ဝိညာဉ် မဏ္ဏိုင်သွေးကြော ပုံဖော်ခြင်း (၃)
Vol. 15 Ch. 224
ခဏလောက်စဉ်းစားပြီးနောက် လင်းရှန်သည် ကျောက်စိမ်းပြွန်ကို ဦးစွာကောက်ယူကာ သူ၏စိတ်စွမ်းအားကို အတွင်းသို့ ထိုးသွင်းပြီး ဂရုတစိုက်ဖတ်သည်။
စစ်ယွမ်ဖေ ဖော်ပြခဲ့သည့် ကျင့်ကြံသူသခင် တစ်ဦးဖြစ်လာခြင်းမှတ်တမ်းများကို သူ အလွန်စိတ်ဝင်စားခဲ့သည်။
ကျောက်စိမ်းပြွန်ထဲတွင် မှတ်တမ်းတင်ထားသော အကြောင်းအရာများစွာ ရှိခဲ့သည်။ လင်းရှန်က ငြိမ်သက်သွားပြီး တိတ်တိတ်လေးဖတ်နေသည်။ အချိန်တွေ ကြာလာတာနဲ့အမျှ သူ့မျက်လုံးတွေက ပိုမိုတောက်ပလာသည်။
စစ်ယွမ်ဖေ ပြောခဲ့သလိုပင်။ ကျောက်စိမ်းပြွန်မှာပါသည့် အကြောင်းအရာတွေက ကျင့်ကြံသူ သခင်ဖြစ်ဖို့ အရာတွေပင်။
တောက်ပသောဝင်ပေါက် နဝမအဆင့်သို့ရောက်ပြီးနောက် ကျင့်ကြံသူသည် ပိုမိုတိုးတက်လာပြီး ကျင့်ကြံသူသခင်ဖြစ်လာရန် လှောင်အိမ်အတွင်းမှ ဖောက်ထွက်လိုပါက ၎င်းတို့၏ဝိဥာဉ် သွေးကြောကို ဦးစွာဖန်တီးရမည်ဖြစ်သည်။
ဝိညာဉ်သွေးကြောကို ထူထောင်ခြင်းဖြင့် စစ်မှန်သောချီကို ဝိညာဉ်အနှစ်သာရအဖြစ် ပြောင်းလဲနိုင်ကာ ဝိညာဉ် အသိဉာဏ်ကို ရရှိပြီး မသေနိုင်သောလမ်းသို့ ပြန်လည်မွေးဖွားနိုင်မည်ဖြစ်သည်။
ဝိဉာဉ်သွေးကြောများအရေအတွက်သည် ကျင့်ကြံသူသခင်၏ အနာဂတ်အောင်မြင်မှု ကန့်သတ်ချက်ကိုလည်း များစွာအကျိုးသက်ရောက်စေမည်ဖြစ်သည်။
ကျင့်ကြံရေးလောကတွင် ဝိညာဉ်သွေးကြောများကို ဝိညာဉ်သွေးကြော အရေအတွက်အရ အဆင့်ငါးဆင့် ခွဲခြားထားသည်။
၎င်းတို့အနက် ပဉ္စမအဆင့်သည် ဝိညာဉ်သွေးကြောတစ်ခု မှ ကိုးခုသာ ဖန်တီးရန် လိုအပ်သည်။
ဤသည်မှာ ကျင့်ကြံသူ သခင်ဖြစ်ရန် အနိမ့်ဆုံးလိုအပ်ချက်လည်းဖြစ်သည်။
ဝိညာဉ်သွေးကြောအဆင့် ပိုမြင့်လေ၊ ကျင့်ကြံသူ သခင်၏ အလားအလာနှင့် အပြန်အလှန် သက်ရောက်မှု ကြီးမားလေဖြစ်သည်။
ပဉ္စမအဆင့် ဝိညာဉ်သွေးကြောသာ ပုံဖော်နိုင်သော ကျင့်ကြံသူသည် သူ၏ဘ၀တွင် ဝိညာဉ်စုဆောင်းခြင်းအဆင့်သို့ ဘယ်တော့မှ မကျော်ဖြတ်နိုင်ပေ။
သူ တိုးတက်လာချိန်မှစ၍ မှောင်မိုက်သော အနာဂတ် ရှိသူဟု တံဆိပ်ကပ်ခံရသည်။
