← Chapters

အခန်း (၇၉၇)

Vol. 54 Ch. 797

အခန်း (၇၉၇)

Vol. 54 Ch. 797

အနောက်ပိုင်းဒေသကြီး၏ မှောင်မိုက်သော ညကောင်းကင်ယံထဲ၌ဖြစ်သည်။

ရှစ်ဖုန့်က ယန်ကျုံးအားသတ်ပြီးသည့်နောက် သူကခေါင်းလှည့်လိုက်ပြီး သိပ်မဝေးသောနေရာ၌ရှိနေသည့် လောချင်းချွမ်နှင့် ဇီယာတို့ကိုကြည့်လိုက်သည်။ ထို့နောက်သူ၏ ပုံရိပ်က ဖျက်ခနဲဖြစ်သွားပြီး လျှင်မြန်စွာဖြင့်သူတို့နှစ်ဦး၏ရှေ့သို့

ရောက်ရှိလာသည်။

ရှစ်ဖုန့်က တိုက်ပွဲအားအနိုင်ယူပြီးသည့်

နောက်ပြန်ရောက်လာသည်ကိုတွေ့ရ

သောအခါတွင် လောချင်းချွမ်ကရှစ်ဖုန့်အားအပြောလိုက်သည်။

“သခင်လေး ဖုန့်… ကျွန်တော်တို့အနောက်ပိုင်းဒေသကြီးရဲ့ဘယ်အပိုင်းကိုဆင်းမိလဲဆိုတာကိုမသိဘူး. ဘာလို့ကျွန်တော်တို့ လူခွဲပြီးတော့မြို့တစ်ခုကိုမရှာတာလဲ.. ကျွန်တော်က ဆန့်ကျင်ဘက်ဦးတည်ချက်ကိုသွားမယ်.. အကယ်၍ တစ်ခုခုကို ကျွန်တော်ရှာတွေ့ရင် အချိန်မှီအချက်ပြပါ့မယ်”

“ကောင်းပြီ..အဲ့လိုလုပ်ကြစို့”

ရှစ်ဖုန့်ကခေါင်းညိမ့်ပြီးပြောလိုက်သည်။

သူတို့က နေဝင်ဆည်းဆာမြို့အတွင်း ဒေသကြီးအချင်းချင်းနေရာကူးပြောင်းအစီအရင်ကိုအသုံးပြု၍ ကျယ်ပြောလှသောအနောက်ပိုင်းဒေသကြီးအတွင်းသို့ရောက်ရှိလာခြင်းဖြစ်သည်။ယခုအချိန်၌ အရေးကြီးဆုံးသောအရာမှာ သူတို့ရောက်ရှိနေသောနေရာအားရှာဖွေပြီး မော်ကြွားဓားအိမ်တော်သို့ ဖြစ်နိုင်သမျှအမြန်ဆုံးသွားရန်ဖြစ်သည်။

ထို့နောက်လောချင်းချွမ်က လှုပ်ရှားလိုက်ပြီး ရှစ်ဖုန့်၏နောက်ဘက်သို့ပျံသန်းသွားသည်။ မကြာခင်တွင် ညကောင်းကင်ယံထဲ၌ရှစ်ဖုန့်နှင့်ဇီယာ

တို့သာကျန်ရစ်ခဲ့သည်။

“သွားကြစို့”

ရှစ်ဖုန့်ကပြောလိုက်သည်။

“ကောင်းပြီ”

ဇီယာက အနည်းငယ်ခေါင်းညိမ့်လိုက်သည်။

ထို့နောက် နှစ်ဦးသားလှုပ်ရှားလိုက်ပြီး သူတို့ရှေ့ရှိ အကန့်သတ်မဲ့ကျယ်ပြောသောညကောင်းကင်ယံထဲသို့ပျံသန်းသွားသည်။

မှောင်မိုက်သောအမည်မသိနေရာတစ်ခုတွင် နက်ရှိုင်းသောအသံတစ်ခုထွက်ပေါ်လာပြီး စကားလေးခွန်းကိုပြောလိုက်သည်။

“ယန်ကျုံးသေပြီ”

“ဘာ”

“ဘာ”

“ဘာ”

