အခန်း (၈၀၆)
Vol. 54 Ch. 806
ဤရက်စက်အကြင်နာမဲ့သောလူငယ်က မော်ကြွားဓားအိမ်တော်အတွက်လာခြင်းဖြစ်သည်ကို သူတို့သိသည်ဖြစ်သည်။ မောကြွားဓားအိမ်တော်မှလူပေါင်းသောင်းချီ၏ခန္ဓာကိုယ်များအတွက် အလောင်းထိန်းချုပ်ဂိုဏ်းတစ်ခုလုံးအား သူရှင်းပစ်ချင်ခဲ့သည်ဖြစ်သောကြောင့်မော်ကြွားဓားအိမ်တော်နှင့်၎င်းကြား၌ နီးစပ်သော ဆက်ဆံရေးတစ်ခုရှိရမည်သာဖြစ်သည်။
မော်ကြွားဓားအိမ်တော်က ဖျက်ဆီးခံလိုက်ရသည်ဆိုသော်လည်း လောရှန့်ဂိုဏ်း၏ခေါင်းဆောင်ဖြစ်သူ လောခွန်မှာ ဤရက်စက်အကြင်နာမဲ့သော လူငယ်၏ရှေ့၌ ယွမ်ရီမုန့်အား “အရှင်”ဟုသုံးနှုန်းဆဲဖြစ်သည်။
ဤသည်မှာ ရှစ်ဖုန့်ချပြသောခွန်အားက အခြိမ်းအခြောက်အဟန့်အတားဖြစ်
လာသောကြောင့်ဖြစ်သည်။
“ဘာ..ဒီမှာယွမ်ရီမုန့်ရဲ့ခန္ဓာကိုယ်မရှိဘူးလား”
လောခွန်၏စကားများအားကြားလိုက်ရသောအခါတွင် ရှစ်ဖုန့်တုန်လှုပ်အံ့အားသင့်သွားသည်။
သူမော်ကြွားဓားအိမ်တော်သို့ လာသည့်အချိန်၌ သူ့နေဖြင့် ယွမ်ရီမုန့်အသက်ရှင်လျှင်သော်၎င်း သေလျှင် ၎င်း၏ခန္ဓာကိုယ်ကိုသော်၎င်း မြင်ချင်သည်ဟုပြောခဲ့သည်။
ထို့နောက် ရှစ်ဖုန့်က သူ့ရှေ့ရှိ လူဆယ့်သုံးယောက်အား အေးစက်စွာကြည့်၍ ပြောလိုက်သည်။
“မင်းတို့အားလုံးက မော်ကြွားဓားအိမ်တော်ရဲ့အနီးနားက ဂိုဏ်းတွေပဲ.. မင်းတို့မှာဘာသတင်းတွေရှိလဲ.. ယွမ်ရီမုန့်သေပြီလားရှင်သေးလား”
ရှစ်ဖုန့်စကားပြောနေသကဲ့သို့ အေးစက်သောသတ်ဖြတ်ခြင်းအော်ရာတစ်ခုထုတ်လွှတ်လာပြီး ဤလူများထံသို့ ပြန့်နှံ့သွားသည်။
ရုတ်ခြည်း သူတို့၏ကျောရိုးတစ်လျှောက်အေးစိမ့်
တက်သွားသည်။ အဖြူရောင်ဆံပင်နှင့်အဘိုးအိုက အလျှင်အမြန်ပြောလိုက်သည်။
“ကျွန်တော်မသိပါဘူး. လောခွန်ရဲ့စကားကိုကြားမှာ အရှင့်ရဲ့ခန္ဓာကိုယ်ပျောက်ဆုံးနေမှန်းကိုသိတာပါ”
“ကျွန်တော်လည်းအတူတူပါပဲ အရှင်..အခုမှသိရတာပါ”
