အခန်း (၈၀၅)
Vol. 54 Ch. 805
ရှစ်ဖုန့်၏ စကားကြောင့် အဝေးကနေစောင့်ကြည့်နေကြသော လူဆယ့်သုံးယောက်မှာ တစ်ယောက်ပြီးတစ်ယောက်ရောက်ရှိလာပြီး ရှစ်ဖုန့်အား လေးစားမှုအပြည့်ဖြင့် ပြောလိုက်ကြသည်။
မိုးကောင်းကင်နှလုံးသားဂိုဏ်း၏ခေါင်းဆောင်ဖြစ်သူ အိုးယန်ရှန့်တစ်ယောက်ကသာ မြေပြင်ထက်ရှိ လောချင်းချွမ်ထံသို့ကြည့်လိုက်ပြီး ပျော်ရွှင်စွာဖြင့်ပြောလိုက်၏။
“ကောင်းလိုက်တာ.. ညီအကိုလောက အဆင့်ချိုးဖျက်တော့မယ်..ဂုဏ်ပြုပါတယ်..ဂုဏ်ပြုပါတယ်”
အိုးယန်ရှန့်၏ စကားတို့အားကြားပြီးနောက် ရှစ်ဖုန့်က ခေါင်းကိုလှည့်လိုက်ပြီး ၎င်းထံသို့ကြည့်၍ စိတ်ထဲမှသရော်လိုက်သည်။
လောချင်းချွမ်က အလောင်းထိန်ချုပ်ဂိုဏ်း၏သတင်းများအား ဤလူထံမှရခြင်းဖြစ်ရမည်ဖြစ်၏။
“ဟမ့်.”
အလောင်းထိန်းချုပ်ဂိုဏ်းနှင့်တိုက်ပွဲအ
တွင်း၎င်းက အကွာအဝေးတစ်ခု၌ပုန်းနေပြီးပွဲ
ကိုကြည့်နေခဲ့သည်။ ရှစ်ဖုန့်က အလောင်းထိန်းချုပ်ဂိုဏ်းအားဖျက်ဆီးပစ်ပြီး သူ၏ကြီးမားသောခွန်အားပြသလိုက်ပြီးနောက် လောချင်းချွမ်ထံသို့နီးစပ်ရန်အလို့ငှာရောက်လာ၏။
အိုးယန်ရှန့်ကစကားပြောပြီးပြီးချင်း အခြားသော လူဆယ့်နှစ်ယောက်ကလည်း အလျှင်အမြန်သူ့အား ထူးဆန်းစွာကြည့်လိုက်ကြသည်။ တစ်စုံတစ်ယောက်က သူ့ဖာသာသူတွေးလိုက်၏။
“ဒီအိုးယန်ရှန့်က တကယ်ကြီး ရက်စက်တဲ့လူငယ်နဲ့သိနေတာပဲ”
“အိုးယန်ရှန့်က အလောင်းထိန်းချုပ်ဂိုဏ်းကို ဖျက်ဆီးပစ်ဖို့အတွက် ဒီလူနှစ်ယောက်ကိုခေါ်လာတာများဖြစ်နိုင်မလား”
မော်ကြွားဓားအိမ်တော်က နတ်ဆိုးသားရဲမွန်းစတား ကလန်နှင့်စစ်ပွဲအတွင်းနတ်ဆိုးသားရဲမွန်းစတားကလန်၏ ဖျက်ဆီးခြင်းကိုခံလိုက်ရသည်ဖြစ်သည်။ ယခုဂိုဏ်းအားလုံး၌ ခေါင်းဆောင်မဲ့နေသည်။ အဓိကအင်အားစုကြီးသုံးခုဖြစ်သည်နှင့်အညီ အလောင်းထိန်းချုပ်ဂိုဏ်း၊ မိုးကောင်းကနှလုံးသားဂိုဏ်းနှင့်လောရှန့်ဂိုဏ်းတို့အားလုံးက အရှင်သခင်ဖြစ်လာရန် ရည်မှန်းချက်တို့ရှိသည်ဖြစ်သည်။
အလောင်းထိန်းချုပ်ဂိုဏ်းအား ဖျက်ဆီးခဲ့သောကျွမ်းကျင်သူ များက မိုးကောင်းကင်နှလုံးသားဂိုဏ်းကျ
