တပည့်အစစ်များနှင့် လျှို့ဝှက်ချက်များ (၂)
Vol. 15 Ch. 226
အတွေးတစ်ခုနဲ့အတူ သူ့ခန္ဓာကိုယ်တွင် ပြည့်လျှံနေသော မမြင်နိုင်သည့် ဝိညာဉ်ရေးရာအသိစိတ်သည် လေထဲမှ ဝိညာဉ်အနှစ်သာရကို သူ့ခန္ဓာကိုယ်ထဲသို့ စုပ်ယူသွားသည့် ရေငွေ့များအဖြစ် ချက်ချင်းပြောင်းလဲသွားသည်။
ယခင်က နေကိုးစင်းကျမ်းဂန်ကို ကျင့်ကြံခဲ့သော သူ၏တိုးတက်နှုန်းထက် ဆယ်ဆကျော် မြန်သည်။
သူ၏ခန္ဓာကိုယ်ထဲသို့ ဝိညာဉ်ရေးရာအနှစ်သာရများ တဟုန်ထိုးတက်လာသော ခံစားချက်သည် အတော်လေး လန်းဆန်းနေသည်။ လင်းရှန်သည် သူ၏တိုးတက်မှုအရှိန်အဟုန်တွင် လုံး၀ နှစ်မြုပ်သွားခဲ့သည်။
ကိုးရက်အကြာတွင်
ရွှေအနှစ်သာရ ဆေး ၃ လုံးကို လင်းရှန်သည် သောက်သုံးခဲ့သည်။
သူ၏ ကျင့်ကြံမှုသည် သူဆန္ဒအတိုင်း တောက်ပသောဝင်ပေါက်သတ္တမအဆင့်သို့ ရောက်သွားခဲ့သည်။
[အမည်-လင်းရှန်]
[စွမ်းရည် : နားလည်မှု]
[အဆင့်- တောက်ပသောဝင်ပေါက်သတ္တမအဆင့် ၊ ၂၃ %]
[ကျင့်ကြံနည်းစနစ်-နေကိုးစင်းကျမ်း (ပြီးပြည့်စုံခြင်းအဆင့် )၊ အရည်ပျော်ခြင်း (စစ်မှန်သော ကိုယ်ခံပညာအဆင့်)၊ တားမြစ်ထားသော ရွှေရောင်ချပ်ဝတ်တန်ဆာ (စစ်မှန်သော ကိုယ်ခံပညာအဆင့်)၊ တိမ်တိုက်နဂါးစည်းချက် (လမ်းကြောင်းအဆင့် ၄၅%)၊ နေကိုးစင်း နတ်ဘုရားဓား (လမ်းကြောင်းအဆင့် ၃၅%)…]
[မှော်စွမ်းအား -ဓားစွမ်းအင်ခုနစ်ခု (အဆင့် ၄၊ ၇၈ %)၊လျှပ်စီးလက်ဝါး (အဆင့် ၄ ၊ ၃၄ %)၊စက္ကူလူသားရွေ့လျားမှု (အဆင့် ၃ ၊ ၆၇%)၊လေဟုန်စီးခြင်း (အဆင့် ၃၊ ၄၈%)၊ရေကြေးမုံနည်းစနစ် (အဆင့် ၁ ၊ ၄၇ %)]
[ကိုယ်ပွားအရေအတွက်- ၇ (၂၀%)]
“နောက်ဆုံးတော့ ငါ ဖြတ်ကျော်သွားပြီ။ နေကိုးစင်းကျမ်းကလည်း ပြီးပြည့်စုံခြင်း အဆင့်ကို ရောက်ရှိသွားပြီ”
"ငါ့မှာ ရွှေအနှစ်သာရ ဆေးသုံးလုံးပဲရှိတာ နှမြောစရာပဲ။ တကယ်လို့ နောက်ထပ် ဆယ်လုံးရှိရင် တောက်ပသောဝင်ပေါက်နဝမအဆင့်ကို ဖြတ်ကျော်သွားလောက်ပြီ”
မျက်နှာပြင်ကိုကြည့်လိုက်တော့ လင်းရှန်သည် စိတ်မကောင်းစွာ တွေးလိုက်မိသည်။
သို့သော် ဤအတွေးသည် လောဘကြီးလွန်းသည်ကိုလည်း သူသိသည်။
ရွှေအနှစ်သာရ ဆေးပြားသည် အလွန် အဖိုးတန်သည်။ ထိုအချိန်က ကျန်းဟောင်နှင့် ရှီကျင့်ရှန်တို့ တိုက်ပွဲ ဆုကြေးမှာပင် ရွှေအနှစ်သာရ ဆေးတစ်လုံးသာ ဖြစ်သည်။
