သွေးချည်သန်ကောင် (၁)
Vol. 15 Ch. 234
သွေးပင်လယ်ဂိုဏ်း
၎င်းက ပင်လယ်ပြင်စောင့်ကြည့်ခြင်းမြို့ကို အုပ်ချုပ်သော ဒိဌိဂိုဏ်းတစ်ခုဖြစ်သည်။
နဂါးမြို့တော်နှင့်မတူတာက သွေးပင်လယ်
ဂိုဏ်းသည် ပင်လယ်ပြင်စောင့်ကြည့်ခြင်းမြို့ရှိ တစ်ခုတည်းသောဂိုဏ်းဖြစ်သည်။
သွေးပင်လယ်ဂိုဏ်း၏ စွမ်းအားသည် နေကိုးစင်းဂိုဏ်း၊ မြစိမ်းရောင်ဆီးနှင်းဂိုဏ်းနှင့် ပြင်းထန်သောရေလှိုင်းဂိုဏ်းတို့ထက် များစွာကျော်လွန်သည်။
အင်အားစုသုံးစုမှသာလျှင် သွေးပင်လယ်ဂိုဏ်းကို ဆန့်ကျင်တိုက်ခိုက်နိုင်မည် ဖြစ်သည်။
ဒိဌိဂိုဏ်းတစ်ခုအနေဖြင့် သွေးပင်လယ်ဂိုဏ်းသည် ၎င်း၏ ရက်စက်ကြမ်းကြုတ်မှုကြောင့် လူသိများသည်။ လူတွေကို သတ်ဖြတ်ပြီး သူတို့ဝိညာဉ်တွေကို သန့်စင်တာကဖြစ်ရိုးဖြစ်စဉ်တစ်ခုပင်။
သွေးပင်လယ်ဂိုဏ်း၏ တပည့်များသည် သာမန်လူများနဲ့ ကျင့်ကြံသူများကိုပင် တိုက်ပွဲတွင် ရန်သူများကို သတ်ရန်အတွက် အသုံးပြုနိုင်သည့် ရုပ်သေးရုပ်များအဖြစ် သန့်စင်ပေးနိုင်သည်။
ထိုကဲ့သို့သော ရုပ်သေးရုပ်ကို သွေးဝိညာဉ်ဟုခေါ်သည်။
ယခင်က ထိုလူနှင့် စကားပြောနေစဉ် ညှိ့ဓာတ်ရှိသောမိန်းမဆီမှ သွေးဝိညာဉ် အကြောင်းကြားသောအခါ သူတို့သည် သွေးပင်လယ်ဂိုဏ်း၏ တပည့်များ ဖြစ်ကြောင်း လင်းရှန်မှန်းဆခဲ့သည်။
အိုက်ကျင့်ထင်ပြောတာကို အခု သူကြားတော့ သံသယမရှိတော့ပေ။
“ဒါဆိုရင် အဲဒီသွေးအရိပ်တွေက သွေးပင်လယ်ဂိုဏ်းရဲ့ ထူးခြားတဲ့သွေးဝိညာဉ်တွေပဲ ဖြစ်ရမယ်။” လင်းရှန်က သူ့ဘာသာ တွေးနေမိသည်။
သူ သတိပြန်ရပြီးနောက် အိုက်ကျင့်ထင်ကို ဘာဖြစ်သွားတာလဲဟု မေးသည်။
အိုက်ကျင့်ထင်က ခါးသက်စွာ ပြုံးပြီး အရာအားလုံးကို ပြောပြသည်။
ဝိဥာဉ်ဂူထဲသို့ဝင်ပြီး တိုကင်များပေါ်တွင် အာရုံခံစားမိပြီးနောက် အချင်းချင်း ချဉ်းကပ်ခဲ့ကြသည်။
နှစ်ရက်အတွင်းမှာပင် လင်းရှန်မှလွဲ၍ အားလုံးစုဝေးခဲ့ကြသည်။
အချိန်သည် အဖိုးတန်သောကြောင့် လင်းရှန်ကို မရှာတော့ဘဲ ကျင့်ကြံရန် ယာယီ တိတ်ဆိတ်ငြိမ်သက်သော နေရာတစ်ခုကိုသာ ရှာဖွေနိုင်ခဲ့သည်။
