← Chapters

အခန်း (၈၀၂)

Vol. 54 Ch. 802

အခန်း (၈၀၂)

Vol. 54 Ch. 802

အနောက်ပိုင်းဒေသကြီးအတွင်းရှိ အလောင်းထိန်းချုပ်ဂိုဏ်း၏ရှေ့၌ဖြစ်သည်။

အလောင်းထိန်းချုပ်ဂိုဏ်းက ၎င်းတို့၏ အလောင်းကျွန်များကို ဆင့်ခေါ်ပြီး ရှစ်ဖုန့်အား ဝိုင်းအုံထား၏။ သို့သော် ၎င်းတို့မှာ ရှစ်ဖုန့်၏ကိုယ်မှသွေးနီရောင်မီးတောက်တို့၏ မီးရှို့ပြာချင်ခြင်းကိုခံလိုက်ရသည်။ ၎င်းတို့တစ်ယောက်စီတိုင်းက နာကျင်မှုအပြည့်ဖြင့်တန်ကြေးတစ်ခုကို ပေးဆပ်လိုက်ရ၏။

ကောင်းကင်ထဲရှိ အလောင်းထိန်းချုပ်ဂိုဏ်း၏ ပထမအကြီးကအကဲဖြစ်သူယုဖူပင် သူ့အောက်ရှိ သွေးနီရောင်မီးပင်လယ်အားကြည့်ပြီး သူ၏အမူအယာကသိသိသာသာကိုပြောင်းလဲသွားသည်။

“အရမ်းအားကောင်းတာပဲ. ..မိစ္ဆာမီးတောက်တစ်ခုပဲ”

ထို့နောက်ချက်ချက်းယုဖူက သူ၏လက်တို့ဖြင့် ဆီးလ်များကိုပုံဖော်လိုက်သည်။ အလောင်းထိန်းချုပ်ဂိုဏ်းမှအခြားသောတပည့်များ၏အလောင်းကျွန်များက သွေးနီရောင်မီးတောက်တို့ကြောင့် ပြာဖြစ်သွားသည်။ သို့သော် သူ၏အလောင်းကျွန်ကတော့ ကြယ်ငါးပွင့်ဧကရာဇ်နယ်ပယ်ဖြစ်သည်။ ယုမင်က သူ၏အလောင်းကျွန်အားအလျှင်အမြန်ထိန်းချုပ်ပြီး သွေးနီရောင်မီးပင်လယ်အတွင်း

မှထွက်ပြေးစေသည်။

ထို့နောက်ချက်ချင်း သွေးနီရောင်မီးပင်လယ်အတွင်းမှ ပုံရိပ်တစ်ခု ရုတ်ခြည်းထိုးထွက်လာသည်။

“ဟမ့်..ထွက်ပြေးချင်တာလား”

ဤအချိန်တွင် သွေးနီရောင်မီးပင်လယ်အတွင်းမှ ငယ်ရွယ်သောအေးစက်သည့်

နှာခေါင်းရှုံ့သံတစ်ခုထွက်ပေါ်လာသည်။

ထို့နောက်ချက်ချင်း သွေးနီရောင်မီးပင်လယ်အတွင်းရှိ ယင်အလောင်းကောင်များက သေခြင်းချီအမျှင်တန်းများကိုထုတ်လွှတ်လာ၏။ ၎င်းတို့ကသွေးနီရောင်မီးပင်လယ်၏ အလယ်သို့သိပ်သည်းဖွဲ့စည်းလာ၏။ မျက်စိတစ်မှိတ်အတွင်း ၎င်းတို့က ကြီးမားသောအနက်ရောင်လက်ဝါးရိပ်ကြီး

တစ်ခုအဖြစ်ဖွဲ့စည်းသွားသည်။ ၎င်းကရုတ်ခြည်း အပေါ်သို့ထိုးတက်ထွက်ပြေးနေသော အလောင်းကျွန်ထံသို့ရိုက်ချလိုက်၏။

“မဟုတ်ဘူး..မဟုတ်ဘူး”

ကောင်းကင်ထဲမှ ဧရာမလက်ဝါးရိပ်ကြီးအားမြင်တွေ့လိုက်ရသောအခါတွင် ယုဖူက ဧရာမလက်ဝါးရိပ်ကြီး၏ စွမ်းအားကိုအာရုံခံမိပြီး သူ၏အိုမင်းသောမျက်နှာက ရုတ်တရက်ကြီးစွာပြောင်းလဲသွားသည်။

