← Chapters

အခန်း (၈၀၄)

Vol. 54 Ch. 804

အခန်း (၈၀၄)

Vol. 54 Ch. 804

သွေးနီရောင် မီးတောက်လက်ဝါးရိပ်ကကျဆင်းလာသကဲ့

သို့ရှစ်ဖုန့်က ပုရွက်ဆိတ်များကဲ့သို့ အပြင်းအထန်ရုန်းကန်နေသည့်အလောင်းထိန်းချု်ပဂိုဏ်းမှကျင့်ကြံသူများကိုကြည့်နေသည်။ ထို့နောက် သွေးနီရောင်မီးတောက်လက်ဝါးရိပ်ကြီးက အလောင်းထိန်းချုပ်ဂိုဏ်းမှ ကျင့်ကြံသူပေါင်း သုံးထောင်၏ အသက်တို့ကိုဝါးမျိုသွားသည်။

ရုတ်ခြည်း နှိုင်းယှဉ်ဖော်ပြ၍မရနိုင်လောက်သော စိမ်းမချမ်းမြေ့ဖွယ် ဟစ်ကြွေးမြည်တမ်းသံများက တစ်ခုပြီးတစ်ခုထွက်ပေါ်လာပြီးဤကမ္ဘာကြီးအား ရိုတ်ခတ်သွားသည်။ ဤနေရာက ကမ္ဘာမြေ၏ ငရဲတစ်ခုဖြစ်လာပုံပေါ်သည်။

ရှစ်ဖုန့်က အားလုံးအားသေရန်ပြောခဲ့သည်။

“ဟစ်.ဟစ်..ဟစ်.ဟစ်”

အလောင်းထိန်းချုပ်ဂိုဏ်းနှင့်ဝေးကွာသော ဟင်းလင်းပြင်အတွင်းတွင် လူများလေအေးတို့ကိုရှိုက်သွင်းလိုက်သောအသံတို့ထွက်ပေါ်လာသည်။ ဘယ်အချိန်ကမှန်းမသိလိုက်သော်လည်း ဤအချိန်၌ ပုံရိပ်ဆယ့်သုံးခုက ဝင့်ကြွားစွာရပ်နေသည်။ ဤလူများအားလုံးမှာ အနီးအားရှိ အင်အားစုများမှဖြစ်ကြသည်။ ၎င်းတို့အားလုံးက မော်ကြွားဓားအိမ်တော်၏လက်အောက်ခံများတစ်ချိန်ကဖြစ်ခဲ့ဖူးသည်ဖြစ်သည်။

“ဖျက်ဆီးခံလိုက်ရပြီ.. အလောင်းထိန်းချုပ်ဂိုဏ်းကဒီလိုနဲ့ပဲဖျက်ဆီးခံ

လိုက်ရပြီ. ဒီလိုမျိုးရက်စက်တဲ့ပုဂ္ဂိုလ်က ဘယ်နေရာကနေလာခဲ့တာလဲ….အဲ့တာထက်ပိုတာက သူက အရမ်းငယ်သေးတယ်”

ခမ်းနားသောအော်ရာရှိသည့် သက်လတ်ပိုင်းအရွယ်လူတစ်ယောက်က အလောင်းထိန်းချုပ်ဂိုဏ်းရှိရာဘက်သို့ကြည့်၍ အံ့အားသင့်စွာအလန့်တကြားပြောလိုက်သည်။

“အလောင်းထိန်းချုပ်ဂိုဏ်းက နှစ်ထောင်ပေါင်းများစွာအမွေဆက်ခံမှုတွေရှိတဲ့ဂိုဏ်းတစ်ခုပဲ. ဒါပေမဲ့ အဲ့တာက ဒီသွေးနီရောင်မီးတောက်လက်ဝါးကြောင့်ဖျက်ဆီးခံလိုက်ရတယ်…”

