အခန်း (၈၀၃)
Vol. 54 Ch. 803
အလောင်းထိန်းချုပ်ဂိုဏ်းမှ ယုမင်နှင့် ပထမအကြီးအကဲတို့မှာ ကောင်းကင်ထဲသို့ပျံသန်းထိုးတက်နေသကဲ့သို့ မျက်နှာအမူအယာများက သိသိသာသာကိုပြောင်းလဲသွားသည်။ သူတို့၏မျက်နှာ များက အလွန်အံ့ဩမှုများနှင့်ပြည့်နှက်နေသည်။
သူတို့၏ အထက်၌ အဖြူရောင်ပုံရိပ်တစ်ခု ကိုမြင်တွေ့လိုက်ရသည်။ သူ၏လက်များကလက်သည်းပုံစံဖြစ်နေပြီး သိပ်သည်းသောအနက်ရောင်သေခြင်း
ချီများဝန်းရံနေခြင်းဖြစ်သည်။၎င်းမှာ နတ်ဆိုးနတ်ဘုရားတစ်ပါးသက်ဆင်း
လာသည့်နှယ်ပင်ဖြစ်၏။
သူ၏ငယ်ရွယ်သောမျက်နှာထက်၌ လှောင်ပြုံးတစ်ခုရှိနေသည်။ သူက၎င်းတို့နှစ်ယောက်ထံသို့အေးစက်စွာ
စိုက်ကြည့်နေပြီး လှောင်ပြောင်လိုက်သည်။
“ ဒီသခင်လေးက ဒီနေ့မှာမင်းတို့လိုလူမဆန်တဲ့တိရစ္ဆာန်တွေအားလုံးကိုသတ်မယ်လို့ပြောခဲ့တဘ်.. ဒီနေ့မင်းတို့ထဲကတစ်ယောက်မှရှင်မှာမဟုတ်ဘူး”
စကားပြောနေသကဲ့သို့ အနက်ရောင်သေခြင်းချီတို့ရစ်ထွေးနေသော ရှစ်ဖုန့်၏ လက်သည်းတို့က အောက်ရှိလူနှစ်ဦး၏ ဦးခေါင်းတို့ကိုဆုပ်ကိုင်လိုက်သည်။
“မဟုတ်ဘူး..မဟုတ်ဘူး.မလုပ်ပါနဲ့”
ပထမအကြီးအကဲတုဖူကထိတ်လန့်စွာဖြင့် အော်ဟစ်လိုက်သည်။သူ့အားဆုပ်ကိုင်လာသောဘယ်ဘက်လက်သည်း၏စွမ်းအား
ကသူ၏ကိုယ်အား အလိုလိုတုန်ယင်အောင်ပြုလုပ်နေသည်။ ဤစွမ်းအားကအစောပိုင်းက
အနက်ရောင်မြူခိုးနဂါးထက် အားနည်းခြင်းမရှိပေ။
၎င်းအားရင်ဆိုင်ရင်း သူ၏ကိုယ်အတွင်းရှိစွမ်းအားအကုန်လုံးစုပ်ထုပ်ခံလိုက်ရသလို ယုဖူခံစားလိုက်ရသည်။ သူ့အနေဖြင့်ခုခံရန်အင်အားကိုပင် လှုံ့ဆော်နိုင်ခြင်းမရှိပေ။
“မဟုတ်ဘူး.မဟုတ်ဘူး”
အလောင်းထိန်းချုပ်ဂိုဏ်းခေါင်းဆောင်ဖြစ်သူ ယုမင်၏ သိန်းငှက်ကဲ့သို့မျက်လုံးများကသူငယ်အိမ်မှကျွတ်ကျတော့မည့်နှယ်ပြူးကျယ်နေသည်။ သူကလည်းငယ်သံပါအောင်အော်ဟစ်လိုက်သည်။
“မဟုတ်ဘူး. ငါ့ကိုမသတ်ပါနဲ့ .မော်ကြွားဓားအိမ်တော်ကအလောင်းတွေအားလုံးကိုပြန်ပေးဖို့ငါဆန္ဒရှိပါတယ်.. ငါသူတို့အားလုံးကိုပြန်ပေးချင်ပါတဘ်. ငါ့ကိုမသတ်ပါနဲ့”
ရှစ်ဖုန့်မှာ ၎င်းတို့နှစ်ယောက်ပြောနေခြင်းအားလုံး
