၊ အခုထိ ငါ ပြန့်ကျဲသိုင်းဂိုဏ်းကို မသွားရသေးဘူး”ထန်ရှုက ခေါင်းခါယမ်းကာ ပြောလိုက်၏ “ငါ့ကို ကူညီဖို့အတွက် လူအချို့ကို ရှာဖို့ သွားခဲ့တာ။ ဒါနဲ့ အဲကို အခုသွားကြရအောင်။ ပြန့်ကျဲသိုင်းဂိုဏ်းမှာ ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်ဘိုးဘေးတစ်ယောက်ရှိရင်တောင် သူတို့က တိုကင်ကို ထိန်းသိမ်းထားနိုင်တော့မှာမဟုတ်ဘူး။ ငါတို့ကို ပြန့်ကျဲသိုင်းဂိုဏ်းဆီ ခေါ်သွားတော့”
လူအိုကြီးက ကြောက်ရွံ့သွားလျက် ကမန်းကတန်း မေးလိုက်၏ “စီနီယာ၊ မင်းက အကူအညီကို ဖိတ်ခေါ်ခဲ့တယ်ဆိုရင်တောင် စိတ်ဝိညာဉ်အမဲလိုက်တိုကင်ကို ရဖို့က မဖြစ်နိုင်လောက်ဘူး။ သူတို့က ရူးပြီး တိုကင်ကို အသက်သွင်းပြီး တိုက်ပွဲစိတ်ဝိညာဉ်အန္တိမအရှင်ကို ဆက်သွယ်လိုက်ရင် ငါတို့အားလုံး သေသွားရလိမ့်မယ်…”
“မစိုးရိမ်ပါနဲ့…”ထန်ရှုက နှာခေါင်းရှုံ့လိုက်သည်။ “လုံးဝမပြင်ဆင်ထားဘဲနဲ့ ငါက ဘယ်တော့မှ မစွန့်စားခဲ့ဘူး။ မင်းရဲ့သတင်းက မှန်သရွေ့ တိုကင်က သေချာပေါက် ငါ့ဟာပဲ”