စတုတ္ထအဆင့် ဝိညာဉ်သွေးကြောသည် တစ်ခုကနေ ၁၈ ခုထိ လိုအပ်ပြီး အနာဂတ်တွင် ဝိညာဉ်စုဆောင်းခြင်း အဆင့်သို့ ဖြတ်ကျော်ရန် အခွင့်အလမ်း ရှိလာသည်။
တတိယအဆင့်သည် ၂၇ခုထိ လိုအပ်သည်။
ဘာမှမမှားခဲ့ပါက ဝိညာဉ်စုဆောင်းခြင်းအဆင့်သို့ ဖြတ်ကျော်ခြင်းသည် သေချာသည့် အလောင်းအစားဖြစ်သည်။
ဒုတိယအဆင့် ဝိညာဉ်သွေးကြောများသည် ဝိညာဉ်သွေးကြော ၃၆ ခုအထိ လိုအပ်
သော်လည်း အောင်မြင်သည်နှင့်တစ်ပြိုင်နက် ၎င်းတို့၏အနာဂတ်သည် တောက်ပလာမည်ဖြစ်ပြီး ၎င်းတို့၏အောင်မြင်မှုများသည် ထူးထူးခြားခြား ဖြစ်လာမည်ဖြစ်သည်။
နိုင်ယန်းဂိုဏ်း လက်ရှိအကြီးဆုံးသည် ဒုတိယအဆင့်ဝိညာဉ်သွေးကြောဖြင့် ကျင့်ကြံသူ သခင် ဖြစ်လာခဲ့သည်။
ပထမအဆင့် ဝိညာဉ်သွေးကြောများအတွက်တော့ ကောလဟာလများသာ ကြားခဲ့ရသည်။ ထိုသို့သော ကံကြမ္မာမျိုး ကြုံဖူးကြသူများ အားလုံးသည် ၎င်းတို့၏ ဂိုဏ်းတွင် ထင်ရှားသူများ ဖြစ်သည်။
တစ်ချိန်က အရှေ့ပင်လယ်လမ်းကြောင်းတွင် ပထမအဆင့်ဝိဉာဉ်သွေးကြောဖြင့် ကျင့်ကြံသူသခင်တစ်ဦးရှိသော်လည်း နေကိုးစင်းဂိုဏ်းတွင် ထိုသို့သောပုဂ္ဂိုလ်မျိုး တစ်ခါမျှမရှိခဲ့ပေ။
အကယ်၍ လူတစ်ဦးသည် ပထမအဆင့် ဝိညာဉ်သွေးကြောကို ပုံဖော်လိုပါက သူသည် ဝိညာဉ်သွေးကြော ၄၅အထိ ဖန်တီးရန် လိုအပ်သည်။
ဝိညာဉ်ငွေးကြောများ များလေလေ ဖွဲ့စည်းရန် ပိုခက်ခဲလေဖြစ်သည်။ မရေမတွက်နိုင်သော အချိန်၊ စွမ်းအင်နှင့် အရင်းအမြစ်များ လိုအပ်သည်။
ဝိညာဉ် သွေးကြော (၂၀)မှ(၃၀)အထိ ပုံဖော်နိုင်ပြီး တတိယအဆင့် ဝိညာဉ်သွေးကြောရှိသူများကိုပင် တောက်ပသောအနာဂတ်ရှိသည်ဟု ယူဆထားပြီး ဖြစ်သည်။
အကယ်၍ လူတစ်ဦးသည် ဝိညာဉ်သွေးကြော၄၅ ခုကို ပုံဖော်လိုပါက မှန်ကန်သော အရည်အချင်းများ၊ အရင်းအမြစ်များနှင့် အခွင့်အလမ်းများကို တစ်ချိန်တည်းတွင် ရရှိရန် လိုအပ်သည်။ နက်နဲသော နောက်ခံရှိပြီး ဇွဲကောင်းသူများသာ လုပ်နိုင်သည် ။
“ပထမအဆင့်ဝိဉာဉ်သွေးကြော…”
လင်းရှန်၏ မျက်လုံးများက မှိတ်တုတ်မှိတ်တုတ်နဲ့ လှုပ်ရှားလာခဲ့သည်။
