← Chapters

နောင်တရခြင်းသည် အသုံးမဝင်ပါ (၃)

Vol. 15 Ch. 221

နောင်တရခြင်းသည် အသုံးမဝင်ပါ (၃)

Vol. 15 Ch. 221

စင်၏ အချင်းဝက်အတွင်း မြေပြင်သည် ချက်ချင်း နစ်မြုပ်သွားပြီး မီတာများစွာ နက်သော တွင်းနက်ကြီးတစ်ခုပေါ်လာသည်။ 

ရင်ပြင်အစွန်းသို့ ဆုတ်ခွါသွားသော တပည့်များသည် နောက်ထပ် နောက်ဆုတ်စရာ မရှိတော့ပေ။ သူတို့သည် ဝိညာဉ်ရေးရာအနှစ်သာရကို အတူတကွ ဖြန့်ကျက်ပြီး ပြင်းထန်သောလေနှင့် လှိုင်းများကို ပိတ်ဆို့ထားကြရသည်။

တည်ငြိမ်လာတာနဲ့အမျှ သူတို့အသက်ရှုသံကိုပင်  ဂရုမစိုက်နိုင်ဘဲ ကွင်းကိုချက်ချင်း ကြည့်ကြသည်။

ကြက်သွေးရောင် လက်ဝါးနှင့် ညီညာသော ကျောက်ပြားကြီးသည် လေထဲ၌ ရှေ့မတိုးသာ နောက်မဆုတ်သာ အခြေအနေ ဖြစ်နေ၏ 

ယန်ကျင့်ရမ်၏ မျက်လုံးများက နီရဲနေပြီး သူ့နဖူးရှိ သွေးကြောများက ဖောင်းကားလာသည်။ လက်ဖဝါးနီကို ပိတ်ဆို့ဖို့ ကျောက်ပြားကိုသာ ချုပ်ကိုင်ထားပြီး ကျန်တာတွေကို အာရုံမစူးစိုက်ဝံ့ပေ။

တစ်ဖက်တွင် လင်းရှန်ကတော့ အေးဆေးတည်ငြိမ်စွာ ရှိနေသည်။

ယန်ကျင့်ရမ်အစွမ်းကုန်ကြိုးစားနေပုံကိုကြည့်ရင်း လင်းရှန်က ခပ်ဖျော့ဖျော့ပြုံးကာ သူ့လက်ဖဝါးကို နည်းနည်းထပ်ဖိလိုက်သည်။

သူလှုပ်ရှားပြီးသည်နှင့် လေထဲရှိ ကြီးမားသော အနီရောင် လက်ဖဝါးကြီးသည် အနီရောင် အလင်းနဲ့အတူ လောင်ကျွမ်းသွားသည်။ ရုတ်​တရက်​ ဖိချလိုက်တော့  ညီညီညာသော ​​ကျောက်​ပြားသည်​ ပြင်းထန်​စွာ တုန်​လှုပ်​သွားပြီး အသား​ကို မီးတောက်​​​​လောင်​​နေသည့်​ အသံထွက်လာသည်​။

အထူးလက်နက်များအဆင့်တွင် ဓမ္မရတနာများကို စိတ်တိုင်းကျအသုံးမချမီ ပြန်လည်သန့်စင်ရမည်ဖြစ်သည်။ ထို့ကြောင့် ဓမ္မရတနာများသည် ၎င်းတို့ကို ချုပ်ကိုင်ထားသူနှင့် အလွန်နီးကပ်စွာ ဆက်စပ်နေတတ်သည်။

ကျောက်ပြားအား ပြင်းပြင်းထန်ထန် ထိုးနှက်ခံရပြီးနောက် ယန်ကျင့်ရမ်သည်လည်း အဆင်မပြေတော့ပေ။ သူ့အမြင်အာရုံက မည်းမှောင်သွားပြီး သွေးတွေ ပါးစပ်ထဲ ထွက်လာသလို ခံစားရသည်။  သူ မူးမေ့တော့မည်။

သူ့အသက်ရှုမဝခင်မှာ လက်ဖဝါးကြီးက နီရဲလာပြန်သည်။

ဤတစ်ကြိမ်တွင် ယန်ကျင့်ရမ်သည်ဆက်လက် မထိန်းနိုင်တော့ပေ။ သူ့မျက်နှာက ဖြူဖျော့သွားပြီး သနားစရာကောင်းတဲ့ အော်သံတွေ ထွက်လာသည်။  လေထဲမှာရှိတဲ့ ကျောက်ပြားသည် အရှိန်ပျက်သွားပြီး မြေပြင်ပေါ်ကို ပြုတ်ကျသွားသည်။

