တပည့်အစစ်များနှင့် လျှို့ဝှက်ချက်များ (၁)
Vol. 15 Ch. 225
လင်းရှန်အနေနဲ့ ထိုအကြောင်းကို ပိုတွေးလေလေ ပို၍ စိတ်လှုပ်ရှားလေ ဖြစ်သည်။
အကယ်၍ ဤအစီအစဥ်သည် ဖြစ်နိုင်ပါက ပထမအဆင့် ဝိဉာဉ်သွေးကြော ပုံဖော်ခြင်းသည် သူ့အတွက် ဝိဉာဉ်သွေးကြောခြောက်ခုကို ပုံဖော်ခြင်း မှာသာ ခက်ခဲပေလိမ့်မည်။
အဲဒီ့ထက်တောင် ခက်ခဲရင် ခက်ခဲနိုင်ပါသေးသည်။
သူ၏ကိုယ်ပွါးက ဝိဉာဉ်သွေးကြော တစ်ခုကို အောင်မြင်စွာဖန်တီးလိုက်တိုင်း သူ၏ပင်မခန္ဓာကိုယ်နှင့် ချက်ချင်းပေါင်းစပ်နိုင်သည်။ ထို့နောက် သူ၏ကိုယ်ပွားသည် တစ်ဖန်ပြန်လည် ဖန်တီးမည်ပင် ။
ဤနည်းအားဖြင့် ကိုယ်ပွါးတိုင်းသည် ၎င်း၏ ပထမအဆင့် ဝိဉာဉ်သွေးကြောကို တစ်ချိန်လုံး ပုံဖော်နေလိမ့်မည်။
ထိုအရာကိုတွေးလိုက်သောအခါ လင်းရှန်သည် အလွန်စိတ်လှုပ်ရှားသွားသည်။
သူအောင်မြင်နိုင်လျှင် အားစိုက်ထုတ်မှုများစွာ မရှိဘဲ အချိန်နှင့်အမျှ ဒဏ္ဍာရီလာ ပထမတန်းအဆင့် ဝိညာဉ်သွေးကြောကို အောင်မြင်နိုင်ပေမည်။
"ကြိုးစားရကျိုးနပ်တယ်”
လင်းရှန်က ဆုံးဖြတ်ချက်ကို အမြန်ချလိုက်သည်။ တောက်ပသောဝင်ပေါက် နဝမအဆင့်သို့ တက်လှမ်းပြီးနောက် ၎င်းကို ချက်ချင်း စမ်းကြည့်မည်ဖြစ်သည်။
"လက်စွပ်ထဲမှာ ဘာရှိလဲ အရင်ကြည့်ရအောင်။"
လင်းရှန်သည် သိုလှောင်လက်စွပ်ကို ကောက်ယူလိုက်ပြီး အတွင်းရှိပစ္စည်းများကို စတင်စစ်ဆေးသည်။
မမျှော်လင့်ဘဲ အထဲမှာ ရင်းနှီးပြီးသား အစိမ်းရောင် ကျောက်ပြားတက်တစ်လုံးကို သူတွေ့လိုက်သည်။
ယန်ကျင့်ရမ်တစ်ချိန်က အသုံးပြုခဲ့ဖူးသော အထူးလက်နက်ဖြစ်သည်။
၎င်းအပြင် သိုလှောင်အိတ်ထဲတွင် သာလွန်အဆင့် ခုခံကာကွယ်နိုင်သော အထူးလက်နက်နှင့် သာလွန်အဆင့်ရှိသော မှော်ဓားတစ်လက်လည်း ရှိသေးသည်။ ၎င်းတို့နှစ်ဦးစလုံးသည် ယန်ကျင့်ရမ်ပိုင်ဆိုင်ခဲ့ဖူးသော အထူးလက်နက်များဖြစ်သည်။
"သူတို့က စစ်ပွဲရဲ့ လက်ကျန်တွေကို ငါ့ဆီ ပြန်ပေးခဲ့တာလား။" လင်းရှန်က ပြုံးလိုက်သည်။
သာလွန်အဆင့် အထူး လက်နက်နှစ်ခုသည် အထင်ကြီးလောက်စရာမဟုတ်ပေ။ သူ့မှာ တိမ်တိုက်နှိမ်နင်းရေးဝတ်ရုံနဲ့ သန့်စင်သော ယန်စွမ်းအား အဆောင်ဓား ရှိပြီးသားပင်။ သူ့မှာ နေကိုးစင်းအဆောင်ဓားလည်းရှိသည်။ သူ့အတွက် ဤအထူး လက်နက်နှစ်ခုက အသုံးမဝင်တော့ဘဲ ၎င်းတို့ကို အရန်အဖြစ်သာ အသုံးပြုနိုင်သည်။