သာမာန်ကျင့်ကြံသူများသည် စတုတ္ထအဆင့်ဝိဉာဉ်သွေးကြောကို ရရင်ပင် အလွန်ကျေနပ်နေကြချေပြီ။
သြဇာကြီးသော မိသားစုများ၏ တပည့်များပင်လျှင် တတိယအဆင့် သို့မဟုတ် ဒုတိယအဆင့် ဝိညာဉ်သွေားကြောများကိုသာ ရည်ရွယ်သည်။
ပထမအဆင့် စိတ်ဝိဉာဉ် သွေးကြောသို့ ရောက်ရမည်ဟူသော လက်တွေ့မကျသည့်မျှော်လင့်ချက်မျိုးက မည်သူမျှ မရှိသလောက်ပင်။
အဲ့တာက သူတို့လုပ်နိုင်တာထက် ကျော်လွန်နေ၏
သို့သော် လင်းရှန်ကတော့မတူပေ။ သူ၏ကိုယ်ပွားများနှင့်အတူ သူသည် အဆင့်အမြင့်ဆုံး ဝိညာဉ်သွေးကြောကို စိန်ခေါ်ရမည်ဖြစ်သည်။
သူ၏အခြေခံအုတ်မြစ်ကို ခိုင်မာအောင်လုပ်ထားခြင်းဖြင့် အနာဂတ်တွင် ပိုမိုမြင့်မားသောအဆင့်သို့ တက်နိုင်မည်ဖြစ်သည်။
ငြိမ်သက်သွားပြီးနောက် လင်းရှန်က ဆက်ဖတ်လေသည်။
ဝိညာဉ်ဖွဲ့စည်းမှုတစ်ခုကို လုပ်ရန်အတွက် ဝိညာဉ်ပုံဖော်ခြင်း ဆေးပြားဟုခေါ်သော ဆေးလုံးတစ်ခု လိုအပ်သည်။
ကျင့်ကြံသူ၏ အရည်အချင်းပေါ် မူတည်၍ ဝိညာဉ်သွေးကြောကို ဖန်တီးရန် လိုအပ်သော ဝိညာဉ်ပုံဖော်ခြင်း ဆေးပြားအရေအတွက်မှာလည်း ကွဲပြားမည် ဖြစ်သည်။
ထက်မြက်သောလူတစ်ဦးသည် ၎င်းတို့၏ ပထမဆုံးသော ဝိညာဉ်သွေးကြောကို ဖန်တီးရန် ဝိညာဉ်ပုံဖော်ခြင်း ဆေးပြားတစ်လုံးသာ လိုအပ်သည်။
အရည်အချင်းနည်းသူအချို့ကတော့ ဝိညာဉ်ပုံဖော်ခြင်း ဆေးပြား လေးလုံးမှ ငါးပြားကို စားသုံးပြီးတာတောင် ၎င်းတို့၏ ပထမအဆင့်ဝိဉာဉ်သွေးကြောကိုပင် မဖန်တီးနိုင်ပေ။
အရည်အချင်းမပြည့်မီသော ကျင့်ကြံသူအများအပြားသည် ၎င်းတို့၏ဘဝတွင် မရေမတွက်နိုင်သော စွမ်းအင်နှင့် အရင်းအမြစ်များကို မြှုပ်နှံထားကြသည်။ ဝိဥာဉ် ခုနစ်ခုမှ ရှစ်ခုကို ပုံဖော်ပြီးနောက်တွင် ၎င်းတို့သည် ရှေ့ဆက်၍ မရနိုင်တော့ပေ။ သူတို့သေဆုံးသည့်တိုင်အောင်ပင် နောက်ဆုံးဝိဉာဉ်သွေးကြောကို မဖန်တီးနိုင်ဘဲ နောင်တစိတ်နှင့် ကွယ်လွန်သွားခဲ့ရသည်။
ဥပမာအားဖြင့် လန်ကွမ်းထင်သည် ထိုကဲ့သို့ဖြစ်ခဲ့သည်။
