← Chapters

အခန်း (၇၉၆)

Vol. 54 Ch. 796

အခန်း (၇၉၆)

Vol. 54 Ch. 796

“ဆရာ”

ရှစ်ဖုန့်က သရော်လိုက်ပြီး သူ၏ရှေ့ရှိဧရာမအဖြူရောင်ဝဲကြီးအား အေးစက်စွာစိုက်ကြည့်လိုက်သည်။ ကြယ်တစ်ပွင့်ဧကရာဇ်နယ်ပယ် ဝိညာဉ်မှာ ရှစ်ဖုန့်၏ ဝိညာဉ်စွမ်းအားအတွက်သေချာပေါက် ကြီးမားစွာ အားဖြည့်မှုတစ်ခုဖြစ်သည်။

သေးငယ်သော အဖြူရောင် အမျှင်တန်းတစ်ခုက အဖြူရောင်ဝဲမှရွှတ်ခနဲထွက်လာပြီး ရှစ်ဖုန့်၏ နဖူးထံသို့ဝင်ရောက်သွားသည်။ ဧရာမအဖြူရောင်ဝဲကြီးမှာ ရှစ်ဖုန့်၏ ဝိညာဉ်စွမ်းအား ဝါးမျိုမှုအောက်တွင် တစ်ဟုန်ထိုး ကျုံ့ဝင်လာသည်။

“ဆ..ဆရာ.. .ရှစ်ဖုန့်..မင်းသေခြင်းဆိုးနဲ့သေရမယ်.. မင်းငါ့ဆရာရဲ့ဝိညာဉ်ကိုဖျက်ဆီးပစ်တယ်.. ငါမင်းကို မြှုပ်စရာသင်္ချိုင်းမရှိပဲနဲ့တောင်မှသေစေချင်တယ်..မင်းကိုပြာမှုန်ဖြစ်စေချင်တယ်.”

ယန်ကျုံးက အောက်မှဒေါသတကြီး အော်ဟစ်လိုက်သည်။သူ၏မျက်နှာက ကြမ်းကြုတ်ခက်ထန်နေသည်။ ယန်ကျုံး၏ ဦးခေါင်းထက်၌ မီးလုံးငါးခုက ထပ်မံမြင့်တက်လာသည်။

“ပေါင်းစည်းစမ်း”

အောက်မှ ယန်ကျုံးက အော်ဟစ်မြည်တွန်ပြောဆိုနေသည်။ မြေကမ္ဘာမီးတောက်ငါးမျိုးက သူ၏ဦးခေါင်းထပ်၌ နောက်တစ်ကြိမ် ပေါင်းစည်းသွားပြီးပြင်းထန်စွာင်ကျွမ်းနေသော အရောင်မဲ့မီးတောက်တစ်ခုအဖြစ်ပြောင်း

လဲသွားသည်။

“ဟမ်”

ရှစ်ဖုန့်၏အထက်ရှိ ဧရာမအဖြူရောင်ဝဲကြီးမှာ ဘာသဲလွန်စမှကျန်ရစ်ခြင်းမရှိအောင်ပျောက်ကွယ်သွားသည်။ ၎င်းကရှစ်ဖုန့်၏အပြီးတိုင်ဝါးမျိုခြင်းကိုခံ

လိုက်ရသည်ဖြစ်၏။

ကြယ်တစ်ပွင့်ဧကရာဇ်နယ်ပယ်၏ ဝိညာဉ်အားဝါးမျိုပြီးနောက် ရှစ်ဖုန့်၏ ဝိညာဉ်စွမ်းအားမှာ ကြယ်သုံးပွင့်မဟာသူတော်စင်နယ်ပယ်အဆင့်မှ ကြယ်လေးပွင့်အထိ ခုန်တက်သွားပြီး ကြယ်ခုနှစ်ပွင့်မဟာသူတော်စင်နယ်ပယ်ဖြစ်