ဒီတစ်ကြိမ်မှာတော့ ရွှေအနှစ်သာရ ဆေးသုံးခုကို ရနိုင်ခဲ့သည်။ ဒါက တပည့်များကို ဆွဲဆောင်ရန် ကျောင်းက အထူးဖွဲ့စည်းထားသော ဆုလာဘ်တစ်ခုဖြစ်သည်။
ဤအရာသည် ကံကောင်းမှသာ ကြုံနိုင်သည်။
" ဝိညာဉ်ဂူထဲကို ဘယ်တော့ဝင်နိုင်မလဲဆိုတာ ငါစောင့်နေမယ်။"
တောက်ပသောဝင်ပေါက်သတ္တမအဆင့်သို့ဖြတ်ကျော်ပြီးနောက် ဝိညာဉ်
ပျိုးထောင်ခြင်းဆေးသည် လင်းရှန်အပေါ်တွင် ထိရောက်မှုမရှိတော့ပေ။
ရွှေအနှစ်သာရ ဆေးတွေ အကုန်သုံးပြီးပြီပင်။
ကျင့်ကြံခြင်းကို မြှင့်တင်လိုပါက ကြိုးစားမှုကိုသာ အားကိုးနိုင်သည်။
လင်းရှန်တွင် ကိုယ်ပွားခုနစ်ခုရှိလျှင်ပင် တောက်ပသောဝင်ပေါက် နဝမအဆင့်ကို ၁၀၀% ထိ ရောက်ရန် အနည်းဆုံး လအနည်းငယ်ကြာမည်ဖြစ်သည်။
သို့သော် သူသည် ဝိဥာဉ်ဂူထဲသို့ ဝင်နိုင်လျှင် တစ်လအတွင်း သူ၏ပန်းတိုင်ကို အရောက်လှမ်းနိုင်မည်ဖြစ်သည်။
"တိမ်တိုက်နဂါး စည်းချက်နဲ့ နေကိုးစင်းနတ်ဘုရား ဓားကိုလည်း စစ်မှန်သော ကိုယ်ခံပညာအဆင့် အမြန်ဆုံးရောက်အောင် လုပ်ရမယ်”
လင်းရှန်က တွက်ဆမှု ချက်အချို့လုပ်ခဲ့သည်။
တိမ်တိုက်နဂါးစည်းချက်သည် စစ်မှန်သောကိုယ်ခံပညာအဆင့်သို့မရောက်ရှိမီ ပြီးပြည့်စုံခြင်းအဆင့် ရွေ့လျားနည်းစနစ် ၁၁ခုနှင့် ပြတ်တောက်နေဆဲဖြစ်သည်။
နေကိုးစင်း နတ်ဘုရားဓားက နောက်ထပ်ဆယ့်သုံးခုလိုသေးသည်။
သူ၏ လက်ရှိကျင့်ကြံမှု အရှိန်အဟုန်နဲ့ဆို ကိုယ်ခံပညာကို လေ့ကျင့်ရန် အာရုံစိုက်ပါက သူသည် တစ်လခန့်အတွင်း စစ်မှန်သော ကိုယ်ခံပညာအဆင့် ကိုယ်ခံပညာနှစ်ခုကို ကျင့်ကြံနိုင်မည်ဖြစ်သည်။
နောက်ထပ် စစ်မှန်သော ကိုယ်ခံပညာ အဆင့် နှစ်ခုဖြင့် သူ၏ ခွန်အားသည် အနည်းဆုံး၁၀ မှ ၂၀ % အထိ တိုးလာမည်ဖြစ်သည်။ သူသည် ကမ္ဘာ့အနှစ်သာရကိုရှာဖွေရန် ဝိညာဉ်လှိုဏ်ဂူထဲသို့ဝင်ရာတွင်လည်း ယုံကြည်မှုပိုရှိမည်ဖြစ်သည်။
ကမ္ဘာ့အနှစ်သာရက လုံးဝမအားနည်းပေ။အမှန်မှာ သူတို့သည် ဝိညာဉ်ရေးရာ အနှစ်သာရကြွယ်ဝသောနေရာများတွင် ရှိပါက အားနည်းမည်မဟုတ်ပေ။ အပျော့ဆုံး
ကမ္ဘာ့အနှစ်သာရကပင် ဉာဏ်အလင်းရခြင်းဝိညာဉ်ရေးရာသားရဲကဲ့သို့ အစွမ်းထက်
သည်။