ယုဖူသည်သာမကဘဲ အလောင်းထိန်းချုပ်ဂိုဏ်း၏ခေါင်းဆောင်ဖြစ်သူယုမင်သည်ပင် ထိုစွမ်းအားအားအာရုံခံမိသောအခါတွင် လွန်စွာတုန်လှုပ်သွားသည်။

“ဘန်း”

လူအုပ်ကြီး၏အကြည့်တို့ရှေ့တွင် ကြယ်ငါးပွင့်ဧကရာဇ်နယ်ပယ်ကိုပိုင်ဆိုင်ထားသောအလောင်းကျွန်မှာ သွေးနီရောင်မိးတောက်ပင်လယ်အတွင်းသို့ ဧရာမအနက်ရောင်လက်ဝါးရိပ်ကြီး၏ ယင်ကောင်တစ်ကောင်ကဲ့သို့ပြန်လည်ရိုက်ချခြင်းကိုခံလိုက်ရသည်။ ဘာခုခံခုမှုပြုလုပ်နိုင်ခြင်းမရှိဘဲ သွေးနီရောင်မီးပင်လယ်အတွင်းသို့ ပြန်လည်ရိုက်ခံလိုက်ရသည်။

“ငါ့..ငါ့ရဲ့အလောင်းကျွန်”

ဤမြင်ကွင်းအားမြင်တွေ့လိုက်ရသောအခါတွင် ယုဖူက ဝမ်းနည်းကြေကွဲဖွယ်အော်ဟစ်လိုက်သည်။ အခြားသောအလောင်းထိန်းချုပ်

.၈၈ဂိုဏ်းမှကျင့်ကြံသူများကဲ့သို့ပင် သူသည်လည်းဤအလောင်းကျွန်ပေါ်၌တစ်ဘဝလုံးမြှုပ်နှံအားထုတ်ခဲ့ခြင်းဖြစ်သည်။

“ဝေါ့”

ထို့နောက်ချက်ချင်းယုဖူ၏ကိုယ်က ရုတ်ခြည်းတုန်ယင်သွားသည်။ သူ၏ပါးစပ်မှသွေးတစ်ပွက်အန်ထုတ်လိုက်ပြီး မြေပြင်ပေါ်သို့ပြန့်ကျဲသွား၏။

ယုဖူသည်လည်းတန်ပြန်သက်ရောက်မှုတစ်ခုကိုခံလိုက်ရသည်။ ယင်းမှာသူ၏အလောင်းကျွန်က သွေးနီရောင်မီးတောက်အတွင်း၌ဖျက်ဆီးခံလိုက်ရသည်ဟုဆိုလိုခြင်းပင်ဖြစ်သည်။

ပြင်းထန်စွာလောင်ကျွမ်းနေသော သွေးနီရောင်မီးတောက်တို့က အလယ်ဗဟိုသို့ပြန်လည်လှိမ့်ဝင်လာသည်။ ဖြည်းဖြည်းချင်း အဖြူရောင်နှင့်ပုံရိပ်တစ်ခုထပ်မံထွက်ပေါ်လာ၏။

ရှစ်ဖုန့်က လှောင်ပြုံးပြုံးလိုက်ပြီး အလောင်းထိန်းချုပ်ဂိုဏ်းမှလူများအား အေးစက်စွာစိုက်ကြည့်နေသည်။

“သူ့ကိုသတ်..သူ့ကိုသတ်.. မင်းသူ့ကိုသတ်ရမယ်..”

အပေါ်ရှိလေထုထဲတွင် ယုဖူ၏မျက်လုံးတို့ကနီရဲနေပြီး သူ၏မျက်နှာက ခက်ထန်နေကာသူ့ဘေးရှိယုမင်ကို အော်ဟစ်လိုက်သည်။

ယုမင်ကလည်းအောက်သို့ကြည့်ပြီး အလန့်တကြားရေရွတ်လိုက်၏။

“သီသီလေးပါလား”

အစောပိုင်းကသူ၏အလောင်းကျွန်မှာ ရှစ်ဖုန့်နှင့်ထိပ်တိုက်တွေ့ပြီးနောက်သို့ပြန်ကန်ခဲ့သည်။ ထို့နောက်တွင်အလောင်းကျွန်များကစတင်ဝန်းရံပြီးရှစ်ဖုန့်ကိုတိုက်ခိုက်ကြ၏။ အဆုံးသတ်တွင် ၎င်းတို့အားလုံး သွေးနီရောင်မီးတောက်ကြောင့်ပြာချခံ

