← Chapters

အခန်း (၈၀၀)

Vol. 54 Ch. 800

အခန်း (၈၀၀)

Vol. 54 Ch. 800

“ဒါပေမဲ့ သူတို့ရဲ့သဘောထားကွဲလွဲမှုအငြင်းပွားမှုတွေကငါတို့တွေ ဂရုစိုက်ရမဲ့နေရာမဟုတ်ဘူး.. ချင်းချွမ်..အချိန်ကြလာရင် မင်းကဘယ်သူလဲဆိုတာကိုသူတို့ကိုပြောပြီး မော်ကြွားဓားအိမ်တော်က အလောင်းအားလုံးကိုလွဲပေးဖို့ပြောလိုက်က.. အကယ်၍သူတို့ငြင်းဆန်ရဲရင် အလောင်းထိန်းချုပ်ဂိုဏ်းထပ်ပြီးတော့ တည်ရှိနေစရာမလိုတော့ဘူး”

ရှစ်ဖုန့်ကအေးစက်စွာပြောလိုက်သည်။

ထျန်းဟန်တိုက်ကြီးအတွင်းရှိ အနောက်ပိုင်းဒေသကြီးအတွင်း၌ အလောင်းထိန်းချု်ပဂိုဏ်းဟုခေါ်သော အလောင်းများကိုထိန်းချုပ်ခြင်းကို ကျင့်ကြံသည့် ဂိုဏ်းတစ်ခုရှိသည်ဖြစ်သည်။ အလောင်းထိန်းချုပ်ဂိုဏ်းငက အလောင်းများအားစုဆောင်းရခြင်းကို နှစ်ခြိုက်ပြီး ၎င်းတို့အား လျှို့ဝှက်ပညာရပက်တစ်ခုနှင့် သန့်စင်ကြသည်ဖြစ်၏။ ၎င်းတို့ကအလောင်းများ အား သူတို့၏ထိန်းချုပ်မှုအောက်၌ ရှိသည့်အရုပ်များ သဖွယ်လျှောက်လှမ်းနေသောအလောင်းများအဖြစ် သန့်စင်နိုင်ကြသည်ဖြစ်သည်။

“အလောင်းထိန်းချုပ်ဂိုဏ်း..

အနက်ရောင်အလောင်းဂိုဏ်း. ချီးပဲ.. ဒီအချိန်အတောအတွင်းမှာဒီသခင်လေး ဒီအလောင်းတွေနဲ့ပက်သက်ပြီး

ကိုင်တွယ်ဖြေရှင်းနေရတယ်”

ရှစ်ဖုန့်ကပြောလိုက်သည်။

“ဒါပေမဲ့ အနက်ရောင်အလောင်းဂိုဏ်းက အလောင်းထိန်းချုပ်ဂိုဏ်းနဲ့ နည်းနည်းလေးကွဲပြားတယ်..”

လောချင်းချွမ်ကပြောလိုက်သည်။

“အနက်ရောင်အလောင်းဂိုဏ်းမှာက သူတို့ကိုယ်သူတို့ရက်စက်တဲ့သူတွေ ဒါမှမဟုတ် အကျင့်ပျက်တဲ့ကောင်တွေနဲ့ပြည့်နှက်နေတာ..သူတို့က သူတို့ကိုယ်သူတို့ အလောင်းတွေအဖြစ်သန့်စင်ကြတယ်.. ကောလဟာလတွေအရ သူတို့သာအံ့ဖွယ်ထူးကဲအဆင့်ကို တက်လှမ်းနိုင်ရင် သူတို့အနေနဲ့ အဆုံးမဲ့ထာဝရအသက်ကို ရနိုင်တယ်တဲ့”

လောချင်းချွမ်၏ သေခြင်းမဲ့တောင်တန်းမှာ အနက်ရောင်အလောင်းဂိုဏ်းကဲ့သို မြောက်ပိုင်းဒေသကြီးအတွင်း၌