ခေါ်ခဲ့ခြင်းဖြစ်ဖို့များသည်။
အားလုံးက သူတို့၏ စိတ်ထဲ၌ စတင်မှန်းဆလာကြသည်။
များစွာသောလူများကဒေါင်မြင့်မြင့်နှင့် လောရှန့်ဂိုဏ်း၏ ခေါင်းဆောင်ဖြစ်သူ လောခွန်ကိုစတင်ကြည့်လိုက်ကြသည်။
အကယ်၍ အိုးယန်ရှန့်ကသာ တကယ်ကြီးအလောင်းထိန်းချုပ်ဂိုဏ်းအားဖျက်ဆီးရန်အတွက် လူလွှတ်ခဲ့သည်ဆိုလျှင် လောရှန့်ဂိုဏ်းသည်လည်းနောက်ထပ်ကံမကောင်းသောဂိုဏ်းတစ်ခုဖြစ်လာလိမ့်မည်ဖြစ်သည်။
လောရှန့်ဂိုဏ်း၏ခေါင်းဆောင်ဖြစ်သူ လောခွန်ပင် သူ၏မျက်လုံးတို့ကျဉ်းမြောင်းသွားပြီးစိတ်မသက်မသာဖြစ်စွာဖြင့်ကြည့်လိုက်သည်။
အိုးယန်ရှန့်က လောချင်းချွမ်နှင့်နီးစပ်ရရန်အတွက်ကောင်းမွန်
သော လှုပ်ရှားမှုတစ်ခုကို ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟုပြော၍ရသည်။
အကယ်၍ဤလူငယ်ကသာသူတို့ကိုရက်စက်ချင်သည်ဆိုလျှင်တောင်သူကတော့လောချင်းချွမ်နှင်
သိသည့်အတွက်သက်သာရာရနိုင်သည်ဖြစ်သည်။
အကယ်၍သူကဤလူများအားလုံခြုံစွာထွက်ခွာစေလိုလျှင် အလောင်းထိန်းချုပ်ဂိုဏ်းအား ဖျက်ဆီးပစ်ခဲ့သောဤလူငယ်ကိုအသုံးပြုပြီး အခြားဂိုဏ်းများကိုခြိမ်းခြောက်နိုင်မည်ဖြစ်သည်။ အထူးသဖြင့်လောရှန့်ဂိုဏ်းပင်ဖြစ်၏။
“ဟမ့်”
ရှစ်ဖုန့်က စိတ်ထဲမှအေးစက်စွာနှာခေါင်းရှုံ့လိုက်သည်။ သူ့ရှေ့ရှိလူများ၏ အမူအယာများကသူ့မျက်လုံးထဲသို့တစ်ယောက်
ချင်းကျရောက်လာသည်။ သူ၏အတွေ့အကြုံအရာဤဂင်တိုတိုနှင့်ဖက်တီးက ဤလူများတွေးထင်နေသလို စီစဉ်နေခြင်းဖြစ်သည်ကို တစ်ချက်ကြည့်ရုံနှင့်ပြောနိုင်သည်ဖြစ်သည်။
ရှစ်ဖုန်ကထေ့ငေါ့သောလေသံဖြင့်ပြောလိုက်သည်။
“ဖက်တီးငပု.. ဒီသခင်လေး အလောင်းထိန်းချုပ်ဂိုဏ်းနဲတိုက်နေတဲ့အချိန်မှာ မင်းက အဝေးမှာပုန်းနေပြီး ပွဲကိုကြည့်နေတယ်.. ဒီသခင်လေးက အလောင်းထိန်းချုပ်ဂိုဏ်းကိုဖျက်ဆီး
လိုက်ပြီးတဲ့နောက် မင်းကထွက်လာပြီး ဒီသခင်လေးနဲ့မိတ်ဆွေဖြစ်ဖို့တိုးဝင်နေတယ်..မင်းကတကယ်ကိုအရှက်မဲ့တာပဲ.. ဒီသခင်လေးတို့ကမင်းနဲ့မရင်းနီးဘူး..