“အရှင်.. ကောလဟာလတွေအရ နတ်ဆိုးသားရဲမွန်းစတားကလန်ရဲ့ခေါင်းဆောင်က မွန်းစတားဧကရာဇ်ရဲ့သားဖြစ်တဲ့ ဧကရာဇ်ငယ် ယောင်ဟွမ်ပါတဲ့.. အရင်ဆုံးက ငရဲဘုံကိုးခု ဧကရာဇ်အရှင်က မွန်းစတားဧကရာဇ်ကို ထျန်းယောင်တောင်ပေါ်မှာ သတ်ခဲ့တယ်..အရှင်ယွမ်ရီမုန့်က ငရဲဘုံကိုးခုဧကရာဇ်အရှင်ရဲ့တပည့်တစ်ဦးဖြစ်တာကြောင့်..နတ်ဆိုးသားရဲမွန်းစတားတွေဒီကိုလာရတာက အထူးသဖြင့် အရှင်ယွမ်ရီမုန့်ကိုသတ်ပစ်ဖို့ပါ.. ဖြစ်နိုင်တာ.ဖြစ်နိုင်တာက အရှင်ယွမ်ရီမုန့်ကိုသတ်ပြီးတဲ့နောက်မှာ နတ်ဆိုးသားရဲမွန်းစတားတွေက ခန္ဓာကိုယ်ကို ထျန်းယောင်တောင်ကိုပြန်ယူသွားတာဖြစ်ဖို့များပါတယ်”
“အရှင်ကမသေသေးတာလည်းဖြစ်နိုင်
လောက်ပါတယ်..သူကယောင်ဟွမ်ကိုရှုံးပြီး ထျန်းယောင်တောင်ပေါ်ကို ခေါ်သွားခံရလောက်တာဖြစ်နိုင်ပါတယ်”
ဤအချိန်တွင်ဤလူများကတစ်ယောက်ပြီး
တစ်ယောက်ပြောကြသည်။ ကြည့်ရသည်မှာ ၎င်းတို့အနေဖြင့် ယွမ်ရီမုန့်သေသည်ရှင်သည် သို့မဟုတ် ၎င်းဘယ်နေရာ၌ရှိသည်ဆိုသည်ကို သိသည့်ပုံမပေါ်ချေ။
“ထျန်းယောင်တောင်ပေါ်က ဧကရာဇ်ငယ်ယောင်ဟွမ်”
ရှစ်ဖုန့်ကအေးစက်စွာရေရွတ်လိုက်သည်။ သူ၏စိတ်ထဲ၌ဆုံးဖြတ်ပြီးဖြစ်သည်။သူ၏လက်ရှိ ခွန်အားဖြင့် ဆိုလျှင် သူ၏ယခင်ပိုင်နက်နယ်ဖြေဖြစ်သော ငရဲဘုံဘုံနန်းသို့ပြန်ရန်အချိန်ကြလာပြီဖြစ်သည်။
သူငရဲဘုံဘုံနန်းသို့ ပြန်ရောက်သည်နှင့် တစ္ဆေစစ်သည်သန်းရာချီနှင့်သူ၏ လက်အောက်မှ တစ္ဆေစစ်သူကြီးရှစ်ဦးကို ထျန်းယောင်တောင်နှင့် သူ့အားဆန့်ကျင်သော ဧကရာဇ်ငနဲခုနှစ်ကောင်အား သတ်ရန်အတွက်ဆင့်ခေါ်နိုင်မည်ဖြစ်သည်။
သူ့အနေဖြင့် နောက်ထပ်တစ်ကြိမ် ထျန်းဟန်တိုက်ကြီးကိုအုပ်ချုပ်စိုးမိုးနိုင်
လိမ့်မည်ဖြစ်သည်။
ထို့နောက်ရှစ်ဖုန့်က သူ့ရှေ့ရှိလူဆယ့်သုံးယောက်အားနက်ရှိုင်း
သောအသံဖြင့်ပြောလိုက်သည်။
