သွေးချည်သန်ကောင် (၂)
Vol. 15 Ch. 235
"သတိထား” ရှီကျင့်ရှန်ကတခြားဘာမှမပြောပေ။ သူသည် သူ၏အပေါင်းအဖော် များကို သတိပေးပြီး အခြားရန်သူများကို ဆက်လက်တိုက်ခိုက်ခဲ့သည်။
သူ့မျက်လုံးထောင့်ကနေ သူ့ပတ်ဝန်းကျင်အခြေအနေကို စိုက်ကြည့်ရင်း နှလုံးခုန်သွားသည်။
သွေးပင်လယ်ဂိုဏ်းမှလူတွေသည် သူတို့ထက် များသည်။ ထို့အပြင် ၎င်းတို့အားလုံးသည် တောက်ပသောဝင်ပေါက်အဆင့်တွင်ရှိကြပြီး အလွန် အစွမ်းထက်ကြသည်။ အကယ်၍ ၎င်းတို့သည် ဖမ်းကျွင်းချင်နှင့် အခြားသူများထံ မပြေးပါက ရန်သူများ၏ ဝိုင်းရံသတ်ဖြတ်ခြင်းကို ခံရပေလိမ့်မည်။
ဒါတောင်မှ လက်ရှိအခြေအနေက ကောင်းနေသေးသည်။
သွေးပင်လယ်ဂိုဏ်းမှ လူများသည် ဝိညာဉ်လှိုဏ်ဂူထဲသို့ ရောက်ရှိလာမည်ဟု မထင်ခဲ့ကြပေ။ ထုံးစံအတိုင်း နတ်ဆိုးများတိုက်ခိုက်လာမည်ကို ကာကွယ်ရင်း လေ့ကျင့်
မှုကြောင့် ၎င်းတို့ကို သွေးပင်လယ်ဂိုဏ်းက အလွယ်တကူ ခြုံခိုတိုက်ခိုက်ခဲ့သည်။
ရှီကျင့်ရှန်နှင့်အတူ လိုက်ပါလာသော တပည့်ဆယ်ဦးအနက် သုံးဦးသည် တိုက်ပွဲတွင် ကျဆုံးခဲ့ပြီး အခြား သုံးဦးမှာ တိုက်ပွဲတွင် လူကွဲသွားခဲ့သည်။ သူတို့သေသလား၊ ရှင်
သလား မသိရသေးပေ။
အထက်အိမ်တော်တပည့်များထဲတွင် ဖူဝေ့ဖန်သည် ပြင်းထန်စွာ ဒဏ်ရာရခဲ့သည်။ သူသည် တိုက်ခိုက်ရေး စွမ်းအားကိုလုံးလုံးလျားလျား ဆုံးရှုံးခဲ့ရရုံသာမကဘဲ ဝန်ထုပ်ဝန်ပိုးပင် ဖြစ်လာခဲ့သည်။
ဖမ်းကျွင်းချင်နှင့် အခြားသော အတွင်းဂိုဏ်း၏ တပည့်များသည် အနည်းငယ် ပိုကောင်းနေသေးသော်လည်း သွေးပင်လယ်ဂိုဏ်း၏ ခိုးဝင်တိုက်ခိုက်မှုကြောင့် ၎င်းတို့ လေးဦး သေဆုံးခဲ့သည်။
၎င်းတို့သည် ခေတ္တပူးပေါင်းခဲ့ကြသော်လည်း အားလုံးမှာ ဒဏ်ရာရရှိခဲ့ကြပြီး အရေအတွက်အရ အားသာချက်မရှိခဲ့ကြပေ။ လုံးလုံးလျားလျား ဖိနှိပ်ခံခဲ့ရသည်။
ဒီလိုသာဆို သူတို့ ရုန်းထွက်ဖို့ အသက်အန္တရာယ်ရှိနိုင်သည်။ အနည်းဆုံး သူတို့ထဲက တချို့ကသာ လွတ်မြောက်နိုင်မည်။
အဲဒီနောက်မှာတော့ လွတ်မြောက်သူတချို့က ပုန်းဖို့နေရာရှာကြရမည်။ ရက်ပေါင်း (၂၀) အကြာ ဝိညာဉ်ဂူပြန်ဖွင့်တဲ့အခါမှ သူတို့ ဒီကနေ ထွက်သွားပြီး ဂိုဏ်းကို သတင်းပို့နိုင်မည်။
