အခန်း (၈၀၇)
Vol. 54 Ch. 807
ကောင်းကင်နှင့်မြေပြင်အားဆက်သွယ်ထားသကဲ့သို့ထင်ရသော ဧရာမရုပ်ထုကြီး၏ထိပ်ဖျားတွင် ပုံရိပ်ခုနှစ်ခုကရပ်နေသည်။ ၎င်းလူခုနှစ်ယောက်လုံးက လေးလံသော အနက်ရောင်ချပ်ဝတ်နှင့် အနက်ရောင်ဝတ်ရုံရှည်တို့ကို ဝတ်ဆင်ထားသည်။ ၎င်းတို့၏မျက်နှာများကအေးစက်နေပြီးတစ်စုံတစ်ခုအား စောင့်မျှော်နေသကဲ့သို့ အကွာအဝေးတစ်ခုဆီသို့လှမ်းကြည့်နေ၏။
ဤလူခုနှစ်ယောက်ထဲတွင် ခြောက်ယောက်ကအမျိုးသားများဖြစ်ကြပြီး အမျိုးသမီးကတစ်ယောက်တည်းသာပါသည်။ အမျိုးသမီး၏မျက်နှာကဖြူပြီး သူမ၏နှုတ်ခမ်းတို့က နှင်းဆီရောင်သန်းနေသည်။ သူမက စွဲမက်ဖွယ်ကောင်းပြီးညှို့ဓာတ်ပြင်းလှ၏။
သူမကိုယ်ပေါ်ရှိ အနက်ရောင်ချပ်ဝတ်တို့မှာ အခြားသူများနှင့်ကွဲပြားသည်။ ယင်းကအမျိုးသမီးများအတွက်အထူး
ပြုလုပ်ထားခြင်းဖြစ်သည်။ သူမ၏ဖြူဖွေးသောလက်မောင်းတို့နှင့် သွယ်လျဖြူစင်သော ပေါင်တံတို့က ပေါ်လွင်နေပြီး သူမ၏ စွဲမက်ဖွယ်အလှကို လှစ်ဟာပြသနေသည်။ အထူးသဖြင့် သူမ၏ရင်ဘက်ရှိ မို့မောက်လုံးဝန်းသော တောင်ထွတ်နှစ်ခုဖြစ်ပြီး ၎င်းတို့က ချပ်ဝတ်ထဲမှ ဖောက်ထွက်လာတော့မည့်နှယ်ပင်ဖြစ်သည်။
သူမ၏လျော့တိလျော့ရဲအနက်ရောင်ဆံပင်တို့နှင့် သူမနောက်ရှိ အနက်ရောင်ဝတ်ရုံရှည်တို့က အေးစက်သောလေထဲတွင်တဖျပ်ဖျပ်လူးလွန့်နေပြီး သူမ၏အေးစက်မှုနှင့်ရဲစွမ်းသတ္တိရှိမှုတို့ကိုပို၍ပေါ်လွင်စေသည်။
“ကွေ့ကျဲ့ပြန်လာပြီ”
သူမနှင့်အခြားသူများက အကွာအဝေးတစ်ခုသို့ကြည့်လိုက်ပြီး မကျယ်သောအသံဖြင့်ပြောလိုက်သည်။
၎င်းတို့ခုနှစ်ယောက်မှာ ၎င်းတို့နှင့်ဆင်တူသောအနက်ရောင်
ချပ်ဝတ်ကိုဝတ်ဆင်ထားသည့်လူတစ်ယောက်က ၎င်းတို့ရှေ့ဟင်းလင်းပြင်ထဲ၌ပေါ်လာပြီး ၎င်းတို့ထံတစ်ဟုန်ထိုးလာနေသည်ကို တွေ့လိုက်ရသည်။
မကြာခင်တွင် အနက်ရောင်ပုံရိပ်က ရုပ်ထုကြီး၏ထိပ်ဖျားသို့ရောက်ရှိလာပြီး ၎င်းတို့ရှေ့၌ဆင်းသက်လိုက်သည်။