လင်းရှန်သည် ယန်ကျင့်ရမ်နှင့် တိုက်ခိုက်သောအခါ ကျောက်စိမ်းပြားကို လိုချင်မိနေတာတော့ ကြာပြီပင်။
သူ့တွင် ပုလဲနက် မှင်တုံးရှိပြီးဖြစ်သော်လည်း အထူးလက်နက်များ အပိုရှိခြင်းနှင့် ပတ်သက်၍ ကျင့်ကြံသူ မည်သူမျှ ညည်းညူမည် မဟုတ်ပေ။
ထို့အပြင် ပုလဲနက်ကျောက်တုံးနှင့် တောင်တန်းအပြားကဲ့သို့သော ဓမ္မရတနာများသည် ဝတ်ရုံနှင့် အဆောင်ဓားရှည်များကဲ့သို့ မဟုတ်ပေ။ သူ့တွင် ဝိညာဉ်ရေးရာ အနှစ်သာရ လုံလုံလောက်လောက် ရှိနေသရွေ့ ၎င်းတို့အားလုံးကို တစ်ပြိုင်နက် ထိန်းချုပ်နိုင်သည်။ ထုံးစံအတိုင်း များလေ ပိုကောင်းလေပင်။
ရွှင်မြူးနေချိန်တွင် လင်းရှန်သည် ကျောက်ပြားဘေးတွင် အထည်အလိပ်တစ်ခု ရှိနေကြောင်း ရုတ်တရက် သိလိုက်ရသည်။ သူက ထုတ်လိုက်တော့ ဝတ်ရုံရှည်တစ်ခုဖြစ်ကြောင်း သိလိုက်သည်။
ဝတ်ရုံ၏မျက်နှာပြင်ပေါ်တွင် မှော်ပုံစံတစ်ခုရှိသည်။ ၎င်းက ရေကဲ့သို့ ချောမွေ့ပြီး ဖုန်မှုန့်များ မစွန်းပေ ။ သူ့လက်နဲ့ ဆုပ်ကိုင်ပြီး လွှတ်လိုက်တဲ့အခါ ခေါက်တွန့်ခြင်းမရှိဘဲ နဂိုအခြေအနေအတိုင်း ပြန်ဖြစ်သွားသည်။ ဒါက သာမာန် ပစ္စည်းမဟုတ်မှန်း သိသာသည်။
"အဲဒါက..."
လင်းရှန် မျက်လုံးများ တောက်ပလာသည်။ ၀တ်ရုံပေါ်တွင် သူ၏ စိတ်စွမ်းအားကို လျင်မြန်စွာ အသုံးပြုလိုက်တော့ အချက်အလက်အချို့က သူ့စိတ်ထဲတွင် ချက်ချင်း ပေါ်လာသည်။
"မျှော်လင့်ထားသလိုပဲ၊ ဒါက အထူးလက်နက်တစ်ခုလည်း ဟုတ်တယ်။" လင်းရှန် ဝမ်းသာသွားသည် ။
အထူးလက်နက်အဆင့်နှင့် အထက်ရှိသော ဓမ္မရတနာများကို သန့်စင်သောအခါ သန့်စင်သူသည် ၎င်းတို့ထဲသို့ စိတ်စွမ်းအားကို ထိုးသွင်းရသည်။ ထိုအခါ ဤအထူးလက်နက်ကိရိယာ၏ အမည်၊ စွမ်းအားနှင့် အသုံးပြုမှု နည်းလမ်းများကို တွေ့ရသည်။
ကျင့်ကြံသူများသည် အထူးလက်နက်များအကြောင်း သတင်းအချက်အလက်ရရှိရန် ၎င်းတို့၏ စိတ်ခွန်အားဖြင့် စုံစမ်းစစ်ဆေးရန်သာ လိုအပ်သည်။
သို့သော် မှော်လက်နက်များသည် ထိုသို့သော အပြုအမူ မရှိပေ။
လင်းရှန်၏လက်ထဲတွင်ရှိသော ၀တ်ရုံသည် ကောင်းကင်ကြယ်ပွင့်ဝတ်ရုံဟုခေါ်သော အထူးလက်နက်ဝတ်စုံတစ်ခုဖြစ်သည်။