လိုက်ရသည်။

ယုမင်က ကိစ္စများက ကောင်းမွန်စွာမဖြစ်ပွားသည်ကိုတွေ့

ရသောအခါတွင် အလျှင်အမြန်သူ၏အလောင်းကျွန်ကိုသူ့ဘေးသို့ပြန်လည်ပျံသန်းလာစေလိုက်သည်။

ထို့နောက် သူ၏ခေါင်းကိုလှည့်ပြီးယုဖူကိုပြောလိုက်၏။

“အဘိုးကြီးဖူ..အရင်ဆုံးစိတ်ကိုလျော့.. အခုချိန်အရေးကြီးဆုံးက ဘယ်ကမှန်းမသိထွက်လာတဲ့ဒီသူတောင်း

စားကိုသတ်ဖို့နည်းလမ်းတစ်ခုရှာဖို့ပဲ”

“စိတ်လျော့ရမယ်.ဒီအကြီးအကဲစိတ်လျော့ဖို့မင်းဘယ်လိုတောင်မျှော်လင့်နေတာလဲ..”

ယုမင်၏စကားများအားကြားသောအခါတွင် ယုဖူကသူ၏ခေါင်းကိုလှည့်လိုက်ပြီး ယုမင်ကိုကြည့်လိုက်သည်။ ထို့နောက်သူကယုမင်ဘေးရှိ အလောင်းကျွန်အားကြည့်လိုက်ပြီး ပို၍ကျယ်လောင်စွာအော်ဟစ်လိုက်၏။

“မင်းရဲ့အလောင်းကျွန်ကဒီမှာရှိနေသးတာ..ဒါပေါ့မင်းကတော့စိတ်လျော့နိုင်မှာပေါ့.. ဒါပေါ့မင်းကတော့ဒီအကြီးအကဲကို ထေ့ငေါ့ပြောနိုင်တာပေါ့”

“အဘိုးကြီးဖူ.ဒါကခင်ဗျားအမှားပဲ . ခင်ဗျားရဲ့အလောင်းကျွန်ဖျက်ဆီးခံရတာနဲ့ပဲ.. ကျုပ်ရဲ့အလောင်းကျွန်ပါဖျက်ဆီးခံရမှ ခင်ဗျားခံစားချက်ပိုကောင်းမယ်လို့လာမပြောနဲ့. ဒီဂိုဏ်းခေါင်းဆောင်က ကျုပ်ရဲ့အလောင်းကျွန်ကိုနောက်မှာချန်ခဲ့တယ်..

ဒီတော့ ကျုပ်တို့အတူတကွတိုက်ခိုက်နိုင်ပြီး အနာဂတ်ပြဿနာတွေအတွက်ဒီ

သူတောင်းစားလေးကိုသတ်နိုင်မှာ”

ယုမင်ကပြောလိုက်သည်။

“ကောင်းပြီ.. ဂိုဏ်းခေါင်းဆောင်..ပထမအကြီးအကဲတို့.. အခုတော့အချင်းမများကြရအောင်.. အခုချိန်အရေးကြီးဆုံးကဒီမွန်းစတားကိုကိုင်တွယ်ဖို့နည်းလမ်းတစ်ခုရှာဖို့ပဲ”

ဤအချိန်တွင်အလောင်းထိန်းချုပ်

ဂိုဏ်းမှာကြယ်လေးပွင့်ဧကရာဇ်

နယ်ပယ်တစ်ယောက်ဖြစ်သူ ဒုတိယအကြီးအကဲ ယုချင်က ပြောလိုက်သည်။

ဤအချိန်တွင်ယုချင်၏နှုတ်ခမ်း

ထောင့်မှလည်းသွေးတို့စီးကျနေသည်။ အစောပိုင်းကသူ၏အလောင်းကျွန်သည်လည်း သွေးနီရောင်မီးတောက်တို့ကြောင့်ပြာဖြစ်သွားသည်ဖြစ်သည်။

ယုချင်၏ စကားတို့အားကြားပြီးနောက်ယုမင်နှင့်ယုဖူတို့က အချင်းများခြင်းကို ရပ်တန့်လိုက်သည်။ သူတို့၏အကြည့်များက နောက်တစ်ကြိမ်အောက်သို့ကြည့်လိုက်ပြီး ရှေ့ရှိအဖြူရောင်ပုံရိပ်ပေါ်သို့စူးစိုက်လိုက်သည်။

ဤအချိန်တွင်ရှစ်ဖုန့်ကမျက်နှာပေါ်ရှိ

အေးစက်သောအပြုံးတစ်ခုနှင့်အတူ ယင်အလောင်းကောင်အုပ်၏ ပေါ်၌ဝင့်ကြွားစွာရပ်နေသည်။သူကကောင်းကင်ထဲရှိအလောင်းထိန်းချုပ်ဂိုဏ်းထံသို့ အေးစက်စွာဆက်လက်ကြည့်နေ၏။

