← Chapters

ဝိညာဉ်ဂူဖွင့်ခြင်း (၁)

Vol. 15 Ch. 228

ဝိညာဉ်ဂူဖွင့်ခြင်း (၁)

Vol. 15 Ch. 228

ငါးရက်အကြာ

နဂါးမြို့တော် အရှေ့ဘက်တံခါးမှာတော့

လင်းရှန်သည် မြို့တံခါးမှ ထွက်လာပြီး သဘောတူထားသည့် စုရပ် နေရာကို ရောက်

သည်။ သူမှလွဲ၍ ကျန်တဲ့လူတိုင်းလည်း ရောက်နှင့်ပြီးသားပင်။

"ကျွန်တော်ကို စောင့်နေကြရလို့ တောင်းပန်ပါတယ်” 

ရှီကျင့်ရှန်က ပြုံးပြပြီး သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။

“ပြောထားတဲ့အချိန်မတိုင်ခင် နာရီဝက်အလိုမှာ လာတာပဲ ။ မင်းနောက်မကျပါဘူး”

ကောင်းကင်အဆင့် တပည့်အနည်းငယ်က ချက်ချင်း တညီတညွတ်တည်း ပြောကြသည်။

"ကျွန်တော်တို့ကသာ ဒီကို စောစောရောက်နေတာ။"

"အစ်ကိုကြီး လင်း၊ စိတ်မပူပါနဲ့"

လင်းရှန်ကို ကြည့်ရင်း သူတို့အားလုံး ပြုံးနေကြသည်။

ယန်ကျင့်ရမ်နှင့် တိုက်ပွဲအပြီးတွင် လင်းရှန်သည် ရှန်ကျီနင်ပြီးလျှင် ကျောင်းတွင် ဒုတိယအပြင်းထန်ဆုံး တပည့်အဖြစ် လူသိရှင်ကြား အသိအမှတ်ပြုလာခဲ့သည်။

ထို့အပြင် သူသည် ဒုတိယအင်အားအကောင်းဆုံးဖြစ်သော်လည်း လင်းရှန်သည် ရှန်ကျီနင် ဝင်လာပြီး သုံးနှစ်အကြာမှ ကျောင်းသို့ ဝင်ရောက်ခဲ့တာ ဖြစ်သည်။

သုံးနှစ်ကြာပြီးနောက်  ဘာမှမမှားပါက လင်းရှန်၏ခွန်အားနှင့် ကျင့်ကြံမှုသည် လက်ရှိ ရှန်ကျီနင်ကို ကျော်လွန်သွားမည်ဖြစ်သည်။

ဤရှုထောင့်မှကြည့်လျှင် လင်းရှန်၏အနာဂတ်သည် ရှန်ကျီနင်ထက် များစွာ တောက်ပနေပါသည်။

အောက်အိမ်တော်မှ တပည့်များသည် သူ့အား မျက်နှာသာပေးနေ၏ ။ ဒီလိုအသေးအမွှားကိစ္စလေးအပေါ်မှာ သူတို့ ဘယ်လိုများ ဝုန်းဒိုင်းကြဲရဲကြပါ့မလဲ။

လင်းရှန်သည် ဤလူများ ဘာတွေးနေသည်ကို သိသော်လည်း ဂရုမစိုက်ပေ။ စကား အနည်းငယ် ဖလှယ်ပြီးနောက် အခြားသူများကို ကြည့်လိုက်၏။

 ယန်ကျင့်ရမ်ကိုကိုဝိုင်းရံထားစဉ်က မူချွမ်ဟွာနှင့် ဖူဝေ့ဖန်တို့ကို တွေ့ဆုံဖူးသည်။

ကျန်တဲ့ ကောင်းကင်အဆင့် တပည့်ဆယ်ယောက်ထဲက အများစုဟာ မရင်းနှီးတဲ့ပုံပေါက်သည်။

ဒါကလည်း လင်းရှန်သည် ကျောင်းတွင် အချိန်အများစုကို ကျင့်ကြံနေသောကြောင့်

ဖြစ်သည်။ ယန်ကျုံရီ၊ စုနျန်မှလွဲ၍ မည်သူနှင့်မျှ ထိတွေ့ဆက်ဆံမှု မရှိသလောက်ပင်။ ထို့ကြောင့် သူသည် လူအနည်းငယ်ကိုသာ သိသည်။