ခဏအကြာတွင် လင်းရှန်သည် အာရုံပျံ့လွင့်နေသော အတွေးများကို ဖယ်ထုတ်
လိုက်ပြီး ဆက်လက် ကျင့်ကြံရန် စိတ်ငြိမ်သက်သွားသည်။
ရုတ်တရက် သူ့နှလုံးက ခုန်တက်သွားသည်။
သင်္ကေတအားဖြင့် သူသည် တစ်စုံတစ်ဦး လာရောက်လည်ပတ်နေကြောင်း ခံစားလိုက်ရသည်။
လင်းရှန်က ချက်ချင်းထရပ်ပြီး ခြံအပြင်ဘက်သို့ ထွက်သွားသည်။ သူ့လက်ကို ဝှေ့ရမ်းလိုက်သည်နှင့် တံခါးပေါ်ရှိ ကန့်သတ်ချက်သည် ချက်ချင်း ပိတ်သွားသည်။ ရှီကျင့်ရှန်သည် ပြုံးပြုံးရွှင်ရွှင်ဖြင့် တံခါးဝတွင် ရပ်နေသည်ကို သူတွေ့လိုက်ရသည်။
"အစ်ကိုရှီ”
ရှီကျင့်ရှန်က သူ့ကို စိုက်ကြည့်ပြီး လေးလေးနက်နက် ပြုံးပြသည်။
"နောက်တစ်ဆင့်ကို တက်သွားလို့ ဂုဏ်ယူပါတယ် ဂျူနီယာ ညီလေးလင်း”
လင်းရှန်သည် ရွှေအနှစ်သာရဆေးပြား(၃) ပြားကို ရရှိထားကြောင်း ရှီကျင့်ရှန်က သိထားသောကြောင့် ကိုးရက်အတွင်း လင်းရှန် ထပ်မံ ဖြတ်ကျော်သွားသည်ကို မအံ့သြပေ။ သို့သော် သူက သက်ပြင်းချမိသည်။ လင်းရှန်သည် ကျောင်းသို့ ဝင်ရောက်တာ တစ်နှစ်သာ ရှိသေးသော်လည်း သူ၏ ကျင့်ကြံမှုအဆင့်သည် ရှီကျင့်ရှန် နှင့် တန်းတူဖြစ်နေပြီဖြစ်သည်။ အဲဒါက မယုံနိုင်လောက်စရာ အရည်အချင်းတစ်ခုပင်။
ရှီကျင့်ရှန်ကို ကျေးဇူးတင်ကြောင်းပြောပြီးနောက် သူဘာလို့အဲဒီမှာရှိနေတာလဲလို့ မမေးခင်မှာ လင်းရှန်က ကြိုဆိုခဲ့သည်။
“မင်းကို ပြောဖို့လာတာက ဂိုဏ်းက ဝိညာဉ်လိုဏ်ဂူကို စုံစမ်းဖို့ လူတွေကို စေလွှတ်ထားပြီး ပြီ။ အဲ့မှာ ဘာမှမလွဲချော်နေဘူးလို့ အတည်ပြုထားတယ်။ အဲ့တော့ ဒီနေ့ကစပြီး တပည့်တွေ အတွက် တရားဝင်ဖွင့်လှစ်ထားပြီး ပထမအသုတ်ဝင်လို့ရပြီ”
"ပြီးတော့ မင်းနဲ့ငါက ဝိညာဉ်လိုဏ်ဂူထဲကို ဝင်ဖို့ ပထမအသုတ် တပည့်တွေထဲ ပါတယ်”
လင်းရှန် ဝမ်းသာသွားသည် ။
တစ်လ သို့မဟုတ် နှစ်လလောက် စောင့်ရမည်ဟု သူတွေးထားသော်လည်း ဝိညာဉ်ဂူထဲသို့ မြန်မြန်ဆန်ဆန် ဝင်နိုင်မည်ဟု မမျှော်လင့်ခဲ့ပေ။
"ဘယ်တော့လဲ?" လင်းရှန်က အမြန်မေးလိုက်သည်။
“ငါးရက်အတွင်းပဲ” ရှီကျင့်ရှန်က ပြောသည်။ “ဂျူနီယာ ညီလေးမူ၊ ဂျူနီယာ ညီလေးဖူ၊ နဲ့ အောက်အိမ်တော်က ကောင်းကင်အဆင့် တပည့်ဆယ်ယောက်က ငါတို့နဲ့အတူ လိုက်လာလိမ့်မယ်။”