သို့သော် သွေးပင်လယ်ဂိုဏ်း၏ စွမ်းအားသည် အကန့်အသတ်မရှိပေ။
ဤအတွေးနဲ့အတူ ရှီကျင့်ရှန်သည် မီတာတစ်ရာအကွာအဝေးရှိ အရပ်ရှည်ရှည်နဲ့ လူကို ကြည့်လိုက်သည်။
၎င်းသည် အသက် (၂၀)ကျော် အမျိုးသားတစ်ဦးဖြစ်သည်။ သူသည် နက်ရှိုင်းသော မျက်နှာအသွင်အပြင်ရှိပြီး ပုံမှန်မဟုတ်ဘဲ ထွားကျိုင်းနေသည်။ သူက အရမ်းကြောက်
စရာကောင်းသည်။
ထိုလူသည် ချက်ချင်း တိုက်ခိုက်ပြီး ဖူဝေ့ဖန်ကို တစ်ချက်လှုပ်ရုံနဲ့ ပြင်းထန်စွာ ဒဏ်ရာရစေခဲ့သူပင်။
အကယ်၍ ရှီကျင့်ရှန် နှင့် အခြားသူများသည် သူ့အား ကယ်တင်ရန် အသက်မစွန့်ဘဲ
ဖမ်းကျွင်းချင်သည် ထိုလူအား ယာယီပြန်တွန်းလှန်ရန် နတ်ဘုရားထိန်းချုပ်ခြင်း ချီစွမ်းအင်ငါးပါး အဆောင်ကို မထုတ်ယူပါက ဖူဝေ့ဖန်သည် ပွဲချင်းပြီး သေဆုံးသွားမည်ဖြစ်သည်။
“အဲ့ဒီလူက တောက်ပသောဝင်ပေါက် နဝမအဆင့်မှာ သေချာပါတယ်။ သူက ဝိဉာဉ်မဏ္ဏိုင်သွေးကြော အနည်းငယ်ကိုတောင် ဖန်တီးနိုင်နေပြီ”
ရှီကျင့်ရှန်သည် ထိတ်လန့်သွားသော်လည်း နာကြည်းသွားသည်။
သွေးပင်လယ်ဂိုဏ်းက တပည့်ပေါင်း နှစ်ဆယ်ကျော်ကပင် တော်တော်ဒုက္ခပေးနေပြီ။ ထို့အပြင် နားမလည်နိုင်သော ခွန်အားရှိသည့်အမျိုးသားတစ်ဦးနှင့်အတူဆို ယနေ့ ဤနေရာတွင် အမှန်တကယ် သေဆုံးနိုင်ပေသည်။
ထိုအချိန်တွင် ရုတ်တရက် အော်သံကြားလိုက်ရသည်။
အတွင်းဂိုဏ်းဝင် တပည့်တစ်ဦးကို သွေးဝိညာဉ်ဖြင့် ထိုးဖောက်ခြင်းခံခဲ့ရသည်။ သွေးအေးသော စွမ်းအင်သည် သူ့ကို ချက်ချင်းပင် နှေးကွေးသွားစေသည်။
ထိုအချိန်တွင် သွေးဝိညာဉ်ဒါဇင်ဝက်ကျော်သည် သူ့အား ဝိုင်းရံထားပြီး အရူးအမူး သွေးစုပ် ကိုက်ဖြတ်နေကြသည်။ အသားတွေ သွေးတွေက နေရာအနှံ့ ပြန့်ကျဲနေသည်။
သို့သော် သူမအော်နိုင်မီ အတွင်းဂိုဏ်းဝင် တပည့်သည် လုံးလုံးစားသုံးခြင်းခံရပြီး အရိုးများပင် မကျန်တော့ပေ။
ဖမ်းကျွင်းချင်သည် သူ့တပည့်ကို ကယ်တင်ဖို့ အချိန်မရှိလောက်အောင် မြန်ဆန်လွန်းသည်။ သူ့အမူအရာက ချက်ချင်းပင် မှုန်ကုပ်ကုပ် ဖြစ်သွားသည်။
