အခန်း (၇၉၈)
Vol. 54 Ch. 798
“အကိုကြီး ရှစ်ဖုန့်”
ဇီယာ ၏ညင်သာသောအသံအားကြား
လိုက်ရသောအခါတွင် ရှစ်ဖုန့်အသိပြန်ဝင်လာသည်။ သူ၏ ဝန်းကျင်ရှိအဟုန်နှင့် သတ်ဖြတ်ခြင်အော်ရာတို့ကလည်း တိတ်တဆိတ်မှေးမှိန်ပျောက်ကွယ်သွားသည်။
ရှစ်ဖုန့်မှာ ဇီယာကသူ့အား စိုးရိမ်သောအမူအယာတစ်ခုနှင့်ကြည့်
နေသည်ကို တွေ့လိုက်ရသည်။ သူကခေါင်းကိုအနည်းငယ်ခါယမ်း
လိုက်ပြီးပြောလိုက်သည်။
“ငါအဆင်ပြေပါတယ်”
“ကောင်းပါပြီ”
ဇီယာက အနည်းငယ်ခေါင်းညိမ့်လိုက်သည်။ ရှစ်ဖုန့်အဆင်ပြေသည်အားတွေ့ရသောအခါတွင် သူမျက်နှာထက်ရှိ စိုးရိမ်ပူပန်နေမှုမှာလည်း ပျောက်ကွယ်သွားသည်။
“လူ.လူကြီးမင်း.. စားပွဲများပြောင်းချင်ပါသလား.. “
စားပွဲထိုးကတုန်ယင်သောအသံဖြင့်လေးစား
မှုအပြည့်မေးလိုက်သည်။ အစောပိုင်းကရှစ်ဖုန့်၏အော်ရာအား
သူအာရုံခံမိခဲ့သောကြောင့်သူ့၌ အကြောက်တရားတို့စွဲကျန်နေဆဲဖြစ်သည်။
ရှစ်ဖုန့်က သူ၏ခြေထောက်အောက်မှ စားပွဲအပျက်အစီးပုံအားမြင်တွေ့လိုက်ရသောအခါတွင် စားပွဲထိုးကိုခေါင်းညိမ့်ပြလိုက်ပြီး ပြောလိုက်သည်။
“စားပွဲတစ်ခုပြောင်းမယ်”
ထို့နောက်ရှစ်ဖုန့်နှင့်ဇီယာတို့က သူတို့ရှေ့ရှိသစ်သားစားပွဲတစ်ခုသို့သွားပြီး ထိုင်လိုက်သည်။
ဤအချိန်တွင် စားပွဲထိုးက ထပ်မံပြောလိုက်သည်။
“ လူကြီးမင်း. ကျေးဇူးပြုပြီးခဏစောင့်ပေးပါ. စားဖိုဆောင်ကိုသွားပြီးလူကြီးမင်းရဲ့နံနက်စာဘယ်လိုနေလဲသွားမေးလိုက်ပါအုံးမယ်”
“ကောင်းပြီ သွားပါ”
ရှစ်ဖုန့်ကပြောလိုက်သည်။
ရှစ်ဖုန့်၏စကားအားကြားပြီးနောက်စားပွဲထိုးကချက်ချင်းပဲလှည့်ပြီးထွက်ခွာသွားသည်။ရှစ်ဖုန့်နှင့်အကွာအဝေးတစ်ခုခြားသည်ကိုတွေ့
လိုက်ရသောအခါတွင် သူကတစ်စုံတစ်ခုထံမှထွက်ပြေးလွတ်မြောက်လာသကဲ့သို့ စားဖိုဆောင်ထံသို့ပြေးသွားလိုက်သည်။
“အကိုကြီးရှစ်ဖုန့် အကိုကြီးအဆင်ပြေတာ သေချာရဲ့လား”
စားပွဲထိုးထွက်ခွာသွားပြီးနောက်ဇီယာ
ကစိတ်ပူစွာဖြင့်မေးလိုက်သည်။
“အင်း’
ရှစ်ဖုန့်ကပြောလိုက်သည်။ သူကဆက်ပြောသည်။
“ချင်းချွမ်လာရင် တို့တွေဒီမြို့ထဲကနေရာကူးပြောင်းအစီအရင်
ကိုချက်ချင်းသွားပြီး မော်ကြွားဓားအိမ်တော်ကိုအမြန်သွားရမယ်”
“ကောင်းပါပြီ”
ဇီယာကအနည်းငယ်ခေါင်းညိမ့်လိုက်သည်။
သိပ်မကြာခင်စားပွဲထိုးကအုတ်ဂျုံယာဂုပန်းကန်လုံးနှစ်လုံးနှင့် အရံပန်းကန်းပြားတို့ကိုသယ်လာသည်။ ဤအချိန်တွင် ကျင့်ကြံသူလေးဦးက ဆိုင်ထဲသို့ဝင်လာပြီး ရှစ်ဖုန့်နှင့်ဇီယာတို့၏ မဝေးသောနေရာ၌ထိုင်လိုက်သည်။
ထိုင်ပြီးသိပ်မကြာလိုက်ခင် ၎င်းတို့က စကားစမြည်စပြောကြ၏။ ၎င်းတို့စကားပြောနေစဉ် ၎င်းတို့ထဲမှတစ်ယောက်ကပြောလိုက်သည်။
“အနောက်ပိုင်းဒေသကြီးမှာ ဒီရက်ပိုင်းအတွင်းကိစ္စကြီးတစ်ခုဖြစ်သွားတာကို မင်းတို့သိလား”
“ဒါပေါ့ငါတို့သိတာပေါ.”