တည်ရှိသောအင်အားစုတစ်ခုဖြစ်သည်။ ထို့ကြောင့် သူ့အနေဖြင့် အနက်ရောင်အလောင်းဂိုဏ်းနှင့်ပက်သက်ပြီး အနည်းငယ်သိသည်ဖြစ်၏။

“အဆုံးမဲ့ထာဝရအသက်ကိုရတာလား”

ရှစ်ဖုန့်ကတီးတိုးရေရွတ်လိုက်သည်။ အနက်ရောင်အလောင်းဂိုဏ်းအားသူ

ဖျက်ဆီးပြီးသည့်နောက် အနက်ရောင်အလောင်းဂိုဏ်း၏ဘိုးဘေး

ပေါ်လာသည်ဟုသူကြားခဲ့ရသည်။ ထိုဘိုးဘေးမှာ ကောလဟာလများအရ လွန်ခဲ့သောနှစ်သုံးထောင်ကျော်ခန့်က အနက်ရောင်အလောင်းဂိုဏ်း၏တည်ထောင်သူဖြစ်သည်ဟုဆိုသည်။

သိုင်းပညာနယ်ပယ်၌ လမ်းကြောင်းပေါင်းထောင်ပေါင်းများစွာရှိပြီး ၎င်းတို့အားလုံးက အံ့ဖွယ်ထူးကဲသောအဆင့်သို့ရောက်ရှိနိုင်သည်ဖြစ်သည်။ သို့သော် အကယ်၍လူတစ်ယောက်အား လူသားမကျတစ္ဆေမကျအဖြစ်သန့်စင်ခဲ့မည်ဆိုလျှင် အကယ်၍ ထိုလူ နတ်ဘုရားနယ်ပယ်သို့ဝင်ရောက်နိုင်ခဲ့သည်တောင်မှ အဓိပ္ပါယ်မဲ့လိမ့်မည်ဖြစ်သည်။

“သခင်လေးဖုန့် ဒါက အလောင်းထိန်းချုပ်ဂိုဏ်းပါပဲ”

ဤအချိန်တွင် လောချင်းချွမ်က အကွာအဝေးတစ်ခုရှိ တောင်ဂိတ်ဝတစ်ခုကို ထိုးညွှန်ပြပြီး ရှစ်ဖုန့်ကိုပြောလိုက်သည်။

“ကောင်းပြီ ဆင်းကြစို့”

စကားပြောပြီးနောက် ရှစ်ဖုန့်နှင့်လောချင်းချွမ်တို့က ထိုးဆင်းလိုက်ပြီး အလောင်းထိန်းချုပ်ဂိုဏ်းရှေ့၌ ဆင်းသက်လိုက်သည်။ နှစ်ယောက်သာ တောင်ဂိတ်ဝသို့လျှင်မြန်စွာရောက်ရှိသွား၏။

“မင်းတို့ကဘယ်သူတွေလဲ. အလောင်းထိန်းချုပ်ဂိုဏ်းကိုမင်းတို့ဘာလာလုပ်တာလဲ”

အလောင်းထိန်းချုပ်ဂိုဏ်း၏ တောင်ဂိတ်ဝတွင် တပည့်ဒါဇင်နှင့်ချီက စောင့်ကြပ်နေသည်။ ရှစ်ဖုန့်နှင့်လောချင်းချွမ်တို့အားမြင်တွေ့ရသောအခါတွင် တပည့်တစ်ဦးကအော်ပြောလိုက်သည်။

လောချင်းချွမ်ကသူ့ရှေ့ရှိလူငယ်ကျင့်ကြံ

သူကိုတစ်ချက်ကြည့်ပြီး ဝင့်ကြွားစွာပြောလိုက်သည်။

“ ငါကမြောက်ပိုင်းဒေသကြီးအတွင်း သေခြင်းမဲ့တောင်တန်းကလောချင်းချွမ်ပဲ .ငါ့မှာအရေးကြီးကိစ္စတစ်ခုပါတယ် . မင်းတို့ဂိုဏ်းခေါင်းဆောင်ယုမင်ကို

ထွက်လာခိုင်းလိုက်”

