အခန်း (၇၉၉)
Vol. 54 Ch. 799
“မင်းဘာလို့ငါ့တပည့်ဖြစ်ချင်ရတာလဲ”
တောင်ကြားချိုင့်ဝှမ်းတစ်ခုအတွင်းတွင် အဝတ်ဗလာနှင့်လူငယ်တစ်ယောက်က ရေတံခွန်တစ်ခု၏အောက်၌ ဒူးထောက်နေသည်။ ရေတံခွန်မှရေတို့က သူ့ကိုယ်ပေါ်သို့ တစ်ဟုန်ထိုးကျဆင်းကာသူ့ကိုရိုက်ခတ်
နေလင့်ကစား သူ၏မျက်နှာထက်၌တော့ စိတ်ပိုင်းဖြတ်ထားမှုတို့ဖြင့်ပြည့်နှက်
နေဆဲဖြစ်သည်။ သူ၏ အဝတ်မဲ့ကိုယ်ကခံစားချက်မဲ့စွာဖြင့်သူ၏ရှေ့ရှိ နတ်ဘုရားကဲ့သိုသောလူကိုစိုက်ကြည့်နေသည်။
ထိုလူ၏နတ်ဆိုးတစ်ပါးကဲ့သို့အသံအားကြားလိုက်ရပြီးနောက် လူငယ်က သူ၏မျက်နှာထက်ရှိစိတ်ပိုင်းဖြတ်ထားမှုတစ်ခုနှင့်အတူပြန်ဖြေလိုက်သည်။
“ကျွန်တော်ပိုပြီးသန်မာလာချင်တယ်.. ကျွန်တော် ထပ်ပြီး အမှိုက်လို့အခေါ်မခံချင်တော့ဘူး.. ကျွန်တော်ထပ်ပြီးဘယ်သူ့ကိုမှမော်
မကြည့်ချင်တော့ဘူး”
လူငယ်၏စကားတို့အားကြားရကာ လူငယ်၏ စိတ်ပိုင်းဖြတ်ထားသောမျက်နှာအားမြင်တွေ့ရပြီးသည့်နောက် နတ်ဆိုးဆန်သောထိုလူက သွားပေါ်အောင်ရယ်လိုက်ပြီးထပ်မံမေးလိုက်သည်။
“မင်းကိုယ်မင်းအမှိုက်လို့ထင်လား”
“ဟင့်အင်း ကျွန်တော်မထင်ဘူး. ကျွန်တော် ယွမ်ရီမုန့်က အမှိုက်မဟုတ်ဘူး. လုံးဝမဟုတ်ဘူး”
လူငယ်ကဤစကားများအားပြောသောအခါတွင် အခြေခံအားဖြင့် အော်ဟစ်ပြောလိုက်သည်။
“ဟုတ်တယ်.. မင်း ယွမ်ရီမုန့်က ဘယ်လိုဖြစ်ပြီးအမှိုက်ဖြစ်ရမှာလဲ. မင်းက ယိုမင်ရဲ့ ပါရမီရှင်တပည့်ပဲ.. သိုင်းပညာနယ်ပယ်မှာ မင်းရဲ့မယိမ်းယိုင်တဲ့နှလုံးသားက ဒီကမ္ဘာကြီးထဲက စွမ်းအားကြီးတဲ့လူအနည်းငယ်နဲ့တောင် နှိုင်းယှဉ်လို့ရတယ်”
ပျံသန်းနေရင်းရှစ်ဖုန့်က အတိတ်က မှတ်ဉာဏ်တို့အား ပြန်အမှတ်ရကာ သူ့ဖာသာသူတီးတိုးပြောဆိုလိုက်သည်။
“ သခင်လေးဖုန့် မော်ကြွားဓားအိမ်တော်က ကျွန်တော်တို့ရှေ့မှာပဲ”
ဤအချိန်တွင် ရှစ်ဖုန့်၏ဘေးရှိ ပျံသန်းနေသော လောချင်းချွမ်က ရှစ်ဖုန့်ကိုပြောလိုက်သည်။
“အင်း.တို့တွေမော်ကြွားဓားအိမ်တော်ကိုရောက်ပြီ”
ရှစ်ဖုန့်က အကွာအဝေးတစ်ခုရှိ ဧရာမတောင်တစ်လုံးကိုကြည့်လိုက်သည်။ တောင်၏ထိပ်ဖျားမှာ ဓားတစ်ချောင်းနှင့်ဖြတ်တောက်ခံထား
