ဝိညာဉ် မဏ္ဏိုင်သွေးကြော ပုံဖော်ခြင်း (၂)
Vol. 15 Ch. 223
စစ်ယွမ်ဖေ၏အကူအညီသည် အချိန်ကိုက်ပင်။
"ကျေးဇူးတင်ပါတယ် ဆရာကြီး စစ်” လင်းရှန်က ရိုးရိုးသားသားပြောသည်။
ဆရာကြီးစစ်က သူ့ကို ငုံ့ကြည့်ပြီး ပြုံးသည်။
“မင်းကျောင်းကို စစဝင်တုန်းက မင်းကို အနက်ရောင်အဆင့် တပည့်ဖြစ်အောင် ငါလုပ်ပေးခဲ့တယ်။ မင်းကို တိုးတက်တာမြန်အောင် ကူညီပေးခဲ့တာဆိုပေမဲ့ အဲ့တာက မင်းအတွက် ဒုက္ခများစွာ ဖြစ်စေခဲ့တယ်။ အဲ့တာကြောင့် ဒီကျောက်စိမ်းပြွန်က လျော်ကြေးပဲ”
လင်းရှန်သည် ခဏတာ ရယ်မောသွားသည်။
အဲဒါကြောင့်မို့လို့ပင်။
ခဏလောက် ရယ်မောပြီးနောက် လင်းရှန်သည် ရုတ်တရက် တစ်စုံတစ်ခုကို သတိရသွားပြီး “ဆရာ စစ်။ ဟောင်ရှန်မြေခွေးတွေ ဘယ်လိုဖြစ်ကုန်လဲ…” ဟု မေးလိုက်သည် ။
ခဏတာ တိတ်ဆိတ်သွားပြီးနောက် စစ်ယွမ်ဖေက ဖြည်းညှင်းစွာပြောသည် " ဟောင်ရှန်မြေခွေးတွေကြောင့် ယန်မိသားစုရဲ့ အစီအစဉ်ကို အချိန်မီ ရှာဖွေတွေ့ရှိခဲ့တာလေ။ အဲ့တော့ ဂိုဏ်းက သူတို့ကို ကျေးဇူးအများကြီးတင်တယ်။ ယန်မိသားစုကို ဖျက်ဆီးပြီးတော့ လျှို့ဝှက်ဖမ်းထားတဲ့ ဟောင်ရှန်မြေခွေးအားလုံးကို လွှတ်ပေးလိုက်တယ်”
လင်းရှန် အံ့သြသွားသည်။
ဂိုဏ်းက ဟောင်ရှန်မြေခွေးတွေကို လွယ်လွယ်နဲ့ လွှတ်ထားလိမ့်မည်ဟု မျှော်လင့်မထားပေ။
နတ်ဆိုးမျိုးနွယ်ငါးစုထဲက (၃)စုက ပျောက်ကွယ်သွားပြီး လျှို့ဝှက်စွာ အနေဆုံးကတော့ မြေခွေးနဲ့ လင်းယုန်အနွယ်တွေပင်။
မြေခွေးမျိုးနွယ်ကို အားပျော့သွားစေမည့်အခွင့်ကောင်းကြီးကို ဂိုဏ်းက ဘာကြောင့် လက်လွှတ်လိုက်ရတာလဲ။
ဟောင်ရှန်မြေခွေးတွေက ယန်မိသားစု၏ ကျဆုံးခန်းကို ပံ့ပိုးပေးခဲ့ရင်တောင်မှ ဂိုဏ်းချုပ်က သူတို့ရဲ့ အသက်ကို ချမ်းသာပေးရုံနဲ့ရသည်။ သူတို့၏လွတ်လပ်ခွင့်ကို ကန့်သတ်ရန်နှင့် အနာဂတ်တွင် ဂိုဏ်းက ၎င်းတို့ကို ထိန်းချုပ်ရန် စိတ်ဝိညာဉ်စာချုပ်ကို အသုံးပြုခြင်းက ပိုကောင်းမည်မဟုတ်ပါလော။
လင်းရှန်၏ စိတ်ရှုပ်ထွေးမှုကို ခံစားလိုက်ရသကဲ့သို့ စစ်ယွမ်ဖေက "ဂိုဏ်းက ဝိညာဉ်ဂူရှိရာ တောင်ထိပ်ကို အပြေးအလွှားသွားတော့ ဟောင်ရှန်မြေခွေးတွေရဲ့ ၁၀% အောက်ကပဲ အသက်ရှင်နေသေးတာ။ အများစုကို ယန်