၎င်းတို့ထဲမှတစ်ယောက်ကပြောသည်။
“အနောက်ပိုင်းဒေသကြီးမှာ ဒါထက်ပိုအရေးကြီးတာဘာရှိသေးလို့လဲ.. ဒီကိစ္စက အနောက်ပိုင်းဒေသကြီးတစ်ခုလုံးကိုပျံ့နှံ့နေပြီပဲဟာ. အခြားဒေသကြီးတွေကိုတောင်ပျံ့နှံ့နေလောက်ပြီလို့ငါယူဆတယ်.. မင်းက မော်ကြွားဓားအိမ်တော်အကြောင်း
ကိုပြောနေတာလေ”
“ဟုတ်တယ်. မော်ကြွားဓားအိမ်တော်ပဲ.. ဒီလိုအင်အားကြီးမော်ကြွားဓားအိမ်တော်က အပျက်စီးပုံကြီးဖြစ်ပြီးအ
လောင်းတွ
ေနေရာအနှံ့ပျံ့ကြဲနေမယ်
လို့ဘယ်သူကထင်မှာလဲ..
ဒါဆိုမော်ကြွားဓားအိမ်တော်ကိုဘယ်သူက ဖျက်ဆီးခဲ့လဲဆိုတာရောမင်းတို့သိကြလား”
“ငါဒါကိုအရင်ကကြားဖူးတယ်.. ကောလဟာလတွေအဲ့တာကိုနတ်ဆိုးသားရဲမွန်းစားတွေလုပ်ခဲ့တာတဲ့.. အရင်တုံးက ငရဲဘုံကိုးခု ဧကရာဇ်ကထျန်းယောင်တောင်ပေါ်မှာ မွန်းစတားဧကရာဇ်ကို သတ်ပစ်ခဲ့တယ်.ဒီအကြိမ် နတ်ဆိုးသားရဲမွန်းစတားတွေကပြန်လာပြီး ငရဲဘုံကိုးခု ဧကရာဇ်နဲ့ပက်သက်ဆက်နွယ်တဲ့
သူအားလုံးကိုသတ်ပစ်မယ်လို့ကြေညာခဲ့တယ်”
“ခေါင်းဆောင်ဖြစ်သူကိုတော့ ယောင်ဟွမ်လို့ခေါ်တယ်. ကောလဟာလတွေအရသူက မွန်းစတားဧကရာဇ်ရဲ့သားတဲ့”
“ယောင်ဟွမ်. . မွန်းစတားဧကရာဇ်ရဲ့သား”
ရှစ်ုဖန့်က ၎င်းတို့၏ ဆွေးနွေးပြောဆိုမှုများအားနားထောင်ရင်း အေးစက်စွာတီးတိုးရေရွတ်လိုက်သည်။
မွန်းစာတားဧကရာဇ်မှာ လွန်ခဲ့သောနှစ်ဆယ့်ငါးနှစ်က ထျန်းယောင်တောင်ပေါ်တွင်သူသတ်သည်ကိုခံခဲ့ရသည်ဖြစ်သည်။ ထိုအချိမှစ၍ သူကနတ်ဆိုးသားရဲမွန်းစတားများအတွက် ခြိမ်းခြောက်မှုဖြစ်ခဲ့သည်။ ၎င်းတို့၌အသက်ရှင်ကျန်ရစ်ခဲ့သူများရှိသေးမည်ဟုမည်သူထင်ပါမည်နည်း။
“အကယ်၍ဒါသာအမှန်ဆိုရင် ဒီသခင်လေး သေချာပေါက်ထျန်းယောင်တောင်ပေါ်ကနေထွက်လာတဲ့ အဲ့ နတ်ဆိုးသားရဲမွန်းစတားတွေအားလုံးကို အမြစ်ဖျက်သုတ်သင်ပစ်မယ်”