တိုက်ပွဲများမှ ရရှိမှုများနှင့် နှိုင်းယှဉ်ကြည့်လျှင် ဤဝတ်ရုံသည် ဂိုဏ်းကပေးသော တကယ့်ဆုလာဘ်ဖြစ်သည်မှာ သိသာသည်။
လင်းရှန်သည် ပျော်ရွှင်မှုမှ ပြန်လည် အသိဝင်လာပြီးနောက် ကောင်းကင်ကြယ်ပွင့် ဝတ်ရုံကို ဘောလုံးတစ်လုံးအဖြစ် လုံးလိုက်ကာ ပစ်ချလိုက်သည်။
၀တ်ရုံသည် ချက်ချင်းပြန့်သွားပြီး အနက်ရောင်တာအို ၀တ်ရုံအဖြစ် ပြောင်းလဲသွားသည်။ ၀တ်ရုံပေါ်တွင် နေ၊ လ၊ ကြယ်များ ကဲ့သို့ မှော်စာများပါရှိသည်။ သဘာဝတရား၏ စိုးမိုးမှုပုံစံတွေကို ဝှက်ထားသေးသည်။
ခဏအကြာတွင် ၀တ်ရုံသည် လင်းရှန်လက်တွင် တောက်ပလာပြီး ခန္ဓာကိုယ်ပေါ်သို့ ရောက်ရှိလာကာ ပတ်ပတ်လည်တွင် ပတ်ထားသည်။
လင်းရှန်သည် ခြေလက်များကို ဆန့်တန်းလိုက်ပြီး ၀တ်ရုံသည် ပြီးပြည့်စုံသော ဝတ်ရုံဖြစ်ကြောင်း သဘောပေါက်လိုက်သည်။
ဒါက မျှော်လင့်ထားသလိုပင်။
အထူးလက်နက်မပြောနှင့်။ နိမ့်ကျတဲ့ မှော် လက်နက်တစ်ခုဖြစ်တဲ့
ယန်စွမ်းအားဝတ်ရုံမှာတောင် သူ့ရဲ့အသွင်အပြင်ကို ပြောင်းလဲနိုင်
စွမ်းရှိသည်။
လင်းရှန်က ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။ သူ့ကို ကာကွယ်ပေးသည့် ဒီဝတ်စုံနဲ့ အတူ စစ်မှန်သော ကိုယ်ခံပညာအဆင့် တားမြစ်ထားသော ရွှေရောင် ချပ်ဝတ်တန်ဆာနဲ့ဆို တောက်ပသောဝင်ပေါက်အဆင့်မှာ ဘယ်သူမှ သူ့ကို ထိခိုက်အောင် မလုပ်နိုင်ပေ။
ငြိမ်သက်သွားပြီးနောက် လင်းရှန်သည် အခြားပစ္စည်းများကို ဆက်လက် စစ်ဆေးသည်။
ဓမ္မရတနာများအပြင် သိုလှောင်လက်စွပ်ထဲတွင် ဆေးပြားများစွာလည်း ရှိသေးသည်။
၎င်းတို့အနက် ယန်ကျင့်ရမ်ကိုသတ်ခြင်းအတွက် ဆုကြေးငွေမှာ ရွှေအနှစ်သာရဆေးသုံးလုံးဖြစ်သည်။
“ကောင်းတယ်။ ဆေးသုံးလုံးက တောက်ပသောဝင်ပေါက် သတ္တမအဆင့်ကို ဖြတ်ကျော်ဖို့ လုံလောက်ပါတယ်။”
လင်းရှန် ဝမ်းသာသွားသည် ။
ရွှေအနှစ်သာရဆေးသည် ကျင့်ကြံသူအား ဆေးသောက်ပြီးနောက်သုံးရက်အတွင်း ၎င်းတို့၏ စိတ်ဝိညာဉ်ကို ခွဲထုတ်နိုင်သည့် ထူးဆန်းသောအခြေအနေသို့ ဝင်ရောက်နိုင်စေမည်ဖြစ်သည်။ သူတို့၏ ဝိညာဉ်ရေးရာအာရုံများ တဖြည်းဖြည်း ဖွံ့ဖြိုးလာပြီး ကျင့်ကြံသူသခင်၏ အဆင့်ကို ကြိုသိနိုင်မည်ဖြစ်သည်။
ဤအခြေအနေတွင် ကျင့်ကြံပါက ၎င်းတို့၏ ကျင့်ကြံမှုမှာ ခုန်တက်ကာ အရှိန်အဟုန်ဖြင့် တိုးတက်နေပေလိမ့်မည်။
တစ်ရက်ကျင့်ကြံအားက လပေါင်းများစွာနဲ့ ညီမျှသည်။
