← Chapters

အခန်း (၈၀၈)

Vol. 54 Ch. 808

အခန်း (၈၀၈)

Vol. 54 Ch. 808

ရှစ်ဖုန့်က လူအုပ်ရှေ့ရှိလူဆယ့်သုံးယောက်တို့အား

ကြည့်လိုက်ပြီး မေးလိုက်သည်။

“အလောင်းထိန်းချုပ်ဂိုဏ်းထဲမှာ ဒီလိုမျိုးအနက်ရောင်ခေါင်းတလားတွေ ဘယ်လောက်တောင်ရှိသေးလဲ..”

ရှစ်ဖုန့်၏ မေးခွန်းအား ကြားရမှုအပေါ်တွင် ထျန်းရှန့်ဂိုဏ်း၏ ခေါင်းဆောင်ဖြစ်သူ သက်လတ်ပိုင်းအရွယ်လူက လျှင်မြန်စွာပြန်ဖြေလိုက်သည်။

“အရှင်.. အနက်ရောင်ခေါင်းတလားအားလုံးက

ဒီနေရာကိုရောက်နေပါပြီ”

“အရှင် အနက်ရောင်ခေါင်းတလားအများစုက ဒီနေရာမှာပါ.. အလောင်းထိန်းချုပ်ဂိုဏ်းရဲ့မြေအောက်ခန်းထဲမှာ ခေါင်းတလားငါးရာသုံးဆယ့်နှစ်ခုပဲကျန်ပါတော့တယ်”

“ငါးရာသုံးဆယ့်နှစ်ခုလား”

ရှစ်ဖုန့်ကရေရွတ်လိုက်သည်။ ထို့နောက်သူက အစောပိုင်းကစကားပြောလိုက်သောသူအား ပြောလိုက်၏။

“တစ်ယောက်ယောက်ကိုဒီနေရာကိုအဲ့

ခေါင်းတလားတွေကိုယူလာခိုင်းလိုက်”

“ဟုတ်ကဲ့”

သက်လတ်ပိုင်းအရွယ်လူက လျှင်မြန်စွာပြန်ဖြေလိုက်သည်။ ထို့နောက်သူက ခေါင်းကိုလှည့်လိုက်ပြီး သူ့နောက်ရှိထျန်းရှန့်ဂိုဏ်းမှ တပည့်များအားအော်ပြောလိုက်၏။

“သူတို့ထဲက လူငါးရာသုံးဆယ့်နှစ်ယောက်ကိုလွှတ်လိုက်”

“လူငါးရာသုံးဆယ့်နှစ်ယောက်က ကျန်နေတဲ့အနက်ရောင်ခေါင်းတလားအားလုံးကိုဒီကိုယူလာခဲ့ကြ”

“ဟုတ်ကဲ့”

ထျန်းရှန့်ဂိုဏ်းမှ လူများက ပြိုင်တူအော်ပြောလိုက်ကြသည်။ ထို့နောက် ငါးရာကျော်သောခေါင်းတလားတို့အတွက်

အလောင်းထိန်းချုပ်ဂိုဏ်းအတွင်း

ပျံသန်းသွားကြသည်။

ထို့နောက်ရှစ်ဖုန့်၏အကြည့်က ထျန်းရှန့်ဂိုဏ်းခေါင်းဆောင်ထံသို့ကျ

ရောက်သွားပြီး ထပ်မံမေးလိုက်သည်။

“ စုစုပေါင်းအနက်ရောင်ခေါင်းတလားဘယ်လောက်ရှိလဲ”

“နှစ်သောင်းနှစ်ထောင်နဲ့လေးဆယ့်လေးခုပါအရှင်”

“နှစ်သောင်းနှစ်ထောင်နဲ့လေးဆယ့်လေးခု”

ရှစ်ဖုန့်ကခေါင်းငုံ့လိုက်ပြီး သူ့ပတ်ဝန်းကျင်ရှိများပြားလှသော အနက်ရောင်ခေါင်းတလားများအားဝေ့ဝိုက်ကြည့်လိုက်ကာတီးတိုးရေရွတ်လိုက်သည်။

