← Chapters

အခန်း (၈၀၉)

Vol. 54 Ch. 809

အခန်း (၈၀၉)

Vol. 54 Ch. 809

သူကဤနယ်မြေအားဦးဆောင်ပြီး ဤနယ်မြေ၏အရှင်သခင်ဖြစ်လာမည်ဖြစ်သည်။

ရွှမ်းတုမှာရုတ်ခြည်းသူ၏ ကိုယ်ကတော်တော်လေးကိုကြီးထွား

လာသည်ကိုခံစားလိုက်ရသည်။ ရွှမ်းတုမှာသူ၏ ဘဝအား အကျိုးမဲ့မရှင်သန်ခဲ့ပေ။

ရွှမ်းတုက ချက်ချင်းပဲ သူ၏ ကျောအားတည့်တည့်မတ်လိုက်ပြီး သူ၏မျက်နှာက ပို ၍ ခံ့ညားလာသကဲ့သို့ သူ၏ဘယ်ညာနှစ်ဖက်ရှိ လူဆယ့်နှစ်ယောက်အား

တစ်ချက်ကြည့်လိုက်သည်။

ရွှမ်းတု၏စိတ်ထဲတွင် အနာဂတ်၌ ၎င်းတို့အားအပေါ်စီးကစီးမိုးကြည့်ရှုနိုင်သည့်သူ့ကိုယ်သူကို စိတ်ကူးထားပြီးဖြစ်သည်။ ဤအကြင်နာမဲ့ရက်စက်တတ်သောသူသာ သူ၏နောက်ခံအဖြစ်ရှိနေပြီး သူ့လက်ထဲ၌ ကျောက်စိမ်းပြားရှိနေလျှင် သူ၏အမိန့်အား မနာခံရဲသူမှန်သမျှ သူ၏ရန်သူဖြစ်လာလိမ့်မည်ဖြစ်သည်။

ထို့နောက် အလောင်းထိန်းချုပ်ဂိုဏ်းက ၎င်းတို့ ၏ စံပြ ပုံစံတစ်ခုဖြစ်လာလိမ့်မည်ဖြစ်သည်။

ဤအရာအားတွေးမိသောအခါတွင် ရွှမ်းတုက သူ၏လက်ထဲမှကျောက်စိမ်းပြားကိုတင်းကျပ်စွာဆုပ်ကိုင်လိုက်ပြီး သူ၏သိုလှောင်လက်စွပ်အတွင်း ဂရုတစိုက်သိမ်းလိုက်သည်။

“ကောင်းပြီ..ဒီမှာမင်းတို့အတွက် ဘာမှထပ်ပြီးလုပ်စရာမရှိတော့ဘူး. မင်းတို့သွားလို့ရပြီ.. ရွှမ်းတု တပည့်တွေကိုကြီးကြပ်ပြီး မော်ကြွားဓားအိမ်တော်က ခန္ဓာကိုယ်တွေကိုမြှုပ်နှံလိုက်.. အကယ်၍ တစ်ခုခုမှားယွင်းရင်.. ဖြစ်လာတဲ့တာဝန်ယူမှုကိုဒီသခင်လေးမင်းကိုခံခိုင်းမယ်”

ရှစ်ဖုန့်ကပြောလိုက်သည်။

ရှစ်ဖုန့်၏အသံအားကြားရသောအခါတွင် ရွှမ်းတုမှာ ဤရက်စက်တတ်သောလူငယ်၏အသံက အရမ်းကိုကြင်နာတတ်ပြီးနှလုံးသားကိုပင်နွေးထွေးစေသည်ဟု ခံစားရသည်။

ရွှမ်းတုက ရှစ်ဖုန့်အားအလျှင်အမြန် အလေးအနက်ဦးညွှတ်လိုက်သည်။

“မစိုးရိမ်ပါနဲ့အရှင်..ကျွန်တော်အရှင့်

ကိုစိတ်မပျက်စေရပါဘူး”

ရွှမ်းတု၏အသံက ထူးထူးကဲကဲကျယ်နေပြီး ကြည်လင်နေကာ သူ၏ အမူအယာကလည်း ထူးထူးကဲကဲ ပြတ်သားခိုင်မာနေသည်။

“ကောင်းပြီ”

ရှစ်ဖုန့်ကအနည်းငယ်ခေါင်းညိမ့်လိုက်သည်။

“သွားစို့”

