← Chapters

တပည့်အစစ်များနှင့် လျှို့ဝှက်ချက်များ (၃)

Vol. 15 Ch. 227

တပည့်အစစ်များနှင့် လျှို့ဝှက်ချက်များ (၃)

Vol. 15 Ch. 227

"တပည့်အစစ်လား" လင်းရှန်က အံ့အားသင့်သွားသည် ။

ရှီကျင့်ရှန်က သူ့နဖူးကို ပုတ်လိုက်သည်။ လင်းရှန်၏ နောက်ခံသမိုင်းကြောင်းကို သတိရမိမှ ထိုအရာများအကြောင်းကို သူမသိနိုင်ကြောင်း သိသွားသည်။ သူက စိတ်ရှည်ရှည်နဲ့ ရှင်းပြသည်။

"မင်း ကျောင်းကို ဝင်လာတုန်းက တပည့်တွေကို ဖယ်ထုတ်တဲ့ ကျောင်းရဲ့ စည်းမျဉ်းတွေ ကြားဖူးတယ်မလား။"

လင်းရှန်က ခေါင်းညိတ်လိုက်သည်။

 သူကြားဖူးသည်။ ယန်ကျုံးရီက သူ့ကို ပြောပြခဲ့တာပင်။

နှစ်စဉ်နှစ်တိုင်း  နိုင်ယန်းကျောင်းသည် ခွန်အားနှင့် ကျင့်ကြံမှုဆိုင်ရာ နောက်ဆုံးအဆင့်ရှိ တပည့် ၅၀ ကို ဖယ်ရှားပစ်သည်။

တကယ်တော့ ကျောင်းက မကြာသေးခင်ကပဲ လူ ၅၀ ကို ဖယ်ထုတ်ခဲ့သည်။

“ကျောင်းကနေ ထုတ်ပယ်ခံရတဲ့ တပည့်အများစုက ဂိုဏ်းရဲ့ ပြင်ပဂိုဏ်းဝင် တပည့်တွေ ဖြစ်လာမှာ ။ သူတို့တွေက  ဂိုဏ်းရဲ့ အနိမ့်ဆုံး တပည့်တွေပဲ ။ သူတို့အထက်တွေမှာ  အတွင်းဂိုဏ်းတပည့်တွေနဲ့ တပည့်အစစ်တွေ ရှိတယ်”

ရှီကျင့်ရှန်က ဖြည်းညှင်းစွာပြောလိုက်သည်။

“နိုင်ယန်းကျောင်းမှာ ငါးနှစ်ကြာနေနိုင်တဲ့ တပည့်တွေအားလုံးက ဘွဲ့ရပြီးရင် ဂိုဏ်းထဲ

ဝင်နိုင်ပြီး အတွင်းဂိုဏ်းရဲ့ တပည့်ဖြစ်လာနိုင်တယ်။ သူတို့က ပြင်ပဂိုဏ်းဝင်တပည့်တွေထက် အရင်းအမြစ်တွေကို ပိုမိုခံစားနိုင်ပြီး ခိုင်မာတဲ့ ကျင့်ကြံနည်းစနစ်များကို သင်ယူနိုင်တယ်”

“အဲဒီငါးနှစ်အတွင်းမှာ မင်းက ကျင့်ကြံသူသခင်တစ်ယောက်ဖြစ်လာနိုင်ရင် ကျောင်းကနေ ချက်ချင်းဘွဲ့ရပြီး ဂိုဏ်းရဲ့တပည့်အစစ်ဖြစ်လာနိုင်တယ်။ အဲ့ကျ ဂိုဏ်းက မင်းကိုဆေးပြားတွေ၊ စာအုပ်တွေနဲ့ သဘာဝရတနာများစွာကိုပေးမှာ ။ ကံကောင်းလို့ အကြီးအကဲတစ်ယောက်ရဲ့ ကျေးဇူးကို ခံယူပြီး တပည့်အဖြစ် ခံယူခွင့်ရရင် ဂိုဏ်းရဲ့ တပည့်တွေထဲမှာ မင်းနဲ့ရွယ်တူချင်းတွေကိုတောင် နှိမ့်ချနိုင်လုနီးပါးပဲ”

ရှီကျင့်ရှန်၏ လေသံမှာ မျှော်မှန်းခြင်းများဖြင့် ပြည့်နေသည်။

လင်းရှန်က စပ်စုကာမေးလေ၏  “အကို အခုချိန်ထိ ကျောင်းမှာ ဘွဲ့ရပြီးတာနဲ့ လူဘယ်နှစ်ယောက်လောက်က တပည့်

အစစ်တွေ ဖြစ်လာကြလဲ”