ဤအနက်ရောင်ခေါင်းတလားများက အေးစက်သောယင်စွမ်းအင်ကိုထုတ်လွှတ်နေသည်။ ၎င်းတို့က တစ္ဆေများနှင့်သူ၏ယင်အလောင်းကောင်စစ်တပ်အတွက် အထဲ၌ကျင့်ကြံရန်သင့်တော်သည်ဖြစ်သည်။ သူသည်ပင် ၎င်းအတွင်း၌လဲလျောင်း၍ကျင့်ကြံခြင်း

ကိုပြုလုပ်နိုင်သည်ဖြစ်သည်။

အနက်ရောင်ခေါင်းတလားများအား ခေတ္တဝေ့ဝိုက်ကြည့်ပြီးနောက် ရှစ်ဖုန့်ကနောက်တစ်ကြိမ်ခေါင်းကိုမော့လိုက်ပြီး ကောင်းကင်ထဲရှိလူအုပ်ထံသို့ကြည့်ကာ ပြောလိုက်သည်။

“မင်းတို့တွေကိုယ်ပိုင်စီစဉ်မှုပြုလုပ်ကြရမယ်.. အဖွဲ့လေးတွေခွဲလိုက်.. တစ်ခုက အနက်ရောင်ခေါင်းတလားတွေထဲမှာရှိတဲ့မော်ကြွားဓားအိမ်တော်က အလောင်းတွေကို ရွှေ့ရလိမ့်မယ်”

“အခြားအဖွဲ့က မော်ကြွားဓားအိမ်တော်ကအလောင်းအရေအတွက်အလိုက် သာမန်အခေါင်းတွေကို ရွှေ့ရမယ်.. သူတို့ကို မော်ကြွားဓားအိမ်တော်ရဲ့ တောင်ပေါ်မှာ မြှုပ်နှံပေးရမယ်”

“ဟုတ်ကဲ့ ကျွန်တော်သွားပြီးစီစဉ်လိုက်ပါ့မယ်”

“အခုပဲလုပ်လိုက်ပါ့မယ်”

“ဟုတ်ကဲ့အရှင်”

ရှစ်ဖုန့်၏စကားဆုံးသောအခါတွင် လူဆယ့်သုံးယောက်က အလျှင်အမြန်တုန့်ပြန်လိုက်ကြသည်။ ထို့နောက် သူတို့ကသူတို့၏ တပည့်များအား စတင်စီမံခန့်ခွဲလိုက်ကြ၏။

ရှစ်ဖုန့်အမိန့်ပေးပြီးများ ဂိုဏ်းအသီးသီးမှ တပည့်များမှာ စတင်အလုပ်များလာသည်။

သိပ်မကြာခင် အလောင်းထိန်းချုပ်ဂိုဏ်းအတွင်းကျန်နေသော ခေါင်းတလားငါးရာ သုံးဆယ့်နှစ်ခုတို့အား ထျန်းရှန့်ဂိုဏ်းမှတပည့်များကာ ရွှေ့ပြောင်းကာအပြင်သို့ထုတ်လာကြသည်။

အမိန့်ပေးပြီးနောက်ရှစ်ဖုန့်က အခြားသူများအားထပ်မံအာရုံစိုက်ခြင်းမရှိတော့ပေ။ သူ၏ဝိညာဉ်စွမ်းအားကိုထုတ်လွှတ်ပြီး ပတ်ဝန်းကျင်အားလွှမ်းခြုံကာ သူ့ပတ်ဝန်းကျင်ရှိ အနက်ရောင်ခေါင်းတလားများကို

အာရုံခံလိုက်သည်။ မကြာခင်တွင် အနက်ရောင်ခေါင်းတလားတိုင်း၌ အလောင်းထိန်းချုပ်ဂိုဏ်းက အလောင်းများအား သန့်စင်ရန် အသုံးပြုသော ကန့်သတ်ချက်ပါရှိသည်ကို အာရုံခံမိသည်။

“ငရဲဘံကိုးခု ဝိညာဉ်လှုပ်ခတ်ခြင်း.. ချိုးဖျက်စမ်း”