ဤအချိန်တွင် အားလုံးက မကျယ်သောအသံဖြင့်မေးလိုက်သည်။
“ကွေ့ကျဲ့ မင်းဘာရှာတွေ့ခဲ့လဲ. ကြီးမြတ်သောဧကရာဇ်အရှင်က တကယ်ပဲမသေဘူးလား”
“ကွေ့ကျဲ့ သတင်းတွေကအမှန်ပဲလား”
မကြာသေးခင်အချိန်တုံးက ငရဲဘုံဘုံနန်းသို့ သတင်းအစအနတစ်ခုရောက်လာခဲ့သည်။ ငရဲဘုံကိုးခု ဧကရာဇ် ပြန်လည်မွေးဖွားလာပြီဟုဆို၏။
တစ္ဆေစစ်သူကြီးရှစ်ယောက်တို့မှာ ဤအရာအားကြားသောအခါတွင် ရုတ်ခြည်း အံ့အားသင့်သွားပြီး ဝမ်းမြောက်ပျော်ရွှင်သွားသည်။ ၎င်းတို့၏နှလုံးသားများက ထောင်ပေါင်းများစွာသောလှိုင်းများ
ကြောင့်လှုံ့ဆော်ခံလိုက်ရ၏။
၎င်းတို့ထဲကတစ်ယောက်စီတိုင်းက ကမ္ဘာတစ်ခွင့်တိုက်ခိုက်ခဲ့ပြီး ဖြုံလောက်စရာကောင်းသော မရေတွက်နိုင်သည့်ရန်သူများကိုသတ်ဖြတ်ခဲ့ကာ မရေတွက်နိုင်သည့်အင်အားစုများကိုဖြတ်စီး၍၎င်းတို့ကိုယ်ပိုင် ဂုဏ်သတင်းတစ်ခုစီကို တောက်ပစွာမြှင့်တင်နိုင်ခဲ့သည့် ငရဲဘုံကိုးခု ဧကရာဇ်နောက်သို့လိုက်ခဲ့ရသော ထိုနှစ်ပေါင်းများစွာကို အမှတ်ရနေကြဆဲဖြစ်သည်။ လက်ရှိတွင် ကမ္ဘာပေါ်ရှိလူတိုင်းက ငရဲဘုံကိုးခုဧကရာဇ်၏အမိန့်အောက်ရှိ တစ္ဆေစစ်သူကြီးရှစ်ဦးအား အာရုံစိုက်သတိပြုသိရှိနေကြပြီဖြစ်သည်။
၎င်းတို့တစ်ယောက်စီတိုင်းက တစ္ဆေစစ်သည်သန်းရာနှင့်ချီအား
အမိန့်ပေးနိုင်ကြ၏။
ငရဲဘုံကိုးခု ဧကရာဇ်ပြန်လည်မွေးဖွားလာသည့် သတင်းအားလက်ခံရရှိပြီးသည့်နောက်တွင် တစ္ဆေစစ်သူကြီးရှစ်ဦးထဲမှတစ်ဦးဖြစ်သောကွေ့ကျဲ့ကိုယ်တိုင် ငရဲဘုံဘုံနန်းမှထွက်ခွာပြီး ထျန်းဟန်တိုက်ကြီးဆီသို့ စုံစမ်းမေးမြန်းရန်သွားခဲ့သည်။
ကွေ့ကျဲ့ကသွားပေါ်အောင်ရယ်လိုက်ပြီး ပုံမှန်းအားဖြင့်အေးစက်သောမျက်နှာများ
ရှိသော်လည်း ယခုအခါ၌ စိုးရိမ်ပူပန်မှု၊ စိတ်လှုပ်ရှားမှု၊ သိချင်စိတ်ပြင်းပြမှုတို့ပြည့်နှက်နေကြသည့် ၎င်းတို့အားဘာမှမပြောပဲကြည့်နသည်။