ဝဂရုစိုက်ခြင်းမရှိပေ။ သူ၏လက်တို့ကလည်းလှုပ်ရှားနေခြင်းကိုလုံးဝရပ်တန့်ခြင်းမရှိပေ။ မျက်စိတစ်မှိတ်အတွင်း သူ့လက်သည်းရှိလက်ခြောင်းငါးချောင်းက ၎င်းတို့၏ဦးခေါင်းများအာ ရက်ရက်စက်စက် ဖောက်ဝင်သွားသည်။
“အား..အား”
ကောင်းကင်ထဲ၌ သွေးပျက်ဖွယ်ငယ်သံပါအောင်အော်သံလှိုင်း
နှစ်ခုက ကထွက်ပေါ်လာသည်။
အောက်ဘက်တွင်များစွာသောအကြည့်များက ထိတ်လန့်တုန်လှုပ်မှုများဖြင်ပြည့်နှက်နေပြီး ကောင်းကင်ထဲသို့မော့ကြည့်နေကြသည်။ ဆယ့်ခြောက်နှစ်ဆယ့်ခုနှစ်နှစ်ထက်မပိုသေးသောလူငယ်လေးက ပြိုင်ဘက်ကင်းဆိုးယုတ်သော နတ်ဆိုးတစ်ပါးကဲ့သို့ သူတို့၏ ဂိုဏ်းခေါင်းဆောင်နှင့်ပထမအကြီးအကဲတို့၏ ခေါင်းများအား ထိုးဖောက်ပစ်လိုက်သည်ကိုသူတို့မြင်တွေ့လိုက်ရသည်။
သူတို့၏ ဂိုဏ်းခေါင်းဆောင်နှင့်ပထမအကြီးအကဲတို့ထံမှ စိတ်မချမ်းမြေ့ဖွယ်ကောင်းသောငယ်သံပါ
အောင်အော်သံနှစ်ခုထွက်ပေါ်လာသည်။ ကောင်းကင်ထဲရှိ မြင်ကွင်းအားကြည့်ရင်း စိတ်မချမ်းမြေ့ဖွယ်ကောင်းသောအော်သံတို့က သူတို့၏နားထဲ၌ပဲ့တင်ထပ်နေသည်။ အလောင်းထိန်းချုပ်ဂိုဏ်းမှလူများမှာ သူတို့၏ ကျောရိုးတစ်လျှောက်စိမ့်တက်သွားမှုကိုခံစားလိုက်ရသည်။ သူတို့၏ဆံပင်များကအဆုံးအထိထောင်တက်သွားပြီး ဦးရေပြားများကထုံထိုင်းသွားသည်။
ယနေ့တွင် သူတို့၏ အလောင်းထိန်းချုပ်ဂိုဏ်းမှာ သတ်ဖြတ်ခြင်း၌ တုန့်ဆိုင်းခြင်းမရှိသော ရက်စက်သည့်လူတစ်ဦးနှင့်ကြုံတွေ့ခဲ့ရသည်။ သူ၏ နှလုံးသားထဲ၌အမြဲတမ်း ခံ့ညားပြီးအရှိန်အဝါကြီးမားသော ဂိုဏ်းခေါင်းဆောင်နှင့်ပထမအကြီးအကဲတို့မှာ၎င်း၏လက်ထဲ၌ဦးခေါင်းများထိုးဖောက်ခံလိုက်ရသည်။ ထိုထက်ပိုသည်ကား သူတို့နှစ်ဦးလုံးလုံးဝသေဆုံးခြင်းမရှိသေး
ခြင်းပင်ဖြစ်သည်။ ၎င်းတို့၏ ကိုယ်များကပြင်းထန်စွာတွန့်လိမ်နေဆဲဖြစ်သည်။
အသက်ဆယ့်ငါးဆယ့်ခြောက်သာရှိ
သေးသောလူငယ်လေးမှာမူ သူ၏မျက်နှာကဂရုစိုက်ခြင်းမရှိ
အေးစက်မြဲအေးစက်ဆဲပင်ဖြစ်သည်။
ထို့နောက်ချက်ချင်း နောက်ထပ်ပေါက်ကွဲမှုတစ်ခုထွက်ပေါ်လာသည်။ ဤကဲ့သို့ အခိုက်အတန့်တွင် အနက်ရောင်သေခြင်းချီနဂါးက ယုမင်ရိုက်ထုတ်လိုက်သော အလောင်းကျွန်နှင့်ထိပ်တိုကတွေ့သွားသည်။ သို့သော် အနက်ရောင်သေခြင်းချီနဂါး၏ စွမ်းအားအောက်တွင် အလောင်းကျွန်မှာ အစိတ်စိတ်အမွှာမွှာဖြစ်သွားသည်။