စကားလေးခွန်းပြောပြီးသည့်နောက် ၌ မှောင်မိုက်ပြီး အမည်မသိသောနေရာတွင်ရုတ်ခြည်း

အံ့အားသင့်သောအာမေဋိတ်သံများ

ဖြင့်ပြည့်နှက်သွားသည်။ ဤနေရာ၌မည်သူ့ကိုမှမြင်တွေ့နိုင်ခြင်းမရှိသော်လည်း ဤအသံများအားကြားရရုံဖြင့် ဤနေရာ၌လူများဒါဇင်နှင့်ချီရှိသည်

ဟုပြောနိုင်သည်ဖြစ်သည်။

“ကျုပ်သိသလောက်ဆိုရင်. ယန်ကျုံးက ကြယ်လေးပွင့်ဧကရာဇ်နယ်ပယ်တစ်ယောက်

ကိုတောင်သတ်ပစ်ခဲ့တဲ့ကျွမ်းကျင်သူတစ်ဦးပဲ.. ဒီတစ်ကြိမ်သူ့ရဲ့ပစ်မှတ်က ဆယ့်ခြောက်နှစ်အရွယ်ကောင်လေးတစ်ယောက်ပဲဟာ”

“ယန်ကျုံးကိုသတ်ခဲ့တဲ့ ဆယ့်ခြောက်နှစ်အရွယ်ကောင်လေးက ငရဲဘုံကိုးခု ဧကရာဇ်ရဲ့အဆက်အနွယ်ပဲ. ငရဲဘုံကိုးခု ဧကရာဇ်ရဲ့အဆက်အနွယ်တွေက ပုံမှန်ထက်ကိုပိုပြီးထူးခြားတယ်…ကြည့်ရတာငါတို့တွေသူ့ကိုနားလည်မှုလွဲနေပုံပဲ”

ဤအချိန်တွင်နောက်ထက်နက်ရှိုင်းအေးစက်သောအသံတစ်ခုထွက်ပေါ်လာသည်။

“ဒီလူကငါတို့ငရဲလုပ်ကြံသတ်ဖြတ်သူ နှစ်ယောက်ကိုသတ်ပစ်ခဲ့တယ်.. သူသေရမယ်.. ငါတို့သူနဲ့ထပ်ပြီးကစားလို့မရတော့ဘူး.. ကောင်းကင်ဘုံအဆင့်လုပ်ကြံသတ်ဖြတ်သူကိုစေလွှတ်လိုက်တော့”

ဤအသံထွက်ပေါ်လာပြီးနောက် မှောင်မိုက်သောနေရာကရုတ်ခြည်း

တိတ်ကျသွားသည်။ အရမ်းတိတ်လွန်းသောကြောင့်မည်သူမျှမ

ရှိနေသကဲ့သို့ပင်ဖြစ်သည်။ ထိုနေရာ၌မည်သူမျှရှိမနေဟုပင်ထင်ရ၏။

ထို့နောက်အေးစက်သောအသံတိုး

တစ်ခုထပ်မံထွက်ပေါ်လာသည်။

“ငှားယမ်းသူကို ဆက်သွယ်ပြီးတော့ သူ့ကိုဆုကြေးပိုပေးဖို့တောင်းဆိုလိုက်.. ကောင်းကင်ဘုံအဆင့်လုပ်ကြံသတ်ဖြတ်သူရဲ့ အချက်အလက်တွေအရ အကယ်၍ သူမပေးနိုင်ရင် စည်းမျဉ်းဟောင်းတွေထဲကအတိုင်းသူ့မိသားစုထဲက အမျိုးသမီးတွေ ဒါမှမဟုတ် ခြေလက်တွေကိုယ်တွင်းအင်္ဂါတွေ ဒါမှာမဟုတ် သူနဲ့သူမိသားစုရဲ့အသက်တွေကိုပေးရမယ်”

“သတ်ဖြတ်မိန့်ကဖြစ်လာပြီဆိုမှတော့ ငါတို့တွေပစ်မှတ်ကိုမသတ်နိုင်မချင်းရပ်လို့မရဘူး. ဒါက ငရဲလုပ်ကြံသတ်ဖြတ်ခြင်းခန်းမရဲ့စည်းမျဉ်းပဲ”

“ဟုတ်ကဲ့ အရှင်”

အိုမင်းပြီးလေးစားမှုအပြည့်ရှိသော အသံတစ်ခုကပြန်ဖြေသည်။

ရှစ်ဖုန့်နှင့် ဇီယာတို့က မိုးကောင်းကင်လင်းလက်တောက်ပလာသည်အထိလမ်းတစ်လျှောက်ပျံသန်းလာခဲ့သည်. ထို့နောက်ဇီယာက အကွာအဝေးတစ်ခုရှိမြေပြင်ထံသို့ထိုးညွှန်ပြလိုက်သည်။