“သေခြင်းမဲ့တောင်တန်းကလောချင်းချွမ်”

လောချင်းချွမ်၏ကိုယ့်ကိုယ်ကိုယ်မိတ်ဆက်မှု

အားကြားလိုက်ရသောအခါတွင် အစောပိုင်းကစကားပြောသောတပည့်၏ အမူအယာက အနည်းငယ်ပြောင်းလဲသွားသည်။ သူသည်သာမက အခြားသောအလောင်းထိန်းချုပ်ဂိုဏ်းမှ တပည့်များ၏ မျက်နှာများအားလုံးကအနည်းငယ်ပြောင်းလဲသွား၏။

ဤလူများကလည်းသေခြင်းမဲ့တောင်တန်းမှ လောချင်းချွမ်၏နမည်ကိုကြားဖူးပုံပေါ်သည်။ အားလုံးထက်သူက ယခင်ကတစ်မိုးအောက်၌ အသန်မာဆုံးသောသူဖြစ်သော ငရဲဘုံကိုးခု ဧကရာဇ်၏ တပည့်ခုနှစ်ဦးထဲမှတစ်ဦးဖြစ်သည်။

ထိုထက်ပိုသည်ကား အလောင်းထိန်းချုပ်ဂိုဏ်းမှာ တစ်ခါက မော်ကြွားဓားအိမ်တော်၏ လက်အောက်ခံဂိုဏ်းတစ်ခုဖြစ်ဖူးသည်ဖြစ်သည်။

“ခင်ဗျား.. ကျေးဇူးပြုပြီးခဏစောင့်ပေးပါ.. ကျုပ်ဒါကိုသွားပြီတင်ပြလိုက်မယ်”

တပည့်ဖြစ်သူကထပ်မံပြောလိုက်သည်။

သို့သော်ဤအကြိမ်တွင်သူ၏လေသံက

ပို၍ယဉ်ကျေးလာသည်။

“သွား”

လောချင်းချွမ်ကပြောလိုက်သည်။

အလောင်းထိန်းချုပ်ဂိုဏ်းမှ တပည့်ဖြစ်သူမှာ ချက်ချင်းလှည့်လိုက်ပြီး ဂိုဏ်းအတွင်းသို့ပြန်လည်ပျံသန်းသွားသည်။

တပည့်ဖြစ်သူက တင်ပြဖို့သွားသည်ကိုတွေ့ရသောအခါတွင် ရှစ်ဖုန့်နှင့်လောချင်းချွမ်က တောင်ဂိတ်ဝ၌ စောင့်နေလိုက်ကြသည်။

မှောင်မိုက်ပြီးမှုန်မှိုင်းသောနေရာတစ်ခုက မှုန်မှိုင်းအေးစက်သောအော်ရာတစ်ခုက

ပြည့်နှက်နေပြီး ထိုနေရာရှိ ကျယ်ဝန်းသော မြေအောက်ခန်းထဲတွင် အနက်ရောင်သစ်သားခေါင်းတလား

ပေါင်းသောင်းနှင့်ချီ သိပ်သည်းများပြားစွာရှိနေသည်။ ဖြူသောအသားအရည်နှင့် လင်းယုန်ကဲ့သိုနှာခေါင်းရှိပြီး သိန်းငှက်ကဲ့သို့ မျက်လုံးများရှိသည့် အနက်ရောင်ဖောင်းကြွဝတ်ရုံကိုဝတ်ဆင်ထားသောလူငယ်တစ်ယောက်က ခေါင်းတလားများအလယ်၌ရပ်နေပြီး သူ၏အကြည့်က ပတ်ဝန်းကျင်အား သိမ်းကျုံးကြည့်နေသည်။

ဤလူမှာ အလောင်းထိန်းချုပ်ဂိုဏ်း၏ ခေါင်းဆောင်ဖြစ်သူ ယုမင်ပင်ဖြစ်သည်။သူကသေချာပေါက် ကျွမ်းကျင်သူတစ်ဦးဖြစ်၏။ သူ၏အသက်သုံးဆယ့်နှစ်နှစ်၌ ကြယ်ငါးပွင့်ဧကရာဇ်နယ်ပယ်တစ်ဦး

ဖြစ်လာပြီးဖြစ်သည်။

“နောက်ဆုံးတော့ မော်ကြွားဓားအိမ်တော်ထပ်ပြီးမရှိတော့ဘူး. ဒီနေ့ကစပြီး ဒီနယ်မြေက ငါယုမင်ရဲ့ဦးဆောင်မှုနဲ့ပဲသက်ဆိုင်လိမ့်မယ်..