လာသည်။

ဤအချိန်တွင် ရှစ်ဖုန့်မှာ ပြင်းထန်ပြီး စွမ်းအားကြီးသော အောက်မှမြင့်တက်လာသည့် ဖရိုဖရဲဖြစ်နေသော စွမ်းအင်တစ်ခုကို အာရုံခံမိလိုက်သည်။

“ပေါက်ကွဲစမ်း”

ယန်ကျုံးက ထပ်မံဒေါသတကြီးအော်ဟစ်လိုက်သည်။

ယန်ကျုံးကအော်ဟစ်လိုက်သကဲ့သို့ သူ၏ခေါင်းထက်ရှိ အ ရောင်ငါးမျိုးမီးတောက်မှာလည်း ရုတ်ခြည်းတုန်ယင်လာသည်။

“ဝေါ့”

ယန်ကျုံးက ပါးစပ်အပြည့်လက်ဆတ်သော သွေးတစ်ပွက်ကို အန်ထုတ်လိုက်သည်။

“ဟမ့်”

ရှစ်ဖုန့်က အေးစက်သောနှာမှုတ်သံတစ်ခုပြုလုပ်လိုက်သည်။ အစောပိုင်းကသူအာရုံခံမိသည့် ပြင်းထန်စွမ်းအားကြီးပြီး ဖရိုဖရဲဖြစ်နေသော စွမ်းအင်တို့က ဤအရောင်ငါးမျိုးမီးတောက်မှ ထုတ်လွှတ်နေခြင်းဖြစ်သည်။

“မင်းကမင်းရဲ့ အသက်စွမ်းအင်အဆီအနှစ်ကိုလောင်ကျွမ်းပြီး ဒီသခင်လေးရဲ့အသက်ကိုယူဖို့အတွက် အရောင်ငါးမျိုးမီးတောက်ကို ဖောက်ခွဲဖို့ကြိုးစားနေတာပဲ. ဒီသခင်လေးက မင်းရဲ့ဆန္ဒအတိုင်း ဖြစ်ခွင့်ပြုမှာမဟုတ်ဘူး.. ငရဲဘုံကိုးခု ဝိညာဉ်တုန်လှုပ်ဆီးလ် လှုပ်ခတ်ခြင်း..”

ရှစ်ဖုန့်က အေးစက်စွာအော်ပြောလိုက်သည်။ ဝိညာဉ်တိုက်ခိုက်မှုဖြစ်သော ငရဲဘုံကိုးခု ဝိညာဉ်လှုပ်ခတ်ခြင်းက ရုတ်တရက် ယန်ကျုံးထံသို့ဝင်ရောက်သွားသည်။

“အား”

ယန်ကျုံး၏ ဝိညာဉ်စွမ်းအားကမဟာသူတော်စင်နယ်ပယ်၌သာရှိသေးသည်ဖြစ်သည်။ ဤအချိန်တွင် သူ၏ မူလစွမ်းအင်တို့သာကုန်ခမ်းနေသည်သာမက သူ’၏ အသက်စွမ်းအင်အဆီအနှစ်ကိုလည်းလောင်ကျွမ်းထားသည်ဖြစ်သည်။ သူ၏ကိုယ်အား အားကောင်းသောတန်ပြန်သက်ရောက်မှုတစ်ခုကိုခံစားနေရသည်ဖြစ်၏။

ရှစ်ဖုန့်၏ ကြယ်ခုနှစ်ပွင့်မဟာသူတော်စင်နယ်ပယ် ငရဲဘုံကိုးခု ဝိညာဉ်တုန်လှုပ်ခြင်းအော်တွင် ယန်ကျုံး၏ဝိညာဉ်မှာ အားကောင်းသောသက်ရောက်မှုကိုခံရပြီး ရုတ်ခြည်းထိခိုက်ဒဏ်ရာရသွားသည်။ သူက ကောင်းကင်ထဲသို့မော့ပြီး နာကျင်စွာဖြင့်အော်ဟစ်လိုက်၏။