“အကိုကြီးရှစ်ဖုန့် ကြည့်လိုက်”

မြေပြင်ထက်တွင် စိမ်းလန်းစိုပြည်သန်စွမ်းသောတောအုပ်

တစ်ခုရှိသည်။ တော်အုပ်၏အလယ်တွင် မြို့တစ်ခုရှိနေ၏။

“သွားမယ်”

ရှစ်ဖုန့်ကအော်ပြောလိုက်ပြီးနောက် ဇီယာနှင့်အတူ မြို့ထံသို့ထိုးဆင်းလိုက်သည်။ ရှစ်ဖုန့်ကသူ၏လက်ထဲမှကျောက်စိမ်းပြား

တစ်ခုအားချိုးလိုက်ပြီး လောချင်းချွမ်ကို အချက်ပြမှုတစ်ခုပို့လွှတ်လိုက်၏။

“ဖန်း..ဖန်း”

ညင်သာသောအသံနှစ်ခုနှင့်အတူ ရှစ်ဖုန့်နှင့်ဇီယာတို့က မြို့ဂိတ်၌ဆင်းသက်လိုက်သည်။ နံနက်ခင်းအစောပိုင်းဖြစ်သောကြောင့် ဂိတ်၌လူများစွာရှိမနေသေးပေ။ သို့သော် မြို့၏နှစ်ဖက်လုံး၌ အစိမ်းရောင်ချပ်ဝတ်နှင့် အစောင့်များကဝင့်ကြွားစွာဖြင့်စီတန်း

ရပ်နေကြသည်။

ရှစ်ဖုန့်က မြို့စောင့်များအား မြို့ဝင်ကြေးကိုပေးလိုက်၏။ ထိုနေရာ၌ရှိနေစဉ်ဤမြို့အား တောအုပ်မြို့ဟု ခေါ်သည်ကိုသိလိုက်ရသည်။ ထို့နောက်မကြာခင် နှစ်ယောက်သားမြို့အတွင်းသို့ဝင်လိုက်ကြ၏။

နံနက်ခင်းစောစောတွင်လမ်းဘေးဈေးသည်များက သူတို့၏ကုန်ပစ္စည်းများအား လမ်းလေးတစ်ဖက်တစ်ချပ်စီတွင် ခင်းကျင်းနေကြသည်။ လမ်းဘေးဈေးသည်များက သူတို့၏ပစ္စည်းများအားခင်းကျင်းရင်းသူတို့ဘေးရှိလူများနှင့်အေးအေးလူလူ စကားစမြည်ပြောနေကြ၏။နံနက်ခင်းအစောပိုင်းအချိန်ဖြစ်သောကြောင့် လမ်းမထက်၌ လူများစွာရှိမနေသေးပေ။ ၎င်းကခြောက်ကပ်နေသည်။

သို့သော်ဇီယာ၏ ခရမ်းရောင်မြွေမြှီးက လမ်းလေးဈေးသည်များ၏ အာရုံကို ရုတ်ခြည်းစွဲဆောင်သွားသည်။ သူတို့က မြွေလူသားမျိုးနွယ်မှ‌ကောင်မလေးအားထူးဆန်းစွာကြည့်ပြီး တစ်ယောက်နှင့်တစ်ယောက်တီးတိုးပြောဆိုနေကြ၏။

လမ်းမထက်၌လျှောက်လှမ်းနေရင်း

ဤလူများ၏ထူးဆန်းမှုကိုရှစ်ဖုန့် သတိပြုမိပြီးဖြစ်သည်။ သို့သော် သူ့ဘေးရှိ အပြစ်ကင်းစင်သော ဇီယာကဘာကိုမှသတိပြုမိခြင်း

မရှိသည်ကိုတွေ့ရသောအခါတွင်သူကလည်း၎င်းတို့အား

လျစ်လျူရှုထားလိုက်သည်။

သိပ်မကြခင် ရှစ်ဖုန့်နှင့်ဇီယာတို့ကအစိမ်းရောင်တောအုပ်ဟုခေါ်သောဆိုင်တစ်ဆိုင်သို့ဝင်လိုက်ပြီး လောချင်းချွမ်ကိုစောင့်နေလိုက်သည်။