အခြားသောဒေါင်မြင့်မြင့်နှင့် သက်လတ်ပိုင်းအရွယ်လူတစ်ယောက်က တည်ငြိမ်သောမျက်နှာနှင့်ပြောလိုက်သည်။

“မော်ကြွားဓားအိမ်တော်ကလည်းမရှိတော့ဘူး. အခု အလောင်းထိန်းချုပ်ဂိုဏ်းကလည်းဒီဆန်းကြယ်တဲ့လူငယ်ကြောင့် ဖျက်ဆီးခံလိုက်ရပြီ.. ငါတို့နယ်မြေကတော့ ငြိမ်းငြိမ်းချမ်းချမ်း နေရဖို့ရေစက်ပါမလာဘူး”

ဤစကားအားပြောလိုက်သောသူမှာ အဖြူရောင်ဆံပင်တို့နှင့် အဘိုးအိုဖြစ်သည်။ သူစကားပြောပြီးနောက် သက်ပြင်းတစ်ချက်ချလိုက်သည်။

“လောချင်းချွမ် ..ဒီရက်စက်အကြင်နာမဲ့တဲ့သူက လောချင်းချွမ်နဲ့ လာတာပဲ.. “

ဂင်တိုတိုနှင့်အနည်းငယ် ဝသော သက်လတ်ပိုင်းအရွယ်လူတစ်ယောက်က အလောင်းထိန်းချုပ်ဂိုဏ်းနှင့် မြေပြင်ထက်၌တစ်ယောက်တည်းရပ်နေသာ လောချင်းချွမ်တို့ကိုကြည့်၍ ပြောလိုက်သည်။

ဤသူမှာ မိုးကောင်းကင်နှလုံးသားဂိုဏ်း၏ခေါင်းဆောင်ဖြစ်သူ အိုးယန်ရှန့်ဖြစ်သည်။ အလောင်းထိန်းချုပ်ဂိုဏ်းကဲ့သို့ပင် မိုးကောင်းကင်နှလုံးသားဂိုဏ်းမှာလည်း ဤနယ်မြေရှိ အဓိက အင်အားစု သုံးခုထဲမှတစ်ခုဖြစ်သည်။ အိုးယန်ရှန့်မှာ ကြယ်ငါးပွင့်ဧကရာဇ်နယ်ပယ်

တစ်ယောက်ဖြစ်သည်။

ယခင်က ရှစ်ဖုန့်အားလောချင်းချွမ်ပြောခဲ့သော သတင်းအချက်အလက်တို့မှာ အိုးယန်ရှန့်ထံမှလာခြင်းဖြစ်သည်။ လောချင်းချွမ်မောကြွားဓားအိမ်တော်သို့လာရောက်စဉ်က အိုးယန်ရှန့်မှာ ထိုနေရာတွင်ရှိခဲ့သောကြောင့်တစ်ကြိမ်

တွေ့ဖူးသည်ဖြစ်သည်။

မော်ကြွားဓားအိမ်တော်၏တည်ရှိမှု ရပ်စဲသွားပြီးနောက် အလောင်းထိန်းချုပ်ဂိုဏ်း၌ ဤနယ်မြေ၏ အရှင်သခင်ဖြစ်လာရန် ရည်မှန်းချက်ရှိလာသည်။ သူ အိုးယန်ရှန့်၏ မိုးကောင်းကင်နှလုံးသားဂိုဏ်း၌လည်း တူညီသောရည်မှန်းချက်ရှိသည်ဖြစ်သည်။

အစက သူက လောချင်းချွမ်အား မော်ကြွားဓားအိမ်တော်မှ အလောင်းများအကြောင်းကိုပြောခဲ့သည်။ လောချင်းချွမ်ကအလောင်းထိန်းချုပ်ဂိုဏ်းအားဖျက်ဆီးလိမ့်မည်ဟုတော့သူမမျှော်လင့်ခဲ့ပေ။ သို့သော် လောချင်းချွမ်၌ ထျန်းဟန်တိုက်ကြီးတစ်ခွင်ကျော်ကြား

