ကြယ်မျက်ရည်၏သံသယ
Vol. 95 Ch. 1331
မြူနွေဉီးပင်လယ်သို့ ပြန်ရောက်လာပြီးနောက် ထန်ရှုက တံခါးပိတ်ကျင့်ကြံရန် ရွေးချယ်လိုက်သည်။ သို့သော် ကျင့်ကြံခြင်း၌ နစ်မြုပ်မည့်အစား သူက ငါးရောင်ခြယ်မှိုများကို အဆိပ်ဆေးလုံးများအဖြစ်သို့ သန့်စင်ခဲ့သည်။
အလုပ်က တစ်လတိတိ ကြာခဲ့သည်။ ထန်ရှုက အသင်္ချေအဆိပ်ဆေးလုံးဆယ်လုံးကို ယူထုတ်ပြီး ငြိမ်အေးချောက်ကမ်းပါးမှ ထွက်လာသောအခါ ကူးရှောင်ရွှယ်က ချောက်ကမ်းပါးအစွန်းပေါ်တွင် တင်ပျဉ်ခွေထိုင်နေသည်ကို မြင်လိုက်သည်။ သူမ၏မျက်နှာက ဖြူဖတ်ဖြူရော်နေလေ၏။
“ရှောင်ရွှယ်…”
ထန်ရှုက လျှောက်လာကာ ပြုံးလျက် မေးလိုက်သည် “မင်းက တစ်ခုခုအတွက် စိတ်ဖိစီးနေတာလား”
ကူးရှောင်ရွှယ်က လွင့်မျောလာပြီး ထန်ရှု၏လက်ကို ဆုပ်ကိုင်ကာ အားတင်းပြုံးလိုက်၏ “ငါတို့မှာ ပိုက်ဆံမရှိတော့ဘူး၊ ဆရာအဘိုး။ အများဆုံးနောက်နှစ်လအထိပဲ စစ်တပ်ကုန်ကျစရိတ်ကို ထောက်ပံ့နိုင်တော့မယ်လို့ ငါ ထင်တယ်”
“ဟမ်”ထန်ရှုက ခဏမှင်တက်သွားသည် “အင်မော်တယ်သလင်းကျောက်နဲ့သလင်းကျောက်အဆီအနှစ်တွေအများကြီး ငါ ချန်ထားခဲ့တယ်မလား။ ဘာလို့ သူတို့အားလုံးကို ဒီလောက်အမြန် သုံးစွဲခဲ့တာလဲ”
“အင်မော်တယ်သလင်းကျောက်နဲ့သလင်းကျောက်အဆီအနှစ်အများစုကို ကျင့်ကြံခြင်းအရင်းအမြစ်တွေ ဝယ်ယူဖို့အတွက် အသုံးပြုခဲ့တယ်။ အဲဒီစစ်သားလေးသိန်းရဲ့သုံးစွဲနှုန်းကို ဖော်ပြဖို့တောင် မလိုဘူး၊ ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်တွေကိုလဲ အင်မော်တယ်သလင်းကျောက်တစ်သန်းပေးရတယ်။ အခု ငါတို့မှာ အင်မော်တယ်သလင်းကျောက်၂.၆သန်းနဲ့ သလင်းကျောက်အဆီအနှစ်ရာအနည်းငယ်ပဲ ကျန်တော့တယ်”
ထန်ရှုက အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်၊ ဒီပြဿနာမျိုးက ထပ်ဖြစ်လာပြန်ပြီပဲ။
ထို့ပြင် ထန်ရှုက အခြားတစ်ခုကို ရှင်းရှင်းလင်းလင်း မှတ်မိသေးသည်။ အထွတ်အထိပ်မူက အင်မော်တယ်လိုင်ဇီယန်မှ ပြန်လာသောအခါ အထွတ်အထိပ်အလှလေးက အင်မော်တယ်လိုင်ဇီယန်တွင် ရှိသမျှ အင်မော်တယ်သလင်းကျောက်များနှင့်သလင်းကျောက်အဆီအနှစ်အားလုံးကို ပေးခဲ့သည်ဟု သူ့ကို ပြောခဲ့သည်၊ ထို့ကြောင့် အင်မော်တယ်လိုင်ဇီယန်၏ငွေရေးအခြေအနေကလည်း ယခု အလွန်ကြပ်တည်းနေပေ၏။