ဒီတော့အတင်းလာပြီးရင်းနီးသလိုလာလုပ်မနေနဲ့”
“အာ..အရှင်ဒါက”
ရှစ်ဖုန့်၏ အမှန်အတိုင်းစကားများအားကြားရသောအခါတွင် အိုးယန်ရှန့်က အလန့်တကြားပြောလိုက်သည်။ဤလူကအရမ်းကိုတဲ့တိုးဆန်ပြီးသူ့အားမျက်နှာသာမပေးလိမ့်မည်ဟု သူမမျှော်လင့်ထားခဲ့ပေ။
“ဟမ်”
“အိုး”
“ဟီးဟီး”
အခြားသူများကရှစ်ဖုန့်၏ စကားများအားကြားသောအခါတွင် အချို့ကမျက်ခုံးများပင့်လိုက်ကြပြီး အချို့ကရုတ်တရက်တစ်စုံတစ်ခုကိုသဘောပေါက်သွားကာအချို့ကတော့ လှောင်ရယ်ရယ်လိုက်ကြသည်။ ဤလူငယ်အားခေါ်ခဲ့သူကအိုးယန်ရှန့်မဟုတ်ပေ။ အိုးယန်ရှန့်မှာ ၎င်းနှင့်နီးစပ်ရန်အတွက်ကြိုးစားနေခြင်းဖြစ်သည်။
သို့သော်အိုးယန်ရှန့်က၎င်းနှင့်လုံးဝရင်းနှီး
ကျွမ်းဝင်ခြင်းမရှိပေ။ သူအိုးယန်ရှန့်ကသူ့ဖာသာသူ ရင်းနီးသလိုလိုလုပ်နေခြင်းဖြစ်သည်။
“ဟမ့် ဒီမြေခွေးအိုကြီးက တစ်ခြားသူတွေကိုခြိမ်းခြောက်ဖို့ကြိုးစား
နေတယ်.. ဒီလူက ရက်စက်ရုံတင်ကမဘူး..သူ့ရဲ့အပြုအမူနဲ့စကားတွေကလည်း တဲ့တိုးဆန်တယ်..ဒီတစ်ကြိမ်တော့အိုးယန်ရှန့်တစ်ယောက်လုံးဝမျက်နှာပျက်ရတာလို့
တောင်ပြောနိုင်တယ်”
“ဟီးဟီး”
အိုးယန်ရှန့်မှာရုတ်တရက်သူ့ထံသို့တိုက်ရိုက်လာနေသော ထူးဆန်းသည့်အကြည့်များကို ခံစားလိုက်ရသည်။ ထိုအကြည့်များ၌လှောင်ပြောင်သရော်မှု
တို့အပြည့်ပါနေသည်ကို အိုးယန်ရှန့်တစ်ယောက်ခံစားမိသည်ဖြစ်သည်။ ရုတ်တရက်သူ၏ပါးပြင်နှစ်ခုလုံးနီရဲပူလောင်သွားသလိုခံစားလိုက်ရသည်။
“ဒီလူ..ဒီလူ.. ဘယ်လိုတောင်ငါ့ကိုမျက်နှာသာမပေးရဲတာလဲ.. ငါ့ရဲ့ပူနေတဲ့မျက်နှာကြီး အေးတဲ့နေရာတစ်ခုထဲသာတိုးဝင်ပစ်
လိုက်ချင်တယ်.. ချီးပဲ.. ငါ အိုးယန်ရှန့် ဒါကိုသတိရနေမှာ.. တစ်နေ့ကြရင် မင်းအခုပြောခဲ့တာအတွက်နောင်တရရလိမ့်မယ်.. ခွေးတိုင်းမှာလည်းသူတို့ရဲ့နေ့တစ်နေ့ဆိုတာရှိစမြဲပဲ. အနာဂတ်ကြရင် မင်းငါ့လက်ထဲကို ရောက်မလာတာပိုကောင်းမယ်”
ဤအရာအားများအားစိတ်ထဲ၌ပြောရင်း အိုးယန်ရှန့်မှာ မထိန်းနိုင်ဘဲ လက်သီးတို့ကိုတင်းနေအောင်ဆုပ်လိုက်မိသည်။
“ဘာလဲ. အရူးဂျပု.. မင်းသဘောမတူဘူးလား”
ရှစ်ဖုန့်မှာ အိုးယန်ရှန့်ထံမှ ခပ်ယဲ့ယဲ့ထုတ်လွှတ်နေသော သတ်ဖြတ်ခြင်းအော်ရာနှင့် ၎င်း၏ ဆုပ်ထားသောလက်သီးတို့ကိုမြင်တွေ့ရသောအခါတွင် အေးစက်စွာပြောလိုက်သည်။