ကြက်သွေးရောင်လက်ဖဝါးသည် ထောပတ်ကိုဖြတ်သည့် ဓားတစ်ချောင်းကဲ့သို့ ကောင်းကင်မှဆင်းသက်လာပြီး ယန်ကျင့်ရမ်ကို ဖိနှိပ်ပစ်လေ၏ 

ချက်ချင်းပင် ကျယ်လောင်သောပေါက်ကွဲသံတစ်ခုထွက်ပေါ်လာပြီး နေရာတိုင်းတွင် ဖုန်မှုန့်များထလာသည်။

ဖုန်မှုန့်များ ပျောက်ကွယ်သွားပြီးနောက် လူတိုင်းလှည့်ကြည့်လိုက်​သောအခါ ယန်ကျင့်ရမ်သည် သဲလွန်စမရှိဘဲ ပျောက်ကွယ်သွားသည်မှာ ကြာပြီဖြစ်သည်ကို သိလိုက်ရသည်။ နီမြန်းသောလက်ဖဝါးကြောင့် သူသည် ဘာမှမရှိသလို ပျောက်သွားချေပြီ။

ရင်ပြင်ရှိ ရာနှင့်ချီသော တပည့်များသည် မြင်ကွင်းကို မှင်သက်စွာ ကြည့်နေကြသည်။ သူတို့ ပါးစပ်တွေ ခြောက်ကပ်သွားပြီး စကားလည်း မပြောနိုင်ပေ။

ယန်ကျင့်ရမ် ရှုံးသွားချေပြီ။

“ဘယ်လိုဖြစ်နိုင်မှာလဲ…”

ကွင်းထဲမှ တွင်းနက်ကြီးကို ကြည့်ရင်း ယန်ရှင်း၏ မျက်နှာသည် ဖြူဖျော့နေသည်။ သူ့ခြေထောက်တွေ အားနည်းသွားပြီး မြေပြင်ပေါ်မှာ ဒူးထောက်ကျသွားသည်။

သူ့မျက်လုံးများထဲတွင် အနှိုင်းမဲ့ အစွမ်းထက်သော သူ့အကိုသည် လင်းရှန်ကို အမှန်တကယ် ဆုံးရှုံးမည်ဆိုတာ သူ မယုံနိုင်ပေ။

ဤအခိုက်အတန့်တွင် သူ့ယုံကြည်ချက်များ ပြိုလဲသွားသလို ခံစားလိုက်ရသည်။

ခဏအကြာတွင် ရင်ပြင်ရှိ လူအုပ်ကြီးသည် တဖြည်းဖြည်း အာရုံများ ပြန်ရလာသည်။

မရေမတွက်နိုင်သော အံ့အားသင့်မှု၊ လေးစားမှုနှင့် ထိတ်လန့်ဖွယ်ရာ အကြည့်များသည် လင်းရှန်ကို အာရုံစိုက်နေသည်။

ယန်ကျင့်ရမ်၏ ခွန်အားသည် သိသာထင်ရှားသော်လည်း လင်းရှန်က သူ့ကို အလွယ်တကူ အနိုင်ယူခဲ့သည်။ သူ၏ ခွန်အားနှင့် ကျင့်ကြံမှုသည် အံ့မခန်းပင်။

ရှီကျင့်ရှန်၊ မူချွမ်ဟွာနှင့်အခြား အထက်အိမ်တော် တပည့်အချို့သည် လင်းရှန်ထက် အဆင့်နိမ့်ကျနေသည်။

နိုင်ယန်းကျောင်းတစ်ခုလုံးတွင် အဓိကတပည့်ကြီး ရှန်ကျီနင်သာလျှင် သူ့နှင့် ယှဉ်

နိုင်တော့သည်။

အခြားအထက်အိမ်တော် တပည့်များအတွက်မူ အာရုံဝေဝါးနေဆဲဖြစ်သည်။

လင်းရှန် အသုံးပြုသည့် တားမြစ်ထားသော ရွှေရောင်ချပ်ဝတ်တန်ဆာကို မြင်လိုက် ရသဖြင့် ၎င်းသည် စစ်မှန်သောကိုယ်ခံပညာအဆင့်တွင်ရှိကြောင်း သိနိုင်သည်။

ဒါအပြင် အထူးလက်နက်တွေကို ဘယ်လိုကိုယ်ခံပညာနည်းမျိုးက နှိမ်နင်းနိုင်မလဲ။

အဲဒါကို သိလိုက်ရတော့ သူတို့အူအသည်းထဲကကို ထိတ်လန့်သွားသည်။

လင်းရှန်သည် စစ်မှန်သော ကိုယ်ခံပညာအဆင့် နှစ်ခုကိုတောင် အမှန်တကယ် ကျွမ်းကျင်ခဲ့သည်။