ဤသို့ဖြင့် ကြယ်ငါးပွင့်ဧကရာဇ်နယ်ပယ်တစ်ယောက်၏ စွမ်းအားကိုပိုင်ဆိုင်ထားသော အလောင်းကျွန်မှာ သုတ်သင်ခံလိုက်ရသည်။
တိုက်ပွဲကတစ်ဖက်သက်ဖြစ်လာသည်ဖြစ်သည်။အလောင်းထိန်းချုပ်ဂိုဏ်း၏ ခေါင်းဆောင်ဖြစ်သူ ယုမင်နှင့် ပထမအကြီးကဲတို့၏ အလောင်းကျွန်နှစ်ကောင်နှင့်အတူ အခြားသောအလောင်းထိန်းချုပ်ဂိုဏ်းမှ တပည့်များ၏ အလာင်းကျွန်များမှာလည်း ရှစ်ဖုန့်၏သတ်ဖြတ်ခြင်းကိုခံလိုက်ရသည်။
ထိုအချိန်တွင် အလောင်းထိန်းချုပ်ဂိုဏ်းမှလူများမှာ ကောင်းကင်မှဆင်းသက်လာသော နတ်ဆိုးနတ်ဘုရားတစ်ပါးကဲ့သို့ သူအား ကြည့်နေကြသည်။
ယုမင်နှင့်လောချင်းချွမ်တို့၏ စကားအပြန်အလှန်ပြောဆိုမှုများအရ ၎င်းတို့နှစ်ဦးက မော်ကြွားဓားအိမ်တော်မှ အလောင်းပေါင်းတစ်သောင်းအတွက်လာခြင်းဖြစ်သည်ကို သူတို့သိကြသည်ဖြစ်သည်။
ဂိုဏ်းခေါင်းဆောင်နှင့် ပထမအကြီးအကဲတို့က ထိုအလောင်းများအတွက် နှင့် အသတ်ခံလိုက်ရမည်ဟုသူတို့မမျှော်လင့်ထားခဲ့ပေ။ သူတို့ကိုယ်တိုင်အတွက်မူသူတို့လည်း၎င်းတို့၏ခြေလှမ်းအတိုင်းလိုက်ရလောက်သည်ဖြစ်သည်။
ထို့နောက်ချက်ချင်း အလောင်းထိန်းချုပ်ဂိုဏ်းမှလူများမှာ လူငယ်၏လက်ထဲရှိတွန့်လိမ်နေသော ယုမင်နှင့် ပထမအကြီးအကဲတို့၏ကိုယ်များက ဖြည်းဖြည်ချင်းကျဆင်းလာသည်ကိုတွေ့
လိုက်ရသည်။ ရုတ်ခြည်း သူတို့၏ကိုယ်များမှလေများထွက်လာသကဲသို့ ၎င်းတို့က လျှင်မြန်စွာရှုံ့တွသွားပြီး ရေဓာတ်ခမ်းခြောက်သောအ
လောင်းနှစ်ခုကဲ့သို့ဖြစ်လာသည်။
ဤအချိန်၌ခြောက်သွေ့သောအ
လောင်းနှစ်ခုကခံစားချက်မဲ့နေသည်။
ဤမြင်ကွင်းအား ကြည့်ရင်း အလောင်းထိန်းချုပ်ဂိုဏ်းမှကျင့်ကြံသူများမှာ တုန်လှုပ်မှု၊မှင်တက်မှု၊ရုတ်တရက်ကြောက်စိတ်မွှန်မှုတို့ဖြင့်ပြည့်နှက်နေသည်။ဤသည်ကားမသိစိတ်မှဖြစ်ပေါ်လာသည့်အကြောက်တရားပင်ဖြစ်သည်။ သူတို့၏ဦးခေါင်းများထိုးဖောက်ခံရပြီး ဤကဲ့သို့ခြောက်သွေ့အောင်စုပ်ယူခံရခြင်းက မည်မျှ နာကျင်ပြီး မခံနိုင်အောင်ဖြစ်လိမ့်မည်နည်း။