“ကျုပ်”
ရှစ်ဖုန့်၏ စကားတို့က အိုးယန်ရှန့်၏နားထဲသို့ဝင်ရောက်လာသည်။ အိုးယန်ရှန့်မှာတုန်လှုပ်သွားပြီး သူ၏ အမူအယာကသိသိသာသာကိုပြောင်းလဲသွားသည်။
ဂိုဏ်းတစ်ခု၏ခေါင်းဆောင်တစ်ယောက်ဖြစ်သည်နှင့်အညီ သူက အမြဲတမ်း မြင့်မားထည်ဝါသောတည်ရှိမှုတစ်ခုဖြစ်သည်။ ဂိုဏ်းအတွင်းရှိထောင်ပေါင်းများစွာသော
တပည့်များအားလုံးက သူ့အားလေးစားကြရသည်။ ယခင်ကသူဤကဲ့သို့တစ်ခါမှ အရှက်မခွဲခံရဘူးပေ။ အစောပိုင်းကသူ၏ဒေါသကြောင့် မသိလိုက်ပါဘဲ သူ၏လက်သီးတို့ကို တင်းနေအောင်ဆုပ်မိပြီး သတ်ဖြတ်ခြင်းအော်ရာတစ်ခုကိုထုတ်လွှတ်မိသည်။
အိုးယန်ရှန့်က အလျှင်အမြန်ရှင်းပြလိုက်သည်။
“ကျွန်တော်မလုပ်ရဲပါဘူး. တကယ်ကျွန်တော်မလုပ်ရဲပါဘူး.. ကျွန်တော်က ကျွန်တော်တို့အရှင်ယွမ်ရီမုန့်နဲ့ နတ်ဆိုးသားရဲမွန်းစတားကလန်ကြောင့် မော်ကြွားဓားအိမ်တော်တစ်ခုလုံးရဲ့
ကျင့်ကြံသူပေါင်းတစ်သောင်းလုံး နှိပ်ကွပ်ခံရမှုကိုသတိရသွားလို့ပါ…မော်ကြွားဓားအိမ်တော်တစ်ခုလုံးက အပျက်အစီးဖြစ်သွားခဲ့တယ်.. နတ်ဆိုးသားရဲမွန်းစတားကလန်က အရမ်းသောင်းကျန်းလွန်းတယ်.. ဒါကို ကျွန်တော်တွေးမိလိုက်တဲ့အချိန်တိုင်း နတ်ဆိုးသားရဲမွန်းစတား အားလုံး ကို အစုလိုက်အပြုံလိုက်ကိုသတ်ဖြတ်ပစ်ချင်မိတယ်..ဟူး”
အိုးယန်ရှန့်ကမခံမရပ်နိုင်ဖြစ်စွာဖြင့်
ပြောလိုက်သည်။ သူ၏စကားအဆုံး၌ ကူကယ်ရာမဲ့စွာဖြင့်သက်ပြင်းချရသည့်
ပုံစံတစ်ခုကိုပြသလိုက်၏။
ဤလူငယ်မှာ လောချင်းချွမ်နှင့်အတူ မော်ကြွားဓားအိမ်တော်အတွက်လာခြင်းဖြစ်သည်ကို အိုးယန်ရှန့်သိသည်ဖြစ်သည်။
အိုးယန်ရှန့်၏စကားဆုံးပြီးပြီးချင်း ထေ့ငေါ့သောအသံတစ်ခုထွက်ပေါ်လာသည်။
“နှစ်ပေါင်းများစွာကြာပြီးတဲ့အထိ ကျုပ်တော့ ခင်ဗျားအိုးယန်ရှန့်အရမ်းသစ္စာရှိတာကို မမြင်မိပေါင်”
ဤစကားအားပြောလိုက်သည့်သူက ဒေါင်မြင့်မြင့်နှင့်လောရှန့်ဂိုဏ်း၏ခေါင်းဆောင်ဖြစ်သူ လောခွန်ပင်ဖြစ်သည်။
“ဟမ့်”
လောခွန်၏စကားများအားကြားပြီးနောက် အိုးယန်ရှန့်က နှာခေါင်းရှုံ့လိုက်ပြီး အေးစက်စွာပြောလိုက်သည်။
“ငါအိုးယန်ရှန့်ရဲ့ သစ္စာရှိမှုကနေ့လို့ပဲကြည်လင်တယ်.. ဘယ်လိုလုပ်ပြီး မင်းကဒါကို ဖောက်ထွင်းမြင်နိုင်မှာလဲ လောခွန်”