“ ကောင်းပြီ… ဒီသခင်လေးအတွက်မော်ကြွားဓားအိမ်တော်က အလောင်းတွေကိုရွှေ့ဖို့လူတွေသွားစီစဉ်လိုက်”
“ဟုတ်ကဲ့”
“ဟုတ်ကဲ့”
“အခုချက်ချင်းလုပ်ဆောင်လိုက်ပါ့မယ်”
ရှစ်ဖုန့်စကားပြောပြီးပြီးချင်း ဤလူများက အလျှင်အမြန်တုန့်ပြန်လိုက်ကြသည်။ ထို့နောက် ၎င်းတို့က မိမိတို့ဂိုဏ်းရှိလူများအား ဆင့်ခေါ်ရန်အတွက် ဦးတည်ချက်ပေါင်းစုံသို့ ပျံသန်းထွက်ခွာသွားကြသည်။
ထို့နောက်ရှစ်ဖုန့်ရှေ့၌ ဟာလာဟင်းလင်းဖြစ်သွားသည်။ ဤလူဆယ့်သုံးယောက်လုံးထွက်ခွာသွား
ကြပြီဖြစ်၏။
သို့သော်ရှစ်ဖုန့်အနေဖြင့်၎င်းတို့ပြန်မလာ
မည်ကိုမကြောက်ပေ။ အလောင်းထိန်းချုပ်ဂိုဏ်းအား ဥပမာအနေဖြင့်ယူ၍ ၎င်းတို့အနေဖြင့် သတ္တိဆယ်ကြိမ်မကရှိမည်ဆိုလျှင်တောင် ပြန်မလာဘဲနေရဲမည်မဟုတ်ပေ။
ဤအချိန်တွင် ရုတ်တရက်ရှစ်ဖုန့်က အောက်ဘက်ရှိမြေပြင်မှ စွမ်းအင်အတက်အကျများကိုအာရုံခံမိလိုက်သည်။ သူကရုတ်ခြည်းအဆင့်တက်အဖြူရောင်
အလင်းတစ်ခုလင်းလက်သွားသည့် မြေပြင်ထက်၌တင်ပျဉ်ခွေထိုင်နေသော လောချင်းချွမ်ကိုငုံ့ကြည့်လိုက်သည်။
လောချင်းချွမ်မှာ ကြယ်သုံးပွင့်ဧကရာဇ်နယ်ပယ်မှ ကြယ်လေးပွင့်ဧကရာဇ်နယ်ပယ်သို့အောင်မြင်စွာအဆင့်ချိုးဖျက်နိုင်ခဲ့ပြီဖြစ်သည်။
လောချင်းချွမ်က အောင်မြင်စွာအဆင့်ချိုးဖျက်ပြီးနောက် ခေါင်းကိုမော့လိုက်ပြီး ကောင်းကင်ထဲသို့မော့ကြည့်လိုက်သည်။ သူ၏နှလုံးသားထဲ၌ နတ်ဆိုးနတ်ဘုရားတစ်ပါးနှင့်တူညီသည့် နှိုင်းယှဉ်ဖော်ပြခြင်းငှာတက်နိုင်စွမ်းမရှိသောပုံရိပ်ကိုကြည့်လိုက်သည်။
လောချင်းချွမ်မော့ကြည့်သည်အားတွေ့ရသောအခါတွင် ရှစ်ဖုန့်ကပြောလိုက်သည်။
“ကြယ်လေးပွင့်ဧကရာဇ်နယ်ပယ်ကမင်းအတွက် စတင်ခြင်းအသစ်တစ်ခုပဲရှိသေးတယ်.. အထွတ်အထိပ်ကြယ်ကိုးပွင့်ဧကရာဇ်နယ်ပယ်
ကိုဖြစ်နိုင်သမျှ အမြန်ဆုံးမင်းဝင်ရောက်ဖို့ဆရာမျှော်လင့်တယ်”