ထန်ရှုက အကျဉ်းသားပြိုင်ကွင်းသို့ ထပ်သွားရန် အစီအစဉ်မရှိပေ။ သူက မကြာသေးခင်ကမှ အင်မော်တယ်ကမ္ဘာသို့ ပြန်လာခဲ့သည်၊ သို့သော် သေခြင်းစစ်သည်များဝယ်ရန် သို့မဟုတ် လောင်းကစားလုပ်ရန် အကျဉ်းသားပြိုင်ကွင်းသို့ အကြိမ်များစွာ သွားခဲ့သည်။ ၎င်းက ထိုနေရာရှိ အဆင့်မြင့်ပုဂ္ဂိုလ်များ၏အာရုံစူးစိုက်မှုကို ရရှိခဲ့လောက်ပြီ။
ယခု လောင်းကစားလုပ်ရန်အတွက် သူက အကျဉ်းသားပြိုင်ကွင်းသို့ ထပ်သွားလျှင် တစ်ဖက်အဖွဲ့က သူ့ကို အလွယ်တကူ သတိပြုမိမှာ သေချာ၏။
“ကြည့်ရတာ လုပ်ငန်းဟောင်းကိုပဲ ပြန်သွားရမယ့်ပုံပဲ”
ထန်ရှု၏မျက်လုံးများက လင်းလက်သွားသည်။ စာပို့တိုကင်ဖြင့် စာပို့ပြီးနောက် မကြာခင်တွင် အထွတ်အထိပ်မူက ရောက်လာသည်။ ထန်ရှုက တန်းကာ ပြောလိုက်၏ “မြူနွေဉီးပင်လယ်အနီးနားက ကြယ်ပိုင်နက်တွေမှာ ချမ်းသာကြွယ်ဝပြီး ရက်စက်ကြမ်းကြုတ်တဲ့လူတွေရှိလား”
ခဏစဉ်းစားပြီးနောက် အထွတ်အထိပ်မူက ပြန်ဖြေ၏ “ရှိတယ်လို့ ငါ ထင်တယ်။ မြူနွေဉီးပင်လယ်က မိုင်တစ်ထောင်ခန့်အကွာမှာ အသင်္ချေနတ်ဆိုးလိုဏ်ဂူလို့ခေါ်တဲ့နေရာတစ်ခုရှိတာကို ငါ မှတ်မိပြီ။ ဒီအသင်္ချေနတ်ဆိုးလိုဏ်ဂူရဲ့ပိုင်ရှင်က ခြေပြောင်နတ်ဆိုးလို့ခေါ်တဲ့မကောင်းဆိုးဝါးတစ်ကောင်ပဲ။ မကောင်းတဲ့အရာတွေအားလုံးကို ပြုလုပ်ဖို့အတွက် သူက ဘယ်တော့မှ မရပ်တန့်ဘူး”
‘ဒါဆို မင်းက သူနဲ့ မရင်ဆိုင်ခဲ့ဘူးလား”ထန်ရှုက မေးမြန်းလိုက်သည်။
“အပွင့်လင်းဆုံးပြောရရင် ငါက သူ့ပြိုင်ဘက်မဟုတ်ဘူး၊ ဆရာ”အထွတ်အထိပ်မူက ခါးသီးစွာ ပြုံးလိုက်၏ “သူက အလွန်အားကောင်းတဲ့ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်တစ်ယောက်ဖြစ်ပြီး သူ့လက်အောက်မှာ အခြားပြီးပြည့်စုံခြင်းရွှေအင်မော်တယ်နှစ်ယောက်နဲ့ ရွှေအင်မော်တယ်ဆယ်ယောက်ရှိတယ်။ ငါ အဲကို သွားပြီး သူ့ကို ဖယ်ရှားဖို့ ကြိုးစားခဲ့ပေမယ့် ဒဏ်ရာနဲ့ ပြန်လာခဲ့ရတယ်”