“ကွေ့ကျဲ့ သူတောင်းစားလေး.. ငါတို့ကိုပြောစမ်းပါဟ.. ကြီးမြတ်သောဧကရာဇ်အရှင်ဘာဖြစ်ခဲ့လဲ”
“ဟုတ်တယ်ကွေ့ကျဲ့. မင်းဘာလို့ငါတို့ကို ဆက်ပြီးသည်းထိတ်ရင်ဖိုဖြစ်အောင်လုပ်နေတာလဲ..ငါမင်းကိုပြောလိုက်မယ်.. အကယ်၍ ကြီးမြတ်သောဧကရာဇ်အရှင်သာ အသက်ရှင်လျှက်ပြန်လာတာမဟုတ်ဘူးဆိုရင် ငါတို့အားလုံး အတူတူမင်းကိုသမမှာ”
“ဟုတ်တယ် ကွေ့ကျဲ့ မြန်မြန်ပြောစမ်းပါ.. အသလိုလုပ်မနေနဲ့”
“ကွေ့ကျဲ့မင်းဘာလို့အရမ်းပေါ့ပျက်ပျက်ဖြစ်နေတာလဲ.. မင်းက ဒီအတိုင်းအတာအထိ တစ္ဆေတစ်ယောက်ဖြစ်လာနေပြီပဲကို”
“ကောင်းပြီး မင်းတို့အားလုံး တိတ်လိုက်တော့ မရှုပ်စမ်းနဲ့”
ကွေ့ကျဲ့ကအေးစက်စွာနှာမှုတ်ပြီးပြောလိုက်သည်။
ထို့နောက်သူက ၎င်းတို့ခုနှစ်ယောက်အားပြောလိုက်သည်။
“ ကြီးမြတ်သောဧကရာဇ်အရှင်ပြန်ဝင်စားတဲ့သတင်းတွေက အလယ်ပိုင်းဒေသကြီးကနေလာတာ. အအဲ့တာက အလင်းဂိုဏ်းရဲ့ကံတရားဆီကနေလာတာဆိုတော့ အမှန်ဖြစ်လောက်တယ်”
“ကံတရား”
တစ္ဆေစစ်သူကြီးများထဲမှတစ်ယောက်က ထိုနမည်အားကြားလိုက်ရသောအခါတွင် ရယ်လိုက်သည်။
“ အဲ့တာက ကံတရားဆီကနေသာလာတာဆိုရင် အတုတော့မဖြစ်လောက်ဘူး”
“အဲ့ကောင်စုတ်ကိုငါ ဘယ်တုံးကမှငါ အလေးအနက်မထားဘူးဆိုပေမဲ့ သူကျင့်ကြံတဲ့ ကံကြမ္မာတာအိုက နက်နဲတယ်.. အရင်တုံးက ကြီးမြတ်သောဧကရာဇ်အရှင်က အကြီးဆုံးတပည့်ဖြစ်တဲ့ လင်ယဲ့ဖုန်းကိုကူညီဖို့ အလယ်ပိုင်းဒေသကြီးဆီကိုငါ့ကိုလွှတ်တုံးက အဲ့ကောင်စုတ်လက်ထဲမှာတော်တော်လေး
ဒုက္ခများခဲ့ရသေးတယ်”
“ကြီးမြတ်သောဧကရာဇ်အရှင် တကယ်ပြန်မွေးဖွားလာပြီကွ..ဟားဟားဟား”
တစ္ဆေစစ်သူကြီးများထဲမှတစ်ဦးက စိတ်လှုပ်ရှားစွာဖြင့်ရယ်မောလိုက်သည်။ ကြီးမြတ်သောဧကရာဇ်အရှင်က တကယ်ပဲကြီးမြတ်သောဧကရာဇ်
အရှင်ပင်ဖြစ်သည်။
“ငရဲဘုံကိုးခု ဝိညာဉ်ကျောက်တုံးက ပျက်စီးသွားတာကြောင့် သူရဲ့ဝိညာဉ်လဲ အစိတ်စိတ်အမွှာမွှာဖြစ်သွားသင့်တာ..ဒါပေမဲ့ ငါတို့ရဲ့ကြီးမြတ်သောဧကရာဇ်အရှင်က ပြန်လည်မွေးဖွားလာတယ်”