ပေါက်ကွဲလုနီးပါးဖြစ်နေသည့် ဖရိုဖရဲဖြစ်နေသော သူ၏ခေါင်းထက်ရှိ အရောင်ငါးမျိုးမီးတောက်များမှာလည်း ရှစ်ဖုန့်၏ကြားဝင်ဟန့်တားခြင်းကိုခံရပြီး ရုတ်ခြည်း တည်ငြိမ်သွားသည်။

ဤအချိန်တွင် ရှစ်ဖုန့်၏ပုံရိပ်က ဖျက်ခနဲပျံသန်းဆင်းလာသည်။ သူ၏ ညာလက်အားလက်သီးဆုပ်အဖြစ်ဆုပ်လိုက်ပြီး ယန်ကျုံး၏ဦးခေါင်းထံသို့ထိုးလိုက်သည်။

ယန်ကျုံး၏ကိုယ်မှာ ရှစ်ဖုန့်၏လက်သီးချက်ကြောင့်လွင့်

ထွက်သွားသည်။

ထို့နောက်လိုက်ပါ၍ ရှစ်ဖုန့်၏ပုံရိပ်က ထပ်မံလှုပ်ရှားသွားပြီး ပျံသန်းလိုက်ကာ နောက်သို့လွင့်ထွက်နေသောယန်ကျုံး

နောက်သို့လိုက်ပါလိုက်သည်။

ထိုအချိန်တွင် လွင့်ပျံနေသောယန်ကျုံးမှာ သူ၏ စိတ်လွတ်နေခြင်းမှပြန်လည်ကောင်းမွန်လာသည်။ သူ၏အသိအားပြန်ရလာချိန်တွင် သူအရင်ဆုံးမြင်လိုက်ရသည့်အရာက အေးစက်ပြီးခံစာချက်မဲ့နေသောမျက်နှာနှင့် မကောင်းဆိုးဝါးရှစ်ဖုန့်၏မျက်နှာပင်ဖြစ်သည်။ လူယုတ်မာရှစ်ဖုန့်က လက်သီးအားထပ်မံမြှောက်ပြီး သူ့ထံသို့လက်သီးပစ်သွင်းလာပြန်သည်။

ယန်ကျုံးမှာ သူ၏ မူလစွမ်းအင်တို့ကုန်ခမ်းနေပြီး သူ၏ အသက်အဆီအနှစ်စွမ်းအင်ကိုလောင်ကျွမ်းကာ အရောင်ငါးမျိုးမီးတောက်အား ဖောက်ခွဲပစ်ချင်ခဲ့သည်။ သို့သော် ရှစ်ဖုန့်၏ ဝိညာဉ်စွမ်းအား ဖြင့် ကြားဖြတ်ဟန့်တားခြင်းကိုခံခဲ့ရသည်။ထို့နောက် သူ့အားရှစ်ဖုန့်၏ဝိညာဉ်စွမ်းအားထိမှန်ခြင်း

ကိုခံခဲ့ရသည်။ သူ၏ကိုယ်က လုံးဝအားကုန်ခမ်းသွားပြီဖြစ်သည်။

ယန်ကျုံးမှာသူ့အနေဖြင့်ရှစ်ဖုန့်၏လက်သီးချက်အောက်၌သေချာပေါက်သေရမည်ကို သိလိုက်သည်။ သူ့၌ခုခံရန်စွမ်းအားမဲ့နေသည်။

“ဘာလို့လဲ..ဘာလို့လဲ. ဘာလို့ငါယန်ကျုံးကသူ့ကိုအနိုင်မယူနိုင်တာလဲ”

“ဘာလို့ငါယန်ကျုံးက သူ့ရဲ့ထပ်တလဲလဲအနိုင်ယူမှုကိုခံရတာလဲ”