သောစီနီယာအကိုသုံးယောက်ရှိသည်ဖြစ်သည်။

အိုးယန်ရှန့်မှာ မူလက လောချင်းချွမ်တစ်ယောက်သတင်းများကို

ရပြီးနောက် သူ၏စီနီယာအကိုများဖြစ်ကြသော လင်ယဲ့ဖုန်း၊ မိုရှောင်ယောင် သို့မဟုတ် လန်အောင်းယွဲ့တို့အား အလောင်းထိန်းချုပ်ဂိုဏ်းကိုဖျက်ဆီးရန်အတွက် သွားရှာလိမ့်မည်ဟု ထင်ခဲ့သည်။ လောချင်းချွမ်အနေဖြင့် သူ၏ စီနီယာအကိုများကိုသတင်းပါးရန်အတွက် အချိန်အချို့ယူရလိမ့်မည်ဖြစ်သည်။

မျှော်လင့်မထားစွာနှင့်လောချင်းချွမ်ကသူနှင့်အတူ လူငယ်တစ်ယောက်ကိုခေါ်လာခဲ့သည်။ ဤလူငယ်ကအရမ်းကို အဆမတန်ထူးခြားပြီး ရက်စက်အကြင်နာမဲ့ကာ အလောင်းထိန်းချုပ်ဂိုဏ်းအား တစ်ယောက်တည်းနှင့်ဖျက်ဆီးပစ်ခဲ့သည်။

“အလောင်းထိန်းချုပ်ဂိုဏ်းဆိုတာထပ်ပြီးမရှိတော့ဘူး. အခုကစပြီးငါနဲ့ဖက်ယှဉ်ပြိုင်နိုင်တာက လောရှန့်ဂိုဏ်းတစ်ခုတည်းပဲရှိတော့တယ်”

ရံဖန်ရံခါတွင် သူ၏အနည်းငယ်ဝသောမျက်နှာက ရုတ်ခြည်းအေးစက်မှုအဖြစ်ပြောင်းသွားသည်။ သူ၏ခေါင်းအားလှည့်လိုက်ပြီး ဘေး၌တစ်ယောက်တည်းရပ်နေသော ဒေါင်မြင့်မြင့်နှင့်သက်လတ်ပိုင်းအရွယ်လူကိုကြည့်လိုက်သည်။ သတ်လိုက်ပိုင်းအရွယ်လူက တုတ်ခိုင်သန်မာပြီး နက်မှောင်သောအသားအရည်ရှိကာ ယင်းကသူ့အား သတ္ထုမျှော်စင်တစ်ခုနှယ်ထင်ရစေသည်။

သူက လောရှန့်ဂိုဏ်းခေါင်းဆောင်လောခွန်ပင်ဖြစ်သည်။

အလောင်းထိန်းချုပ်ဂိုဏ်း၏ အထက်ကောင်းကင်ထဲတွင် စိမ်းမချမ်းမြေ့ဖွယ်အော်သံများကရပ်တန့်သွားသည်။ သွေးနီရောင်လက်ဝါးရိပ်ကြီးက သွေးနီရောင်မီးတောက်ပင်လယ်တစ်ခု

အဖြစ်ပြောင်းလဲသွားပြီး ရှစ်ဖုန့်ထံသို့စတင်ပြန်လည်လှိမ့်ဝင်လာသည်။

ဤအခိုက်အတန့်တွင် ရှစ်ဖုန့်ကအလောင်းထိန်းချုပ်ဂိုဏ်းမှ လူသေတို့၏ သေခြင်းစွမ်းအင်နှင့်ဝိညာဉ်စွမ်းအင်တို့ကိုစတင်ဝါးမျိုလိုက်သည်။

ရှစ်ဖုန့်သည်သာမကအောက်၌ရှိနေသောလောချင်းချွမ်ကလည်း ငရဲဘုံကိုးခုပညာရပ်ကို စတင်အဆက်မပြတ်လှည့်ပတ်ပြီး ကောင်းကင်ထဲမှသေခြင်းစွမ်းအင်တို့ကိုဝါးမျိုလိုက်သည်။