ရှစ်ဖုန့်က ကြုံးဝါးလိုက်သည်. ကြယ်ခုနှစ်ပွင့်မဟာသူတော်စင်နယ်ပယ် ငရဲဘုံကိုးခု ဝိညာဉ်လှုပ်ခတ်ခြင်းဆီးလ်က ဦးတည်ချက်အနှံ့သို့ ပြန့်သွားသည်။ ထောင်ပေါင်းများစွာသော အနက်ရောင်ခေါင်းတလားများအတွင်းမှကန့်သတ်ချက်များမှာ ရှစ်ဖုန့်ကြောင့်ချက်ချင်းကျိုးပျက်သွားသည်။

ထို့နောက် ရှစ်ဖုန့်၏ ဝိညာဉ်စွမ်းအားက ဦးတည်ချက်ပေါင်းစုံသို့ဆက်လက်ပြန့်သွားသည်။ သူကထပ်မံအော်ပြောလိုက်သည်။

“ငရဲဘုံကိုးခုဝိညာဉ်လှုပ်ခတ်ခြင်း..လှုပ်ခပ်စမ်း”

မကြာခင်တွင် သောင်းနှင့်ချီသော ခေါင်းတလားများအတွင်းရှိ အလောင်းသန့်စင်ခြင်းကန့်သတ်ချက်တို့မှာရှစ်ဖုန့်ကြောင့်တစ်ခုပြီးတစ်ခုကျိုးပျက်သွားသည်။

ဂိုဏ်းဆယ့်သုံးဂိုဏ်းမှတပည့်များ

မှာတော်တော်လေးကျွမ်းကျင်သည်ဟု

ပြော၍ရသည်။ မကြာခင်တွင် အကွာအဝေးတစ်ခုရှိ ဟင်းလင်းပြင်ထဲ၌များစွာသောပုံရိပ်များ

ပေါ်လာသည်။ ၎င်းတို့တစ်ယောက်စီတိုင်းက ခေါင်းထက်တွင် ခေါင်းတလားတစ်ခုစီကိုသယ်ဆောင်လာပြီး အလောင်းထိန်းချုပ်ဂိုဏ်းထံသို့ပျံသန်းလာသည်။

ကျင့်ကြံသူများအခေါင်းများနှင့်ပြန်လာသည်ကိုတွေ့ရသောအခါတွင် အခြားတစ်ဖက်ရှိကျင့်ကြံသူများကစတင်

လှုပ်ရှားကြသည်။ ၎င်းတို့က မော်ကြွားဓားအိမ်တော်မှအလောင်းများကိုသယ်ဆောင်ပြီး ခေါင်းတလားများသယ်ဆောင်လာသော ကျင့်ကြံသူများထံသို့ပျံသန်းသွားကြသည်။

ဘာမှမရှိတော့သောအနက်ရောင်ခေါင်းတလားများကိုကြည့်ရင်း ရှစ်ဖုန့်၏ စိတ်ကထပ်မံလှုပ်ရှားသွားသည်။ သူ၏ ဝန်းကျင်၌ သွေးနီရောင်အလင်းတို့ထွက်ပေါ်လာသည်။ ဘာမှမရှိတော့သော အနက်ရောင်ခေါင်းတလားများအားရှစ်ဖုန့်က သွေးကျောက်ပြားနေရာလွတ်ထဲသို့ ထည့်လိုက်သည်။

အလောင်းများအားဖယ်ထုတ်လိုက်သကဲ့သို့ သွေးနီရောင်အလင်းကလည်းဆက်လက်လင်းလက်နေသည်။ မကြာခင်တွင် အလောင်းထိန်းချုပ်ဂိုဏ်းတောင်ဂိတ်ဝရှိ အနက်ရောင်ခေါင်းတလားများအားလုံး

ရှစ်ဖုန့်၏ရှင်းလင်းခြင်းခံလိုက်ရသည်။

ထို့နောက်ရှစ်ဖုန့်က ခေါင်းကိုမော့လိုက်ပြီး ကောင်းကင်ထဲရှိ ခေါင်းတလားများသယ်ဆောင်နေသောကျင့်ကြံသူများကို ကြည့်လိုက်သည်။ သူကအေးစက်စွာအော်ပြောလိုက်၏။

“ သူတို့အလောင်းတွေကို ကျကျနနမြှုပ်နှံ..မမှားစေနဲ့ အကယ်၍ ဒီသခင်လေးအမိန့်ကိုဆန့်ကျင်ရဲရင် မင်းတို့တွေအလောင်းထိန်းချုပ်ဂိုဏ်းလိုအဆုံးသတ်လိမ့်မယ်”