ရွှမ်းတုက သူ၏ခေါင်းကိုလှည့်လိုက်ပြီးသူ၏

ဘယ်ညာနှစ်ဖက်မှ လူဆယ့်နှစ်ယောက်ကိုပြောလိုက်သည်။ထို့နောက် သူတို့ကစတင်ပျံသန်းထွက်ခွာသွားသည်။ မကြာခင်တွင် ရှစ်ဖုန့်နှင့် လောချင်းချွမ်တို့သာ ဤနေရာ၌ကျန်ရစ်ခဲ့သည်။

လောချင်းချွမ်၏ အဖြူရောင်ပုံရိပ်က မျောလွင့်ဆင်းလာပြီး ရှစ်ဖုန့်၏ဘေး၌ဆင်းသက်လိုက်သည်။

ရှစ်ဖုန့်က သူ၏ခေါင်းကိုလှည့်လိုက်ပြီး လောချင်းချွမ်ကိုပြောလိုက်သည်။

“ ဒီသခင်လေးကိုစောင့်ကြပ်ပေးထား. ဒီသခင်လေး သွေးကျောက်ပြားနေရာလွတ်ထဲဝင်အုံးမယ်”

“ကောင်းပါပြီ”

လောချင်းချွမ်က ခေါင်းညိမ့်လိုက်သည်။

ထို့နောက် ရှစ်ဖုန့်၏ဘယ်လက်ထဲမှ သေးငယ်သောသွေးကျောက်ပြား

လေးလွင့်မျောထွက်လာသည်။ ရှစ်ဖုန့်၏ကိုယ်၌ သွေးနီရောင်အလင်းတစ်ချက်လင်းလက်သွားပြီး နောက် သွေးနီရောင်ကျောက်ပြားအတွင်း

ဝင်ရောက်ပျောက်ကွယ်သွားသည်။

“ဂါး.ဂါး.ဂါး.ဂါး.ဂါး”

မှောင်မိုက်သောဟင်းလင်းပြင်ထဲတွင် သားရဲကဲသို့ အော်ဟစ်သံများအဆက်မပြတ်ထွက်ပေါ်နေပြီး ကြမ်းကြုတ်ခက်ထန်သောပုံစံများ

နှင့်ယင်အလောင်းကောင်များက ဤနယ်မြေဝန်းကျင်၌ ပျံသန်းနေသည်။

မှောင်မိုက်သောဟင်းလင်းပြင်ထဲတွင် ထွင်းဖောက်မြင်နိုင်သောအပုံရိပ်တစ်ခုက တင်ပျဉ်ခွေထိုင်နေသည်။ ရှစ်ဖုန့်ရောက်ရှိလာသည်ကို အာရုံခံမိသောအခါတွင် ၎င်းကမျက်လုံးတို့ကိုဖြည်းဖြည်းချင်းဖွင့်လိုက်ပြီး အော်ပြောလိုက်သည်။

“ယိုမင်”

ရှစ်ဖုန့်ကထွင်းဖောက်မြင်နိုင်သောပုံရိပ်ထံသို့ကြည့်၍ ခေါင်းဆတ်ပြလိုက်သည်။ဤလူမှာ ရှစ်ဖုန့်ယခင်ဘဝက မြောက်ပိုင်းမုန့်မြို့တော်၌ ဆုံတွေ့ခဲ့သော ညီအကိုကောင်းဖြစ်သူ ယိုချန်ပင်ဖြစ်သည်။

ရှစ်ဖုန့်က စိတ်ကျေနပ်သော အမူအယာကိုပြသပြီး ပြောလိုက်သည်။

“မဆိုးဘူး. ဒီအချိန်အတွင်းမှာ မင်းက ယင်အလောင်းကောင်ချီတွေရဲ့အကူအညီနဲ့ကျင့်ကြံခဲ့တယ်.. မင်းရဲ့ဝိညာဉ်ကအထွတ်အထိပ်ကြယ်ကိုးပွင့်

သူတောင်စင်နယ်ပယ်အဆင့်ကို ရောက်နေပြီ မင်းမဟာသူတော်စင်နယ်ပယ်ကိုရောက်ဖို့ခြေတစ်လှမ်းစာပဲလိုတော့တယ်”

ယိုချန်က သူခြေထောက်တို့ကို ဆန့်လိုက်ပြီး ရှစ်ဖုန့်ရှေ့သို့လွင့်မျောလာသည်။ သူကပြုံးပြီးပြောလိုက်သည်။