မိသားစုက သွေးစတေးဖို့ အသုံးပြုခဲ့တယ်”
လင်းရှန်က နားလည်ပြီး သက်ပြင်းချလိုက်သည်။
ဟောင်ရှန်မြေခွေးများသည် အသေအပျောက် ပြင်းပြင်းထန်ထန် ကြုံတွေ့ခဲ့ရပြီး ဖြစ်သောကြောင့် ဂိုဏ်းက မခံမရပ်နိုင်ဖြစ်ပြီး ၎င်းတို့ကို လက်လွှတ်လိုက်ရုံသာ ရှိသည်။
ဤအဖြစ်အပျက်ပြီးနောက် ဟောင်ရှန်မြေခွေးမျိုးနွယ်သည် နှစ်ရာနှင့်ချီ၍ ပြန်လည် ရပ်တည်နိုင်မည်မဟုတ်ပေ။ ထို့ကြောင့် ခြိမ်းခြောက်တာတွေ မလုပ်တော့ပေ။
သူက သက်ပြင်းချနေစဉ် စစ်ယွမ်ဖေက "ချိုးလီလို့ ခေါ်တဲ့ မြေခွေးနတ်ဆိုးနဲ့ ဆက်သွယ်ဖို့ နည်းလမ်းရှိလား?"
ဖုံးကွယ်စရာ ဘာမှ မရှိခဲ့ပေ။ လင်းရှန်က ပွင့်ပွင့်လင်းလင်း ဝန်ခံခဲ့သည်။
“အဲဒီမြေခွေးကို သတိထားပါ” စစ်ယွမ်ဖေက ပြောသည်။
လင်းရှန်သည် ချက်ချင်းပင် အံ့အားသင့်သွားသည်။ "ဆရာစစ် သိထားတာ တစ်ခုခုရှိလို့လား”
စစ်ယွမ်ဖေက သူ့ကို တစ်ချက်ကြည့်လိုက်ပြီး "သူမက နတ်ဆိုး ကျင့်ကြံသူပဲ" ဟု ပြောသည်။
စက္ကန့်အနည်းငယ်လောက် ထိတ်လန့်သွားပြီး စစ်ယွမ်ဖေက ဘာကိုဆိုလိုမှန်း လင်းရှန်
နားလည်သွားကာ မျက်လုံးအပြူးသား ဖြစ်သွား၏
ချိုးလီက ကျင့်ကြံသူသခင်အဆင့် နတ်ဆိုးတစ်ယောက်လား။
သို့သော် ထိုနေ့တွင် ချိုးလီထံမှ အားကောင်းသည့် အရိပ်အယောင်ကို သူ မခံစားခဲ့ရပေ။
ထို့အပြင် ချိုးလီသည် နတ်ဆိုးကျင့်ကြံသူသခင်ဖြစ်လျှင် ဝူလောင် ကိုယ်ခွဲကို သူမ ဘာလို့ ကိုင်တွယ်မဖြေရှင်းနိုင်တာလဲ။
ကံကောင်းစွာနဲ့ပဲ စစ်ယွမ်ဖေက သူ့ကို အမြန်ရှင်းပြခဲ့သည်။
"ချိုးလီက ဟောင်ရှန်မြေခွေးမျိုးနွယ် လက်ရှိခေါင်းဆောင်ရဲ့ သမီးပဲ။ ယန်ကျုံရုံနဲ့ တိုက်ပွဲမှာ သူမက ပြင်းထန်စွာ ဒဏ်ရာရခဲ့တာ”
အဲဒါကြောင့်ပင်။
လင်းရှန် အနည်းငယ် အံ့အားသင့်သွားသည်။
မထင်မှတ်ပဲ သူသည် နတ်ဆိုးကျင့်ကြံသူသခင်နှင့် ထိတွေ့မိပြီး ရှင်သန်
ခြင်းနှင့်သေခြင်းတို့ကိုပင် အတူတကွ ဖြတ်သန်းခဲ့ဖူးသည့် အတွေ့အကြုံများရှိခဲ့သည်။
ကံကြမ္မာက တကယ်ကို ထူးဆန်းသည့် အရာပင်။