သို့သော် သူသည် လူတစ်ဉီးကိုတော့သိသည်။

အိုက်ကျင့်ထင်နဲ့က ဖီရွန်တောင်ပေါ်တွင် တစ်ကြိမ်တွေ့ဖူးသည်။

တောင်ပေါ်သရဲပင်အတွက်  မူလဆေးပြား(၁၃)လုံးတောင် သုံးခဲ့ဖူးတာကို သူသတိရသွားသည်။

လင်းရှန်မော့ကြည့်လိုက်တော့  အိုက်ကျင့်ထင်က သူ့ကို အနည်းငယ် ခေါင်းညိတ်ပြသည် ။ "မတွေ့တာကြာပြီနော် အစ်ကိုကြီးလင်း"

ဒါကိုပြောပြီးတာနဲ့  အိုက်ကျင့်ထင်က သူမခံစားချက်တွေကို ဖော်ပြဖို့ခက်လာသည်။

လွန်ခဲ့သည့်တစ်နှစ်က လင်းရှန် နှင့်တွေ့သောအခါတွင် သူသည် အနက်ရောင်အဆင့် တပည့်တစ်ဦးသာဖြစ်ပြီး စီနီယာအစ်မဟုခေါ်ခဲ့ကြောင်း သူမ မှတ်မိသေးသည်။

ဒီနေ့ပြန်တွေ့တဲ့အခါ အထက်အိမ်တော်၏ တပည့်ဖြစ်နေပြီလို့ ဘယ်သူထင်မှာလဲ။ ထို့အပြင် သူသည် ကျောင်းတွင် ပြိုင်ဘက်ကင်း ပါရမီရှင်ဖြစ်သည်။ ၎င်းတို့ကြားရှိ အနေအထားနှင့် ဆက်ဆံမှုပုံစံမှာလည်း ပြောင်းပြန်ဖြစ်နေသည်။ ခံစားချက်ကို ဖော်ပြရန် အလွန်ခက်သည်။

လင်းရှန်လည်း ဒီကိစ္စကို သိပ်ပြီး မစဉ်းစားပေ။ သူက အဝေးကို လှည့်မကြည့်မီ ခေါင်းညိတ်ပြလိုက်သည်။

အားလုံးရောက်လာတော့ ရှီကျင့်ရှန်သည်  နောက်ထပ်မနှောင့်နှေးတော့ဘဲ “အားလုံးပဲ အခုထွက်လိုက်ကြရအောင်” ဟု ကြေငြာလိုက်သည်။

သူပြောပြီး လက်ကိုဝှေ့ယမ်းလိုက်ရာ လူတိုင်းက ရုတ်တရက် အမြင်အာရုံ မှောင်သွားသလို ခံစားလိုက်ရသည်။ ပျံသန်းနေသော သင်္ဘောတစ်စင်းသည် သူတို့ရှေ့ လေထဲမှ ထွက်ပေါ်လာသည်။

ပျံသန်းနေသော သင်္ဘောသည် အရှည် သုံးဆယ်မှ လေးဆယ် မီတာထိရှိပြီး အမြင့် ဆယ်မီတာ ကျော် ရှိသည်။ အရှေ့ဘက်တွင် နဂါးဦးခေါင်းနှင့် နောက်ကျောတွင် မိကျောင်းအမြီးနှစ်ချောင်းရှိသည်။ အလယ်တွင် ကျက်သရေရှိသော သုံးထပ်အဆောက်အုံကြီးရှိသည်။

ကောင်းကင်အဆင့်ရှိ တပည့်တစ်စုသည် ပျံသန်းနေသော သင်္ဘော ရုတ်တရက် ပေါ်လာခြင်းကြောင့် ထိတ်လန့်သွားသည်။

သူတို့ အသိအာရုံပြန်ဝင်လာသောအခါတွင် တပည့်တစ်ဦး၏ မျက်လုံးများ တောက်ပလာပြီး “အကိုရှီ အဲ့တာ နဂါးသွားပျံသန်းခြင်းသင်္ဘောလား” ဟု ပြောလိုက်သည်။

ရှီကျင့်ရှန်က သူ့ကို ငုံ့ကြည့်ကာ ပြုံးပြီး ခေါင်းညိတ်သည်။ “ဟုတ်တယ်”