ဤအချိန်တွင် လောချင်းချွမ်ကလည်းရှစ်ဖုန့်၏ဘေး

သို့ရောက်လာသည်။ မျက်နှာထက်ရှိအေးစက်သောအပြုံး

တစ်ခုနှင့်အတူ ရှစ်ဖုန့်ဘေး၌ဝင့်ကြွားစွာရပ်လိုက်သည်။

ယနေ့တွင်ဤလူက သူ့အား ဤတိရစ္ဆာန်များကိုသတ်ရမည်ဟုပြောခဲ့သည်။ ထို့ကြောင့်ဤတိရစ္ဆာန်များအနေဖြင့်

သေမိန့်ကျပြီးသားဖြစ်၏။

“ငါ့ရဲ့အလောင်းထိန်းချုပ်ဂိုဏ်းက တပည့်တို့ မင်းတို့အားလုံးကို ရဲ့စွမ်းအားကို မင်းတို့ရဲ့အလောင်းကျွန်တွေပေါ်မှစုစည်းပြီး ဒီလူကိုသတ်ကြ”

ဤအချိန်တွင် အလောင်းထိန်းချုပ်ဂိုဏ်းခေါင်း

ဆောင်ဖြစ်သူယုမင်က နက်ရှိုင်းသောအသံတစ်ခုနှင့်ကောင်းကင်နှင့်မြေပြင်အားရိုက်ခတ်ဖြတ်သန်း

စေကာအော်ပြောလိုက်သည်။

အောက်ရှိလူငယ်၏ခွန်အားအား

မျက်မြင်ကြုံတွေ့ပြီးနောက် ယုမင် မဆင်မခြင်မပြုမူရဲတော့ပေ။ သူကအားလုံး၏ အင်အားကိုစုစည်းပြီးဤလူငယ်

ကိုသတ်ပစ်ရန်စီစဉ်နေသည်။

“ဟုတ်ကဲ့”

ယုမင်၏အသံထွက်ပေါ်လာသောအခါတွင် အလောင်းထိန်းချုပ်ဂိုဏ်းမှတပည့်များက သူတို့၏လက်များဖြင့်ဆီးလ်

တို့ကိုပုံဖော်လိုက်သည်။ သူတို့၏လက်သင်္ကေတများမှ အေးစက်ပြီးမိစ္ဆာဆန်သော အော်ရာရှိသည့်ထူးဆန်းသော

အနက်ရောင်ရုန်းများထွက်ပေါ်လာပြီး ယုမင်၏ အလောင်းကျွန်ထံသို့လွင့်မျောသွားသည်။

“ဟမ့်. ဒီသခင်လေးမှာမင်းတို့တွေအဆင်သင့်ဖြစ်မှသတ်ဖို့အတွက်အချိန်မရှိဘူး”

ရှစ်ဖုန့်က ကောင်းကင်ထဲရှိအလောင်းထိန်းချုပ်

ဂိုဏ်းမှတပည့်များနှင့် သူတို့ပုံဖော်ထားသောဆီးလ်များကိုကြည့်ပြီး သရော်လိုက်သည်။

ရုတ်ခြည်း ရှစ်ဖုန့်ကသူ၏ ညာလက်အား လက်ဝါးပုံစံပြုလုပ်လိုက်ပြီး ကောင်းကင်ထဲသို့ရိုက်ထုတ်လိုက်သည်။

“သေခြင်းရဲ့အနက်ရောင်နဂါး”

ရှစ်ဖုန့်၏ လက်ဝါးမှာ အနက်ရောင်မြူတို့ဖြင့်ဖွဲ့စည်းထားသော အနက်ရောင်နဂါးတစ်ကောင်ထွက်ပေါ်လာပြီး ကောင်းကင်ထဲသို့ပျံတက်သွားသည်။

“ဂါး”

အနက်ရောင်နဂါးက ၎င်း၏ပါးစပ်အားဖွင့်ဟ၍ဿ ကျယ်လောင်စွာဟိန်းဟောက်လိုက်သည်။

“ဟမ်..ဒီစွမ်းအား.ဒီစွမ်းအားက….”

