ဝိညာဉ် မဏ္ဏိုင်သွေးကြော ပုံဖော်ခြင်း (၁)
Vol. 15 Ch. 222
နေကိုးစင်းဂိုဏ်း၏ အိမ်တော်ရှင်းလင်းရေးတိုက်ပွဲသည် မကြာပေ။
ထိုညနေခင်းတွင် ကျားဖြူတောင်တန်းမှ ယန်မိသားစု ပျက်သုဉ်းသွားကြောင်း သတင်းထွက်ပေါ်လာသည်။
အကြီးအကဲ ယန်ကျုံရုံအပါအဝင် ယန် မိသားစု၏ ကျင့်ကြံသူ ဆယ့်ခုနစ်ဦးစလုံး တိုက်ပွဲတွင် ကျဆုံးခဲ့သည်။
ကျင့်ကြံသခင်အဆင့်အောက် မည်သူမျှ မလွတ်မြောက်နိုင်ပေ။
ထိုအချိန်တွင် ယန်မိသားစုအား နေကိုးစင်းဂိုဏ်းမှ တရားဝင်ဖယ်ရှားခဲ့သည်။
သြဇာကြီးသော မိသားစု ဆယ့်ရှစ်ခုသည်လည်း ဆယ့်ခုနစ်ခု ဖြစ်သွားခဲ့သည်။
ယန်န်မိသားစု ပျက်သုဉ်းသွားသော်လည်း အကျိုးဆက်များသည် နေကိုးစင်းဂိုဏ်းတွင် ပေါက်ဖွားနေဆဲဖြစ်သည်။
သို့သော် ဤအရာအားလုံးသည် နိုင်ယန်းကျောင်းနှင့် အနည်းငယ်သာသက်ဆိုင်
သည်။
ယန်မိသားစု ပျက်စီးသွားသော နောက်ဆက်တွဲ မုန်တိုင်းနှင့် နှိုင်းယှဉ်ပါက လင်းရှန် ယန်ကျင့်ရရမ်ကို သတ်ဖြတ်ခြင်း၏ သက်ရောက်မှုသည် ပို၍ပင် ကြီးမားသည်။
နောက်ရက်အနည်းငယ်ကြာတော့ လင်းရှန်နာမည်က လူတိုင်းနီးပါးရဲ့ စကားဝိုင်းမှာ ပေါ်လာသည်။
သို့သော်လည်း ပတ်သက်သူသည် ထိုအရာများကို ဂရုစိုက်ရန် အချိန်မရှိပေ။
ယန်ကျင့်ရမ်ကိုသတ်ပြီး သုံးရက်မြောက်နေ့မှာတော့ လင်းရှန်သည် ရှီကျင့်ရှန်၏ ဖိတ်ကြားချက်ကို လက်ခံရရှိပြီး အထက်အိမ်တော်ကို ထပ်မံဝင်ရောက်ခဲ့ရသည်။
သူတို့တွေ့တွေ့ချင်းပဲ ရှီကျင့်ရှန်က ပြုံးပြီး “ညီလေးလင်း၊ ငါ့နောက်ကို လိုက်ခဲ့ပါ။ ဆရာကြီး မင်းကို တွေ့ချင်နေတယ်"
လင်းရှန်၏ နှလုံးခုန်သံ မြန်သွားသည်။
သူသည် စစ်ယွမ်ဖေကို တော်တော်လေး အထင်ကြီးသည်။
သူသည် စစ်ယွမ်ဖေနှင့် အနက်ရောင်အဆင့်တပည့်တစ်ဦးအဖြစ် ရာထူးတိုးမြှင့်ခံရချိန်နှင့် ဝိဥာဉ်ဂူကို လက်ဝါးကြီးအုပ်မည့် ယန်မိသားစုအား ဖော်ထုတ်လိုက်ချိန်တွင် ဆက်ဆံခဲ့ဖူးသည်။
သူတို့တစ်လမ်းတည်းကို အတူဖြတ်ကျော်ခဲ့ကြသော်လည်း စစ်ယွမ်ဖေကို လူကိုယ်တိုင် မမြင်ဖူးပေ။
အခု နောက်ဆုံးတော့ သူတို့ ဆုံရတော့မည်။