ရသကဲ့သို့ပင်ဖြစ်သည်။ တောင်ထိပ်ဖျားမှာမော်ကြွားဓား
အိမ်တော်တည်ရှိရာနေရာဖြစ်သည်။
မော်ကြွားဓားအိမ်တော်ကသူတို့နှင့်
နီးကပ်သည်ထက်နီးကပ်လာသည်ကို မြင်ရသောအခါတွင် ရှစ်ဖုန့်နှင့်လောချင်းချွမ်တို့က အရှိန်တင်လိုက်သည်။
“အာ”
ရှစ်ဖုန့်၏ဘေး၌ရှိနေသောဇီယာမှာ ရုတ်တရက်ရှစ်ဖုန့်ကရှေ့သို့တစ်ဟုန်ထိုးတက်သွားသည်ကိုတွေ့လိုက်ရသည်။ သူမက အလျှင်အမြန်အလန့်တကြားဖြစ်သွားပြီး ရှစ်ဖုန့်ကိုအော်ပြောလိုက်သည်။
“အကိုကြီးရှစ်ဖုန့်..ဦးလေး. အရမ်းမြန်မြန်မပျံပါနဲ့ ညီမကိုစောင့်ကြပါအုံး”
ဇီယာကလည်း အရှိန်တင်လိုက်သည်။ သို့သော်သူမမှာ ကြယ်ခုနှစ်ပွင့်အင်ပါယာနယ်ပယ်သာ ရှိသေးသည်ဖြစ်သောကြောင့် ထိုနှစ်ယောက်၏အရှိန်နှင့်မည်ကဲ့သို့ နှိုင်းယှည်နိုင်ပါမည်နည်း။
“ဒါက.. မျှော်လင့်ထားတဲ့အတိုင်းပဲ”
မကြာခင်တွင် ရှစ်ဖုန့်နှင့်လောချင်းချွမ်တို့ တောင်ထိပ်ဖျားသို့ရောက်ရှိလာသည်။
အောက်သို့ကြည့်လိုက်သောအခါတွင် ရှေးကျပြီး မြင့်မားသော အဆောက်အဦးများမှာ အပျက်အစီးပုံများအဖြစ်ပြောင်းလဲနေသည်။ သူ၏စိတ်ပိုင်းဆိုင်ရာကိုပြင်ဆင်ထားခဲ့သော်လည်း လောချင်းချွမ်မှာ ဝမ်းနည်းစွာဖြင့်သက်ပြင်းချလိုက်ဆဲဖြစ်သည်။
“ဒီကအလောင်းတွေကဘယ်ကိုရောက်ကုန်တာလဲ. ဘာလို့ နတ်ဆိုးသားရဲမွန်းစတားကလန်ကရော မော်ကြွားဓားအိမ်တော်ကရော ဘာအလောင်းကိုမှ ငါမမြင်ရတာလဲ”
ရှစ်ဖုန့်ကအောက်ရှိ အပျက်အစီးပုံကြီးကိုကြည့်ပြီး မေးလိုက်သည်။
ဤနေရာ၌ကြီးမားသောတိုက်ပွဲ
တစ်ခုဖြစ်ခဲ့သည်မှာသိသာသည်။ အလောင်းများကစွန့်ပစ်ခံထားသင့်သည်ဖြစ်၏။
ရှစ်ဖုန့်မှာ ဤနေရာသို့လာပြီးလူသေသည်ရှင်
သည်နှင့်အလောင်းကိုတွေ့ရန်လာခြင်းဖြစ်သည်။
ခေါင်းကိုလှည့်ပြီးရှစ်ဖုန့်ကပြောလိုက်သည်။
“ချင်းချွမ် မော်ကြွားဓားအိမ်တော်ရဲ့ အနီးအနားမှာ ဒါဇင်ကျော်တဲ့ဂိုဏ်းတွေပေါင်းစည်း
ထားတဲ့လက်အောက်ခံအဖွဲ့ရှိတာ
ဒီသခင်လေးမှတ်မိတယ်.. အဲ့ဂိုဏ်းတွေကိုသွားပြီးတစ်ချက်ကြည့်လိုက် အကယ်၍သူတို့ကိုတွေ့ရင်ဘယ်သူတွေကအလောင်းတွေကိုယူသွားလဲမေးလိုက်”