“အတော်နည်းပါတယ်” ဟု ရှီကျင့်ရှန်က မတွေးဘဲ ပြန်ဖြေသည်။ “နိုင်ယန်ကျောင်းကို တည်ထောင်ပြီးကတည်းက ငါးနှစ်အတွင်းမှာ ကျင့်ကြံသူသခင်ဖြစ်လာတဲ့သူ သုံးဦးပဲ ရှိတယ်။ နောက်ဆုံးတစ်ယောက်ကတော့ လွန်ခဲ့တဲ့ သုံးနှစ်ကပဲ”

လွန်ခဲ့တဲ့သုံးနှစ်ကလား

လင်းရှန်သည် ရုတ်တရက် နာမည်တစ်ခုကို တွေးလိုက်သည်။

ကျောင်းကို စဝင်ကတည်းက ဒီနာမည်ကို အကြိမ်ပေါင်းများစွာ ကြားဖူးသည်။

သူ့ရှေ့မှ ထိုလူသည်  ကျဆင်းနေသော မိသားစုထဲက တပည့်တစ်ယောက်အနေနဲ့ ပထမနေရာကို ပထမဆုံး ဆွတ်ခူးနိုင်ခဲ့သည်။

ထိုလူသည် ကျောင်းသို့ ဝင်ရောက်ပြီးနောက် နှစ်လအကြာတွင် ကြာရှည်စွာ

အသက်ရှုခြင်းအဆင့်ကို ဖြတ်ကျော်နိုင်ခဲ့သည်။ လင်းရှန်ရောက်သည့်အချိန်အထိ

ငါးနှစ်နဲ့ မည်သူမျှ စံချိန်မချိုးနိုင်ပေ။

တပည့်များစွာက သူ့ကို ထိုလူနှင့် ခိုင်းနှိုင်းသည်ကို လင်းရှန် ကြားဖူးသည်။

"စီနီယာ အစ်ကိုရှီ…စုလျူရင်ကို ပြောနေတာလား။"

"စုလျူရင် အကြောင်းကို ကြားဖူးတယ်လား” 

ရှီကျင့်ရှန်သည် လင်းရှန်ကို အံ့အားသင့်စွာ ကြည့်နေသော်လည်း တစ်စုံတစ်ခုကို တွေးကာ ချက်ချင်းပင် စိတ်သက်သာရာရသွားသည်။

"ဟုတ်တယ်။ ကျောင်းတည်ထောင်ချိန်ကတည်းက စုလျူရင်က ကျင့်ကြံသူသခင်အဖြစ် ဘွဲ့ရပြီး တပည့်အစစ်ဖြစ်လာခဲ့တဲ့ တတိယမြောက်လူပဲ။ တစ်ချိန်တည်းမှာ သူမက ကျင့်ကြံသူသခင်ဖြစ်ဖို့ အချိန်အနည်းဆုံး ကုန်ဆုံးခဲ့တဲ့တပည့်တစ်ဦးလည်းဟုတ်တယ် ။ သူမက လေးနှစ်လောက်ပဲ အချိန်ယူခဲ့ရတယ်”

“ပြီးတော့ သူမက အလွန်ရှားပါးတဲ့ ဒုတိယအဆင့် ဝိဉာဉ်မဏ္ဏိုင်သွေးကြောကို ဖန်တီးခဲ့တယ်။  ဒီလောက် ထက်မြက်တဲ့ လူတစ်ယောက်ကို မင်းမြင်ရမှာ မဟုတ်ဘူး…”

ထိုအချိန်တွင်ရှီကျင့်ရှန်က  ရုတ်တရက် ရပ်တန့်သွားပြီး တစ်စုံတစ်ခုကို သဘောပေါက်လိုက်သည်။

သူ့ရှေ့မှာထိုင်နေသည့်  ဂျူနီယာဖြစ်သူလင်းသည် ကျောင်းကို မဝင်ခင်ကတည်းက ကြာရှည်စွာ အသက်ရှုခြင်းအဆင့်မှာရှိနေပြီပင်။ ထို့အပြင် သူသည် တစ်နှစ်အတွင်း  တောက်ပသောဝင်ပေါက် သတ္တမအဆင့်သို့ပင် ဖြတ်ကျော် သွားခဲ့သည်။

အရည်အချင်းအရ လင်းရှန်သည် စုလျူရင်ထက် များစွာထူးချွန်သည်။

ဤနှုန်းဖြင့် သူသည် သုံးနှစ်မပြည့်မီတွင် ကျင့်ကြံသူသခင် ဖြစ်လာနိုင်သည်။

ထို့အပြင် လင်းရှန်သည် ကံမကောင်းလျှင်တောင် သူဖန်တီးထားသော 

ဝိဉာဉ်မဏ္ဏိုင်သွေးကြောသည်  တတိယအဆင့်ထက် နိမ့်ကျမည်မဟုတ်ပေ။ ဒုတိယအဆင့်  ဝိဉာဉ်မဏ္ဏိုင်သွေးကြောကို ပုံဖော်ရန် အခွင့်အလမ်းများစွာပင် ရှိခဲ့သည်။