လင်းရှန်သည် အနည်းငယ် ခေါင်းညိတ်ပြပြီး ရှီကျင့်ရှန်နှင့် ဘေးချင်းကပ် လျှောက်သွားသည်။
လမ်းမှာ လင်းရှန်က ဝိညာဉ်ဂူအကြောင်းကို မေးလေသည်။
ယန်ကျင့်ရမ်၏ စွမ်းအားသည် ဝိညာဉ်လှိုဏ်ဂူ၏အကူအညီဖြင့် အရှိန်အဟုန် မြင့်လာခြင်းကြောင့် ကျောင်းတွင် တုန်လှုပ်ချောက်ချားသွားစေခဲ့သည်။
ဤအချက်ကြောင့် တပည့်များစွာသည် ဝိညာဉ်ဂူကို အလွန်လိုချင်ကြသည်။ ယန်ကျင့်ရမ်ကဲ့သို့ ၎င်းတို့၏ ကျင့်ကြံမှု လျင်မြန်စွာ တိုးပွားလာစေရန် ဝိညာဉ်ဂူကို အသုံးပြုလိုကြသည်။
လင်းရှန်လည်း ထိုနည်း၎င်းပင်
သူ့တွင် ကိုယ်ပွားများရှိပြီး ၎င်း၏ ကျင့်ကြဲမှုနှုန်းသည် အခြားသူများထက် အဆမတန် များပြားသော်လည်း ကျင့်ကြံမှု အရှိန်ပိုမြန်သည်ကို မည်သူမျှ မလိုချင်ပဲ မနေပေ။
ဝိဥာဉ်လိုဏ်ဂူသည် သူ၏ ကျင့်ကြံမှုအား ခုန်ပျံကျော်လွှားနိုင်စေမည်ဆိုလျှင် ထိုအခွင့်အရေးကို သူငြင်းပယ်မည်မဟုတ်ပေ။
စစ်ယွမ်ဖေ၏တပည့်ဖြစ်သောကြောင့် ရှီကျင့်ရှန်သည် သာမန်တပည့်များထက် သတင်း အချက်အလက်ကို ပိုသိသည်။ သူက ဘာမှ မဖုံးကွယ်ဘဲ ပြုံးနေလိုက်သည်။
“ဂိုဏ်းက မြေအောက်ဝိဥာဉ်လိုဏ်ဂူကို ရှာတွေ့ပြီးပြီ၊ အဲ့တာက လုံးလုံး အသက်ဝင်သွားပြီ။ သိပ်မကြာခင်မှာပဲ ဂိုဏ်းက ခွဲတမ်းတွေထုတ်ပြီး တပည့်တွေကို ကျင့်ကြံဖို့ ဝိညာဉ်ဂူထဲသို့ ဝင်ခွင့်ပြုမယ်လို့ ယူဆရတယ်။ အဲဒီကျ ငါတို့ကျောင်းက ခွဲတမ်းတစ်သုတ်ကိုလည်း လက်ခံရမှာပါ”
ဝိညာဉ်လှိုဏ်ဂူကို လုံးလုံးဖွင့်ထားကြောင်း ပြောသောအခါ ရှီကျင့်ရှန်၏ မျက်လုံးများတွင် အဓိပ္ပါယ်ရှိသော အလင်းတန်းတစ်ခု လင်းလက်လာသည်။
လင်းရှန်သည် ချက်ချင်း သဘောပေါက်သွားသည်။
သူ့အရင် မှန်းဆချက်က မှန်ကောင်းမှန်နိုင်သည် ။
ဂိုဏ်းသည် ဝိညာဉ်ဂူဖွင့်ရန် ယန်မိသားစုကို အသုံးပြုလိုသောကြောင့် အရေးယူရန် အချိန်အတော်ကြာအောင် စောင့်ခဲ့တာပင်။
ယန်မိသားစုသည် ဤမျှကြီးမားသောတန်ကြေးကို ပေးခဲ့ရသည့်အတွက် ဝမ်းနည်းစရာ ကောင်းသော်လည်း အဆုံးတွင် အခြားသူများအတွက် အားလုံးအဆင် ပြေသွားခဲ့သည်။
သိပ်မကြာခင်မှာပဲ သစ်သားအဆောက် အအုံတစ်ခုဆီ ရောက်သွားသည်။