ငါ့နောက်ကိုလိုက်တဲ့သူတွေကကြီးပွားဖြစ်ထွန်းပြီးငါ့ကိုဆန့်ကျင်တဲ့သူတွေက သေကြပျက်စီးရလိမ့်မယ်..”

ယုမင်က အနက်ရောင် သစ်သားခေါင်းတလားတို့အားကြည့်ရင်း

အေးစက်စွာပြောလိုက်သည်။

“ယွမ်ရီမုန့် မင်းသေရမယ်”

လွန်ခဲ့သောရက်အချို့က နတ်ဆိုးသားရဲမွန်းစတားမျိုးနွယ်စုနှင့် မော်ကြွားဓားအိမ်တော်ကြားတို့ရှိ တိုက်ပွဲအတွင်းတွင် မော်ကြွားဓားအိမ်တော်ဖျက်ဆီးခံခဲ့ရသည်။ဤအနက်သစ်သားခေါင်းတလားများအတွင်း၌ မော်ကြွားဓားအိမ်တော်မှလူများ၏ အလောင်းများပါဝင်သည်။

ဤအနက်ရောင်သစ်သားခေါင်းတလား

တစ်ခုစီတိုင်းက အထူးသတ္ထုတစ်မျိုးမှသန့်စင်ထားခြင်းဖြစ်သည်။ ၎င်းတို့အား အလောင်းထိန်းချုပ်ဂိုဏ်း၏မျိုးဆက်အဆက်ဆက်လက်ဆင့်ကမ်းအမွေပေးခဲ့သော လျှို့ဝှက်နည်းစနစ်တစ်ခုကိုလည်း

ထည့်သွင်းထားသေးသည်ဖြစ်၏။ ၎င်းက အလောင်းများအားသူတို့ထိန်းချုပ်နိုင်သောရုပ်သေးရုပ်များအဖြစ်သန့်စင်နိုင်သည်ဖြစ်သည်။

“ဂိုဏ်းခေါင်းဆောင်”

ဤအချိန်တွင် ယုမင်ထံသို့ တပည့်များအားကြီးကြပ်ကာအလောင်းများ

အားရေတွက်နေသော အလောင်းထိန်းချုပ်ဂိုဏ်း၏ အကြီးအကဲဖြစ်သူက လာပြီးတင်ပြလာသည်။

“ကျုပ်တို့တွေအလောင်းတွေကိုသုံးကြိမ်တိတိရေတွက်ပြီးပါပြီ. မော်ကြွားဓားအိမ်တော်ရဲ့ အရေးပါသူအားလုံးဒီမှာရှိပါတယ်…ဒါပေမဲ့ ယွမ်ရီမုန့်အလောင်းကတော့ဒီမှာမရှိပါဘူး”

“တကယ်ပဲဒီမှာမရှိဘူးလား. ယွမ်ရီမုန့်အသက်ရှင်နေသေးတာများဖြစ်နိုင်မလား”

အကြီးအကဲ၏တင်ပြချက်အားကြားပြီး

နောက်ယုမင်ကအေးစက်စွာပြောလိုက်သည်။

အကယ်၍သူသာ ဤနယ်မြေရှိအမျိုးမျိုးသော အဓိကအင်အားစုများအား ချုပ်ကိုင်လွှမ်းမိုးချင်သည်ဆိုလျှင် ယွမ်ရီမုန့်သေသည်ရှင်သည်က သူ့အတွက်သော့ချက်ဖြစ်သည်။အကယ်၍ ယွမ်ရီမုန့်သာအသက်ရှင်နေသေးလျှင်သူ့အတွက်မည်ကဲ့သို့စိတ်အေးရမည်နည်း။ ဘယ်လိုလုပ်ပြီးအရှင်သခင်နေရာ၌