“အခုက ငရဲဘုံဘုံနန်းကို ပြန်ရမဲ့အချိန်ပဲ”
ရှစ်ဖုန့်က သူ့ဖာသာသူတွေးလိုက်သည်။
“ငရဲဘုံဘုံနန်းမှာအတိတ်တုံးကငရဲဘုံကိုးခု ဧကရာဇ်၏ပိုင်နက်နယ်မြေဖြစ်သည်။ ထိုနေရာ၌မည်သည့်သက်ရှိမှမရှိဘဲ ကောင်းကင်တစ်ခုလုံးပြည့်နှက်နေသည့် တစ္ဆေများသာရှိသည်ဖြစ်သည်။
ငရဲဘုံကိုးခုဧကရာဇ်၏ အောက်၌ တစ္ဆေစစ်သူကြီးရှစ်ဦးရှိသကဲ့သို့ ကမ္ဘာတစ်ခုလုံးအား ထိတ်လန့်စေသောတစ္ဆေစစ်သည် သန်းရာနှင့်ချီရှိသည်ဖြစ်သည်။
သို့သော်ကမ္ဘာကြီးမှာ ထိုနေရအားကြားသာကြားဖူးပြီး ဘယ်နေရာ၌ရှိသည်ကိုမသိကြချေ။
ကောလဟာလများအရထိုနေရသို့သေလူများသာဝင်နိုင်သည်ဟုဆိုသည်။
ဤအချိန်တွင်ရှစ်ဖုန့်က သူ၏ခေါင်းကိုလှည့်လိုက်ပြီး ပြတင်းတံခါးကိုဖြတ်သန်း၍ ကောင်းကင်ထဲသို့ကြည့်လိုက်သည်။
“ချင်းချွမ်လာပြီ သွားကြစို့”
“ကောင်းပြီ”
ရှစ်ဖုန့်၏ စကားအားကြားပြီးနောက် ဇီယာကခေါင်းညိမ့်လိုက်သည်။
ထို့နောက်နှစ်ယောက်သား ထရပ်လိုက်ပြီး ဆိုင်ပြင်သို့လျှောက်လှမ်းထွက်လာလိုက်သည်။ ရှစ်ဖုန့်က စားပွဲထိုးထံသို့ရွှေဒင်္ဂါးတစ်ပြားပစ်ပေးလိုက်ပြီး “အစိမ်းရောင်တောအုပ်”ဟုခေါ်သော
ဆိုင်ထဲမှဇီယာနှင့်အတူထွက်လာသည်။
လမ်းမပေါ်၌လျှောက်လှမ်းနေရင်း သူထံသို့လျှောက်လှမ်းလာနေသောအဖြူရောင်ပုံရိပ်တစ်ခုကို မကြာခင်ရှစ်ဖုန့်တွေ့လိုက်ရသည်။ ၎င်းမှာလောချင်းချွမ်ပင်ဖြစ်သည်။
“ချင်းချွမ်. သွားကြစို့. မော်ကြွားဓားအိမ်တော်ကို အခုပဲ နေရာကူးပြောင်းကြစို့”
“ကောင်းပါပြီ”
လောချင်းချွမ်ကခေါင်းညိမ့်လိုက်သည်။ ထို့နောက်ရှစ်ဖုန့်နှင့်အခြားသူနှစ်ဦးတို့က ကောင်းကင်အားဖြတ်သန်းပြီး အစိမ်းရောင်တောအုပ်မြို့ရှိ နေရာကူးပြောင်းအစီအရင်ထံသို့ ပျံသန်းသွားလိုက်သည်။