ရှီကျင့်ရှန်သည် တံခါးဝတွင် ရပ်လိုက်ပြီး လင်းရှန်ကို ပြုံးပြလိုက်သည်။ "ညီလေး.အစ်ကို မင်းကို ဒီမှာပဲ ထားခဲ့လိုက်မယ်”
"ကျေးဇူးတင်ပါတယ် အစ်ကိုကြီး”
ရှီကျင့်ရှန် ထွက်ခွာသွားတာကို မြင်ပြီးနောက် လင်းရှန်က ငြိမ်သက်သွားကာ တံခါးခေါက်ဖို့ လှည့်ကြည့်လိုက်သည်။
"အထဲဝင်ခဲ့”
တံခါးနောက်ကွယ်မှ အသံနက်ကြီးတစ်ခု ထွက်ပေါ်လာသည်။
လင်းရှန်က တံခါးကို တွန်းဖွင့်ပြီး ဝင်လိုက်သည်။ အထဲမှာ ရှေးကျသည့် လက်ဖက်ရည်သောက်စရာ အခန်းတစ်ခု ရှိနေ၏။
အထဲမှာ စားပွဲတိုလေးတစ်လုံးနှင့် ထိုင်စရာနှစ်ခုသာရှိသည်။
ဆံပင်ဖြူနှင့် အဖိုးအိုတစ်ဦးသည် အတွင်းဘက်နားက ထိုင်စရာအခင်းပေါ်တွင် ထိုင်နေသည်။
သူက ပုံမှန်ထက် အရပ်ရှည်သည်။ သူထိုင်နေသော်လည်း သူ၏ဖြောင့်စင်းသော ခန္ဓာကိုယ်သည် ကြီးမားသောဖိအားကို ပေးစွမ်းနေဆဲဖြစ်သည်။
သူ့မျက်လုံးတွေက တောက်ပ စူးရှပြီး သူ့အကြည့်တွေက ဓားနဲ့တူလေ၏
"ဆရာကြီးစစ်” လင်းရှန်က ဦးညွှတ်လိုက်သည်။
သူသည် ဤကျောင်း၏ အကြီးအကဲနှင့် ကျင့်ကြံသူ သခင်အား အနည်းဆုံးတော့ လေးစားမှု ပြသရသေးသည်။
"ထိုင်ပါ။"
စစ်ယွမ်ဖေက သူ့ရှေ့က ထိုင်စရာနေရာကို ညွှန်ပြသည်။ သူ့မျက်နှာက တင်းမာပြီး လေးနက်နေပုံပေါက်ပေမယ့် သူ့လေသံနဲ့ အမူအရာက မထင်မှတ်ပဲ နူးညံ့နေခဲ့သည်။
လင်းရှန် ထိုင်ပြီးနောက် စစ်ယွမ်ဖေသည် သူ့အင်္ကျီလက်ကို စားပွဲတိုလေးပေါ် ဖြည်ချလိုက်သည် ။ မူလက အလွတ်ဖြစ်နေသော စားပွဲပေါ်တွင် ပစ္စည်းအချို့ ချက်ချင်းပေါ်လာသည်။
အဲ့တာက တိုကင်နှစ်ခု၊ လက်စွပ်တစ်ကွင်းနှင့် ကျောက်စိမ်းပြွန်တစ်ခုပင်။
“ဒီတခေါက် ယန်မိသားစုကို သုတ်သင်ဖို့ မင်းက အများကြီး ကူညီပေးခဲ့တယ်။ ဂိုဏ်းကပံ့ပိုးပေးတဲ့သူကို ဘယ်တော့မှမမေ့ပါဘူး။ ခုကစပြီးမင်းက အထက်အိမ်တော် တပည့်ဖြစ်ပြီ”
စစ်ယွမ်ဖေက စားပွဲပေါ်ရှိ တိုကင်နှစ်ခုကို ညွှန်ပြပြီး ပြောသည်။
"ဒါက အထက်အိမ်က တပည့်တစ်ယောက်ရဲ့ အမှတ်အသားဖြစ်ပြီး အထက်အိမ်ထဲကို ဝင်ရတဲ့ တိုကင်”
လင်းရှန်က အနည်းငယ် ခေါင်းညိတ်ပြသော်လည်း ဘာမှ မပြောပေ။