သူမြဲမြံစွာထိုင်နေနိုင်ပါမည်နည်း။

ယွမ်ရီမုန့်၏ခွန်အားအား ဤနယ်မြေရှိလူအားလုံးသိကြသည်ဖြစ်သည်။

ထိုအကြီးအကဲက ယုမင်၏အတွေးများကိုနားလည်ပြီး နှစ်သိမ့်လိုက်သည်။

“နတ်ဆိုးသားရဲမွန်းစတားမျိုးနွယ်စုက အဲ့နေ့က ယွမ်ရီမုန့်ကိုယ်ကို ဖျက်ဆီးပစ်လိုက်တာလဲဖြစ်ကောင်းဖြစ်နိုင်တယ်..ဒါမှမဟုတ် သူ့ရဲအလောင်းကိုယူသွားပြီးတော့သူတို့ရဲ့ ကျဆုံးသွားတဲ့ မွန်းစတားဧကရာဇ်အတွက်ယဇ်ပူဇော်တာ

လဲဖြစ်ကောင်းဖြစ်နိုင်တယ်..အားလုံးထက် ယွမ်ရီမုန့်က ငရဲဘုံကိုးခုဧကရာဇ်ရဲ့တပည့်လေ”

“အကယ်၍သူအသက်ရှင်နေသေးရင်ကျုပ်သူကိုမြင်ချင်တယ်..သူသေရင်လည်းသူ့အလောင်းကိုတွေ့ချင်တယ်.. ယွမ်ရီမုန့်ရဲ့အလောင်းကိုတွေ့ပြီးသူသေတာကိုအတည်မပြုရမချင်း ကျုပ်စိတ်အေးလက်အေးနေုနိင်မှာမဟုတ်ဘူး”

ယုမင်ကအေးစက်စွာပြောလိုက်သည်။

လွန်ခဲ့သောနှစ်ပေါင်းငါးရာခန့်ကတည်းက အလောင်းထိန်းချုပ်ဂိုဏ်းမှာ မော်ကြွားဓားအိမ်တော်နှင့်သက်ဆိုင်သည့်ဂိုဏ်းတစ်ခုဖြစ်သည်။ မော်ကြွားဓားအိမ်တော်၏ အင်အားကမျိုးဆက်တစ်ခုစီတိုင်းတွင် ကြီးထွားလာပြီး ၎င်းတို့အတွက်ဆန့်ကျင်ခုခံရန်မဖြစ်နိုင်ဖြစ်

လာသည်။

ဤမျိုးဆက်တွင် အလောင်းထိန်းချုပ်ဂိုဏ်းက ပြိုင်ဘက်ကင်းပါရမီရှင်တစ်ဦးဖြစ်သူ ယုမင်ကိုမွေးထုတ်ခဲ့သည်။

သို့သော် မော်ကြွားဓားအိမ်တော်ကလည်းပို၍မွန်းစတားဆန်သောပါရမီရှင် ယွမ်ရီမုန့်ကိုမွေးထုတ်ခဲ့၏။

“ဂိုဏ်းခေါင်းဆောင်ကို သတင်းပို့ပါတယ်. အပြင်ဘက်မှာ တစ်စုံတစ်ယောက်ကသူ့ကိုယ်သူ သေခြင်းမဲ့တောင်တန်းက လောချင်းချွမ်လို့သုံးနှုန်းပြီး ဧည့်သည်အဖြစ်တွေ့ဖို့တောင်းဆိုနေပါတယ်”

ဤအချိန်တွင် ငယ်ရွယ်သောအသံတစ်ခုက မြေအောက်ခန်းမှရုတ်တရက်ထွက်ပေါ်လာသည်။

တပည့်ဖြစ်သူ၏ နမည်ပြောမှုအားကြားလိုက်ရသောအခါတွင် ယုမင်ကရုတ်တရက်မျက်မှောင်ကြုတ်လိုက်ပြီး ပြောလိုက်သည်။