“အဲတာ့က မင်းငါ့ကိုသင်ပေးတဲ့ ငရဲဘုံကိုးခုပညာရပ်ကြောင့်ပါ.. အဲ့တာကအရမ်းကိုအံ့ဖွယ်ပဲ.. ငရဲဘုံကိုးခု ပညာရပ်က ကမ္ဘာပေါ်မှာ အသန်မာဆုံး သူဖြစ်တဲ့ ငရဲဘုံကိုးခု ဧကရာဇ်ယိုမင် ဖန်တီးခဲ့တဲ့တကယ့်ပညာရပ်တစ်ခုပဲ”

“မင်းငါ့ကိုနောက်ဆုံးအခေါက်ကသင်ပေးခဲ့တဲ့ ရှေးခေတ်စာလုံးနဲ့ပေါင်းလိုက်ရင်ဒီအချိန်အတောအတွင်းမှာငါ့ရဲ့ကျင့်ကြံမှုက တစ်ဝက်လောက်ကြိုးစားအား

ထုတ်ရုံနဲ့ကိုနှစ်ဆလောက်ရနေတယ်”

ရှစ်ဖုန့်နှင့်ရှစ်လင်ရို့တို့ ရှေးဟောင်းကမ္ဘာအတွင်းရှိစဉ်က ရှစ်ဖုန့်က ရှေးဟောင်းစာလုံး ကိုးလုံးကိုရှာတွေ့ခဲ့ပြီးထိုထဲ၌ သေခြင်းကိုကိုယ်စားပြုသောစာလုံး

လည်းပါသည်ဖြစ်သည်။ ရှစ်ဖုန့်က ၎င်းအား ယင်အလောင်းကောင်များ၏စိတ်ထဲ၌

ရိုက်နှိပ်ခဲ့ရုံသာမကသွေးကျောက်ပြားနေရာလွတ်အတွင်းသို့ဝင်ရောက်ပြီး ယိုချန်ကိုလည်း ပေးခဲ့သည်ဖြစ်သည်။

“မင်းရဲ့ကျင့်ကြံမှုအတွက် အကူအညီဖြစ်စေမဲ့ အရာတစ်ခုကိုငါယူလာတယ်.. “

ရှစ်ဖုန့်က ယိုချန်အားဤသို့ပြောပြီးနောက် သူ၏စိတ်ကိုအသုံးပြုလိုက်ပြီး အနက်ရောင်ခေါင်းတလားတို့အား အကွာအဝေးတစ်ခုအတွင်းရှိဟင်းလင်းပြင်ထဲသို့ ပို့လွှတ်ပျံသန်းစေလိုက်သည်။

မကြာခင်တွင် ၎င်းတို့က မှောင်မိုက်သော ဟင်းလင်းပြင်ထဲသို့ရောက်ရှိသွားသည်။ ယိုချန်နှင့်ရှစ်ဖုန့်ဘက်သို့ အနက်ရောင်ခေါင်းတလားတစ်ခုက

ပျံသန်းလာသည်။

“ဒါက”

ယိုချန့်ကသူ့ဘေးနားရှိ အနက်ရောင်ခေါင်းတလားအားစိုက်ကြည့်ပြီး မျက်မှောင်ကြုတ်လိုက်သည်။ ဤသည်ကားရှစ်ဖုန့်သူ့ကို ပြောသည့်ကျင့်ကြံခြင်းအတွက်အထောက်အကူဖြစ်စေမည့်အရာဖြစ်ရမည်ဖြစ်သည်။

ယိုချန်၏ ထွင်းဖောက်မြင်နိုင်သော ညာလက်က အနက်ရောင်ခေါင်းတလားကိုထိတွေ့လိုက်ပြီး သူ၏လက်ကရုတ်ခြည်းတုန်ယင်သွားသည်။ ယင်းမှာ သူအနေဖြင့်ဓာတ်လိုက်ခံလိုက်ရသကဲ့

သို့ပင်ဖြစ်သည်။

“ဒါက..ဒီအနက်ရောင်ခေါင်းတလားကအေးစက်တဲ့ယင်စွမ်းအင်တစ်ခုကိုအာရုံခံမိစေတယ်”

ယိုချန်ကပြောလိုက်သည်။

“ဟုတ်တယ်”