သူ့အနေနဲ့ အထက်အိမ်တော်၏ တပည့်ဖြစ်ရလာတာ သဘာဝကျသည်။
ဂိုဏ်း၏ဆုကြေးငွေမပါလျှင်ပင် အထက်အိမ်တော်၏ တပည့်ဖြစ်လာဖို့ အချိန်တစ်ခုသာ လိုသည်။
ဂိုဏ်းက ဒါကို သေချာသိတာကြောင့် အထက်အိမ်တော်၏ အဆင့်အတန်းကို ဆုလာဘ်အဖြစ် အသုံးမချပေ။ ဒါက ဒီအတိုင်း အရာတစ်ခုပင်။ တကယ့်ဆုလာဘ်က တခြားအရာဖြစ်ရမည်။
မျှော်လင့်ထားသည့်အတိုင်းစစ်ယွမ်ဖေသည် လက်စွပ်ကို ညွှန်ပြသည်။
"ဒီလက်စွပ်ထဲက ပစ္စည်းတွေက မင်းရဲ့ ပါဝင်မှုအတွက် ဒီတစ်ခါ ဂိုဏ်းကပေးတဲ့ ဆုတွေ”
လင်းရှန်၏အကြည့်သည် သိုလှောင်လက်စွပ်ပေါ်ရောက်သွားသည်။
စစ်ယွမ်ဖေက သိုလှောင်လက်စွပ်ကို သူ့ဆီ ကိုယ်တိုင်ကိုယ်ကျ ပေးအပ်ခဲ့တာကြောင့် အတွင်းမှာရှိတဲ့ အကြောင်းအရာတွေက အထင်ကြီးလောက်စရာ ဖြစ်ရမည်။
သို့သော် အခုအချိန်သည် စစ်ဆေးရန် အချိန်မဟုတ်သေးပေ။ လင်းရှန်သည် အနည်းငယ် ခေါင်းညိတ်လိုက်ပြီး သူ့အကြည့်က နောက်ဆုံး ကျောက်စိမ်းပြွန်ပေါ် ချက်ချင်းရောက်သွားသည်။
သူ့အကြည့်ကို သတိပြုမိတော့ စစ်ယွမ်ဖေက လေးနက်စွာ ပြောလိုက်သည်။
“ကျင့်ကြံရေးလမ်းကြောင်းမှာ ကျင့်ကြံသူသခင်ဖြစ်ဖို့က အရေးကြီးဆုံး အစမှတ်ပဲ။ ဒီအဆင့်က အတော်အရေးကြီးတယ်။ ယခု မင်းက တောက်ပသောဝင်ပေါက် ဆဌမအဆင့်ကို ရောက်လာပြီဆိုတော့ အဲ့ဒီ အတားအဆီးနှင့် မဝေးတော့ပါဘူး။ ကျင့်ကြံသူ သခင်ဖြစ်လာဖို့ အချို့အရာတွေကို လေ့လာဖို့ အချိန်တန်ပြီ”
“ဒီကျောက်စိမ်းပြွန်မှာ ကျင့်ကြံသူသခင်ဖြစ်လာတာနဲ့ ပတ်သက်ပြီး ငါ့ရဲ့ ထိုးထွင်းသိမြင်မှုအချို့ ပါတယ်။ သေသေချာချာ ပြန်ဖတ်ကြည့်”
လင်းရှန်အနည်းငယ် အံ့အားသင့်သွားသော်လည်း ဤအရာသည်စစ်ယွမ်ဖေ၏ ကိုယ်ပိုင်လက်ဆောင်တစ်ခုဖြစ်ကြောင်း ချက်ချင်းနားလည်ခဲ့သည်။
သူ ဝမ်းသာသွားမိသည်။
သူသည် ကျင့်ကြံသူသခင်ဖြစ်လာရန် ဘယ်လိုလုပ်ရမလဲဟု မတွေးနိုင်တဲ့အပြင် တောက်ပသောဝင်ပေါက် နဝမအဆင့်သို့ရောက်ပြီးနောက် သူအောင်မြင်နိုင် မလားဟုလည်း မသေချာပေ။ ကျင့်ကြံသူသခင်ဖြစ်လာခြင်းဆိုင်ရာ အချက်အလက်များကို မည်သို့စုဆောင်းရမည်ကို တွေးတောနေစဉ် အချိန်မီ လက်ဆောင်တစ်ခု ရရှိခဲ့သည်။