လက်သင်္ကေတဆီးလ်တို့အား

ပုံဖော်နေသောယုမင်မှာ ကောင်းကင်ထဲသို့ပျံသန်းလာသော

အနက်ရောင်နဂါးအားကြည့်ပြီး အနက်ရောင်နဂါး၏စွမ်းအားကို အာရုံခံမိလိုက်သည်။ သူ၏အမူအယာကထပ်မံသိသိသာသာ

ပြောင်းလဲသွား၏။

ထိုထက်ပိုသည်ကား ထိုစွမ်းအားက သူ့ထံသို့တစ်ဟုန်ထိုးဦးတည်လာနေခြင်းဖြစ်သည်ကို သူအာရုံခံနိုင်စွမ်းရှိသည်ဖြစ်၏။ အခြားစကားဖြင့်ပြောရမည်ဆိုလျှင် အနက်ရောင်နဂါး၏ ပစ်မှတ်ကသူဖြစ်သည်။

“သွား”

ယုမင်၏ အမူအအယာကသိသိသာသာကို

ပြောင်းလဲသွားသည်။ ဤအချိန်တွင် အလောင်းကျွန်၌ စွမ်းအားမည်မျှစုစည်းပြီးသည်ကိုသူဂရုမစိုက်တော့ပေ။ အလျှင်အမြန် အလောင်းကျွန်ကိုရိုက်ထုတ်လိုက်ပြီး အနက်ရောင်နဂါးထံသို့တစ်ဟုန်

ထိုးဦးတည်စေလိုက်သည်။

တစ်ချိန်တည်းမှာပင် ယုမင်၏ပုံရိပ်က ကောင်းကင်ထဲသို့တည့်တည့်ထိုးတက်သွားသည်။ သူ၏အသွင်အပြင်ဟန်ပန်အားကြည့်ရုံဖြင့် သူကကောင်းကင်ကိုထွင်းခွင်းပြီး ထွက်ပြေးရန်ပြင်ဆင်နေခြင်းဖြစ်သည်။

ယုမင်ပျံတက်လိုက်ချိန်တွင် သူ၏နောက်မှပုံရိပ်တစ်ခုလိုက်ပါလာသည်ကိုတွေ့လိုက်ရသည်။ သူကခေါင်းလှည့်လိုက်သောအခါတွင် ၎င်းက ပထမအကြီးအကဲယုဖူဖြစ်သည်

ကိုတွေ့လိုက်ရသည်။ ဤအဘိုးကြီးကလည်း ထွက်ပြေးနေခြင်းဖြစ်သည်။

“ယုမင် အလောင်းထိန်းချုပ်ဂိုဏ်းရဲ့

ခေါင်းဆောင်တစ်ယောက်အနေနဲ့ မင်း ရှေ့ကရန်သူကိုရင်ဆိုင်သင့်တယ်. ဘာလို့မင်းကထွက်ပြေးနေတာလဲ”

ယုဖူ၏မျက်နှာထက်တွင်ဒေါသတို့

နှင့်ပြည့်နှက်နေပြီး ယုမင်ကိုအော်ဟစ်လိုက်သည်။

ယုဖူ၏ စကားများအားကြားလိုက်ရသောအခါတွင် ယုမင်က အေးစက်စွာနှာခေါင်းရှုံ့လိုက်ပြီး ပြောလိုက်သည်။

“အဘိုးကြီး. ကျုပ်ကိုလာပြောမနေနဲ့.. ခင်ဗျားကရောဘာထူးလို့လဲ.. အလောင်းထိန်းချုပ်ဂိုဏ်းရဲ့ပထမအကြီးအကဲတစ်ဦးအနေနဲ့ ဘာလို့ရန်သူ့ကိုရင်ဆိုင်ပြီးမနေခဲ့တာလဲ”

“ဟမ့်.. အနက်ရောင်နဂါးရဲ့စွမ်းအားက ခင်ဗျားရောကျုပ်ရဲ့စွမ်းအားထက်ပါ

သာလွန်နေတာကို သိနေတာပဲ.. ဒီမှာနေတာက သေဖို့ပဲရှိတယ်”

ဤအချိန်တွင် သူတို့နှစ်ဦးအထက်ရှိကောင်းကင်ထဲမှ ငယ်ရွယ်သောအသံတစ်ခုရုတ်တရက်ထွက်ပေါ်လာသည်။

“ကောင်းပြီ.. မင်းတို့နှစ်ရောင်ငြင်းခုန်နေတာကိုရပ်တော့. ဒီမှာပဲသေလိုက်ကြတော့”

ဤအသံအားကြားပြီးနောက် ယုမင်နှင့်ယုဖူတို့က တစ်ချိန်တည်းမော့ကြည့်လိုက်ကြပြီးနောက် သူတို့၏ မျက်နှာက တစ်ချိန်တည်းတွင် ထပ်မံပြောင်းလဲသွားကြသည်။

ဆက်ရန်…………

ဘာသာပြန်သူ-ARISE

All Chapters