သူ၏ ကိုယ်ခံပညာစွမ်းရည်သည် အလွန်ကြောက်စရာကောင်းသည်။

ဒါက ယုံရခက်ချေ၏

သူတို့၏ တုန်လှုပ်မှုမှ ပြန်လည်သက်သာလာသောအခါ ရှီကျင့်ရှန်နှင့် အခြားသူများသည် အကြည့်ချင်းဖလှယ်ကြပြီး သူတို့၏မျက်လုံးများသည် ရှုပ်ထွေးသောခံစားချက်များဖြင့် ပြည့်နှက်နေသည်။

သူတို့ ဝန်မခံချင်ပေမယ့်  လင်းရှန်၍စွမ်းပကားက သူတို့ထက် သာလွန်နေပြီ ။

အခြားအရာများထက် လင်းရှန်၏ စစ်မှန်သော ကိုယ်ခံပညာအဆင့် နည်းစနစ်ကို ခံနိုင်ရည်ရှိမည်မဟုတ်ပေ။

ယန်ကျင့်ရမ်သည် တောက်ပသောဝင်ပေါက်ပဉ္စမအဆင့်တွင်ရှိပြီး အထူးလက်နက်ကို လက်ထဲတွင်ကိုင်ထားသော်လည်း စစ်မှန်သောကိုယ်ခံပညာအဆင့်ကို ခံနိုင်ရည် မရှိပေ။ မိမိကိုယ်ကို ကာကွယ်ရန် အထူးလက်နက်မရှိသော သူတို့အတွက် လင်းရှန်၏ ပြိုင်ဘက်ဖြစ်ရန်မှာ ပို၍ပင် မဖြစ်နိုင်ပေ ။

လင်းရှန် ကျောင်းရောက်တာ တစ်နှစ်ကျော်လောက်ပဲရှိသေးသည်ကို တွေးမိတော့  ရှီကျင့်ရှန်နဲ့ တခြားသူတွေက သက်ပြင်းချကုန်၏ 

လွန်ခဲ့တဲ့ တစ်နှစ်ကျော်လောက်က ဒီကမ္ဘာမှာ ဒီလိုမျိုး ပါရမီရှင်တွေ ရှိလိမ့်မည်ဟု ဘယ်တုန်းကမှ မထင်ခဲ့ကြပေ။

ဒါက ရှန်ကျီနင်ကိုလည်း ကြီးကြီးမားမား သက်ရောက်သွားခဲ့သည်။

အတန်ကြာ တိတ်ဆိတ်သွားပြီးနောက် သက်ပြင်းချလိုက်သည်။

“ဒီနေ့ပြီးရင် ဂျူနီယာ ညီလေးလင်း က အထက်အိမ်တော် တပည့်ဖြစ်လာတော့မယ်။”

အခြားအထက်အိမ်တော်မှ တပည့်များကမူ ဘာမှပြန်မပြောဘဲ ခေါင်းညိတ်ကာ သဘောတူသည်။

လင်းရှန်သည် အထက်အိမ်တော်သို့ ဝင်ရောက်ရန် လုံလောက်သော ခွန်အားများ ရှိသည်။

သူသည် လူတိုင်းရှေ့တွင် ယန်ကျင့်ရမ်ကိုသတ်ပစ်လိုက်သည်။ အထက်အိမ်တော် တပည့်ဖြစ်သူ  ယန်ကျင့်ရမ်နေရာတွင် တပည့်အဖြစ် အစားထိုးခြင်း သည်  သဘာဝကျသည်။

လူအုပ်ကြားတွင် ကျန်းဟောင်က ခေါင်းငုံ့ကာ စကားတစ်ခွန်းမှ မပြောပေ။

မြေပြင်မှာသာ အက်ကွဲနေတယ်ဆိုရင် ပုန်းဖို့အပေါက်ကို ရှာချင်နေလိမ့်မည်ပင်။

ယခင်က နဂါးချောက်နက်တောင်တန်းတွင် ဉာဏ်အလင်းရခြင်းကျားနတ်ဆိုးကို ရှုံးနိမ့်ခဲ့ဖူးသည်။ လင်းရှန်သည် ထိုကျားနတ်ဆိုးကို နောက်ပိုင်းတွင် သတ်ခဲ့သူဖြစ်သည်။

အခုလည်း ဒီလိုပဲ ထပ်ဖြစ်ပြန်သည်။ ယန်ကျင့်ရမ်သည် ကျန်းဟောင်ကို အနိုင်ယူခဲ့ပြီး လင်းရှန်က သူ့ကို အနိုင်ယူခဲ့သည်။