တောက်ပသောဝင်ပေါက် ဆဋ္ဌမအဆင့်ကို ဖြတ်ကျော်ပြီးနောက် ဝိညာဉ်ပျိုးထောင်ခြင်းဆေးသည် လင်းရှန်အပေါ် သက်ရောက်မှုမရှိတော့ပေ။ ရွှေအနှစ်သာရဆေးက အချိန်မီရောက်လာချေသည်။
ရွှေအနှစ်သာရဆေးပြားများအပြင် သိုလှောင်လက်စွပ်ထဲတွင် ဆေးပုလင်း တစ်ပုလင်းလည်း ရှိသေးသည်။
လင်းရှန်က အဲဒါကို ထုတ်လိုက်ပြီး ကြည့်လိုက်သည်။ ကြွေပုလင်းပေါ်ရှိ နာမည်သည် သူစဉ်းစားနေခဲ့သော ဝိညာဉ်ပုံဖော်ခြင်းဆေးပါဝင်ကြောင်း ညွှန်ပြနေသည်။
ပုလင်းကိုဖွင့်ပြီး ရေတွက်ကြည့်လိုက်သည်။ စုစုပေါင်း ၁၂ ပြားရှိခဲ့သည်။
"အချိန်တန်ရင် လက်ဆောင်ပဲ”
လင်းရှန်၏မျက်နှာတွင် အပြုံးတစ်ခုပေါ်လာသည်။
အခု သူ့မှာ ဝိညာဉ်ပုံဖော်ခြင်းဆွေတွေရှိနေပြီဆိုတော့ သူလုပ်ရမှာက
တောက် ပသောဝင်ပေါက် နဝမအဆင့်ကို တက်လှမ်းဖို့ပင်။
ဒါကိုတွေးပြီး လင်းရှန်က ရွှေအနှစ်သာရဆေးကို ချက်ချင်းထုတ်ပြီး မျိုချလိုက်သည်။
ဆေးစွမ်းအား ပျံ့နှံ့လာသည်နှင့်အမျှ သူ့စိတ်တွေ ပိုကြည်လင်လာသည်ဟု ရုတ်တရက် ခံစားလိုက်ရသည်။ ကမ္ဘာကြီးတစ်ခုလုံး ကွဲပြားသွားကာ ယခင်ကထက် ပိုမိုရှင်းလင်းသော ခံစားချက် ရှိခဲ့သည်။
တစ်ချိန်တည်းမှာပင် သူ၏ ခံယူချက်သည် ပိုမိုပြတ်သားလာသည်။
မျက်လုံးမှိတ်ထားရင်တောင် သူ့ပတ်ဝန်းကျင်ကို ရှင်းရှင်းလင်းလင်းမြင်နေရသည်။
အတွေးတစ်ခုဖြင့် ဤခံယူချက်သည် နံရံကိုဖြတ်၍ အရပ်ရပ်သို့ လျင်မြန်စွာ ပျံ့နှံ့သွားသည်။
ချက်ချင်းပင် ခြံဝင်းအတွင်းရှိ အရာအားလုံးသည် သူ့စိတ်ထဲတွင် ထင်ဟပ်လာခဲ့သည်။
လင်းရှန် သဘောပေါက်သွားသည်။ ဒါကို ဝိဉာဉ်အသိဉာဏ်လို့ ခေါ်ရမည်။
ရွှေအနှစ်သာရဆေးသည် အသုံးပြုသူအား ကျင့်ကြံသူ သခင်၏ အဆင့်ကို တွေ့ကြုံခံစားနိုင်စေသော်လည်း အမှန်တကယ်တွင် ၎င်းသည် စိတ်ဝိညာဉ်အား အားကောင်းစေရန်နှင့် အချိန်တိုအတွင်း ဝိညာဉ်ရေးရာဆိုင်ရာ အာရုံများ ဖန်တီးနိုင်စေရန် ဖြစ်သည်။
အတိအကျပြောရလျှင် ၎င်းသည် ကျင့်ကြံသူ သခင် အဆင့်၏ အစိတ်အပိုင်းတစ်ခုသာဖြစ်သည်။
မည်သို့ပင်ဆိုစေကာမူ တောက်ပသောဝင်ပေါက်အဆင့် ကျင့်ကြံသူများအတွက်တော့ အလွန်အစွမ်းထက်ဆဲဖြစ်သည်။
ဤအခိုက်အတန့်တွင် လင်းရှန်သည် ကြွယ်ဝသော ဝိညာဉ်အနှစ်သာရကို လေထဲတွင် ခံစားနိုင်သည်..။