သို့ရာတွင် တစ်ခုတည်းသောတူညီချက်မှာ ဝိညာဉ်သွေးကြောများဖန်တီးလေ နောက်ထပ်တစ်ခု ဖန်တီးရန် ဝိညာဉ်ဆေးပြား များလိုအပ်လေဖြစ်သည်။
"ငါ့ရဲ့ ပထမဆုံး စိတ်ဝိဉာဉ် သွေးကြောကို ပုံဖော်ဖို့ ဝိညာဉ်သွေးကြော ဘယ်လောက် လိုလဲလို့ တွေးမိတယ်"
လင်းရှန်က သူ့ဘာသာ တွေးနေမိသည်။
ဝိညာဉ်ပုံဖော်ခြင်းဆေးသည် အလွန်အဖိုးတန်သည်။
ကျောက်စိမ်းပြွန်တွင် ဝိညာဉ်ပုံဖော်ခြင်းဆေးပြားများသည် အရည်အသွေးခန်းမ၌ ရှိနေကြောင်း ဖော်ပြခဲ့သည်။
သို့သော် ဆေးတစ်လုံး၏စျေးနှုန်းသည် အလယ်အလတ်အဆင့် အရည်အသွေးအမှတ် ဆယ်ခုအထိ မြင့်မားသည်။ ၎င်းသည် ဝိညာဉ်ပျိုးထောင်ခြင်းဆေး ဆယ်ပုလင်းစာလောက် ဈေးကြီးသည်။
အကယ်၍ သူသည် ပဉ္စမအဆင့် ဝိညာဉ်သွေးကြောကို ပုံဖော်လျှင်ပင် ဝိညာဉ်ပုံဖော်ခြင်းဆေးပြား ရာပေါင်းများစွာ လိုအပ်မည်ဖြစ်သည်။ သာမာန် ကျင့်ကြံသူတွေအဖို့ မတတ်နိုင်ပေ။
"သြဇာကြီးတဲ့ မိသားစုတွေရဲ့ တပည့် ဒါမှမဟုတ် ဆရာတစ်ယောက်ရဲ့ ပံ့ပိုးမှုရှိတဲ့ စီနီယာအစ်ကိုရှီလိုမျိုး မဟုတ်ရင် ဝိညာဉ်ပုံဖော်ခြင်းဆေးပြားတွေကို စုဆောင်း တာကတောင် လူတော်တော်များများကို အခက်တွေ့စေလောက်အောင်ပါပဲ။"လင်းရှန် ရင်တွင်းထဲမှ သက်ပြင်းချလိုက်သည်။
ရုတ်တရက် ကျောက်စိမ်းပြွန်ထဲမှာ ဖော်ပြချက်တစ်ခုကို တွေ့လိုက်ရတော့ သူ့အကြည့်တွေ ရပ်သွားသည်။
ဖော်ပြချက်အရ ဝိညာဉ်ပုံဖော်ခြင်းဆေးပြားများကို သန့်စင်ရန် အရေးကြီးဆုံးနှင့် တန်ဖိုးကြီးသော ပစ္စည်းကို ဝိညာဉ်ဖုန်ဟုခေါ်သည်။ ၎င်းသည် ကမ္ဘာ့အနှစ်သာရဟုခေါ်သော ဝိညာဉ်နတ်ဆိုးတစ်ကောင်၏ သေဆုံးပြီးနောက် ခန္ဓာကိုယ်မှ ကျန်ရစ်ခဲ့သော အနှစ်သာရဖြစ်သည်။
သို့သော် ဝိညာဉ်နတ်ဆိုးသည် ကမ္ဘာ့ဝိညာဉ် ရေးရာအနှစ်သာရသိပ်သည်းရာ နေရာဖြစ်သော မြေကမ္ဘာ၏နက်နဲသောနေရာတွင်ရှိခဲ့သည်။
မြေအောက်ဝိညာဉ်ဂူများသည် ထိုနေရာများထဲမှ တစ်ခုဖြစ်သည်။
ဤအချိန်တွင် လင်းရှန်သည် စစ်ယွမ်ဖေ၏ ညွှန်ကြားချက် အနက်အဓိပ္ပါယ်ကို နောက်ဆုံးတွင် နားလည်သွားခဲ့သည်။