“ကောင်းပြီ. ကြီးမြတ်သောဧကရာဇ်အရှင်ကပြန်လည်မွေးဖွားလာပြီမို့ ငါကွေ့ဟွမ်းကြေညာချက်တစ်ခုထုတ်မယ်.. ဒီနေ့ကစပြီး ဘယ်သူမဆို ငရဲဘုံဘုံနန်းရဲ့အရှင်သခင်နေရာအတွက် တိုက်ခိုက်ပြီးအခြားသူတွေကို တိုက်ရဲရင် ငါ ကွေ့ဟွမ်းက သူတို့ကို မချမ်းသာပေးဘူ”
“ငါကွေ့ဟွမ်းကလည်း ထို့အတူပဲပြုလုပ်မှာဖြစ်တယ်”
“ကြီးမြတ်သောဧကရာဇ်အရှင်က
ပြန်လည်မွေးဖွားပြီဖြစ်တာကြောင့် ငါတို့တွေဟာသူ့ကိုပြန်လည်ကြိုဆိုပြီး ငရဲဘုံဘုံနန်းကိုပြန်လည်ထိန်းချုပ်ခိုင်းရမယ်.. ငါတို့ ကိုသစ္စာဖောက်တဲ့မည်သူမဆိုညှာတာခြင်းမရှိ သတ်ဖြတ်ခံရမယ်”
တစ္ဆေစစ်သူကြီးရှစ်ဦးမှခုနှစ်ယောက်က လေးနက်စွာကျိန်ဆိုလိုက်ကြသည်။
လွန်ခဲ့သောဆယ့်ခြောက်နှစ်က ငရဲဘုံကိုးခု ဧကရာဇ်ကျဆုံးသွားချိန်တွင် ငရဲဘုံဘုံနန်း၏ အရှင်သခင်နေရာအတွက် တစ္ဆေစစ်သူကြီးရှစ်ဦးတို့က တစ်ယောက်နှင့်တစ်ယောက်တိုက်ခိုက်ခဲ့ကြသည်။ ဤတိုက်ပွဲကအနည်းဆုံး ဆယ့်ခြောက်နှစ်ရှိပြီဖြစ်၏။
အမျိုးသမီးတစ္ဆေစစ်သူကြီးတစ်ဦးတည်းကသာ ဤလူများကို လျစ်လျူရှုပြီး အကွာအဝေးတစ်ဆီသို့တစ်ယောက်
တည်းကြည့်နေသည်။ အကန့်သတ်မဲ့သောဟင်းလင်းပြင်အားကြည့်ရင်း သူမကတီးတိုးရေရွတ်လိုက်သည်။
“ကြီးမြတ်သောဧကရာဇ်အရှင် .အရှင်တကယ်ပဲပြန်လာပြီလား”
သူမ၏စိတ်ထဲတွင်နတ်ဘုရားကဲ့သို့သောပုံရိပ်တစ်ခုပေါ်လာသည်။ ယင်းကသူတို့ရပ်နေသော ရုပ်ထုကြီးနှင့်တစ်ထေရာတည်းတူညီသည်ဖြစ်၏။
၎င်းက ကမ္ဘာကြီးအားစီးမိုးကာကြည့်နေခြင်းဖြစ်သည်။
ထျန်းဟန်တိုက်ကြီး၏ အနောက်ပိုင်းဒေသကြီးရှိ အလောင်းထိန်းချုပ်ဂိုဏ်း၏ ရှေ့တွင်ဖြစ်သည်။
ဂိုဏ်းခေါင်းဆောင်ဆယ့်သုံးယောက်က
ထွက်ခွာသွားပြီးနောက် ၎င်းတို့၏တပည့်များအားဤ
နေရာသို့ပြန်လည်ခေါ်လာသည်။ မကြာခင်တွင် တောင်ဂိတ်ဝ၏ရှေ့မြေပြင်ပေါ်၌ အနက်ရောင်အလောင်းများနေရာယူထားသည်။