ထန်ရှုက နှာခေါင်းရှုံ့လိုက်သည် “ဟမ့်၊ သူက နတ်ဆိုးတစ်ယောက်ပဲ။ သူ့ကို လုယက်တာက အပြစ်ရှိတဲ့ခံစားချက်တွေ ဖြစ်လာမှာမဟုတ်ဘူး။ ပင်လယ်လမ်းဘုရင်နဲ့အထွတ်အထိပ်အုပ်ချုပ်သူတို့ကလွဲပြီး လူတိုင်းကို အသိပေးလိုက်ပါ။ မင်းက ကျန်လူတွေကို ဉီးဆောင်ပြီး သူတို့ကို ဖယ်ရှားပြီး သူတို့ရဲ့ကြွယ်ဝမှုတွေကို ပြန်ယူလာရမယ်”
“သူတို့ကို သတ်ဖြတ်ဖို့အတွက် ငါတို့လူတွေကို တကယ်ပဲ ခေါ်သွားစေချင်တာလား၊ ဆရာသခင်”အထွတ်အထိပ်မူက အံ့အားသင့်သွား၏။
“ငါတို့က ပိုက်ဆံလိုနေတယ်”ထန်ရှုက ခေါင်းညိတ်လိုက်သည် “အသင်္ချေနတ်ဆိုးလိုဏ်ဂူက မကောင်းတဲ့နေရာတစ်ခုဖြစ်မှတော့ ငါတို့က အဲဒီမိစ္စာတွေကို သတ်ဖြတ်ပြီး သူတို့ရဲ့ကြွယ်ဝမှုကို လုယူရမယ်။ ဒီနည်းလမ်းနဲ့ ငါတို့က အားနည်းတဲ့လူတွေကိုလဲ ကူညီနိုင်မယ်”
အထွတ်အထိပ်မူက ပြုံးလိုက်သည်။ သူက ထန်ရှုနောက်လိုက်လာခဲ့သည်မှာ ကြာပြီဖြစ်သောကြောင့် သူ့သဘာဝကို နားလည်သည်။ သူတို့က ငွေလိုတိုင်း သူ့ဆရာထန်ရှုက မိစ္စာအချို့ကို သတ်ဖြတ်ကာ အားနည်းသူများကို ကူညီခြင်းဖြင့် ကြွယ်ဝမှုကို အမြဲတမ်း ရှာဖွေခဲ့သည်။
“ကောင်းပါပြီ၊ ဒါဆို ငါ သွားပါ့မယ်၊ ဆရာသခင်”အထွတ်အထိပ်မူက ပြန်ဖြေကာ လျင်မြန်စွာ ထွက်ခွာသွားသည်။
နောက်ထပ်ရက်အနည်းငယ်ကြာပြီးနောက် အထွတ်အထိပ်မူနှင့်ကျန်လူများက ကြွယ်ဝမှုများစွာနှင့်အတူ ပြန်ရောက်လာသည်။ သလင်းကျောက်အဆီအနှစ်တစ်ခုတည်းနှင့်ပင် သန်းနှစ်ဆယ်ပတ်လည်ရှိပြီး အင််မော်တယ်သလင်းကျောက်များက သန်းလေးရာပတ်လည်ရှိသည်။
ထန်ရှုက အင်မော်တယ်သလင်းကျောက်နှင့်သလင်းကျောက်အဆီအနှစ်တစ်စိတ်တစ်ပိုင်းကို အထွတ်အထိပ်မူနှင့်ကျန်လူများကို ဆုလာဒ်အဖြစ် ပေးပြီး ကျန်ရှိသမျှကို ကူရှောင်ရွှယ်ထံ ပေးလိုက်၏။
အဆုံးမဲ့ကောင်းကင်တစ်ခုလုံးက ရှင်းလင်းနေလေသည်။
ထန်ရှုက ငြိမ်အေးချောက်ကမ်းပါးပေါ်တွင် တင်ပျဉ်ခွေထိုင်နေသည်။ သူ့မျက်လုံးများက အဆုံးမဲ့ဟင်းလင်းပြင်ကို ထိုးဖောက်နိုင်ပုံရကာ အဝေးရှိ စကြာဝဠာမှ ကြယ်မရေမတွက်များစွာကို မြင်တွေ့နိုင်သည်။ သူ့ခန္ဓာကိုယ်ထဲရှိ ဂြိုလ်များက အဆက်မပြတ် မြည်ဟိန်းနေပြီး ကောင်းကင်ဘုံလမ်းကြောင်းစကြာဝဠာသစ်ပင်မှ အသက်စွမ်းအင်က ဂြိုလ်များထဲသို့ တစ်ခုပြီးတစ်ခု လိမ့်ဝင်လာလျက် ထိုအာကာသဗိမာန်များက တဖြည်းဖြည်း အသက်ဝင်လာ၏။