“ချင်းချွမ်သေချာပေါက်ဆရာ့ရဲ့မျှော်လင့်ချက်တွေအတိုင်းအသက်ရှင်မှာပါ.. အဲ့လူသုံးယောက်ကိုသေချာပေါက် ကျွန်တော့်ရှေ့ရောက်နေခွင့်မပေးပါဘူး”
လောချင်းချွမ်ပြောသောလူသုံးယောက်မှာ သူ၏အကြီးဆုံးစီနီယာအကို လင်ယဲ့ဖုန်း ဒုတိယစီနီယာအကို မိုရှောင်ယောင်နှင့် တတိယစီနီယာအကိုလန်အောင်းယွဲ့
တို့ပင်ဖြစ်သည်။
မူလက သူ၏ ဆဋ္ဌမ ဂျူနီယာညီလေး ယွမ်ရီမုန့်၏ ကျင့်ကြံမှုက သူ၏အထက်၌ဖြစ်သည်။ သို့သော် ယွမ်ရီမုန့်သေသည်ရှင်သည်ကိုကား မသိရသေးပေ။
ရှစ်ဖုန့်က အောက်ရှိလောချင်းချွမ်အားအနည်းငယ်ခေါင်းဆတ်ပြလိုက်ပြီး ပြောလိုက်သည်။
“မော်ကြွားဓားအိမ်တော်ကလူတွေကို မြှုပ်နှံပြီးရင် မင်းဒီသခင်လေးနဲ့အတူ ငရဲဘုံဘုံနန်းကို လိုက်ရလိမ့်မယ်”
“ငရဲဘုံဘုံနန်းကိုပြန်မှာလား”
ဤစကားတို့အားကြားလိုက်ရသောအခါတွင် လောချင်းချွမ်ကြက်သေသေသွားသည်။ထျန်းဟန်တိုက်ကြီးတစ်ခုလုံးကိုပင်လှုပ်ခတ်စေသော ငရဲဘုံဘုံနန်းအား ဘယ်နေရာ၌ရှိသည်ဆိုသည်ကို လူအနည်းငယ်သာထျန်းဟန်တိုက်ကြီး
တစ်ခုလုံးပေါ်၌သိကြသည်ဖြစ်သည်။ ၎င်းက အမြဲတမ်း ဒဏ္ဍာရီဆန်ပြီးဆန်းကြယ်သောအရာတစ်ခုဖြစ်နေကျဖြစ်၏။
တပည့်ခုနှစ်ယောက်တွင်ပင် အကြီးဆုံးစီနီယာအကိုဖြစ်သူလင်ယဲ့ဖုန်းတစ်ယောက်သာသူ၏ဆရာနောက်သို့လိုက်ပါပြီး၎င်းအတွင်းသို့ဝင်ဖူးသည်ဖြစ်သည်။
ထိုအချိန်က ငရဲဘုံဘုံနန်းသို့ဝင်ရောက်ရာလမ်းကြောင်း၌အန္တရာယ်များနှင့်ပြည့်နှက်နေသည်ဟု လင်ယဲ့ဖုန်းထံမှ သူတို့ပြန်ကြားသိခဲ့ရသည်။ထိုအချိန်က ကြယ်ရှစ်ပွင့်ဧကရာဇ်နယ်ပယ်သို့ရောက်
နေပြီဖြစ်သော လင်ယဲ့ဖုန်းသည်ပင် အကယ်၍ဂရုမစိုက်ပါကကွပ်မျက်ခံရနိုင်သည်ဖြစ်သည်။ ၎င်းကအကြွင်းမဲ့အန္တရာယ်များသော
နေရာတစ်ခုဖြစ်၏။
ထိုအချိန်ကလောချင်းချွမ်မှာ ကြယ်ရှစ်ပွင့်ဧကရာဇ်နယ်ပယ်တစ်ဦးဖြစ်သူ လင်ယဲ့ဖုန်းအားသေသည်အထိဖြစ်သေည့် ထိုလမ်းကြောင်းကမည်သည့်အမျိုးအစားဖြစ်သည်ကိုသိချင်ခဲ့သည်။ ထိုနေရာ၌ကြယ်ကိုးပွင့်ဧကရာဇ်နယ်ပယ်