“ကောင်းပြီ.. ဒီသခင်လေးအတွက် တိတ်ကြစမ်း”
ဤအချိန်တွင် ရှစ်ဖုန့်က ဂရုမစိုက်စွာဖြင့်ပြောလိုက်သည်။
ရှစ်ဖုန့်မှာ ဤဖက်တီးဂျပုကသူ့အားသစ္စာရှိသည်မရှိသည် သို့မဟုတ်သူ့အားစိတ်ကျေနပ်သည်မကျေနပ်သည်ကို ထပ်မံစိတ်ဝင်စားခြင်းမရှိပေ။ အကယ်၍ ဤဖက်တီးဂျပုက ယုံကြည်၍မရလျှင်တောင်ရှစ်ဖုန့်အတွက်တော့၎င်းက ရှစ်ဖုန့်၏ မျက်လုံးထဲ၌ပုရွက်ဆိတ်တစ်ကောင်သာဖြစ်သည်။အကယ် သူသာအလိုရှိလျှင် ၎င်းအားအလွယ်တကူချေမွပစ်နိုင်သည်ဖြစ်၏။ ၎င်းအနေဖြင့်ဘာမှလုပ်နိုင် လိမ့်မည်မဟုတ်ချေ။
ထို့နောက်ရှစ်ဖုန့်ကဆက်ပြောသည်။
“မင်းတို့အားလုံးရဲ့တပည့်တွေကိုဒီကိုလာဖို့ပြောပြီး ဒီသခင်လေးအတွက် ဒီနေရာမှာရှိတဲ့မော်ကြွားဓားအိမ်တော်က
အလောင်းတွေအားလုံးကို ရွှေ့ခိုင်းလိုက်..”
ရှစ်ဖုန့်ကအလောင်းထိန်းချုပ်ဂိုဏ်း
ရှေ့ရှိမြေပြင်အားထိုးညွှန်ပြပြီးပြောလိုက်သည်။
ရှစ်ဖုန့်က ဤသို့ပြောသောအခါတွင် အလုံးက ဤလူမှာ မော်ကြွားဓားအိမ်တော်အတွက်လာခြင်းဖြစ်သည်ကို ရုတ်ခြည်း သဘောပေါက်လိုက်သည်။ အလောင်းထိန်းချုပ်ဂိုဏ်းမှာ ယုမင်က အလောင်းများအားပြန်ပေးရန်ငြင်း
ဆိုခြင်းကြောင့် သုတ်သင်ခံရခြင်းဖြစ်ရမည်ဖြစ်သည်။
အလောင်းထိန်းချုပ်ဂိုဏ်းနှင့် အိမ်နီးနားချင်းအဖြစ်နှစ်ပေါင်းများ
စွာတည်ရှိခဲ့ပြီးနောက် အလောင်းထိန်းချုပ်ဂိုဏ်း၏ အလောင်းများအပေါ်စိတ်ထက်သန်ပြင်းပြမှုကို သူတို့အားလုံး ပင်ကိုယ်အားဖြင့်နားလည်ကြသည်ဖြစ်၏။
“အရှင်”
ဤအချိန်တွင် အသံတစ်ခုထွက်ပေါ်လာသည်။
ရှစ်ဖုန့်ကလှည့်ကြည့်လိုက်သောအခါတွင် အစောပိုင်းကဖက်တီးဂျပုအား လှောင်ပြောင်ခဲ့သည့်သူဖြစ်သည်ကို တွေ့လိုက်ရသည်။
“မင်းဘာလိုချင်လို့လဲ..ပြော”
စကားပြောလိုက်သောသူမှာ လောခွန်ဖြစ်သည်။
လောခွန်ကပြောလိုက်သည်။
“အလောင်းထိန်းချုပ်ဂိုဏ်းထဲမှာ ယုံကြည်ရတဲ့ငယ်သားတစ်ယောက်ကို ကျွန်တော်ထားခဲ့ပါတယ်. အရှင်က မော်ကြွားဓားအိမ်တော်အတွက်လာတာဖြစ်လို့ ကျွန်တော်အရှင့်ကို တစ်ခုလောက်တင်ပြစရာရှိပါတယ်.. မော်ကြွားဓားအိမ်တော်ရဲ့အရှင်သခင်ဖြစ်
တဲ့ကျွန်တော်တို့ရဲ့အရှင် ယွန်ရီမုန့်ရဲ့ခန္ဓာကိုယ်ကလွဲပြီး မော်ကြွားဓားအိမ်တော်ရဲ့အရေးကြီးတဲ့ သူအားလုံးရဲ့ အလောင်းတွေဒီမှာရှိပါတယ်”
ဆက်ရန်……..
ဘာသာပြန်သူ-ARISES