“ကျွန်တော်နားလည်ပြီ”
လောချင်းချွမ်ကခေါင်းညိမ့်လိုက်သည်။ သူစကားပြောပြီးနောက် သူ၏ပုံရိပ်က လှုပ်ရှားသွားပြီး ပျံသန်းထွက်သွားသည်။
“ဖူး..ဖူး…..အကိုကြီးရှစ်ဖုန့်.ညီမအရမ်းပင်ပန်းတာပဲ.. ဟူး.ဟူး”
ဤအချိန်တွင် မြွေလူသားမျိုးနွယ်မှကောင်မလေးဇီယာကပျံသန်းလာပြီး ရှစ်ဖုန့်၏ဘေး၌ရပ်လိုက်သည်။ သူမက အသက်ကိုပြင်းပြင်းရှူနေပြီး ပြောလိုက်သည်။
“အကိုကြီး..အကိုကြီး ဂရုစိုက်သင့်တယ်”
ကြည့်ရသည်မှာ ဤကောင်မလေးအနေဖြင့်သူ့အားမှီရန်တော်တော်လေးအားစိုက်ထုတ်ခဲ့ရသည့်ပုံပေါ်သည်။
“ဒါဆိုမင်းဒီမှာခဏလောက်နားနေလိုက်ပါ”
ရှစ်ဖုန့်ကပြောလိုက်သည်။
“ကောင်းပြီ”
ဇီယာကခေါင်းညိမ့်လိုက်သည်။ ထို့နောက်သူမက သူမ၏ခရမ်းရောင်မြွေမြှီးကိုခွေပြီး ဟင်းလင်းပြင်ထဲ၌ ထိုင်လိုက်သည်။ သူတို့အနေဖြင့်လမ်းတစ်လျှောက်ရက်
ပေါင်းများစွာကြာမြင့်ခဲ့ပြီး လုံးဝရပ်တန့်ခဲ့ခြင်းမရှိပေ။ ဤကောင်မလေးအနည်းငယ်ပင်ပန်းနေပုံရသည်။
ရှစ်ဖုန့်ကလည်းဟင်းလင်းပျဉ်ထဲ၌
တင်ပျဉ်ခွေထိုင်ပြီး လောချင်းချွမ်ပြန်အလာကိုစောင့်နေသည်။
နေ့တစ်ဝက်ခန့်ကြာမြင့်ပြီးနောက် လောချင်းချွမ်ပြန်လည်ပျံသန်းလာသည်ကို ရှစ်ဖုန့်တွေ့လိုက်ရသည်။ သူကရှစ်ဖုန့်၏ရှေ့၌ရပ်တန့်လိုက်ပြီး ပြောလိုက်သည်။
“သခင်လေးဖုန့်.. ကျွန်တော်မော်ကြွားဓားအိမ်တော်နဲ့ နတ်ဆိုးသားရဲမွန်းစတား ကလန်ကြားထဲက တိုက်ပွဲအကြောင်းကို စုံစမ်းခဲ့တယ်.. တိုက်ပွဲပြီးတဲ့နောက် အလောင်းတွေကို အလောင်းထိန်းချုပ်ဂိုဏ်းက စုဆောင်းသွားတယ်တဲ့”
“အလောင်းထိန်းချုပ်ဂိုဏ်း”
ရှစ်ဖုန့်ကဤနမည်ကိုရေရွတ်လိုက်သည်။ အရှေ့ပိုင်းဒေသကြီးအတွင်းတွင် တီရှာအားဖိနှိပ်ထိန်းချုပ်ခဲ့သောလူမှာ လွန်ခဲ့သောနှစ်ပေါင်းတစ်ထောင်ခန့်က အလောင်းထိန်းချုပ်သူဧကရာဇ်ဟူသည့်သူပင်ဖြစ်သည်။ ၎င်းနှင့် အလောင်းထိန်းချုပ်ဂိုဏ်းကြား၌မည်ကဲ့သို့ဆက်နွယ်မှုရှိသည်ကိုသူစဉ်းစားမရပေ။
သို့သော်၎င်းတို့၏ဆက်ဆံရေးမည်
သို့ပင်ရှိစေကာမူ ဤဂိုဏ်း၏နမည်က သူ့အား အလောင်းများကိုအခြားသောရည်ရွယ်ချက်တို့ဖြင့်စုဆောင်းခြင်းဖြစ်သည်ဟုပြောနေသည်။