“စိတ်မပူပါနဲ့အရှင်. ဒီကပြီးသွားပါလိမ့်မယ်”

“ပြီးသွားပါလိမ့်မယ်..မစိုးရိမ်ပါနဲ့အရှင်’

“ကျွန်တော်တို့အရှင်တောင်းဆိုတဲ့အတိုင်းလုပ်ဆောင်မှာပါ”

ရှစ်ဖုန့်၏အသံထပ်မံထွက်ပေါ်လာသောအခါတွင် ဂိုဏ်းခေါင်းဆောင်ဆယ့်သုံးယောက်က အလျှင်အမြန်တုန့်ပြန်လိုက်ကြသည်။ နောက်ဆုံးစကားအားပြောသောသူက ကောင်းကင်တောအုပ်ဂိုဏ်း၏ ခေါင်းဆောင်ဖြစ်သည်။ ရှစ်ဖုန့်၏မျက်လုံးတို့ကကောင်းကင်တောအုပ်ဂိုဏ်း၏ ခေါင်းဆောင်ပေါ်သို့ကျရောက်သွားသည်။

ရှစ်ဖုန့်ကမေးလိုက်သည်။

“မင်းနမည်ဘယ်လိုခေါ်လဲ”

“အာ.. အရှင် ကျွန်တော့်ကိုမေးတာလား”

ရှစ်ဖုန့်၏မေးခွန်းအားကြားသောအခါတွင် ကောင်းကင်တောအုပ်ဂိုဏ်းခေါင်းဆောင်မှာ လန့်သွားသည်။ သူကအလျှင်အမြန်ပြောလိုက်သည်။

“ ကျွန်တော်က ရွှမ်းတုပါ”

“အိုး..ရွှမ်းတု”

ရှစ်ဖုန့်ကနမည်ကိုပြောလိုက်ပြီး ခေါင်းညိမ့်လိုက်သည်။

“မင်းကတော်တော်လေးတော်တယ်.. အခုကစပြီး မင်းကဒီနယ်မြေရဲ့အရှင်သခင်ပဲ.. ဒီဂိုဏ်းတွေအားလုံးကမင်းရဲ့အမိန့်

အောက်မှာရှိမယ်”

“ဘာ”

“ဘယ်လို”

ရှစ်ဖုန့်၏ စကားအားကြားလိုက်ရသောအခါတွင် ဂိုဏ်းခေါင်းဆောင်ဆယ့်သုံးယောက်၏မျက်နှာများကသိသိသာသာပြောင်းလဲသွားသည်။

တိုက်ရိုက်ပက်သတ်နေသောရွှမ်းတုပင် အံ့အားသင့်စွာရေရွတ်လိုက်သည်။

“ကျွန်တော့ကိုဒီနယ်မြေအရှင်သခင်လုပ်ခိုင်းတာ”

ဤနယ်မြေ၏အရှင်သခင်ဖြစ်လာပြီး မော်ကြွားဓားအိမ်တော်၏နေရာကိုရဖို့က ရွှမ်းတု၏ အိမ်မက်တစ်ခုဖြစ်သည်။

အင်အားအရာတွင် ကောင်းကင်တောအုပ်ဂိုဏ်းမှာ ဤဂိုဏ်းဆယ့်သုံးဂိုဏ်း၌ အဆင့်ရှစ်တွင်သာရှိသည်။ ရွှမ်းတုက ကြယ်တစ်ပွင့်ဧကရာဇ်နယ်ပယ်တစ်

ယောက်သာဖြစ်၏။

မော်ကြွားဓားအိမ်တော်ဖြစ်ရပ်ပြီး

နောက်သူ့အနေဖြင့်ဤနယ်မြေ၏အ

ရှင်သခင်ဖြစ်လာလိမ့်မည်ဟုတစ်ခါ

မှမတွေးခဲ့ဖူးပေ။

ဂိုဏ်းဆယ့်သုံးဂိုဏ်း၌အင်အားအကောင်း

ဆုံးဖြစ်ကြသော လောရှန့်ဂိုဏ်းခေါင်းဆောင်လောခွန်နှင့် ကောင်းကင်နှလုံးသားဂိုဏ်းခေါင်းဆောင်အိုးယန်ရှန့်တို့မှာ တစ်ခုခုအားပြောချင်သလို သို့မဟုတ် ငြင်းဆိုခြင်းကိုပြုလုပ်ချင်ပုံရသည်။ သို့သော် အလောင်းထိန်းချုပ်ဂိုဏ်း၏ ဖြစ်ပျက်မှုအားပြန်တွေးမိသောအခါတွင် သူတို့၏ စကားလုံးများကို အတင်းအကျပ်ပြန်မျိုချလိုက်ရသည်။