ယုမင်နှင့်ပထမအကြီးအကဲတို့၏သေခြင်းစွမ်းအင်၊ဝိညာဉ်စွမ်းအင်နှင့်သွေးတို့အား ဝါးမျိုပြီးနောက် ရှစ်ဖုန့က သူ၏ လက်တို့ကိုလွှဲယမ်းလိုက်ပြီး အလောင်းနှစ်လောင်းအား အမှိုက်များကဲ့သို့မြေပြင်သို့ပစ်ချလိုက်သည်။ ထို့နောက်တွင် သူက အောက်ဘက်ရှိ သုံးထောင်ကျော်သော အလောင်းထိန်းချုပ်ဂိုဏ်းမှကျင့်ကြံသူများကိုအေးစက်စွာကြည့်လိုက်သည်။
သူကတီးတိုးရေရွတ်လိုက်သည်။
“ဒီအသုံးမကျတဲ့ လက်ကျန်တွေကိုသတ်ပြီး သူတို့ရဲ့သေခြင်းစွမ်းအင်၊သွေးတို့ကိုဝါးမျိုပြီးရင် ငါ့ရဲ့သိုင်းနယ်ပယ်ကနောက်တစ်ဆင့်
ကိုတက်နိုင်လောက်ပါတယ်”
ဤအချိန်တွင်ရှစ်ဖုန့်၏မျက်လုံးထဲ၌ အလောင်းထိန်းချုပ်ဂိုဏ်းမှဤလူများမှာ သူ၏အဆင့်ချိုးဖျက်မှုအတွက် စွမ်းအင်များ ဖြစ်လာသည်။
ဤအချိန်တွင်လူအုပ်ထဲမှ အလောင်းထိန်းချုပ်ဂိုဏ်း၏ ဒုတိယအကြီးအကဲဖြစ်သူယုချင်က ကောင်းကင်ထဲသို့မော့ကြည့်လိုက်ပြီး ရှစ်ဖုန့်ကိုပြောလိုက်သည်။
“အရှင်.မော်ကြွားဓားအိမ်တော်ကအလောင်းတွေကို ယူခိုင်းတာက ယုမင်နဲ့ပထမအကြီးအကဲတို့ရဲ့အမိန့်ပါ.. ကျန်တဲ့ကျုပ်တို့နဲ့ဘာမှမဆိုင်ပါဘူး. အခုသူတို့နှစ်ဦးသေသွားပြီဖြစ်တာကြောင့် သူတို့ရဲ့အလောင်းတွေကိုထုတ်ပေးဖို့ပြီး
ရင်တစ်ယောက်ယောက်ကို ကျုပ်လွှတ်ပေးလိုက်ပါ့မယ်”
“ဟမ့်”
အဘိုးအို၏စကားအားကြားလိုက်ရသောအခါတွင်
ရှစ်ဖုန့်၏နှုတ်ခမ်းထောင့်ကတွန့်ကွေးသွားပြီး အေးစက်သောအပြုံးတစ်ခုပေါ်လာကာ ပြောလိုက်သည်။
“သူတောင်းစားအိုကြီး.. ခင်ဗျားကတကယ် ကလိန်ကကျစ်ပဲ..အဲ့လူနှစ်ယောက်ကိုဒီသခင်လေးသတ်လိုက်တော့ သေလူနှစ်ယောက်ဆီအပြစ်ဖို့ကိုခင်ဗျားလုပ်တယ်”
“ဟားဟား.အကယ်၍သူတို့က မော်ကြွားဓားအိမ်တော်ကအလောင်းတွေကိုယူဖို့ခင်ဗျားတို့ကိုအမိန့်ပေးရင်တောင်. ဒီသခင်လေးကိုအလောင်းတွေဝိုင်းတဲ့အချိန်မှာ သူတို့ထဲက တစ်ခုကခင်ဗျားထိန်းချုပ်တာမဟုတ်ဘူးလား’
အလောင်းထိန်းချုပ်ဂိုဏ်းအတွင်းတွင် ၎င်းတို့၏ ပါးစပ်များ၌သွေးစများရှိနေဆဲဖြစ်သည်။ ဤသည်မှာ ၎င်းတို့ အလောင်းကျွန်များအားထိန်းချုပ်ပြီးရှစ်ဖုန့်အားတိုက်ခိုက်စဉ်က တန်ပြန်သက်ရောက်မှုကိုခံခဲ့ကြရခြင်းဖြစ်သည်။ အဆုံးသတ်တွင် အလောင်းကျွန်များမှာ သွေးနီရောင်မီးတောက်တို့ကြောင့်
မီးရှို့ပြာချခံရခြင်းဖြစ်သည်။
“ဒါက..”