အစပိုင်းမှာတော့ အရာအားလုံးက ချောချောမောမောပင်။ လူဆယ်ယောက်ကျော်သည် အလှည့်ကျ စောင့်ကြပ်ကာ လူ့အရောင်အဝါကြောင့် ချဉ်းကပ်လာသော နတ်ဆိုးများကို သုတ်သင်ရှင်းလင်းခဲ့ကြသည်။ ကျန်တဲ့အချိန်တွေကို အသုံးချပြီး ကျင့်ကြံကြသည်။
ဆယ်ရက်ကြာပြီးနောက် လူတိုင်း၏ ကျင့်ကြံမှု ကသိသိသာသာ တိုးလာခဲ့သည်။
အထူးသဖြင့်အိုက်ကျင့်ထင်သည် တောက်ပသောဝင်ပေါက်အဆင့်အတားအဆီးများကို ယောင်ဝါးဝါး ထိမိခဲ့သည်။ သူမသည် မကြာမီ ဖြတ်ကျော်တော့မည်ပင်။
သို့သော် ယနေ့တွင် သွေးပင်လယ်ဂိုဏ်း၏ တပည့်အုပ်စုတစ်စုသည် မည်သည့်နေရာမှ ထွက်ပေါ်လာမှန်းမသိဘဲ မမျှော်လင့်ဘဲ တိုက်ခိုက်ခဲ့ကြသည်။
အပြင်းအထန်တိုက်ပွဲက တပည့်တွေကို ကွဲသွားစေသည်။
အိုက်ကျင့်ထင်နှင့် အောက်အိမ်တော်တပည့်နှစ်ယောက်သည် အတူတူ ဆုံခဲ့ကြပေမယ့် စောစောက သွေးပင်လယ်ဂိုဏ်း၏တပည့်နှစ်ယောက်ဖြစ်သည့် ယောက်ျားနဲ့ မိန်းမဆီမှာ ဖမ်းမိသွားသည်။
၎င်းတို့နှစ်ဦးသည် တောက်ပသောဝင်ပေါက် ဆဌမ သို့မဟုတ် သတ္တမအဆင့်တွင် ရှိနေသည်။ အိုက်ကျင့်ထင်နှင့် အောက်အိမ်တော်က တပည့်နှစ်ယောက်က သူတို့ပြိုင်ဘက်မဟုတ်ပေ။
ထွက်ပြေးဖို့ ကြိုးစားခဲ့ကြပေမယ့် နောက်ဆုံးမှာတော့ အောက်အိမ်တော်က တပည့်နှစ်
ယောက်သည် သွေးပင်လယ်ဂိုဏ်း၏ တပည့်တွေ လက်အောက်မှာ ကြေကွဲဖွယ် သေဆုံးသွားခဲ့သည်။ အိုက်ကျင့်ထင်သာလျှင်အထူး လက်နက်ရတနာသစ်ပင်ကြောင့် ယခုအချိန်အထိ ရှိနေနိုင်တာပင်။
လင်းရှန်သာ မပေါ်လာခဲ့ရင် သူမ လွတ်မြောက်မှာ မဟုတ်ပေ။ အောက်အိမ်တော်က တပည့်နှစ်ယောက်ထက် ပိုတောင် သနားစရာကောင်းနေနိုင်သည်။
ထိုအချိန်တွင် အိုက်ကျင့်ထင်သည် အကြောက်တရားများ ရှိနေသေးသည်။ သူမသည် လင်းရှန်ကို ကျေးဇူးတင်မှု၊ အံ့ဩမှုတို့နှင့် ကြည့်လိုက်သည်။
လင်းရှန်က သူမကို ကယ်တင်ခဲ့တဲ့အတွက် ကျေးဇူးတင်နေခဲ့သည်။
သူမအနေနဲ့ အခုကိစ္စကို မျက်မြင်တွေ့လိုက်ရလို့ အံ့ဩသွားသည်။
အိုက်ကျင့်ထင်သည် ထိုသွေးပင်လယ်ဂိုဏ်း၏ တပည့်နှစ်ယောက် မည်မျှ အစွမ်းထက်သည်ကို ကောင်းစွာသိသည်။
သူမ၏အမြင်တွင် ထိုလူနှစ်ယောက်သည် ယန်ကျင့်ရမ်ကဲ့သို့ပင် အရည်အချင်းရှိကြသည်။