ရှစ်ဖုန့်ကသွေးနီရောင်မီးတောက်များအားသူ၏ ကိုယ်အတွင်းသို့ပြန်လည်ရုတ်သိမ်း

လိုက်သောအခါတွင် ရှစ်ဖုန့်၏ကိုယ်ကရုတ်တရက်အဆင့်

တက်အဖြူရောင်အလင်းတစ်ခုလင်း

လက်လာသည်။ အလောင်းထိန်းချုပ်ဂိုဏ်းအားဖျက်ဆီးပြီး

သည့်နောက် ရှစ်ဖုန့်မှာ ကြယ်ငါးပွင့်ဧကရာဇ်နယ်ပယ်သို့

အောင်မြင်စွာခြေချနိုင်ခဲ့သည်။

“ဟုတ်ပြီ”

ရှစ်ဖုန့်ကတိုးဖျော့စွာပြောလိုက်ပြီး မြေပြင်သို့ ကြည့်လိုက်သည်။ ဤအချိန်တွင် လောချင်းချွမ်က မြေပြင်၌တင်ပျဉ်ခွေထိုင်ပြီး သူ၏လက်တို့ဖြင့်ဆီးလ်တို့ကိုပုံဖော်ထားသည်။

လောချင်းချွမ်၏အသွင်အပြင်အားကြည့်၍ ရှစ်ဖုန့်က ပျော်ရွှင်စွာဖြင့်ပြောလိုက်သည်။

“ချင်းချွမ်.. မင်းအဆင့်ချိုးဖျက်တော့မှာပဲ”

ရှစ်ဖုန့်၏ စကားတို့အားကြားပြီးနောက် လောချင်းချွမ်ကခေါင်းမော့ကြည့်လိုက်ပြီး အပြုံးတစ်ခုနှင့်ပြောလိုက်သည်။

“အဲ့နေ့က ဆရာကျွန်တော့်ကို လောကလန်ရဲ့သိုင်းတာအိုနဲ့ ဆရာ့ရဲ့သိုင်းတာအိုပေါင်းစပ်ထားတဲ့ဟာကို

ကျွန်တော့်ကိုသင်ပေးခဲ့တယ်.. ဒီအချိန်ကာလအတောအတွင်းမှာ ကျွန်တော်ဆရာ့နောက်ကိုလိုက်ပြီး ဆရာ့ရဲ့တိုက်ပွဲပေါင်းများစွာကိုမြင်တွေ့ခဲ့ရတယ်. သိုင်းတာအိုနားလည်ဆင်ခြင်သဘော

ပေါက်နိုင်မှုမှာ ကျွန်တော်က ကြယ်လေးပွင့်ဧကရာဇ်နယ်ပယ်ကိုထိတွေ့ခဲ့ပြီ .. အကယ်၍ကျွန်တော်သာအဆင့်မချိုးဖျက်သေးရင် ဆရာ့အတွက်ကျွန်တော်စိတ်မကောင်း

ဖြစ်ရလိမ့်မယ်”

လောချင်းချွမ်၏စကားများအားကြားပြီးနောက်ရှစ်ဖုန့်ကသွားပေါ်အောင်ရယ်ပြီးပြောလိုက်သည်။

“မင်းရဲ့ပါရမီစွမ်းရည်ကမဆိုးပါဘူး. မင်းကအရင်တုံးကအရမ်းခေါင်းမာလို့ပါ.. ကောင်းပြီမင်းအေးအေးဆေးဆေးအဆင့်ချိုးဖျက်ပါ.. ဒီသခင်လေးမင်းကိုကာကွယ်ပေးမယ်”

“ဟုတ်ကဲ့”

လောချင်းချွမ်ကရှစ်ဖုန့်အား ညင်သာစွာခေါင်းညိမ့်ပြသည်။ ထို့နောက်သူ၏ခေါင်းကိုငုံ့လိုက်ပြီးမျက်လုံး