ရှစ်ဖုန့်၏စကားများအားကြားသောအခါတွင် ဒုတိယအကြီးကဲယုချင်မှာ ပြောစရာစကားမဲ့သွားသည်။
ထို့နောက်တွင်ရှစ်ဖုန့်ကအေးစက်စွာပြော
လိုက်သည်။
“သူတောင်းစားကြီး. အခု ခင်ဗျားဒီသခင်လေးရဲ့ခွန်အားကိုမြင်တော့ ဒီသခင်လေးကိုခင်ဗျားကအားနည်းကြောင်း
လာပြနေတယ်. အကယ်၍ဒီသခင်လေးသာအမှိုက်ဆိုရင် ကြယ်လေးပွင့်ဧကရာဇ်နယ်ပယ်တစ်ယောက်
ခွန်အားရှိတဲ့ခင်ဗျားရဲ့အလောင်းကျွန်
လက်ထဲမှာသေနေလောက်ပြီ”
ထို့နောက်ရှစ်ဖုန့်ကအေးစက်စွာနှာ
ခေါင်းရှုံ့လိုက်သည်။
“ဟမ့်.. ဒီသခင်လေးကိုတိုက်ခိုက်တဲ့သူတွေ ဒီသခင်လေးကိုသတ်ချင်တဲ့သူတွေ အသက်ရှင်ဖို့ကိုမစဉ်းစားနဲ့”
ဤသို့ပြောပြီးနောက် ရှစ်ဖုန့်က သူ၏ လက်ဖဝါးအားအောက်သို့ရိုက်ချလိုက်သည်။ရှစ်ဖုန့်ကြောင့်ဧရာမသွေးနီရောင်မီးတောက်
လက်ဝါးရိပ်ကြီးက ကျဆင်းလာပြီးအောက်ရှိ သုံးထောင်ကျော်သော အလောင်းထိန်းချုပ်ဂိုဏ်းမှလူများအား
လွှမ်းခြုံသွားကာ ၎င်းတို့အား အဆက်မပြတ်တိုက်ခိုက်လာသည်။
“မလုပ်ပါနဲ့..”
“ဒီစွမ်းအား..ဒီစွမ်းအားက..”
“မဟုတ်ဘူး.. ငါမသေချင်သေးဘူး. အဲ့တာကဂိုဏ်းခေါင်းဆောင်ပဲ. အားလုံးက ဂိုဏ်းခေါင်းဆောင်နဲ့ပထမအကြီးအကဲတို့
အမိန့်ပေးတာ. ငါနဲ့ဘာမှမဆိုင်ဘူး”
“ငါဒီအကြောင်းကိုလုံးဝမသိဘူး.ငါကအပြစ်မဲ့တဲသူပါ”
“ငါ့အလောင်းကျွန်သေသွားတာအချိန်တစ်ချို့ကြာနေပြီ.. ငါ့မှာအလောင်းကျွန်လုံးဝမရှိဘူး. အလောင်းကျွန်ကိုထိန်းချုပ်ပြီး
မင်းကိုတိုက်ခိုက်တာကငါနဲ့ဘာမှမဆိုင်ဘူး”
အလောင်းထိန်းချုပ်ဂိုဏ်းမှကျင့်ကြံသူများမှာ ခေါင်းများကိုမော့ပြီး သူတို့ပေါ်သို့ကျဆင်းလာသည့် ဧရာမသွေးနီရောင်လက်ဝါးရိပ်ကြီး
အားကြည့်နေသည်။ သူတို့၏အမူအယာများကကြီးစွာပြောင်းလဲသွားပြီး အလန့်တကြားအော်ဟစ်ကာ ငိုယိုတောင်းပန်နေကြသည်။ ဤအချိန်တွင် ၎င်းတို့အနေဖြင့်ကမ္ဘာကြီး၏အဆုံးသတ်အားရင်ဆိုင်နေရသကဲ့သို့ပင်ဖြစ်သည်။
ဆက်ရန်…………..
ဘာသာပြန်သူ-ARISE