“မင်းဒီနယ်မြေရဲ့အရှင်သခင်ဖြစ်လာမှာကို လူအများကြီးကလက်ခံဖို့သေချာပေါက်ငြင်းဆန်မှာကို ဒီသခင်လေးသိတယ်.. ဒါပေမဲ့ အနာဂတ်မှာ အကယ်၍ ဘယ်သူမဆို မင်းရဲ့အမိန့်ကိုမနာခံရဲရင် ဒီသခင်လေးရဲ့အမိန့်တွေကိုမနာခံရဲရင် သူတို့လည်း အလောင်းထိန်းချုပ်ဂိုဏ်းလိုက်အဆုံး

သတ်ရလိမ့်မယ်”

ထို့သို့ပြောပြီးနောက် ရှစ်ဖုန့်ကသူ၏လက်အားဖျက်ခနဲလှုပ်ရှားလိုက်သည်။ ရွှမ်းတုထံသို့ ရှစ်ဖုန့်၏လက်ချောင်းထိပ်မှ အစိမ်းရောင်အလင်းတစ်ခုဝင်ရောက်သွား၏။

“ဟမ်”

သူ့ထံသို့ ရှစ်ဖုန့်ပစ်လွှတ်လိုက်သောအစိမ်းရောင်

အလင်းအားတွေ့လိုက်ရသောအခါတွင် ရွှမ်းတု၏ အမူအယာကအနည်းငယ်ပြောင်းလဲသွားသည်။ အစိမ်းရောင်အလင်းရောက်ရှိလာသော

အခါတွင်ရွှမ်းတုက လမ်းလှမ်းကာ ဆုပ်ကိုင်လိုက်သည်။ ခေါင်းငုံ့ကြည့်လိုက်သောအခါတွင် ကျောက်စိမ်းပြားတစ်ခုကိုတွေ့လိုက်ရ၏။

ရွှမ်းတုကသူ့လက်အတွင်းရှိ ကျောက်စိမ်းပြားကိုစိတ်ရှုပ်ထွေးစွာ

ဖြင့်ကြည့်နေသည်။ သူကရှစ်ဖုန့်အားကြည့်ပြီးမေးလိုက်သည်။

“အရှင် ဒါကဘာပါလဲ”

ရှစ်ဖုန့်ကပြောလိုက်သည်။

“ အကယ်၍ အနာဂတ်မှာ မင်းအမိန့်ကိုမနာခံတဲ့သူဘယ်သူပဲဖြစ်ဖြစ်ရှိလာရင် ဒီကျောက်စိမ်းပြားကိုချိုးလိုက် ဒီသခင်လေးအာရုံခံမိလိမ့်မယ်.. အဲ့အချိန်ကြရင် ဒီသခင်လေးလာပြီးမင်းအတွက် တရားမျှတမှုကိုရယူပေးမယ်”

“ကျေးဇူးတင်ပါတယ်အှရင်. ကျေးဇူးတင်ပါတယ်အရှင်.. ကျေးဇူးတင်ပါတယ်”

ရှစ်ဖုန့်၏ ပြောစကားအားကြားရသောအခါတွင် ရွှမ်းတုက ထပ်တလဲလဲကျေးဇူးတင်လိုက်သည်။ ရှစ်ဖုန့်ဆိုလိုသည်ကား သူ၏အမိန့်ကိုမနာခံသောမည်သူမဆို သူ့အတွက်သတ်ဖြတ်ပေးမည်ဟု ဆုံးဖြတ်ပေးခြင်းပင်ဖြစ်သည်။

ဆက်ရန်…………

ဘာသာပြန်သူ-ARISE

All Chapters