ရှစ်ဖုန့်နှင့်လောချင်းချွမ်တို့က အောက်ဘက်ရှိများပြားလှသောအနက်ရောင်သစ်သားအလောင်းများကို ငုံ့ကြည့်လိုက်သည်။ လောချင်းချွမ်၏မျက်နှာထက်တွင်ဝမ်းနည်းမှုတို့ဖြင့်ပြည့်နှက်နေသည်။
သူကမော်ကြွားဓားအိမ်တော်၌ အကြိမ်များစွာရှိဖူးသည်ဖြစ်သည်။ ယခင်က ၎င်းကအရမ်းအင်အားကြီးမားပြီး ပါရမီရှင်များစွာကိုမွေးထုတ်ခဲ့သည်။ သို့သော်ယခုအခါတွင် ခေါင်းတလားများအတွင်း၌ အလောင်းများသာကျန်ရစ်ခဲ့သည်။
ရှစ်ဖုန့်ထံမှ သူ၏ ဆဋ္ဌမဂျူနီ ယာညီဖြစ်သူယွမ်ရီမုန့် ပျောက်ဆုံးနေပြီး သူ၏ကံတရားအားမသိရသေးသည်ကိုသိခဲ့ရသည်။
ရှစ်ဖုန့်၏ပုံရိပ်ကမျောလွင့်ဆင်းလာပြီး များပြားလှသောအနက်ရောင်ခေါင်း
တလားများကြားထဲ၌ဆင်းသက်လိုက်သည်။ဤအနက်ရောင်ခေါင်းတလားများထံမှ ထူးဆန်းသောစွမ်းအင်အတက်အကျတစ်ခုအား သူအာရုံခံမိသည်ဖြစ်သည်။
ရှစ်ဖုန့်က ဤအနက်ရောင်ခေါင်းတလားများအားစိတ်ဝင်စားသည်ကို တွေ့ရသောအခါတွင် ကောင်းကင်ထဲမှ အဖြူရောင် ဆံပင်နှင့်အဘိုးအိုက ရှစ်ဖုန့်ကိုရုတ်ခြည်းပြောလိုက်သည်။
“ဒီအနက်ရောင်ခေါင်းတလားတွေက အလောင်းထိန်းချုပ်ဂိုဏ်းမှာ မျိုးဆက်အဆက်ဆက်လက်ဆင့်ကမ်းလားခဲ့တာ.. အလောင်းထိန်းချုပ်ဂိုဏ်းကလူတွေကဒါတွေကိုရတနာတွေအဖြစ်မြင်ကြတယ်.. အဲ့တာတွေကိုဘာနဲ့လုပ်ထားလဲ ကျွန်တော်မသိပေမဲ့ သူတို့ထိန်းချုပ်ထဲ့အလောင်းကျွန်တွေကို ဒီအနက်ရောင်ခေါင်းတလား
တွေနဲ့ပြုလုပ်တာလို့တော့ကြားဖူးတယ်”
ရှစ်ဖုန့်ကအဘိုးအို၏ စကားအားကြားရသောအခါတွင် အနက်ရောင်ခေါင်းတလားများ
အားစိုက်ကြည့်လိုက်ပြီး သူလက်ကိုလှမ်းကာ ၎င်းတို့ထဲမှတစ်ခုအားထိလိုက်သည်။ ခေါင်းတလားဖုံးအားသူထိလိုက်သောအခါတွင် ရုတ်ခြည်း အေးစက်မှုန်မှိုင်းသော လှိုင်းတစ်ခုအား ရှစ်ဖုန့်ခံစားလိုက်ရသည်။
“ဒီအနက်ရောင်ခေါင်းတလားက အထူးသတ္ထုတစ်မျိုးနဲ့ ပြုလုပ်ထားတာပဲ..ဒါက သေခြင်းသတ္တဝါတွေနဲ့အရမ်းသင့်တော်တယ်”