အုံး…
နောက်ဆုံးတွင် ကောင်းကင်ဘုံစကြာဝဠာပညာရပ်၏စိတ်ဝိညာဉ်အရည်ပျော်အဆင့်၏တတိယအဆင့်ကို ချိုးဖြတ်သွားခဲ့သည်။
“ဒီခံစားချက်က…”
မချိုးဖြတ်ခင် ထန်ရှုက သာမန်ရွှေအင်မော်တယ်များကို တိုက်ခိုက်ရန် စွမ်းရည်ရှိခဲ့သော်လည်း ရွှေအင်မော်တယ်အဆင့်စွမ်းအားရှင်တစ်ယောက်ကို သတ်ဖြတ်ရန် မဖြစ်နိုင်ခဲ့ပေ။ သို့သော် ဤချိုးဖြတ်မှုနှင့်အတူ သူ့စွမ်းအားက ကြီးမားလာပြီး ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်တစ်ယောက်ကို တိုက်ရိုက်မသတ်ဖြတ်နိုင်သော်ငြား နတ်ဘုရားစွမ်းရည်များကို ထုတ်ဖော်ခြင်းဖြင့် အားနည်းသောပြီးပြည့်စုံခြင်းရွှေအင်မော်တယ်တစ်ယောက်ကို သတ်ဖြတ်နိုင်သေးသည်။
သို့သော် ရွှေအင်မော်တယ်များအတွက်မူ ထန်ရှုက ဘယ်သူ့ကိုမဆို အမှုန့်ချေရန် ယုံကြည်ချက်ရှိသည်။
ထန်ရှုက ကောင်းကင်တွင် ရပ်နေသည်။ လေတိုက်ခတ်သောကြောင့် သူ့အဖြူရောင်ဝတ်ရုံက တဖျပ်ဖျပ်ခပ်နေပြီး သူက စာပို့တိုကင်မှတစ်ဆင့် စာပို့လိုက်သည်။ နှစ်နာရီကြာပြီးနောက် ပုံရိပ်ဆယ့်နှစ်ခုက သူ့အရှေ့၌ ထွက်ပေါ်လာသည်။ ကူးယန်အာနှင့်တိုက်ပွဲပမ်တို့နှင့်အတူ သူတို့ထဲမှ ဆယ်ယောက်က ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်များဖြစ်ကြပြီး အားလုံးက ရိုသေလေးစားသောမျက်နှာဖြင့် ရပ်နေလျက် ထန်ရှုက စကားပြောမည်ကို စောင့်နေကြသည်။
“အချိန်ကျပြီ…”
ထန်ရှုက သိုလှောင်လက်စွပ်မှ စာပို့တိုကင်တစ်ခုကို ယူထုတ်ကာ သက်ပြင်းတစ်ချက်ရှိုက်ပြီးနောက် ပြောလိုက်၏ “ယန်အာနဲ့ တိုက်ပွဲပမ်၊ မဟာထန်အင်ပါယာကို ကာကွယ်ဖို့အတွက် မင်းတို့နှစ်ယောက်က မြူနွေဉီးပင်လယ်မှာ နေရမယ်။ ငါတို့ထွက်သွားနေစဉ်မှာ သန်မာတဲ့ရန်သူတစ်ယောက်ယောက်က ဒီနေရာမှာ ထွက်ပေါ်လာရင် ငြိမ်းအေးချောက်ကမ်းပါးကို ကာကွယ်ဖို့ မဟာထန်အင်ပါယာရဲ့စစ်သားတွေကို ချက်ချင်း အမိန့်ပေးပါ”
ကူးယန်အာက စိတ်ထဲ၌ အနည်းငယ် ဆန္ဒမရှိသော်လည်း သူမ၏ကျင့်ကြံခြင်းကို အပြည့်အဝပြန်မရသေးသောကြောင့် လက်ရှိတွင် ရွှေအင်မော်တယ်အဆင့်သာရှိ၏။ ထို့ကြောင့် သူမက ခေါင်းညိတ်လိုက်သည် “နားလည်ပါပြီ”