သက်ရှိတစ်ခုခုများရှိနေသည်လော။
ငရဲဘုံကိုးခုဧကရာဇ်၏တပည့်များထဲမှတစ်ယောက်ဖြစ်သည်နှင့်အညီ လောချင်းချွမ်မှာပင်ကိုယ်အားဖြင့် ထိုအန္တရာယ်များလှသောလမ်းကြောင်း
နှင့်ပက်သက်ပြီးကြိမ်ဖန်များစွာ စိတ်ကူးယဉ်အိမ်မက်မက်ခဲ့ဖူးသည်ဖြစ်သည်။ တစ်နေ့၌သူလည်းထိုလမ်းကြောင်း
ပေါ်ခြေချနိုင်ရမည်ဟု စိတ်ကူးယဉ်အိမ်မက်မက်ခဲ့ရဘူး၏။
ဤအရာအားတွေးမိသောအခါတွင် လောချင်းချွမ်က သူ၏ပါးစပ်ကိထပ်မံဖွင့်ဟလိုက်ပြီး မေးလိုက်သည်။
“ဆရာ ကျွန်တော်ကအခုငရဲဘုံဘုံနန်းကို ဝင်ဖို့အရည်အချင်းပြည့်မှီပြီလား.. စီနီယာအကိုဆီကနေ သူတောင်အဲ့လမ်းကြောင်းမှသေမလိုဖြစ်ခဲ့ရတယ်လို့ကျွန်တော်ကြားခဲ့ရတယ်”
“မင်း..မင်းမှီနိုင်ပါတယ်”
ရှစ်ဖုန့်ကပြောလိုက်သည်။
“ငရဲဘုံဘုံနန်းလမ်းကြောင်းကမင်းရဲ့လမ်းခရီးအတွက်အတွေ့အကြုံဖြစ်လာလိမ့်မယ်..မင်းတင်မကဘူးဒီသခင်လေးအတွက်ရောလို့ပြောလို့ရတယ်”
ရှစ်ဖုန့်ကဤသို့ပြောသည်ဖြစ်သောကြောင့်လောချင်းချွမ်အနေဖြင့် တွန့်ဆုတ်လိမ့်မည်မဟုတ်ပေ။ သူက သူ့အထက်ရှိရှစ်ဖုန့်အားခိုင်မာပြတ်သား
စွာခေါင်းညိမ့်ပြလိုက်ပြီး ပြောလိုက်သည်။
“ငရဲဘုံဘုံနန်း ကျွန်တော်ဆရာနဲ့အတူသွားချင်ပါတယ်”
ရှစ်ဖုန့်ကဖြည်းဖြည်းချင်းလှည့်လိုက်ပြီး အကန့်သတ်မဲ့သောဟင်းလင်းပြင်ထံသို့ကြည့်လိုက်သည်။တစ်ချိန်ကသူနှင့်ရင်းနှီးဖူးသောနေရာတစ်ခုကိုကြည့်နေသကဲ့သို့ အကန့်သတ်မဲ့ဟင်းလင်းပြင်ထံသို့သူကြည့်နေသည်။သူကတီးတိုးရေရွတ်လိုက်သည်။
“ ငရဲဘုံဘုံနန်း ငါမကြာခင်ပြန်လာမယ်”
မှောင်မိုက်သောနေရာတစ်ခုတွင် သိပ်သည်းများပြားလှသော အဖြူရောင်ပုံရိပ်များကလေထဲ၌ ပျံသန်းနေပြီး ကြမ်းကြုတ်သောမျက်နှာများကို
လှစ်ဟာပြထားသည်။
“အား…..အားအား…ဟားဟားဟား..