သူ၏လက်ထဲရှိအေးစိမ့်မှုကိုခံစားရင် ရှစ်ဖုန့်က အသံတိုးတိုးဖြင့်ပြောလိုက်သည်။
ထို့နောက် အဖုံးကို ကိုင်ပြီး အနက်ရောင်ခေါင်းတလားအားဖွင့်လိုက်သောအခါတွင် ခေါင်းတလားအတွင်းလဲလျောင်းနေသည့် အလောင်းတစ်လောင်းထွက်ပေါ်လာသည်။
ဤအလောင်းကလူငယ်တစ်ယောက်အလောင်းဖြစ်သည်။ ၎င်း၌ ခြေလက်တို့မရှိဘဲ ရင်ဘက်တွင် လက်သီးဆုပ်အရွယ် သွေးရောင်အပေါက်တစ်ခုရှိနေသည်။ သူသေဆုံးခဲ့စဉ်က အရမ်းကိုဆိုးဆိုးဝါးဝါးသေခဲ့ရပုံရသည်။
မော်ကြွားဓားအိမ်တော်မှလူငယ်၏အလောင်းမှတဆင့် ထိုနေ့ကတိုက်ပွဲ၏ ကံဆိုးမိုးမှောင်ကျမှ အဖြစ်ဆိုးကို မြင်နိုင်သည်ဖြစ်သည်။
သို့သော် အနက်ရောင်ခေါင်းတလားအတွင်း
လဲလျောင်းနေသောအလောင်းက ဆွေးမြည့်ခြင်းမရှိသလို ပုတ်သိုးသောအနံ့အသက်လည်းထွက်မနေပေ။
ထို့နောက်တွင် အနက်ရောင်ခေါင်းတလားအတွင်း၌ ဆန်းကြယ်သောကန့်သတ်မှုတစ်ခုရှိနေသည်ကို ရှစ်ဖုန့်အာရုံခံမိလိုက်သည်။ ကန့်သတ်မှု၏ အသက်ဝင်မှုအောက်တွင် လူငယ်၏ အလောင်းကအနည်းငယ် တုန်ယင်သွားသည်။
“အဘိုးကြီးပြောသလိုပဲ ဒီအနက်ရောင်ခေါင်းတလားကို အလောင်းထိန်းချုပ်ဂိုဏ်းက အလောင်းကျွန်တွေကို သန့်စင်ဖို့ သုံးတာပဲ..ဒီလူရဲ့အလောင်းက ဖြည်းဖြည်းချင်းအလောင်းကျွန်အဖြစ်ကိုပြောင်းလဲနေပြီ”
“ချိုးဖျက်စမ်း”
ရှစ်ဖုန့်က အေးစက်စွာပြောလိုက်သည်။
“ခရက်”
အနက်ရောင်ခေါင်းတလားထံမှ ကြွပ်ဆပ်သောအသံတစ်ခုထွက်ပေါ်လာသည်။
အနက်ရောင်ခေါင်းတလားထံမှ ကန့်သတ်မှုမှာ ရှစ်ဖုန့်ကြောင့်ရုတ်ခြည်း ကျိုးပျက်သွားသည်။မော်ကြွားဓား
အိမ်တော်မှအလောင်း၏ တုန်ယင်မှုမှာလည်းရုတ်ခြည်းရပ်တန့်သွားသည်။
ထို့နောက်ရှစ်ဖုန့်ကခေါင်းကိုမော့လိုက်ပြီး ကောင်းကင်ထဲမှများပြားလှသောလူအုပ်ထံသို့ကြည့်လိုက်သည်။ သူ၏မျက်လုံးတို့က လူအုပ်ရှေ့ရှိ လူဆယ့်သုံးယောက်ပေါ်သို့ကျရောက်သွား၏။
ဆက်ရန်……….
ဘာသာပြန်သူ-ARISE