ထန်ရှုက ခေါင်းညိတ်ကာ ဆက်ပြော၏ “ဒီစစ်ဆင်ရေးက အမြန်ဆုံးဆိုရင် နှစ်ဝက်၊ အနှေးဆုံးဆိုရင် ဆယ်နှစ်ကြာမယ်။ ဒါပေမယ့် မည်သို့ပင် ဆိုစေကာမူ ငါတို့က ဒီနေရာကို သေချာပေါက် ပြန်လာရလိမ့်မယ်။ လက်ရှိအချိန်မှာ မဟာထန်အင်ပါယာက ၎င်းရဲ့ပိုင်နက်ကို ချဲ့ထွင်ဖို့ မလိုဘူး၊ စစ်ပွဲပြင်ဆင်ဖို့အတွက် လူသူစုဆောင်းဖို့ပဲ လိုတယ်။ ငါ လိုအပ်တဲ့စစ်တပ်က အနည်းဆုံးစစ်သားသန်းရာချီပါဝင်ရမယ်”
“ကျေးဇူးပြုပြီး စိတ်ချပါ၊ ဆရာသခင်”ကူးယန်အာက နက်ရှိုင်းသောအသံနှင့် ပြန်ဖြေသည်။
ထန်ရှုက ပြုံးပြလိုက်ပြီး ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်ဆယ်ယောက်ဘက်သို့ ချက်ချင်းလှည့်ကာ နက်ရှိုင်းသောအသံနှင့် ပြောလိုက်၏ “ကောင်းကင်ဘုံတောင်ကို သွားတဲ့ ဒီခရီးမှာ ငါတို့က အသက်ရှင်ဖို့ အခွင့်အရေးအနည်းငယ်ပဲရှိတယ်။ ဒါကြောင့် ငါ မင်းတို့ကို မေးချင်တယ်။ မင်းတို့ထဲက ဘယ်သူက အဲကို မသွားရဲဘူးလဲ။ ငါ့ကို အခုပြောပါ၊ မဟာထန်အင်ပါယာကို ဂရုစိုက်ဖို့အတွက် မင်းတို့ကို ဒီနေရာမှာ ကျန်နေခွင့်ပြုမယ်”
လူဆယ်ယောက်က တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး ဘယ်သူမှ ရှေ့မထွက်လာပေ။
“ဒါဆို ကောင်းပြီ”ထန်ရှုက ကျေနပ်စွာ ပြောလိုက်သည် “မင်းတို့အားလုံးက ဒီမဟာထန်ကောင်းကင်ဘုံဧကရာဇ်ရွေးချယ်ထားတဲ့လူတွေဖြစ်ဖို့ ထိုက်တန်တယ်။ မြင့်မြတ်ငှက်ဂိုဏ်းရဲ့တပည့်လေးယောက်ကို ကယ်ဖို့အတွက် မင်းတို့က ငါနဲ့အတူ ကောင်းကင်ဘုံတောင်ကို သွားရမယ်။ သူတို့ကို ကယ်ပြီးနောက် မင်းတို့က အသက်ရှင်နေသေးရင် မင်းတို့တစ်ယောက်စီက အဖိုးတန်ရတနာတွေကို ဆုရလိမ့်မယ်”
ပင်လယ်လမ်းဘုရင်၏အမူအရာက ပြောင်းလဲသွားလျက် သူက မေးလိုက်သည် “ဘယ်လိုရတနာမျိုးကို ငါတို့ကို ပေးမလဲဆိုတာ သိလို့ရမလား၊ သခင်”