“ဘာလို့ငါယန်ကျုံးက ထပ်ကာထပ်ကာအကြိမ်ကြိမ်သန်မာလာခဲ့ပေမဲ့ သူကလည်းအကြိမ်ကြိမ်ငါ့ထက်ပိုသန်မာလာပြီး အကြိမ်ကြိမ်ငါ့ကိုဖိနှိပ်နိုင်ရတာလဲ”

ယန်ကျုံး၏ စိတ်ထဲ၌ ရှစ်ဖုန့်နှင့်ဆုံတွေ့ခဲ့သည့်စန်းယွဲ့မှ အပြင်ဘက်ရှို့လင်ရွာမှာစ၍ ယခုအချိန်ထိ မြင်ကွင်းများအားပြန်လည် ထင်ဟက်မြင်ယောင်လာသည်။

အန္တရာယ်ရှိသောနေရာတစ်ခုကို ဖြတ်သန်းရသည့်အကြိမ်တိုင်း သေခြင်းရှင်ခြင်းကြားက သွားလာခဲ့ရသည့်မြင်ကွင်းများ ထင်ဟပ်မြင်ယောင်လာသည်။

“ကျုံးအာ”

ယန်ကျုံးမှာ အိုမင်းပြီးအက်ရှရှနိုင်သော ရင်းနီးမှုရှိသည့်အသံအား ထပ်မံကြားရသလိုထင်မိသည်။

“ဆရာ.ကျွန်တော်ရှုံးသွားတယ်. ကျွန်တော်လုံးဝကိုရှုံးသွားတာ.. ကျွန်တော်ဆရာ့ကိုစိတ်ပျက်စေမိပြီ. ကျွန်တော်ပိုပြီးသန်မာလာချင်တယ်လို့ဆရာ

ကိုတစ်ခုပြောခဲ့ဖူးတယ်.. ထျန်းဟန်တိုက်ကြီးမှာဝင့်ကြွားစွာရပ်ပြီး ကမ္ဘာတစ်ခုလုံးကို အထက်စီးကကျွန်တော်ကြည့်ချင်ခဲ့တယ်.. ငရဲဘုံကိုးခု အဆက်အနွယ်အားလုံးကိုသတ်ပစ်ပြီး ဆရာ့အတွက်ကျွန်တော်ကူညီလက်စား

ချေပေးချင်ခဲ့တယ်”

“တစ်နေ့ကြရင် ဆရာ့ရဲ့ခန္ဓာကိုယ်ကိုပြန်လည်တည်ဆောက်

ဖို့အတွက် ကူညီပေးမယ်လို့လဲ ဆရာ့ကိုကျွန်တော်ကတိပေးခဲ့တယ်.. ကျွန်တော်ဒီကတိတွေကို ဆရာ့ကကို မဖြည့်ဆီးပေးနိုင်ဘူး. ကျွန်တော်ငရဲဘုံကိုးခုရဲ့ဘယ်အဆက်အနွယ်

ကိုမှမသတ်နိုင်ခဲ့ဘူး”

ဤအချိန်တွင်ယန်ကျုံးမှာအချိန်တို့ရပ်တန့်သွား

သည်ဟုထင်မိသည်။ ယန်ကျုံး၏နှလုံးသားထဲတွင်ကူကယ်ရာမဲ့မှု ကြေကွဲဝမ်းနည်းမှုတို့ဖြင့်ပြည့်နှက်နေသည်။ ထို့‌နောက်ယန်ကျုံးက ကြေကွဲဝမ်းနည်းစွာဖြင့်ထပ်မံအော်ပြောမိသည်။

“မိုးကောင်းကင်..အကယ်၍ သစ္စာတရားသာမွေးဖွားတယ်ဆိုရင် ဘာလို့ရှစ်ဖုန့်ကလည်းမွေးဖွားလာခဲ့ရတာလဲ”

“ဘန်း”

ကျယ်လောင်သောပေါက်ကွဲသံတစ်ခုနှင့်အတူ ရှစ်ဖုန့်၏လက်သီးချက်က ယန်ကျုံး၏ ကိုယ်ကိုဖောက်ဝင်သွားသည်။