“ဂိုဏ်းက တပည့်တွေကို ဝိညာဉ်လှိုဏ်ဂူဖွင့်ပေးဖို့ သိပ်မကြာတော့ဘူး။ အဲ့အချိန်ကျ ကျောင်းက တပည့်တွေလည်း ပါဝင်လိမ့်မယ်။ ဒီတခေါက် မင်းရဲ့ ပံ့ပိုးမှုတွေကြောင့် မင်းအတွက် နေရာရဖို့ ငါ တိုက်ပွဲဝင်ပေးမယ်။ မင်း ဒီအခွင့်အရေးကို ကောင်းကောင်းအသုံးချနိုင်မယ်လို့ မျှော်လင့်ပါတယ်” ဟု စစ်ယွမ်ဖေက ရုတ်တရက် ပြောကြားခဲ့သည်။
လင်းရှန်သည် စိတ်ကူးယဉ်နေတာ မဟုတ်မှန်း သိသော်လည်း စစ်ယွမ်ဖေ၏ လေသံသည် အသံထက် ပိုအဓိပ္ပါယ်ရှိသည်ဟု သူခံစားမိသည်။
သို့သော်လည်း သူ မသိလိုက်မီတွင် စစ်ယွမ်ဖေက သူ့လက်ကို ဝှေ့ယမ်းကာ ထွက်သွားနိုင်ကြောင်း ညွှန်ပြခဲ့သည်။
ထိုအခါ လင်းရှန်က မတ်တပ်ရပ်ပြီး ထွက်သွားသည် ။
သစ်သားအဆောက် အအုံထဲက ထွက်လာတော့ ရှီကျင့်ရှန်က အပြင်မှာ စောင့်နေသည်။ လင်းရှန်ကိုတွေ့သောအခါ သူက ပြုံးပြုံးရွှင်ရွှင်ဖြင့် ကြိုဆိုလိုက်သည်။
“ဂုဏ်ယူပါတယ် ညီလေးလင်း။ အခုချိန်ကစပြီး ငါတို့နှစ်ယောက်လုံးက အထက်အိမ်တော်တပည့်တွေပဲ”
လင်းရှန်က သူ့ကို ကျေးဇူးတင်ပြီး အထက်အိမ်တော်တပည့်တွေအကြောင်း မေးသည်။
ရှီကျင့်ရှန်သည် သူ့မေးခွန်းအားလုံးကို ဖြေပေးသည်။
သူ့ရှင်းပြချက်ကို နားထောင်ပြီးနောက် လင်းရှန်သည် တဖြည်းဖြည်း နားလည်လာသည်။
အောက်အိမ်တော် တပည့်တွေနဲ့ ယှဉ်ရင် အထက်အိမ်တော် တပည့်တွေက အခွင့်အလန်းပိုများသည်
ပထမဦးစွာ သူသည် လစဉ် အလယ်အလတ် အရည်အသွေးအမှတ် ငါးခုကို ရရှိနိုင်သည်။
ဒုတိယအနေဖြင့် အထက်အိမ်တော်တပည့်များသည် ထူးဆန်းသော အိမ်တော်အဆင့်နှင့်ညီမျှသော ဝင်းတစ်ခုရှိသည်။
ထို့အပြင် အထက်အိမ်တော်မှ တပည့်များသည် ကျင့်ကြံရာတွင် အခက်အခဲများ ကြုံတွေ့ရသောအခါ အရည်အသွေးအမှတ်များကို အသုံးချ၍ အိမ်တော်
အကြီးအကဲကို တိုင်ပင်နိုင်သည်။
ဒါကို လျှော့တွက်လို့ မရပေ။ ကျင့်ကြံမှုလမ်းကြောင်းမှာ အတားအဆီးတွေနဲ့ ပြည့်
နှက်နေသည်။ သူတို့ကို လမ်းညွှန်ပေးမည့် ဆရာကောင်းတစ်ယောက်ရှိရင်
သူတို့ကျင့်ကြံမှုအတွက် လမ်းလွှဲများစွာကို ရှောင်ရှားနိုင်မှာဖြစ်ပြီး များစွာ အကျိုးရှိစေမှာပင်။