ဒါပေမယ့် လင်းရှန်သည် တစ်ယောက်ကို သတ်ပြီး နောက်တစ်ယောက်ကိုတော့ ဒဏ်ရာအပြင်းအထန်ရစေခဲ့သည်။
သုံးစက္ကန့်မှ လေးစက္ကန့်အတွင်းမှာပဲ သွေးပင်လယ်ဂိုဏ်း၏ တပည့်နှစ်ယောက် သေဆုံးသွားခဲ့သည်။
ဒီခွန်အားက ရင်သပ်ရှုမောစရာပင်။
"တပည့်အဆင့် စိန်ခေါ်တဲ့နေ့နဲ့ ယှဉ်ရင် လင်းရှန်က ပိုသန်မာလာတယ်” အိုက်ကျင့်ထင် ရင်တွင်းထဲ သက်ပြင်းချလိုက်သည်။
လင်းရှန်သည် အိုက်ကျင့်ထင် ဘာတွေတွေးနေမှန်းမသိပေ။ သွေးပင်လယ်ဂိုဏ်း၏ တပည့်များအပေါ်သာ အာရုံစူးစိုက်မှု အပြည့်ရှိသည်။
“ဝိညာဉ်ဂူက တောင်အလယ်မှာ တည်ရှိနေတာ ။ ဂိုဏ်းက ငါးကီလိုမီတာအချင်းဝက်အတွင်း အစောင့်အကြပ်တွေ ထားထားတာ။ သွေးပင်လယ်ဂိုဏ်းက ဝိညာဉ်လိုဏ်ဂူထဲကို ဘယ်လိုဝင်လာတာလဲ” လင်းရှန်က မျက်မှောင်ကြုတ်ကာ တွေးတောလိုက်သည်။
အိုက်ကျင့်ထင်လည်း အံ့အားသင့်သွားသည် ။
“ကျွန်မရဲ့ လေ့လာတွေ့ရှိချက်အရ အဲဒီသွေးပင်လယ်ဂိုဏ်းရဲ့ တပည့်တွေဟာ အနီးနားက မြေပြင်အနေအထားနဲ့ အတော်လေး ရင်းနှီးပုံရပါတယ်။ သူတို့က ဝိညာဉ်ဂူထဲမှာ အချိန်အတော်ကြာကတည်းက ရောက်နေတာ ထင်တယ် ။ သူတို့က ကျွန်မတို့ထက် ဝိညာဉ်ဂူထဲ စောစောဝင်ထားကြပုံပဲ”
လင်းရှန်က ခဏလောက်စဉ်းစားပြီး ရုတ်တရက် "ဝိညာဉ်လှိုဏ်ဂူထဲမှာ ငါတို့မသိတဲ့ နောက်ထပ်ဝင်ပေါက်တစ်ခု ရှိနိုင်မလား။ သွေးပင်လယ်ဂိုဏ်းကလူတွေ အဲဒီနေရာကနေ ဝင်လာနိုင်တယ်။”
ဒီဖြစ်နိုင်ချေက အိုက်ကျင့်ထင်ကို ထိတ်လန့်စေသည်။
ဒါပေမယ့် သူမအာရုံတွေပြန်ရလာတဲ့အခါ လင်းရှန်ပြောတာ
မှန်ကန်တဲ့ရှင်းပြချက် ဆိုတာကို သူမခံစားခဲ့ရသည်။
အဲဒီလိုမှမဟုတ်ရင် သွေးပင်လယ်ဂိုဏ်းအနေနဲ့ နေကိုးစင်းဂိုဏ်း စောင့်နေတဲ့နေရာကနေ ပုန်းအောင်းပြီး ဝိဥာဉ်ဂူထဲမှာ ပေါ်လာတာကို ရှင်းပြဖို့ နည်းလမ်းမရှိပေ။
"ကျွန်မတို့ ဘာလုပ်သင့်လဲ?" အိုက်ကျင့်ထင်က စိုးရိမ်တကြီး ကြည့်သည်။
လင်းရှန်တွေးတောလိုက်သည်။
သွေးပင်လယ်ဂိုဏ်း၏ အသွင်အပြင်သည် သူ့မျှော်လင့်ချက်ထက် ကျော်လွန် သွားခဲ့သည်။
အရေးကြီးဆုံးကတော့ သွေးပင်လယ်ဂိုဏ်းက သူတို့ကို ဘာကြောင့် တိုက်ခိုက်တာလဲဆိုတာ သူမသိပေ။
နေကိုးစင်းဂိုဏ်းကို မုန်းတီးခြင်းသက်သက်ကြောင့်လား ဒါမှမဟုတ် အခြားအကြောင်းပြချက်ရှိနိုင်လား။