လှံရှည်တစ်ခုက ထန်ရှု၏လက်ထဲမှ ရုတ်တရက် ထွက်ပေါ်လာပြီး သူက နက်ရှိုင်းသောအသံနှင့် ပြောလိုက်၏ “ဒါက ရှေးဉီးမှော်လက်နက်ပဲ။ အဆင့်ရှစ်အင်မော်တယ်လက်နက်နဲ့ ယှဉ်နိုင်တဲ့ ဒီအသုံးအဆောင်ပစ္စည်းကို ငါ မင်းတို့ကို ပေးမယ်။ တစ်ချိန်က နတ်ဆိုးမိစ္စာရှေးဉီးမှော်ကလန်ပိုင်ဆိုင်ခဲ့တဲ့နတ်ဘုရားလက်နက်တေနဲ့ ပတ်သက်ပြီး မင်းတို့က ရှင်းရှင်းလင်းလင်းသိမှာပါ။ သူတို့ရဲ့အသုံးအဆောင်ပစ္စည်းတွေက တိုက်ပွဲအတွက် သေချာပေါက် ရတနာတစ်ခုပဲ။ အဲဒါကို ရတာနဲ့ မင်းတို့ရဲ့တိုက်ခိုက်ရေးစွမ်းအားက သေချာပေါက် တစ်ဟုန်ထိုးမြင့်တက်သွားလိမ့်မယ်”
ပင်လယ်လမ်းဘုရင်က ပျော်ရွှင်သွားလျက် ကျယ်လောင်စွာ မေးလိုက်သည် “ငါတို့က သန်မာတဲ့ရန်သူတွေနဲ့ တိုက်ခိုက်ရမယ်ဆိုမှတော့ ဘာလို့ ငါတို့ကို ဒီရှေးဉီးမှော်လက်နက်ကို အခုပဲ မပေးတာလဲ၊ သခင်။ အဆင့်ရှစ်အင်မော်တယ်အသုံးအဆောင်ပစ္စည်းတစ်ခုနဲ့ ယှဉ်နိုင်တဲ့ လက်နက်တစ်ခုရှိတာက ငါတို့ကို သေချာပေါက် ပိုအားကောင်းစေမယ်၊ ဒါကြောင့် ငါတို့က ရန်သူတွေကို ပိုသတ်နိုင်လိမ့်မယ်”
“အဆင့်မြင့်ရှေးဉီးမှော်လက်နက်တစ်ခုကို သန့်စင်ဖို့ အချိန်အကြာကြီး လိုတယ်ဆိုတာ မင်းတို့အားလုံး သိမှာပါ”ထန်ရှုက ပြောလိုက်သည် “မင်းတို့ကို အခုပေးရင်တောင် အဲနေရာကို ရောက်တဲ့အချိန်မှာ မင်းတို့က စွမ်းအားအပြည့်ကို ထုတ်လွှတ်နိုင်မှာမဟုတ်ဘူး။ ဒါကြောင့် မင်းတို့ရဲ့လက်ရှိလက်နက်တွေကိုပဲ ဆက်လက်အသုံးပြုတာ ပိုကောင်းတယ်”
“နားလည်ပါပြီ…”
ထန်ရှုက အမှန်တရားပြောနေသည်ကို ပင်လယ်လမ်းဘုရင်နှင့်ကျန်လူများက သိကြသည်၊ ထို့ကြောင့် သူက အများကြီးမပြောခဲ့ပေ။
ထန်ရှုက ညာလက်ကောက်ဝတ်ကို ခါလျက် ပြောလိုက်၏ “ကြယ်မျက်ရည်၊ မင်းက ငါ့နောက်ကို လိုက်ရမယ်၊ ကျန်တဲ့လူတွေက ကောင်းကင်ဘုံအသုံးအဆောင်ပစ္စည်းထဲကို ဝင်ကြပါ။ ဒီအချိန်က ငါတို့အတွက် အရမ်းအရေးကြီးတယ်။ ငါတို့က လူကယ်ဖို့အတွက် ရန်သူတွေကို သတ်ဖြတ်ရရုံတင်မက ငါတို့ရဲ့အထောက်အထားတွေကို ဖုံးကွယ်ဖို့လဲ လိုတယ်။ ဒါကြောင့် မင်းတို့ရဲ့ရုပ်ရည်ကို ပြောင်းလဲထားကြပါ”
များမကြာမီ ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်ကိုးယောက်က ကောင်းကင်ဘုံစံအိမ်အသုံးအဆောင်ပစ္စည်းထဲသို့ ဝင်သွားခဲ့ပြီးနောက် ထန်ရှုက ကြယ်မျက်ရည်ဘက်သို့ လှည့်ကာ ပေါ့ပေါ့ပါးပါး ပြောလိုက်၏ “မင်းရဲ့စိတ်ထဲမှာ မေးခွန်းအချို့ရှိတယ်ဆိုတာ သေချာတယ်။ အခု ပြောလို့ရပြီ”