ဟားဟားဟားဟား..ဂါး.ဂါး.ဂီး.ဂါး”
ဤအချိန်တွင် အနက်ရောင်ချပ်ဝတ်ကိုဝတ်ဆင်ထား
ပြီးစွမ်းအားကြီးအော်ရာတစ်ခုရှိကာ အေးစက်သောမျက်နှာတစ်ခုကိုပိုင်ဆိုင်ထားသည့် လူတစ်ယောက်က ဤကမ္ဘာအတွင်းတစ်ဟုန်ထိုးပျံသန်းလာသည်။ အေးစက်သောလေပြင်းများကသူ၏မျက်နှာကိုဆန့်ကျင်တိုက်ခတ်နေပြီးသူ၏ဆံပင်ရှည်တို့အားလေနှင့်အတူတဖျပ်ဖျပ်ယိမ်းထိုးလူးလွန့်နေစေ၏။
သို့သော် ဤလူမှာ ထိုအချင်းအရာအား ခံစားရသည့်ပုံမပေါ်ပေ။သူ၏မျက်နှာက အေးစက်ပြီးတင်းမာခက်ထန်နေဆဲဖြစ်သည်။ သိပ်သည်းများပြားလှသောအဖြူရောင်ပုံရိပ်များက ပျံသန်းလာနေသောအနက်ရောင်ချပ်ဝတ်လူ
အားမြင်လိုက်ရသောအခါတွင် အားလုံးက ကျယ်လောင်စွာအော်ဟစ်ပြီးအလျှင်အမြန်ဆုတ်ခွာလိုက်ကာ ၎င်းအတွက်လမ်းကြောင်းကိုအလိုအ
လျောက်ဖွင့်ပေးလိုက်ကြသည်။
ထို့နောက်ချက်ချင်း ကောင်းကင်နှင့်မြေပြင်အားဆက်သွယ်ထားသကဲ့သို့ နှိုင်းယှဉ်ဖော်ပြ၍မရနိုင်အောင်ကြီးမားသည့် ရုပ်ထုကြီးတစ်ခုက ထိုလူ၏ရှေ့၌ ပေါ်လာသည်။
၎င်းမှာနတ်ဘုရားတစ်ပါးကဲ့သို့လူ
တစ်ယောက်၏ရုပ်ထုဖြစ်သည်။ ၎င်းကအသက်ဝင်လှပြီးအနက်ရောင်
ချပ်ဝတ်ကိုဝတ်ဆင်ထား၏။ ၎င်းက ကောင်းကင်နှင့်မြေပြင်ကြားထဲ၌ထီမ
ထင်သည့်ဟန်ပန်ဖြင့် ရပ်တည်နေပြီး ကမ္ဘာကြီးအား စီးမိုးကာကြည့်နေသည်။
အနက်ရောင်ချပ်ဝတ်နှင့်လူက သူ့ရှေ့ရှိရုပ်ထုအားမြင်တွေ့လိုက်ရသောအခါတွင် သူ၏အေးစက်သောမျက်နှာထက်၌ လေးစားမှုအပြည့်ရှိသော အမူအယာတို့ဖြစ်ပေါ်လာသည်။ ဤရုပ်ထုမှာ သူ၏နှလုံးသားထဲ၌အလေးစားရဆုံးဖြစ်သော ပုဂ္ဂိုလ်၏ရုပ်ထုပင်ဖြစ်သည်။
၎င်းမှာဤကမ္ဘာ၏အရင်အရှင်သခင်ဖြစ်သူ ငရဲဘုံကိုးခု ဧကရာဇ်ယိုမင်ပင်ဖြစ်သည်။
ဆက်ရန်…………
ဘာသာပြန်သူ-ARISE