ဒါကိုတွေးပြီး ရှီကျင့်ရှန်က သူ့ပါးစပ်ထဲက ထွက်လာတော့မည့် ချီးကျူးစကားတွေကို မျိုချလိုက်သည်။ သူ့အရှက်ကို ဖုံးကွယ်ရန် ချောင်းဆိုးလိုက်သည်။

လင်းရှန်သည် ရှီကျင့်ရှန် ဘာတွေတွေးနေမှန်းမသိပေ။ စကားပြောတာ ရပ်သွားသည်ကို မြင်တော့ သူက “စုလျူရင်ရဲ့ လက်ရှိ ကျင့်ကြံမှုအဆင့်က ဘာလဲ” ဟု စတင်မေးခဲ့သည်။

သူမေးလိုက်သည်နှင့်  ရှီကျင့်ရှင်၏အမူအရာသည် ချက်ချင်းပင် ထူးဆန်းလာသည်။

လင်းရှန်က အံ့ဩသွားပြီး "ဘာဖြစ်နေတာလဲ စီနီယာ အစ်ကိုရှီ”

ရှီကျင့်ရှန်သည် သူ့လည်ချောင်းကို ရှင်းထုတ်ပြီး ခေါင်းယမ်းလိုက်သည်။ "ငါ သေချာမသိဖူး ။"

လင်းရှန် အံ့အားသင့်သွားသည်။

ရှီကျင့်ရှန်၏ အဆိုအရ  စစ်လျူရင်သည်  နေကိုးစင်း ဂိုဏ်း၏ အာရုံစူးစိုက်မှုဗဟိုချက်ဖြစ်လာမည်ဖြစ်သည်။ သူမ၏ လှုပ်ရှားမှုတိုင်းသည် မရေမတွက်နိုင်သော အာရုံများကို ဆွဲဆောင်နိုင်မှာ သေချာသည်။

သူမ၏ ကျင့်ကြံမှု အဆင့်ကို အတိအကျ မသိလျှင်ပင် သူမ၏ ယေဘုယျ ကျင့်ကြံမှု အဆင့်ကို သိသင့်သည်။

လင်းရှန်၏ အံ့အားသင့်မှုကို မြင်လိုက်ရသဖြင့် ရှီကျင့်ရှန် က “တကယ်တော့ စုလျူရင်က  အခုဂိုဏ်းထဲမှာ မရှိဘူး။ လွန်ခဲ့တဲ့ နှစ်နှစ်လောက်က သူမက ဂိုဏ်းကို သစ္စာဖောက်ပြီး ပျောက်ကွယ်သွားခဲ့တယ်။”

သူမသည် ဂိုဏ်းကို သစ္စာဖောက်ခဲ့သည်..

လင်းရှန်သည် ဤတစ်ကြိမ်တွင် အမှန်တကယ်ပင် ထိတ်လန့်သွားပြီး အသေးစိတ်

အချက်အလက်များကို မေးလိုက်သည်။

ရှီကျင့်ရှန်က ခေါင်းကို အနည်းငယ် ခါလိုက်သည်။ “အသေးစိတ်တော့ မသိဘူး။ အဲဒီတုန်းက  အကိုကကျောင်းကို ဝင်ရုံပဲရှိသေးတာ ။  ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့တာကိုပဲ သိတယ်။ အဲ့ဒီ အဖြစ်အပျက်မှာ ကျင့်ကြံသူသခင် ဆယ်ဦးကျော် သေဆုံးခဲ့တယ်လည်း ပြောတယ်”

“စုမိသားစုက စုလျူရင် ပေါ်လာမှုကြောင့် ဩဇာညောင်းတဲ့ ဆယ့်ရှစ်မိသားစု အဆင့်ကို ပြန်နိုင်ခွင့်ရှိခဲ့တယ်။ ဒါပေမယ့် အဲဒီအဖြစ်အပျက်အပြီးမှာတော့ သူတို့ ပြန်ကောင်းမလာနိုင်ကြသလို အရင်ကထက်တောင် ပိုကျဆင်းလာခဲ့တယ်။”

လင်းရှန် နှုတ်ဆိတ်သွားသည်။ ဒီနောက်ကွယ်မှာ ဒီလိုလျှို့ဝှက်ချက်ရှိဖို့ သူ မျှော်လင့်မထားပေ။