ခဏလောက်စဉ်းစားပြီးမှ လင်းရှန်သည် ထိုနေရာမှာ မနေဖို့ ဆုံးဖြတ်လိုက်သည်။
"ဘာပဲဖြစ်ဖြစ် အခုအရေးကြီးဆုံးက စီနီယာ အကိုရှီနဲ့ တခြားသူတွေကို ရှာတွေ့ဖို့ပဲ”
အိုက်ကျင့်ထင်က ဒါဟာ အဓိပ္ပါယ်ရှိတယ်လို့ ခံစားရသည်။
အစီအစဉ်မချမီ ရှီကျင့်ရှန်နှင့် အခြားသူများနှင့် တွေ့ဆုံသင့်သည်။
လင်းရှန်သည် စိတ်ဆုံးဖြတ်ပြီးနောက် မနှောင့်နှေးခဲ့ပေ။ သူက အိုက်ကျင့်ထင်ကို ချက်ချင်းခေါ်ပြီး သူတို့ ပြန့်ကျဲနေတဲ့ နေရာကို ပြေးသွားသည်။
လက်ထဲမှ တိုကင်များနဲ့ဆို နီးကပ်နေသရွေ့ ရှီကျင့်ရှန်နှင့် အခြားသူများ၏ တည်နေရာကို ရှာဖွေရန် မခက်ခဲပေ။
ကျောက်ထွတ်များ ဖုံးလွှမ်းနေသော နေရာလွတ်တစ်ခုတွင်။
အော်ဟစ်သံများနှင့် တိုက်ပွဲသံများ ဆက်တိုက်ထွက်ပေါ်လာခဲ့သည်။ မှော်စွမ်းအားအလင်းများနှင့် ကိုယ်ခံပညာများကပျံ့နှံ့ကာ လှိုဏ်ဂူအထက် ကောင်းကင်ပြင်ကို အရောင်များစွာဖြင့် ဆေးဆိုးလုနီးပါး ဖုံးအုပ်ထားသည်။
သို့သော် စွဲမက်ဖွယ်ကောင်းသော အရောင်အလွှာအောက်တွင် ရက်စက်ကြမ်းကြုတ်သော တိုက်ပွဲတစ်ခု ရှိခဲ့သည်။
တစ်ဖက်တွင် သွေးပင်လယ်ဂိုဏ်းမှ တပည့် (၂၀) ကျော်သည် သွေးရောင်လှိုင်းများပါသည့် အင်္ကျီလက်နဲ့ အနက်ရောင်ဝတ်စုံများကို ၀တ်ဆင်ထားသည်။
အခြားတစ်ဖက်တွင် ရှီကျင့်ရှန်၊ ဖမ်းကျွင်းချင်နှင့် အခြားသူများ ပါဝင်သည်။
လွန်ခဲ့သော (၁၀) ရက်ခန့်က ဝိညာဉ်ဂူထဲသို့ လူသုံးဆယ်ဝင်ခဲ့သော်လည်း ဤနေရာတွင် လူနှစ်ဆယ်အောက်သာ ရှိသည်။ ထို့အပြင် ၎င်းတို့အားလုံး ဒဏ်ရာများရရှိကာ သနားစရာကောင်းလှသည်။
ရှီကျင့်ရှန်သည် သူ့ဓားကို ထုတ်ပြီး သူ့ရှေ့မှ သွေးပင်လယ်ဂိုဏ်း၏ တပည့်ကို တွန်းလှန်လိုက်သည်။ သူသည် လေပွေကဲ့သို့ လျှင်မြန်စွာ ရွေ့လျားသွားပြီး ရန်သူ၏ ခိုးဝင်တိုက်ခိုက်ခြင်းကို အချိန်မီ တားဆီးနေသော အောက်အိမ်တော်မှ တပည့်တစ်ဦးဆီ အချိန်မှီ ရောက်ရှိလာသည်။
တပည့်သည် ရုန်းရင်းဆန်ခတ်သံကို ကြားသောအခါ လှည့်ကြည့်ပြီး ချွေးများ ထွက်ကျလာသည်။ ထို့နောက် ရှီကျင့်ရှန်ကို အလျင်စလို ကျေးဇူးတင်လိုက်သည် ။