ဒါကိုကြားတော့ ကောင်းကင်ဘုံက တပည့်တွေက အားကျပြီး အံ့သဩသွားကြသည်။

နဂါးသွား ပျံသန်းခြင်း သင်္ဘောသည်အထူး လက်နက်-အဆင့် ပျံသန်းနိုင်သော ဓမ္မရတနာဖြစ်သည်။နေကိုးစင်းဂိုဏ်း၏ နာမည်ကျော် ကောင်းကင် မဏ္ဍိုင်ပျံသန်းခြင်း နန်းတော်နှင့် မနှိုင်းယှဉ်နိုင်သော်လည်း ၎င်းသည် ရှားပါး ရတနာတစ်ခု ဖြစ်နေဆဲဖြစ်သည်။

နေကိုးစင်းဂိုဏ်းတွင် ကျင့်ကြံသူသခင်များသာ ၎င်းကိုပိုင်ဆိုင်ရန် အရည်အချင်း ပြည့်မီသည်။

ရှီကျင့်ရှန်၏ ပျံသန်းနေသော သင်္ဘောကို သူ့ဆရာကြီးထံမှ ငှါးယူထားတာ သေချာသည်။

သူတို့၏ ဦးတည်ရာသည် နဂါးချောက်နက်တောင်တန်း၏ နက်နဲသောနေရာ ဖြစ်သောကြောင့် သူသည် ၎င်းကိုဆရာစစ် ထံမှ ငှါးယူခဲ့ခြင်း ဖြစ်နိုင်သည်။

ဤ နဂါးသွား ပျံသန်းခြင်း သင်္ဘောနဲ့ဆို   ၎င်းတို့၏ ဦးတည်ရာကို လျင်မြန်စွာ ရောက်ရှိနိုင်ရုံသာမက လမ်းတစ်လျှောက်တွင်လည်း အန္တရာယ်ကင်းမည်ဖြစ်သည်။

နဂါးသွား ပျံသန်းခြင်းသင်္ဘော၏ ကန့်သတ်ချက်များသည် နတ်ဆိုးကျင့်ကြံသူ မဖြစ်သေးသော မည်သည့်နတ်ဆိုးများ၏တိုက်ခိုက်မှုကိုမဆို ခံနိုင်ရည်ရှိသည်။

အံ့အားသင့်စွာဖြင့် လူတိုင်းသည် နဂါးသွား ပျံသန်းခြင်း သင်္ဘောပေါ်ကို တက်ခဲ့ကြသည်။

"အားလုံး အနားယူကြ.. အနည်းဆုံး နှစ်နာရီအတွင်း ကျွန်တော်တို့ လိုရာခရီးကို ရောက်မှာပါ” ဟု  ရှီကျင့်ရှန်က အပြုံးဖြင့် ပြောကြားခဲ့သည်။

လူတိုင်းက ထိုင်ကြသည်။

လင်းရှန်သည် ရှီကျင့်ရှန်နံဘေးတွင် ထိုင်ကာ တိုးညှင်းသော အသံဖြင့် စကားပြောသည်။ သူစကားပြောနေစဉ်တွင် အိုက်ကျင့်ထင်၏ နောက်ခံအကြောင်းကို မေးမြန်းခဲ့သည်။

လင်းရှန်သည် အိုက်ကျင့်ထင်၏အလှကို စိတ်ဝင်စားခဲ့တာ မဟုတ်ဘဲ ယခုတစ်ကြိမ်တွင် ဝိညာဉ်ဂူသို့သွားမည့် ကောင်းကင်အဆင့်ရှိ တပည့်အားလုံး နီးပါးသည် တောက်ပသော ဝင်ပေါက်အဆင့်တွင် ရှိနေသည်ပင် ။ အိုက်ကျင့်ထင်သည် ကြာရှည်စွာအသက်ရှုခြင်းအဆင့်တွင် ရှိနေသည်။

ဒါက အိုက်ကျင့်ထင်မှာ နောက်ခံတစ်ခုခုရှိပြီး ဖြတ်လမ်းကို လိုက်ခဲ့တာများလားဟု လင်းရှန်ကို အံ့ဩသွားစေခဲ့သည်။

ရှီကျင့်ရှန်က ရယ်ပြီး ခေါင်းယမ်းသည်။ သူက ရှင်းပြလေ၏  “ဂျူနီယာညီမအိုက် တကယ်ကို နောက်ခံရှိတယ်။ ဒါပေမဲ့ သူမက ယခုတစ်ကြိမ် ဝိညာဉ်လှိုဏ်ဂူထဲကို ဝင်တဲ့အခါမှာ နေရာတစ်ခုရရှိဖို့ သူမကိုယ်ပိုင်စွမ်းရည်ကို အားကိုးအားထားပြုခဲ့တာ ။”