“သေခြင်းမဲ့တောင်တန်းကလောချင်းချွမ်လား. ငရဲဘုံကိုးခုဧကရာဇ်ရဲ့ တပည့်ခုနှစ်ယောက်ထဲကတစ်ယောက်ဖြစ်တဲ့ ယွမ်ရီမုန့်ရဲ့စီနီယာအကို”

ထို့နောက်တွင် ယုမင်၏ အကြည့်ကနောက်ထပ်တစ်ကြိမ် များပြားလှသောအနက်ရောင်သစ်သား ခေါင်းတလားများကို သိမ်းကျုံးကြည့်လိုက်သည်။

“ဒီလောချင်းချွမ်က မော်ကြွားဓားအိမ်တော်က အလောင်းတွေကြောင့်ရောက်လာတာပဲဖြစ်ရမယ်”

အလောင်းထိန်းချုပ်ဂိုဏ်းမှ အကြီးအကဲကပြောလိုက်သည်။

“ဟမ့်..အဲ့လိုပဲဖြစ်မှာပဲ”

ယုမင်က အေးစက်စွာပြောလိုက်သည်။

“ယွမ်ရီမုန့်ရဲ့အလောင်းကို ငါတို့မတွေ့ပေမဲ့ ဒီအလောင်းတွေက တို့တွေအတွက်ကြီးမားတဲ့အသုံးပြုလို့ရတဲ့အရာတွေပဲ.. သူတို့ကိုပြန်ပေးဖို့ဆိုတာ လုံးဝမဖြစ်နိုင်ဘူး”

ယုမင်၏လေသံကပြတ်သား၏။

“ဒါဆိုရင် ဒီလောချင်းချွမ်ကို ကျုပ်တို့တွေဘယ်လိုကိုင်တွယ်သင့်လဲ.. ကျုပ်ကြားရသလောက်ဆိုရင် လောချင်းချွမ်က ငရဲဘုံကိုးခု ဧကရာဇ်ရဲ့တပည့်တွေထဲမှာ အားအနည်းဆုံးဆိုပေမဲ့.. အခြားစီနီယာအကိုတွေကတော့စာမဖွဲ့

လောက်စရာတွေမဟုတ်ကြဘူး”

“ကံကြမ္မာဘာမှန်းမသိရတဲ့ ယွမ်ရီမုန့်ကို ထည့်မတွက်နဲ့အုံး.. သူတို့ထဲကသုံးယောက်ဖြစ်တဲ့ သေခြင်းဧကရာဇ် လင်ယဲ့ဖုန်း. ကြောင့်ကြမဲ့ဧကရာဇ် မိုရှောင်ယောင် နဲ့ထျန်းဟွမ်မြို့အရှင်သခင် လန်အောင်းယွဲ့တို့မှာ သူတို့ထဲကတစ်ယောက်ရောက်လာတာနဲ့ အလောင်းထိန်းချု်ပဂိုဏ်းတစ်ခုလုံးကိုဖျက်ဆီးပစ်လို့ရတယ်..”

အလောင်းထိန်းချုပ်ဂိုဏ်းမှ အကြီးအကဲဖြစ်သူက စိုးရိမ်စွာဖြင့်ပြောလိုက်သည်။

“ဒါဆိုလည်း လောချင်းချွမ်ကို ကျုပ်တို့ဂိုဏ်းမှာ ထာဝရနေခိုင်းလိုက်တာပေါ့.. “

အလောင်းထိန်းချုပ်ဂိုဏ်းခေါင်းဆောင်ဖြစ်သူ ယုမင်ကခက်ထန်မှုကိုပြသပြီး သူ၏သိန်းငှက်ကဲ့သို့ထက်ရှသောမျက်လုံးများမှ ရက်စက်သောအလင်းတစ်ချက်လင်း

လက်သွားသည်။

ဆက်ရန်…………..

ဘာသာပြန်သူ-ARISE

All Chapters