နဂါးချောက်နက်တောင်တန်းရှိ ဝိဥာဉ်ဂူထဲတွင် ကမ္ဘာ့အနှစ်သာရ အမြောက်အမြားရှိသည်။ အကယ်၍ သူသည် ဝိဥာဉ်ဂူထဲသို့ ဝင်နိုင်လျှင် ဝိညာဉ်ဖုန်မှုန့်များကို စုဆောင်းရန် အခွင့်ကောင်းတစ်ခုဖြစ်မည်မှာ သေချာသည်။
သူ့မှာ ဝိညာဉ်ဖုန်မှုန့်အလုံအလောက်ရှိနေသရွေ့ တခြားပစ္စည်းတွေကို ကိုယ်တိုင်ရှာပြီး ဝိညာဉ်ပုံဖော်ခြင်း ဆေးပြားတွေကို သန့်စင်ပေးဖို့ ဆေးပြားခန်းမကို သွားပြီး အဂ္ဂိရတ်ပညာရှင်ဆီ အကူအညီတောင်းနိုင်သည်။ သူပေးရမည့်စျေးနှုန်းသည် အရည်အသွေးခန်းမမှ ဝိညာဉ်ပုံဖော်ခြင်း ဆေးပြားကို လဲလှယ်ရတာထက် များစွာ သက်သာမည်ပင်။
မိသားစုများစွာ၏ပံ့ပိုးမှုမရရှိသော သူကဲ့သို့ သာမန်တပည့်တစ်ဦးအတွက် ၎င်းက အလွန်အကျိုးရှိမည်မှာ သေချာသည်။
"ကြည့်ရတာ မြေအောက်ဝိညာဉ်လှိုဏ်ဂူကို ခရီးထွက်ရမဲ့ပုံပဲ”
လင်းရှန်၏ မျက်လုံးများက မှိတ်တုတ်မှိတ်တုတ်နဲ့ မြန်မြန်ဆန်ဆန် တွေးလိုက်သည်။
အကယ်၍ သူသည် ပထမအဆင့် ဝိညာဉ်
သွေးကြောကို ရယူလိုပါက သူသည် ဝိညာဉ်ပုံဖော်ခြင်း ဆေးပြားအများအပြား လိုအပ်
မည်မှာ သေချာသည်။
အရည်အသွေးအမှတ်များရယူရန်နဲ့ ဝိညာဉ်ပုံဖော်ခြင်း ဆေးပြားအလုံအလောက် စုဆောင်းရန် အချိန်မည်မျှကြာမည်ကို သူမသိပေ။
နှိုင်းယှဉ်ကြည့်လျှင် ကမ္ဘာ့အနှစ်သာရကိုရှာဖွေပြီး ဝိညာဉ်ဖုန်မှုန့်များစုဆောင်းရန် ဝိညာဉ်ဂူသို့သွားခြင်းသည် ပိုပြီး ထိရောက်နိုင် သည်။
လင်းရှန်သည် ကျောက်စိမ်းပြွန်ထဲမှ အကြောင်းအရာများကို လှန်ကြည့်လိုက်
ပြန်သည်။ သူဘာမှ မလွတ်ကြောင်း သေချာမှ ကျောက်စိမ်းပြွန်ကို ဘေးဖယ်လိုက်သည်။
သိုလှောင်လက်စွပ်ကို ကောက်ယူခါနီးတွင် အတွေးတစ်ခု ရုတ်တရက် ပေါ်လာသည်။
ဝိညာဉ် သွေးကြောပုံဖော်ခြင်းသည် အစပိုင်းတွင် လွယ်ကူခဲ့ပြီး တဖြည်းဖြည်း ခက်ခဲလာသည်။ ထိုအခြေအနေကြောင့် သူ၏ကိုယ်ပွါးတစ်ခုစီသည် ၎င်းကို သူ၏ခန္ဓာကိုယ်ထဲသို့ မပေါင်းစပ်မီ ဝိညာဉ်သွေးကြောတစ်ခုကို ပုံဖော်နိုင် လောက်လား။
ကိုယ်ပွါးခုနစ်ခုနဲ့ သူ့အပါအဝင်ဆို ရှစ်ယောက်ရှိသည်။ ၎င်းတို့တစ်ဦးစီသည် ဝိဉာဉ်သွေးကြော(၆)ခုကိုဖော်ဆောင်နိုင်သရွေ့ စုစုပေါင်း ၄၅ထက်ပိုသွားမည် ဖြစ်သည်။