"ဘာကိုဆိုလိုတာလဲ?" လင်းရှန်သည် ချက်ချင်းပင် စိတ်ဝင်စားသွားသည်။

"မင်းကကျင့်ကြံဖို့ အာရုံစိုက်လေ့ရှိတော့ ကျောင်းရဲ့ ကိစ္စတွေကို သိပ်ဂရုမစိုက်တတ်ဘူး မဟုတ်လား။" ရှီကျင့်ရှန်က ပြုံးပြုံးလေးပြောသည် ။ “ဂျူနီယာညီမအိုက်က ကျောင်းမှာ တော်တော်နာမည်ကြီးတယ်။ သူမက အဂ္ဂိရတ်ပညာမှာ အတော်လေးထူးချွန်ပြီး ကျောင်းမှာ အပြောင်မြောက်ဆုံး အဂ္ဂိရတ်

ပညာရှင်ပဲ”

“သူမက ကြာရှည်စွာအသက်ရှုခြင်းအဆင့်မှာ ရှိပေမဲ့  လွန်ခဲ့တဲ့ နှစ်ဝက်ခန့်က ဝိညာဉ်မီးတောက်ဆေးကို သူမကိုယ်တိုင် သန့်စင်နိုင်ခဲ့ပြီး တရားဝင် အဂ္ဂိရတ်ပညာရှင်တစ်ယောက်ဖြစ်လာခဲ့တယ်။  ဒါက ကျောင်းမှာ ထူးခြားတယ်။ အဂ္ဂိရတ်ခန်းမက  အဂ္ဂိရတ်ဆရာ တော်တော်များများကတောင် သူ့ထက်တောင် ကျွမ်းကျင်မှုနည်းသေးတယ်”

လင်းရှန်သည် အိုက်ကျင့်ထင်ကို အံ့အားသင့်စွာ ကြည့်လိုက်သည်။ နူးညံ့သိမ်မွေ့သော ဤမိန်းကလေးသည် အဂ္ဂိရတ်ဉာဏ်ကြီးရှင် ဖြစ်လာမည်ဟု သူ မမျှော်လင့်ထားပေ။

"ဒါဆို သူဘာလို့ ဝိညာဉ်ဂူထဲကို ဝင်ချင်တာလဲ" လင်းရှန်က မေးသည်။

အဂ္ဂိရတ်သမားများသည် ကျင့်ကြံမှုကို သိပ်ဂရုမစိုက်ပေ။ ဆင်ခြင်တုံတရားအရ ကျင့်ကြံမှု တိုးမြှင့်လိုလျှင်ပင် အန္တရာယ်အဆင့် သတ်မှတ်ထားသော ဝိညာဉ်လိုဏ်ဂူကဲ့သို့ နေရာကို မသွားရဲကြပေ။ ဘေးကင်းလုံခြုံစွာ ကျင့်ကြံနိုင်စေရန် ဆေးပြားများကို အသုံးပြုခြင်းက ပိုကောင်းမည် မဟုတ်ဘူးလား။

ရှီကျင့်ရှန်က ပြုံးပြီးပြောသည်  "ဒါက ငါတို့ ဝိညာဉ်ဂူထဲကို ပထမဆုံးအကြိမ် ဝင်တာလေ။ ဒါကြောင့် အတွင်းပိုင်းအခြေအနေနဲ့ ပတ်သက်ပြီး ဘာမှ မသိသေးဘူး။ အဲ့တော့ ဝိညာဥ်လှိုဏ်ဂူနှင့် ရင်းနှီးသူတစ်ဦးနဲ့ အတူခရီးသွားတာက အကောင်းဆုံးပဲ။ ဂျူနီယာ ညီမလေးအိုက်ရဲ့ဆရာက  ဝိညာဉ်ဂူထဲကို အကြိမ်များစွာဝင်ရောက်ခဲ့ပြီး အဲ့အကြောင်းတွေကို အတောင်လေးသိလို့ သူ့ဆရာကြီးဆီကအကြံဉာဏ်တောင်းဖို့ ညီမလေးအိုက်ကို တောင်းဆိုခဲ့ရတာ”

All Chapters