၎င်းသည် ထိပ်တန်းမိသားစုများ၏ တပည့်များအတွက် အသုံးမဝင်နိုင်သော်လည်း ကျဆင်းနေသော မိသားစုဟောင်းများ သို့မဟုတ် သာမန်လူတန်းစားများမှ တပည့်များအတွက် အလွန်အကျိုးရှိသည်။
နောက်ဆုံးတွင် အထက်အိမ်တော်မှ တပည့်များအား ဆေးပြား၊ ဓမ္မ ရတနာများ နှင့် အခြားသော အရင်းအမြစ်များကို ရံဖန်ရံခါ ဂိုဏ်းက ချီးမြှင့်သည်။
ဖြန့်ဖြူးမှုသည် တပည့်များအကြား ပြိုင်ဆိုင်မှုအပေါ် တော့ မူတည်သည်။
ရှီကျင့်ရှန်၏စကားကိုကြားပြီးနောက် လင်းရှန်သည် ခေါင်းညိတ်လိုက်သည်။
ကျင့်ကြံရေးအခက်အခဲများကို လမ်းညွှန်ရန်အတွက် အိမ်တော်အကြီးအကဲကို အမှန်
တကယ်မလိုအပ်သော်လည်း လစဉ်သတ်မှတ်ထားသော အရည်အသွေး အမှတ်နဲ့အတူ ခြံဝင်းသည် အတော်လေးကောင်းနေသေးသည်။
သူတို့နှစ်ယောက် လမ်းလျှောက်ရင်း စကားစမြည်ပြောဖြစ်ကြသည်။ မကြာမီ သူတို့သည် ရှေးကျပြီး ခမ်းနားထည်ဝါသော ဝင်းအဝင်ဝသို့ ရောက်လာကြသည်။
ဤသည်မှာ လင်းရှန်နေရမည့် အထက်အိမ်တော်၏ အိမ်ဖြစ်ကြောင်း သိသာသည်။
လမ်းကို ဦးဆောင်ပြီးနောက် ရှီကျင့်ရှန်က ဘာမှမပြောတော့ဘဲ လင်းရှန်အား နှုတ်ဆက်ခဲ့သည်။
လမ်းအနည်းငယ် လျှောက်ပြီးနောက် လင်းရှန်သည် ကန့်သတ်ချက်ကို အသက်သွင်းရန် တိုကင်ကို ထုတ်ကာ ခြံဝင်းထဲသို့ ဝင်လိုက်သည်။
အပြင်မှာ ဘာမှ မခံစားရသော်လည်း ခြံဝင်းထဲသို့ ဝင်လိုက်ပြီးနောက် လင်းရှန်သည် လေထဲတွင် စူးရှသော ဝိညာဉ်ရေးရာ အနှစ်သာရကို ခံစားလိုက်ရသည်။ သိပ်သည်းဆသည် ကောင်းကင်အဆင့် တပည့်များနေထိုင်သည့် စာသင်ခန်းထက် ပို၍မြင့်မားသည်။
“ဝိညာဉ်ရေးရာအနှစ်သာရက အတော်လေးကြွယ်ဝတာပဲ။ ဒီမှာ ကျင့်ကြံတာက အပြင်မှာထက် အနည်းဆုံး နှစ်ဆလောက် ထိရောက်တယ်။”လင်းရှန် သဘောကျ သွားသည်။
ခြံဝင်း၏ အပြင်အဆင်သည် ဇိမ်ကျကျမဟုတ်သော်လည်း ထူးခြားပြီး လက်ရာမြောက်သည်။ သူ့ပုံစံနဲ့ ကိုက်ညီသည်။
ခြံဝင်းပတ်ဝန်းကျင်ကို လျှောက်လှမ်းရင်း ရင်းနှီးလာပြီးနောက် လင်းရှန်သည် လေ့ကျင့်ရေးခန်းသို့ သွားကာ တင်ပျဉ်ခွေထိုင်လိုက်သည်။ထို့နောက် သူသည် စစ်ယွမ်ဖေဆီမှ ရရှိသော သိုလှောင်လက်စွပ်နှင့် ကျောက်စိမ်းပြွန်ကို ထုတ်ယူလိုက်သည်။