အတွင်းဂိုဏ်းဝင် တပည့်တစ်ဦးသည် စိုးရိမ်သောကအမူအရာဖြင့် ချဉ်းကပ်ကာ “အကိုကြီးဖမ်း ၊ ကျွန်တော်တို့ ကြာကြာမထိန်းနိုင်တော့ဘူး။ နတ်ဘုရားထိန်းချုပ်ခြင်း ချီစွမ်းအင်ငါးပါး အဆောင်ကိုသုံးလိုက်ပါတော့”
ပင်းကျန်ချင်က တုံ့ဆိုင်းသွားသည်။
နတ်ဘုရားထိန်းချုပ်ခြင်း ချီစွမ်းအင်ငါးပါး အဆောင်သည် ဝိညာဉ်ဂူသို့ ခရီးစဉ်အတွင်း သူဘေးကင်းလုံခြုံစေရန် မျိုးနွယ်စုအကြီးအကဲများထံမှ ငှါးယူထားသော ရတနာတစ်ခုဖြစ်သည်။
ဤရတနာသည် နေကိုးစင်းဂိုဏ်း၏ ကျင့်ကြံသူသခင်တစ်ဦးမှ ဂိုဏ်း၏မှော်စွမ်းအားဖြစ်သော ချီဖိနှိပ်ခြင်း ငါးပါးမှ လှုံ့ဆော်မှုအချို့ကို တိုက်ဆိုင်စွာရယူပြီးနောက် အထူးလက်နက်တစ်ခုအဖြစ် ပြုလုပ်ထားတာပင် ၊ ၎င်းသည် ရင်စွမ်းအားများကို အနိုင်ယူရာတွင် အထူးပြုထားပြီး ဝိညာဉ်အနှစ်သာရဖြင့်ပျိုးထောင်ထားပါက ဒြပ်ငါးပါးမှ ပေါက်ဖွားလာသော ကမ္ဘာမြေအနှစ်သာရကဲ့သို့ အရာများကို ဆန့်ကျင်ရာတွင် အလွန်ထိရောက်မှုရှိသည်။
သွေးပင်လယ်ဂိုဏ်း၏သွေးဝိညာဉ်သည်လည်း ရင်ပစ္စည်းတစ်ခုလည်း ဖြစ်တာကြောင့် ၎င်းကို နတ်ဘုရားထိန်းချုပ်ခြင်း ချီစွမ်းအင်ငါးပါး အဆောင်က အလွန်အမင်းချုပ်နှောင်နိုင်သည်။
အမှန်မှာ မြေကမ္ဘာ့အနှစ်သာရကဲ့သို့ နတ်ဆိုးများနှင့် ယှဉ်ပါက နတ်ဘုရားထိန်းချုပ်ခြင်း ချီစွမ်းအင်ငါးပါး အဆောင်သည် သွေးဝိညာဉ်
ကဲ့သို့ မကောင်းသော သတ္တဝါများကိုပင် သေစေသည်။
၎င်းသည် အစွမ်းထက်သော်လည်း နတ်ဘုရားထိန်းချုပ်ခြင်း ချီစွမ်းအင်ငါးပါး အဆောင်သည် သာမန်အထူးလက်နက်ငယ်များထက် ဝိညာဉ်အနှစ်သာရကို ပိုမိုသုံးစွဲရသည်။
ပင်းကျန်ချင်သည် တောက်ပသောဝင်ပေါက်နဝမအဆင့်တွင်ရှိသော်လည်း သူသည် သူ့ဝိဥာဉ်မဏ္ဏိုင်သွေးကြောကို မဖန်တီးရသေးတာကြောင့် သူ၏ဝိညာဉ် အနှစ်သာရသည် စတင်ပြောင်းလဲခြင်းမရှိသေးပေ။ သူသည် နတ်ဘုရားထိန်းချုပ်ခြင်း ချီစွမ်းအင်ငါးပါး အဆောင်ကိုအသုံးပြုပါက အများဆုံး ၁၅ မိနစ်သာ ကြာနိုင်သည်။
ယခုအချိန်တွင် အန္တရာယ်များစွာကြုံတွေ့နေရပြီး နတ်ဘုရားထိန်းချုပ်ခြင်း ချီစွမ်းအင်ငါးပါး အဆောင်သည် သူ၏နောက်ဆုံးဝှက်ဖဲဖြစ်၏ သူ အခု အသုံးပြုလိုက်လို့ အခြေအနေက မပြောင်းလဲလျှင် ရန်သူတွေကို အသနားခံရမည်ပင်။
အဲ့တာ မပြောပါနှင့်...