ထျန်းဟန်တိုက်ကြီးအတွင်းတွင် မြို့များ၏ ကောင်းကင်အထက်မှ ကျင့်ကြံသူများကောင်းကင်အားပျံသန်း၍ဖြတ်သန်းသွားလာခြင်းကိုယေဘုယျအားဖြင့်တားမြစ်ထားသည်။ သို့သော် ယင်းက ၎င်းတို့မည်သို့သောလူမျိုးလဲဆိုသည့်
ပေါ်တွင်မူတည်သည်ဖြစ်သည်။
မြို့အားလှည့်ပတ်ကင်းလှည့်နေကြ
သောအစိမ်းရောင်ချပ်ဝတ်စစ်သည်တစ်စုမှာ မူလက ရှစ်ဖုန့်နှင့် အခြားသူနှစ်ဦးအား မြို့အထက်မှပျံသန်းသွားသည်ကိုမြင်သောအခါ၌တားဆီးလိုခဲ့သည်။ သို့သော် သူတို့အား တုန်ယင်စေသည့်ဖိအားကိုခံစား
လိုက်ရသည့်အချိန်တွင် ရုတ်ခြည်းသူတို့၏လမ်းကြောင်း
ကိုရပ်တန့်လိုက်ကြသည်။
ရှစ်ဖုန့်ကဤနေရာ၌ အချိန်များထပ်ပြီးမဖြုန်းလိုချေ။ ထို့ကြောင့်သူကကောင်းကင်ကိုထိုးခွင်းပြီး သူ၏အော်ရာအားလုံးကိုထုတ်လွှတ်လိုက်ခြင်းဖြစ်သည်။ သူဖြတ်သွားသည့်နေရာတိုင်းတွင်အားလုံးက ထိတ်လန့်ကြောက်ရွံ့စွာဖြင့်ဆုတ်ခွာကြရသည်။
တောအုပ်မြို့အတွင်းတွင် ကြယ်လေးပွင့်ဧကရာဇ်နယ်ပယ်တစ်ဦး ၏ ဖိအားအားမည်သူကမျှ မပုတ်ခတ်ရဲကြပေ။
“မြို့..မြို့အရှင် တစ်စုံတစ်ယောက်က ကျွန်တော်တို့တောအုပ်မြို့ရဲ့ကောင်းကင်ကို ထိုးခွင်းပျံသန်းနေပါတယ်.. ကျေးဇူးပြုပြီး ဆုံးဖြတ်ချက်တစ်ခုကိုချပေးပါ”
မြို့အရှင်သခင်အိမ်တော်အတွင်းတွင် တပ်မှူးတစ်ယောက်ကဒူးတစ်ဖက်ထောက်ချပြီး ခံ့ညားသောသက်လတ်ပိုင်းအရွယ်လူတစ်ယောက်ကိုပြောလိုက်သည်။
“ငါ့ဖင်ကြီးကိုဆုံးဖြတ်ချက်ချပါ့လား”
သက်လတ်ပိုင်းအရွယ်လူက ရုတ်ခြည်းကြိမ်းမောင်းလိုက်သည်။
“အဲ့စွမ်းအားကြီးဖိအားကိုမင်းမခံစားမိဘူးလား. ငါမြို့အရှင်သခင်တောင်အဲ့ဖိအားအောက်မှာ တုန်ယင်နေရတာ. အဲ့တာက တကယ့်ကိုရက်စက်အကြင်နာမဲ့တဲ့သူမျိုးပဲ.