ရှစ်ဖုန့်ကပြန်ဖြေပြီးဆက်ပြောသည်။

“ ဒီအနက်ရောင်ခေါင်းတလားကဆန်းကြယ်ပြီးထူးဆန်းတဲ့အနက်ရောင်သစ်သားတစ်မျိုးနဲ့ ပြုလုပ်ထားတာကိုငါအာရုံခံမိတယ်.. မင်းအထဲမှာကျင့်ကြံရင် သေချာပေါက်မင်းအတွက်အကူအညီဖြစ်လိမ့်မယ်”

“အင်း.ငါလည်းဒါကိုအာရုံခံမိတယ်”

ယိုချန်ကခေါင်းညိမ့်သည်။

ပတ်ဝန်းကျင်ရှိယင်အလောင်းကောင်များမှာပျံသန်းလာသော အနက်ရောင်ခေါင်းတလားများ

ကိုမြင်တွေ့လိုက်ရသောအခါတွင် ပျံသန်းနေကြခြင်းအားကြုံရာကျပန်း

ရပ်တန့်လိုက်ကြပြီး တစ်ယောက်စီတိုင်းက အနက်ရောင်ခေါင်းတလားတို့အား လေ့လာနေသည်ကိုတွေ့ရသည်။

“ဂါး”

ဤအချိန်တွင် ကြမ်းကြုတ်သော အော်သံတစ်ခုကိုရှစ်ဖုန့်ကြားလိုက်ရသည်။

ထို့နောက် အေးစက်သောယင်စွမ်းအင်လှိုင်း

တစ်ခုဖြစ်ပေါ်လာသည်။

“ဟမ်”

ရှစ်ဖုန့်ကခေါင်းကိုလှည့်ပြီးအကွာအဝေး

တစ်ခုသို့ကြည့်လိုက်သည်။ ဤအချိန်တွင် ယင်အလောင်းကောင်အုပ်ကြားထဲ၌ ဒေါင်မြင့်မြင့်နှင့် နက်မှောင်သော အရေပြားရှိသည့် ငယ်ရွယ်သောယင်အလောင်းကောင်တစ်ကောင်ကို ရှစ်ဖုန့်တွေ့လိုက်ရသည်။ ၎င်းကကောင်းကင်ထဲသို့ မော့ကာအော်ဟစ်နေသည်။

ရှစ်ဖုန့်ဤယင်အလောင်းကောင်ကိုမှတ်မိသည်ဖြစ်သည်။ သူတားမြစ်နယ်မြေအတွင်း၌ရှိနေစဉ်က အလောင်းထိန်းချုပ်ဧကရာဇ် ၏ ယင်အလောင်းကောင်စစ်တပ်ကြားထဲတွင် သာမန်ယင်အလောင်းကောင်တို့၏အကန့်အသတ်ကိုချိုးဖျက်ပြီး အဆင့်ငါးအင်ပါယာနယ်ပယ်သို့ဝင်ရောက်သည့် တစ်ခုတည်းသောယင်အလောင်းကိုသူတွေ့ခဲ့သည်။

ထိုအချိန်က၎င်းအားရှစ်ဖုန့်က ဟေးရှာဟု နမည်ပေးခဲ့သည်။

ယေဘုယျအားဖြင့်အဆင့်လေးမှအဆင့်

ငါးအင်ပါယာနယ်သို့ယင်အလောင်းကောင်

တစ်ကောင်ချိုးဖျက်ရန်အတွက် ခက်ခဲသည်ဖြစ်သည်။ ဥပမာအားဖြင့် ရှစ်ဖုန့်၏ ယင်အလောင်းကောင်နှစ်ထောင့်ငါးရာကိုးဆယ့်ရှစ်ကောင်က အဆင့်လေး၌သာရှိနေရခြင်းမှာမရေတွက်နိုင်သောနှစ်များစွာကြာပြီးနောက် ၎င်းတို့၏အကန့်အသတ်အထိ ကြီးထွားရောက်ရှိလာသောကြောင့်ဖြစ်သည်။

‌

ဟေးရှာအတွက်မူ ရှစ်ဖုန့်က၎င်းအား ထူးခြားသောယင်အလောင်းကောင်တစ်

ကောင်အဖြစ် ဆုံးဖြတ်ထားပြီးဖြစ်သည်။ ဤအချိန်တွင်ဟေးရှာက အော်ဟစ်နေသည်။ သူ၏ကိုယ်မှထုတ်လွှတ်သောအေးစက်သည့်