ထိုသို့ဆိုလျှင် စုလျူရင်သည် စုနျန်နှင့် တူညီသောမျိုးနွယ်မှ ဆွေမျိုးဖြစ်နိုင်သည်။

သို့သော် သူသည် စုနျန်ဆီမှ သူမနာမည်ကို မကြားခဲ့ဖူးပေ။

သို့သော် ဒုတိယအတွေးအရ  စုလျူရင်၏သစ္စာဖောက်မှုသည် စုမိသားစုအတွက် အလွန်ပြင်းထန်သောအကြပ်အတည်းဖြစ်စေခဲ့သည်။ စုနျန်သည် ဤဆွေမျိုးကို မဖော်ပြချင်တာကို  နားလည်နိုင်သည်။

ခဏကြာတော့ ရှီကျင့်ရှန်သည် အကြောင်းအရာကို လျင်မြန်စွာပြောင်းလဲပြီး အဓိကအကြောင်းအရာသို့ ပြန်သွားခဲ့သည်။

“ညီလေးလင်း၊ ငါတို့ ငါးရက်အတွင်း အရှေ့တံခါးမှာ စုဝေးကြမယ်။ အဲဒီကနေ ဝိညာဉ်ဂူကို သွားမယ်။ ဒီတစ်ခါတော့ ဝိညာဉ်ဂူထဲမှာ တစ်လလောက်နေမယ်။ အဲ့လိုအခြေအနေမျိုးမှာ လုံလောက်တဲ့ ထောက်ပံ့မှုတွေနဲ့ ဆေးပြားတွေ ယူလာပြီး လုံလောက်တဲ့ ပြင်ဆင်မှုတွေပါ လုပ်ထားရင် ပိုကောင်းမယ်။"

လင်းရှန်က ခေါင်းညိတ်လိုက်သည်။

ခဏလောက် စကားစမြည်ပြောပြီးနောက် ရှီကျင့်ရှန်က နှုတ်ဆက်ပြီး ထွက်သွားသည်။

ရှီကျင့်ရှန်ပြန်သွားပြီးနောက် လင်းရှန်သည် ကျင့်ကြံရေးခန်းသို့ ပြန်သွားပြီး ဆက်လက် ကျင့်ကြံရန် ပြင်ဆင်ခဲ့သည်။

ဝိညာဉ်လှိုဏ်ဂူသို့ မသွားမီ ငါးရက်သာ လိုသည်။ သူသည် တိမ်တိုက်နဂါး စည်းချက်နှင့် နေကိုးစင်းနတ်ဘုရားဓားကို တိုးမြှင့်ရန် စီစဉ်ခဲ့သည်။

ဝိဥာဉ်ဂူသို့ရောက်သောအခါတွင် သူ၏စွမ်းရည်များတိုးပွားလာစေရန် ကမ္ဘာ့အနှစ်သာရကို သတ်ပစ်ဖို့ ၎င်းကိုအသုံးပြုရမည်။  တိမ်တိုက်နဂါး စည်းချက်နှင့် နေကိုးစင်းနတ်ဘုရားဓား နှစ်ခုလုံးက စစ်မှန်သောကိုယ်ခံပညာအဆင့်သို့ ရောက်ရှိသွားနိုင်သည်။

ဝိဥာဉ်ဂူထဲကိုဝင်ပြီး အရေးကြီးဆုံးအရာက သူ့ကျင့်ကြံမှုအဆင့်ကို တိုးမြှင့်ဖို့ပင်။

“တောက်ပသော ဝင်ပေါက် နဝမအဆင့်ကို မြှင့်တင်ဖို့ တစ်လလောက်ဆို လုံလောက်ပါတယ်။ ဝိဥာဉ်ဂူထဲက ထွက်လာတဲ့အခါ ဝိညာဉ်မဏ္ဏိုင်သွေးကြောတွေကို စတင်ဖန်တီးနိုင်ပြီ” 

လင်းရှန်သည် ကျင့်ကြံသူ သခင် ဖြစ်ဖို့မကြာတော့ဘူးဟု တွေးကာ စိတ်

လှုပ်ရှားနေ၏

ခဏကြာတော့ စိတ်ငြိမ်သွားပြီး ကျင့်ကြံဖို့  အာရုံစိုက်လာသည်။

သိပ်မကြာခင်မှာပဲ လေထဲမှာ လွင့်ပျံနေသည့်အဝတ်အစားတွေနဲ့ ဓားခုတ်သံတွေက လေ့ကျင့်ရေးခန်းထဲမှာ တဝုန်းဝုန်း မြည်လာခဲ့သည်။

All Chapters