သူ၏တပည့်နှင့်သူ့တပည့်၏မိသား
စုဝင်များကတိုက်ပွဲအတွက်သေဆုံးခဲ့
ရသည်ဖြစ်သည်။ ဤလူများက သူတို့၏အလောင်းများအား မည်ကဲသို့ ညစ်ညမ်းစေရပါသနည်း။
“အလောင်းထိန်းချုပ်ဂိုဏ်းတည်နေရာကို စုံစမ်းခဲ့လား”
ရှစ်ဖုန့်က အေးစက်စွာအော်ပြောလိုက်သည်။
“သူတို့ရဲ့တောင်ဂိတ်တင်မကဘူး သူတို့ရဲ့ အင်အားကိုပါစုံစမ်းခဲ့တယ်.သွားရင် ကျွန်တော်သခင်လေးကိုပြောပြပါ့မယ်”
လောချင်းချွမ်ကပြန်ဖြေလိုက်သည္။
“ကောင်းပြီ”
ရှစ်ဖုန့်ကပြောလိုက်သည်။
ထို့နောက် သူကခေါင်းကိုလှည့်လိုက်ပြီး မျက်လုံးများကိုပိတ်ကာ ဆိတ်ငြိမ်စွာဖြင့်ကျင့်ကြံနေသည့် ဇီယာကိုကြည့်လိုက်သည်။
နောက်ပိုင်းတွင် တိုက်ပွဲတစ်ခုသေချာပေါက်ဖြစ်မည်ဖြစ်ပြီး သူမအတွက်တစ်ယောက်တည်းဖြစ်နေခြင်းက လုံခြုံမည်မဟုတ်ပေ။ ဤအရာအားတွေးမိသောအခါတွင် ရှစ်ဖုန့်ကသူ၏လက်အားသူမထံလှမ်းလိုက်သည်။ သူမ၏စိတ်ထဲ၌အသံတစ်ခုထွက်ပေါ်လာ၏။
“စိတ်ကိုဖွင့်ထား”
“ဟမ်”
ရှစ်ဖုန့်၏အသံအား ကြားရပြီးနောက် ဇီယာကသူမ၏မျက်လုံးတို့ကိုဖွင့်လိုက်ပြီး ရှစ်ဖုန့်ထံသို့စိတ်ရှုပ်ထွေးစွာဖြင့်ကြည့်လိုက်သည်။ သူမစိတ်ရှုပ်ထွေးနေသော်လည်း ရှစ်ဖုန့်၏ညွှန်ကြားချက်အတိုင်းလိုက်နာပြီး သူမ၏စိတ်ကိုဖွင့်ပေးလိုက်သည်။
ထို့နောက် သွေးနီရောင်အလင်းတစ်ခု ဇီယာ၏ကိုယ်ပေါ်၌လင်းလက်လာသည်။ သွေးနီရောင်အလင်းကပျောက်ကွယ်သွားသကဲ့သို့ ဇီယာကလည်းဘာသဲလွန်စမှမကျန်အောင်ပျောက်ကွယ်သွားသည်။သူမှာရှစ်ဖုန့်၏သွေး ကျောက်ပြားနေရာလွတ်အတွင်းသို့ စုပ်ယူခံလိုက်ရခြင်းဖြစ်သည်။
ထို့နောက်ရှစ်ဖုန့်၏ စိတ်ကထပ်မံလှုပ်ရှားသွားသည်။ သူကသွေးကျောက်ပြားနေရာလွတ်အတွင်းမှ ဇီယာကိုပြောလိုက်သည်။
“ကောင်မလေး. အရင်ဆုံးဒီမှာနေပြီးကျင့်ကြံလိုက်”
ထို့နောက်ရှစ်ဖုန့်က လောချင်းချွမ်ကို ပြောလိုက်သည်။
“သွားကြစို့”
ထို့နောက်နှစ်ယောက်သား လေကို ရွှတ်ခနဲထိုးခွင်းသွားသည်။ လောချင်းချွမ်၏ ဦးဆောင်မှုအောက်တွင် အလောင်းထိန်းချုပ်ဂိုဏ်းရှိရာသို့နှစ်ဦးသာ အရှိန်အဟုန်ဖြင့် ပျံသန်းသွားသည်။