လင်းရှန်ဆီက နှစ်ကြိမ်ဆက်တိုက် “လက်စားချေခြင်း” ခံရပြီးနောက် ကျန်းဟောင်သည် လုံးဝအရှက်ကွဲသွားခဲ့သည်။ အခုတော့ အားလုံးက သူ့ကို မေ့သွားဖို့ သူမျှော်လင့်ခဲ့သည်။ သူ့အနေနဲ့ အသံမထွက်ရဲတဲ့အပြင် အခြားသူများ၏ အာရုံကို မဆွဲဆောင်ဝံ့ပေ။

ကံကောင်းထောက်မစွာ အထက်အိမ်တော်မှတပည့်များသည် ကျန်းဟောင်ကို လျစ်လျူရှုခဲ့သည်။

ရှန်ကျီနင်က သူ့လက်ကို ဝှေ့ယမ်းပြီး "ညီငယ်တွေ ယန်မိသားစုက သုတ်သင်ခံရမှာ သေချာတယ်။ ကျန်တဲ့ ယန်မိသားစုက လူတွေကို မင်းတို့နဲ့ ငါထားခဲ့မယ်။"

အောက်အိမ်တော်မှ တပည့်များသည် ယခုတိုက်ပွဲကို ကြည့်ပြီးနောက် အလွန်စိတ်လှုပ်ရှားနေပြီဖြစ်သည်။ ထိုစကားကိုကြားသောအခါ ချက်ချင်းပင် တညီတညွတ်တည်း သဘောတူလိုက်ကြသည်။ ထို့နောက် ၎င်းတို့သည် အယောက်နှစ်ဆယ် သို့မဟုတ် ထို့ထက်ပိုသောယန်မိသားစုဝင်များကို ဖော်ရွေသော အမူအရာများဖြင့် ကြည့်ကြသည်။

သြဇာအရှိဆုံးပုဂ္ဂိုလ် ယန်ကျင့်ရမ်သည် သေဆုံးသွားခဲ့ပြီဖြစ်သည်။ ကျန်အဖွဲ့ဝင်များအားလုံးသည်  ကြာရှည်စွာအသက်ရှုခြင်းအဆင့်တွင်ရှိကြသည်။ တောက်ပသောဝင်ပေါက်အဆင့် ကျင့်ကြံသူ တစ်ယောက်မှ မရှိပေ။ ကြောက်စရာ ဘာမှ မရှိခဲ့ပေ။

အေးစက်သောအကြည့်များစွာကို ရင်ဆိုင်နေရပြီး  ယန်ရှင်းအပါအဝင် ယန်မိသားစုဝင်များအားလုံး မျှော်လင့်ချက်ပျောက်ဆုံးသွားကြသည်။

နောက်အခိုက်အတန့်တွင် မရေမတွက်နိုင်သော လက်နက်များ ထွက်ပေါ်လာခဲ့သည်။

တိုက်ပွဲ၏ ရလဒ်မှာ ထိတ်လန့်စရာမရှိပေ။

လူ ၃၀ အောက်သည် လူ ၅၀၀ ကျော်ကိုရင်ဍဆိုင်နေရသည်။ ဒါနဲ့တင် စိတ်ဓာတ်က ဟိုးအောက်ထိ ကျနေချေပြီ။ နှစ်ဘက်ကြားက အင်အားကွာခြားချက်သည် အတော်ကြီးမားလွန်းသည်။

ဆယ်စက္ကန့်အတွင်းမှာပဲ ယန်မိသားစု မျိုးနွယ်စု နှစ်ဆယ်စလုံးသည် မြေပြင်ပေါ်မှာ အလောင်းတွေ ဖြစ်သွားသည်။

ယန်ရှင်း၏ သွေးစွန်းနေသော အလောင်းကို ကြည့်လိုက်တော့ လင်းရှန်က သက်ပြင်းချလိုက်သည်။

အတိအကျပြောရလျှင် သူသည် ယန်မိသားစုကို ထိုသို့သောအခြေအနေသို့ ကျရောက်စေခဲ့သူ ဖြစ်သည်။

ဒီလိုဖြစ်လာမယ်ဆိုတာ ယန်ရှင်းက သိခဲ့ရင် လင်းရှန်ကို ပြဿနာရှာဖို့ လာမှာလား။

ဤမေးခွန်းသည် လင်းရှန်၏ စိတ်ထဲတွင် ခဏမျှသာ ကျန်နေခဲ့သည် ။

တကယ်တော့ ဖိတ်စင်တဲ့ရေပေါ်မှာ နေထိုင်ဖို့မလိုအပ်ပေ။

All Chapters