တို့ကိုမှိတ်လိုက်သည်။ သူကစတင်ဆင်ခြင်နေပြီး နောက်တစ်ဆင့်ကိုချိုးဖျက်နေသည်။

ထျန်းဟန်တိုက်ကြီးအတွင်းတွင် ကြယ်ကိုးပွင့်ဧကရာဇ်နယ်ပယ်သို့တစ်ခါ

ရောက်ဖူးသောရှစ်ဖုန့်တစ်ယောက်သာ သူ၏ဒန်တန်အတွင်း၌လုံလောက်သည့်

စွမ်းအင်ပမာဏကိုစုဆောင်းမိသည်နှင့် နောက်တစ်ဆင့်သို့ချိုးဖျက်နိုင်ခြင်းဖြစ်သည်။

လောချင်းချွမ်ကူအဆင့်ချိုးဖျက်တော့မည်ဖြစ်သည်ဟုပြောခဲ့သော်လည်း သိုင်းတာအိုကိုဆင်ခြင်နားလည်နိုင်ရန်

လိုအပ်သေးပြီးထိုမှသာသူ၏ စိတ်ဝိညာဉ်နှင့် သိုင်းတာအိုက အဆင့်သစ်တစ်ခုသို့အတူတကွချိုး

ဖျက်နိုင်မည်ဖြစ်သည်။

ရှစ်ဖုန့်မှာအောက်ရှိလောချင်းချွမ်၏ပြောင်း

လဲမှုများနှင့် တဖြည်းဖြည်းမြင့်တက်လာသော အော်ရာတို့ကိုအာရုံခံမိသည်။ ကြည့်ရသည်မှာလောချင်းချွမ်အတွက် အဆင့်ချိုးဖျက်သည်က ဖြစ်ရိုးဖြစ်စဉ်တစ်ခုသာဖြစ်ပုံရသည်။

ထို့နောက်ရှစ်ဖုန့်က လောချင်းချွမ်အားထပ်မံဂရုထားခြင်းမရှိတော့ပေ။ သူကလှည့်လိုက်ပြီး အကွာအဝေးတစ်ခုရှိဟင်းလင်းပြင်ထဲ

သို့ကြည့်လိုက်သည်။ သူက ဂရုမထားစွာဖြင့်ပြောလိုက်သည်။

“ မင်းတို့စောင့်ကြည့်နေကြတာတော်တော်ကြာနေပြီ.. လုံလောက်ပြီမဟုတ်လား. မင်းတို့အားလုံးဒီသခင်လေးဆီကိုထွက်လာခဲ့ကြ”

ရှစ်ဖုန့်ကနောက်ဆုံးစကားအားပြောသောအခါတွင်သူ၏ အသံက ရုတ်ခြည်း အေးစက်မှုအဖြစ်ပြောင်းသွားသည်။

“သူငါတို့ကိုရှာတွေ့သွားတယ်””

အကွာအဝေးတစ်ခုရှိပုံရိပ်ဆယ့်သုံးခုထဲမှတစ်ဦးက အလန့်တကြားပြောလိုက်သည်။

“ငါတို့အဲ့ကိုသွားသင့်လား”

တစ်စုံတစ်ယောက်၏မျက်နှာထက်တွင် တုန့်ဆိုင်းမှုတို့ဖြစ်ပေါ်လာသည်။

အားလုံးထက်၎င်းက အလောင်းထိန်းချုပ်ဂိုဏ်းတစ်ခုလုံး

အားဖျက်ဆီးပစ်ခဲ့သော ရက်စက်သည့်သူဖြစ်သည်။အကယ်၍ဤလူသာ အကြင်နာမဲ့ရက်စက်မည်ဆိုလျှင် သူတို့ဆယ့်သုံးယောက်အတူတကွပူးပေါင်းခဲ့မည်ဆိုလျှင်တောင် ၎င်းအားယှဉ်ပြိုင်နိုင်မည်မဟုတ်သည်