ဆိုင်မှာခြောက်ကပ်နေပြီး အတွင်း၌ဧည့်သည်တစ်ယောက်မှ

ပင်ရှိမနေသေးပေ။စားပွဲထိုးဖြစ်သူ၏

လမ်းပြမှုအောက်တွင် ရှစ်ဖုန့်နှင့်ဇီယာတို့က ထောင့်တစ်ထောင့်ကိုတွေ့လိုက်ပြီး ထိုင်လိုက်ကြသည်။

“လူကြီးမင်း. ဘာများသုံးဆောင်ချင်ပါသလဲ”

စားပွဲထိုးကမေးလိုက်သည်။

“ပေါ့ပေါ့ပါးပါးမနက်စာအချို့ပဲပြင်ဆင်ပေး”

ရှစ်ဖုန့်ကပြောလိုက်သည်။

“ကောင်းပါပြီ..ကျေးဇူးပြုပြီး ခေတ္တစောင့်ဆိုင်းပေးပါ”

စားပွဲထိုးဖြစ်သူကပြန်ဖြေသည်။ သူကခေါင်းကိုငုံ့လိုက်ပြီး ဇီယာ၏အောက်ရှိ ခရမ်းရောင်မြွေမြှီးကိုတစ်ချက်ကြည့်လိုက်သည်။ ထို့နောက်သူ၏အကြည့်အားရုတ်သိမ်းလိုက်ပြီး စားဖိုဆောင်ဆီသို့သွားလိုက်၏။

စားပွဲထိုးဖြစ်သူကောင်တာ၌ထပ်မံပေါ်လာသောအခါတွင် ရှစ်ဖုန့်က ထပ်မံအော်ပြောလိုက်သည်။

“စားပွဲထိုး ဒီကိုလာအုံး”

“လာပါပြီ”

စားပွဲထိုးကအော်ပြောလိုက်ပြီး ဇီယာနှင့်ရှစ်ဖုန့်တို့ရှိနေသောစားပွဲသို့ ခပ်ရွရွပြေးလာသည်။သူကခေါင်းညိမ့်ပြီး

ပြောလိုက်သည်။

“လူကြီးမင်း”

“ငါမင်းကိုမေးချင်တယ်.. ဒီတောအုပ်မြို့နဲ့ မော်ကြွားဓားအိမ်တော်နဲ့ဘယ်လောက်ဝေးလဲသိလား”

ရှစ်ဖုန့်ကပြောလိုက်သည်။

“မော်ကြွားဓားအိမ်တော်”

စားပွဲထိုးဖြစ်သူမှာ ဤစကားတို့အားကြားလိုက်ရသောအခါတွင် တုန်လှုပ်သောအမူအယာတစ်ခုက ရုတ်ခြည်းသူ၏မျက်နှာထက်တွင်ပေါ်လာသည်။

“ဟမ်”

ရှစ်ဖုန့်ကစားပွဲထိုးဖြစ်သူ၏မျက်နှာထက်မှ ပြောင်းလဲမှုတို့ကိုလျှင်မြန်စွာသတိပြုမိလိုက်ပြီး အလျှင်အမြန်မေးလိုက်သည်။

“ဘာဖြစ်လို့လဲ. မော်ကြွားဓားအိမ်တော်နဲ့ပက်သက်ပြီး ပြဿနာတစ်ခုခုရှိလို့လား”

“မော်ကြွားဓားအိမ်တော်. အခုတလောကျွန်တော်တို့တွေဒီစကား

ကိုတော်တော်လေးပြောဖြစ်ကြတယ်.. လူကြီးမင်း လူကြီးမင်းမေးတာက ငရဲဘုံကိုးခု ဧကရာဇ်ရဲ့တပည့်ဖြစ်တဲ့ အိမ်တော်သခင် ယွမ်ရီမုန့်နေထိုင်တဲ့ မော်ကြွားဓားအိမ်တော်လား”

စားပွဲထိုးဖြစ်သူကထပ်မံမေးလိုက်သည်။

“အင်းအဲ့တာပဲ”

ရှစ်ဖုန့်ကပြောလိုက်သည်။ စားပွဲထိုးဖြစ်သူ၏မျက်နှာထက်မှ တုန်လှုပ်သောအမူအယာနှင့် စကားများအားကြားရမြင်ရပြီးနောက် ရှစ်ဖုန့်၏ နှလုံးသားထဲ၌ဆိုးဝါးသောခံစားချက်တစ်ခုမြင့်တက်လာသည်။ သူကမျက်မှောင်ကြုတ်ပြီးမေးလိုက်သည်။