“အား”

ယန်ကျုံးကနာကျင်စွာဖြင့်အော်ဟစ်လိုက်၏။ သူ၏မျက်လုံးတို့က သူငယ်အိမ်မှထွက်ကျလုမတတ် ပြူးကျယ်နေသည်။သူကရှေ့ရှိရှစ်ဖုန့်အား

စိန်းစိန်းကြီးကြည့်နေ၏။

ယန်ကျုံး၏ပါးစပ်ထောင့်မှ သွေးစီးကြောင်းတစ်ခုစီးကျလာသည်။

ယန်ကျုံးက သူ၏ပါးစပ်ကိုဖွင့်ဟပြီးစကားနှစ်လုံးကိုခက်ခက်ခဲခဲပြောနေသည်။ သူ့အနေဖြင့် ပို၍ပြောချင်ပုံရသော်လည်း ဤအချိန်တွင် သူ၏ အသိက ယန်ကျုံး၏ စိတ်ထဲမှ လျှင်မြန်စွာဆုတ်ခွာလာသည်။

ယန်ကျုံ၏ ခေါင်းကရုတ်ခြည်းကျိုးကျသွားသော်လည်း သူ၏ မျက်လုံးများကတော့ပြူးကျယ်စွာပွင့်နေ

ဆဲဖြစ်သည်။ သူ့အနေဖြင့်ငြိမ်းချမ်းစွာဖြင့်မသေဆုံးခဲ့ရပေ။

သိုင်းပညာနယ်ပယ်ရော ဝိညာဉ်ပါနှစ်မျိုးလုံးကျင့်ကြံသည့် မျိုးဆက်တစ်ခု၏ပါရမီရှင် ယန်ကျုံးတစ်ယောက်ကျဆုံးသွားပြီဖြစ်သည်။

ထို့နောက်ရှစ်ဖုန့်၏စိတ်ကလှုပ်ရှားသွားသည်။ ယန်ကျုံး၏ကိုယ်က လေလျော့သွားသောပူပေါင်းတစ်လုံးကဲ့သို့ ဖြစ်ာလသည်။ သူ၏ကိုယ်ထဲမှ သွေးများအားလုံးရှစ်ဖုန့်စုပ်ယူပြီးသည်အထိ လျှင်မြန်စွာရှုံ့တွလာ၏။ သူကရှုံ့တွသောအလောင်းတစ်ခုအဖြစ်ကျ

ဆင်းသွားသည်။

ရှစ်ဖုန့်က ညာလက်ကိုလှုပ်ခါလိုက်သည်။ ယန်ကျုံး၏ ရှုံ့တွခြောက်သွေ့နေသောအလောင်းမှာ ရှစ်ဖုန့်၏ စွမ်းအားအောက်တွင် အစိတ်ိစတ်အမွှာမွှာချက်ချင်းကွဲကြေသွားသည်။ ရှုံ့တွနေသောအသားအပိုင်းအစများက အောက်ရှိမြေပြင်သို့ပြန့်ကျဲကျဆင်းသွား၏။

ရှစ်ဖုန့်ကသူ၏လက်ထဲ၌ဆုပ်ကိုင်ထားသည့် သိုလှောင်လက်စွပ်အား သူ၏ ကိုယ်ပိုင်သိုလှောင်လက်စွပ်အတွင်းသို့

ပစ်ထည့်လိုက်သည်။

ယန်ကျုံး၏သေခြင်းစွမ်းအင်၊ဝိညာဉ်နှင့် သွေးတို့အားဝါးမျိုပြီးသည့်နောက် ရှစ်ဖုန့်ကလှည့်လိုက်ပြီး သူ၏နောက်ရှိညကောင်းကင်ယံထဲ၌သီးသန့်ကျန်ရစ်နေသော အရောင်ငါးမျိုးမီးတောက်တို့ကိုကြည့်လိုက်သည်။