ဖမ်းကျွင်းချင်သည် ခပ်ဝေးဝေးမှ ထွားကျိုင်းတဲ့လူကိုကြောက်သည်
ထိုလူက အလွန်ပြင်းထန်သော ခြိမ်းခြောက်မှုကို ပေးစွမ်း၏
သူသည် ထိုလူကိုကြောက်ရွံ့သောကြောင့် နတ်ဘုရားထိန်းချုပ်ခြင်း ချီစွမ်းအင်ငါးပါး အဆောင်ကိုသိမ်းဆည်းထားပြီး ၎င်းကို အသုံးမပြုခဲ့ပေ။
လက်ရှိအခြေအနေက ကြာကြာ ကိုင်ထားလို့မရပေ။
ဖမ်းကျွင်းချင်၏ တုံ့ဆိုင်းမှုကို မြင်လိုက်ရသော အတွင်းဂိုဏ်းဝင် အချို့က “စီနီယာအစ်ကိုကြီးဖမ်း ၊ ကျွန်တော်တို့နှောင့်နှေးလို့ မရဘူး။ မဟုတ်ရင် အသေအပျောက်တွေများလာတဲ့အခါ ကျွန်တော်တို့ရဲ့အခြေအနေက ပိုဆိုးလာမှာ”
ပင်းကျန်ချင်က အသက်ပြင်းပြင်းရှူပြီး နောက်ဆုံးတော့ သူ့စိတ်ကိုဆုံးဖြတ်လိုက်
သည်။ သူသည် သူ့သိုလှောင်အိတ်မှ လက်ဖဝါးအရွယ်ရှိ ကျောက်စိမ်းအဆောင်တစ်ခုကို ထုတ်ကာ သွေးရောင်ဓားရှည်တစ်ချောင်းကို ကိုင်ထားသော သွေးပင်လယ်ဂိုဏ်း၏ တပည့်ဖြစ်သူထံ ပစ်ချလိုက်သည်။
သွေးပင်လယ်ဂိုဏ်း၏ တပည့်ဖြစ်သူသည် မျက်လုံးထောင့်မှ အနက်ရောင် အရိပ်တစ်ခု ကျရောက်လာသည်ကို မြင်လိုက်ရပြီး သူ့အနားရှိ သွေးဝိညာဉ်ကို ၎င်းဆီ ခုန်အုပ်ခိုင်းလိုက်၏
သွေးဝိညာဉ်သည် ကျောက်စိမ်းအဆောင်ကို မထိမီ လေထုက မြင့်တက်လာသည်။ ကျောက်စိမ်းအဆောင်မှ ရုတ်တရက် မြူခိုးငါးရောင် ထွက်လာပြီး သွေးဝိညာဉ်ဆီသို့ လွင့်စင်သွားသည်။ ခဏအတွင်း သွေးဝိညာဉ်ပျောက်ကွယ်သွားသည်။
သွေးဝိညာဉ်သည် ကျင့်ကြံသူ၏ အသက်နှင့် ချိတ်ဆက်မှု တစ်ခုရှိသည်။ ရုတ်တရက် သွေးဝိညာဉ်ပျက်စီးသွားတော့ သွေးပင်လယ်ဂိုဏ်းမှတပည့်က ရုတ်ချည်း ထအော်ပြီး သွေးတွေ ပါးစပ်ထဲ ထွက်လာသည် ။ သူက အကြောဆန့်ပြီး မြေကြီးပေါ်လဲကျသွားသည်။
အနီးပတ်ဝန်းကျင်ရှိ သွေးပင်လယ်ဂိုဏ်းမှ တပည့်များသည် ၎င်းကိုမြင်သောအခါ ထိတ်လန့်သွားသည်။ သူတို့မျက်နှာများပေါ်တွင် ကြောက်လန့်တကြား အမူအရာနဲ့အတူ ခြေလှမ်းအနည်းငယ် နောက်ပြန်ဆုတ်သွားသည်။