“အဲ့တာကဘာလဲ”

“ပြောစမ်းပါ. မော်ကြွားဓားအိမ်တော်နဲ့ပက်သက်ပြီး

ဘာကောလဟာလတွေကိုမင်းကြားထားလဲ”

စားပွဲထိုးမှရှစ်ဖုန့်၏အသံမှစိတ်မရှည်မှုကိုကြားလိုက်ရသည်။ သူကအချိန်ထပ်ဖြုန်းခြင်းမရှိဘဲ အလျှင်အမြန်ပြောလိုက်သည်။

“ဒီရက်တွေမှာ မော်ကြွားဓားအိမ်တော်မှာ တစ်ခုခုကြီးမားတာဖြစ်ခဲ့တယ်..ကောလဟာလတွေအရ လွန်ခဲ့တဲ့သုံးရက်တုံးက မော်ကြွားဓားအိမ်တော်မှာ အနက်ရောင်နတ်ဆိုးတိမ်တိုက်ကြီးတွေတလိပ်လိပ်တက်လာခဲ့တယ်.. မော်ကြွားဓားအိမ်တော်ပေါ်ကို မရေတွက်နိုင်တဲ့ နတ်ဆိုးတွေနဲ့တစ္ဆေတွေဆင်းသက်လာခဲ့ပြီး မော်ကြွားဓားအိမ်တော်နဲ့ မကြုံစဖူးတိုက်ပွဲတစ်ခုကို တိုက်ခိုက်ခဲ့တယ်”

“အနိုင်နဲ့အရှုံးကို မော်ကြွားဓားအိမ်တော်ရဲ့အပျက်အစီးတွေက

နေမြင်တွေ့နိုင်တယ်.. နတ်ဆိုးတွေကြောင့်မော်ကြွားဓားအိမ်တော်ကအပျက်အစီးပုံကြီးဖြစ်သွားတယ်.. အပျက်အစီးပုံပေါ်မှာ လူသားနဲ့နတ်ဆိုးအလောင်းတွေမှတစ်ပုံကြီးပဲတဲ့. ကျွန်တော်ကြားရသလောက်ဆိုရင် အဲ့တာကတကယ်ကို ဝမ်းနည်းဖို့ကောင်းတဲ့မြင်ကွင်းတစ်ခုပဲ”

စားပွဲထိုးဖြစ်သူကခေါင်းခါယမ်းပြီး ဝမ်းနည်းစွာဖြင့်သက်ပြင်းချလိုက်သည်။

“ဘာ..မော်ကြွားဓားအိမ်တော်က အစုလိုက်အပြုံလိုက်အသတ်ခံရတယ်”

စားပွဲထိုးဖြစ်သူ၏ စကားများအားကြားသောအခါတွင် ရှစ်ဖုန့်ကအေးစက်စွာအော်ပြောလိုက်သည်။ ကျယ်လောင်သောအသံတစ်ခုနှင့်အတူ ရှစ်ဖုန့်ရှေ့ရှိစားပွဲက ရှစ်ဖုန့်ခန္ဓာကိုယ်မှထွက်လာသော

မမြင်နိုင်သည့်အားအောက်၌ရုတ်တရက်ပေါက်ကွဲထွက်သွားည်။

ထို့နောက်ရှစ်ဖုန့်၏ကိုယ်မှ အေးစက်သောသတ်ဖြတ်ခြင်းအော်ရာတစ်ခု မြင့်တက်လာသည်။

“အား”

ရှစ်ဖုန့်၏ကိုယ်မှ မမြင်နိုင်သော စွမ်းအားအားအာရုံခံမိသောအခါတွင် စားပွဲထိုးမှာအလျှင်အမြန် အလန့်တကြားအော်ဟစ်လိုက်သည်။ သူ၏ခြေထောက်များကအားနည်း

ပျော့ခွေတုန်ယင်နေသည်။

“အကိုကြီးရှစ်ဖုန့်”

ဇီယာကသူမရှေ့ရှိရှစ်ဖုန့်ကို ညင်သာစွာခေါ်လိုက်သည်။ သူမပင်မထိန်းနိုင်ဘဲ ရှစ်ဖုန့်၏ ကိုယ်မှဖိအားအားခံစားရသောအခါတွင် တုန်ယင်နေမိသည်။ သူမအသက်ရှူရသည်ပင်ခက်ခဲလာသည်။

ဆက်ရန်…………

ဘာသာပြန်သူ-ARISE

All Chapters