ရှစ်ဖုန့်က မကျယ်သောအသံဖြင့်တီးတိုးရေရွတ်လိုက်၏။

“ဒီတစ်ကြိမ် မြေမီးတောက်ငါးခုကအကောင်းဆုံးစုဆောင်းနိုင်မှုတွေထဲကတစ်ခုပဲ”

စကားပြောရင်းရှစ်ဖုန့်၏ညာလက်က လက်သည်းတစ်ခုအသွင်ဖြစ်သွားပြီး ရုတ်တရက်သူ၏ရှေ့ရှိညကောင်းကင်ယံထဲသို့စုပ်ယူလိုက်သည်။ အရောင်ငါးမျိုးမီးတောက်တို့ကရှစ်ဖုန့်

ထံသို့တစ်ဟုန်ထိုးပျံသန်းလာပြီး မကြာခင်ရှစ်ဖုန့်ထံရောက်ရှိလာသည်။ ရှစ်ဖုန့်က သူ၏လက်အတွင်းဖမ်းလိုက်၏။

“ဒီဧကရာဇ်နယ်ပယ်မြေမီးတောက်ငါးခု

ကိုဝါးမျိုပြီးရင် ကြယ်လေးပွင့်ဧကရာဇ်နယ်ပယ်ကိုဝင်ရောက်ဖို့ငါ့အတွက်ပြဿနာမဟုတ်တော့ဘူး”

ရှစ်ဖုန့်ကသူ၏လက်ထဲရှိ အရောင်ငါးမျိုးမီးတောက်တို့အား ထပ်မံငုံ့ကြည့်ပြီး ပြောလိုက်သည်။

ထို့နောက်သူ၏ဒန်တန်နှင့်ပေါင်းစပ်ထားသော သွေးနီရောင် ကောင်းကင်မီးတောက်ကို့ စတင်လှည့်ပတ်လိုက်သည်။ အရောင်ငါးမျိုးမီးတောက်တို့အား

ကိုင်ထားသည့်ရှစ်ဖုန့်လက်ထဲ၌ဟုန်းခနဲ သွေးနီရောင်မီးတောက်တစ်ခုထွက်ပေါ်လာသည်။ ၎င်းကပြင်းထန်စွာလောင်ကျွမ်းပြီး အေးစက်သောအော်ရာတစ်ခုကိုထုတ်လွှတ်နေ၏။ မျက်စိတစ်မှိတ်အတွင်း ၎င်းက အရောင်ငါးမျိုးမီးတောက်တို့ကို ဝါးမျိုသွားသည်။

ရှစ်ဖုန့်၏လက်ထဲရှိသွေးနီရောင်မီးတောက်တို့က ဖြည်းဖြည်းချင်းမှေးမှိန်ပျောက်ကွယ်

သွားသောအခါတွင် ရှစ်ဖုန့်၏ကိုယ်၌အဖြူရောင်အလင်း

တစ်ခုရုတ်တရက်လင်းလက်လာသည်။ အရောင်ငါးမျိုးမီးတောက်တို့အားဝါး

မျိုပြီးသည့်နောက် ကြယ်လေးပွင့်ဧကရာဇ်နယ်ပယ်သို့ အောင်မြင်စွာဝင်ရောက်နိုင်ခဲ့သည်။

“သူ..သူထပ်ပြီးအဆင့်ချိုးဖျက်ပြန်ပြီ”

သိပ်မဝေးသောညကောင်းကင်ယံထဲရှိ

လောချင်းချွမ်က ပြောလိုက်သည်။ ဤလူက ပုံမှန်မဟုတ်ထူးခြားသည်ကိုသူသိသော်လည်း သူမမထိန်းထားနိုင်ဘဲ “ထပ်ပြီး”ဟုသုံးနှုန်းမိသည်။

ဆက်ရန်………

ဘာသာပြန်သူ-ARISE

All Chapters