ကိုသူတို့ကောင်းစွာသိသည်ဖြစ်သည်။

“သွားစို့. အလောင်းထိန်းချုပ်ဂိုဏ်းဘာဖြစ်သွားလဲဆိုတာကိုမင်းခပ်မြန်မြန်မေ့သွားတာလား.. အကယ်၍ဒီလူသာ ဒေါသထွက်သွားရင် ဖြစ်လာမဲ့အကျိုးဆက်ကိုမင်းသိမယ်

ဆိုတာသေချာပါတယ်. ပြီးစောနကတင် သူသိုင်းတာအိုအဆင့်ချိုးဖျက်သွားတာကို မင်းတို့အားလုံးမြင်တာပဲ”

အဖြူရောင်ဆံပင်နှင့်အဘိုးအိုတစ်ဦးက လေးနက်သောအသံဖြင့်ပြောလိုက်သည်။ ထိုရက်စက်သောပုဂ္ဂိုလ်က အဆင့်ချိုးဖျက်ခဲ့ပြီးယင်းက ပို၍ပင်စွမ်းအားကြီးလာခြင်းဖြစ်သည်

ဟုဆိုလိုခြင်းဖြစ်သည်။

ထိုသို့ပြောပြီးနောက် အဘိုးအိုကဦးဆောင်ပြီး အလောင်းထိန်းချုပ်ဂိုဏ်းရှိရာသို့ပျံသန်း

သွားလိုက်သည်။

“အကြီးအကဲရှင်းမှန်တယ်..ဒီလူဒေါသ

ထွက်သွားရင် ဖြစ်လာမဲ့အကျိုးဆက်က စိတ်ကူးလို့တောင်ရမှာမဟုတ်ဘူး. ပြီးတော့ သူကအလောင်းထိန်းချုပ်ဂိုဏ်းကို သူဖျက်ဆီးစဉ်တုံးကထက်ပိုသန်မာလာတာ..”

“အင်း.သွားကြစို့”

ထို့နောက် သူတို့တစ်ယောက်ပြီးတစ်ယောက်ခေါင်းညိမ့်

လိုက်ကြသည်။အသံတိတ်နေသူများပင် ထပ်မံတုန့်ဆိုင်းနေခြင်းမရှိတော့ဘဲ အလောင်းထိန်းချုပ်ဂိုဏ်းနှင့်ရက်စက်သောပုဂ္ဂိုလ်ရှိရာသို့ပျံသန်းသွားလိုက်သည်။

ရှစ်ဖုန့်ကချဉ်းကပ်လာသောပုံရိပ်များအားအေးစက်စွာကြည့်နေသည်။ အဖြူရောင်ဆံပင်နှင့်အဘိုးအိုကပထမဆုံးရောက်ရှိလာသူဖြစ်သည်။ သူကရှစ်ဖုန့်၏ရှေ့တွင်ရပ်လိုက်ပြီး လေးစားမှုအပြည့်ဖြင့်ပြောလိုက်သည်။

“အရှင်. ဘာအမိန့်များပေးချင်ပါသလဲ”

ထို့နောက်အခြားပုံရိပ်များကလည်းတစ်ယောက်ပြီးတစ်ယောက်ရောက်လာပြီး လေးစားမှုအပြည့်ဖြင့်ရှစ်ဖုန့်ကိုပြောလိုက်သည်။

“အရှင်..ဘာအမိန့်များပေးလိုပါသလဲ”

“အရှင် အရှင့်မှာ ဘာအမိန့်ပဲရှိရှိ ကျွန်ုပ်တို့ဓားဧကရာဇ်ဂိုဏ်းက အကောင်းဆုံးပြီးမြောက်နိုင်အောင်ဆောင်ရွက်ပေးပါ့မယ်”

ဆက်ရန်……………

ဘာသာပြန်သူ-ARISE

All Chapters