ဆုံးဖြတ်ချက်ချ.ဆုံးဖြတ်ချက်ချ..ဆုံးဖြတ်ချက်ချ ငါ့ဖင်ကြီးကိုဆုံးဖြတ်ချက်ချပါ့လား.. မင်းငါတို့တောအုပ်မြို့တစ်ခုလုံး အစုလိုက်အပြုံလိုက်အသတ်ခံရစေချင်တာလား”
“ထွက်သွား..ဒီနေရာကထွက်သွားစမ်း. ဘယ်သူမှဒီပုဂ္ဂိုလ်ကို မထိပါးဖို့အမိန့်ထုတ်လိုက်.. သူတို့ကိုတွေ့ရင် အားလုံး လေးစားမှုအပြည့်နဲ့ ဘိုးဘေးတစ်ယောက်ကို ဆက်ဆံသလိုမျိုးဆက်ဆံကြရမယ်”
“ဟုတ်..ဟုတ်..ဟုတ်ကဲ့”
ရှစ်ဖုန့်နှင့်အခြားသူနှစ်ဦးတို့က ရပ်တန့်ခြင်းမရှိဘဲ မြို့တစ်ခုပြီးတစ်ခုဖြတ်သန်းခဲ့သည်။ နောက်ဆုံးတွင် လေးရက်ကြာမြင့်ပြီးနောက် မော်ကြွားဓားအိမ်တော်နှင့်အနီးဆုံးမြို့ဖြစ်သော အစိမ်းရောင်လမင်းမြို့သို့ရောက်ရှိလာသည်။
အစိမ်းရောင်လမင်းမြို့က သူတို့၏ခရီးဦးတည်ချက်ဖြစ်သော
မော်ကြွားဓားအိမ်တော်နှင့်မိုင်နှစ်ရာကွာဝေးသည်။
ဤအချိန်တွင်လောချင်းချွမ်က မော်ကြွားဓားအိမ်တော်ရှိရာ ကောင်းကင်သို့ကြည့်၍ပြောလိုက်သည်။
“သခင်လေးဖုန့်. ကျွန်တော်တို့တွေ မော်ကြွားဓားအိမ်တော်နဲ့ မိုင်နှစ်ရာအကွာကိုရောက်ပါပြီ.. နံပါတ်ခြောက်ဂျူနီယာညီလေး.သူတကယ်ပဲ…
ဟူး”
အဆုံးသတ်တွင်လောချင်းချွမ်သက်ပြင်း
ရှည်တစ်ချက်ကိုသာချလိုက်သည်။
“အကယ်၍သူအသက်ရှင်သေးရင် ဒီသခင်လေးသူ့ကိုတွေ့ချင်တယ်.. အကယ်၍သူသေရင် သူ့အလောင်းကိုတွေ့ချင်တယ်. ယွမ်ရီမုန့်ကဒီလိုလွယ်လွယ်လေး
သေမယ်လို့ဒီသခင်လေးမထင်ဘူး”
ရှစ်ဖုန့်ကပြောလိုက်သည်။
ရှစ်ဖုန့်၏ စကားများအားကြားပြီးနောက် လောချင်းချွမ်ကခေါင်းညိမ့်ပြီးပြောလိုက်သည်။
“အမှန်ပဲ. အဘိုးအိုထျန်းယုံက မော်ကြွားဓားအိမ်တော်ဒုက္ခရောက်နေပြီလို့သတင်းစားချန်ထားခဲ့ပေမဲ့ နံပါတ်ခြောက်ဂျူနီယာညီလေးသေပြီလို့သူမပြောသွားဘူး. နံပါတ်ခြောက်ဂျူနီယာညီလေး
ဒီကပ်လေးကနေလွတ်မြောက်သွားလောက်တယ်”
လောချင်းချွမ်မှာ ခိုင်မာပြတ်သားသောမျက်နှာနှင့်ဓားတစ်ချောင်းကဲ့သို့ အံ့ဖွယ်ကောင်းသောပုံရိပ်အားအမှတ်ရမိပြီး သူ့ကိုယ်သူနှစ်သိမ့်လိုက်သည်။
သူတွေးသလိုဖြစ်လာရန်သာသူမျှော်လင့်မိ၏။
“သွားစို့ ..အခုဒီအကြောင်းကိုတွေးနေပြောနေတာကအသုံးမဝင်ဘူး.. မော်ကြွားဓားအိမ်တော်ကိုအရင်သွားကြစို့”
ရှစ်ဖုန့်ကပြောလိုက်သည်။
ထို့နောက်သုံးယောက်သားလှုပ်ရှားလိုက်ပြီး အစိမ်းရောင်လမင်းမြို့ ၏ကောင်းကင်အား ထိုးခွင်းဖြတ်သန်းကာ မော်ကြွားဓားအိမ်တော်ရှိရာဦးတည်ချက်သို့ ဦးတည်လိုက်သည်။
“ယွမ်ရီမုန့်.. မင်းဒီသခင်လေးအတွက်အကောင်း
ဆုံးလုပ်ဆောင်ပြီး အသက်ရှင်ကျန်ရစ်ပါ. ကလေး. မင်းကမင်းတို့ခုနှစ်ယောက်ထဲမှ စွမ်းဆောင်နိုင်စွမ်းအရှိဆုံးသူပါ”
ရှစ်ဖုန့်ကလေထဲ၌ပျံသန်းနေရင်း
သူ့ဖာသူပြောလိုက်သည်။
သူ၏စိတ်ထဲ၌ဒေါင်မြင့်မြင့်နှင့်
အရှုံးမပေးတတ်သော ပုံရိပ်တစ်ခုကလည်းပေါ်လာသည်။
ဆက်ရန်………..
ဘာသာပြန်သူ-ARISE