ပျံသန်းနေရင်းလောချင်းချွမ်ကပြောသည်။
“အလောင်းထိန်းချုပ်ဂိုဏ်းက မော်ကြွားဓားအိမ်တော်ရဲ့လက်အောက်
ခံဖြစ်နေကြတစ်ခုပဲ. သူက လက်အောက်ခံဂိုဏ်းတွေထဲမှာအဓိက အင်အားစုကြီးသုံးခုထဲကတစ်ခုဖြစ်တယ်”
“နတ်ဆိုးသားရဲမွန်းစတားကလန်နဲ့
တိုက်ပွဲပြီးတဲ့နောက် မော်ကြွားဓားအိမ်တော်ကထပ်ပြီးမရှိတော့ဘူး. အလောင်းထိန်းချုပ်ဂိုဏ်းကမော်ကြွား
ဓားအိမ်တော်ရဲ့နေရာကိုအစားထိုးပြီး ဒီနယ်မြေကအင်အားစုတွေကိုဦးဆောင်ဖို့ရည်ရွယ်ချက်ရှိခဲ့တယ်”
“အလောင်းထိန်းချုပ်ဂိုဏ်းခေါင်းဆောင်
ကယုမင်တဲ့.. သူကငယ်ရွယ်ပြီးသုံးဆယ်အစောပိုင်း
ဝန်းကျင်ပဲရှိသေးပေမဲ့ ကြယ်ငါးပွင့်ဧကရာဇ်နယ်ပယ်ကိုရောက်နေပြီ.. အလေင်းထိန်းချုပ်ဂိုဏ်းရဲ့ပထမ
အကြီးအကဲကလည်း ကြယ်ငါးပွင့်ဧကရာဇ်နယ်ပယ်တစ်ယောက်ပဲ”
“ကျန်တဲ့အလောင်းထိန်းချုပ်ဂိုဏ်း
အဖွဲ့ဝင်တွေအနေနဲ့က ကြယ်တစ်ပွင့်ကနေ လေးပွင့်အထိ ဧကရာဇ်နယ်ပယ်ခုနှစ်ယောက်ရှိတယ်..
မဟာသူတော်စင်နယ်ပယ်သုံးဆယ်နဲ့ ဂိုဏ်းမှာလူစုစုပေါင်း သုံးထောင့်ရှစ်ရာငါးဆယ့်သုံးယောက်ရှိတယ်”
“မင်းဒီအကြောင်းကိုတော်တော်လေးရှင်းရှင်းလင်းလင်းသိတာပဲ”
ရှစ်ဖုန့်ကပြောလိုက်သည်။
“ဒီအကြောင်းတွေကိုပြောလိုက်တာက လက်အောက်ခံ အဓိကအင်အားစုသုံးခုထဲကတစ်ခုကလား”
“ဟုတ်တယ်.အမှန်ပါပဲ”
လောချင်းချွမ်ကခေါင်းညိမ့်လိုက်သည်။
“အဲ့ဂိုဏ်းခေါင်းဆောင်က ကျွန်တော်မော်ကြွားဓားအိမ်တော်က
နေထွက်လာပြီး နံပါတ်ခြောက်ဂျူနီယာညီလေး
ကိုရှာဖို့လုပ်တဲ့အချိန်တွေ့ခဲ့တာ. သူကျွန်တော့်ကိုတောင်မှတ်မိတယ်.. မော်ကြွားဓားအိမ်တော်ကပ်ဘေးပြီးတဲ့နောက်သူ အေးအေးချမ်းချမ်းနေရမှာမဟုတ်ဘူး.. အခုဒီနယ်မြေမှာခေါင်းဆောင်မဲ့နေပြီး နောက်ထပ်တိုက်ပွဲတစ်ခုထွက်ပေါ်လာပြီး သိပ်ကြာမှာမဟုတ်ဘူး”
“လူသားတွေနဲ့နှလုံးသားကဒီလိုပဲ..ဘယ်သူကများတစ်ခြားသူတစ်ဦးကို လက်အောက်ခံဖြစ်စေဖို့အကြွင်းမဲ့
စွမ်းအားကိုမလိုချင်တဲ့သူရှိလို့လဲ ဘယ်သူကများ ကမ္ဘာကြီးကို နှိမ့်ချမကြည့်ချင်တဲ့သူရှိလို့လဲ”
ရှစ်ဖုန့်ကပြောလိုက်သည်။
ဆက်ရန်..
ဘာသာပြန်သူ-ARISE