ရှီကျင့်ရှန်ရည်ညွှန်းသော ဂျူနီယာညီလေးမူမှာ မူချွမ်ဟွာ ဖြစ်သည်။
ဂျူနီယာ ညီလေးဖူကတော့ အထက်အိမ်တော်၏ တပည့်တစ်ဦးဖြစ်သည့် ဖူဝေ့ဖန်
ဖြစ်မည်ဟု လင်းရှန်ထင်မိသည်။
သို့သော် အထက်အိမ်တော်တပည့်လေးဦးသာ ဝိဥာဉ်ဂူထဲသို့ ဝင်ရောက်ဖို့က လင်းရှန်ကို အံ့အားသင့်စေသည်။
"စီနီယာ အစ်ကိုရှန်နဲ့ တခြားသူတွေကရော ဘယ်မှာလဲ"
ရှီကျင့်ရှန်က လင်းရှန် ဆိုလိုရင်းကို နားလည်ပြီး “အခြားသူတွေမှာ လုပ်စရာအလုပ်တွေ ရှိတယ်။ စီနီယာ အကိုရှန်ကတော့…”
ထိုအချိန်တွင် ရှီကျင့်ရှန်က ခေတ္တရပ်သွားပြီး မနာလိုမှုနှင့် လေးစားမှုတို့သည် သူ့မျက်လုံးထဲတွင် တောက်ပလာသည်။
“အစ်ကိုရှန်က လွန်ခဲ့တဲ့ ငါးရက်က ဆိတ်ငြိမ်ရာမှာ ကျင့်ကြံခဲ့ပြီး ဝိညာဉ်
သွေးကြောမဏ္ဍိုင်တစ်ခုဖန်တီးဖို့ ပြင်ဆင်နေပြီ”
လင်းရှန် အံ့အားသင့်သွားသည်။
တစ်ချိန်က ရှန်ကျီနင်သည် ကျောက်ပြားကို အလွယ်တကူအနိုင်ယူပြီး ကျန်းဟောင်ကို ယန်ကျင့်ရမ်ဆီမှ ကယ်တင်ခဲ့သည်ကို မြင်သောအခါ ရှန်ကျီနင်အဆင့်က အလွန်မြင့်မားနေမည်ဟု မှန်းဆခဲ့သည်။ သို့သော် သူသည် တောက်ပသော ဝင်ပေါက်နဝမအဆင့်သို့ရောက်ပြီး ဝိညာဉ်သွေးကြော မဏ္ဍိုင်တစ်ခုကို စတင်ဖန်တီးနေပြီဟု မထင်ခဲ့ပေ။
သူ၏ ခွန်အားသည် အခြားသော အထက်အိမ်တော်တပည့်များထက် များစွာ ကျော်လွန်နေပြီဖြစ်သည်။
လင်းရှန် အထက်အိမ်တော်သို့မတက်မီတွင် ဒုတိယအဆင့်ရှိ ရှီကျင့်ရှန်သည် တောက်ပသောဝင်ပေါက် ဆဌမအဆင့်တွင်သာရှိသေးသည်။ သူသည် ရှန်ကျီနင်ထက် အဆင့်သုံးဆင့်နိမ့်သည်။
ဤရှုထောင့်မှကြည့်လျှင် ရှန်ကျီနင်သည် အခြားအထက်အိမ်တော်တပည့်များနှင့် လုံးဝခြားနားသောအဆင့်တွင်ရှိနေသည်။
“အထက်အိမ်တော်က အကိုရှန်ကျီနင်ရဲ့အလားအလာနဲ့ဆို အနည်းဆုံး တတိယအဆင့် ဝိညာဉ် သွေးကြောမဏ္ဍိုင် ဒါမှမဟုတ် ဒုတိယအဆင့် ဝိညာဉ် သွေးကြောမဏ္ဍိုင်ကိုတောင် ဖန်တီးနိုင်လောက်တယ်”
ရှီကျင့်ရှန်၏ မျက်နှာသည် ငြူစူခြင်းများဖြင့် ပြည့်နေသည်။
“အကိုရှန်က နှစ်ဝက်လောက်မှာ ကျောင်းက ထွက်တော့မှာ။ အဲဒီမတိုင်ခင်က ကျင့်ကြံသူသခင်ဖြစ်နိုင်ရင် ဂိုဏ်းရဲ့ တရားဝင် တပည့်အစစ် ဖြစ်လာမှာ..သူတကယ်တိုးတက်လာတော့မှာ”