“အထွတ်အထိပ်မူက ငါတို့ရဲ့မြင့်မြတ်ငှက်ဂိုဏ်းကတစ်စုံတစ်ယောက်ပဲ၊ ဒါပေမယ့် သူက မင်းကို ဆရာသခင်လို့ ခေါ်တယ်”ကြယ်မျက်ရည်က ဖြည်းဖြည်းချင်း ပြော၏ “သူ့ကို ငါ့တူက တပည့်အဖြစ် လက်ခံထားတာ၊ မင်းက ဘယ်အချိန်က သူ့ကို တပည့်အဖြစ် လက်ခံခဲ့သလဲဆိုတာ ငါ သိချင်တယ်။ ဒါ့အပြင် မြင့်မြတ်ငှက်ဂိုဏ်းရဲ့ဂျူနီယာတွေကို ကယ်ဆယ်ဖို့အတွက် မင်းက ဘာလို့ စွန့်စားရတာလဲ”
“အထွတ်အထိပ်မူက ကျုပ်တပည့်ဖြစ်တာ တော်တော်ကြာပြီ”ထန်ရှုက ပြန်ဖြေ၏ “အင်မော်တယ်ကမ္ဘာမှာ တစ်စုံတစ်ယောက်က ဆရာအများကြီးရှိနိုင်တယ်ဆိုတာ မင်းလဲ သိမှာပါ။ မြင့်မြတ်ငှက်ဂိုဏ်းရဲ့တပည့်တွေကို ဘာကြောင့် ကယ်ရသလဲဆိုတာကတော့ ငါနဲ့အထွတ်အထိပ်မူကြားက အလဲအလှယ်တစ်ခုကြောင့်ပဲ။ သူက ငါ့ကို မြူနွေဉီးပင်လယ်ကို ပေးခဲ့တယ်၊ ဒါကြောင့် ငါက သူ့ရဲ့ညီအကိုတွေကို ကယ်ပေးရမယ်”
ကြယ်မျက်ရည်က ခေါင်းခါယမ်းလိုက်သည် “မဟုတ်ဘူး၊ တစ်ခုခုမှားနေတယ်။ မင်းအပေါ် အထွတ်အထိပ်မူရဲ့လေးစားမှုက သူက အခြားတစ်ယောက်ယောက်ကို လေးစားတာနဲ့ အများကြီးတူတယ်”
“အဲတစ်ယောက်က ကြယ်ကျင့်ကြံခြင်းမဟာဧကရာဇ်လို့ ငါ ထင်တယ်၊ ဟုတ်လား”ထန်ရှုက ပြုံးလျက် မေးလိုက်သည်။
ကြယ်မျက်ရည်က သက်ပြင်းတစ်ချက်ရှိုက်ကာ နက်ရှိုင်းသောအသံနှင့် မေးလိုက်၏ “ဟုတ်တယ်၊ အဲဒါက ငါ့တူဖြစ်တဲ့ကြယ်ကျင့်ကြံခြင်းမဟာဧကရာဇ်ပဲ”
ခဏစဉ်းစားပြီးနောက် ထန်ရှုက ပြောလိုက်သည် “ငါတို့ရဲ့ခရီးက အောင်မြင်ပြီး မင်းရောငါရောက အသက်ရှင်နေသေးမယ်ဆိုရင် မင်းလိုချင်တဲ့ရှင်းပြချက်ကို ပေးမယ်”
“ကတိနော်။ ငါ မင်းစကားတွေကို မှတ်ထားမယ်”ကြယ်မျက်ရည်က ထန်ရှုကို နက်ရှိုင်းစွာ တစ်ချက်ကြည့်ပြီးနောက် ပြန်ပြောသည်။
“ကောင်းပြီလေ၊ ငါတို့အပြင် အခြားအကူအညီတွေကိုလဲ ခေါ်ထားတယ်။ လက်ရှိအချိန်မှာ အန္တိမအရှင်တစ်ယောက်ဖြစ်တဲ့အထွတ်အထိပ်အလှလေးဖန်းဘုရင်မကလဲ သူမရဲ့လူတွေကို ခေါ်ပြီး ငါတို့နဲ့ လာပူးပေါင်းလိမ့်မယ်”ထန်ရှုက ပြုံးကာ ပြောလိုက်သည်။