ယင်စွမ်းအင်တို့က ဦးတည်ချက်အနှံ့သို့ ပြန့်နှံ့နေ၏။ ၎င်းကရှစ်ဖုန့်၏မျှော်မှန်းချက်အား

စိတ်ပျက်စေခြင်းမရှိပေ။ သူကသာမန်ယင်အလောင်းကောင်များ

အားဂရုထားခဲ့ခြင်းမရှိချေ။

၎င်းက အကန့်အသတ်ကိုထပ်မံချိုးဖျက်ပြီး အဆင့်ခြောက် ဘိုးဘေးနယ်ပယ်သို့ရောက်ရှိကာပို၍ ကောင်းမွန်သောယင်အလောင်းကောင်

တစ်ကောင်ဖြစ်လာသည်။

သို့သော်ထို့နောက်တွင် ဟေးရှာထပ်မံ အဆင့်ချိုးဖျက်နိုင်ပြီး အဆင့်ခြောက်ဘိုးဘေးနယ်ပယ်သို့ဝင်

ရောက်နိုင်သည့်အကြောင်းပြချက်က ရှစ်ဖုန့်၎င်း၏စိတ်အတွင်း၌ရိုပ်နှိပ်ခဲ့သော သေခြင်းဥပဒေသကိုကိုယ်စားပြုသည့်ရှေးဟောင်းစာလုံးကြောင့်ဖြစ်သည်ကိုရှစ်ဖုန့်သိလိုက်သည်။

ဟေးရှာအဆင့်ချိုးဖျက်သည်အားကြည့်ရင်းရှစ်ဖုန့်ကခေါင်းလှည့်လိုက်ပြီး ယိုချန်ကို ပြောလိုက်သည်။

“ဆက်ပြီး ကျင့်ကြံချေ.. ငါတစ်ချက်သွားကြည့်အုံးမယ်”

“အင်း.ကောင်းပြီ”

ယိုချန်ကခေါင်းညိမ့်ပြီးနောက်သူ၏ခေါင်းကိုငုံ့ကာ ဘေးရှိ အနက်ရောင်ခေါင်းတလားကိုကြည့်လိုက်သည်။သူ၏လက်ကိုလှမ်းလိုက်ပြီးအနက်ရောင်ခေါင်းတလား၏ အဖုံးကိုဖွင့်လိုက်သည်။

ရှစ်ဖုန့်၏ပုံရိပ်ကရွေ့လျားသွားပြီး ဟေးရှာထံသို့ဦးတည်သွားသည်။ ရှစ်ဖုန့်ဟေးရှာထံချဉ်းကပ်လာသောအခါတွင် ဟေးရှာကဟင်းလင်းပြင်ထဲ၌ဒူးထောက်လိုက်ပြး ရှစ်ဖုန့်အား အမှုထမ်းတစ်ဦးလေသံဖြင့်ပြောလိုက်သည်။

“သ..သခင်”

အဆင့်ချိုးဖျက်ပြီးနောက် သူ ၏စိတ်ဝိညာဉ်အသိဉာဏ်ကနိုးထလာပြီးပြည့်စုံလာသည်။

“ထတော့”

ဟေးရှာကတဲ့တိုးဆန်သောပုံစံဖြင့်ဒူးထောက်သည်ကိုတွေ့ရသောအခါတွင် ရှစ်ဖုန့်၏စိတ်ကလှုပ်ရှားလိုက်ပြီး မမြင်နိုင်သောစွမ်းအားတစ်ခုက ဟေးရှာ၏ကိုယ်ကိုပင့်လိုက်သည်။

ထို့နောက်ရှစ်ဖုန့်ကဟေးရှာအားကြည့်

ကာစိတ်ကျေနပ်စွာဖြင့်ခေါင်းညိမ့်လိုက်ပြီး ပြောလိုက်သည်။

“မဆိုးဘူး. သာမန်ယင်အလောင်းကောင်တစ်ကောင်က ဒီအဆင့်အထိရောက်လာနိုင်တယ်.. ငါမင်းရဲ့အနာဂတ်အောင်မြင်မှုတွေကို မျှော်လင့်နေမယ်”

ဆက်ရန်…………..

ဘာသာပြန်သူ-ARISE

All Chapters